{Zawgyi}
•႐ူးသြပ္စြာ ခ်စ္ေနတုန္းပဲ•
ေက်နပ္တယ္ဆိုတဲ့အေတြ႕အႀကဳံကို ခုေလးတင္ခံစာထားၿပီးျဖစ္လို႔ ေက်ာင္းလူဆိုးေလးဟဲ့ဟာဆိုရင္ျဖင့္ စိတ္လက္ေပါ့ပါးေနတယ္။ အတင္းလုပ္ယူစရာမလိုေအာင္ ပီတိျဖာေနတဲ့ေလသံနဲ႔ ႏႈတ္ခမ္းေတြ ေကြးၫႊတ္သြားတဲ့အထိၿပဳံးကာ ထိုအမ်ိဳးသားေလးပုခုံးကို ပုတ္လိုက္တယ္။ “မနာလိုျဖစ္မေနနဲ႔ အခ်ိန္ေတြရွိပါေသးတယ္”
ကုမင္းယန္ ႏႈတ္ခမ္း႐ြဲ႕သြားတယ္ “ထြက္သြားစမ္း”
ဟဲ့ခ်န္းမင္ရယ္ေမာကာ သူ႔မိန္းမေလးေပၚ လက္တင္ၿပီး ေခၚထုတ္သြားေတာ့တယ္။
အေစာနတုန္းက ေရခ်ိဳးခန္းၾကမ္းျပင္နဲ႔ အတင္းႀကီးဖိခံထားရတာေၾကာင့္ က်ီေလ်ာင္နာက်င္ေနၿပီး ရႈံ႕မဲ့ေနတယ္။ ၾကည့္ရတာသူ႔ေပါင္မွာ အေရျပားပြန္းသြားပုံရၿပီး လမ္းအျမန္ေလွ်ာက္ရင္ သူ႔ရဲ႕ဂ်င္းေဘာင္းဘီနဲ႔ပြတ္မိၿပီး နာတယ္။
“ဘာျဖစ္တာလဲ?” ဟဲ့ခ်န္းမင္ ေခါင္းငုံ႔ကာ ေမးလာတယ္။
ျဖစ္ပ်က္ေနတာကို ေျပာရမွာရွက္တာေၾကာင့္ က်ီေလ်ာင္အသံတိမ္တိမ္ေလးနဲ႔ေျပာလိုက္တယ္ “မင္းလမ္းေလွ်ာက္တာ တအားျမန္တာပဲ၊ ေျဖးေျဖးေလွ်ာက္” ဒီေန႔အားကစားေဘာင္းဘီျဖစ္ျဖစ္ ပြပြေယာင္းေယာင္းရွိတဲ့ ေဘာင္းဘီျဖစ္ျဖစ္မဝတ္လာမိတာ ေနာင္တရတယ္!
သူ႔ရဲ႕ေတာင့္ေတာင့္ႀကီးျဖစ္ေနတဲ့ ေျခေထာက္ေတြရယ္ ၿမိဳသိပ္ထားရသလိုျဖစ္ေနတဲ့ အမူအယာရယ္ကို ၾကည့္ၿပီး ဟဲ့ခ်န္းမင္ သိလိုက္တယ္။ သူစိုးရိမ္တႀကီးေမးလာတာက “ကိုယ့္ေၾကာင့္ မင္းအေရျပားပြန္းသြားတာလား?”
ဝိတ္ကိုေသခ်ာမထိန္းထားမိတာ သူ႔အျပစ္။ ဒီေလာက္ႏူးညံ့လြန္းတဲ့ အေရျပားေလးက ခုေတာ့ သူ႔ေၾကာင့္ထိခိုက္သြားရၿပီ။ အင္မတန္သာယာမႈရတယ္ဆိုေပမယ့္ တဖက္ေကာင္ေလးက ဒဏ္ျဖစ္သြားၿပီ။
“အရမ္းနာေနလား?” ဟဲ့ခ်န္းမင္ မ်က္ေမွာင္ၾကဳတ္ကာ ကိုယ့္ကိုယ္ကိုအျပစ္တင္ၿပီး မုန္းတီးစြာဂြၾကားထဲကို ၾကည့္လိုက္တယ္။ အဓိကတရားခံက ဒီေကာင္!
က်ီေလ်ာင္က အမ်ားႀကီးေလွ်ာက္မေတြးဘူး။ သူကလည္းလိုက္ေလ်ာတယ္ တဖက္လူကလည္း အတင္းအက်ပ္လုပ္တာမဟုတ္ေတာ့ သူျပန္ရွင္းလိုက္တယ္ “ရတယ္ ဒီေလာက္ေတာ့မနာပါဘူး”
မင္း လမ္းကိုျမန္ျမန္ႀကီးေလွ်ာက္မေနသေ႐ြ႕ေပါ့။
ဟဲ့ခ်န္းမင္က သူေျပာတာကို မယုံဘူး။ သူစိတ္သက္သာရာရေအာင္ ေျပာတယ္လို႔ပဲ သတ္မွတ္တယ္။ ဒီေလာက္နားလည္ေပးႏိုင္တဲ့အခ်စ္ကေလးေၾကာင့္ စိတ္လႈပ္ရွားလာတယ္။ ရင္ေတြလည္းအရမ္းနာတာေၾကာင့္ ေကာင္ေလးကို ခါးကေနေကာက္ခ်ီလိုက္တယ္။
သူ႔အျပဳအမူေၾကာင့္ ထိတ္ပ်ာသြားၿပီး က်ီေလ်ာင္သူ႔လက္ေမာင္းကိုကိုင္ကာ ေၾကာက္လန႔္တၾကားေျပာလာတယ္ “ဘာေတြလာလုပ္ေနတာလဲ? ျပန္ခ်ေပး!”
သူတို႔ေက်ာင္းထဲမွာပဲရွိေသးတယ္။ ၿပီးေတာ့လည္း စာသင္ေဆာင္ေတြျဖစ္တာေၾကာင့္ အခ်ိန္မေ႐ြးတျခားသူေတြ ျမင္သြားႏိုင္တယ္!
“လိမၼာတယ္ေကာင္ေလး မလႈပ္နဲ႔”
ဟဲ့ခ်န္းမင္က ဂ႐ုကိုမစိုက္ဘူး။ သူက ‘ငါ့-မိန္း-မ-ငါ-ခ်ီ-ထား-တာ-ဘာ-ျဖစ္-လဲ?’ဆိုတဲ့ ႐ုပ္မ်ိဳးနဲ႔ နားေနခန္းဆီ ဦးတည္လိုက္တယ္။
ေလွကားတစ္ဝက္ေလာက္မွာ အတန္းဆယ့္ႏွစ္က သခ်ာဆၤရာနဲ႔တိုးတယ္။ ရပ္လိုက္တာမ်ိဳးေတာင္မရွိဘဲ ေၾကာင္အအျဖစ္ေနတဲ့ဆရာကို အသာေလးပဲေခါင္းၿငိတ္ျပလာတယ္။ က်ီေလ်ာင့္မွာ ကြဲစရာအရွက္လည္းမရွိေတာ့ပါဘူးဆိုၿပီး ထိုေကာင္ေလးရင္ဘတ္ၾကားကိုသာ မ်က္ႏွာထိုးထည့္ထားလိုက္ေတာ့တယ္။ ကြယ္ရင္ ေမ့သြားမွာပါ….
သခ်ာဆၤရာက ေထာင့္နားမွာသူတို႔ကိုမျမင္ရေတာ့ထိၾကည့္ေနၿပီး သက္ျပင္းေလးခ်ကာ စုတ္သပ္လိုက္တယ္ “ငယ္႐ြယ္ရတာမ်ား ေကာင္းလိုက္တာ”
ဟဲ့ခ်န္းမင္နားေနခန္းထဲေရာက္ေတာ့ က်ီေလ်ာင့္ကိုသန႔္ရွင္းတဲ့ အိပ္ရာတစ္ခုေပၚခ်ေပးလိုက္တယ္။ က်ီေလ်ာင့္ရဲ႕ေဘာင္းဘီကို ဆြဲမခြၽတ္ခင္ လိုက္ကာကို ဟန္ပါပါပိတ္လိုက္တယ္။ ခြၽတ္ၿပီးေနာက္မွာ အသားနီလန္ေနတဲ့အေရျပားကိုျမင္လိုက္ရေတာ့ စိတ္မေကာင္းျဖစ္သြားတယ္။
ေက်ာင္းကဆရာဝန္က အေတြ႕အႀကဳံဗဟုသုတရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္။ သူမရဲ႕အျဖဴေရာင္ကုတ္အက်ီထဲကို လက္ႏွစ္ဖက္လုံးထိုးထည့္ၿပီး ျပန္ေရာက္လာခ်ိန္မွာ မ်က္လုံးေတြက လိုက္ကာေသခ်ာပိတ္ထားတဲ့ ကုတင္ဘက္ကိုေရာက္သြားကာ လိုက္ကာေအာက္မွာ ေက်ာင္းသားတစ္ေယာက္ရဲ႕ေျခေထာက္တစ္စုံကိုေတြ႕လိုက္ရေသးတယ္။
သူမေလွ်ာက္သြားၿပီး ဆြဲဖြင့္လိုက္တယ္။ သူမအၾကည့္ေတြက က်ီေလ်ာင့္ရဲ႕ေပါင္ဆီကိုေရာက္သြားၿပီး ေမးလာတယ္ “ဒါကို ဘယ္သူလုပ္လိုက္တာလဲ? ဒီေလာက္ေတာင္ ၾကမ္းၾကမ္းတမ္းတမ္း!”
သူမက မိန္းကေလးတစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ရဲ႕အေရးႀကီးတဲ့အစိတ္အပိုင္းေတြကို ဖုံးကြယ္ဖို႔ က်ီေလ်ာင္ေဘာင္းဘီကို ဆြဲတင္လိုက္ရတယ္။ ဟဲ့ခ်န္းမင္မ်က္ႏွာႀကီးက ပိုေတာင္မည္းေမွာင္လာတယ္ _ ဒီအမ်ိဳးသမီးက ခြင့္ျပဳခ်က္မရွိဘဲ ဇြတ္တ႐ြတ္ဝင္လာတာကို အလြန္တရာစိတ္မေပ်ာ္မ႐ႊင္ျဖစ္သြားတယ္။ ၿပီးေတာ့ သူ႔အခ်စ္ကေလးရဲ႕ လစ္ဟေနတဲ့ေျခေထာက္ေတြကို ျမင္သြားတယ္!
“ကြယ္မေနပါနဲ႔ေတာ့ ကေလးရယ္” ဆရာဝန္က သူ႔ေဘးနားက ေသတၱာကိုဖြင့္ၿပီး ယူနန္ေပေယာင္ဆိုတဲ့ ေဆးကို က်ီေလ်ာင့္ကိုေပးလိုက္တယ္။ ထို႔ေနာက္ ကတ္ေၾကးနဲ႔ ပတ္တီးပါထုတ္ၿပီး အိပ္ရာေပၚတင္ကာ အေျပာင္းအလဲမရွိေျပာလိုက္တယ္ “မင္းရဲ႕ေကာင္ေလးကိုပဲ ေဆးလိမ္းခိုင္းလိုက္ေတာ့ေပါ့”
ၿပီးေတာ့ သူမကသက္ျပင္းခ်လိုက္တယ္ “ဒီေခတ္ကေလးေတြမ်ား ထႂကြေသာင္းက်န္းလိုက္တာ”
ဟဲ့ခ်န္းမင္ကေတာ့ ႐ုပ္တည္ႀကီးနဲ႔ ေနတုန္းပဲ။ ဆရာဝန္ထြက္သြားၿပီဆိုေတာ့မွ က်ီေလ်ာင့္ကိုေဆးကူလိမ္းေပးၿပီး ပတ္တီးပတ္ေပးလိုက္တယ္။ လုပ္ေနစဥ္တစ္ေလွ်ာက္လုပ္မွာ သူ႔မ်က္လုံးေတြက ေလးနက္ၿပီး အာ႐ုံစိုက္ေနမွန္းေပၚလြင္တယ္။
က်ီေလ်ာင္ကဇီဇာေၾကာင္တတ္တဲ့သူမဟုတ္တာေၾကာင့္ ဒါႀကီးကေတာ့ အပိုလုပ္တယ္လို႔ ထင္မိတယ္။ သို႔ေပမယ့္ ပတ္တီးနဲ႔ဆိုေတာ့လည္း ေဘာင္းဘီနဲ႔ပြတ္မိတာမ်ိဳးမျဖစ္ဘဲ ပိုေနလို႔ေကာင္းသြားတယ္။
အတန္းထဲေရာက္ေတာ့ ရႈေရွာင္က်င္းက သူ႔ကိုခ်က္ခ်င္းလာေမးတယ္ “နင္အဆင္ေျပရဲ႕လား?”
က်ီေလ်ာင္ ေယာင္နနနဲ႔ျပန္ေမးတယ္ “ဘာကိုလဲ?”
ရႈေရွာင္က်င္းက သူ႔ကိုအေပၚေအာက္စုန္ဆန္ၾကည့္လာတယ္။ သူထိခိုက္တာမ်ိဳးကိုမျမင္မိေတာ့ ဇေဝဇဝါျဖစ္သြားတယ္ “ဟဲ့ခ်န္းမင္က နင့္ကိုနားေနခန္းကို ခ်ီသြားတာ တစ္ေယာက္ေယာက္ျမင္လိုက္တယ္တဲ့… ဘာျဖစ္တာလဲ? နင့္ၾကည့္ရတာလည္း အေကာင္းႀကီးကို”
က်ီေလ်ာင္ ကိုး႐ို႕ကားယားႏိုင္စြာ ႏႈတ္ေခါင္းပြတ္ၿပီး လိမ္လိုက္တယ္ “အင္း ငါဗိုက္နည္းနည္းေအာင့္လို႔”
႐ုတ္ရက္ဆိုသလို ရႈေရွာင္က်င္း အဓိပၸါယ္ရွိတဲ့အၿပဳံးႀကီးၿပဳံးလိုက္တယ္။ ေသခ်ာသြားၿပီ! ေက်ာင္းလူဆိုးႀကီးဟဲ့ရဲ႕ အခ်စ္စြမ္းအားေတြက အားမာန္အျပည့္နဲ႔ ပြင့္အံက်လာတာပဲ! နားေနခန္းေခၚသြားရတဲ့ထိေတာင္ ဗိုက္ေအာင့္သြားတယ္ဆိုေတာ့! အားးးး လွပလိုက္တဲ့အခ်စ္ေလး.. ငါငိုခ်င္လာၿပီေနာ္။
သူတို႔နဲ႔လတ္တေလာသတင္းေတြက အလ်င္အျမန္ျပန႔္ႏွံ႔ေနၿပီျဖစ္ေပမယ့္ သိုဝွက္အထားဆုံးအပိုင္းကို မသိၾကေသးဘူး။
ထိုည က်ီေလ်ာင္အိမ္ျပန္ေရာက္ေတာ့ မန္ယြမ္လည္း ဒီေရာက္ေနလိမ့္မယ္လို႔ ထင္မထားဘူး။ သူယဥ္ေက်းစြာ ႏႈတ္ဆက္လိုက္တယ္ “ဦးေလးမန္”
ထို႔ေနာက္ ဧည့္ခန္းထဲက စားပြဲေပၚမွာ စာခ်ဳပ္ေတြနဲ႔ သန္းေခါင္စာရင္းလိုစာ႐ြက္စာတမ္းေတြကို ျမင္သြားတယ္။
မန္ယြမ္က ဦးေဆာင္ၿပီးေျပာလာတယ္ “က်ီေလ်ာင္ ဒီလိုပဲျဖစ္သြားတယ္။ မင္းအေမနဲ႔ ဦးေလးတို႔ ႏွစ္ရက္ေလာက္ေနရင္ လက္မွတ္ထိုးဖို႔ဆုံးျဖတ္ၿပီးေတာ့ မင္းတို႔လည္း ဦးေလးတို႔နဲ႔ လိုက္ေနဖို႔ျဖစ္သြားတယ္… မင္းသေဘာက်လား?”
သူ႔(မန္ယြမ္)မွာ ေ႐ြးျခယ္စရာမွမရွိဘူး။ အစတုန္းက သူတို႔ေတြ ႏွစ္သစ္ၿပီးရင္ လက္ထပ္ဖို႔လုပ္ထားၾကေပမယ့္ ရႈအိုက္ဝမ္က အခုခ်ိန္ထိဆြဲထားတာျဖစ္တယ္။ အဓိက,က က်ီေလ်ာင္ေၾကာင့္ျဖစ္ေနလို႔ သူ႔မွာလည္း ဝင္ေျပာႏိုင္စြမ္းမရွိဘူး။ ဒါေၾကာင့္ဒီေန႔ ဒီကိစၥကိုျမန္ျမန္ၿပီးစီးေအာင္လုပ္ၿပီး ဇနီးျဖစ္သူကို အိမ္ေခၚခ်င္ၿပီ။
“အိုး ကိစၥမရွိပါဘူး” က်ီေလ်ာင္ လြယ္အိတ္ကိုခ်လိုက္တယ္။
ရႈအိုက္ဝမ္အတြက္ပဲျဖစ္ျဖစ္ သူ႔အတြက္ပဲျဖစ္ျဖစ္ ဟဲ့ခ်န္းမင္နဲ႔ဆက္ရမယ့္ အနာဂတ္အတြက္ျဖစ္ျဖစ္ သူ႔အတြက္ ကိစၥမရွိဘူး။
“ေကာင္းၿပီေလ ရွင္အရင္ျပန္ႏွင့္လိုက္ေပါ့” ရႈအိုက္ဝမ္ မန္ယြမ္ကို တံခါးနားထိလိုက္ပို႔ေပးလိုက္တယ္။
ေနာက္ေတာ့ က်ီေလ်ာင္နဲ႔စကားေျပာဖို႔ အနားလာထိုင္တယ္ “တ်န္းတ်န္း ဦးေလးမန္ကို ဘယ္လိုထင္လဲ?”
သားတစ္ေယာက္ရွိတဲ့သူမက လက္ထပ္တာကို စီးပြားေရးအရလုပ္ခဲ့တာမဟုတ္ဘူး။
က်ီေလ်ာင္ေျပာလိုက္တယ္ “သူကေတာ္ေတာ္ေလးေကာင္းပါတယ္၊ အရမ္းလည္းယဥ္ေက်းတယ္… ၿပီးေတာ့ ေဆးလိပ္ေသာက္ပုံလည္းမေပၚဘူး”
သူနဲ႔ ရႈအိုက္ဝမ္က ေဆးလိပ္ေသာက္တာကိုမႀကိဳက္ဘူး။ က်ီခ်င္းဝမ္လည္း အရင္ကေသာက္ခဲ့ေပမယ့္ သူတို႔ႏွစ္ေယာက္ေၾကာင့္ ျဖတ္လိုက္ရတယ္။
“အင္း အဲ့ေတာ့ ဦးေလးမန္ကို သေဘာက်လား?” သူမက ထပ္ေမးတယ္။
က်ီေလ်ာင္ အမွန္တိုင္းေျပာလိုက္တယ္ “အင္း သူ႔ကိုမုန္းေတာ့ မမုန္းပါဘူး”
သူနဲ႔ မန္ယြမ္က အေျပာအဆိုသိပ္မရွိဖူးေတာ့ သေဘာက်လား မက်ဘူးလားဆိုတာကို မေျပာႏိုင္ေသးဘဲ ဒီတိုင္းမမုန္းေၾကာင္းပဲ ေျပာႏိုင္တယ္။
“အေမ တကယ္ေတာ့ အေမသူ႔ကိုသေဘာက်ရင္ပဲ အဆင္ေျပတယ္လို႔ထင္တယ္၊ ကြၽန္ေတာ့္မွာ ေပးစရာထင္ျမင္ခ်က္ဘာမွမရွိဘူး… ဟဲ့ခ်န္းမင္ဆိုတဲ့လူကို ကြၽန္ေတာ္သေဘာက်မိသလိုမ်ိဳးေပါ့… ကြၽန္ေတာ္ ဟဲ့ခ်န္းမင္ကို သေဘာက်ေနသေ႐ြ႕အဆင္ေျပတယ္၊ အေမ့ကိုလည္း သေဘာက်ေပးပါလို႔ မတိုက္တြန္းဘူး… ဒီတိုင္းေလး သူ႔ကို မမုန္းဘဲေနေပးဖို႔ကိုပဲ ေမွ်ာ္လင့္တယ္”
သူစိတ္ထဲရွိတာေတြ ရႈအိုက္ဝမ္ကိုဖြင့္ေျပာတယ္ဆိုတာ ရွားတယ္။ သူတို႔ရဲ႕ဆက္ဆံေရးေၾကာင့္ အျငင္းပြားတာေတြ စစ္ေအးတိုက္ပြဲေတြအစျပဳခဲ့တာ ေလးငါးလေလာက္ရွိေနၿပီ။ ဒီေလးငါးလအတြင္းမွာ က်ီေလ်ာင္လည္း ျမန္ျမန္ရင့္က်က္လာၿပီး ရႈအိုက္ဝမ္ကို တျဖည္းျဖည္းခ်င္း လက္လႊတ္ေပးႏိုင္လာတယ္။
သူတို႔ေတြကို ရႈအိုက္ဝမ္ၾကားဝင္ေႏွာင့္ယွက္ျခင္းမျပဳရတဲ့ မူလရည္႐ြယ္ခ်က္က က်ီေလ်ာင့္ကိုႏွလုံးသားေပးလိုက္တယ္ဆိုတာ ဘယ္ေလာက္အႏၲရာယ္မ်ားၿပီး နာက်င္တယ္ဆိုတာကို ေတြ႕ႀကဳံဖူးေစခ်င္လို႔ျဖစ္တယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္က ႏွစ္ဝက္ေလာက္ထိ အဆင္ေျပေနမယ္လို႔ ထင္မထားဘူး။ ဒီအေတာအတြင္းမွာ က်ီေလ်ာင့္ရဲ႕လုပ္ေဆာင္ပုံေတြလည္း တိုးတက္လာတာေၾကာင့္ သူမဘာအမွားမွ ေထာက္ျပစရာမရွိဘူးျဖစ္ေနတယ္။
သူမရဲ႕သားျဖစ္သူက အမွန္အမွားခြဲျခားသိၿပီး အခ်စ္ကိုနားလည္ေနတာကို သူမကလုံလုံေလာက္ေလာက္မယုံၾကည္ေပးမိဘဲ အရမ္းရက္စက္ခဲ့မိလားဆိုၿပီး စတင္ေတြးမိလာတယ္။
အဲ့လိုဆိုေပမယ့္လည္း ရႈအိုက္ဝမ္ သနားစိတ္ဝင္မလာေသးဘဲ ဟဲ့ခ်န္းမင္ကို ခဏေလာက္ဆက္ၿပီး ေလ့လာၾကည့္ခ်င္ေသးတယ္။
သူမက “အင္း”ဆိုၿပီး နားလည္ေၾကာင္းေျပာလိုက္တယ္။
က်ီေလ်ာင္ဆက္မေျပာေတာ့ဘူး။ စားစရာရွိတာစားၿပီး အိမ္စာလုပ္ဖို႔ အခန္းထဲျပန္သြားလိုက္တယ္။
ဟဲ့ခ်န္းမင္နဲ႔ video callေျပာၿပီး အိမ္စာေတြလုပ္တယ္။ သူမေျဖရွင္းႏိုင္တဲ့ပုစာၦႀကဳံလာၿပီဆိုရင္ သူ႔ကိုတစ္ခါတည္းေမးလို႔ရတာေပါ့။ ခဲတစ္လုံးတည္းနဲ႔ ငွက္ႏွစ္ေကာင္ပစ္လိုက္တာေပါ့။
သို႔ေသာ္လည္း တဖက္ဖုန္းကေကာင္ေလးကေတာ့ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္။ ဆိုဖာေပၚမွာ လူးလွိမ့္ၿပီး ၿငီးတြားေနတယ္ “ကိုယ့္ကိုၾကည့္ပါအုံး ေဘဘီေရ ကိုယ့္ကိုၾကည့္လို႔… ကိုယ္လည္း အာ႐ုံစိုက္တာခံခ်င္တယ္!”
သူ႔မ်က္ႏွာေပၚမွာ သည္းမခံႏိုင္မႈေတြ ဆာေလာင္မႈေတြေပၚလြင္ေနတယ္။
က်ီေလ်ာင္ကေတာ့ မၾကားသလိုဟန္ေဆာင္ကာ ေရးစရာရွိတာဆက္ေရးေနတယ္။
ဟဲ့ခ်န္းမင္က သူ႔ရဲ႕ရွပ္အက်ီကို ခြၽတ္ပစ္တာလိုမ်ိဳး ခပ္တုံးတုံးအကြက္ေတြ ထုတ္သုံးလာတယ္။ ေနာက္ပိုင္းသူ႔ရဲ႕ရင္ဘတ္ႂကြက္သားအတြက္ ေလ့က်င့္ခန္းလုပ္ထားတဲ့အတြက္ က်ီေလ်ာင့္ကိုထုတ္ျပရလည္း မဆိုးဘူးလို႔ ေတြးမိတယ္။
“ေဘဘီ ႀကိဳက္လား?” လူယုတ္မာပုံႀကီးနဲ႔ ၿပဳံးျပလိုက္တယ္။
က်ီေလ်ာင္ေမာ့ၾကည့္ကာ ခဏေလာက္စဥ္းစားၿပီး ေမးလိုက္တယ္ “cosineရဲ႕ေဖာ္ျမဴလာက ဘာလဲ?”
ဟဲ့ခ်န္းမင္ဆိုဖာေပၚလဲက်သြားၿပီး စိတ္ပ်က္စြာ တအီအီလုပ္ေတာ့တယ္။ သူ႔ရဲ႕ဇနီးေလးက သူ႔ကိုအသည္းႏွလုံးမေပးဘဲ သခ်ာေတၤြလာေမးေနတယ္!
က်ီေလ်ာင္က အေျဖရွာဖို႔ စာ႐ြက္ေတြလွန္ေနရင္းရယ္ေမာကာေျပာလိုက္တယ္ “ငါႀကိဳက္တယ္”
ထိုစကားလုံးေတြၾကားေတာ့မွ ဟဲ့ခ်န္းမင္အားေတြျပန္ျပည့္လာတယ္။ သူ႔ရဲ႕ေခ်ာေမာလွတဲ့မ်က္ႏွာႀကီးကို ဖုန္းနဲ႔ကပ္ၿပီး ဆြဲေဆာင္တဲ့ေလသံနဲ႔ေျပာလိုက္တယ္။ “မနက္ျဖန္ထိခြင့္ေပးမယ္ေလ!”
က်ီေလ်ာင္ဘာမွျပန္မေျဖေပမယ့္ သူ႔နား႐ြက္ေတြ နီတက္လာတာကို တဖက္ေကာင္ေလးက video callကတဆင့္ ၾကည့္ေနတယ္။
ထင္တဲ့အတိုင္းပဲ ဒီေကာင္ေလးက သူ႔ရဲ႕အခ်စ္ကေလးျဖစ္ေနတုန္းပဲ!
ဟဲ့ခ်န္းမင္က သူ႔ရဲ႕အေပၚပိုင္းကို ျပထားၿပီး ႏႈတ္ခမ္းေတြ ေကြးၫႊတ္ေနကာ ဆိုဖာေပၚမွီလိုက္ၿပီး အစ္ကိုႀကီးတစ္ေယာက္လိုမ်ိဳး ႏူးညံ့တဲ့ေလသံနဲ႔ေမးလိုက္တယ္။ “ေဘဘီ ေနာက္တစ္ပတ္ ေမလ ၁ရက္ေန႔မွာ ပိတ္ရက္တစ္ရက္ရတယ္၊ ကိုယ္တို႔ေလွ်ာက္လည္ၾကမလား?”
သူတို႔ေတြတြဲတာ ေတာ္ေတာ္ၾကာၿပီျဖစ္ေပမယ့္ အရင္ကသိပ္ၿပီးေလွ်ာက္မလည္ျဖစ္သလို ခံစားရတယ္။
က်ီေလ်ာင္ စာေရးတာကို ရပ္ၿပီးေမးလိုက္တယ္ “ဘယ္ကိုလဲ?”
“မီယသေဘၤာ? ညဘက္ရႈခင္းက လွတယ္ေလ”
အဲ့တာက ဟဲ့မိသားစုရဲ႕စီးပြားေရးထဲက တစ္ခုျဖစ္တယ္။ ပိတ္ရက္တိုင္းမွာ ပြဲေတြရွိတယ္။ အဲ့အျပင္သူတို႔ေတြက သုံးစြဲသူေတြကို ထိန္းခ်ဳပ္ႏိုင္မယ့္ စီးပြားေရးေဈးကြက္ကိုလည္း အသုံးခ်ထားတယ္။ ဝန္ေဆာင္မႈအေကာင္းဆုံးေတြနဲ႔ ေပ်ာ္ပါးဖို႔ သက္သက္ပါလာတဲ့ခရီးသည္ေတြကို ေဖ်ာ္ေျဖေရးမ်ိဳးစုံလုပ္ေပးထားတယ္။
အဲ့တာေၾကာင့္ ႏွစ္တိုင္း ခ်မ္းသာတဲ့ကေလးေပါင္းမ်ားစြာက လက္မွတ္ရဖို႔အတြက္ တန္းစီၾကေပမယ့္ သူတို႔ထဲက လူအနည္းငယ္ေလာက္သာ လက္မွတ္ရၾကတယ္။
“မင္းသြားခ်င္လား?” ဟဲ့ခ်န္းမင္ေမးၾကည့္လိုက္တယ္။
ထိုေကာင္ေလးသြားခ်င္တယ္ဆိုလို႔ကေတာ့ ရေအာင္လို႔ နည္းလမ္းရွာရမွာေပါ့။
“အင္း”
က်ီေလ်ာင္က ဒီလိုရႈပ္ရႈပ္ယွက္ယွက္ေတြရွိတာကို မသိတာေၾကာင့္ လြယ္လင့္တကူျပန္ေျဖလိုက္တယ္။ ဟဲ့ခ်န္းမင္ေျမႇာက္ပင့္ေျပာတဲ့ “ညဘက္ရႈခင္းက လွတယ္”ဆိုတာက အရမ္းကိုလွတာေၾကာင့္ ေျပာတာျဖစ္မယ္ထင္ၿပီး စိတ္ဝင္စားသြားတာသာျဖစ္တယ္။
ဟဲ့ခ်န္းမင္ အခ်ိန္ကိုၾကည့္လိုက္တယ္။ ဆယ့္တစ္နာရီေက်ာ္ေနၿပီျဖစ္တာေၾကာင့္ သတိေပးလိုက္တယ္ “ေဘဘီ အိပ္ရာမဝင္ခင္ အာဘြားေလးတစ္ခ်က္ေလာက္ေပးပါအုံးလို႔”
က်ီေလ်ာင္လည္း ေ႐ြးျခယ္စရာမရွိတာေၾကာင့္ ဖုန္းေရွ႕မွာပဲ အာဘြားေပးလိုက္ရတယ္။
“လိမၼာတယ္ေကာင္ေလး” ဟဲ့ခ်န္းမင္ အဲ့တာကို screenshot႐ိုက္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္အိပ္ရာဝင္သြားတယ္။
ႏွစ္ရက္ေနေတာ့ ရႈအိုက္ဝမ္နဲ႔ မန္ယြမ္တို႔လက္မွတ္ထိုးၾကတယ္။ ရႈအိုက္ဝမ္က သူတို႔ေပါင္းစည္းတာကို တခမ္းတနားမလုပ္ခ်င္သလို မဂၤလာေဆာင္ပြဲလည္းမလုပ္ခ်င္ဘူး။ မန္ယြမ္လည္း သူမကိုေဖ်ာင္းဖ်လို႔မရတာေၾကာင့္ ေနာက္ဆုံး သူမအလိုကိုပဲလိုက္ရေတာ့တယ္။ ႏွစ္ေယာက္လုံး အသိမိတ္ေဆြေတြအနည္းငယ္နဲ႔ ထမင္းဝိုင္းေလးလုပ္ၿပီး အခ်င္းခ်င္းမိတ္ဆက္႐ုံေလာက္သာ လုပ္ခဲ့တယ္။
ပြဲၿပီးသြားေတာ့ မန္မိသားစုအိမ္ကို ရႈအိုက္ဝမ္နဲ႔အတူ က်ီေလ်ာင္ေျပာင္းလာရတယ္။
မန္ေယာင္ေယာင္ကေတာ့ သူမနဲ႔စကားေျပာေဖာ္တစ္ေယာက္ရလာလို႔ အရမ္းေပ်ာ္႐ႊင္ေနတယ္!
ဒါေပမယ့္ က်ီေလ်ာင္က ေနသားသိပ္မက်ေသးဘူး။ သူ႔ဘဝထဲကို လူႏွစ္ေယာက္က႐ုတ္တရက္ေရာက္လာၿပီး တစ္ေယာက္က သူနဲ႔သက္တူ႐ြယ္တူမိန္းကေလးျဖစ္ေနျပန္ေတာ့ အနည္းငယ္မသက္မသာျဖစ္ရတယ္။
လ်ပ္တျပက္အတြင္း ေန႔ရက္ေတြေက်ာ္လြန္ကာ ေမလတစ္ရက္ေန႔ အလုပ္သမားေန႔ကိုေရာက္လာခဲ့တယ္။
ရႈအိုက္ဝမ္နဲ႔ မန္ယြမ္တို႔ ႏွစ္ေယာက္လုံးလည္း အလုပ္ေတြပိတ္တယ္။ သူတို႔က က်ီေလ်ာင္နဲ႔ မန္ေယာင္ေယာင္ကိုေခၚၿပီး မိသားစုအတူတူအခ်ိန္ကုန္ဆုံးႏိုင္ေအာင္ အျပင္မွာေလွ်ာက္လည္ၾကဖို႔ စီစဥ္ထားေပမယ့္ က်ီေလ်ာင္က ဟဲ့ခ်န္းမင္နဲ႔ ခ်ိန္းထားတာရွိလို႔ ျငင္းလိုက္တယ္။
တစ္မိသားစုလုံးလည္း သူတို႔အေျခအေနကိုသိတာေၾကာင့္ အမ်ားႀကီးသိပ္မေျပာၾကဘူး။
မန္ယြမ္က ကေလးေတြကို ကိုယ္ပိုင္လြတ္လပ္ခြင့္ေပးၿပီး ေစာင့္ေရွာက္လာခဲ့တာျဖစ္တယ္။ က်င့္ဝတ္ေရးရာကိစၥေတြမဟုတ္သေ႐ြ႕ ဘယ္တုန္းကမွဝင္မေျပာဘူး။ ရႈအိုက္ဝမ္ အနည္းငယ္မေပ်ာ္မ႐ႊင္ျဖစ္သြားေပမယ့္ သူမတားလို႔လည္း ရမွာမဟုတ္မွန္း သိတဲ့အျပင္ မန္ေယာင္ေယာင္ကပါ သူမကိုနားခ်ေပးေတာ့ သူမခြင့္ျပဳေပးလိုက္ရတယ္။
က်ီေလ်ာင့္ကို လုံၿခဳံေရးနဲ႔ပက္သက္တာေတြ မွာၿပီးေနာက္ မန္ယြမ္ရယ္ သူ႔သမီးရယ္နဲ႔အတူ ထြက္သြားေတာ့တယ္။
သူတို႔ထြက္သြားတာနဲ႔ က်ီေလ်ာင္လည္း ရပ္ကြက္ထဲကထြက္လာတယ္။ ခပ္ေဝးေဝးကလမ္းေဘးနားမွာ ေသေသသပ္သပ္ဝတ္ဆင္ထားတဲ့ ရင္းႏွီးေနတဲ့ပုံရိပ္ေလးတစ္ခုကိုေတြ႕လိုက္ရတယ္။ မဂၢဇင္းစာအုပ္ထဲက ထြက္လာတဲ့သူလိုမ်ိဳး ခ်က္ခ်င္းဆိုသလို သူ႔ကိုတန္းျမင္တယ္။ က်ီေလ်ာင္ေျပးဖက္ၿပီး ဟဲ့ခ်န္းမင္ကိုနမ္းလိုက္တယ္။
သူအခုထက္ထိ ႐ူးသြပ္စြာ ခ်စ္ေနတုန္းပဲ။
_______________________________________
{Unicode}
•ရူးသွပ်စွာ ချစ်နေတုန်းပဲ•
ကျေနပ်တယ်ဆိုတဲ့အတွေ့အကြုံကို ခုလေးတင်ခံစာထားပြီးဖြစ်လို့ ကျောင်းလူဆိုးလေးဟဲ့ဟာဆိုရင်ဖြင့် စိတ်လက်ပေါ့ပါးနေတယ်။ အတင်းလုပ်ယူစရာမလိုအောင် ပီတိဖြာနေတဲ့လေသံနဲ့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားတဲ့အထိပြုံးကာ ထိုအမျိုးသားလေးပုခုံးကို ပုတ်လိုက်တယ်။ “မနာလိုဖြစ်မနေနဲ့ အချိန်တွေရှိပါသေးတယ်”
ကုမင်းယန် နှုတ်ခမ်းရွဲ့သွားတယ် “ထွက်သွားစမ်း”
ဟဲ့ချန်းမင်ရယ်မောကာ သူ့မိန်းမလေးပေါ် လက်တင်ပြီး ခေါ်ထုတ်သွားတော့တယ်။
အစောနတုန်းက ရေချိုးခန်းကြမ်းပြင်နဲ့ အတင်းကြီးဖိခံထားရတာကြောင့် ကျီလျောင်နာကျင်နေပြီး ရှုံ့မဲ့နေတယ်။ ကြည့်ရတာသူ့ပေါင်မှာ အရေပြားပွန်းသွားပုံရပြီး လမ်းအမြန်လျှောက်ရင် သူ့ရဲ့ဂျင်းဘောင်းဘီနဲ့ပွတ်မိပြီး နာတယ်။
“ဘာဖြစ်တာလဲ?” ဟဲ့ချန်းမင် ခေါင်းငုံ့ကာ မေးလာတယ်။
ဖြစ်ပျက်နေတာကို ပြောရမှာရှက်တာကြောင့် ကျီလျောင်အသံတိမ်တိမ်လေးနဲ့ပြောလိုက်တယ် “မင်းလမ်းလျှောက်တာ တအားမြန်တာပဲ၊ ဖြေးဖြေးလျှောက်” ဒီနေ့အားကစားဘောင်းဘီဖြစ်ဖြစ် ပွပွယောင်းယောင်းရှိတဲ့ ဘောင်းဘီဖြစ်ဖြစ်မဝတ်လာမိတာ နောင်တရတယ်!
သူ့ရဲ့တောင့်တောင့်ကြီးဖြစ်နေတဲ့ ခြေထောက်တွေရယ် မြိုသိပ်ထားရသလိုဖြစ်နေတဲ့ အမူအယာရယ်ကို ကြည့်ပြီး ဟဲ့ချန်းမင် သိလိုက်တယ်။ သူစိုးရိမ်တကြီးမေးလာတာက “ကိုယ့်ကြောင့် မင်းအရေပြားပွန်းသွားတာလား?”
ဝိတ်ကိုသေချာမထိန်းထားမိတာ သူ့အပြစ်။ ဒီလောက်နူးညံ့လွန်းတဲ့ အရေပြားလေးက ခုတော့ သူ့ကြောင့်ထိခိုက်သွားရပြီ။ အင်မတန်သာယာမှုရတယ်ဆိုပေမယ့် တဖက်ကောင်လေးက ဒဏ်ဖြစ်သွားပြီ။
“အရမ်းနာနေလား?” ဟဲ့ချန်းမင် မျက်မှောင်ကြုတ်ကာ ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး မုန်းတီးစွာဂွကြားထဲကို ကြည့်လိုက်တယ်။ အဓိကတရားခံက ဒီကောင်!
ကျီလျောင်က အများကြီးလျှောက်မတွေးဘူး။ သူကလည်းလိုက်လျောတယ် တဖက်လူကလည်း အတင်းအကျပ်လုပ်တာမဟုတ်တော့ သူပြန်ရှင်းလိုက်တယ် “ရတယ် ဒီလောက်တော့မနာပါဘူး”
မင်း လမ်းကိုမြန်မြန်ကြီးလျှောက်မနေသရွေ့ပေါ့။
ဟဲ့ချန်းမင်က သူပြောတာကို မယုံဘူး။ သူစိတ်သက်သာရာရအောင် ပြောတယ်လို့ပဲ သတ်မှတ်တယ်။ ဒီလောက်နားလည်ပေးနိုင်တဲ့အချစ်ကလေးကြောင့် စိတ်လှုပ်ရှားလာတယ်။ ရင်တွေလည်းအရမ်းနာတာကြောင့် ကောင်လေးကို ခါးကနေကောက်ချီလိုက်တယ်။
သူ့အပြုအမူကြောင့် ထိတ်ပျာသွားပြီး ကျီလျောင်သူ့လက်မောင်းကိုကိုင်ကာ ကြောက်လန့်တကြားပြောလာတယ် “ဘာတွေလာလုပ်နေတာလဲ? ပြန်ချပေး!”
သူတို့ကျောင်းထဲမှာပဲရှိသေးတယ်။ ပြီးတော့လည်း စာသင်ဆောင်တွေဖြစ်တာကြောင့် အချိန်မရွေးတခြားသူတွေ မြင်သွားနိုင်တယ်!
“လိမ္မာတယ်ကောင်လေး မလှုပ်နဲ့”
ဟဲ့ချန်းမင်က ဂရုကိုမစိုက်ဘူး။ သူက ‘ငါ့-မိန်း-မ-ငါ-ချီ-ထား-တာ-ဘာ-ဖြစ်-လဲ?’ဆိုတဲ့ ရုပ်မျိုးနဲ့ နားနေခန်းဆီ ဦးတည်လိုက်တယ်။
လှေကားတစ်ဝက်လောက်မှာ အတန်းဆယ့်နှစ်က သချာင်္ဆရာနဲ့တိုးတယ်။ ရပ်လိုက်တာမျိုးတောင်မရှိဘဲ ကြောင်အအဖြစ်နေတဲ့ဆရာကို အသာလေးပဲခေါင်းငြိတ်ပြလာတယ်။ ကျီလျောင့်မှာ ကွဲစရာအရှက်လည်းမရှိတော့ပါဘူးဆိုပြီး ထိုကောင်လေးရင်ဘတ်ကြားကိုသာ မျက်နှာထိုးထည့်ထားလိုက်တော့တယ်။ ကွယ်ရင် မေ့သွားမှာပါ….
သချာင်္ဆရာက ထောင့်နားမှာသူတို့ကိုမမြင်ရတော့ထိကြည့်နေပြီး သက်ပြင်းလေးချကာ စုတ်သပ်လိုက်တယ် “ငယ်ရွယ်ရတာများ ကောင်းလိုက်တာ”
ဟဲ့ချန်းမင်နားနေခန်းထဲရောက်တော့ ကျီလျောင့်ကိုသန့်ရှင်းတဲ့ အိပ်ရာတစ်ခုပေါ်ချပေးလိုက်တယ်။ ကျီလျောင့်ရဲ့ဘောင်းဘီကို ဆွဲမချွတ်ခင် လိုက်ကာကို ဟန်ပါပါပိတ်လိုက်တယ်။ ချွတ်ပြီးနောက်မှာ အသားနီလန်နေတဲ့အရေပြားကိုမြင်လိုက်ရတော့ စိတ်မကောင်းဖြစ်သွားတယ်။
ကျောင်းကဆရာဝန်က အတွေ့အကြုံဗဟုသုတရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ သူမရဲ့အဖြူရောင်ကုတ်အကျီထဲကို လက်နှစ်ဖက်လုံးထိုးထည့်ပြီး ပြန်ရောက်လာချိန်မှာ မျက်လုံးတွေက လိုက်ကာသေချာပိတ်ထားတဲ့ ကုတင်ဘက်ကိုရောက်သွားကာ လိုက်ကာအောက်မှာ ကျောင်းသားတစ်ယောက်ရဲ့ခြေထောက်တစ်စုံကိုတွေ့လိုက်ရသေးတယ်။
သူမလျှောက်သွားပြီး ဆွဲဖွင့်လိုက်တယ်။ သူမအကြည့်တွေက ကျီလျောင့်ရဲ့ပေါင်ဆီကိုရောက်သွားပြီး မေးလာတယ် “ဒါကို ဘယ်သူလုပ်လိုက်တာလဲ? ဒီလောက်တောင် ကြမ်းကြမ်းတမ်းတမ်း!”
သူမက မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ဖုံးကွယ်ဖို့ ကျီလျောင်ဘောင်းဘီကို ဆွဲတင်လိုက်ရတယ်။ ဟဲ့ချန်းမင်မျက်နှာကြီးက ပိုတောင်မည်းမှောင်လာတယ် _ ဒီအမျိုးသမီးက ခွင့်ပြုချက်မရှိဘဲ ဇွတ်တရွတ်ဝင်လာတာကို အလွန်တရာစိတ်မပျော်မရွှင်ဖြစ်သွားတယ်။ ပြီးတော့ သူ့အချစ်ကလေးရဲ့ လစ်ဟနေတဲ့ခြေထောက်တွေကို မြင်သွားတယ်!
“ကွယ်မနေပါနဲ့တော့ ကလေးရယ်” ဆရာဝန်က သူ့ဘေးနားက သေတ္တာကိုဖွင့်ပြီး ယူနန်ပေယောင်ဆိုတဲ့ ဆေးကို ကျီလျောင့်ကိုပေးလိုက်တယ်။ ထို့နောက် ကတ်ကြေးနဲ့ ပတ်တီးပါထုတ်ပြီး အိပ်ရာပေါ်တင်ကာ အပြောင်းအလဲမရှိပြောလိုက်တယ် “မင်းရဲ့ကောင်လေးကိုပဲ ဆေးလိမ်းခိုင်းလိုက်တော့ပေါ့”
ပြီးတော့ သူမကသက်ပြင်းချလိုက်တယ် “ဒီခေတ်ကလေးတွေများ ထကြွသောင်းကျန်းလိုက်တာ”
ဟဲ့ချန်းမင်ကတော့ ရုပ်တည်ကြီးနဲ့ နေတုန်းပဲ။ ဆရာဝန်ထွက်သွားပြီဆိုတော့မှ ကျီလျောင့်ကိုဆေးကူလိမ်းပေးပြီး ပတ်တီးပတ်ပေးလိုက်တယ်။ လုပ်နေစဉ်တစ်လျှောက်လုပ်မှာ သူ့မျက်လုံးတွေက လေးနက်ပြီး အာရုံစိုက်နေမှန်းပေါ်လွင်တယ်။
ကျီလျောင်ကဇီဇာကြောင်တတ်တဲ့သူမဟုတ်တာကြောင့် ဒါကြီးကတော့ အပိုလုပ်တယ်လို့ ထင်မိတယ်။ သို့ပေမယ့် ပတ်တီးနဲ့ဆိုတော့လည်း ဘောင်းဘီနဲ့ပွတ်မိတာမျိုးမဖြစ်ဘဲ ပိုနေလို့ကောင်းသွားတယ်။
အတန်းထဲရောက်တော့ ရှုရှောင်ကျင်းက သူ့ကိုချက်ချင်းလာမေးတယ် “နင်အဆင်ပြေရဲ့လား?”
ကျီလျောင် ယောင်နနနဲ့ပြန်မေးတယ် “ဘာကိုလဲ?”
ရှုရှောင်ကျင်းက သူ့ကိုအပေါ်အောက်စုန်ဆန်ကြည့်လာတယ်။ သူထိခိုက်တာမျိုးကိုမမြင်မိတော့ ဇဝေဇဝါဖြစ်သွားတယ် “ဟဲ့ချန်းမင်က နင့်ကိုနားနေခန်းကို ချီသွားတာ တစ်ယောက်ယောက်မြင်လိုက်တယ်တဲ့… ဘာဖြစ်တာလဲ? နင့်ကြည့်ရတာလည်း အကောင်းကြီးကို”
ကျီလျောင် ကိုးရို့ကားယားနိုင်စွာ နှုတ်ခေါင်းပွတ်ပြီး လိမ်လိုက်တယ် “အင်း ငါဗိုက်နည်းနည်းအောင့်လို့”
ရုတ်ရက်ဆိုသလို ရှုရှောင်ကျင်း အဓိပ္ပါယ်ရှိတဲ့အပြုံးကြီးပြုံးလိုက်တယ်။ သေချာသွားပြီ! ကျောင်းလူဆိုးကြီးဟဲ့ရဲ့ အချစ်စွမ်းအားတွေက အားမာန်အပြည့်နဲ့ ပွင့်အံကျလာတာပဲ! နားနေခန်းခေါ်သွားရတဲ့ထိတောင် ဗိုက်အောင့်သွားတယ်ဆိုတော့! အားးးး လှပလိုက်တဲ့အချစ်လေး.. ငါငိုချင်လာပြီနော်။
သူတို့နဲ့လတ်တလောသတင်းတွေက အလျင်အမြန်ပြန့်နှံ့နေပြီဖြစ်ပေမယ့် သိုဝှက်အထားဆုံးအပိုင်းကို မသိကြသေးဘူး။
ထိုည ကျီလျောင်အိမ်ပြန်ရောက်တော့ မန်ယွမ်လည်း ဒီရောက်နေလိမ့်မယ်လို့ ထင်မထားဘူး။ သူယဉ်ကျေးစွာ နှုတ်ဆက်လိုက်တယ် “ဦးလေးမန်”
ထို့နောက် ဧည့်ခန်းထဲက စားပွဲပေါ်မှာ စာချုပ်တွေနဲ့ သန်းခေါင်စာရင်းလိုစာရွက်စာတမ်းတွေကို မြင်သွားတယ်။
မန်ယွမ်က ဦးဆောင်ပြီးပြောလာတယ် “ကျီလျောင် ဒီလိုပဲဖြစ်သွားတယ်။ မင်းအမေနဲ့ ဦးလေးတို့ နှစ်ရက်လောက်နေရင် လက်မှတ်ထိုးဖို့ဆုံးဖြတ်ပြီးတော့ မင်းတို့လည်း ဦးလေးတို့နဲ့ လိုက်နေဖို့ဖြစ်သွားတယ်… မင်းသဘောကျလား?”
သူ့(မန်ယွမ်)မှာ ရွေးခြယ်စရာမှမရှိဘူး။ အစတုန်းက သူတို့တွေ နှစ်သစ်ပြီးရင် လက်ထပ်ဖို့လုပ်ထားကြပေမယ့် ရှုအိုက်ဝမ်က အခုချိန်ထိဆွဲထားတာဖြစ်တယ်။ အဓိက,က ကျီလျောင်ကြောင့်ဖြစ်နေလို့ သူ့မှာလည်း ဝင်ပြောနိုင်စွမ်းမရှိဘူး။ ဒါကြောင့်ဒီနေ့ ဒီကိစ္စကိုမြန်မြန်ပြီးစီးအောင်လုပ်ပြီး ဇနီးဖြစ်သူကို အိမ်ခေါ်ချင်ပြီ။
“အိုး ကိစ္စမရှိပါဘူး” ကျီလျောင် လွယ်အိတ်ကိုချလိုက်တယ်။
ရှုအိုက်ဝမ်အတွက်ပဲဖြစ်ဖြစ် သူ့အတွက်ပဲဖြစ်ဖြစ် ဟဲ့ချန်းမင်နဲ့ဆက်ရမယ့် အနာဂတ်အတွက်ဖြစ်ဖြစ် သူ့အတွက် ကိစ္စမရှိဘူး။
“ကောင်းပြီလေ ရှင်အရင်ပြန်နှင့်လိုက်ပေါ့” ရှုအိုက်ဝမ် မန်ယွမ်ကို တံခါးနားထိလိုက်ပို့ပေးလိုက်တယ်။
နောက်တော့ ကျီလျောင်နဲ့စကားပြောဖို့ အနားလာထိုင်တယ် “တျန်းတျန်း ဦးလေးမန်ကို ဘယ်လိုထင်လဲ?”
သားတစ်ယောက်ရှိတဲ့သူမက လက်ထပ်တာကို စီးပွားရေးအရလုပ်ခဲ့တာမဟုတ်ဘူး။
ကျီလျောင်ပြောလိုက်တယ် “သူကတော်တော်လေးကောင်းပါတယ်၊ အရမ်းလည်းယဉ်ကျေးတယ်… ပြီးတော့ ဆေးလိပ်သောက်ပုံလည်းမပေါ်ဘူး”
သူနဲ့ ရှုအိုက်ဝမ်က ဆေးလိပ်သောက်တာကိုမကြိုက်ဘူး။ ကျီချင်းဝမ်လည်း အရင်ကသောက်ခဲ့ပေမယ့် သူတို့နှစ်ယောက်ကြောင့် ဖြတ်လိုက်ရတယ်။
“အင်း အဲ့တော့ ဦးလေးမန်ကို သဘောကျလား?” သူမက ထပ်မေးတယ်။
ကျီလျောင် အမှန်တိုင်းပြောလိုက်တယ် “အင်း သူ့ကိုမုန်းတော့ မမုန်းပါဘူး”
သူနဲ့ မန်ယွမ်က အပြောအဆိုသိပ်မရှိဖူးတော့ သဘောကျလား မကျဘူးလားဆိုတာကို မပြောနိုင်သေးဘဲ ဒီတိုင်းမမုန်းကြောင်းပဲ ပြောနိုင်တယ်။
“အမေ တကယ်တော့ အမေသူ့ကိုသဘောကျရင်ပဲ အဆင်ပြေတယ်လို့ထင်တယ်၊ ကျွန်တော့်မှာ ပေးစရာထင်မြင်ချက်ဘာမှမရှိဘူး… ဟဲ့ချန်းမင်ဆိုတဲ့လူကို ကျွန်တော်သဘောကျမိသလိုမျိုးပေါ့… ကျွန်တော် ဟဲ့ချန်းမင်ကို သဘောကျနေသရွေ့အဆင်ပြေတယ်၊ အမေ့ကိုလည်း သဘောကျပေးပါလို့ မတိုက်တွန်းဘူး… ဒီတိုင်းလေး သူ့ကို မမုန်းဘဲနေပေးဖို့ကိုပဲ မျှော်လင့်တယ်”
သူစိတ်ထဲရှိတာတွေ ရှုအိုက်ဝမ်ကိုဖွင့်ပြောတယ်ဆိုတာ ရှားတယ်။ သူတို့ရဲ့ဆက်ဆံရေးကြောင့် အငြင်းပွားတာတွေ စစ်အေးတိုက်ပွဲတွေအစပြုခဲ့တာ လေးငါးလလောက်ရှိနေပြီ။ ဒီလေးငါးလအတွင်းမှာ ကျီလျောင်လည်း မြန်မြန်ရင့်ကျက်လာပြီး ရှုအိုက်ဝမ်ကို တဖြည်းဖြည်းချင်း လက်လွှတ်ပေးနိုင်လာတယ်။
သူတို့တွေကို ရှုအိုက်ဝမ်ကြားဝင်နှောင့်ယှက်ခြင်းမပြုရတဲ့ မူလရည်ရွယ်ချက်က ကျီလျောင့်ကိုနှလုံးသားပေးလိုက်တယ်ဆိုတာ ဘယ်လောက်အန္တရာယ်များပြီး နာကျင်တယ်ဆိုတာကို တွေ့ကြုံဖူးစေချင်လို့ဖြစ်တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က နှစ်ဝက်လောက်ထိ အဆင်ပြေနေမယ်လို့ ထင်မထားဘူး။ ဒီအတောအတွင်းမှာ ကျီလျောင့်ရဲ့လုပ်ဆောင်ပုံတွေလည်း တိုးတက်လာတာကြောင့် သူမဘာအမှားမှ ထောက်ပြစရာမရှိဘူးဖြစ်နေတယ်။
သူမရဲ့သားဖြစ်သူက အမှန်အမှားခွဲခြားသိပြီး အချစ်ကိုနားလည်နေတာကို သူမကလုံလုံလောက်လောက်မယုံကြည်ပေးမိဘဲ အရမ်းရက်စက်ခဲ့မိလားဆိုပြီး စတင်တွေးမိလာတယ်။
အဲ့လိုဆိုပေမယ့်လည်း ရှုအိုက်ဝမ် သနားစိတ်ဝင်မလာသေးဘဲ ဟဲ့ချန်းမင်ကို ခဏလောက်ဆက်ပြီး လေ့လာကြည့်ချင်သေးတယ်။
သူမက “အင်း”ဆိုပြီး နားလည်ကြောင်းပြောလိုက်တယ်။
ကျီလျောင်ဆက်မပြောတော့ဘူး။ စားစရာရှိတာစားပြီး အိမ်စာလုပ်ဖို့ အခန်းထဲပြန်သွားလိုက်တယ်။
ဟဲ့ချန်းမင်နဲ့ video callပြောပြီး အိမ်စာတွေလုပ်တယ်။ သူမဖြေရှင်းနိုင်တဲ့ပုစ္ဆာကြုံလာပြီဆိုရင် သူ့ကိုတစ်ခါတည်းမေးလို့ရတာပေါ့။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာပေါ့။
သို့သော်လည်း တဖက်ဖုန်းကကောင်လေးကတော့ မပျော်မရွှင်ဖြစ်နေတယ်။ ဆိုဖာပေါ်မှာ လူးလှိမ့်ပြီး ငြီးတွားနေတယ် “ကိုယ့်ကိုကြည့်ပါအုံး ဘေဘီရေ ကိုယ့်ကိုကြည့်လို့… ကိုယ်လည်း အာရုံစိုက်တာခံချင်တယ်!”
သူ့မျက်နှာပေါ်မှာ သည်းမခံနိုင်မှုတွေ ဆာလောင်မှုတွေပေါ်လွင်နေတယ်။
ကျီလျောင်ကတော့ မကြားသလိုဟန်ဆောင်ကာ ရေးစရာရှိတာဆက်ရေးနေတယ်။
ဟဲ့ချန်းမင်က သူ့ရဲ့ရှပ်အကျီကို ချွတ်ပစ်တာလိုမျိုး ခပ်တုံးတုံးအကွက်တွေ ထုတ်သုံးလာတယ်။ နောက်ပိုင်းသူ့ရဲ့ရင်ဘတ်ကြွက်သားအတွက် လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ကျီလျောင့်ကိုထုတ်ပြရလည်း မဆိုးဘူးလို့ တွေးမိတယ်။
“ဘေဘီ ကြိုက်လား?” လူယုတ်မာပုံကြီးနဲ့ ပြုံးပြလိုက်တယ်။
ကျီလျောင်မော့ကြည့်ကာ ခဏလောက်စဉ်းစားပြီး မေးလိုက်တယ် “cosineရဲ့ဖော်မြူလာက ဘာလဲ?”
ဟဲ့ချန်းမင်ဆိုဖာပေါ်လဲကျသွားပြီး စိတ်ပျက်စွာ တအီအီလုပ်တော့တယ်။ သူ့ရဲ့ဇနီးလေးက သူ့ကိုအသည်းနှလုံးမပေးဘဲ သချာင်္တွေလာမေးနေတယ်!
ကျီလျောင်က အဖြေရှာဖို့ စာရွက်တွေလှန်နေရင်းရယ်မောကာပြောလိုက်တယ် “ငါကြိုက်တယ်”
ထိုစကားလုံးတွေကြားတော့မှ ဟဲ့ချန်းမင်အားတွေပြန်ပြည့်လာတယ်။ သူ့ရဲ့ချောမောလှတဲ့မျက်နှာကြီးကို ဖုန်းနဲ့ကပ်ပြီး ဆွဲဆောင်တဲ့လေသံနဲ့ပြောလိုက်တယ်။ “မနက်ဖြန်ထိခွင့်ပေးမယ်လေ!”
ကျီလျောင်ဘာမှပြန်မဖြေပေမယ့် သူ့နားရွက်တွေ နီတက်လာတာကို တဖက်ကောင်လေးက video callကတဆင့် ကြည့်နေတယ်။
ထင်တဲ့အတိုင်းပဲ ဒီကောင်လေးက သူ့ရဲ့အချစ်ကလေးဖြစ်နေတုန်းပဲ!
ဟဲ့ချန်းမင်က သူ့ရဲ့အပေါ်ပိုင်းကို ပြထားပြီး နှုတ်ခမ်းတွေ ကွေးညွှတ်နေကာ ဆိုဖာပေါ်မှီလိုက်ပြီး အစ်ကိုကြီးတစ်ယောက်လိုမျိုး နူးညံ့တဲ့လေသံနဲ့မေးလိုက်တယ်။ “ဘေဘီ နောက်တစ်ပတ် မေလ ၁ရက်နေ့မှာ ပိတ်ရက်တစ်ရက်ရတယ်၊ ကိုယ်တို့လျှောက်လည်ကြမလား?”
သူတို့တွေတွဲတာ တော်တော်ကြာပြီဖြစ်ပေမယ့် အရင်ကသိပ်ပြီးလျှောက်မလည်ဖြစ်သလို ခံစားရတယ်။
ကျီလျောင် စာရေးတာကို ရပ်ပြီးမေးလိုက်တယ် “ဘယ်ကိုလဲ?”
“မီယသင်္ဘော? ညဘက်ရှုခင်းက လှတယ်လေ”
အဲ့တာက ဟဲ့မိသားစုရဲ့စီးပွားရေးထဲက တစ်ခုဖြစ်တယ်။ ပိတ်ရက်တိုင်းမှာ ပွဲတွေရှိတယ်။ အဲ့အပြင်သူတို့တွေက သုံးစွဲသူတွေကို ထိန်းချုပ်နိုင်မယ့် စီးပွားရေးဈေးကွက်ကိုလည်း အသုံးချထားတယ်။ ဝန်ဆောင်မှုအကောင်းဆုံးတွေနဲ့ ပျော်ပါးဖို့ သက်သက်ပါလာတဲ့ခရီးသည်တွေကို ဖျော်ဖြေရေးမျိုးစုံလုပ်ပေးထားတယ်။
အဲ့တာကြောင့် နှစ်တိုင်း ချမ်းသာတဲ့ကလေးပေါင်းများစွာက လက်မှတ်ရဖို့အတွက် တန်းစီကြပေမယ့် သူတို့ထဲက လူအနည်းငယ်လောက်သာ လက်မှတ်ရကြတယ်။
“မင်းသွားချင်လား?” ဟဲ့ချန်းမင်မေးကြည့်လိုက်တယ်။
ထိုကောင်လေးသွားချင်တယ်ဆိုလို့ကတော့ ရအောင်လို့ နည်းလမ်းရှာရမှာပေါ့။
“အင်း”
ကျီလျောင်က ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေရှိတာကို မသိတာကြောင့် လွယ်လင့်တကူပြန်ဖြေလိုက်တယ်။ ဟဲ့ချန်းမင်မြှောက်ပင့်ပြောတဲ့ “ညဘက်ရှုခင်းက လှတယ်”ဆိုတာက အရမ်းကိုလှတာကြောင့် ပြောတာဖြစ်မယ်ထင်ပြီး စိတ်ဝင်စားသွားတာသာဖြစ်တယ်။
ဟဲ့ချန်းမင် အချိန်ကိုကြည့်လိုက်တယ်။ ဆယ့်တစ်နာရီကျော်နေပြီဖြစ်တာကြောင့် သတိပေးလိုက်တယ် “ဘေဘီ အိပ်ရာမဝင်ခင် အာဘွားလေးတစ်ချက်လောက်ပေးပါအုံးလို့”
ကျီလျောင်လည်း ရွေးခြယ်စရာမရှိတာကြောင့် ဖုန်းရှေ့မှာပဲ အာဘွားပေးလိုက်ရတယ်။
“လိမ္မာတယ်ကောင်လေး” ဟဲ့ချန်းမင် အဲ့တာကို screenshotရိုက်ပြီး ပျော်ပျော်ရွှင်ရွှင်အိပ်ရာဝင်သွားတယ်။
နှစ်ရက်နေတော့ ရှုအိုက်ဝမ်နဲ့ မန်ယွမ်တို့လက်မှတ်ထိုးကြတယ်။ ရှုအိုက်ဝမ်က သူတို့ပေါင်းစည်းတာကို တခမ်းတနားမလုပ်ချင်သလို မင်္ဂလာဆောင်ပွဲလည်းမလုပ်ချင်ဘူး။ မန်ယွမ်လည်း သူမကိုဖျောင်းဖျလို့မရတာကြောင့် နောက်ဆုံး သူမအလိုကိုပဲလိုက်ရတော့တယ်။ နှစ်ယောက်လုံး အသိမိတ်ဆွေတွေအနည်းငယ်နဲ့ ထမင်းဝိုင်းလေးလုပ်ပြီး အချင်းချင်းမိတ်ဆက်ရုံလောက်သာ လုပ်ခဲ့တယ်။
ပွဲပြီးသွားတော့ မန်မိသားစုအိမ်ကို ရှုအိုက်ဝမ်နဲ့အတူ ကျီလျောင်ပြောင်းလာရတယ်။
မန်ယောင်ယောင်ကတော့ သူမနဲ့စကားပြောဖော်တစ်ယောက်ရလာလို့ အရမ်းပျော်ရွှင်နေတယ်!
ဒါပေမယ့် ကျီလျောင်က နေသားသိပ်မကျသေးဘူး။ သူ့ဘဝထဲကို လူနှစ်ယောက်ကရုတ်တရက်ရောက်လာပြီး တစ်ယောက်က သူနဲ့သက်တူရွယ်တူမိန်းကလေးဖြစ်နေပြန်တော့ အနည်းငယ်မသက်မသာဖြစ်ရတယ်။
လျပ်တပြက်အတွင်း နေ့ရက်တွေကျော်လွန်ကာ မေလတစ်ရက်နေ့ အလုပ်သမားနေ့ကိုရောက်လာခဲ့တယ်။
ရှုအိုက်ဝမ်နဲ့ မန်ယွမ်တို့ နှစ်ယောက်လုံးလည်း အလုပ်တွေပိတ်တယ်။ သူတို့က ကျီလျောင်နဲ့ မန်ယောင်ယောင်ကိုခေါ်ပြီး မိသားစုအတူတူအချိန်ကုန်ဆုံးနိုင်အောင် အပြင်မှာလျှောက်လည်ကြဖို့ စီစဉ်ထားပေမယ့် ကျီလျောင်က ဟဲ့ချန်းမင်နဲ့ ချိန်းထားတာရှိလို့ ငြင်းလိုက်တယ်။
တစ်မိသားစုလုံးလည်း သူတို့အခြေအနေကိုသိတာကြောင့် အများကြီးသိပ်မပြောကြဘူး။
မန်ယွမ်က ကလေးတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပြီး စောင့်ရှောက်လာခဲ့တာဖြစ်တယ်။ ကျင့်ဝတ်ရေးရာကိစ္စတွေမဟုတ်သရွေ့ ဘယ်တုန်းကမှဝင်မပြောဘူး။ ရှုအိုက်ဝမ် အနည်းငယ်မပျော်မရွှင်ဖြစ်သွားပေမယ့် သူမတားလို့လည်း ရမှာမဟုတ်မှန်း သိတဲ့အပြင် မန်ယောင်ယောင်ကပါ သူမကိုနားချပေးတော့ သူမခွင့်ပြုပေးလိုက်ရတယ်။
ကျီလျောင့်ကို လုံခြုံရေးနဲ့ပက်သက်တာတွေ မှာပြီးနောက် မန်ယွမ်ရယ် သူ့သမီးရယ်နဲ့အတူ ထွက်သွားတော့တယ်။
သူတို့ထွက်သွားတာနဲ့ ကျီလျောင်လည်း ရပ်ကွက်ထဲကထွက်လာတယ်။ ခပ်ဝေးဝေးကလမ်းဘေးနားမှာ သေသေသပ်သပ်ဝတ်ဆင်ထားတဲ့ ရင်းနှီးနေတဲ့ပုံရိပ်လေးတစ်ခုကိုတွေ့လိုက်ရတယ်။ မဂ္ဂဇင်းစာအုပ်ထဲက ထွက်လာတဲ့သူလိုမျိုး ချက်ချင်းဆိုသလို သူ့ကိုတန်းမြင်တယ်။ ကျီလျောင်ပြေးဖက်ပြီး ဟဲ့ချန်းမင်ကိုနမ်းလိုက်တယ်။
သူအခုထက်ထိ ရူးသွပ်စွာ ချစ်နေတုန်းပဲ။
_____
Thanks 😉