part - 14

347 63 9
                                    

- unicode -

ဆောင်းအအေးဒါဏ်ကြောင့်ထင်ရဲ့ မနက်ပိုင်း အိပ်ယာထရန် ခက်ခဲလွန်းလှသည်။အေးချမ်းခြင်းကို စောင်လေးခြုံကာ ကွေးလိုက်ရခြင်းက လောက နိမ္ဗာန်တစ်ခုလို။နွေးထွေးလှသော ဂွမ်း​စောင်ဟာလည်း ပျင်းရိမှုကိုထောက်ပံ့ပေးနေခြင်းတစ်မျိုးပင်။

ထယ်ယောင်း အပျင်းတစ်ကာ အိပ်ယာမှအခုထိမထသေးခြင်းပင်ဖြစ်သည်။ဒါကလည်း သူ့အပြစ်မှမဟုတ်တာ အေးချမ်းတဲ့ရာသီဥတုကြောင့်ပေမို့ အပျင်းတစ်နေခြင်းသာ။ပုံမှန် ဆို သူ ခြံထဲက မုန်လာခင်းတွေသွားကြည့်ရပေမဲ့ ခုလို အကို့ဆီလာနေပီးကတည်းက မနက် ၇နာရီစွန်းစွန်းလောက်သာထဖြစ်သည်။

အအိပ်မက်တတ်တဲ့အကိုကလည်း ခုချိန်လောက်ထိ နှစ်ခြိုက်စွာ အိပ်နေဦးမည်။

ရုတ်တရက်အခန်းတံခါးပွင့်လာသံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အကိုရယ်။အိပ်ပျော်နေဦးမည်ထင်ထားခဲ့ပေမဲ့ အစောကြီးနိုးနေတာပဲ။အိပ်ယာဝင်တိုင်းဝတ်တတ်တဲ့ ချည်ထည် ဝမ်းဆက်လေးနဲ့ သိုးမွှေးခေါင်းစွတ်လေးအား စွတ်ထားတဲ့အကိုက နှင်းလူသားလေးပမာ။

အကို့ကိုမြင်ပြီးပြီးချင်း မျက်လုံးပြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်မိလိုက်တဲ့ သူ့ကိုယ်သူလဲ ဘာလို့လုပ်မိမှန်းမသိပေမဲ့ ကိုကိုယ်တိုင်ရဲ့ ကလေးကလားလုပ်ရက်ကြောင့် ရယ်ချင်မိသည်။

ကံကောင်းစွာနဲ့ သူအိပ်ချင်ယောင်ဆောင်နေမှန်းအကို မသိခဲ့ဘူးလေ။အနီးအနားရောက်မှ ' ဝါး 'ကနဲဆိုပီး ခြောက်လှန့်ပစ်မယ်ဆိုပီး ကိုယ့်အတွေ့းနဲ့ကိုယ် သဘောကျနေသေးသည်။

ဝှီးချဲရဲ့ ဘီးသံလေး က သူ့နားတဖြည်းဖြည်းတိုးလာတာကြောင့် ပိုပီး စိတ်လှုပ်ရှားလာရသည်။သူခြောက်လှန့်မည်အလုပ် မျက်နှာပေါ်ကိုလာရောက်ထိတွေ့လာသော အထိအတွေ့ကြောင့်ငြိမ်နေမိသည်။အကိုကသူ့ရဲ့ မျက်နှာအား သူ့လက်နဲ့ အသာအယာထိတွေ့နေခြင်းပင်။

ထူးဆန်းသည်က သူကလည်း ဒီလိုအထိအတွေ့လေးကိုသဘောကျနေမိသည်။အင်း...အရင်က အကို သူ့ရဲ့ ဆံပင်လေးကိုလက်နဲ့ထိုးဖွခဲ့တာကိုလည်း သူသဘောကျသည်။အကိုနဲ့အတူရှိနေရတဲ့အချိန်တွေသည် နွေးထွေးမှုထုံလွှမ်းသော နူးညွတ်ခြင်းများနှင့်ပင်။

A Nameless PoemWhere stories live. Discover now