part - 12

375 64 11
                                    

- unicode -

ဆောင်းရာသီမှာတဖွဲဖွဲ ကျတဲ့ နှင်းစက်တွေကို ပြတင်းပေါက်ကနေတစ်ဆင့်လှမ်းမြင်နေရသည်။အခန်းတွင်းမှ မီးလင်းဖိုကလည်း ထင်းမီးတွေနဲ့ တောက်ကာ နွေးထွေးဖို့ရန် လုံလောက်သောပမာဏကိုပေးနေပြန်သည်။

မနက်ခင်းမို့ထင် သူရိန်နေမင်းကလည်း တိမ်အောက်မှာ ကွယ်ပျောက်နေသောကြောင့် ပိုကဲကာ အေးနေပြန်သည်။လည်ပင်းက မာဖလာ ကတော့ ဘယ်လောက်အေးလဲ ဆိုသည်မှာသက်သေပင်။

ကော်ဖူပူပူတစ်ခွက်ကို​ အငွေ့ခပ်သောသောမှုတ်ကာ သောက်ရသည်က ဒီလိုအေးချမ်းတဲ့မနက်ခင်းနဲ့လိုက်ဖက်ညီစွ။

နေ့စဥ်အလုပ်ဖြစ်တဲ့ စိုက်ခင်းထဲ သွားကာ အပင်များကို လုံခြုံအောင် ကွပ်ကဲ စိုက်ပျိုးရမည်ဖြစ်ပေမဲ့လို့ ဆောင်းအအေးက လူကိုပျင်းရိစေသည်မှာ တကယ်အမှန်ပင်။

သို့ပေမဲ့ စိုက်ခင်းပျက်စီးသွားမည်ဖြစ်သောကြောင့် အေးခဲလာသည့်ရာသီဥတုဒဏ်ခံနိုင်အောင် ဆောင်ရွက်ရမည်က စိုက်ပျိုးခဲ့သည် မိမိတာဝန်ဖြစ်ရန်ကော..

ပျင်းနေ၍လည်းမဖြစ်တာကြောင့် လက်ကျန်ကော်ဖီပူပူအား လက်စဖြတ်ကာ ခပ်ထူထူ ဂွမ်းထည်အနွေးထည်အား ဝတ်ပြီး လုပ်ငန်းခွင်ဝင်ရန် ထွက်လာခဲ့သည်။

ပေါင်းသင် မြက်နှုတ်ကာ တစ်ခါတစ်ရံ စိုက်ခင်းထဲက အသီးအနှံတစ်ချို့ကို လာရောက်စားသောက်တတ်သော ဒရယ်အချို့ကိုလည်း ခြောက်လှန့်ရသေးသည်။

လုပ်လက်စအလုပ်များလုပ်ပီးသည်နှင့် ဆောင်းရာသီတွင်ထပ်မံစိုက်ပျိုးရမည့် သီးနှံများအတွက် မြေကြီးကို မွပေးရသည်။ရေလာကောင်းအောင် မြောင်းဖော်ပေးရသည်။

"ဟူး...."

ထယ်ယောင်း နှုတ်မှလေပူတစ်ချက်မှုတ်လိုက်သည်။ဒီနေ့မှလုပ်စရာအလုပ်တွေက များလှသည်ပင်။ပတ်ဝန်းကျင်ကလည်းအနည်းငယ် ပူလာပြီဖြစ်ပီး နေတောင် ခေါင်းတည့်တည့်သို့ရောက်တော့မည်။ထမင်းစားချိန် ရောင်တော့မည်ထင်သည်။

A Nameless PoemWhere stories live. Discover now