ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.3K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၅၆

9.4K 1.8K 42
By Kay_Wine

{Zawgyi}

•လမ္းမခြဲဘူး စဥ္းစားပါရေစ•

ေၾကာက္႐ြံ႕ျခင္း၊ ခ်ဳပ္တည္းေနရျခင္း၊ တုန႔္ဆိုင္းျခင္းေတြနဲ႔…

လက္ခံတဲ့ခလုတ္ကိုမႏွိပ္ဘဲ ဖုန္းစခရင္ျပန္မည္းသြားတဲ့အထိ ဖုန္းကိုေတာက္ေလွ်ာက္ျမည္ေစခဲ့တယ္။

ထိုအခိုက္အတန႔္မွာ သူ႔စိတ္ထဲမွာ တင္းက်ပ္ေနတဲ့ႀကိဳးေတြ ျပတ္ေတာင္းသြားၿပီး က်ီေလ်ာင့္မ်က္လုံးသူငယ္အိမ္ေတြ ဆတ္ခနဲျဖစ္သြားတယ္။ သူလုပ္မိလိုက္တာကို သတိျပဳမိၿပီး ဖုန္းျပန္ေခၚေတာ့မယ့္အခ်ိန္မွာ တစ္ဖက္ေကာင္ေလးက ထပ္ေခၚလာျပန္တယ္။

က်ီေလ်ာင္ဖုန္းကိုင္လိုက္ေတာ့ တစ္ဖက္ကသက္ျပင္းခ်သံနဲ႔ ေျပာလာတာကိုၾကားလိုက္ရတယ္။ “ေဘဘီ ခုနကဖုန္းေခၚတာကို ဘာလို႔မကိုင္တာလဲ? ကိုယ္လန႔္လို႔ ေသေတာ့မယ္”

သူ႔ရဲ႕ခံစားခ်က္ေတြကို ႀကိဳးစားထိန္းခ်ဳပ္ၿပီး အရင္အတိုင္းႏူးညံ့စြာေျပာလိုက္တယ္ “ငါေမ့သြားလို႔”

“ဟမ္?” ေလဆိပ္မွာ ဟဲ့ခ်န္းမင္ရဲ႕ခန႔္ညားလွတဲ့မ်က္ႏွာက မယုံသကၤာျဖစ္သြားတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားတယ္။ ခနေနေတာ့ ျပန္သြားဖို႔အေၾကာင္းပဲ ျပန္ေတြးမိၿပီး တျခားေလွ်ာက္မေတြးေနေတာ့ဘူး။ သူၿပဳံးကာ ၿခိမ္းေျခာက္လိုက္တယ္။ “မင္းရဲ႕ေကာင္ေလးကို ဖုန္းျပန္ေျဖဖို႔ကိုေတာင္ ေမ့ရဲတယ္ေပါ့… ကိုယ္ျပန္ေရာက္ေတာ့မွ ဘယ္လိုလုပ္မယ္ဆိုတာ ေစာင့္ၾကည့္ေန!”

က်ီေလ်ာင္အသံတိတ္ေနတုန္း ခရီးေဆာင္အိတ္ကို ေျမႀကီးနဲ႔ပြတ္ဆြဲေနသလိုအသံ ဝိုးတိုးဝါးတားၾကားလိုက္ရတာေၾကာင့္ ေမးလိုက္တယ္ “မင္းျပန္လာေနၿပီလား?”

သူမွတ္မိထားသလိုဆိုရင္ ၿပိဳင္ပြဲက သုံးရက္လုပ္တာေလ။ မနက္ျဖန္မွျပန္လာရမွာကို…

“ဟုတ္တယ္ ခုေလးတင္ေလဆိပ္ကထြက္လာတာ၊ မင္းဘယ္မွာလဲ? ကိုယ္ကားငွားၿပီး လာခဲ့လိုက္မယ္”

တကယ္ေတာ့ ၿပိဳင္ပြဲက မြန္းလြဲေလာက္တုန္းတည္းက ၿပီးသြားတာ။ စီစဥ္ေပးတဲ့သူေတြက Forbidden Cityကို သြားဖို႔အတြက္ တစ္ရက္စီစဥ္ထားတာေၾကာင့္ ရက္ကသုံးရက္ျဖစ္သြားတာ။ ဟဲ့ခ်န္းမင္က မလိုဘူးလို႔ထင္တာေၾကာင့္ သူ႔ဘာသာေလယာဥ္လက္မွတ္ဝယ္ၿပီး ျပန္ခဲ့တာ။ ဘာေၾကာင့္မွန္းေတာ့မသိဘူး ဒါေပမယ့္ဒီေန႔ၿပိဳင္ပြဲလုပ္ေနတုန္းမွာ ထိတ္ပ်ာသလိုခံစားရၿပီး အထူးသျဖင့္မေကာင္းတာတစ္ခုခုျဖစ္ေတာ့မယ္လို႔ ခံစားေနရတယ္။ အေစာတုန္းက ပထမဆုံးဖုန္းေကာမွာ က်ီေလ်ာင္မကိုင္တုန္းက သူလန႔္ၿပီး ေသေတာ့မလို႔။ ကံေကာင္းခ်င္ေတာ့ ဒုတိယတစ္ေခါက္မွာ ကိုင္လိုက္ေတာ့မွ အဲ့ေကာင္ေလးလုံၿခဳံတယ္ဆိုတာ အတည္ျပဳႏိုင္သြားတယ္။

“ဘယ္လိုလဲ? တစ္ခုခုေျပာအုံးေလ ေဘဘီ၊ ဘယ္ေရာက္ေနတာလဲ?” အခ်ိန္အၾကာႀကီး တိတ္ေနတာေၾကာင့္ သူေဆာ္ၾသလိုက္တယ္။

အဲ့ေတာ့မွ က်ီေလ်ာင္ျပန္ေျဖၿပီး လိပ္စာေပးကာ သူရပ္ေနတဲ့ေနရာမွာပဲ ေဆာင့္ေၾကာင့္ေလးထိုင္ၿပီး သူ႔ကိုေစာင့္ေနလိုက္တယ္။

မိနစ္ေလးဆယ္နီးနီးေလာက္ၾကာေတာ့ ဟဲ့ခ်န္းမင္ကားေပၚကဆင္းလာၿပီး သူ႔ရဲ႕အခ်စ္ေလးက လမ္းေဘးမွာ သနားစရာေဆာင့္ေၾကာင့္ေလးထိုင္ေနတာကို ေတြ႕သြားတယ္။ သူ႔ေခါင္းကို လက္ၾကားထဲႏွစ္ထားကာ ငိုေနသလိုပုံမ်ိဳးေလးျဖစ္ေနတယ္။

ခ်က္ခ်င္းပဲ သူ႔ႏွလုံးသားတင္းၾကပ္သြားၿပီး အျမန္ေလွ်ာက္သြားလိုက္တယ္။ သူလည္းေဆာင့္ေၾကာင့္ထိုင္ကာ က်ီေလ်ာင့္ကိုေပြ႕ဖက္ၿပီး ႏူးညံ့စြာေမးလိုက္တယ္ “ဘာျဖစ္လို႔လဲ?”

သူေမးလိုက္ေတာ့ ျဖဴေလ်ာ္ေလ်ာ္မ်က္ႏွာေလးနဲ႔ က်ီေလ်ာင္ေခါင္းေမာ့လာတယ္။ ဒါေပမယ့္ အားတင္းၿပီးၿပဳံးကာ ေလသံေလးနဲ႔ျပန္ေျပာတယ္ “မင္းကိုေစာင့္ေနတာေလ”

ေကာင္ေလးက ငိုေနတာမဟုတ္လို႔ သူစိတ္ေအးသြားတယ္။ ဟဲ့ခ်န္းမင္သူ႔ကိုထူေပးၿပီး ညင္ညင္သာသာေလးအျပစ္တင္လိုက္တယ္ “အ႐ူးေလးရယ္ ဘာလို႔တစ္ေနရာရာမွာ ထိုင္မေနတာလဲ? ေျခေထာက္ေတြ က်င္ေနၿပီလား?”

သူကိုယ္ကိုကိုင္းခ်ၿပီး က်ီေလ်ာင့္ေျခသလုံးကို ပြတ္ေပးလိုက္တယ္။

က်ီေလ်ာင္သူ႔ကိုတားလိုက္ၿပီး သူ႔ေရွ႕မွာရွိေနတဲ့ ရင္ခြင္က်ယ္ႀကီးထဲ တိုးဝင္ၿပီး လက္ႏွစ္ဖက္လုံးကလည္း ဟဲ့ခ်န္းမင္ရဲ႕ခါးကို ဖက္ထားတယ္။ သူ႔ရဲ႕ေျခေထာက္ေတြေပၚကို ပု႐ြက္ဆိတ္သန္းေပါင္းမ်ားစြာ တြယ္တက္ေနသလိုခံစားေနရၿပီး လႈပ္လို႔ေတာင္မရဘူး။

“လုပ္ပါအုံး ကိုယ့္ကိုသတိမရဘူးလို႔ ေျပာခ်င္ေသးလား? ကိုယ္ျပန္ေရာက္ေရာက္ခ်င္း ကိုယ့္ရင္ခြင္ထဲ ပစ္ဝင္ေတာ့တာပဲေနာ္၊ ေနာက္တစ္ခါ ကိုယ္မရွိရင္ မင္းဘယ္လိုလုပ္မလဲဆိုတာ ၾကည့္ရမယ္” ဟဲ့ခ်န္းမင္ကေတာ့ ပါးစပ္ထဲရွိတဲ့အတိုင္း ဝမ္းသာအားရေျပာလိုက္ကာ သူဘာေျပာလို႔ေျပာမွန္းေတာင္ သတိမျပဳမိဘူး။

ဒါေပမယ့္ က်ီေလ်ာင္ကေတာ့ ဆတ္ဆတ္ထိမခံျဖစ္ေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္ တစ္ကိုယ္လုံးတုန္ရီလာၿပီး တစ္ဖက္ေကာင္ေလးရဲ႕အက်ီကို တင္းတင္းဆုတ္ကိုင္လိုက္တယ္။

“ဘာျဖစ္လို႔လဲ?” က်ီေလ်ာင့္ရဲ႕ လႈပ္ရွားမႈေသးေသးေလးေတြကို သတိထားမိတာေၾကာင့္ ေကာင္ေလးကိုၾကည့္လို႔ရေအာင္ ေခါင္းကိုအေနာက္နည္းနည္းယို႔ၿပီး ႏွစ္ေယာက္သားကြာသြားေအာင္လုပ္လိုက္တယ္။ တစ္ခုခုမွားေနမွန္း သိသြားတယ္။ က်ီေလ်ာင့္မ်က္လုံးေတြက နီရဲေနကာ မ်က္ရည္ေတြျပည့္ေနတယ္ _ သူက စိတ္ထဲကေနကူညီေပးပါအုံးလို႔ ေျပာေနတဲ့ယုန္ေလးတစ္ေကာင္လိုျဖစ္ေနတယ္။

သူ႔ႏွလုံးသားထဲမွာ နာက်င္မႈက ေပါက္ကြဲထြက္လာၿပီး ေကာင္ေလးကိုတြန္းကာ ဘာျဖစ္လို႔ဒီလိုခံစားေနရတာလဲဆိုတာ ေမးဖို႔လုပ္လိုက္တယ္။ ဒါေပမယ့္ က်ီေလ်ာင္က သူ႔ကိုလႊတ္မေပးဘူး။ ဟဲ့ခ်န္းမင္ေတာင့္တင္းသြားၿပီး လႈပ္ရွားေနတာေတြကိုရပ္ကာ ေကာင္ေလးကို ဆက္ၿပီးဖက္ခိုင္းထားလိုက္တယ္။

“တစ္ခုခုျဖစ္လို႔လား? ဒါမွမဟုတ္ မင္းကိုတစ္ေယာက္ေယာက္ အႏိုင္က်င့္လိုက္တာလား? က်ီေလ်ာင္ ကိုယ့္ကိုေျပာျပေလ ကိုယ္ေျဖရွင္းေပးမယ္ ဟုတ္ၿပီလား?”

ဒီလိုႀကီးထပ္မျဖစ္လိုက္ပါနဲ႔။ ေကာင္ေလးဒီလိုပုံျဖစ္တာကို ျမင္ရရင္ သူ႔ရင္ေတြ အစိတ္စိတ္အမႊာမႊာကြဲကုန္သလိုပဲ!

က်ီေလ်ာင္ေၾကာက္ေနေပမယ့္ တစ္ခ်ိန္တည္းမွာ ဟဲ့ခ်န္းမင္ရဲ႕ေႏြးေထြးတဲ့ရင္ခြင္ကို ေလာဘတက္မိတယ္။ အခ်ိန္အေတာ္ၾကာမွ ပါးစပ္ဟၿပီး တုန္ရီေနတဲ့အသံနဲ႔ေျပာလိုက္တယ္ “မင္းရဲ႕အေမကေျပာတယ္ ငါ့အေဖေသရတာ မင္းနဲ႔သက္ဆိုင္တယ္တဲ့”

တိတ္ဆိတ္သြားတယ္။

တကယ္ကိုအခ်ိန္အၾကာႀကီး တိတ္ဆိတ္သြားတယ္။

ဟဲ့ခ်န္းမင္ လႈပ္လိုက္တဲ့အခ်ိန္မွာ က်ီေလ်ာင္ေၾကာက္လန႔္သြားၿပီး ေနာက္တစ္ႀကိမ္ထပ္ဖက္လိုက္တယ္။

ထိုအမ်ိဳးသားငယ္ေလးရဲ႕ ရင္ဘတ္ကိုမွီၿပီး အားေကာင္းလွတဲ့ရင္ခုန္သံကို နားေထာင္ေနလိုက္တယ္။ ဒုတ္ ဒုတ္…

ေဝ့၀ဲေနတဲ့မ်က္ရည္ေတြေၾကာင့္ အျမင္ေတြေ၀ဝါးေနေပမယ့္ မ်က္ေတာင္မခတ္ရဲဘူး။ မ်က္ရည္ထိန္းႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားေနေပမယ့္ တစ္စက္ခ်င္းစီက်ဆင္းလာကာ ဟဲ့ခ်န္းမင္ရဲ႕အက်ီေတြကို ႐ႊဲ႐ႊဲစိုကုန္တယ္။

သူ႔ရဲ႕ခ်စ္လွစြာေသာအေဖ က်ီခ်င္းဝမ္က ဘာေၾကာင့္ပါလာရတာလဲ?

“ငါမင္းကို အမ်ားႀကီးသေဘာက်တယ္ဆိုတာ မင္းသိတယ္မွတ္လား?”

သေဘာက်လြန္းလို႔ သူ႔အေဖေသဆုံးရတာနဲ႔ သက္ဆိုင္တယ္လို႔ သိၿပီးတာေတာင္မွ မင္းကိုလက္မလႊတ္ႏိုင္၊ ေတြ႕ဖို႔ မျငင္းဆန္ႏိုင္ျဖစ္ေနရတာ။

မင္းကိုခြင့္လႊတ္ေပးၿပီး အေဖကိုသစၥာေဖာက္ရေလာက္တဲ့အထိေတာင္...

“က်ီေလ်ာင္ ကိုယ္မင္းကို လြန္ခဲ့တဲ့သုံးႏွစ္တည္းက ခ်စ္လာတယ္ဆိုတာကို ကိုယ္ေျပာျပထားၿပီးသားေနာ္” သူ႔အသံက ေဆြးေျမ့ၿပီး အက္ကြဲေနတယ္။

ဟဲ့ခ်န္းမင္ ခါးကိုင္းကာ သူ႔ရဲ႕မ်က္ရည္ေတြကို အနမ္းေပးလိုက္တယ္။ ဘယ္သူ႔ရဲ႕အမွားလဲဆိုတာ မရွင္းလင္းေပမယ့္ သူနဲ႔စေျပာရမွာပဲ။

“ကိုယ္မင္းကို ပထမဆုံးစေတြ႕လိုက္တည္းက ခႏၶာကိုယ္ကတုန႔္ျပန္ခဲ့တာ၊ အဲ့အခ်ိန္တုန္းက ကိုယ္ဆယ့္ေလးႏွစ္ပဲရွိေသးတယ္ _ အဲ့ခံစားခ်က္ေတြက မွန္လား မွားလားဆိုတာ ကိုယ္နားမလည္ေသးေတာ့ ဘယ္သူ႔ကိုမွဖြင့္မေျပာဘဲ ကိုယ့္ရဲ႕ဒိုင္ယာရီစာအုပ္ထဲမွာပဲ ခ်ေရးခဲ့တယ္၊ ကိုယ့္အေမက ဒိုင္ယာရီကိုရွာေတြ႕သြားၿပီး ကိုယ့္ရဲ႕လ်ိဳ႕ဝွက္ခ်က္ကိုသိေတာ့ မင္းအေဖကို မေက်မခ်မ္းျဖစ္ခဲ့တယ္… သူမက သူ႔ကိုမိုးသည္းတဲ့ညမွာ အလုပ္လုပ္ဖို႔တိုက္တြန္းခဲ့လို႔ အဲ့မေတာ္တဆျဖစ္သြားခဲ့တာ”

သူ႔ရဲ႕မိုက္မဲတဲ့အခ်စ္က ပထမအမွားျဖစ္ၿပီး အဲ့တာရဲ႕႐ိုက္ခတ္မႈေၾကာင့္ က်ီခ်င္းဝမ္သနားစရာေကာင္းေအာင္ ေသဆုံးခဲ့ရတာျဖစ္တယ္။

က်ီခ်င္းဝမ္ရဲ႕မေတာ္တဆမႈကို သိလိုက္ရခ်ိန္မွာ သူ႔ရဲ႕ဒိုင္ယာရီကိုဆုတ္ၿဖဲခဲ့တယ္။ ထိုဒိုင္ယာရီကို မုန္းသလို ခ်ေရးမိတဲ့သူ႔ကိုယ္သူလည္း မုန္းတယ္။ ထိုေကာင္ေလးဘယ္လိုေတြ ခံစားေနရမလဲဆိုတာ သူႀကိဳၿပီးေတာင္ သိေနသလိုပဲ။ သူ႔ရဲ႕အခ်စ္ေၾကာင့္ ထိုလူသားေလးက သူ႔အေဖကို ဆုံးရႈံးခဲ့ရတယ္။

အခ်ိန္အၾကာႀကီး အိပ္မရတဲ့ျပႆနာျဖစ္ခဲ့တယ္။ မ်က္လုံးမွိတ္လိုက္တိုင္း က်ီေလ်ာင့္ရဲ႕ငိုသံေတြက သူ႔စိတ္ကိုေျခာက္ျခားေစတယ္။ ေက်ာင္ေမးလန္က စိတ္ေရာဂါအထူးကုတစ္ေယာက္ရွာေပးၿပီး သူ႔ကိုေဆးေသာက္ဖို႔ ၫႊန္ၾကားေတာ့တယ္။ သူမျငင္းႏိုင္တာေၾကာင့္ ဒီေဆးေတြက နာၾကင္မႈေတြကိုသယ္ေဆာင္သြားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့တယ္။

အခုထိတိုင္ ညသန္းေခါင္မွာ အိမ္မက္ေတြေၾကာင့္ ႏိုးလာတိုင္း သူ႔အမွားေတြေၾကာင့္ ေနာင္တေတြတသီႀကီးရမိတယ္။ သူတစ္စုံတစ္ေယာက္ကို သေဘာက်မိ႐ုံေလးကိုေလ…

“ကိုယ္ေတာင္းပန္ပါတယ္၊ ခြင့္လႊတ္ေပးႏိုင္မလား?”

သုံးႏွစ္တိုင္ေအာင္ သူ႔ႏွလုံးသားထဲမွာ နစ္ဝင္ေနတဲ့ဆူးတစ္ေခ်ာင္းကို ေနာက္ဆုံးေတာ့ဖြင့္ထုတ္ေျပာလိုက္ၿပီ။

က်ီေလ်ာင္စိတ္ေတြ ရႈတ္ေထြးေနၿပီး မတုန႔္ျပန္ႏိုင္ျဖစ္ေနတယ္။ အဲ့ေတာ့ ဒီလိုေတြျဖစ္ခဲ့တယ္ ဒါေပမယ့္ ဘယ္သူ႔အမွားလဲ?

သူ႔မ်က္ေတာင္ေတြလည္း မ်က္ရည္ေတြေၾကာင့္ ေစးကပ္ေနတာကို ခံစားမိလို႔ လက္နဲ႔ပြတ္သုတ္ၿပီး ႏွာေခါင္းရႈံ႕လိုက္တယ္။ ေကာင္ေလးက ဟဲ့ခ်န္းမင္ ပထမဆုံးျမင္ခဲ့တုန္းကလိုမ်ိဳး ေၾကာင္ေတာင္ေတာင္နဲ႔ အျပစ္ကင္းတဲ့ပုံေလးျဖစ္ေနတယ္။

သူအခ်ိန္အၾကာႀကီးစကားမေျပာလာတာေၾကာင့္ ဟဲ့ခ်န္းမင္ရဲ႕ႏွလုံးသားက ေအးခဲလာတယ္။ ေကာင္ေလးရဲ႕မ်က္ႏွာကို သူ႔လက္နဲ႔ထိန္းကိုင္ကာ ေခါင္းငုံ႔နမ္းၿပီး အက္ကြဲေနတဲ့အသံနဲ႔ေျပာလိုက္တယ္ “ကိုယ္နားလည္ပါၿပီ”

ေၾကာက္လန႔္တၾကား က်ီေလ်ာင္သူ႔ခါးကို ဖက္လိုက္တယ္။ သူ႔ရင္ထဲမွာ စူးနစ္ေနတဲ့နာၾကင္မႈကို ၿမိဳသိပ္ၿပီး ထိတ္လန႔္စြာေျပာလိုက္တယ္ “ငါလမ္းမခြဲဘူး စဥ္းစားပါရေစ မသြားပါနဲ႔”

က်ီခ်င္းဝမ္ကလည္း မရွိေတာ့ဘူး။ ဟဲ့ခ်န္းမင္လည္း ထြက္သြားမယ္ဆိုရင္ သူထပ္ၿပီးေတာ့ မတူညီတဲ့လူတစ္ေယာက္ျပန္ျဖစ္သြားလိမ့္မယ္။

သူအဲ့လိုမျဖစ္ခ်င္ဘူး။

အေျဖက ဟဲ့ခ်န္းမင္ထင္ထားတာထက္ သာလြန္တယ္။ အံ့အားသင့္စြာ ေပ်ာ္႐ႊင္မႈအျပည့္နဲ႔ ျပန္လွည့္လာၿပီး က်ီေလ်ာင့္ကို ကာကြယ္သလိုဖက္ထားကာ ဝမ္းသာမႈေတြလႊမ္းၿခဳံၿပီးေျပာလိုက္တယ္ “အင္းပါ ကိုယ္ထြက္လည္းမသြားဘူး လမ္းလည္းမခြဲဘူး”

က်ီေလ်ာင္စိတ္သက္သာရာရသြားၿပီး သူ႔ရဲ႕ျပင္းထန္တဲ့ခံစားခ်က္ေတြ ျပန္ေကာင္းလာေအာင္ ခရီးေဆာင္အိတ္ေပၚထိုင္ခ်လိုက္တယ္။ ဟဲ့ခ်န္းမင္က သူ႔ေရွ႕မွာ ဒူးတုပ္ထိုင္ကာ သူ႔ရဲ႕အက်ီလက္နဲ႔ ေကာင္ေလးမ်က္ႏွာကို သုတ္ေပးလိုက္တယ္။

ဟဲ့ခ်န္းမင္စိတ္ျပန္ၿငိမ္လာခ်ိန္မွာ ေပက်င္းကဝယ္လာတဲ့ပစၥည္းကို သတိရသြားတယ္။

“ကိုယ္မင္းအတြက္ လက္ေဆာင္ဝယ္လာတယ္၊ လိုခ်င္လားဟင္?” ဂ႐ုတစိုက္နဲ႔ ႏူးညံ့စြာေမးလိုက္တယ္။

ဘာႀကီးပဲျဖစ္ျဖစ္ အခုခ်ိန္မွာအရာအားလုံးက က်ီေလ်ာင့္ရဲ႕အျမင္ကိုအတိုင္းပဲျဖစ္ရမယ္။ သူသာဂ႐ုမစိုက္ရင္ အေမးျမန္ခံရၿပီး လႊတ္ပစ္ခံရႏိုင္တယ္။

က်ီေလ်ာင္သူ႔ကိုၾကည့္ကာ ႏွာသံေလးနဲ႔ေျပာလိုက္တယ္ “အင္း”

ဟဲ့ခ်န္းမင္ၿပဳံးသြားကာ က်ီေလ်ာင့္ေအာက္က ခရီးေဆာင္အိတ္ကို လက္ညႇိဳးထိုးျပလိုက္တယ္ “အဲ့ထဲမွာ”

က်ီေလ်ာင္မတ္တပ္ရပ္လိုက္ကာ ခရီးေဆာင္အိတ္ထဲက သူထုတ္လိုက္တဲ့ အဝါေရာင္ေတာက္ေတာက္ဘူးကို ၾကည့္လိုက္တယ္။ ဒါကနန္းေတာ္ျပတိုက္ကထုတ္တဲ့ အတြဲေတြအတြက္ ေအာ္ဒါမွရတဲ့လက္ေဆာင္ဘူးျဖစ္တယ္။

အထဲမွာလက္ထပ္မိန႔္ျပန္တမ္းတစ္ခု၊ တစ္သက္တာေခါက္ယပ္ေတာင္ေလးႏွစ္ခု ၿပီးေတာ့ကတိကဝတ္ျပဳဖို႔ ေက်ာက္စိမ္းအဆင္တန္ဆာေလး တစ္စုံပါတယ္။ က်ီေလ်ာင္ေသခ်ာမၾကည့္ေသးဘဲ ျပန္ခ်ထားလိုက္တယ္။


ဟဲ့ခ်န္းမင္သူ႔ကိုေမးလာတယ္ “ဗိုက္ဆာေနၿပီလား? တစ္ခုခုသြားစားခ်င္လား?”

က်ီေလ်ာင္ ေခါင္းၿငိတ္ျပလိုက္တယ္။ အဲ့တာေၾကာင့္ ခရီးေဆာင္အိတ္ႀကီးဆြဲကာ သူ႔ကိုဦးေဆာင္ၿပီး ထိုင္လို႔ေကာင္းတဲ့ ေႏြးေႏြးေထြးေထြးစားေသာက္ဆိုင္ေလးကို ရွာလိုက္တယ္။

ခ်က္ခ်င္းပဲ စားပြဲထိုးက မီႏူးကတ္လာခ်ေပးတယ္။ ၾကည့္ေကာင္းတဲ့ႏွစ္ေယာက္ကို ေလ့လာၿပီးေနာက္ အတြဲျဖစ္လိမ့္မယ္လို႔ ေကာက္ခ်က္ခ်ကာ စားပြဲထိုးေလးလည္း ေခါင္းငုံ႔ၿပီးျပန္ထြက္သြားတယ္။

သူတို႔စားစရာေတြေစာင့္ေနတုန္း က်ီေလ်ာင္မေပ်ာ္မရ႕ႊင္ျဖစ္ေနေသးတာကို သတိျပဳမိလိုက္တယ္။ အနားတိုးထိုင္ကာ ပုခုံးေလးဖက္ၿပီး ေခ်ာ့ျမဴရင္းမ်က္ႏွာေလးကို နမ္းလိုက္တယ္။ “ကိုယ္မင္းကို နာက်င္ေစခဲ့မိလို႔ ေတာင္းပန္ပါတယ္၊ ေနာက္တစ္ခါမျဖစ္ေစရေတာ့ဘူးေနာ္?”

က်ီေလ်ာင္ ႏႈတ္ခမ္းကိုေစ့ထားၿပီး သူ႔ကိုလ်စ္လ်ဴရႈထားတယ္။

“အသံတိတ္ႀကီးေနမေနနဲ႔ေလကြာ ေဘဘီရယ္ ေနာ္လို႔? ပါးစပ္ေလးဘာေလးဟအုံးေလ အာ” ေျပာရင္း သူပါးစပ္ကိုအက်ယ္ႀကီးဟကာ ေကာင္ေလးကိုၾကည့္ေနတယ္။

သူ႔ရဲ႕ေပါေၾကာင္ေၾကာင္ပုံစံကို က်ီေလ်ာင္ျမင္လိုက္ရေတာ့ စိတ္တိုစြာရယ္ေမာမိသြားတယ္။

ဒါကိုျမင္ေတာ့မွ ဟဲ့ခ်န္းမင္သက္ျပင္းခ်ကာ သူပါလိုက္ရယ္မိတယ္။ ၾကည့္ရတာေပါေၾကာင္ေၾကာင္ႏိုင္တယ္ဆိုေပမယ့္ သူေျပာတာကေတာ့ တကယ့္အစစ္အမွန္ေတြပဲ “ကိုယ္မင္းအေပၚ ေကာင္းေပးသြားမွာပါ က်ီေလ်ာင္ ကိုယ့္ကိုယုံၾကည္ေပးပါ”

က်ီေလ်ာင္ခြင့္လႊတ္တယ္ဆိုလို႔ကေတာ့ သူ႔ဘဝတစ္ေလွ်ာက္လုံး ဒီေကာင္ေလးကိုခ်စ္ေပးသြားမွာျဖစ္ၿပီး ဘယ္လိုနာက်င္မႈမွခံစားခြင့္ေပးမွာမဟုတ္ဘူး။

က်ီေလ်ာင္စိတ္ရႈပ္ေထြးေနသလိုမ်ိဳး ေခါင္းငုံ႔ကာ သိေၾကာင္းအသံျပဳလိုက္တယ္။

စားစရာေတြလာခ်တဲ့အခါ တစ္ဖက္ေကာင္ေလးက သူ႔ရဲ႕ထမင္းပန္းကန္လုံးထဲကို သူအႀကိဳက္ဆုံးဆိုတဲ့ စားစရာေတြအပုံလိုက္ႀကီးျဖစ္ေနတဲ့ထိကို တယုတယထည့္ေပးလို႔ေနတယ္။ က်ီေလ်ာင္သူ႔ကို မ်က္လုံးေထာင့္ကပ္ၿပီးၾကည့္လိုက္ေတာ့မွ ခ်က္ခ်င္းရပ္ကာ ျဖဴေဖြးေနတဲ့သြားတန္းေတြကိုျမင္ရတဲ့ထိ သြားၿဖဲျပလာတယ္။

“မင္းလည္းစားေလ” က်ီေလ်ာင္ေျပာလိုက္တယ္။

ထိုးႏွက္ခံရလုနီးနီးျဖစ္ခဲ့တဲ့ ဟဲ့ခ်န္းမင္ကသူ႔ကိုသနားစဖြယ္ေလးၾကည့္ကာ ေျပာလာတယ္ “ဟင့္အင္း ကိုယ္လည္း မင္းထည့္ေပးတာလိုခ်င္တယ္”

က်ီေလ်ာင္လက္ကိုေျမႇာက္ကာ သူ႔အတြက္ၾကက္သြန္ျဖဴတစ္စိတ္ထည့္ေပးလိုက္တယ္။

ဟဲ့ခ်န္းမင္မ်က္ႏွာေျပာင္းလဲသြားၿပီး သူ႔ကိုတြန႔္ဆုတ္ဆုတ္ေမးလာတယ္ “နည္းနည္းအနံ႔မျပင္းဘူးလား?” ေနာက္က်ရင္ သူတို႔ႏႈတ္ဆတ္အနမ္းေပးတဲ့အခါ မဂြတ္ႏိုင္ဘူး။

က်ီေလ်ာင္သက္ျပင္းခ်လိုက္တယ္ “မစားခ်င္ဘူးဆိုလည္း ကိုယ့္ဘာသာစားပါလား”

ဟဲ့ခ်န္းမင္စိတ္ထိခိုက္သြားတယ္။ သူ႔ရဲ႕ဇနီးေလးေပ်ာ္ဖို႔အတြက္ သူသည္းခံရမယ္။ ထိုအရာကို ပါးစပ္ထဲထည့္လိုက္တဲ့အခ်ိန္မွာ က်ီေလ်ာင္မႏွစ္ၿမိဳ႕သလိုၾကည့္လာၿပီး ျပန္ေထြးထုတ္ဖို႔ေျပာတယ္။

“ဘယ္လိုျဖစ္လို႔ စားလိုက္တာလဲ?!” မေနႏိုင္စြာ ဆူေပးလိုက္တယ္။

ဟဲ့ခ်န္းမင္ ေထြးထုတ္ကာ ေရငုံၿပီးပလုတ္က်င္းလိုက္တယ္။ သူျပန္ေျပာတာက “ကိုယ္က အရမ္းနာခံတတ္တယ္ေလ”တဲ့။ ၿပီးေတာ့ သူ႔ကိုမ်က္ႏွာသာေပးေအာင္လို႔ ဆက္ၿပီးေဖာ္လံဖားလုပ္ဖို႔ႀကိဳးစားတယ္။ “ေနာက္တစ္ႀကိမ္ မင္းဘာပဲေျပာေျပာ ကိုယ္လုပ္မယ္ေလ ေနာ္?”

က်ီေလ်ာင္ ဒီလူ႔ကိုဘယ္လိုလုပ္ရမလဲမသိေတာ့တာေၾကာင့္ ဒီလိုေျမႇာက္ပင့္ေနတာေတြကို ပါးစပ္ပိတ္ၿပီးသာေနေတာ့တယ္!

“ေသခ်ာစား” က်ီေလ်ာင္ေျပာလိုက္တယ္။

“အမိန႔္ေတာ္အတိုင္းပါ!” ဟဲ့ခ်န္းမင္ ၿပဳံးၿပီးေျပာတယ္။

စားေသာက္ၿပီးေတာ့ က်ီေလ်ာင့္ကိုအိမ္ျပန္ပို႔ေပးလိုက္တယ္။ သူတို႔ေတြ ရပ္ကြက္ထဲေရာက္ေတာ့ ထြက္မသြားခ်င္ျဖစ္ေနၿပီ ဂယက္ထခ်င္လာတယ္။ ဘာပဲေျပာေျပာ သူကေပက်င္းကို ႏွစ္ရက္ႀကီးမ်ားေတာင္သြားလိုက္ရၿပီး ျပန္လာေတာ့လည္း မထင္မွတ္ထားတဲ့အေျခအေနနဲ႔ ရင္ဆိုင္ရေသးတယ္။ သူ႔ေကာင္ေလးကို ပြတ္သီးပြတ္သပ္လုပ္ဖို႔ အခြင့္အေရးေလးေတာင္ မရေသးဘူး။

အခုသူ႔ေရွ႕ကေကာင္ေလးကို ဟဲ့ခ်န္းမင္စိုက္ၾကည့္ကာ ခြင့္ေတာင္းတဲ့အသံေလးနဲ႔ေျပာလာတယ္။ “ေဘဘီ မျပန္ခင္အရင္ နမ္းရေအာင္ေလ?”

က်ီေလ်ာင္ သူ႔ကိုေအးစက္စြာျငင္းပစ္လိုက္တယ္ “မရဘူး”

ဘယ္သူက သူ႔ကိုၾကက္သြန္ျဖဴစားခိုင္းလို႔လဲ?!

ဟဲ့ခ်န္းမင္က အသံတိတ္သြားကာ က်ီေလ်ာင္ကသူ႔ကိုတကယ္ခြင့္မလႊတ္ႏိုင္ေသးဘူးလို႔ ထင္သြားၿပီး တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ လႊတ္ေပးလိုက္တယ္။

ဒါေပမယ့္ က်ီေလ်ာင္ထြက္မသြားဘူး။ ရွက္ေနေပမယ့္ အက်ီကိုပင့္မကာ ႐ုပ္တည္ႀကီးနဲ႔ေျပာလာတယ္ “ငါ့ခါးကို ထိခ်င္ရင္ေတာ့ ထိေလ”

[Kay : ေတာ္ေသးတာေပါ့ မုန္တိုင္းက တစ္ပိုင္းထဲနဲ႔ နည္းနည္းၿငိမ္သြားလို႔]

_______________________________________

{Unicode}

•လမ်းမခွဲဘူး စဉ်းစားပါရစေ•

ကြောက်ရွံ့ခြင်း၊ ချုပ်တည်းနေရခြင်း၊ တုန့်ဆိုင်းခြင်းတွေနဲ့…

လက်ခံတဲ့ခလုတ်ကိုမနှိပ်ဘဲ ဖုန်းစခရင်ပြန်မည်းသွားတဲ့အထိ ဖုန်းကိုတောက်လျှောက်မြည်စေခဲ့တယ်။

ထိုအခိုက်အတန့်မှာ သူ့စိတ်ထဲမှာ တင်းကျပ်နေတဲ့ကြိုးတွေ ပြတ်တောင်းသွားပြီး ကျီလျောင့်မျက်လုံးသူငယ်အိမ်တွေ ဆတ်ခနဲဖြစ်သွားတယ်။ သူလုပ်မိလိုက်တာကို သတိပြုမိပြီး ဖုန်းပြန်ခေါ်တော့မယ့်အချိန်မှာ တစ်ဖက်ကောင်လေးက ထပ်ခေါ်လာပြန်တယ်။

ကျီလျောင်ဖုန်းကိုင်လိုက်တော့ တစ်ဖက်ကသက်ပြင်းချသံနဲ့ ပြောလာတာကိုကြားလိုက်ရတယ်။ “ဘေဘီ ခုနကဖုန်းခေါ်တာကို ဘာလို့မကိုင်တာလဲ? ကိုယ်လန့်လို့ သေတော့မယ်”

သူ့ရဲ့ခံစားချက်တွေကို ကြိုးစားထိန်းချုပ်ပြီး အရင်အတိုင်းနူးညံ့စွာပြောလိုက်တယ် “ငါမေ့သွားလို့”

“ဟမ်?” လေဆိပ်မှာ ဟဲ့ချန်းမင်ရဲ့ခန့်ညားလှတဲ့မျက်နှာက မယုံသင်္ကာဖြစ်သွားတာကြောင့် မျက်မှောင်ကြုတ်သွားတယ်။ ခနနေတော့ ပြန်သွားဖို့အကြောင်းပဲ ပြန်တွေးမိပြီး တခြားလျှောက်မတွေးနေတော့ဘူး။ သူပြုံးကာ ခြိမ်းခြောက်လိုက်တယ်။ “မင်းရဲ့ကောင်လေးကို ဖုန်းပြန်ဖြေဖို့ကိုတောင် မေ့ရဲတယ်ပေါ့… ကိုယ်ပြန်ရောက်တော့မှ ဘယ်လိုလုပ်မယ်ဆိုတာ စောင့်ကြည့်နေ!”

ကျီလျောင်အသံတိတ်နေတုန်း ခရီးဆောင်အိတ်ကို မြေကြီးနဲ့ပွတ်ဆွဲနေသလိုအသံ ဝိုးတိုးဝါးတားကြားလိုက်ရတာကြောင့် မေးလိုက်တယ် “မင်းပြန်လာနေပြီလား?”

သူမှတ်မိထားသလိုဆိုရင် ပြိုင်ပွဲက သုံးရက်လုပ်တာလေ။ မနက်ဖြန်မှပြန်လာရမှာကို…

“ဟုတ်တယ် ခုလေးတင်လေဆိပ်ကထွက်လာတာ၊ မင်းဘယ်မှာလဲ? ကိုယ်ကားငှားပြီး လာခဲ့လိုက်မယ်”

တကယ်တော့ ပြိုင်ပွဲက မွန်းလွဲလောက်တုန်းတည်းက ပြီးသွားတာ။ စီစဉ်ပေးတဲ့သူတွေက Forbidden Cityကို သွားဖို့အတွက် တစ်ရက်စီစဉ်ထားတာကြောင့် ရက်ကသုံးရက်ဖြစ်သွားတာ။ ဟဲ့ချန်းမင်က မလိုဘူးလို့ထင်တာကြောင့် သူ့ဘာသာလေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ခဲ့တာ။ ဘာကြောင့်မှန်းတော့မသိဘူး ဒါပေမယ့်ဒီနေ့ပြိုင်ပွဲလုပ်နေတုန်းမှာ ထိတ်ပျာသလိုခံစားရပြီး အထူးသဖြင့်မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတယ်။ အစောတုန်းက ပထမဆုံးဖုန်းကောမှာ ကျီလျောင်မကိုင်တုန်းက သူလန့်ပြီး သေတော့မလို့။ ကံကောင်းချင်တော့ ဒုတိယတစ်ခေါက်မှာ ကိုင်လိုက်တော့မှ အဲ့ကောင်လေးလုံခြုံတယ်ဆိုတာ အတည်ပြုနိုင်သွားတယ်။

“ဘယ်လိုလဲ? တစ်ခုခုပြောအုံးလေ ဘေဘီ၊ ဘယ်ရောက်နေတာလဲ?” အချိန်အကြာကြီး တိတ်နေတာကြောင့် သူဆော်သြလိုက်တယ်။

အဲ့တော့မှ ကျီလျောင်ပြန်ဖြေပြီး လိပ်စာပေးကာ သူရပ်နေတဲ့နေရာမှာပဲ ဆောင့်ကြောင့်လေးထိုင်ပြီး သူ့ကိုစောင့်နေလိုက်တယ်။

မိနစ်လေးဆယ်နီးနီးလောက်ကြာတော့ ဟဲ့ချန်းမင်ကားပေါ်ကဆင်းလာပြီး သူ့ရဲ့အချစ်လေးက လမ်းဘေးမှာ သနားစရာဆောင့်ကြောင့်လေးထိုင်နေတာကို တွေ့သွားတယ်။ သူ့ခေါင်းကို လက်ကြားထဲနှစ်ထားကာ ငိုနေသလိုပုံမျိုးလေးဖြစ်နေတယ်။

ချက်ချင်းပဲ သူ့နှလုံးသားတင်းကြပ်သွားပြီး အမြန်လျှောက်သွားလိုက်တယ်။ သူလည်းဆောင့်ကြောင့်ထိုင်ကာ ကျီလျောင့်ကိုပွေ့ဖက်ပြီး နူးညံ့စွာမေးလိုက်တယ် “ဘာဖြစ်လို့လဲ?”

သူမေးလိုက်တော့ ဖြူလျော်လျော်မျက်နှာလေးနဲ့ ကျီလျောင်ခေါင်းမော့လာတယ်။ ဒါပေမယ့် အားတင်းပြီးပြုံးကာ လေသံလေးနဲ့ပြန်ပြောတယ် “မင်းကိုစောင့်နေတာလေ”

ကောင်လေးက ငိုနေတာမဟုတ်လို့ သူစိတ်အေးသွားတယ်။ ဟဲ့ချန်းမင်သူ့ကိုထူပေးပြီး ညင်ညင်သာသာလေးအပြစ်တင်လိုက်တယ် “အရူးလေးရယ် ဘာလို့တစ်နေရာရာမှာ ထိုင်မနေတာလဲ? ခြေထောက်တွေ ကျင်နေပြီလား?”

သူကိုယ်ကိုကိုင်းချပြီး ကျီလျောင့်ခြေသလုံးကို ပွတ်ပေးလိုက်တယ်။

ကျီလျောင်သူ့ကိုတားလိုက်ပြီး သူ့ရှေ့မှာရှိနေတဲ့ ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်ပြီး လက်နှစ်ဖက်လုံးကလည်း ဟဲ့ချန်းမင်ရဲ့ခါးကို ဖက်ထားတယ်။ သူ့ရဲ့ခြေထောက်တွေပေါ်ကို ပုရွက်ဆိတ်သန်းပေါင်းများစွာ တွယ်တက်နေသလိုခံစားနေရပြီး လှုပ်လို့တောင်မရဘူး။

“လုပ်ပါအုံး ကိုယ့်ကိုသတိမရဘူးလို့ ပြောချင်သေးလား? ကိုယ်ပြန်ရောက်ရောက်ချင်း ကိုယ့်ရင်ခွင်ထဲ ပစ်ဝင်တော့တာပဲနော်၊ နောက်တစ်ခါ ကိုယ်မရှိရင် မင်းဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရမယ်” ဟဲ့ချန်းမင်ကတော့ ပါးစပ်ထဲရှိတဲ့အတိုင်း ဝမ်းသာအားရပြောလိုက်ကာ သူဘာပြောလို့ပြောမှန်းတောင် သတိမပြုမိဘူး။

ဒါပေမယ့် ကျီလျောင်ကတော့ ဆတ်ဆတ်ထိမခံဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် တစ်ကိုယ်လုံးတုန်ရီလာပြီး တစ်ဖက်ကောင်လေးရဲ့အကျီကို တင်းတင်းဆုတ်ကိုင်လိုက်တယ်။

“ဘာဖြစ်လို့လဲ?” ကျီလျောင့်ရဲ့ လှုပ်ရှားမှုသေးသေးလေးတွေကို သတိထားမိတာကြောင့် ကောင်လေးကိုကြည့်လို့ရအောင် ခေါင်းကိုအနောက်နည်းနည်းယို့ပြီး နှစ်ယောက်သားကွာသွားအောင်လုပ်လိုက်တယ်။ တစ်ခုခုမှားနေမှန်း သိသွားတယ်။ ကျီလျောင့်မျက်လုံးတွေက နီရဲနေကာ မျက်ရည်တွေပြည့်နေတယ် _ သူက စိတ်ထဲကနေကူညီပေးပါအုံးလို့ ပြောနေတဲ့ယုန်လေးတစ်ကောင်လိုဖြစ်နေတယ်။

သူ့နှလုံးသားထဲမှာ နာကျင်မှုက ပေါက်ကွဲထွက်လာပြီး ကောင်လေးကိုတွန်းကာ ဘာဖြစ်လို့ဒီလိုခံစားနေရတာလဲဆိုတာ မေးဖို့လုပ်လိုက်တယ်။ ဒါပေမယ့် ကျီလျောင်က သူ့ကိုလွှတ်မပေးဘူး။ ဟဲ့ချန်းမင်တောင့်တင်းသွားပြီး လှုပ်ရှားနေတာတွေကိုရပ်ကာ ကောင်လေးကို ဆက်ပြီးဖက်ခိုင်းထားလိုက်တယ်။

“တစ်ခုခုဖြစ်လို့လား? ဒါမှမဟုတ် မင်းကိုတစ်ယောက်ယောက် အနိုင်ကျင့်လိုက်တာလား? ကျီလျောင် ကိုယ့်ကိုပြောပြလေ ကိုယ်ဖြေရှင်းပေးမယ် ဟုတ်ပြီလား?”

ဒီလိုကြီးထပ်မဖြစ်လိုက်ပါနဲ့။ ကောင်လေးဒီလိုပုံဖြစ်တာကို မြင်ရရင် သူ့ရင်တွေ အစိတ်စိတ်အမွှာမွှာကွဲကုန်သလိုပဲ!

ကျီလျောင်ကြောက်နေပေမယ့် တစ်ချိန်တည်းမှာ ဟဲ့ချန်းမင်ရဲ့နွေးထွေးတဲ့ရင်ခွင်ကို လောဘတက်မိတယ်။ အချိန်အတော်ကြာမှ ပါးစပ်ဟပြီး တုန်ရီနေတဲ့အသံနဲ့ပြောလိုက်တယ် “မင်းရဲ့အမေကပြောတယ် ငါ့အဖေသေရတာ မင်းနဲ့သက်ဆိုင်တယ်တဲ့”

တိတ်ဆိတ်သွားတယ်။

တကယ်ကိုအချိန်အကြာကြီး တိတ်ဆိတ်သွားတယ်။

ဟဲ့ချန်းမင် လှုပ်လိုက်တဲ့အချိန်မှာ ကျီလျောင်ကြောက်လန့်သွားပြီး နောက်တစ်ကြိမ်ထပ်ဖက်လိုက်တယ်။

ထိုအမျိုးသားငယ်လေးရဲ့ ရင်ဘတ်ကိုမှီပြီး အားကောင်းလှတဲ့ရင်ခုန်သံကို နားထောင်နေလိုက်တယ်။ ဒုတ် ဒုတ်…

ဝေ့ဝဲနေတဲ့မျက်ရည်တွေကြောင့် အမြင်တွေဝေဝါးနေပေမယ့် မျက်တောင်မခတ်ရဲဘူး။ မျက်ရည်ထိန်းနိုင်အောင် အကောင်းဆုံးကြိုးစားနေပေမယ့် တစ်စက်ချင်းစီကျဆင်းလာကာ ဟဲ့ချန်းမင်ရဲ့အကျီတွေကို ရွှဲရွှဲစိုကုန်တယ်။

သူ့ရဲ့ချစ်လှစွာသောအဖေ ကျီချင်းဝမ်က ဘာကြောင့်ပါလာရတာလဲ?

“ငါမင်းကို အများကြီးသဘောကျတယ်ဆိုတာ မင်းသိတယ်မှတ်လား?”

သဘောကျလွန်းလို့ သူ့အဖေသေဆုံးရတာနဲ့ သက်ဆိုင်တယ်လို့ သိပြီးတာတောင်မှ မင်းကိုလက်မလွှတ်နိုင်၊ တွေ့ဖို့ မငြင်းဆန်နိုင်ဖြစ်နေရတာ။

မင်းကိုခွင့်လွှတ်ပေးပြီး အဖေကိုသစ္စာဖောက်ရလောက်တဲ့အထိတောင်...

“ကျီလျောင် ကိုယ်မင်းကို လွန်ခဲ့တဲ့သုံးနှစ်တည်းက ချစ်လာတယ်ဆိုတာကို ကိုယ်ပြောပြထားပြီးသားနော်” သူ့အသံက ဆွေးမြေ့ပြီး အက်ကွဲနေတယ်။

ဟဲ့ချန်းမင် ခါးကိုင်းကာ သူ့ရဲ့မျက်ရည်တွေကို အနမ်းပေးလိုက်တယ်။ ဘယ်သူ့ရဲ့အမှားလဲဆိုတာ မရှင်းလင်းပေမယ့် သူနဲ့စပြောရမှာပဲ။

“ကိုယ်မင်းကို ပထမဆုံးစတွေ့လိုက်တည်းက ခန္ဓာကိုယ်ကတုန့်ပြန်ခဲ့တာ၊ အဲ့အချိန်တုန်းက ကိုယ်ဆယ့်လေးနှစ်ပဲရှိသေးတယ် _ အဲ့ခံစားချက်တွေက မှန်လား မှားလားဆိုတာ ကိုယ်နားမလည်သေးတော့ ဘယ်သူ့ကိုမှဖွင့်မပြောဘဲ ကိုယ့်ရဲ့ဒိုင်ယာရီစာအုပ်ထဲမှာပဲ ချရေးခဲ့တယ်၊ ကိုယ့်အမေက ဒိုင်ယာရီကိုရှာတွေ့သွားပြီး ကိုယ့်ရဲ့လျို့ဝှက်ချက်ကိုသိတော့ မင်းအဖေကို မကျေမချမ်းဖြစ်ခဲ့တယ်… သူမက သူ့ကိုမိုးသည်းတဲ့ညမှာ အလုပ်လုပ်ဖို့တိုက်တွန်းခဲ့လို့ အဲ့မတော်တဆဖြစ်သွားခဲ့တာ”

သူ့ရဲ့မိုက်မဲတဲ့အချစ်က ပထမအမှားဖြစ်ပြီး အဲ့တာရဲ့ရိုက်ခတ်မှုကြောင့် ကျီချင်းဝမ်သနားစရာကောင်းအောင် သေဆုံးခဲ့ရတာဖြစ်တယ်။

ကျီချင်းဝမ်ရဲ့မတော်တဆမှုကို သိလိုက်ရချိန်မှာ သူ့ရဲ့ဒိုင်ယာရီကိုဆုတ်ဖြဲခဲ့တယ်။ ထိုဒိုင်ယာရီကို မုန်းသလို ချရေးမိတဲ့သူ့ကိုယ်သူလည်း မုန်းတယ်။ ထိုကောင်လေးဘယ်လိုတွေ ခံစားနေရမလဲဆိုတာ သူကြိုပြီးတောင် သိနေသလိုပဲ။ သူ့ရဲ့အချစ်ကြောင့် ထိုလူသားလေးက သူ့အဖေကို ဆုံးရှုံးခဲ့ရတယ်။

အချိန်အကြာကြီး အိပ်မရတဲ့ပြဿနာဖြစ်ခဲ့တယ်။ မျက်လုံးမှိတ်လိုက်တိုင်း ကျီလျောင့်ရဲ့ငိုသံတွေက သူ့စိတ်ကိုခြောက်ခြားစေတယ်။ ကျောင်မေးလန်က စိတ်ရောဂါအထူးကုတစ်ယောက်ရှာပေးပြီး သူ့ကိုဆေးသောက်ဖို့ ညွှန်ကြားတော့တယ်။ သူမငြင်းနိုင်တာကြောင့် ဒီဆေးတွေက နာကြင်မှုတွေကိုသယ်ဆောင်သွားပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။

အခုထိတိုင် ညသန်းခေါင်မှာ အိမ်မက်တွေကြောင့် နိုးလာတိုင်း သူ့အမှားတွေကြောင့် နောင်တတွေတသီကြီးရမိတယ်။ သူတစ်စုံတစ်ယောက်ကို သဘောကျမိရုံလေးကိုလေ…

“ကိုယ်တောင်းပန်ပါတယ်၊ ခွင့်လွှတ်ပေးနိုင်မလား?”

သုံးနှစ်တိုင်အောင် သူ့နှလုံးသားထဲမှာ နစ်ဝင်နေတဲ့ဆူးတစ်ချောင်းကို နောက်ဆုံးတော့ဖွင့်ထုတ်ပြောလိုက်ပြီ။

ကျီလျောင်စိတ်တွေ ရှုတ်ထွေးနေပြီး မတုန့်ပြန်နိုင်ဖြစ်နေတယ်။ အဲ့တော့ ဒီလိုတွေဖြစ်ခဲ့တယ် ဒါပေမယ့် ဘယ်သူ့အမှားလဲ?

သူ့မျက်တောင်တွေလည်း မျက်ရည်တွေကြောင့် စေးကပ်နေတာကို ခံစားမိလို့ လက်နဲ့ပွတ်သုတ်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ ကောင်လေးက ဟဲ့ချန်းမင် ပထမဆုံးမြင်ခဲ့တုန်းကလိုမျိုး ကြောင်တောင်တောင်နဲ့ အပြစ်ကင်းတဲ့ပုံလေးဖြစ်နေတယ်။

သူအချိန်အကြာကြီးစကားမပြောလာတာကြောင့် ဟဲ့ချန်းမင်ရဲ့နှလုံးသားက အေးခဲလာတယ်။ ကောင်လေးရဲ့မျက်နှာကို သူ့လက်နဲ့ထိန်းကိုင်ကာ ခေါင်းငုံ့နမ်းပြီး အက်ကွဲနေတဲ့အသံနဲ့ပြောလိုက်တယ် “ကိုယ်နားလည်ပါပြီ”

ကြောက်လန့်တကြား ကျီလျောင်သူ့ခါးကို ဖက်လိုက်တယ်။ သူ့ရင်ထဲမှာ စူးနစ်နေတဲ့နာကြင်မှုကို မြိုသိပ်ပြီး ထိတ်လန့်စွာပြောလိုက်တယ် “ငါလမ်းမခွဲဘူး စဉ်းစားပါရစေ မသွားပါနဲ့”

ကျီချင်းဝမ်ကလည်း မရှိတော့ဘူး။ ဟဲ့ချန်းမင်လည်း ထွက်သွားမယ်ဆိုရင် သူထပ်ပြီးတော့ မတူညီတဲ့လူတစ်ယောက်ပြန်ဖြစ်သွားလိမ့်မယ်။

သူအဲ့လိုမဖြစ်ချင်ဘူး။

အဖြေက ဟဲ့ချန်းမင်ထင်ထားတာထက် သာလွန်တယ်။ အံ့အားသင့်စွာ ပျော်ရွှင်မှုအပြည့်နဲ့ ပြန်လှည့်လာပြီး ကျီလျောင့်ကို ကာကွယ်သလိုဖက်ထားကာ ဝမ်းသာမှုတွေလွှမ်းခြုံပြီးပြောလိုက်တယ် “အင်းပါ ကိုယ်ထွက်လည်းမသွားဘူး လမ်းလည်းမခွဲဘူး”

ကျီလျောင်စိတ်သက်သာရာရသွားပြီး သူ့ရဲ့ပြင်းထန်တဲ့ခံစားချက်တွေ ပြန်ကောင်းလာအောင် ခရီးဆောင်အိတ်ပေါ်ထိုင်ချလိုက်တယ်။ ဟဲ့ချန်းမင်က သူ့ရှေ့မှာ ဒူးတုပ်ထိုင်ကာ သူ့ရဲ့အကျီလက်နဲ့ ကောင်လေးမျက်နှာကို သုတ်ပေးလိုက်တယ်။

ဟဲ့ချန်းမင်စိတ်ပြန်ငြိမ်လာချိန်မှာ ပေကျင်းကဝယ်လာတဲ့ပစ္စည်းကို သတိရသွားတယ်။

“ကိုယ်မင်းအတွက် လက်ဆောင်ဝယ်လာတယ်၊ လိုချင်လားဟင်?” ဂရုတစိုက်နဲ့ နူးညံ့စွာမေးလိုက်တယ်။

ဘာကြီးပဲဖြစ်ဖြစ် အခုချိန်မှာအရာအားလုံးက ကျီလျောင့်ရဲ့အမြင်ကိုအတိုင်းပဲဖြစ်ရမယ်။ သူသာဂရုမစိုက်ရင် အမေးမြန်ခံရပြီး လွှတ်ပစ်ခံရနိုင်တယ်။

ကျီလျောင်သူ့ကိုကြည့်ကာ နှာသံလေးနဲ့ပြောလိုက်တယ် “အင်း”

ဟဲ့ချန်းမင်ပြုံးသွားကာ ကျီလျောင့်အောက်က ခရီးဆောင်အိတ်ကို လက်ညှိုးထိုးပြလိုက်တယ် “အဲ့ထဲမှာ”

ကျီလျောင်မတ်တပ်ရပ်လိုက်ကာ ခရီးဆောင်အိတ်ထဲက သူထုတ်လိုက်တဲ့ အဝါရောင်တောက်တောက်ဘူးကို ကြည့်လိုက်တယ်။ ဒါကနန်းတော်ပြတိုက်ကထုတ်တဲ့ အတွဲတွေအတွက် အော်ဒါမှရတဲ့လက်ဆောင်ဘူးဖြစ်တယ်။

အထဲမှာလက်ထပ်မိန့်ပြန်တမ်းတစ်ခု၊ တစ်သက်တာခေါက်ယပ်တောင်လေးနှစ်ခု ပြီးတော့ကတိကဝတ်ပြုဖို့ ကျောက်စိမ်းအဆင်တန်ဆာလေး တစ်စုံပါတယ်။ ကျီလျောင်သေချာမကြည့်သေးဘဲ ပြန်ချထားလိုက်တယ်။


ဟဲ့ချန်းမင်သူ့ကိုမေးလာတယ် “ဗိုက်ဆာနေပြီလား? တစ်ခုခုသွားစားချင်လား?”

ကျီလျောင် ခေါင်းငြိတ်ပြလိုက်တယ်။ အဲ့တာကြောင့် ခရီးဆောင်အိတ်ကြီးဆွဲကာ သူ့ကိုဦးဆောင်ပြီး ထိုင်လို့ကောင်းတဲ့ နွေးနွေးထွေးထွေးစားသောက်ဆိုင်လေးကို ရှာလိုက်တယ်။

ချက်ချင်းပဲ စားပွဲထိုးက မီနူးကတ်လာချပေးတယ်။ ကြည့်ကောင်းတဲ့နှစ်ယောက်ကို လေ့လာပြီးနောက် အတွဲဖြစ်လိမ့်မယ်လို့ ကောက်ချက်ချကာ စားပွဲထိုးလေးလည်း ခေါင်းငုံ့ပြီးပြန်ထွက်သွားတယ်။

သူတို့စားစရာတွေစောင့်နေတုန်း ကျီလျောင်မပျော်မရ့ွှင်ဖြစ်နေသေးတာကို သတိပြုမိလိုက်တယ်။ အနားတိုးထိုင်ကာ ပုခုံးလေးဖက်ပြီး ချော့မြူရင်းမျက်နှာလေးကို နမ်းလိုက်တယ်။ “ကိုယ်မင်းကို နာကျင်စေခဲ့မိလို့ တောင်းပန်ပါတယ်၊ နောက်တစ်ခါမဖြစ်စေရတော့ဘူးနော်?”

ကျီလျောင် နှုတ်ခမ်းကိုစေ့ထားပြီး သူ့ကိုလျစ်လျူရှုထားတယ်။

“အသံတိတ်ကြီးနေမနေနဲ့လေကွာ ဘေဘီရယ် နော်လို့? ပါးစပ်လေးဘာလေးဟအုံးလေ အာ” ပြောရင်း သူပါးစပ်ကိုအကျယ်ကြီးဟကာ ကောင်လေးကိုကြည့်နေတယ်။

သူ့ရဲ့ပေါကြောင်ကြောင်ပုံစံကို ကျီလျောင်မြင်လိုက်ရတော့ စိတ်တိုစွာရယ်မောမိသွားတယ်။

ဒါကိုမြင်တော့မှ ဟဲ့ချန်းမင်သက်ပြင်းချကာ သူပါလိုက်ရယ်မိတယ်။ ကြည့်ရတာပေါကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် သူပြောတာကတော့ တကယ့်အစစ်အမှန်တွေပဲ “ကိုယ်မင်းအပေါ် ကောင်းပေးသွားမှာပါ ကျီလျောင် ကိုယ့်ကိုယုံကြည်ပေးပါ”

ကျီလျောင်ခွင့်လွှတ်တယ်ဆိုလို့ကတော့ သူ့ဘဝတစ်လျှောက်လုံး ဒီကောင်လေးကိုချစ်ပေးသွားမှာဖြစ်ပြီး ဘယ်လိုနာကျင်မှုမှခံစားခွင့်ပေးမှာမဟုတ်ဘူး။

ကျီလျောင်စိတ်ရှုပ်ထွေးနေသလိုမျိုး ခေါင်းငုံ့ကာ သိကြောင်းအသံပြုလိုက်တယ်။

စားစရာတွေလာချတဲ့အခါ တစ်ဖက်ကောင်လေးက သူ့ရဲ့ထမင်းပန်းကန်လုံးထဲကို သူအကြိုက်ဆုံးဆိုတဲ့ စားစရာတွေအပုံလိုက်ကြီးဖြစ်နေတဲ့ထိကို တယုတယထည့်ပေးလို့နေတယ်။ ကျီလျောင်သူ့ကို မျက်လုံးထောင့်ကပ်ပြီးကြည့်လိုက်တော့မှ ချက်ချင်းရပ်ကာ ဖြူဖွေးနေတဲ့သွားတန်းတွေကိုမြင်ရတဲ့ထိ သွားဖြဲပြလာတယ်။

“မင်းလည်းစားလေ” ကျီလျောင်ပြောလိုက်တယ်။

ထိုးနှက်ခံရလုနီးနီးဖြစ်ခဲ့တဲ့ ဟဲ့ချန်းမင်ကသူ့ကိုသနားစဖွယ်လေးကြည့်ကာ ပြောလာတယ် “ဟင့်အင်း ကိုယ်လည်း မင်းထည့်ပေးတာလိုချင်တယ်”

ကျီလျောင်လက်ကိုမြှောက်ကာ သူ့အတွက်ကြက်သွန်ဖြူတစ်စိတ်ထည့်ပေးလိုက်တယ်။

ဟဲ့ချန်းမင်မျက်နှာပြောင်းလဲသွားပြီး သူ့ကိုတွန့်ဆုတ်ဆုတ်မေးလာတယ် “နည်းနည်းအနံ့မပြင်းဘူးလား?” နောက်ကျရင် သူတို့နှုတ်ဆတ်အနမ်းပေးတဲ့အခါ မဂွတ်နိုင်ဘူး။

ကျီလျောင်သက်ပြင်းချလိုက်တယ် “မစားချင်ဘူးဆိုလည်း ကိုယ့်ဘာသာစားပါလား”

ဟဲ့ချန်းမင်စိတ်ထိခိုက်သွားတယ်။ သူ့ရဲ့ဇနီးလေးပျော်ဖို့အတွက် သူသည်းခံရမယ်။ ထိုအရာကို ပါးစပ်ထဲထည့်လိုက်တဲ့အချိန်မှာ ကျီလျောင်မနှစ်မြို့သလိုကြည့်လာပြီး ပြန်ထွေးထုတ်ဖို့ပြောတယ်။

“ဘယ်လိုဖြစ်လို့ စားလိုက်တာလဲ?!” မနေနိုင်စွာ ဆူပေးလိုက်တယ်။

ဟဲ့ချန်းမင် ထွေးထုတ်ကာ ရေငုံပြီးပလုတ်ကျင်းလိုက်တယ်။ သူပြန်ပြောတာက “ကိုယ်က အရမ်းနာခံတတ်တယ်လေ”တဲ့။ ပြီးတော့ သူ့ကိုမျက်နှာသာပေးအောင်လို့ ဆက်ပြီးဖော်လံဖားလုပ်ဖို့ကြိုးစားတယ်။ “နောက်တစ်ကြိမ် မင်းဘာပဲပြောပြော ကိုယ်လုပ်မယ်လေ နော်?”

ကျီလျောင် ဒီလူ့ကိုဘယ်လိုလုပ်ရမလဲမသိတော့တာကြောင့် ဒီလိုမြှောက်ပင့်နေတာတွေကို ပါးစပ်ပိတ်ပြီးသာနေတော့တယ်!

“သေချာစား” ကျီလျောင်ပြောလိုက်တယ်။

“အမိန့်တော်အတိုင်းပါ!” ဟဲ့ချန်းမင် ပြုံးပြီးပြောတယ်။

စားသောက်ပြီးတော့ ကျီလျောင့်ကိုအိမ်ပြန်ပို့ပေးလိုက်တယ်။ သူတို့တွေ ရပ်ကွက်ထဲရောက်တော့ ထွက်မသွားချင်ဖြစ်နေပြီ ဂယက်ထချင်လာတယ်။ ဘာပဲပြောပြော သူကပေကျင်းကို နှစ်ရက်ကြီးများတောင်သွားလိုက်ရပြီး ပြန်လာတော့လည်း မထင်မှတ်ထားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရသေးတယ်။ သူ့ကောင်လေးကို ပွတ်သီးပွတ်သပ်လုပ်ဖို့ အခွင့်အရေးလေးတောင် မရသေးဘူး။

အခုသူ့ရှေ့ကကောင်လေးကို ဟဲ့ချန်းမင်စိုက်ကြည့်ကာ ခွင့်တောင်းတဲ့အသံလေးနဲ့ပြောလာတယ်။ “ဘေဘီ မပြန်ခင်အရင် နမ်းရအောင်လေ?”

ကျီလျောင် သူ့ကိုအေးစက်စွာငြင်းပစ်လိုက်တယ် “မရဘူး”

ဘယ်သူက သူ့ကိုကြက်သွန်ဖြူစားခိုင်းလို့လဲ?!

ဟဲ့ချန်းမင်က အသံတိတ်သွားကာ ကျီလျောင်ကသူ့ကိုတကယ်ခွင့်မလွှတ်နိုင်သေးဘူးလို့ ထင်သွားပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ လွှတ်ပေးလိုက်တယ်။

ဒါပေမယ့် ကျီလျောင်ထွက်မသွားဘူး။ ရှက်နေပေမယ့် အကျီကိုပင့်မကာ ရုပ်တည်ကြီးနဲ့ပြောလာတယ် “ငါ့ခါးကို ထိချင်ရင်တော့ ထိလေ”

[Kay : တော်သေးတာပေါ့ မုန်တိုင်းက တစ်ပိုင်းထဲနဲ့ နည်းနည်းငြိမ်သွားလို့]

_____

Thanks 😉


Continue Reading

You'll Also Like

2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
225K 21.1K 21
BLကို ဇာတ္လမ္း႐ွည္ တစ္ခါမွ မေရးဖူးပါဘူး အခုေတာ့ ဖန္တီး ၾကည့္တာေပါ့ မေကာင္းဘူး ဆိုလည္း မေကာင္းဘူး အဆင္ေျပပါတယ္ ဘာသာျပန္ထဲေတာ့ မထည့္ေပးနဲ႔ေနာ္ ?? တစ္...
1.9K 173 8
Vampire နဲ့ လူသားကောင်လေးတို့ကြားက နားလည်မှုလွဲမှားခြင်းကို ချစ်ခြင်း‌တွေက ပြန်လည်အနိုင်ယူသွားမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် Vampire နဲ႕ လူသားေကာင္ေလးတို႔ၾကာ...