- unicode -
" ကလင်~~ ကလင်~~ ကလင်~~ "
စာရွက်စာတန်းများနဲ့ပြည့်နှက်နေသော စားပွဲပြင်ထက်က အမဲနက်ရောင်ရှိ အလယ်တွင် လှည့်စရာ ဒိုင်ကွက်ပါသည့် ကိုယ်ထည်ရွှေရောင်ရှိသည့် ကြိုးဖုန်း လေးမှ ခပ်မှောင်မှောင်အခန်းငယ်ထဲတွင် အချိန်ကြာမြင့်စွာ ခြောက်ခြားစွာဖြင့် မြည်ဟီးနေလျှက်။
ခနအကြာ ထိုမြည်ဟီးနေသံသည် ရပ်တန့်သွားရသည်။
" မြို့စားမင်း မင်ဂျုံးယောင်း ပြောနေပါတယ် "
" မင်္ဂလာပါ မြို့စားမင်း "
လေလှိုင်းမှဖြတ်လာတဲ့ တဖက်အသံဟာ ဘယ်သူမှန်း သေချာသိပါသည်။" ကိစ္စအထွေအထူးများရှိလို့လား "
အေးဆေးတည်ငြိမ်စွာဆိုလိုက်သည်။ဖြောင့်တန်းနေသော မျက်ခုံးတွေက တည်ကြည်နေမှုဆိုတာထက် တင်းမားခက်ထက်နေမှန်းသိသာလှသည်။
" ကျွန်တော့်သမက် ထိမ်းသိမ်းခံထားရတယ်ဆိုတာ သိပါတယ်မလား။ နောက်ဆက်တွဲဘာတွေဖြစ်လာမယ်ဆိုတာ...."
ကိုယ့်အား စိုးရိမ်နေမည်များထင်နေရော့လား။
" ဟား..ဟား..ဟား.... ခင်ဗျားအနေနဲ့တော့ စိုးရိမ်နေသင့်ပါတယ် "
တစ်ဖက်မှ ပြောစကားကို ဖျတ်ချလိုက်တဲ့ ရယ်မောသံဟာဆိုရင် မှောက်အဲ့အဲ့ အခန်းထဲမှာ စိတ္တဇဆန်စွာ မင်ဂျုံးယောင်းဆီမှ ထွက်ပေါ်လာလျှက်။
ခင်းကျင်းထားသော အသုံးအဆောင်ပစ္စည်းများနဲ့မလိုက်ဖက်စွာ ပြတင်းပေါက်မှပတ်ပတ်လည်လိုက်ကာများချထားသောကြောင့် မှောင်ရိပ်ဟာကြီးဆိုးလျှက်။နံရံကပ်ထားတဲ့ ရေနံမီးလင်းအိမ် ဆီမှ အလင်းရောင် ဖျဖျသာ ဖျော့တော့စွာ ကျေးတန်းမြင့်မားသော ပစ္စည်းများပြည့်နှက်နေသည့် မဟူရာအခန်း၌ လွှမ်းချုံနေသည်။
" ဟုတ်တာပေါ့ဗျာ... အာဏာဆိုတဲ့အရာမှ ကျွန်တော့်လို့နိမ့်ကျတဲ့ ရွာသူကြီးဆီမှာမှမရှိတာရယ် "
YOU ARE READING
A Nameless Poem
FanfictionUnicode ကာရံတွေပနံတွေသင့်နေခဲ့ပေမဲ့ ခေါင်းစဥ်မရှိတဲ့ ကဗျာတစ်ပုဒ်က တန်ဖိုးရောရှိပါ့မလား။ ဒါမဲ့ မပြည့်စုံတဲ့ ကျွန်တော့် ဘဝအတွက်တော့ ထိုကဗျာ တစ်ပုဒ်က ပြီးပြည့်စုံလွန်းလှပါတယ်။ Zawgyi ကာရံတွေပနံတွေသင့်နေခဲ့ပေမဲ့ ခေါင်းစဉ်မရှိတဲ့ ကဗျာတစ်ပုဒ်က တန်ဖိုးရောရ...