- unicode -
" ကလင် ကလင် ''
ခြံပြင်ဘက်မှ စက်ဘီးဘဲလ် သံဟာ မနက်ခင်း တိတ်ဆိတ်မှုကို ရုတ်တရက်ဖြိုခွဲလိုက်သည်။
"ဘယ်သူပါလိမ့် အကို့အိမ်ကို တစ်ယောက်ယောက်လာတာလားမသိဘူး ''
ဂျီမင်းက ဧည့်ခန်းထဲတွင် ကော်ဖီသောက်ရင်း သူ့ရှေ့မှ ထိုင်ကာ သတင်းစာဖတ်နေသော ယွန်းဂီအားပြောလိုက်ခြင်းပင်။ထယ်ယောင်းနဲ့ ဂျောင်ကုကလည်း ဦးလေးအီနဲ့ အတူ ပေါင်မုန့်တွေယူရင်းထွက်လာကြသည်။ယခုဆို ဦးလေးအီက သူ့ပေါင်မုန့်တွေကိုတောင် အန်တီဂျွန်းဆီပို့ထားပီး တစ်ဆင့်ရောင်းချနေပြီဖြစ်သည်။
" မသိဘူးရယ် လာမယ်ဆိုရင်တောင် နမ်ဂျွန်းပဲ ဖြစ်မယ်ထင်တယ် ''
" ကလင် ကလင် ''
ထပ်မံကာ ထွက်ပေါ်လာတဲ့ ဘဲလ်သံကြောင့် နမ်ဂျွန်းတော့မဟုတ်လောက်။နမ်ဂျွန်းဆို ရင် အိမ်ထဲဝင်လာမှာပင်။
" ဗျို့! အိမ်ရှင်တို့ ''
" ဘယ်သူလဲ မသိဘူး ''
ဂျောင်ကု ခြံရှေ့သို့ထွက်ကာ ထိုလူအားမေးလိုက်ခြင်းပင်။
" ဒီအိမ်အတွက် စာလာလို့ပါ ခင်ဗျ။ဒါနဲ့ ဒီအိမ်က မင်ယွန်းဂီရဲ့ အိမ်လားမသိဘူး ''
" ဟုတ်ပါတယ် မင်ယွန်းဂီ ရဲ့ အိမ်ပါ။''
" ဒါဆိုရင် လက်ခံရရှိကြောင်း လက်မှတ်လေး ထိုးပေးပါဗျ။ ကျွန်တော် တစ်ခြား စာတွေလည်း ပို့စရာရှိသေးလို့ ''
"ဟုတ်ကဲ့ ''
ဂျောင်ကု လက်မှတ်ထိုးကာ ယူလာလိုက်သည်။အဖြူရောင်စာအိပ်ပေါ်တွင် ရေးထားသည်က အီမိုဆောင်း ထံသို့ အီရှင်းယာမှ တဲ့ အိမ်လိပ်စာက အကို့အိမ်လိပ်စာအပြင် လိပ်စာထဲတွင် အကိုအမည်ပါ ပါတာကြောင့်အကို့ဆီရောက်လာတာ နေမည်။ဒါနဲ့ အီမိုဆောင်းနဲ့ အီရှင်းယာကဘယ်သူပါလိမ့်။
"ဘာတဲ့လဲ ဂျောင်ကု ''
ထယ်ယောင်းက လက်ထဲ စာအိပ်အဖြူကိုင်ကာဝင်လာသော ဂျောင်ကုကို မေးလိုက်ခြင်းဖြစ်သည်။
YOU ARE READING
A Nameless Poem
FanfictionUnicode ကာရံတွေပနံတွေသင့်နေခဲ့ပေမဲ့ ခေါင်းစဥ်မရှိတဲ့ ကဗျာတစ်ပုဒ်က တန်ဖိုးရောရှိပါ့မလား။ ဒါမဲ့ မပြည့်စုံတဲ့ ကျွန်တော့် ဘဝအတွက်တော့ ထိုကဗျာ တစ်ပုဒ်က ပြီးပြည့်စုံလွန်းလှပါတယ်။ Zawgyi ကာရံတွေပနံတွေသင့်နေခဲ့ပေမဲ့ ခေါင်းစဉ်မရှိတဲ့ ကဗျာတစ်ပုဒ်က တန်ဖိုးရောရ...