part-3

536 71 19
                                    

- unicode -

ဂျောင်ကု အမေဖြစ်တဲ့ အန်တီဂျွန်းမှာ သခင်လေးတို့အိမ်အား နေ့စဥ်နေ့တိုင်းဟင်းတစ်ခွက်သွား​ပို့စေသောကြောင့် သခင်လေးနဲ့ ဦးလေးအီနဲ့တောင်အတော်ကိုရင်းနှီးနေပီ။

ဂျောင်ကုနဲ့ ပတ်ဂျီမင်းပါတစ်ခါတစ်လေ လိုက်ပါတတ်သောကြောင့် သူတို့နဲ့ပါ အတော်အသင့်ရင်းနှီးနေပီလေ။

ဒီနေ့လည်း အန်တီ ဂျွန်း က ကျွန်တော်တို့ကို သခင်လေးအတွက် ဟင်းတစ်ခွက် ပို့ခိုင်းဦးမှာပင်။

အန်တီကပြောသည် သခင်လေးက အိမ်ကြီးထဲမှာတစ်ယောက်ထဲ နေရတာမို့ အထီးကျန်နေ​လိမ့်မယ်ထင်သည်တဲ့။ကို့အတွက်က ဟင်းတစ်ခွက်က ဘယ်လောက်မှ သိပ်ပီး ပိုလုပ်ရတာမဟုတ်သလို သခင်လေးအတွက်လည်း အရေးကြီးခွင်ကျယ်မဟုတ်ပေမဲ့ မေတ္တာတရားနဲ့ထည့်ချက်ထားပီး တစ်ပါးသူအတွက်ရည်ရွယ်ပီးချက်ပြုတ်ထားတဲ့ဟင်းမှာ ကြတော့ မတူဘူးလေ။

ထိုလူ့ကိုစားစေချင်သည့်ဆန္ဒပါ​သည့်အပြင် ဟင်းခွက်ထဲကိုထည့်ထားတဲ့ စေတနာတွေက ထိုလူအတွက် ဟင်းတစ်ခွက်ဆိုတာထက်ပိုတယ်။ ကို့ ကို ဂရုစိုက်ပေးတဲ့လူရှိပါလားဆိုတဲ့စိတ်က ရှေ့ဆက်ဖို့အတွက်ခွန်အားလည်းရစေတယ်လေ။

အိမ်ထဲမှာတစ်ယောက်ထဲနေနေရတဲ့သခင်လေးအတွက်လည်းအဲ့လိုပဲတဲ့ ဒီဟင်းတစ်ခွက်ထက် သူ့ကိုဂရုစိုက်ပီးဖေးမပေးတဲ့လူတွေရှိတယ်ဆိုတာ သိသွား စေတယ်လေ။အန်တီဂျွန်းဆိုသည်မှာလည်း သခင်လေး အိမ်သို့ တစ်ပတ်တစ်ခါလောက်သွားပီး သန့်ရှင်းရေးလုပ်ပေးတတ်သည်ပင်။

အန်တီဂျွန်းက သခင်လေးကိုတော်တော်သံယောဇဥ်တွယ်သွားသည်ထင်ပါ့ရဲ့။အန်တီဂျွန်းမှာ စိတ်သဘောထားအလွန်ကောင်းသည့်အပြင် သားအရင်းမဟုတ်တဲ့ ကျွန်တော့်ကိုတောင် သားအရင်းဖြစ်တဲ့ ဂျောင်ကုနဲ့ တန်းတူဆက်ဆံပေးသည်ပင်။အန်တီဂျွန်း၏ ကျေးဇူးတွေမှာ ကျွန်တော့်အပေါ် များလှသည်။

"သားရေ... ထယ်ယောင်းရေ''

ဟောပြောရင်းဆိုရင်း အန်တီဂျွန်းတစ်ယောက်အသက်ရှည်ဦးမည်။

A Nameless PoemWhere stories live. Discover now