Zawgyi
ေနာက္တစ္ေန႔ဟာ ရံုးပိတ္ရက္ စေနေန႔ျဖစ္တယ္။ မနက္ေစာေစာထဲက က်န္းေ႐ွာင္ခ်ီးဟာ ပံုးေတြ၊ပလံုးေတြ၊အိတ္ေတြဆြဲလ်က္ ခ်ံဳးသာ့ဖန္းတိုက္ခန္းသို႔ ခ်ီတက္ခဲ့ေတာ့တယ္။ ေရာက္သြားတာနဲ႔ ခ်ံဳးသာ့ဖန္းကို အိပ္ယာေပၚကအတင္းဆြဲခ်တယ္။
ခ်ံဳးသာ့ဖန္းက ကုတင္ေပၚကထလာၿပီး ဆိုဖာေပၚေရာက္သြားတယ္။
"အရမ္းေစာလြန္းတယ္ မဟုတ္ဘူးလား?" ခ်ံဳးသာ့ဖန္း အိပ္ခ်င္မူးတူးနဲ႔ ဆိုဖာေပၚေခြေခါက္လွဲေနရာမွ သန္းေဝရင္းေျပာလိုက္တယ္။ ထို႔ေနာက္ ေက်ာမွီေခါင္းအံုးေလးကို ဖက္ရင္း ေနာက္တစ္ႀကိမ္အိပ္ေပ်ာ္သြားျပန္တယ္။
"ထပါဆို!" က်န္းေ႐ွာင္ခ်ီးဟာ ေခါင္းအံုးကိုဆြဲဖယ္လိုက္ၿပီး ေခါင္းကိုလည္း တဖက္ဖတ္ပုတ္ႏိႈးတယ္။
"ထ.... ျမန္ျမန္ထၿပီး အိမ္ေျပာင္းဖို႔ျပင္ေတာ့"
မေန႔ညက က်န္းေရွာင္ခ်ီး တစ္ညလံုးအိပ္လို႔ မေပ်ာ္ခဲ့ဘူး။ သူေတြးၾကည့္ေလေလ အသည္းကြဲရေလပဲ.... အိပ္ယာေပၚ လူးလွိမ့္ေနခဲ့ရတယ္။ တစ္လကို $2000တဲ့..... သူ႔တစ္လစာ လုပ္အားခ နီးပါးျဖစ္ေနျပီမဟုတ္လား!!!!!
အဲ့အေၾကာင္းကိုသာ ခ်ံဳးသာ့ဖန္း သူ႔ကို အေစာကတည္းကေျပာခဲ့ရင္ သူ႔အိမ္ကအိပ္ခန္းကို $700-800ေလာက္နဲ႔ သူငွါးေပးလိုက္မွာေပါ့။
အဲ့လိုစဥ္းစားလိုက္ျပီးမွ ႐ုတ္တရက္ တစ္ခုကိုသတိရသြားကာ က်န္းေ႐ွာင္ခ်ီးတစ္ေယာက္ အိပ္ယာေပၚကေန ထခုန္မိေတာ့တယ္။ ခ်ီးဘဲ.... $2000 အေမွာင္ဖံုးေနတာနဲ႔ က်န္တဲ့ကိစၥေတြ မေတြးမိေတာ့တာ..... သူ႔အိမ္မွာ အိပ္ခန္းကတစ္ခန္းပဲ ႐ွိတာေလးးးး
အကယ္၍ ခ်ံဳးသာ့ဖန္း ေျပာင္းလာပါၿပီတဲ့...... သူ႔ကိုဘယ္မွာသိပ္ရမွာလဲ!?
ခ်ံဳးသာ့ဖန္းကို သူ႔အခန္းထဲမွာပဲ အိပ္ခိုင္းလိုက္ၿပီး သူနဲ႔အတူ တစ္အိပ္ယာထဲမွာ အိပ္ၾကမလား?
က်န္းေ႐ွာင္ခ်ီး ပူတက္လာတဲ့မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္ရင္း ထိုအဆိုျပဳခ်က္ကို ခ်က္ခ်င္းပဲ ပယ္ခ်လိုက္တယ္။ အရမ္းမျမန္လြန္းဘူးလား! သူ အဲ့လိုျဖစ္ခ်င္ေပမဲ့ ကိုယ္တိုင္စီစဥ္ဖို႔က် ႐ွက္စရာႀကီးမလား! ဆိုဖာေပၚမွာပဲ အိပ္ခိုင္းလိုက္ရင္ေကာ? အဲ့တာလည္း မေကာင္းဘူး..... အဲ့က် သူ႔အေပၚ အရမ္းရက္စက္လြန္းရာ က်သြားမယ္။ က်န္းေ႐ွာင္ခ်ီး ဘယ္လိုလုပ္ရမလဲ မသိေတာ့ဘူး။
ညဉ့္နက္သန္းေခါင္ႀကီးက်မွ ထိုကိစၥနဲ႔ပတ္သက္ၿပီး တစ္ခုခုလုပ္ရန္ သူ႔မွာတစ္ေယာက္တည္း ေခါင္းမီးေတာက္ခဲ့ရတယ္။
အခုက် ပန္ဒါမ်က္လံုးေလးနဲ႔ က်န္းေ႐ွာင္ခ်ီးဟာ ၾကမ္းျပင္ေပၚမွာထိုင္ရင္း ခ်ံဳးသာ့ဖန္း အဝတ္အစားေတြကို အိတ္ထဲစီထည့္ေနတယ္။ က်န္းေ႐ွာင္ခ်ီးရဲ႕ တစ္ခ်က္လႊတ္အမိန္႔ေအာက္မွာ ခ်ံဳးသာ့ဖန္းလည္း မသာယာႏိုင္ေတာ့...... ျပန္႔က်ဲေနတဲ့ တိုလီမုတ္စေလးေတြကို အထုပ္ထဲ လိုက္ေကာက္ထည့္ေနရတယ္။
အိမ္ငွါးေနတာျဖစ္တဲ့အတြက္ သိမ္းဆည္းစရာပစၥည္းက အရမ္းေတာ့မ႐ွိေပ။ အဝတ္အစား၊ စာအုပ္တခ်ိဳ႕နဲ႔ တျခားဟိုဟို၊ဒီဒီပစၥည္းအနည္းငယ္ေလာက္ သိမ္းၿပီးရင္ကို အထုပ္သိမ္းျခင္း အမႈကိစၥက ၿပီးေျမာက္သြားေလၿပီ။
က်န္းေ႐ွာင္ခ်ီး ပစၥည္းေတြ ထုပ္ပိုးၿပီးသြားေတာ့ ခ်ံဳးသာ့ဖန္းဆီက အိမ္႐ွင္အေဒၚႀကီးရဲ႕ ဖုန္းနံပါတ္ေတာင္းလိုက္တယ္။ သူမနဲ႔ စကားနည္းနည္းေတာ့ ေျပာရဦးမယ္ေလ။
"အ့ဲေလာက္ၾကီးဒုကၡခံစရာ မလိုပါဘူး"
ေျပာျပီး ခ်ံဳးသာ့ဖန္းဟာ တံခါးကိုဖြင့္လိုက္ကာ မ်က္ႏွာခ်င္းဆိုင္က တိုက္ခန္းတံခါးဆီ ေလ်ွာက္သြားၿပီး တံခါးေခါက္လိုက္တယ္။
"အန္တီက်န္း...... အန္တီက်န္း!"
တံခါးက ပြင့္လာတယ္။ ပုပု၊ဝဝနဲ႔ ျပံဳးေနတဲ့ အန္တီႀကီးတစ္ေယာက္ ထြက္လာကာ ခ်ံဳးသာ့ဖန္းကို ေမးတယ္။ "သားအခုသြားေတာ့မွာလား? ဒီမွာေနာ္...... လက္က်န္စေပၚေငြ။ ဒီလအတြက္ အိမ္လခလည္း မေပးနဲ႔ေတာ့"
သူမက စာအိတ္ေလးတစ္အိတ္ကို ခ်ံဳးသာ့ဖန္းလက္ထဲ ကမ္းေပးလိုက္ၿပီး အိမ္ထဲျပန္ဝင္ကာ တံခါးျပန္ပိတ္သြားတယ္။
ခ်ံဳးသာ့ဖန္းက အေနာက္လွည့္လိုက္ၿပီး ေၾကာင္အေနတဲ့ က်န္းေ႐ွာင္ခ်ီးကို ပခံုးတြန္႔ကာ ဆိုလိုက္တယ္။
"ငါမေန႔က အိမ္ေျပာင္းခ်င္တဲ့အေၾကာင္း အိမ္႐ွင္အန္တီကို ေျပာလိုက္တာ။ အန္တီက ေအးေအးေဆးေဆးပါပဲ။ မင္းေတြ႔တယ္မလား.....စေပၚေငြေတာင္ ျပန္အမ္းေပးေသးတယ္!"
သူ စာအိတ္ကို က်န္းေ႐ွာင္ခ်ီးဆီ ေပးလိုက္ၿပီး.... "ဘာလို႔ ဘယ္ေလာက္လဲဆိုတာ မေရၾကည့္တာလဲ?"
ထိုစကားေၾကာင့္ က်န္းေ႐ွာင္ခ်ီးက သူ႔ကိုတစ္ခ်က္ၾကည့္ကာ စာအိတ္အထူကို လက္နဲ႔ထိလိုက္ၿပီး ခ်က္ခ်င္းပဲျပန္ေျဖတယ္။ "6000...... မင္းသံုးလစာ စေပၚတင္ထားတာလား?"
ခ်ံဳးသာ့ဖန္း တကယ္အံ့ေၾကာဆြဲၿပီ။ အဲ့က်န္းေ႐ွာင္ခ်ီးက ဝက္႐ုပ္စုဘူးဘဝကေန လူျပန္ဝင္စားသလားထင္ရတယ္။ ထိုပိုက္ဆံေတြက မေန႔ညကမွ သူ ေငြထုတ္ၿပီး ေပးထားတဲ႔ဟာေတြမို႔ အတိအက်ကို $6000ပင္။ အဲ့ဒါကို က်န္းေ႐ွာင္ခ်ီးက တစ္ခ်က္ပဲထိလိုက္ၿပီး ေျပာႏိုင္ခဲ့တယ္။
သူ စိတ္ထဲ နည္းနည္းေအာင့္သက္သက္ေတာင္ ခံစားသြားရၿပီး ႏွာေခါင္းကို လက္နဲ႔အသာပြတ္လိုက္တယ္။ ၿပီးေနာက္ က်န္းေ႐ွာင္ခ်ီးပခံုးကို တြန္းရင္း အိမ္ထဲျပန္ဝင္ခဲ့ၾကတယ္။
"အြန္း.... သံုးလစာ။ ေရာ့..... မင္းကဒီအိတ္ေလးဆြဲ။ ငါကဒီ luggage ႏွစ္လံုး သယ္ခဲ့မယ္။ သြားၾကမယ္...သြားၾကမယ္...ဟားဟားဟား"
[အဲ့ဟားဟားဟားႀကီးက ဘာအဓိပၸါယ္လား😒]
သူက အလ်င္လိုစြာနဲ႔ပဲ luggage ႏွစ္လံုးကို ဦးေအာင္ဆြဲလိုက္တယ္။ ဒါေပမဲ့ က်န္းေ႐ွာင္ခ်ီးက သူ႔လက္ထဲက luggage တစ္လံုးကို ယူလိုက္ၿပီး အိတ္ကိုထိုေပၚတင္ကာ ဆြဲသြားေတာ့တယ္။ ၿပီးေတာ့ နားမလည္စြာပင္ သူ႔ကို ေမးလာေသးတယ္။
"တစ္ေယာက္တစ္လံုးဆို ပိုၿပီးေတာ့မလြယ္သြားဘူးလား?"
ခ်ံဳးသာ့ဖန္းရဲ႕ ေပးဆပ္အနစ္နာခံျခင္းႀကိဳးစားမႈႀကီးဟာ ခ်က္ခ်င္းပဲ က်႐ႈံးသြားေတာ့တယ္။
အထုပ္သံုးထုပ္နဲ႔ လူႏွစ္ေယာက္ဟာ အေဆာက္အအံုထဲက ထြက္လာၾကၿပီး ႏွစ္မွတ္တိုင္ေက်ာ္ေလာက္မွာ႐ွိတဲ့ က်န္းေ႐ွာင္ခ်ီးတိုက္ခန္းသို႔ ဦးတည္ခဲ့ၾကတယ္။
ပံုမွန္ပိတ္ရက္တစ္ခုပင္ျဖစ္တာေၾကာင့္ ရပ္ကြက္ကစားကြင္းထဲတြင္ လူႀကီးမ်ားေရာ၊ကေလးမ်ားပါ ကိုယ္လက္လႈပ္႐ွား အားကစားလုပ္ေနၾကတာကို ေတြ႔လိုက္ရတယ္။ သူတို႔ႏွစ္ေယာက္ ေလ်ွာက္လာရင္းနဲ႔ ဆီးေဆာစီးေနၾကတဲ့ ကေလးတခ်ိဳ႕ကို ရပ္ေငးမိၾကတယ္။ နည္းနည္းဝတဲ့ေကာင္ေလးဟာ ထိုင္လိုက္တာနဲ႔ ျပန္ႂကြလို႔မရေတာ့တာကို ၾကည့္ရင္း ႏွစ္ေယာက္သား ၾကည္ႏူးစြာရယ္လိုက္ၾကတယ္။ ဒါကသူတို႔ႏွစ္ဦးရဲ႕ နွစ္ကိုယ္တူဘဝခရီးလမ္းအစဆိုတာေတာ့ သူတို႔ႏွစ္ေယာက္လံုး မေတြးမိခဲ့ၾကဘူး။
သူတို႔ႏွစ္ဦးဟာ ရပ္ကြက္ေလးကို ခ်န္ထားခဲ့ၿပီး ကားမွတ္တိုင္ေတြကိုျဖတ္တယ္...... dim sumဆိုင္ကို ေက်ာ္တယ္..... အဝတ္ေျခာက္ေလွ််ာ္ဆိုင္...... ဆံပင္ညႇပ္ဆိုင္.... အကုန္လံုးကို ျဖတ္ေက်ာ္လာၿပီး မီးခိုေရာင္မိႈင္းေနတဲ့ အေဆာက္အအံုအိုႀကီးဆီ ေရာက္လာၾကတယ္။ ေျမညီထပ္က က်ိဳးေနတဲ့ကုတင္ႀကီးကို ျဖတ္ေက်ာ္ရင္း က်ဥ္းေျမာင္းတဲ့ေလွကားထပ္ေတြကို တစ္ထစ္ခ်င္းနင္းလို႔ ေျခာက္လႊာသို႔ေရာက္ခဲ့တယ္။ ေနာက္ဆံုးေတာ့ က်န္းေ႐ွာင္ခ်ီးရဲ႕ တိုက္ခန္းေလးဆီ ေရာက္ေလၿပီ။
တံခါးဝမွာရပ္ရင္း ဒီေန႔ဟာ သူ႔အေနနဲ႔ က်န္းေ႐ွာင္ခ်ီးဘဝထဲ စတင္ဝင္ေရာက္မယ့္ ပထမဆံုးေန႔ေလးပါလားလို႔ စဥ္းစားမိသြားတယ္။ ဒီေန႔ကစလို႔ သူဟာ က်န္းေ႐ွာင္ခ်ီးနဲ႔ အတူေနရၿပီ။ သူတို႔ႏွစ္ဦးပတ္သက္မႈဟာ ေနာက္တစ္ဆင့္ျမင့္သြားခဲ့ေလၿပီ။
သံေခ်းအနည္းငယ္ကိုက္ခ်င္ေနတဲ့ သံပန္းတံခါးေ႐ွ႕မွာရပ္ရင္း သူ႔မွာ အခုန္ျမန္ေနတဲ့ႏွလံုးကို အသက္ျပင္းျပင္း႐ွဴ ကာ ထိန္းေက်ာင္းေနရတယ္။ က်န္းေ႐ွာင္ခ်ီးကို တစ္ခုခုေျပာလိုက္ခ်င္ေပမဲ့ သူ ပါးစပ္မဖြင့္ရေသးခင္မွာတင္ တံခါးကပြင့္သြားၿပီး ေ႐ွာင္ခ်ီးဟာ အထုပ္ကိုဆြဲကာ ဝင္သြားႏွင့္ေလၿပီ။
ျပီးကာမွ က်န္းေ႐ွာင္ခ်ီးဟာ ေနာက္ကိုလွည့္ၾကည့္ၿပီး ခ်ံဳးသာ့ဖန္းကိုေမးလိုက္တယ္။ "တံခါးဝမွာ ဘာေတြစိတ္ကူးယဥ္ေနလို႔ မတ္တပ္ႀကီးေသေနတာလဲ? ျမန္ျမန္ဝင္လာၿပီး အထုပ္ေတြေနရာခ်!"
ခ်ံဳးသာ့ဖန္းရဲ႕ စိတ္ကူးယဥ္တိမ္တိုက္ေလးဟာ ႐ုတ္ခ်ည္း မဲေမွာင္ၿပီး မိုးႀကိဳးပါအပစ္ခံလိုက္ရတယ္။ သူ ပံုမွန္အသိျပန္ကပ္သြားၿပီး အိတ္ကိုဆြဲကာ အိမ္ထဲဝင္လိုက္တယ္။ ဝင္ဝင္ခ်င္းပင္ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ၾကက္ေသ,ေသသြားရေတာ့တယ္။
ဧည့္ခန္းက အရင္လို မ႐ိုး႐ွင္းေတာ့..... အရင္ဆိုဖာခံု ထားထားတဲ့ေနရာမွာ အခုေတာ့ ခန္းဆီးနဲ႔ အခန္းဖြဲ႔ထားတဲ့ အခန္းက်ဥ္းေလးတစ္ခုက အခန္႔သားေနရာယူထားတယ္။ ခ်ံဳးသာ့ဖန္းေလ်ွာက္သြားလိုက္ၿပီး ေသခ်ာၾကည့္႐ႈလိုက္တယ္။ အခန္းေလးရဲ႕ မ်က္ႏွာစာမွာတပ္ထားတဲ့ ပိတ္စက အနက္ေရာင္ျဖစ္ၿပီး သူတို႔ေက်ာင္းတုန္းက အေဆာင္ခန္းေတြမွာတပ္ေပးတဲ့ လိုက္ကာနဲ႔ေတာင္တူေသးတယ္။ တျခားေဘးဘက္နံရံက ကာထားတဲ့ႏွစ္ခုကေတာ့ က်န္းေ႐ွာင္ခ်ီးတိုက္ခန္းမွာ သံုးေနတဲ့လိုက္ကာေတြပင္။ လိုက္ကာကိုပင့္ၾကည့္လိုက္ေတာ့ ပစၥည္းအနည္းငယ္နဲ႔ အဲ့ေဘးမွာေတာ့ ဆိုဖာတစ္လံုး။
သူ ထိုယာယီတဲလိုအေဆာင္ခန္းအား လက္ညႇိဳးထိုးျပရင္း က်န္းေ႐ွာင္ခ်ီးကို ေမးလိုက္တယ္။
"ဒါဘာႀကီးလဲ!?"
က်န္းေ႐ွာင္ခ်ီးက သူ႔ေခါင္းကို ငံု႔လိုက္ၿပီး ႐ွက္ကိုး႐ွက္ကန္းနဲ႔ ျပန္ေျဖလာတယ္။
"ဒီဟာက မင္းအိပ္ဖို႔အတြက္ မဟုတ္ပါဘူး။ မင္းကငါ့အခန္းထဲမွာ အိပ္ရမွာပါ။ ငါက ဆိုဖာေပၚမွာပဲ အိပ္လိုက္မယ္။ မင္းၾကည့္စမ္း..... ငါက အိမ္လည္းေဆာက္တတ္ေသးတယ္။ ဒါေပမဲ့ငါ့မွာ လိုက္ကာစမ႐ွိေတာ့လို႔ အိမ္ေလးက တစ္ဖက္ပြင့္ၿပီး ေက်ာေတာ့မလံုဘူး။ ဟီးဟီး"
ခ်ံဳးသာ့ဖန္း တကယ္ကို မယံုႏိုင္ျဖစ္သြားရတယ္။ သူကေတာ့ ဒီအိမ္ကိုေျပာင္းရဖို႔အတြက္ ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့ရလဲ..... ေဘးအိမ္က အန္တီႀကီးက်န္းကိုေတာင္ အိမ္႐ွင္အျဖစ္ သ႐ုပ္ေဆာင္ေပးဖို႔ အကူညီေတာင္းခဲ့ရတာ။ ဒါေပမဲ့ က်န္းေ႐ွာင္ခ်ီးကေတာ့ သူနဲ႔အတူမအိပ္ဘူး!? အဲ့ဒါအျပင္ကို အဲ့သံုးစားမရတဲ့ တဲစုတ္ကိုေတာင္ လုပ္ထားလိုက္ေသးတယ္။ သူအရမ္းေဒါသထြက္သြားရတယ္။
သူ႔ေဒါသေတြ အနည္ထိုင္သြားေအာင္ ခဏေစာင့္လိုက္ၿပီးမွ ခ်ံဳးသာ့ဖန္း က်န္းေ႐ွာင္ခ်ီးကို မ်က္ႏွာေသနဲ႔ တစ္ခြန္းတည္း ေမးမိတယ္။
"မင္းက ဘယ္လိုလူမ်ိဳးလဲကြာ!"
က်န္းေ႐ွာင္ခ်ီးက အျမန္ပဲ ေျဖ႐ွင္းခ်က္ထုတ္ေပးတယ္။
"စိတ္မပူပါနဲ႔...... ငါမၾကာခင္ ေက်ာဘက္ပါလံုေအာင္ ကာေပးပါ့မယ္။ အဲ့က်ရင္ေတာ့ တစ္ေယာက္တစ္ခန္း ကိုယ္ပိုင္ျဖစ္သြားပါၿပီ။ ၿပီးေတာ့ ငါအျမဲတမ္းအေ႐ွ႕ဘက္ကလိုက္ကာကို တင္ေပးထားပါ့မယ္။ အဲ့က် ဆိုဖာကိုမင္းလည္း သံုးလို႔ရတာေပါ့။ အခန္းႏွစ္ခန္း႐ွိသလိုေလ..... ဧည့္ခန္းထဲက အိပ္ခန္းေသးေသးေလး။ အကုန္အက်လည္း အရမ္းသက္သာသြားတယ္မလား?"
သူ အရမ္းကို စိတ္ဆင္းရဲသြားတယ္.... တကယ္ကို စိတ္ဆင္းရဲစရာပဲ။ တူႏွစ္ကိုယ္ဘဝ စတင္တည္ေထာင္မယ့္ စံုတြဲျဖစ္ၿပီး အတူတူမေနရတာေလာက္ စိတ္ဆင္းရဲဖို႔ေကာင္းတဲ့ကိစၥ ႐ွိပါဦးမလား!?
"ငါမင္းကို ငါ့ရဲ႕ရည္းစားတစ္ေယာက္လို သေဘာထားေပမဲ့ မင္းကေတာ့ ငါ့ကို အခန္းေဖာ္တစ္ေယာက္လို သေဘာထားေနတယ္!" ခ်ံဳးသာ့ဖန္းရဲ႕ မ်က္ဝန္းထဲမွာ ေၾကကြဲရိပ္ေတြလႊမ္းေနတယ္။ အဆံုးသတ္မွာေတာ့ သူ က်န္းေ႐ွာင္ခ်ီးကို ေျပးဖက္ၿပီး ေရကုန္ေရခမ္း တိုက္ပြဲဝင္ဖို႔ ဆံုးျဖတ္လိုက္တယ္။
"မိန္းမ..... ငါမင္းနဲ႔ အိပ္ခ်င္လို႔ပါ။ ဟု...ဟု....ဟု..."
က်န္းေ႐ွာင္ခ်ီးဟာ အၾကာႀကီး တိတ္ဆိတ္သြားတယ္..... ဘယ္ေလာက္ၾကာလဲဆို သူ လံုးဝေမွ်ာ္လင့္ခ်က္မ႐ွိေတာ့ဘူးလို႔ ေတြးမိတဲ့အခ်ိန္က်မွ က်န္းေ႐ွာင္ခ်ီးဆီမွ အသံတိုးတိုးၾကားလိုက္ရတယ္။
"Double 11(Nov,11) ေလ်ွာ့ေစ်းက မၾကာခင္လာေတာ့မွာ!"
က်န္းေ႐ွာင္ခ်ီး သာ့ဖန္းပခံုးေပၚ ေခါင္းမွီလိုက္ၿပီး အ႐ွက္သည္းစြာ မ်က္လံုးမ်ားမွိတ္ခ်လိုက္တယ္။
"မေန႔ညက onlineမွာ ႐ွာၾကည့္လိုက္တာ။ ႏိုဝင္ဘာ ၁၁ရက္ေန႔မွာ ေစ်းခ်မယ့္အထဲ Durexလည္းပါတယ္။ ေလ်ွာ့ေစ်းက အႀကီးႀကီးခ်ေပးမွာတဲ့!"
------------------
TN/ အေ႐ွ႕ပိုင္းတုန္းက ေဒၚလာနဲ႔ယြမ္နဲ႔မွားေရးမိခဲ့တယ္။ တစ္လကိုေဒၚလာႏွစ္ေထာင္ပါေနာ္။ဟီးဟီး။ ေသြ႔ပုခ်ိ။ durexဘာမွန္းမသိရင္ ဂလူးဂလူးသြားေနာ္:3
Xie Xie DaJia💚
*********************
Unicode
နောက်တစ်နေ့ဟာ ရုံးပိတ်ရက် စနေနေ့ဖြစ်တယ်။ မနက်စောစောထဲက ကျန်းရှောင်ချီးဟာ ပုံးတွေ၊ပလုံးတွေ၊အိတ်တွေဆွဲလျက် ချုံးသာ့ဖန်းတိုက်ခန်းသို့ ချီတက်ခဲ့တော့တယ်။ ရောက်သွားတာနဲ့ ချုံးသာ့ဖန်းကို အိပ်ယာပေါ်ကအတင်းဆွဲချတယ်။
ချုံးသာ့ဖန်းက ကုတင်ပေါ်ကထလာပြီး ဆိုဖာပေါ်ရောက်သွားတယ်။
"အရမ်းစောလွန်းတယ် မဟုတ်ဘူးလား?" ချုံးသာ့ဖန်း အိပ်ချင်မူးတူးနဲ့ ဆိုဖာပေါ်ခွေခေါက်လှဲနေရာမှ သန်းဝေရင်းပြောလိုက်တယ်။ ထို့နောက် ကျောမှီခေါင်းအုံးလေးကို ဖက်ရင်း နောက်တစ်ကြိမ်အိပ်ပျော်သွားပြန်တယ်။
"ထပါဆို!" ကျန်းရှောင်ချီးဟာ ခေါင်းအုံးကိုဆွဲဖယ်လိုက်ပြီး ခေါင်းကိုလည်း တဖက်ဖတ်ပုတ်နှိုးတယ်။
"ထ.... မြန်မြန်ထပြီး အိမ်ပြောင်းဖို့ပြင်တော့"
မနေ့ညက ကျန်းရှောင်ချီး တစ်ညလုံးအိပ်လို့ မပျော်ခဲ့ဘူး။ သူတွေးကြည့်လေလေ အသည်းကွဲရလေပဲ.... အိပ်ယာပေါ် လူးလှိမ့်နေခဲ့ရတယ်။ တစ်လကို $2000တဲ့..... သူ့တစ်လစာ လုပ်အားခ နီးပါးဖြစ်နေပြီမဟုတ်လား!!!!!
အဲ့အကြောင်းကိုသာ ချုံးသာ့ဖန်း သူ့ကို အစောကတည်းကပြောခဲ့ရင် သူ့အိမ်ကအိပ်ခန်းကို $700-800လောက်နဲ့ သူငှါးပေးလိုက်မှာပေါ့။
အဲ့လိုစဉ်းစားလိုက်ပြီးမှ ရုတ်တရက် တစ်ခုကိုသတိရသွားကာ ကျန်းရှောင်ချီးတစ်ယောက် အိပ်ယာပေါ်ကနေ ထခုန်မိတော့တယ်။ ချီးဘဲ.... $2000 အမှောင်ဖုံးနေတာနဲ့ ကျန်တဲ့ကိစ္စတွေ မတွေးမိတော့တာ..... သူ့အိမ်မှာ အိပ်ခန်းကတစ်ခန်းပဲ ရှိတာလေးးးး
အကယ်၍ ချုံးသာ့ဖန်း ပြောင်းလာပါပြီတဲ့...... သူ့ကိုဘယ်မှာသိပ်ရမှာလဲ!?
ချုံးသာ့ဖန်းကို သူ့အခန်းထဲမှာပဲ အိပ်ခိုင်းလိုက်ပြီး သူနဲ့အတူ တစ်အိပ်ယာထဲမှာ အိပ်ကြမလား?
ကျန်းရှောင်ချီး ပူတက်လာတဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ရင်း ထိုအဆိုပြုချက်ကို ချက်ချင်းပဲ ပယ်ချလိုက်တယ်။ အရမ်းမမြန်လွန်းဘူးလား! သူ အဲ့လိုဖြစ်ချင်ပေမဲ့ ကိုယ်တိုင်စီစဉ်ဖို့ကျ ရှက်စရာကြီးမလား! ဆိုဖာပေါ်မှာပဲ အိပ်ခိုင်းလိုက်ရင်ကော? အဲ့တာလည်း မကောင်းဘူး..... အဲ့ကျ သူ့အပေါ် အရမ်းရက်စက်လွန်းရာ ကျသွားမယ်။ ကျန်းရှောင်ချီး ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။
ညဉ့်နက်သန်းခေါင်ကြီးကျမှ ထိုကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ရန် သူ့မှာတစ်ယောက်တည်း ခေါင်းမီးတောက်ခဲ့ရတယ်။
အခုကျ ပန်ဒါမျက်လုံးလေးနဲ့ ကျန်းရှောင်ချီးဟာ ကြမ်းပြင်ပေါ်မှာထိုင်ရင်း ချုံးသာ့ဖန်း အဝတ်အစားတွေကို အိတ်ထဲစီထည့်နေတယ်။ ကျန်းရှောင်ချီးရဲ့ တစ်ချက်လွှတ်အမိန့်အောက်မှာ ချုံးသာ့ဖန်းလည်း မသာယာနိုင်တော့...... ပြန့်ကျဲနေတဲ့ တိုလီမုတ်စလေးတွေကို အထုပ်ထဲ လိုက်ကောက်ထည့်နေရတယ်။
အိမ်ငှါးနေတာဖြစ်တဲ့အတွက် သိမ်းဆည်းစရာပစ္စည်းက အရမ်းတော့မရှိပေ။ အဝတ်အစား၊ စာအုပ်တချို့နဲ့ တခြားဟိုဟို၊ဒီဒီပစ္စည်းအနည်းငယ်လောက် သိမ်းပြီးရင်ကို အထုပ်သိမ်းခြင်း အမှုကိစ္စက ပြီးမြောက်သွားလေပြီ။
ကျန်းရှောင်ချီး ပစ္စည်းတွေ ထုပ်ပိုးပြီးသွားတော့ ချုံးသာ့ဖန်းဆီက အိမ်ရှင်အဒေါ်ကြီးရဲ့ ဖုန်းနံပါတ်တောင်းလိုက်တယ်။ သူမနဲ့ စကားနည်းနည်းတော့ ပြောရဦးမယ်လေ။
"အဲ့လောက်ကြီးဒုက္ခခံစရာ မလိုပါဘူး"
ပြောပြီး ချုံးသာ့ဖန်းဟာ တံခါးကိုဖွင့်လိုက်ကာ မျက်နှာချင်းဆိုင်က တိုက်ခန်းတံခါးဆီ လျှောက်သွားပြီး တံခါးခေါက်လိုက်တယ်။
"အန်တီကျန်း...... အန်တီကျန်း!"
တံခါးက ပွင့်လာတယ်။ ပုပု၊ဝဝနဲ့ ပြုံးနေတဲ့ အန်တီကြီးတစ်ယောက် ထွက်လာကာ ချုံးသာ့ဖန်းကို မေးတယ်။ "သားအခုသွားတော့မှာလား? ဒီမှာနော်...... လက်ကျန်စပေါ်ငွေ။ ဒီလအတွက် အိမ်လခလည်း မပေးနဲ့တော့"
သူမက စာအိတ်လေးတစ်အိတ်ကို ချုံးသာ့ဖန်းလက်ထဲ ကမ်းပေးလိုက်ပြီး အိမ်ထဲပြန်ဝင်ကာ တံခါးပြန်ပိတ်သွားတယ်။
ချုံးသာ့ဖန်းက အနောက်လှည့်လိုက်ပြီး ကြောင်အနေတဲ့ ကျန်းရှောင်ချီးကို ပခုံးတွန့်ကာ ဆိုလိုက်တယ်။
"ငါမနေ့က အိမ်ပြောင်းချင်တဲ့အကြောင်း အိမ်ရှင်အန်တီကို ပြောလိုက်တာ။ အန်တီက အေးအေးဆေးဆေးပါပဲ။ မင်းတွေ့တယ်မလား.....စပေါ်ငွေတောင် ပြန်အမ်းပေးသေးတယ်!"
သူ စာအိတ်ကို ကျန်းရှောင်ချီးဆီ ပေးလိုက်ပြီး.... "ဘာလို့ ဘယ်လောက်လဲဆိုတာ မရေကြည့်တာလဲ?"
ထိုစကားကြောင့် ကျန်းရှောင်ချီးက သူ့ကိုတစ်ချက်ကြည့်ကာ စာအိတ်အထူကို လက်နဲ့ထိလိုက်ပြီး ချက်ချင်းပဲပြန်ဖြေတယ်။ "6000...... မင်းသုံးလစာ စပေါ်တင်ထားတာလား?"
ချုံးသာ့ဖန်း တကယ်အံ့ကြောဆွဲပြီ။ အဲ့ကျန်းရှောင်ချီးက ဝက်ရုပ်စုဘူးဘဝကနေ လူပြန်ဝင်စားသလားထင်ရတယ်။ ထိုပိုက်ဆံတွေက မနေ့ညကမှ သူ ငွေထုတ်ပြီး ပေးထားတဲ့ဟာတွေမို့ အတိအကျကို $6000ပင်။ အဲ့ဒါကို ကျန်းရှောင်ချီးက တစ်ချက်ပဲထိလိုက်ပြီး ပြောနိုင်ခဲ့တယ်။
သူ စိတ်ထဲ နည်းနည်းအောင့်သက်သက်တောင် ခံစားသွားရပြီး နှာခေါင်းကို လက်နဲ့အသာပွတ်လိုက်တယ်။ ပြီးနောက် ကျန်းရှောင်ချီးပခုံးကို တွန်းရင်း အိမ်ထဲပြန်ဝင်ခဲ့ကြတယ်။
"အွန်း.... သုံးလစာ။ ရော့..... မင်းကဒီအိတ်လေးဆွဲ။ ငါကဒီ luggage နှစ်လုံး သယ်ခဲ့မယ်။ သွားကြမယ်...သွားကြမယ်...ဟားဟားဟား"
[အဲ့ဟားဟားဟားကြီးက ဘာအဓိပ္ပါယ်လား😒]
သူက အလျင်လိုစွာနဲ့ပဲ luggage နှစ်လုံးကို ဦးအောင်ဆွဲလိုက်တယ်။ ဒါပေမဲ့ ကျန်းရှောင်ချီးက သူ့လက်ထဲက luggage တစ်လုံးကို ယူလိုက်ပြီး အိတ်ကိုထိုပေါ်တင်ကာ ဆွဲသွားတော့တယ်။ ပြီးတော့ နားမလည်စွာပင် သူ့ကို မေးလာသေးတယ်။
"တစ်ယောက်တစ်လုံးဆို ပိုပြီးတော့မလွယ်သွားဘူးလား?"
ချုံးသာ့ဖန်းရဲ့ ပေးဆပ်အနစ်နာခံခြင်းကြိုးစားမှုကြီးဟာ ချက်ချင်းပဲ ကျရှုံးသွားတော့တယ်။
အထုပ်သုံးထုပ်နဲ့ လူနှစ်ယောက်ဟာ အဆောက်အအုံထဲက ထွက်လာကြပြီး နှစ်မှတ်တိုင်ကျော်လောက်မှာရှိတဲ့ ကျန်းရှောင်ချီးတိုက်ခန်းသို့ ဦးတည်ခဲ့ကြတယ်။
ပုံမှန်ပိတ်ရက်တစ်ခုပင်ဖြစ်တာကြောင့် ရပ်ကွက်ကစားကွင်းထဲတွင် လူကြီးများရော၊ကလေးများပါ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေကြတာကို တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက် လျှောက်လာရင်းနဲ့ ဆီးဆောစီးနေကြတဲ့ ကလေးတချို့ကို ရပ်ငေးမိကြတယ်။ နည်းနည်းဝတဲ့ကောင်လေးဟာ ထိုင်လိုက်တာနဲ့ ပြန်ကြွလို့မရတော့တာကို ကြည့်ရင်း နှစ်ယောက်သား ကြည်နူးစွာရယ်လိုက်ကြတယ်။ ဒါကသူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝခရီးလမ်းအစဆိုတာတော့ သူတို့နှစ်ယောက်လုံး မတွေးမိခဲ့ကြဘူး။
သူတို့နှစ်ဦးဟာ ရပ်ကွက်လေးကို ချန်ထားခဲ့ပြီး ကားမှတ်တိုင်တွေကိုဖြတ်တယ်...... dim sumဆိုင်ကို ကျော်တယ်..... အဝတ်ခြောက်လျှေျာ်ဆိုင်...... ဆံပင်ညှပ်ဆိုင်.... အကုန်လုံးကို ဖြတ်ကျော်လာပြီး မီးခိုရောင်မှိုင်းနေတဲ့ အဆောက်အအုံအိုကြီးဆီ ရောက်လာကြတယ်။ မြေညီထပ်က ကျိုးနေတဲ့ကုတင်ကြီးကို ဖြတ်ကျော်ရင်း ကျဉ်းမြောင်းတဲ့လှေကားထပ်တွေကို တစ်ထစ်ချင်းနင်းလို့ ခြောက်လွှာသို့ရောက်ခဲ့တယ်။ နောက်ဆုံးတော့ ကျန်းရှောင်ချီးရဲ့ တိုက်ခန်းလေးဆီ ရောက်လေပြီ။
တံခါးဝမှာရပ်ရင်း ဒီနေ့ဟာ သူ့အနေနဲ့ ကျန်းရှောင်ချီးဘဝထဲ စတင်ဝင်ရောက်မယ့် ပထမဆုံးနေ့လေးပါလားလို့ စဉ်းစားမိသွားတယ်။ ဒီနေ့ကစလို့ သူဟာ ကျန်းရှောင်ချီးနဲ့ အတူနေရပြီ။ သူတို့နှစ်ဦးပတ်သက်မှုဟာ နောက်တစ်ဆင့်မြင့်သွားခဲ့လေပြီ။
သံချေးအနည်းငယ်ကိုက်ချင်နေတဲ့ သံပန်းတံခါးရှေ့မှာရပ်ရင်း သူ့မှာ အခုန်မြန်နေတဲ့နှလုံးကို အသက်ပြင်းပြင်းရှူ ကာ ထိန်းကျောင်းနေရတယ်။ ကျန်းရှောင်ချီးကို တစ်ခုခုပြောလိုက်ချင်ပေမဲ့ သူ ပါးစပ်မဖွင့်ရသေးခင်မှာတင် တံခါးကပွင့်သွားပြီး ရှောင်ချီးဟာ အထုပ်ကိုဆွဲကာ ဝင်သွားနှင့်လေပြီ။
ပြီးကာမှ ကျန်းရှောင်ချီးဟာ နောက်ကိုလှည့်ကြည့်ပြီး ချုံးသာ့ဖန်းကိုမေးလိုက်တယ်။ "တံခါးဝမှာ ဘာတွေစိတ်ကူးယဉ်နေလို့ မတ်တပ်ကြီးသေနေတာလဲ? မြန်မြန်ဝင်လာပြီး အထုပ်တွေနေရာချ!"
ချုံးသာ့ဖန်းရဲ့ စိတ်ကူးယဉ်တိမ်တိုက်လေးဟာ ရုတ်ချည်း မဲမှောင်ပြီး မိုးကြိုးပါအပစ်ခံလိုက်ရတယ်။ သူ ပုံမှန်အသိပြန်ကပ်သွားပြီး အိတ်ကိုဆွဲကာ အိမ်ထဲဝင်လိုက်တယ်။ ဝင်ဝင်ချင်းပင် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြက်သေ,သေသွားရတော့တယ်။
ဧည့်ခန်းက အရင်လို မရိုးရှင်းတော့..... အရင်ဆိုဖာခုံ ထားထားတဲ့နေရာမှာ အခုတော့ ခန်းဆီးနဲ့ အခန်းဖွဲ့ထားတဲ့ အခန်းကျဉ်းလေးတစ်ခုက အခန့်သားနေရာယူထားတယ်။ ချုံးသာ့ဖန်းလျှောက်သွားလိုက်ပြီး သေချာကြည့်ရှုလိုက်တယ်။ အခန်းလေးရဲ့ မျက်နှာစာမှာတပ်ထားတဲ့ ပိတ်စက အနက်ရောင်ဖြစ်ပြီး သူတို့ကျောင်းတုန်းက အဆောင်ခန်းတွေမှာတပ်ပေးတဲ့ လိုက်ကာနဲ့တောင်တူသေးတယ်။ တခြားဘေးဘက်နံရံက ကာထားတဲ့နှစ်ခုကတော့ ကျန်းရှောင်ချီးတိုက်ခန်းမှာ သုံးနေတဲ့လိုက်ကာတွေပင်။ လိုက်ကာကိုပင့်ကြည့်လိုက်တော့ ပစ္စည်းအနည်းငယ်နဲ့ အဲ့ဘေးမှာတော့ ဆိုဖာတစ်လုံး။
သူ ထိုယာယီတဲလိုအဆောင်ခန်းအား လက်ညှိုးထိုးပြရင်း ကျန်းရှောင်ချီးကို မေးလိုက်တယ်။
"ဒါဘာကြီးလဲ!?"
ကျန်းရှောင်ချီးက သူ့ခေါင်းကို ငုံ့လိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဖြေလာတယ်။
"ဒီဟာက မင်းအိပ်ဖို့အတွက် မဟုတ်ပါဘူး။ မင်းကငါ့အခန်းထဲမှာ အိပ်ရမှာပါ။ ငါက ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်။ မင်းကြည့်စမ်း..... ငါက အိမ်လည်းဆောက်တတ်သေးတယ်။ ဒါပေမဲ့ငါ့မှာ လိုက်ကာစမရှိတော့လို့ အိမ်လေးက တစ်ဖက်ပွင့်ပြီး ကျောတော့မလုံဘူး။ ဟီးဟီး"
ချုံးသာ့ဖန်း တကယ်ကို မယုံနိုင်ဖြစ်သွားရတယ်။ သူကတော့ ဒီအိမ်ကိုပြောင်းရဖို့အတွက် ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ..... ဘေးအိမ်က အန်တီကြီးကျန်းကိုတောင် အိမ်ရှင်အဖြစ် သရုပ်ဆောင်ပေးဖို့ အကူညီတောင်းခဲ့ရတာ။ ဒါပေမဲ့ ကျန်းရှောင်ချီးကတော့ သူနဲ့အတူမအိပ်ဘူး!? အဲ့ဒါအပြင်ကို အဲ့သုံးစားမရတဲ့ တဲစုတ်ကိုတောင် လုပ်ထားလိုက်သေးတယ်။ သူအရမ်းဒေါသထွက်သွားရတယ်။
သူ့ဒေါသတွေ အနည်ထိုင်သွားအောင် ခဏစောင့်လိုက်ပြီးမှ ချုံးသာ့ဖန်း ကျန်းရှောင်ချီးကို မျက်နှာသေနဲ့ တစ်ခွန်းတည်း မေးမိတယ်။
"မင်းက ဘယ်လိုလူမျိုးလဲကွာ!"
ကျန်းရှောင်ချီးက အမြန်ပဲ ဖြေရှင်းချက်ထုတ်ပေးတယ်။
"စိတ်မပူပါနဲ့...... ငါမကြာခင် ကျောဘက်ပါလုံအောင် ကာပေးပါ့မယ်။ အဲ့ကျရင်တော့ တစ်ယောက်တစ်ခန်း ကိုယ်ပိုင်ဖြစ်သွားပါပြီ။ ပြီးတော့ ငါအမြဲတမ်းအရှေ့ဘက်ကလိုက်ကာကို တင်ပေးထားပါ့မယ်။ အဲ့ကျ ဆိုဖာကိုမင်းလည်း သုံးလို့ရတာပေါ့။ အခန်းနှစ်ခန်းရှိသလိုလေ..... ဧည့်ခန်းထဲက အိပ်ခန်းသေးသေးလေး။ အကုန်အကျလည်း အရမ်းသက်သာသွားတယ်မလား?"
သူ အရမ်းကို စိတ်ဆင်းရဲသွားတယ်.... တကယ်ကို စိတ်ဆင်းရဲစရာပဲ။ တူနှစ်ကိုယ်ဘဝ စတင်တည်ထောင်မယ့် စုံတွဲဖြစ်ပြီး အတူတူမနေရတာလောက် စိတ်ဆင်းရဲဖို့ကောင်းတဲ့ကိစ္စ ရှိပါဦးမလား!?
"ငါမင်းကို ငါ့ရဲ့ရည်းစားတစ်ယောက်လို သဘောထားပေမဲ့ မင်းကတော့ ငါ့ကို အခန်းဖော်တစ်ယောက်လို သဘောထားနေတယ်!" ချုံးသာ့ဖန်းရဲ့ မျက်ဝန်းထဲမှာ ကြေကွဲရိပ်တွေလွှမ်းနေတယ်။ အဆုံးသတ်မှာတော့ သူ ကျန်းရှောင်ချီးကို ပြေးဖက်ပြီး ရေကုန်ရေခမ်း တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
"မိန်းမ..... ငါမင်းနဲ့ အိပ်ချင်လို့ပါ။ ဟု...ဟု....ဟု..."
ကျန်းရှောင်ချီးဟာ အကြာကြီး တိတ်ဆိတ်သွားတယ်..... ဘယ်လောက်ကြာလဲဆို သူ လုံးဝမျှော်လင့်ချက်မရှိတော့ဘူးလို့ တွေးမိတဲ့အချိန်ကျမှ ကျန်းရှောင်ချီးဆီမှ အသံတိုးတိုးကြားလိုက်ရတယ်။
"Double 11(Nov,11) လျှော့ဈေးက မကြာခင်လာတော့မှာ!"
ကျန်းရှောင်ချီး သာ့ဖန်းပခုံးပေါ် ခေါင်းမှီလိုက်ပြီး အရှက်သည်းစွာ မျက်လုံးများမှိတ်ချလိုက်တယ်။
"မနေ့ညက onlineမှာ ရှာကြည့်လိုက်တာ။ နိုဝင်ဘာ ၁၁ရက်နေ့မှာ ဈေးချမယ့်အထဲ Durexလည်းပါတယ်။ လျှော့ဈေးက အကြီးကြီးချပေးမှာတဲ့!"
------------------
TN/ အရှေ့ပိုင်းတုန်းက ဒေါ်လာနဲ့ယွမ်နဲ့မှားရေးမိခဲ့တယ်။ တစ်လကိုဒေါ်လာနှစ်ထောင်ပါနော်။ဟီးဟီး။ သွေ့ပုချိ။ durexဘာမှန်းမသိရင် ဂလူးဂလူးသွားနော်:3
Xie Xie DaJia💚