The Generous Poor With Really...

By Candle_00

68.5K 10.9K 1.1K

Completed✔✔ 📌 This is my second work of Translation.Not for money! Not my own story! I just want to share t... More

Synopsis
Chpater- 1
Chapter- 2
Chapter- 3
Chapter- 4
Chapter- 5
Chapter- 6
Chapter- 7
Chapter- 8
Chapter- 10
Chapter- 11 [Finale]
Appreciation Letter
-------

Chapter- 9

3.5K 862 67
By Candle_00

Zawgyi

က်န္းေ႐ွာင္ခ်ီးဟာ သူ႔အဝတ္အစားေတြ ေနရာခ်ဖို႔အတြက္ သူတို႔ႏွစ္ေယာက္ရဲ႕ အိပ္ခန္းေလးထဲဝင္သြားေလတယ္။ ဒါေၾကာင့္ သာ့ဖန္းလည္း အခြင့္အေရးကို လက္လြတ္မခံဘဲ ဧည့္ခန္းထဲကတဲစုတ္ကို အသံမထြက္ေစဘဲ တစ္စစီၿဖိဳခ်ပစ္လိုက္တယ္။

အမိုးေတြ ၊ အကာေတြ ၊ ျခင္ေထာင္ေတြ ၊ စင္ေတြအကုန္ၿဖိဳခ်ကာ အကုန္လံုး ၾကမ္းျပင္ေပၚ လႊင့္ပစ္လိုက္တယ္။ မၾကာခင္မွာပဲ ဧည့္ခန္းေလးဟာ နဂိုမူလပံုစံအတိုင္း ျပန္ျဖစ္သြားေတာ့တယ္။

တစ္ေယာက္တစ္ခန္း ခြဲေနမယ္? ဟမ့္! စဥ္းေတာင္မစဥ္းစားလိုက္နဲ႔!

က်န္းေရွာင္ခ်ီး အဝတ္ေတြ ဗီ႐ိုထဲေသခ်ာစီထည့္ၿပီးလို႔ ျပန္ထြက္လာေတာ့ ခ်ံဳးသာ့ဖန္းတို႔က ပစၥည္းေတြအကုန္ျဖိဳဖ်က္ျပီးလို႔ ဆိုဖာေပၚမွာ ေအးေအးလူလူနဲ႔ ေျခေထာက္နွစ္ေခ်ာင္းေျမွာက္ျပီး ႏွပ္ေနၿပီ။

"မင္း.....မင္းဆိုတဲ့ေကာင္က တစ္စစီေတာ့ျဖဳတ္တတ္တယ္။ ဘယ္လိုျပန္သိမ္းရမလဲေတာ့ မသိဘူးေပါ့...ဟုတ္လား?"
က်န္းေ႐ွာင္ခ်ီးဟာ သူ႔ကို 'ၾကပ္ၾကပ္သတိထားေန'ဆိုတဲ့အၾကည့္နဲ႔ ၾကည့္လိုက္ၿပီး ၾကမ္းေပၚက ပလဲေနတဲ့ပစၥည္းေတြကို တစ္ခုစီေကာက္ကာ ဗီ႐ိုထဲျပန္ထည့္သိမ္းေနတယ္။

ခ်ံဳးသာ့ဖန္းဟာ ဆိုဖာေနာက္ေက်ာကိုမွီလ်က္ က်န္းေ႐ွာင္ခ်ီးလုပ္သမ်ွကို ထိုင္ၾကည့္ေနတယ္။ ခဏၾကာေတာ့ သူၾကမ္းျပင္ေပၚ ပစ္လွဲခ်လိုက္တယ္။ ေသခ်ာေပါက္ ကူညီေပးဖို႔ေတာ့ မဟုတ္ဘူးေပါ့။ အဲ့အစား မ်က္ႏွာေျပာင္စြာပင္ စလိုက္တယ္။
"ငါ အဲ့တဲစုတ္ကို ၿဖိဳပစ္လိုက္ဖို႔ ေမ်ွာ္လင့္ေနတာမလား?"

"အဓိပၸါယ္မ႐ွိတာ!" က်န္းေ႐ွာင္ခ်ီး မ်က္ကလဲဆံျပာနဲ႔ ျငင္းခ်က္ထုတ္ေနေပမဲ့ ရဲတက္ေနတဲ့နားရြက္ဖ်ားေလးေတြက သက္ေသပင္။

ဝန္ခံဖို႔ ျငင္းဆန္ေနတဲ့ က်န္းေ႐ွာင္ခ်ီးရဲ႕အမူအရာေလးကိုၾကည့္ၿပီး ခ်ံဳးသာ့ဖန္းအူရႊင္လာကာ က်န္းေ႐ွာင္ခ်ီးေနာက္ကေန တိုးကပ္သြားလိုက္တယ္။
"ေ႐ွာင္ခ်ီး.... အရမ္း႐ွက္မေနပါနဲ႔။ ငါမင္းကို ဒီေမးခြန္း တစ္ခါမွမေမးရေသးဘူးေနာ္..... ဒီge ge အေပၚ ဘယ္တုန္းထဲက ခံစားခ်က္ေတြ႐ွိေနတာလဲ....ဟင္?"

"အထက္တန္းတုန္းကလား? တကၠသိုလ္ေရာက္ေတာ့လား? ဝိုး.... ဒါမွမဟုတ္
ဟိုးအလယ္တန္းတက္တုန္းကတည္းက ဒီge ge ကို မ်က္စိက်ေနခဲ့တာလား?"

သူဆက္ေျပာေလေလ ပိုပိုၿပီးစိတ္ေတြတက္ႂကြလာေလပဲ။
"ငါမွတ္မိသေလာက္ေတာ့ အလယ္တန္းတုန္းက ငါတို႔ရဲ႕ဆက္ဆံေရးက သာမန္ပါပဲ။ အထက္တန္းမွာေတာ့ ငါတို႔ပိုၿပီးေပါင္းျဖစ္သြားၾကတယ္။ ဒါနဲ႔ ငါတို႔ႏွစ္ေယာက္ ဘယ္လိုျဖစ္ၿပီး အရမ္းတြဲမိသြားတာလဲ? မင္းရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ ခ်ဥ္းကပ္ခဲ့တာေတာ့ မဟုတ္ဘူးမလား?"

"ဟင္လို႔...... ေျပာစမ္းပါ။ က်န္းေ႐ွာင္ခ်ီး နည္းနည္းေလာက္ေတာ့ ျပန္ေျဖပါဦး!"

က်န္းေ႐ွာင္ခ်ီးတစ္ေယာက္ ေဒါသထြက္လြန္းလို႔ အရမ္းေတြေလာင္ၿမိဳက္ကာ အသားေတြေတာင္ တဆတ္ဆတ္တုန္လာတယ္။ ခ်ံဳးသာ့ဖန္းရဲ႕စေနာက္စကားေတြကလည္း ပိုပိုျပီးျပင္းထန္လာတယ္။ ေနာက္ဆံုး သူ အခန္းထဲ ဝင္ေျပးကာ တံခါးကိုလည္း ဘန္းခနဲျမည္ေအာင္ ပိတ္ခ်လိုက္တယ္။ ခ်ံဳးသာ့ဖန္းတစ္ေယာက္သာ အျပင္မွာမတ္တပ္ႀကီးက်န္ေနခဲ့ေတာ့တယ္။

"မင္းအေပါက္ကို ပိတ္လိုက္ေတာ့"
က်န္းေ႐ွာင္ခ်ီး အထဲကေန ေအာ္ေျပာလိုက္တယ္။
"မင္းလို ေစာက္ရမ္း ေစာက္ျမင္ကပ္ဖို႔ေကာင္းတဲ့ေကာင္မ်ိဳးကို ဘယ္သူကႀကိဳက္မွာလဲ!!"

တံခါးပိတ္လိုက္တာဟာ ျပင္းထန္လြန္းလုိ႔ ခ်ံဳးသာ့ဖန္းရဲ႕ႏွာေခါင္းေတာင္ တံခါးနဲ႔ေဆာင့္မိေတာ့မလို ုျဖစ္သြားရတယ္။သူ႐ႈံ႕႐ႈံ႕မဲ့မဲ့ ျပံဳးလိုက္ကာ တီးတိုးေရရြတ္လိုက္တယ္။
"ငါကစိတ္ဆိုးဖို႔ေကာင္းမွန္း ျမန္ျမန္ႀကီးသိသြားတာပဲ ဟက္ဟက္"

က်န္းေ႐ွာင္ခ်ီးဟာ အခန္းထဲမွာ ပုန္းေအာင္းေနရင္း သူ႔ကိုလံုးဝလ်စ္လ်ဴ ႐ႈထားတယ္။ ဒါေၾကာင့္သူလည္း လက္ကိုခါးေနာက္ပစ္လို႔ ဧည့္ခန္းထဲ ဟိုေလ်ွာက္ဒီေလ်ွာက္ ေလ်ွာက္ေနလိုက္တယ္။ သူ က်န္းေ႐ွာင္ခ်ီးအိမ္ကို အေခါက္ေပါင္းမနည္း လာဖူးေသာ္လည္း ဒီတစ္ႀကိမ္မွာေတာ့ ခံစားခ်က္က အရင္နဲ႔မတူသလိုပင္။ ေတာအုပ္အပိုင္စားရထားတဲ့ ျခေသၤ့တစ္ေကာင္လို ေမာ္ႂကြားလ်က္ အိမ္အႏွံ႔ ေလ်ွာက္ၾကည့္ကာ ဟိုထိ၊ဒီထိနဲ႔ပါ လိုက္ကိုင္ၾကည့္ေနမိတယ္။

အဲ့ေတာ့မွ အရင္က သူ တစ္ခါမွ ေ႐ွာင္ခ်ီးရဲ႕အိမ္ကို အခုလို ေစ့ေစ့စပ္စပ္မၾကည့္႐ႈခဲ့ဖူးမွန္း သတိထားမိသြားေတာ့တယ္။ က်န္းေ႐ွာင္ခ်ီးဟာ သူ႔တိုက္ခန္းေလးကို အေသးစိတ္ျပင္ဆင္ထားမွန္း အခုမွ သူသိလိုက္ရတယ္။

ပ်က္ေနတဲ့ပန္းကန္ေဆးေဘစင္သံုးခုဟာ အိမ္ေ႐ွ႕ဝရန္တာမွာ ေနရာတက်။ အထဲမွာေတာ့ ေျမႀကီးအနည္းငယ္ထည့္ထားတယ္။ ေ႐ွာင္ခ်ီး အဲ့ေျမေတြ ဘယ္ေနရာက သြားတူးလာလဲဆိုတာေတာ့ သူလည္းမစဥ္းစားတတ္ေပ။ ထိုထဲတြင္ ၾကက္သြန္နီနဲ႔ ၾကက္သြန္ၿမိတ္ပင္ေလးေတြ ထည့္စိုက္ထားတယ္။ ထုပ္တန္းေပၚကေန ပိုက္ကြန္အိတ္နဲ႔ တြဲေလာင္းဆြဲထားတဲ့ ဂ်င္းနဲ႔င႐ုတ္ေကာင္းေတြလည္း ႐ွိေသးတယ္။ တိုက္ခန္းဟာ လူငယ္တစ္ေယာက္ရဲ႕အခန္းနဲ႔ မတူဘဲ အသက္ႀကီးႀကီး အန္တီႀကီးေတြေနတဲ့အိမ္နဲ႔ေတာင္ ပိုတူေသးတယ္။

က်န္းေ႐ွာင္ခ်ီးဟာ သူ႔မိဘေတြကိုေက်ာ္ၿပီး အဘြားျဖစ္သူနဲ႔ပင္ သြားတူေနေသးတယ္လို႔ သူ စိတ္ထဲကေတြးမိသြားတယ္။

သူင႐ုတ္ေကာင္းေစ့အတြဲႀကီးကို ဆြဲယူလိုက္ရင္း အနံ႔ခံၾကည့္မိတယ္.....အင္း....ေတာ္ေတာ္ေမႊးတာပဲ။ က်န္းေ႐ွာင္ခ်ီးဟာ လူကသာေအးမလို,လိုနဲ႔ ပူပူစပ္စပ္ကေတာ့ တကယ္ႀကိဳက္တာပင္။

ခဏေလာက္ အခန္းငယ္ေလးထဲ ေလ်ွာက္ၾကည့္ၿပီးသြားေတာ့ အိပ္ခန္းတံခါးကို သူ ေနာက္တစ္ႀကိမ္သြားေခါက္လိုက္ျပန္တယ္။
"ေ႐ွာင္ခ်ီးေရ...... ထြက္ခဲ့ပါေတာ့။ အျပင္ေလ်ွာက္သြားရေအာင္ေလ......."

ခဏၾကာေတာ့ တံခါးဟာ ရႊက္ခနဲပြင့္လာၿပီး က်န္းေ႐ွာင္ခ်ီးေခါင္းေလး ျပဴထြက္လာတယ္။ ႐ုပ္ကေတာ့တင္းေနဆဲပင္.......
"ဘယ္ကိုလဲ?"

ခ်ံဳးသာ့ဖန္းလည္း မ်က္လံုးေလးကလယ္ကလယ္နဲ႔ ေျဖလိုက္တယ္။
"မင္းအဘြားအိမ္ကိုသြားမယ္ေလ..... ကြင္းျပင္ထဲျပတဲ့ကား သြားၾကည့္ရေအာင္!"

ဟြန္႔..... လြန္ခဲ့တဲ့ လဝက္ေလာက္က က်န္းေ႐ွာင္ခ်ီး ဟန္ပိုင္ဆိုတဲ့ေကာင္ကို အဲ့ေခၚသြားတာ သူအခုထိမွတ္မိေသးတယ္။ သူလည္းသြားခ်င္တာေပါ့!

က်န္းေ႐ွာင္ခ်ီးလည္း ေသခ်ာေပါက္ပင္ ထိုကိစၥအား အမွတ္ရေနဆဲပဲ.... ၿပီးခဲ့တဲ့လဝက္ေလာက္က ခ်ံဳးသာ့ဖန္းအိမ္မွာ သူငိုယိုၿပီး ဖီးခဲ့ရတဲ့ကိစၥႀကီးကိုေလ! ဒါက ဘယ္လိုေတာင္ အ႐ွက္ကြဲမႈႀကီးလဲ?????
သူ အဲ့အလိုက္ကန္းဆိုးမသိတဲ့​ေကာင္နဲ႔ စကားဆက္မေျပာခ်င္ေတာ့တာေၾကာင့္ တံခါးကို ဘန္းခနဲျမည္ေအာင္ ျပန္ပိတ္လိုက္တယ္။
"သြားခ်င္မေနနဲ႔!"

"သြားရေအာင္ေလး....... သြားမယ္လို႔....သြားခ်င္တယ္လို႔...... ေ႐ွာင္ခ်ီးခ်ီးခ်ီးခ်ီးခ်ီး....."
ခ်ံဳးသာ့ဖန္း တံခါးကို တဘန္းဘန္းပုတ္ရင္း ဂ်ီတိုက္ေနမိတယ္။

ေတာ္ေတာ္ၾကာသြားၿပီးေနာက္ က်န္းေ႐ွာင္ခ်ီးဟာ တံခါးျပန္ဖြင့္လာၿပီး ခပ္ျပတ္ျပတ္အသံနဲ႔....
"ဒီတိုင္း ႐ုပ္႐ွင္ရံုသြားလိုက္ရင္ ၿပီးေနတာကို။ ဘာလို႔ ေဝးေဝးလံလံ ဟိုးရြာအထိသြားၾကည့္ေနမွာလဲ!?"
ေျပာၿပီး လက္ကလည္း ဖုန္းကိုေျမွာက္ကာ လက္မွတ္ျဖတ္ထားတဲ့ ျဖတ္ပိုင္းေလးကိုပါ ျပလာတယ္။

ခ်ံဳုးသာ့ဖန္းၾကည့္လိုက္ေတာ့ အဲ့ဒါက 3D ႐ုပ္႐ွင္လက္မွတ္ပင္။ သူဝမ္းသာအားရ ရယ္မိတာ ပါးစပ္ေတာင္ျပန္ေစ့လို႔မရေတာ့...... က်န္းေ႐ွာင္ခ်ီးက သူ႔အေပၚ ဟန္ပိုင္ဆိုတဲ့ေကာင္ထက္ ပိုၿပီးရက္ေရာတယ္ေလ...
ဟားဟားဟား.....

လံုေလာက္သြားပါၿပီ။ က်န္းေ႐ွာင္ခ်ီးဟာ သူ႔ကိုအခ်ိန္အၾကာႀကီး ခ်စ္လာခဲ့တာနဲ႔တင္။

သူ ႐ွဴ းဖိနပ္ကို ေသခ်ာစီးကာ က်န္းေ႐ွာင္ခ်ီးရဲ႕ ကုတ္အက်ႌကိုလည္း တန္းေပၚကယူၿပီး မ်က္ႏွာလိုမ်က္ႏွာရ ခါေပးလိုက္ေသးတယ္။ ဒါေပမဲ့ က်န္းေ႐ွာင္ခ်ီးဟာ မီးဖိုထဲဝင္သြားၿပီး ေတာ္ေတာ္နဲ႔ ျပန္ထြက္မလာေတာ့!

"ေ႐ွာင္ခ်ီးအာ..... ဘာေတြလုပ္ေနတာလဲ?"
ခ်ံဳးသာ့ဖန္း မီးဖိုခန္းထဲ ေခါင္းေလးေစာင္းကာ ေခ်ာင္းၾကည့္လိုက္ေပမဲ့ ဘာမွမျမင္လိုက္ရ။

"လာ.....လာ....သြားမယ္" က်န္းေ႐ွာင္ခ်ီးဟာ အိတ္အမည္းတစ္လံုး လက္ကဆြဲလ်က္ျပန္ထြက္လာၿပီး ခ်ံဳးသာ့ဖန္းလက္ထဲက ကုတ္အက်ႌကို လႊဲေျပာင္းယူလိုက္တယ္။ ၿပီးေနာက္ သာ့ဖန္းရဲ႕လက္ကိုတြဲကာ အိမ္မွထြက္ခဲ့ေတာ့တယ္။

႐ုပ္႐ွင္ရံုဟာ ေ႐ွာင္ခ်ီးတို႔ အိမ္နားမွာတင္။ လမ္းအနည္းငယ္ေလ်ွာက္လိုက္ရံုနဲ႔ ေရာက္နိုင္တဲ့အကြာအေဝးပင္။ သူတို႔ႏွစ္ဦး ေရာက္သြားေတာ့ သူတို႔ၾကည့္မယ့္ဇာတ္ကားက မစေသးေပ။ ႏွစ္ဦးသား ေစာင့္ဖို႔လုပ္ေပးထားတဲ့ ခံုေလးေတြေပၚမွာ ထိုင္ရင္း ပတ္ဝန္းက်င္တဝိုက္ ၾကည့္႐ႈေနလိုက္တယ္။

ခ်ံဳးသာ့ဖန္းက အားရေက်နပ္ေနတဲ့မ်က္ႏွာနဲ႔
"မင္းငါ့ကို ႐ုပ္႐ွင္ၾကည့္ဖို႔ ေခၚတဲ့ေန႔ ေရာက္လာလိမ့္မယ္လို႔ ငါတစ္ခါမွမေတြးဖူးဘူး။ မင္းအခု စိတ္ထဲက ကလိကလိျဖစ္မေနဘူးလား?"
လွမ္းစတယ္။

"ဟမ့္" က်န္းေ႐ွာင္ခ်ီး ခ်ံဳးသာ့ဖန္းဆီကေန မ်က္ႏွာလႊဲလိုက္တယ္..... ျပံဳးၿဖီးၿဖီးမ်က္ႏွာႀကီးကို မျမင္ခ်င္ေတာ့တာမို႔!
"ဒါက ပထမဆံုးအႀကိမ္မွ မဟုတ္တာ...."
သူတိုးတိုးေလး ေရရြတ္မိတယ္။

ခ်ံဳးသာ့ဖန္း ေသခ်ာမၾကားလိုက္တာေၾကာင့္ က်န္းေ႐ွာင္ခ်ီး​အေရွ႕ကခံုမွာ ဝင္ထိုင္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစလိုက္တယ္။
"ဘာေျပာလိုက္တာလဲ?"

"ဘာမွမဟုတ္ဘူး!" က်န္းေ႐ွာင္ခ်ီး ေျပာမျပခ်င္ပါ။ သူတို႔မၾကည့္ျဖစ္ခဲ့ၾကတဲ့ ဇာတ္ကားအေၾကာင္းကို သာ့ဖန္းကိုေျပာျပမေနခ်င္ေတာ့။ အတိတ္မွာ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့.... အားလံုးကၿပီးၿပီးသားေတြပဲေလ။ အတိတ္ကို ျပန္သြားလို႔ရတာမ်ိဳးလည္း မဟုတ္ဘူးမလား!

ဒါေၾကာင့္ သူ မတူညီတဲ့တျခားအ​ေျကာင္းအရာတစ္ခုဆီ စကားလမ္းေၾကာင္း လႊဲလိုက္တယ္။
"မင္းတို႔ ရံုးမွာ microwave ႐ွိလား။ တနလၤာေန႔ကစလို႔ ေန႔လည္စာထမင္းဘူး ထည့္ေပးရမလား?"

"႐ွိတယ္....႐ွိတယ္" ခ်ံဳးသာ့ဖန္း ေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း စိတ္လႈပ္တ႐ွား ေျဖမိတယ္။ ဘဝမွာ သူ႔အတြက္ တစ္စံုတစ္ေယာက္က ေန႔လည္စာထမင္းဘူးျပင္ေပးမယ့္ေန႔ ေရာက္လာလိမ့္မယ္လို႔ သူမေတြးခဲ့ဖူးဘူး။

ဟဟ.... သူ႔မ်က္ႏွာပိုးကို ဘယ္လိုမွသတ္လို႔မရေတာ့.....

ဘယ္လိုလုပ္မလဲ......သူအရမ္းေပ်ာ္တယ္!!!!!
ျဖစ္နိုင္ရင္ က်န္းေ႐ွာင္ခ်ီးကို ေပြ႔ခ်ီရင္း ႐ုပ္႐ွင္ရံုအနွံ႔ေတာင္ ပတ္ေျပးပစ္လိုက္ခ်င္တာ။

က်န္းေ႐ွာင္ခ်ီး ေအာ္ဂလီဆန္စြာနဲ႔ ထို သြားတိုက္ေဆး ေရာင္းေနတဲ့ေကာင္ရဲ႕ေမးေစ့ကို အတင္းစိေပးလိုက္တယ္။
"ပါးစပ္ကိုပိတ္ၿပီး အ႐ူးလိုရီေနတာကို ရပ္ေတာ့!"

ေနာက္ဆံုးေတာ့ သူတို႔ၾကည့္မယ့္႐ုပ္႐ွင္အတြက္ ရံုဖြင့္ခ်ိန္ေရာက္လာေတာ့တယ္။ သူတို႔လည္း ရံုထဲဝင္ခဲ့လိုက္ရင္း လက္မွတ္ထဲက ခံုနံပါတ္အတိုင္း ႐ွာထိုင္လိုက္ၾကတယ္။ ပိတ္ရက္ျဖစ္တာေၾကာင့္ လာၾကည့္တဲ့လူေတြကေတာ့ ေတာ္ေတာ္ေလးမ်ားေလတယ္။

က်န္းေ႐ွာင္ခ်ီးေနရာယူၿပီးတာနဲ႔ သယ္လာတဲ့အိတ္အမဲၾကီးကိုဖြင့္လိုက္ၿပီး ေရခဲအိတ္ေလးကို ထုတ္ယူလိုက္တယ္။
ၿပီးေတာ့ ခ်ံဳးသာ့ဖန္းဘက္လွည့္ကာ ေမးလိုက္တယ္။
"မင္းတစ္ခုခုေသာက္ခ်င္လား... ဥသ်ွစ္သီးယိုနဲ႔ ​ေဖ်ာ္ထားတဲ့ သၾကားရည္ေသာက္မလား?"

"ေတာ္ၿပီ!"
ခ်ံဳးသာ့ဖန္း ေခါင္းရမ္းျပလိုက္တယ္။

"သြားရည္စာမုန္႔ေကာ? ႏွမ္းဆီနဲ႔ခ်က္ထားတဲ့ ဝက္နားရြက္စားမလား?"

"သြားရည္စာမုန္႔? မုန္႔?"
ခ်ံဳးသာ့ဖန္း ေနာက္တစ္ခါထပ္ၿပီး အံ့အားသင့္သြားရျပန္တယ္။ ႐ုပ္႐ွင္ရံုမွာ ဝက္နားရြက္ကို သြားရည္စာမုန္႔အေနနဲ႔ စားေနၾကၿပီလား!?

သူ က်န္းေ႐ွာင္ခ်ီးလက္ထဲက ဖြင့္ထားတဲ့ မုန္႔ဘူးေလးကို ေသခ်ာကုန္းၾကည့္လိုက္တယ္။
တကယ္ကို အသင့္စားလို႔ရေအာင္လွီးထားတဲ့ ဝက္နားရြက္ေတြပင္။ အေသြးအေမြးက က်န္းေ႐ွာင္ခ်ီးကိုယ္တိုင္ လုပ္ထားတာမွန္း သိသာေနတယ္။ ဆိုင္ေတြမွာေရာင္းသလို နီနီရဲရဲႀကီးေတြမဟုတ္ဘဲ ႏွမ္းဆီနံ႔သင္းသင္းက မစား၊စားခ်င္လာေအာင္ ဆြဲေဆာင္ေနတယ္။ ခ်ံဳးသာ့ဖန္းလည္း မထိန္းထားႏိုင္ေတာ့..... သြားရည္ပင္က်ခ်င္ေနၿပီ။

"တစ္ခုစားမယ္" ေနာက္ဆံုးေတာ့ ခ်ံဳးသာ့ဖန္း ဝက္နားရြက္ရဲ႕ဆြဲေဆာင္မႈေအာက္မွာ အ႐ွံုးေပးလိုက္ရၿပီး ပါးစပ္ကိုဟကာ ခြံ႔ေကြၽးခိုင္းလိုက္တယ္။

"မင္းလက္ေပး"
က်န္းေ႐ွာင္ခ်ီးဟာ အိတ္ထဲကေန တစ္ခါသံုးလက္အိတ္ကို ထုတ္ယူလိုက္ၿပီး သာ့ဖန္းလက္တစ္ဖက္မွာ စြပ္ေပးလိုက္တယ္။
"ကိုယ့္ဘာသာယူစားေခ်"

ရလာဒ္အေနနဲ႔ကေတာ့ ခ်ံဳးသာ့ဖန္းဟာ ဘာဇာတ္လမ္းျပသြားမွန္းေတာင္ မသိလိုက္ဘူး။ သူသိတာက က်န္းေ႐ွာင္ခ်ီးလုပ္လာတဲ့ ဝက္နားရြက္ေတြက အနံ႔ကလည္းေမႊးေမႊးေလးနဲ႔ အရမ္းစားလို႔ေကာင္းတာရယ္၊ လ်ွာလကာရည္ေလးနဲ႔မ်ား တို႔စားလိုက္ရင္ အအီေတြေျပၿပီး ေနာက္ထပ္တစ္ခုၿပီးတစ္ခု စားခ်င္ေနေတာ့တာရယ္ပဲ သိေတာ့တယ္။

ဇာတ္ကားၿပီးလို႔ ျပန္ထြက္လာေတာ့ က်န္းေ႐ွာင္ခ်ီးက သန္႔စင္ခန္းဝင္သြားတာမို႔ သာ့ဖန္းလည္း အျပင္မွာ ရပ္ေစာင့္ေနလိုက္တယ္။ ႐ုတ္တရက္ တစ္ေယာက္ေယာက္က သူ႔ကိုၾကည့္ေနသလို ခံစားလိုက္ရတယ္။ ေက်ာမလံုသလို ခံရခက္လွတာေၾကာင့္ သူလည္း ထိုသူအား ျပန္စိုက္ၾကည့္ေပးလိုက္တယ္။ ၾကည့္ေနရင္းမွ ထိုသူက သူ႔ကိုၾကည့္ေနတာမဟုတ္ဘဲ သူ႔လက္ထဲက အိတ္အမဲႀကီးကို ၾကည့္ေနတာမွန္း သိလိုက္ရတယ္။

ထိုသူရဲ႕မ်က္ႏွာကို သူနည္းနည္းရင္းႏွီးေနသလိုပဲ..... ေနပါဦး....အဲ႔လူက ရံုထဲမွာတုန္းက သူတို႔ ​ေ႐ွ႕ကခံုမွာ ထိုင္ခဲ့တဲ့တစ္ေယာက္မဟုတ္လား!?

[သူလည္း စားခ်င္လို႔ေနမွာေပါ့😂😂]

--------------------------------
TN/
သူမ်ား​အတြဲ​ေတြ ဘာဇာတ္ကားျပသြားမွန္း မသိတာက..... မသိလို႔​ေလ🌚
နင္တို႔ကေတာ့ ဝက္နားရြက္စား​ေနလို႔တဲ့လား?? Good👍
မီးဖိုေခ်ာင္တစ္ခုလံုးမ်ား မ,လာသလားထင္ရ😑

***********************

Unicode

ကျန်းရှောင်ချီးဟာ သူ့အဝတ်အစားတွေ နေရာချဖို့အတွက် သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းလေးထဲဝင်သွားလေတယ်။ ဒါကြောင့် သာ့ဖန်းလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ဧည့်ခန်းထဲကတဲစုတ်ကို အသံမထွက်စေဘဲ တစ်စစီဖြိုချပစ်လိုက်တယ်။

အမိုးတွေ ၊ အကာတွေ ၊ ခြင်ထောင်တွေ ၊ စင်တွေအကုန်ဖြိုချကာ အကုန်လုံး ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်တယ်။ မကြာခင်မှာပဲ ဧည့်ခန်းလေးဟာ နဂိုမူလပုံစံအတိုင်း ပြန်ဖြစ်သွားတော့တယ်။

တစ်ယောက်တစ်ခန်း ခွဲနေမယ်? ဟမ့်! စဉ်းတောင်မစဉ်းစားလိုက်နဲ့!

ကျန်းရှောင်ချီး အဝတ်တွေ ဗီရိုထဲသေချာစီထည့်ပြီးလို့ ပြန်ထွက်လာတော့ ချုံးသာ့ဖန်းတို့က ပစ္စည်းတွေအကုန်ဖြိုဖျက်ပြီးလို့ ဆိုဖာပေါ်မှာ အေးအေးလူလူနဲ့ ခြေထောက်နှစ်ချောင်းမြှောက်ပြီး နှပ်နေပြီ။

"မင်း.....မင်းဆိုတဲ့ကောင်က တစ်စစီတော့ဖြုတ်တတ်တယ်။ ဘယ်လိုပြန်သိမ်းရမလဲတော့ မသိဘူးပေါ့...ဟုတ်လား?"
ကျန်းရှောင်ချီးဟာ သူ့ကို 'ကြပ်ကြပ်သတိထားနေ'ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ကြမ်းပေါ်က ပလဲနေတဲ့ပစ္စည်းတွေကို တစ်ခုစီကောက်ကာ ဗီရိုထဲပြန်ထည့်သိမ်းနေတယ်။

ချုံးသာ့ဖန်းဟာ ဆိုဖာနောက်ကျောကိုမှီလျက် ကျန်းရှောင်ချီးလုပ်သမျှကို ထိုင်ကြည့်နေတယ်။ ခဏကြာတော့ သူကြမ်းပြင်ပေါ် ပစ်လှဲချလိုက်တယ်။ သေချာပေါက် ကူညီပေးဖို့တော့ မဟုတ်ဘူးပေါ့။ အဲ့အစား မျက်နှာပြောင်စွာပင် စလိုက်တယ်။
"ငါ အဲ့တဲစုတ်ကို ဖြိုပစ်လိုက်ဖို့ မျှော်လင့်နေတာမလား?"

"အဓိပ္ပါယ်မရှိတာ!" ကျန်းရှောင်ချီး မျက်ကလဲဆံပြာနဲ့ ငြင်းချက်ထုတ်နေပေမဲ့ ရဲတက်နေတဲ့နားရွက်ဖျားလေးတွေက သက်သေပင်။

ဝန်ခံဖို့ ငြင်းဆန်နေတဲ့ ကျန်းရှောင်ချီးရဲ့အမူအရာလေးကိုကြည့်ပြီး ချုံးသာ့ဖန်းအူရွှင်လာကာ ကျန်းရှောင်ချီးနောက်ကနေ တိုးကပ်သွားလိုက်တယ်။
"ရှောင်ချီး.... အရမ်းရှက်မနေပါနဲ့။ ငါမင်းကို ဒီမေးခွန်း တစ်ခါမှမမေးရသေးဘူးနော်..... ဒီge ge အပေါ် ဘယ်တုန်းထဲက ခံစားချက်တွေရှိနေတာလဲ....ဟင်?"

"အထက်တန်းတုန်းကလား? တက္ကသိုလ်ရောက်တော့လား? ဝိုး.... ဒါမှမဟုတ်
ဟိုးအလယ်တန်းတက်တုန်းကတည်းက ဒီge ge ကို မျက်စိကျနေခဲ့တာလား?"

သူဆက်ပြောလေလေ ပိုပိုပြီးစိတ်တွေတက်ကြွလာလေပဲ။
"ငါမှတ်မိသလောက်တော့ အလယ်တန်းတုန်းက ငါတို့ရဲ့ဆက်ဆံရေးက သာမန်ပါပဲ။ အထက်တန်းမှာတော့ ငါတို့ပိုပြီးပေါင်းဖြစ်သွားကြတယ်။ ဒါနဲ့ ငါတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး အရမ်းတွဲမိသွားတာလဲ? မင်းရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ခဲ့တာတော့ မဟုတ်ဘူးမလား?"

"ဟင်လို့...... ပြောစမ်းပါ။ ကျန်းရှောင်ချီး နည်းနည်းလောက်တော့ ပြန်ဖြေပါဦး!"

ကျန်းရှောင်ချီးတစ်ယောက် ဒေါသထွက်လွန်းလို့ အရမ်းတွေလောင်မြိုက်ကာ အသားတွေတောင် တဆတ်ဆတ်တုန်လာတယ်။ ချုံးသာ့ဖန်းရဲ့စနောက်စကားတွေကလည်း ပိုပိုပြီးပြင်းထန်လာတယ်။ နောက်ဆုံး သူ အခန်းထဲ ဝင်ပြေးကာ တံခါးကိုလည်း ဘန်းခနဲမြည်အောင် ပိတ်ချလိုက်တယ်။ ချုံးသာ့ဖန်းတစ်ယောက်သာ အပြင်မှာမတ်တပ်ကြီးကျန်နေခဲ့တော့တယ်။

"မင်းအပေါက်ကို ပိတ်လိုက်တော့"
ကျန်းရှောင်ချီး အထဲကနေ အော်ပြောလိုက်တယ်။
"မင်းလို စောက်ရမ်း စောက်မြင်ကပ်ဖို့ကောင်းတဲ့ကောင်မျိုးကို ဘယ်သူကကြိုက်မှာလဲ!!"

တံခါးပိတ်လိုက်တာဟာ ပြင်းထန်လွန်းလို့ ချုံးသာ့ဖန်းရဲ့နှာခေါင်းတောင် တံခါးနဲ့ဆောင့်မိတော့မလို ုဖြစ်သွားရတယ်။သူရှုံ့ရှုံ့မဲ့မဲ့ ပြုံးလိုက်ကာ တီးတိုးရေရွတ်လိုက်တယ်။
"ငါကစိတ်ဆိုးဖို့ကောင်းမှန်း မြန်မြန်ကြီးသိသွားတာပဲ ဟက်ဟက်"

ကျန်းရှောင်ချီးဟာ အခန်းထဲမှာ ပုန်းအောင်းနေရင်း သူ့ကိုလုံးဝလျစ်လျူ ရှုထားတယ်။ ဒါကြောင့်သူလည်း လက်ကိုခါးနောက်ပစ်လို့ ဧည့်ခန်းထဲ ဟိုလျှောက်ဒီလျှောက် လျှောက်နေလိုက်တယ်။ သူ ကျန်းရှောင်ချီးအိမ်ကို အခေါက်ပေါင်းမနည်း လာဖူးသော်လည်း ဒီတစ်ကြိမ်မှာတော့ ခံစားချက်က အရင်နဲ့မတူသလိုပင်။ တောအုပ်အပိုင်စားရထားတဲ့ ခြင်္သေ့တစ်ကောင်လို မော်ကြွားလျက် အိမ်အနှံ့ လျှောက်ကြည့်ကာ ဟိုထိ၊ဒီထိနဲ့ပါ လိုက်ကိုင်ကြည့်နေမိတယ်။

အဲ့တော့မှ အရင်က သူ တစ်ခါမှ ရှောင်ချီးရဲ့အိမ်ကို အခုလို စေ့စေ့စပ်စပ်မကြည့်ရှုခဲ့ဖူးမှန်း သတိထားမိသွားတော့တယ်။ ကျန်းရှောင်ချီးဟာ သူ့တိုက်ခန်းလေးကို အသေးစိတ်ပြင်ဆင်ထားမှန်း အခုမှ သူသိလိုက်ရတယ်။

ပျက်နေတဲ့ပန်းကန်ဆေးဘေစင်သုံးခုဟာ အိမ်ရှေ့ဝရန်တာမှာ နေရာတကျ။ အထဲမှာတော့ မြေကြီးအနည်းငယ်ထည့်ထားတယ်။ ရှောင်ချီး အဲ့မြေတွေ ဘယ်နေရာက သွားတူးလာလဲဆိုတာတော့ သူလည်းမစဉ်းစားတတ်ပေ။ ထိုထဲတွင် ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်ပင်လေးတွေ ထည့်စိုက်ထားတယ်။ ထုပ်တန်းပေါ်ကနေ ပိုက်ကွန်အိတ်နဲ့ တွဲလောင်းဆွဲထားတဲ့ ဂျင်းနဲ့ငရုတ်ကောင်းတွေလည်း ရှိသေးတယ်။ တိုက်ခန်းဟာ လူငယ်တစ်ယောက်ရဲ့အခန်းနဲ့ မတူဘဲ အသက်ကြီးကြီး အန်တီကြီးတွေနေတဲ့အိမ်နဲ့တောင် ပိုတူသေးတယ်။

ကျန်းရှောင်ချီးဟာ သူ့မိဘတွေကိုကျော်ပြီး အဘွားဖြစ်သူနဲ့ပင် သွားတူနေသေးတယ်လို့ သူ စိတ်ထဲကတွေးမိသွားတယ်။

သူငရုတ်ကောင်းစေ့အတွဲကြီးကို ဆွဲယူလိုက်ရင်း အနံ့ခံကြည့်မိတယ်.....အင်း....တော်တော်မွှေးတာပဲ။ ကျန်းရှောင်ချီးဟာ လူကသာအေးမလို,လိုနဲ့ ပူပူစပ်စပ်ကတော့ တကယ်ကြိုက်တာပင်။

ခဏလောက် အခန်းငယ်လေးထဲ လျှောက်ကြည့်ပြီးသွားတော့ အိပ်ခန်းတံခါးကို သူ နောက်တစ်ကြိမ်သွားခေါက်လိုက်ပြန်တယ်။
"ရှောင်ချီးရေ...... ထွက်ခဲ့ပါတော့။ အပြင်လျှောက်သွားရအောင်လေ......."

ခဏကြာတော့ တံခါးဟာ ရွှက်ခနဲပွင့်လာပြီး ကျန်းရှောင်ချီးခေါင်းလေး ပြူထွက်လာတယ်။ ရုပ်ကတော့တင်းနေဆဲပင်.......
"ဘယ်ကိုလဲ?"

ချုံးသာ့ဖန်းလည်း မျက်လုံးလေးကလယ်ကလယ်နဲ့ ဖြေလိုက်တယ်။
"မင်းအဘွားအိမ်ကိုသွားမယ်လေ..... ကွင်းပြင်ထဲပြတဲ့ကား သွားကြည့်ရအောင်!"

ဟွန့်..... လွန်ခဲ့တဲ့ လဝက်လောက်က ကျန်းရှောင်ချီး ဟန်ပိုင်ဆိုတဲ့ကောင်ကို အဲ့ခေါ်သွားတာ သူအခုထိမှတ်မိသေးတယ်။ သူလည်းသွားချင်တာပေါ့!

ကျန်းရှောင်ချီးလည်း သေချာပေါက်ပင် ထိုကိစ္စအား အမှတ်ရနေဆဲပဲ.... ပြီးခဲ့တဲ့လဝက်လောက်က ချုံးသာ့ဖန်းအိမ်မှာ သူငိုယိုပြီး ဖီးခဲ့ရတဲ့ကိစ္စကြီးကိုလေ! ဒါက ဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ?????
သူ အဲ့အလိုက်ကန်းဆိုးမသိတဲ့ကောင်နဲ့ စကားဆက်မပြောချင်တော့တာကြောင့် တံခါးကို ဘန်းခနဲမြည်အောင် ပြန်ပိတ်လိုက်တယ်။
"သွားချင်မနေနဲ့!"

"သွားရအောင်လေး....... သွားမယ်လို့....သွားချင်တယ်လို့...... ရှောင်ချီးချီးချီးချီးချီး....."
ချုံးသာ့ဖန်း တံခါးကို တဘန်းဘန်းပုတ်ရင်း ဂျီတိုက်နေမိတယ်။

တော်တော်ကြာသွားပြီးနောက် ကျန်းရှောင်ချီးဟာ တံခါးပြန်ဖွင့်လာပြီး ခပ်ပြတ်ပြတ်အသံနဲ့....
"ဒီတိုင်း ရုပ်ရှင်ရုံသွားလိုက်ရင် ပြီးနေတာကို။ ဘာလို့ ဝေးဝေးလံလံ ဟိုးရွာအထိသွားကြည့်နေမှာလဲ!?"
ပြောပြီး လက်ကလည်း ဖုန်းကိုမြှောက်ကာ လက်မှတ်ဖြတ်ထားတဲ့ ဖြတ်ပိုင်းလေးကိုပါ ပြလာတယ်။

ချုံုးသာ့ဖန်းကြည့်လိုက်တော့ အဲ့ဒါက 3D ရုပ်ရှင်လက်မှတ်ပင်။ သူဝမ်းသာအားရ ရယ်မိတာ ပါးစပ်တောင်ပြန်စေ့လို့မရတော့...... ကျန်းရှောင်ချီးက သူ့အပေါ် ဟန်ပိုင်ဆိုတဲ့ကောင်ထက် ပိုပြီးရက်ရောတယ်လေ...
ဟားဟားဟား.....

လုံလောက်သွားပါပြီ။ ကျန်းရှောင်ချီးဟာ သူ့ကိုအချိန်အကြာကြီး ချစ်လာခဲ့တာနဲ့တင်။

သူ ရှူ းဖိနပ်ကို သေချာစီးကာ ကျန်းရှောင်ချီးရဲ့ ကုတ်အင်္ကျီကိုလည်း တန်းပေါ်ကယူပြီး မျက်နှာလိုမျက်နှာရ ခါပေးလိုက်သေးတယ်။ ဒါပေမဲ့ ကျန်းရှောင်ချီးဟာ မီးဖိုထဲဝင်သွားပြီး တော်တော်နဲ့ ပြန်ထွက်မလာတော့!

"ရှောင်ချီးအာ..... ဘာတွေလုပ်နေတာလဲ?"
ချုံးသာ့ဖန်း မီးဖိုခန်းထဲ ခေါင်းလေးစောင်းကာ ချောင်းကြည့်လိုက်ပေမဲ့ ဘာမှမမြင်လိုက်ရ။

"လာ.....လာ....သွားမယ်" ကျန်းရှောင်ချီးဟာ အိတ်အမည်းတစ်လုံး လက်ကဆွဲလျက်ပြန်ထွက်လာပြီး ချုံးသာ့ဖန်းလက်ထဲက ကုတ်အင်္ကျီကို လွှဲပြောင်းယူလိုက်တယ်။ ပြီးနောက် သာ့ဖန်းရဲ့လက်ကိုတွဲကာ အိမ်မှထွက်ခဲ့တော့တယ်။

ရုပ်ရှင်ရုံဟာ ရှောင်ချီးတို့ အိမ်နားမှာတင်။ လမ်းအနည်းငယ်လျှောက်လိုက်ရုံနဲ့ ရောက်နိုင်တဲ့အကွာအဝေးပင်။ သူတို့နှစ်ဦး ရောက်သွားတော့ သူတို့ကြည့်မယ့်ဇာတ်ကားက မစသေးပေ။ နှစ်ဦးသား စောင့်ဖို့လုပ်ပေးထားတဲ့ ခုံလေးတွေပေါ်မှာ ထိုင်ရင်း ပတ်ဝန်းကျင်တဝိုက် ကြည့်ရှုနေလိုက်တယ်။

ချုံးသာ့ဖန်းက အားရကျေနပ်နေတဲ့မျက်နှာနဲ့
"မင်းငါ့ကို ရုပ်ရှင်ကြည့်ဖို့ ခေါ်တဲ့နေ့ ရောက်လာလိမ့်မယ်လို့ ငါတစ်ခါမှမတွေးဖူးဘူး။ မင်းအခု စိတ်ထဲက ကလိကလိဖြစ်မနေဘူးလား?"
လှမ်းစတယ်။

"ဟမ့်" ကျန်းရှောင်ချီး ချုံးသာ့ဖန်းဆီကနေ မျက်နှာလွှဲလိုက်တယ်..... ပြုံးဖြီးဖြီးမျက်နှာကြီးကို မမြင်ချင်တော့တာမို့!
"ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ...."
သူတိုးတိုးလေး ရေရွတ်မိတယ်။

ချုံးသာ့ဖန်း သေချာမကြားလိုက်တာကြောင့် ကျန်းရှောင်ချီးအရှေ့ကခုံမှာ ဝင်ထိုင်လိုက်ပြီး မျက်နှာချင်းဆိုင်စေလိုက်တယ်။
"ဘာပြောလိုက်တာလဲ?"

"ဘာမှမဟုတ်ဘူး!" ကျန်းရှောင်ချီး ပြောမပြချင်ပါ။ သူတို့မကြည့်ဖြစ်ခဲ့ကြတဲ့ ဇာတ်ကားအကြောင်းကို သာ့ဖန်းကိုပြောပြမနေချင်တော့။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့.... အားလုံးကပြီးပြီးသားတွေပဲလေ။ အတိတ်ကို ပြန်သွားလို့ရတာမျိုးလည်း မဟုတ်ဘူးမလား!

ဒါကြောင့် သူ မတူညီတဲ့တခြားအကြောင်းအရာတစ်ခုဆီ စကားလမ်းကြောင်း လွှဲလိုက်တယ်။
"မင်းတို့ ရုံးမှာ microwave ရှိလား။ တနင်္လာနေ့ကစလို့ နေ့လည်စာထမင်းဘူး ထည့်ပေးရမလား?"

"ရှိတယ်....ရှိတယ်" ချုံးသာ့ဖန်း ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း စိတ်လှုပ်တရှား ဖြေမိတယ်။ ဘဝမှာ သူ့အတွက် တစ်စုံတစ်ယောက်က နေ့လည်စာထမင်းဘူးပြင်ပေးမယ့်နေ့ ရောက်လာလိမ့်မယ်လို့ သူမတွေးခဲ့ဖူးဘူး။

ဟဟ.... သူ့မျက်နှာပိုးကို ဘယ်လိုမှသတ်လို့မရတော့.....

ဘယ်လိုလုပ်မလဲ......သူအရမ်းပျော်တယ်!!!!!
ဖြစ်နိုင်ရင် ကျန်းရှောင်ချီးကို ပွေ့ချီရင်း ရုပ်ရှင်ရုံအနှံ့တောင် ပတ်ပြေးပစ်လိုက်ချင်တာ။

ကျန်းရှောင်ချီး အော်ဂလီဆန်စွာနဲ့ ထို သွားတိုက်ဆေး ရောင်းနေတဲ့ကောင်ရဲ့မေးစေ့ကို အတင်းစိပေးလိုက်တယ်။
"ပါးစပ်ကိုပိတ်ပြီး အရူးလိုရီနေတာကို ရပ်တော့!"

နောက်ဆုံးတော့ သူတို့ကြည့်မယ့်ရုပ်ရှင်အတွက် ရုံဖွင့်ချိန်ရောက်လာတော့တယ်။ သူတို့လည်း ရုံထဲဝင်ခဲ့လိုက်ရင်း လက်မှတ်ထဲက ခုံနံပါတ်အတိုင်း ရှာထိုင်လိုက်ကြတယ်။ ပိတ်ရက်ဖြစ်တာကြောင့် လာကြည့်တဲ့လူတွေကတော့ တော်တော်လေးများလေတယ်။

ကျန်းရှောင်ချီးနေရာယူပြီးတာနဲ့ သယ်လာတဲ့အိတ်အမဲကြီးကိုဖွင့်လိုက်ပြီး ရေခဲအိတ်လေးကို ထုတ်ယူလိုက်တယ်။
ပြီးတော့ ချုံးသာ့ဖန်းဘက်လှည့်ကာ မေးလိုက်တယ်။
"မင်းတစ်ခုခုသောက်ချင်လား... ဥသျှစ်သီးယိုနဲ့ ဖျော်ထားတဲ့ သကြားရည်သောက်မလား?"

"တော်ပြီ!"
ချုံးသာ့ဖန်း ခေါင်းရမ်းပြလိုက်တယ်။

"သွားရည်စာမုန့်ကော? နှမ်းဆီနဲ့ချက်ထားတဲ့ ဝက်နားရွက်စားမလား?"

"သွားရည်စာမုန့်? မုန့်?"
ချုံးသာ့ဖန်း နောက်တစ်ခါထပ်ပြီး အံ့အားသင့်သွားရပြန်တယ်။ ရုပ်ရှင်ရုံမှာ ဝက်နားရွက်ကို သွားရည်စာမုန့်အနေနဲ့ စားနေကြပြီလား!?

သူ ကျန်းရှောင်ချီးလက်ထဲက ဖွင့်ထားတဲ့ မုန့်ဘူးလေးကို သေချာကုန်းကြည့်လိုက်တယ်။
တကယ်ကို အသင့်စားလို့ရအောင်လှီးထားတဲ့ ဝက်နားရွက်တွေပင်။ အသွေးအမွေးက ကျန်းရှောင်ချီးကိုယ်တိုင် လုပ်ထားတာမှန်း သိသာနေတယ်။ ဆိုင်တွေမှာရောင်းသလို နီနီရဲရဲကြီးတွေမဟုတ်ဘဲ နှမ်းဆီနံ့သင်းသင်းက မစား၊စားချင်လာအောင် ဆွဲဆောင်နေတယ်။ ချုံးသာ့ဖန်းလည်း မထိန်းထားနိုင်တော့..... သွားရည်ပင်ကျချင်နေပြီ။

"တစ်ခုစားမယ်" နောက်ဆုံးတော့ ချုံးသာ့ဖန်း ဝက်နားရွက်ရဲ့ဆွဲဆောင်မှုအောက်မှာ အရှုံးပေးလိုက်ရပြီး ပါးစပ်ကိုဟကာ ခွံ့ကျွေးခိုင်းလိုက်တယ်။

"မင်းလက်ပေး"
ကျန်းရှောင်ချီးဟာ အိတ်ထဲကနေ တစ်ခါသုံးလက်အိတ်ကို ထုတ်ယူလိုက်ပြီး သာ့ဖန်းလက်တစ်ဖက်မှာ စွပ်ပေးလိုက်တယ်။
"ကိုယ့်ဘာသာယူစားချေ"

ရလာဒ်အနေနဲ့ကတော့ ချုံးသာ့ဖန်းဟာ ဘာဇာတ်လမ်းပြသွားမှန်းတောင် မသိလိုက်ဘူး။ သူသိတာက ကျန်းရှောင်ချီးလုပ်လာတဲ့ ဝက်နားရွက်တွေက အနံ့ကလည်းမွှေးမွှေးလေးနဲ့ အရမ်းစားလို့ကောင်းတာရယ်၊ လျှာလကာရည်လေးနဲ့များ တို့စားလိုက်ရင် အအီတွေပြေပြီး နောက်ထပ်တစ်ခုပြီးတစ်ခု စားချင်နေတော့တာရယ်ပဲ သိတော့တယ်။

ဇာတ်ကားပြီးလို့ ပြန်ထွက်လာတော့ ကျန်းရှောင်ချီးက သန့်စင်ခန်းဝင်သွားတာမို့ သာ့ဖန်းလည်း အပြင်မှာ ရပ်စောင့်နေလိုက်တယ်။ ရုတ်တရက် တစ်ယောက်ယောက်က သူ့ကိုကြည့်နေသလို ခံစားလိုက်ရတယ်။ ကျောမလုံသလို ခံရခက်လှတာကြောင့် သူလည်း ထိုသူအား ပြန်စိုက်ကြည့်ပေးလိုက်တယ်။ ကြည့်နေရင်းမှ ထိုသူက သူ့ကိုကြည့်နေတာမဟုတ်ဘဲ သူ့လက်ထဲက အိတ်အမဲကြီးကို ကြည့်နေတာမှန်း သိလိုက်ရတယ်။

ထိုသူရဲ့မျက်နှာကို သူနည်းနည်းရင်းနှီးနေသလိုပဲ..... နေပါဦး....အဲ့လူက ရုံထဲမှာတုန်းက သူတို့ ရှေ့ကခုံမှာ ထိုင်ခဲ့တဲ့တစ်ယောက်မဟုတ်လား!?

[သူလည်း စားချင်လို့နေမှာပေါ့😂😂]

--------------------------------
TN/
သူများအတွဲတွေ ဘာဇာတ်ကားပြသွားမှန်း မသိတာက..... မသိလို့လေ🌚
နင်တို့ကတော့ ဝက်နားရွက်စားနေလို့တဲ့လား?? Good👍
မီးဖိုချောင်တစ်ခုလုံးများ မ,လာသလားထင်ရ😑

Continue Reading

You'll Also Like

311K 323 13
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်
50.5K 7K 90
မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေးတွေပါ ဖတ်ပေးကြပါဦးနော် ... အားလုံးပဲ က...
900K 9.6K 24
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...