part - 6

440 64 62
                                    

- unicode -

မိုးသောက်ရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေသော ဧည့်ခန်းထဲတွင် လူလေးယောက်ထိုင်ကာ တစ်စုံတစ်ခုကိုစိတ်ရောက်ကာစဥ်းစားနေသည့်ဟန်ပင်။

အဓိက စဥ်းစားနေသည့်အကြောင်းရင်းကတော့ မနေ့ညက အိမ်နားတွင်လူရိပ်တွေ့သောကြောင့် ရဲမှူးချုပ်ဖြစ်တဲ့ ကင်နမ်ဂျွန်းကို သွားရောက်တိုင်ကြားကာ လာရောက်စစ်ဆေးပီး အခြေအနေကိုသုံးသပ်နေခြင်းဖြစ်သည်။

ဦး​လေးအီကလည်း နေမကောင်းတဲ့ကြားထဲကနေ မနေ့က ကိစ္စကိုသိပီး ကျွန်တော့်ကို စိုးရိမ်ပူပန်နေပြန်သည်လေ။

ထယ်ယောင်းကတော့အခြေအနေကိုအကဲခပ်နေသလို။

တိတ်ဆိတ်နေသောစကားဝိုင်းကို စပီး စကားဖြတ်လိုက်သူက နမ်ဂျွန်းပင်။

"ယွန်းဂီ...ခင်ဗျားပိုပီးသတိထားရတော့မယ်။ဘာလို့ဆို ဒီ ကိစ္စက ရိုးရိုးသာမန်မဟုတ်တာသေချာသွားပီ။ ကျွန်တော် လှည့်ပတ်စစ်ဆေးကြည့်တော့ ဒီပိတ်စကိုတွေ့ခဲ့တယ်''

နမ်ဂျွန်းက အလယ်က ခုံဝိုင်းပေါ်တွင် တင်ထားသော ပြဲနေတဲ့ အဝတ်စဖြစ်ဟန်တူသည့် အနက်ရောင်ပိတ်စလေးကို ညွှန်ပြရင်းပြောသည်။ထိုအနက်ရောင် ပိတ်စ၏ထူးခြားချက်က ထောင့်စွန်းနားတွင် သိန်းငှက်၏နှုတ်သီးသဏ္ဌာန်အပိုင်းအစလေး ကပ်ကျန်နေခဲ့ပီး ပြဲခဲ့သလိုပင်။

"ဒါနဲ့ ဘယ်လိုမျိုးပတ်သတ်နေလို့လဲ နမ်ဂျွန်း''

"ခင်ဗျား စွန် ဆိုတဲ့ ဂိုဏ်းကိုကြားဖူးလား''

နမ်ဂျွန်းစိတ်ထင်နေတာကြောင့် ယွန်းဂီကိုမေးလိုက်ခြင်းဖြစ်သည်။ယွန်းဂီနဲ့ ဒီဂိုဏ်းကဘယ်လိုပတ်သတ်နေလဲဆိုတာသိချင်မိသည်။သို့သော် ယွန်းဂီက အခုမှကြားဖူးသည့်ပုံစံနဲ့ ခေါင်းခါလာကာ ကျွန်တော့်ကို ​ဘာများပတ်သတ်မှုရှိသလဲဆိုပီးမေးလာသည်။နမ်ဂျွန်းဒီတစ်ခါအကျပ်ရိုက်မိသည်။တကယ်ကြီးယွန်းဂီက မသိသည့်ပုံပင်။ဒါဆို ဒီလူတွေက ဘာကြောင့်ယွန်းဂီနဲ့လာပတ်သတ်နေရတာလဲ ဒါမှမဟုတ် ယွန်းဂီပိုင်တဲ့အရာနဲ့များပတ်သတ်နေတာများလား။

A Nameless PoemWhere stories live. Discover now