The True Conqueror [Complete]

By Heather_Bell

4.4M 499K 28.4K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 9)
Extra (Day 10)

Extra (Day 8)

21.5K 3.3K 149
By Heather_Bell

Unicode

လင်းမိုသည် လီချန်းယုံနှင့် အခန်းခွဲနေရန် စိတ်ပင် မကူးထားချေ။ အခန်းသည် တစ်ယောက်စာအတွက် ဖြစ်သော်လည်း ဆယ့်ခြောက်ပြည်ထောင်က မင်းညီမင်းသားများအတွက် ရည်စူးသည် ဖြစ်၍ ကျယ်ဝန်းကာ ခမ်းနားလေသည်။

လီချန်းယုံသည် ရက်ပေါင်းများစွာ လည်ပတ်ရင်း အိပ်ရာနှင့် ဝေးခဲ့ရသူ ဖြစ်သည့်အတွက် အိပ်ရာပေါ် ပစ်လှဲချလိုက်လေသည်။

လင်းမိုကမူ လီချန်းယုံ လုပ်သမျှကို မမှိတ်မသုန် ကြည့်နေလေသည်။ လီချန်းယုံက မျက်စိတစ်ဖက်ဖွင့်၍ လင်းမိုကို ကြည့်ကာ ပြောလိုက်သည်။

"လာလေ!''

သူ၏ ဘေးက နေရာကို လက်ဖဝါးဖြင့် ပုတ်ပြကာ လင်းမိုကိုလာရောက်ရန် ပြောလေသည်။

လင်းမိုကမူ ဦးခေါင်းကို ယမ်း၍ ပြောလေသည်။

"အားယုံ! မအိပ်နဲ့ ရေအရင်ချိုး''

လီချန်းယုံက ပြန်မပြောဘဲ လက်သာ ကာပြသည်။ မချိုးဘူးဟူသော အဓိပ္ပါယ်ပင်။

လင်းမိုသည် ထုံးစံအတိုင်း လီချန်းယုံကို ခဏထား၍ ရေချိုးပေးရန်အတွက် လိုအပ်သည်တို့ကို ပြင်ဆင်ရလေသည်။ အပူအအေး မျှတသော စည်အသင့် ဖြစ်ပြီးဆိုကာမှ သူသည် အိပ်နေသော လီချန်းယုံကို နှိုးရလေသည်။

"အားယုံလေး ထတော့!''

အအိပ်ဆတ်သော လီချန်းယုံက ရုတ်ချည်းပင်နိူးလာသည်။ သည်တစ်ကြိမ်တော့ သူသည် မျက်စိနှစ်ဖက်ဖွင့်ကြည့်ခြင်း ဖြစ်ပေရာ အဆင်သင့် ဖြစ်သော ရေစည်ကို တွေ့လေသည်။.

"ချိုးလို့ရပြီလား''

လင်းမိုကခေါင်းငြိမ့်ပြသည်။ လီချန်းယုံက သည်အချိန်ကို စောင့်နေမှန်း သူသိပေသည်။

အတည်ပြုချက်ရသောအခါ လီချန်းယုံ အိပ်ရာမှငေါက်ခနဲထလာသည်။ သူက လင်းမို၏ အရှေ့တွင် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး သူ၏ ဝတ်ရုံလွှာကို ချွတ်ပေးရန် အဓိပ္ပါယ်ဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းပြသည်။

ထုံးစံအတိုင်း လင်းမိုက ဝတ်ရုံချွတ်ပေးရပြန်သည်။ ဝံပုလွေဖြူလေး၏ ကြည်စင်ဝင်းမွတ်သောအသားအရည်က တောင်ပိုင်းနေရာကြောင့် မသိမသာ နီနေလေသည်။ ထိုသည်က လီချန်းယုံကို ပို၍ ယောကျ်ားပီသစေကာ ဆွဲဆောင်မှုရှိလေသည်။

"ဝတ်ရုံပဲချွတ်ခိုင်းတာနော်''

လီချန်းယုံက သူ၏ ခန္ဓာအား စူးစိုက်ကြည့်နေသော ဘုရင်ကြီးကို ပြောလိုက်လေသည်။

လင်းမိုက မကောင်းဆိုးဝါးဆန်ဆန်ပြုံး၍ လီချန်းယုံ ထင်သာမြင်သာ ဖြစ်နေသော လည်တိုင်ကျော့ကျော့ကို ကိုက်ချလိုက်လေသည်။

"အာ့...''

"သိတယ် ကိုယ်တော် ဝတ်ရုံပဲချွတ်ပေးတာပါ''

ထို့နောက်တွင်မှ လီချန်းယုံ ရေချိုးရန် အခွင့်ရလေသည်။ လင်းမိုသည် ကတိအတိုင်း လီချန်းယုံ ရေချိုးသည်ကို ဆက်လက်နှောင့်ယှက်ခြင်း မရှိချေ။

နွေးသောရေ၏ အထိအတွေ့ကြောင့် ခန္ဓာကိုယ်မှ အညောင်းအညာများ ပြေသွားကာ ရေချိုးပြီးသည့်နောက်တွင် လီချန်းယုံ သက်တောင့်သက်သာ အိပ်ပျော်သွားလေသည်။

လီချန်းယုံရေချိုးပြီးသည့်နောက်တွင်မှ လင်းမိုက ရေစည်အသစ်လဲလှယ်ကာ သူရေချိုးလေသည်။

ထိုညက လီချန်းယုံ၏ နက္ခတ်မျှော်စင်ကို လျှောက်လည်ရန်အကြံအစည်သည် မအောင်မြင်လိုက်ချေ။ အကြောင်းရင်းကား ဘုရင်ကြီး၏ အချစ်စမ်းမှုများကြောင့် သူပင်ပန်းကာ အချိန်တော်တော်လင့်မှ ပြန်၍ အိပ်နိူင်လေသည်။

နက္ခတ်မျှော်စင်သို့ လာရောက်ကြသော တိုင်းပြည်အသီးသီးမှ လူတို့သည် မျှော်စင်၏ နှစ်ပတ်လည်အခမ်းအနားကို လာရောက်ကြခြင်း ဖြစ်သလို သူတို့လာရောက်သည့် နောက်ထပ်အကြောင်းအရင်းလည်း ရှိချေသေးသည်။ ထိုအကြောင်းအရင်းကား ဤ မျှော်စင်အခမ်းအနားသို့ ဆယ့်ခြောက်ပြည်ထောင်ပြည့်အရှင်နှစ်ပါးလာရောက်ကြမည်ဟု ခိုင်မာသော သတင်းအရင်းအမြစ်ကို ရရှိထားခြင်းကြောင့် ဖြစ်သည်။

ပရိယာယ်ကြွယ်ဝ၍ အစွမ်းထက်လှသော တောင်ပိုင်း ဘုရင်လင်းမိုနှင့် အရှိန်အဝါကြီးလှသော မြောက်ပိုင်းဘုရင် လီချန်းယုံ၏ အကြောင်းသည် ဆယ့်ခြောက်ပြည်ထောင်၏ အံ့ဖွယ် ဒဏ္ဍာရီတစ်ပုဒ်ပင်။ ထိုဒဏ္ဍာရီ၏ အဓိကပါဝင်သူများကို လူများစွာက မြင်တွေ့ဖူးလိုသည်မှာ အဆန်းတကြယ်တော့ မဟုတ်ချေ။ အချို့သောလူများသည် မြောက်ပိုင်းဘုရင် လီချန်းယုံသည် ၎င်း၏ အစောင့်အရှောက် နှင်းတောင်သွေးဖြူဝံပုလွေကို သွားလေရာသို့ အရိပ်သဖွယ်ခေါ်ဆောင်လေ့ရှိသည်ဟု ထင်မှတ်ကြသည်။ လင်းမို၏ နဂါးကိုမူကား နတ်ဆိုးဘုရင်နှင့် တိုက်ပွဲ၌သာ လူအများစုက မြင်တွေ့လိုက်ခြင်း ဖြစ်၍ သူ၏ နရိုမူလအရပ်ဆီသို့ ပြန်သွားသည်ဟု အထင်ရှိကြသည်။

ထိုသို့လာရောက်ကြသော ဧည့်သည်များသာမက နက္ခတ်မျှော်စင်မှ နတ်ဆရာမများသည်လည်း အရှင်နှစ်ပါး ကြွရောက်ချီးမြင့်မည်ကို အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။

အကြီးအကဲဟောင်းဖြစ်သူ သခင်မကျန်းသည် အရှင်နှစ်ပါးနားနေရန် အဆောင်တော်ကိုပင် သီးသန့်ပြင်ဆင်ထားပေးလေသည်။

မျှော်စင်၏ နှစ်ပတ်လည် အခမ်းအနားသည် ညဥ့်အချိန်မှ ကျင်းပခြင်း ဖြစ်ပေရာ ထိုနေ့မနက်ခင်း၌ လူအများ ရုတ်ရုတ်သဲသဲ လှုပ်ရှားနေကြသည်။

လင်းမိုကိုခေါ်ကာ အခန်းအပြင်သို့ ထွက်လာသော လီချန်းယုံသည် လူအများ ရုတ်ရုတ်ဖြစ်နေသည်ကို မမေးစမ်းဘဲ မနေနိုင်ချေ။ သူက အနီးအနားက အစေခံမလေးကို ခေါ်ဝေါ်၍ မေးမြန်းရလေသည်။

"သခင်လေး မသိဘူးထင်တယ်။ ဒီနေ့ မျှော်စင်အခမ်းအနား ကျင်းပမယ့်နေ့လေ။ ဆယ့်ခြောက်ပြည်ထောင်ပြည့်အရှင် နှစ်ပါး လာရောက်ချီးမြှင့်မှာတဲ့။ အဲ့ဒါကြောင့် ဧည့်သည်တော်တွေရော နတ်ဆရာမများရော စောင့်နေကြတာ''

လီချန်းယုံသည် ၎င်းက လျှို့ဝှက်ခိုင်းထားသော သတင်း၏ ပေါက်ကြားနေမှုကို ကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။ သူဆက်ဆက်သတိပေးခဲ့သည်လေ။ သို့သော် အပြစ်တော့ မဆိုသာချေ။ ဤနေရာက လူများအတွက် ဆွေဟိုင်းနန်းတော်က အလှမ်းဝေးလှသည်။ သို့ကြောင့် ရောက်တုန်းရောက်ခိုက် အရှင်နှစ်ပါးကို ဖူးမြင်လိုဟန်တူသည်။

"မင်းရော အရှင်နှစ်ပါးကို စောင့်နေတာလား''

အစေခံမလေးက ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ တတွတ်တွတ်ပြောလေသည်။

"အမှန်ပဲ သခင်လေးရေ၊ ကျွန်မကြားတာတော့ အရှင်လင်းမိုက နတ်ဘုရားလို အရှိန်အဝါရှိပြီး မျက်နှာကို စေ့စေ့မကြည့်ရဲအောင် ခံ့ညားတာတဲ့''

အစေခံမလေးက သူမ၏ စကားကို ထိုမျှဖြင့် ရပ်ထားသောကြောင့် လီချန်းယုံထောက်ပေးရလေသည်။

"အရှင်ချန်းယုံကရော''

"အရှင်ချန်းယုံကလည်း အလွန်ခံ့ညားတယ်တဲ့၊ သူတို့နှစ်ယောက်ထဲက ဘယ်သူပိုခံ့ညားလဲဆိုတာ သိရရင် ကျွန်မတော့ သေပျော်ပါပြီ''

မြီကောင်ပေါက်အရွယ် အစေခံမလေးက သူမစိတ်ထဲရှိရာ ထုတ်ပြောလေသည်။

"သေချာပေါက်အရှင်ချန်းယုံက ပိုချောတယ်''

လီချန်းယုံက အစေခံမလေးကို ပြောလေသည်။

"သခင်လေးက မြင်ဖူးတာလား''

အစေခံမလေးက အံ့သြခြင်းကြီးစွာ မေးလေသည်။

"မြင်ဖူးတယ်၊ မင်းရပ်စောင့်မနေနဲ့ သူတို့ညမှလာလိမ့်မယ်''

ထ်ုမျှသာပြော၍ လီချန်းယုံထိုနေရာက ထွက်လာလေသည်။ သူသည် နက္ခတ်မျှော်စင်ကြီး၏ တစ်ထပ်ချင်းစီကိုကြည့်ရှုရန် ဆန္ဒရှိပြီး စာကြည့်ဆောင်ကိုလည်း ရောက်တုန်းရောက်ခိုက် သွားချင်သေးသည်။

လီချန်းယုံ တည်ကြည်စွာဖြင့် အစေခံမလေးကို အရှင်ချန်းယုံက ပိုချောသည်ဟု ယုံကြည်မှုရှိရှိ ပြောခဲ့လေသည်။

"အားယုံလေး ဘယ်သူကပိုချောတယ်?''

လမ်းတွင် လင်းမိုက မျက်ခုံးကိုပင့်ကာ ရွှင်မြူးသောအသံဖြင့် မေးလေသည်။

လီချန်းယုံက သူ့ရင်ဘတ်သူ လက်ညှိုးထိုးပြသည်။

"သြော်''

လင်းမိုက တအံ့တသြဖြစ်သွားဟန် တမင်လုပ်ကာ လီချန်းယုံကိုစနောက်လေသည်။

ထိုအတွက် လီချန်းယုံသည် လင်းမို၏ ခြေထောက်ကို လှမ်းကန်လိုက်လေသည်။ ထိုသို့ ကန်ကျောက်ခြင်းနှင့် ကျင့်သားရနေသော ဘုရင်ကြီးက ခြေလှမ်းကို နောက်ဆုတ်လိုက်ရာ လီချန်းယုံ ခြေလှမ်းပျက်သွားလေသည်။

ထိုအခါလီချန်းယုံ မျက်နှာမဲ့သွားလေသည်။

"မရှောင်နဲ့''

ထိုအခါ လင်းမိုရှောင်တိမ်းခြင်း မပြုတော့ပေ။ ဆိုးသွမ်းသော ဝံပုလွေဖြူလေးက ဘုရင်ကြီး၏ ခြေထောက်ကို ကန်ကျောက်ရုံ အားမရသေး၍ လည်ပင်းကိုပါ ကုတ်ဆွဲလိုက်သေးသည်။

ထိုနေ့တစ်နေ့လုံး သူတို့နှစ်ယောက်သည် နက္ခတ်မျှော်စင်ကို လှည့်လည်ကြည့်ရှုခြင်းဖြင့် အချိန်ကို ကုန်ဆုံးခဲ့လေသည်။

မှောင်ရိပ်ပျိုးသည့်အခါ အခမ်းအနားသို့ တက်ရောက်ရန်အတွက် ပြင်ဆင်ရန်အိပ်ဆောင်သို့ ပြန်လာခဲ့ကြလေသည်။ နှစ်ယောက်လုံး ဘုရင်အနေဖြင့် တက်ရောက်မည်ဖြစ်သည့်အတွက် ဝတ်ရုံတော် အဆင်တန်ဆာ အဆောင်အယောင်အပြည့် ဝတ်ဆင်ရမည်ဖြစ်သည်။ ထိုအရေးကို မျှော်မြင်ကာ အမတ်ကြီး ၎င်း၏ငှက်ကလေးဖြင့် ကြိုတင်၍ ပို့ထားပြီးဖြစ်သည်။ လီချန်းယုံတို့အဆောင်သို့ ပြန်ရောက်သည့်အခါ အိပ်ရာခင်းပေါ်တွင် အသင့်ရှိနေသော အဆောင်အယောင်တို့ကိုတွေ့လိုက်လေသည်။

"အမတ်ကြီးက တကယ်ကို မသိတာမရှိဘူးပဲ။ ဆွေဟိုင်းကနေ ငါတို့ဒီအခန်းထဲရောက်နေတယ်ဆိုတာထိ သူသိတယ်''

အမတ်ကြီး၏ သတင်းထောက်လှမ်းနိုင်စွမ်းကို သိနေသော လင်းမိုက ထူး၍ မအံ့သြတော့ချေ။

"ဝတ်ရုံလဲတော့ နောက်ကျနေမယ်''

လင်းမို၏သတိပေးမှုကြောင့် လီချန်းယုံသည် ဝတ်ရုံကို ကမန်းကတမ်းလဲရန် ပြင်ရသည်။ ဘုရင်တစ်ပါးအနေဖြင့် တက်ရောက်မည်ဖြစ်သည့်အတွက် အဆောင်အယောင်များကို သတိထား၍ ပြင်ဆင်ရန် လိုချေသည်။

လီချန်းယုံ ပထမဦးစွာ ရွှေရောင်နဂါးဝတ်ရုံကို လင်းမိုဝတ်ရာ၌ ကူညီပေးလေသည်။ နဂိုကမှ ချောမောခန့်ညားလွန်းသော ဘုရင်ကြီးသည် တဖိတ်ဖိတ်တောက်နေသော ဝတ်ရုံကြောင့် ပို၍ ခန့်ညားသွားသည်ကတော့ အမှန်ပင်။

"ဝတ်ရုံကအဆင်ပြေလား''

လီချန်းယုံက လင်းမို၏ ခါးနောက်သို့ လက်နှစ်ဖက်ကို လျှိုသွင်းကာ ဝတ်ရုံကို ခါးစည်းကို ချည်ရင်း မေးလိုက်သည်။

"ပြေတယ်!''
လင်းမိုက ဝတ်ရုံကို ငုံ့ကြည့်ကာ ပြန်ဖြေသည်။

လင်းမို ဝတ်ရုံဝတ်ပြီးသည့်နောက်တွင်၎င်းကအိပ်ရာထက်တွင် ကျန်ရှိနေသည့် အဖြူရောင်ပိုးဝတ်ရုံကို ယူလိုက်သည်။ ဝတ်ရုံ၏ အနားတွင် ရွှေပိုးမျှင်များကို လှပစွာ ထိုးထားသည်။ ထိုသို့သော ဝတ်ရုံက လီချန်းယုံအတွက် သီးသန့်ပြင်ဆင်ထားပြီး သူ၏ အမှတ်သကေ်တလည်း ဖြစ်သည်။

လင်းမိုက လီချန်းယုံကို ဝတ်ရုံကူညီ၍ဝတ်ပေးပြီး အဆင်တန်ဆာတစ်ခုချင်းကို ဂရုတစိုက် တပ်ဆင်ပေးလေသည်။ လင်းမို အကူအညီကြောင့် လီချန်းယုံ၏ ခေါင်းဆောင်က အမြိတ်များသည်ရွဲ့စောင်းခြင်းမရှိဘဲ ညီတန်းစွာ ကျနေသည်။

သူတို့နှစ်ယောက်လုံး အဆင်တန်ဆာအပြည့်နှင့် ဝတ်ရုံဆင်မြန်းခြင်း အမှုသည် ခဏချင်းပြီးစီးသွားလေသည်။

လီချန်းယုံက ကြည့်မှန်ကြီးထက်တွင် ပေါ်နေသော လင်းမိုနှင့် သူ၏ အသွက်အပြင်ကို ငေးစိုက်ကြည့်နေမိသည်။ လင်းမိုသည် သူပထမဆုံး စ၍တွေ့ခဲ့သည့် နှစ်များကထက် ပို၍ တည်ငြိမ်လာဟန်ရှိသည်။ မပြောင်းလဲသော အချက်ကား လီချန်းယုံကို မြတ်နိုးခြင်းများစွာဖြင့် ငေးစိုက်ကြည့်သော မျက်ဝန်းများပင်။ ထိုမျက်ဝန်းတို့က အစဥ်သဖြင့် နူးညံ့ပြီး လီချန်းယုံအတွက် ထာဝရမပြောင်းလဲမည့် ချစ်ခြင်းတို့ကို ဖော်ကျူးနေသည်။

"လင်းမို''
လီချန်းယုံက ကြည့်မှန်ထဲက လင်းမို၏ ပုံရိပ်ကို ငေးစိုက်ကြည့်ကာ ခေါ်လိုက်သည်။

လင်းမိုသည်လည်း ကြည့်မှန်ထဲက လီချန်းယုံ၏ ပုံရိပ်ကို ကြည့်နေသည်။ ကြည့်မှန်ပြင်မှ တစ်ဆင့် ၎င်းတို့နှစ်ယောက် အကြည့်ချင်းဆုံနေကြသည်။

"ပြော! အားယုံလေး''

"ဒီလောက်အချိန်အကြာကြီး ရှိပြီးတာတောင် မင်းဘာလို့ အချစ်မလျော့ဘဲ ပိုပိုတိုးလာရတာလဲ''

လီချန်းယုံက သူ၏ အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်ကာ မေးလိုက်သည်။

လင်းမို၏ နှုတ်ခမ်းတို့က ထုံးစံအတိုင်း ကွေးညွတ်သွားသည်။ သူ၏ ပိရိသေသပ်သော နှုတ်ခမ်းတို့မှ ရင်တွင်းခံစားချက်များ ပွင့်အံလာလေသည်။

"ကိုယ်တော့်ရဲ့နှလုံးသားတစ်ခုလုံးက အားယုံလေး ကိုတွေ့ကတည်းက ကိုယ်တော်မပိုင်တော့ဘူး။ အသက်သွေးတွေ စီးဝင်သလို ချစ်ခြင်းတွေကလည်း ဒီနှလုံးသားထဲ စီးဝင်နေတော့ ကိုယ်တော် နှလုံးခုန်တိုင်း အားယုံလေးလို့ မြည်နေပြီလားတောင် မသိဘူး။ ဒါကြောင့် အချစ်တွေက လျော့သွားဖို့ထက် နှလုံးခုန်တိုင်းတိုးနေလို့ ကိုယ်တော်အခက်တွေ့နေပြီ''

ထိုသို့ပြောရင်း လင်းမိုက လီချန်းယုံ၏ နဖူးပြင်၌ ခပ်ဖွဖွအနမ်းတစ်ပွင့် ချန်ထားလိုက်သည်။

_______________________________________________________

Zawgyi

လင္းမိုသည္ လီခ်န္းယုံႏွင့္ အခန္းခြဲေနရန္ စိတ္ပင္ မကူးထားေခ်။ အခန္းသည္ တစ္ေယာက္စာအတြက္ ျဖစ္ေသာ္လည္း ဆယ့္ေျခာက္ျပည္ေထာင္က မင္းညီမင္းသားမ်ားအတြက္ ရည္စူးသည္ ျဖစ္၍ က်ယ္ဝန္းကာ ခမ္းနားေလသည္။

လီခ်န္းယုံသည္ ရက္ေပါင္းမ်ားစြာ လည္ပတ္ရင္း အိပ္ရာႏွင့္ ေဝးခဲ့ရသူ ျဖစ္သည့္အတြက္ အိပ္ရာေပၚ ပစ္လွဲခ်လိဳက္ေလသည္။

လင္းမိုကမူ လီခ်န္းယုံ လုပ္သမွ်ကို မမွိတ္မသုန္ ၾကည့္ေနေလသည္။ လီခ်န္းယုံက မ်က္စိတစ္ဖက္ဖြင့္၍ လင္းမိုကို ၾကည့္ကာ ေျပာလိုက္သည္။

"လာေလ!''

သူ၏ ေဘးက ေနရာကို လက္ဖဝါးျဖင့္ ပုတ္ျပကာ လင္းမိုကိုလာေရာက္ရန္ ေျပာေလသည္။

လင္းမိုကမူ ဦးေခါင္းကို ယမ္း၍ ေျပာေလသည္။

"အားယုံ! မအိပ္နဲ႕ ေရအရင္ခ်ိဳး''

လီခ်န္းယုံက ျပန္မေျပာဘဲ လက္သာ ကာျပသည္။ မခ်ိဳးဘူးဟူေသာ အဓိပ္ပါယ်ပင်။

လင္းမိုသည္ ထုံးစံအတိုင္း လီခ်န္းယုံကို ခဏထား၍ ေရခ်ိဳးေပးရန္အတြက္ လိုအပ္သည္တို႔ကို ျပင္ဆင္ရေလသည္။ အပူအေအး မွ်တေသာ စည္အသင့္ ျဖစ္ၿပီးဆိုကာမွ သူသည္ အိပ္ေနေသာ လီခ်န္းယုံကို ႏွိုးရေလသည္။

"အားယုံေလး ထေတာ့!''

အအိပ္ဆတ္ေသာ လီခ်န္းယုံက ႐ုတ္ခ်ည္းပင္နိူးလာသည္။ သည္တစ္ႀကိမ္ေတာ့ သူသည္ မ်က္စိႏွစ္ဖက္ဖြင့္ၾကည့္ျခင္း ျဖစ္ေပရာ အဆင္သင့္ ျဖစ္ေသာ ေရစည္ကို ေတြ႕ေလသည္။.

"ခ်ိဳးလို႔ရၿပီလား''

လင္းမိုကေခါင္းၿငိမ့္ျပသည္။ လီခ်န္းယုံက သည္အခ်ိန္ကို ေစာင့္ေနမွန္း သူသိေပသည္။

အတည္ျပဳခ်က္ရေသာအခါ လီခ်န္းယုံ အိပ္ရာမွေငါက္ခနဲထလာသည္။ သူက လင္းမို၏ အေရွ႕တြင္ မတ္တပ္ရပ္ကာ လက္ႏွစ္ဖက္ကို ဆန့္တန္းၿပီး သူ၏ ဝတ္႐ုံလႊာကို ခြၽတ္ေပးရန္ အဓိပ္ပါယ်ဖြင့် လက္ႏွစ္ဖက္ကို ဆန့္တန္းျပသည္။

ထုံးစံအတိုင္း လင္းမိုက ဝတ္႐ုံခြၽတ္ေပးရျပန္သည္။ ဝံပုေလြျဖဴေလး၏ ၾကည္စင္ဝင္းမြတ္ေသာအသားအရည္က ေတာင္ပိုင္းေနရာေၾကာင့္ မသိမသာ နီေနေလသည္။ ထိုသည္က လီခ်န္းယုံကို ပို၍ ေယာက်္ားပီသေစကာ ဆြဲေဆာင္မႈရွိေလသည္။

"ဝတ္႐ုံပဲခြၽတ္ခိုင္းတာေနာ္''

လီခ်န္းယုံက သူ၏ ခႏၶာအား စူးစိုက္ၾကည့္ေနေသာ ဘုရင္ႀကီးကို ေျပာလိုက္ေလသည္။

လင္းမိုက မေကာင္းဆိုးဝါးဆန္ဆန္ၿပဳံး၍ လီခ်န္းယုံ ထင္သာျမင္သာ ျဖစ္ေနေသာ လည္တိုင္ေက်ာ့ေက်ာ့ကို ကိုက္ခ်လိဳက္ေလသည္။

"အာ့...''

"သိတယ္ ကိုယ္ေတာ္ ဝတ္႐ုံပဲခြၽတ္ေပးတာပါ''

ထို႔ေနာက္တြင္မွ လီခ်န္းယုံ ေရခ်ိဳးရန္ အခြင့္ရေလသည္။ လင္းမိုသည္ ကတိအတိုင္း လီခ်န္းယုံ ေရခ်ိဳးသည္ကို ဆက္လက္ႏွောင့္ယွက္ျခင္း မရွိေခ်။

ႏြေးေသာေရ၏ အထိအေတြ႕ေၾကာင့္ ခႏၶာကိုယ္မွ အေညာင္းအညာမ်ား ေျပသြားကာ ေရခ်ိဳးၿပီးသည့္ေနာက္တြင္ လီခ်န္းယုံ သက္ေတာင့္သက္သာ အိပ္ေပ်ာ္သြားေလသည္။

လီခ်န္းယုံေရခ်ိဳးၿပီးသည့္ေနာက္တြင္မွ လင္းမိုက ေရစည္အသစ္လဲလွယ္ကာ သူေရခ်ိဳးေလသည္။

ထိုညက လီခ်န္းယုံ၏ နကၡတ္ေမွ်ာ္စင္ကို ေလွ်ာက္လည္ရန္အႀကံအစည္သည္ မေအာင္ျမင္လိုက္ေခ်။ အေၾကာင္းရင္းကား ဘုရင္ႀကီး၏ အခ်စ္စမ္းမႈမ်ားေၾကာင့္ သူပင္ပန္းကာ အခ်ိန္ေတာ္ေတာ္လင့္မွ ျပန္၍ အိပ္နိူင္ေလသည္။

နကၡတ္ေမွ်ာ္စင္သို႔ လာေရာက္ၾကေသာ တိုင္းျပည္အသီးသီးမွ လူတို႔သည္ ေမွ်ာ္စင္၏ ႏွစ္ပတ္လည္အခမ္းအနားကို လာေရာက္ၾကျခင္း ျဖစ္သလို သူတို႔လာေရာက္သည့္ ေနာက္ထပ္အေၾကာင္းအရင္းလည္း ရွိေခ်ေသးသည္။ ထိုအေၾကာင္းအရင္းကား ဤ ေမွ်ာ္စင္အခမ္းအနားသို႔ ဆယ့္ေျခာက္ျပည္ေထာင္ျပည့္အရွင္ႏွစ္ပါးလာေရာက္ၾကမည္ဟု ခိုင္မာေသာ သတင္းအရင္းအျမစ္ကို ရရွိထားျခင္းေၾကာင့္ ျဖစ္သည္။

ပရိယာယ္ႂကြယ္ဝ၍ အစြမ္းထက္လွေသာ ေတာင္ပိုင္း ဘုရင္လင္းမိုႏွင့္ အရွိန္အဝါႀကီးလွေသာ ေျမာက္ပိုင္းဘုရင္ လီခ်န္းယုံ၏ အေၾကာင္းသည္ ဆယ့္ေျခာက္ျပည္ေထာင္၏ အံ့ဖြယ္ ဒ႑ာရီတစ္ပုဒ္ပင္။ ထိုဒ႑ာရီ၏ အဓိကပါဝင္သူမ်ားကို လူမ်ားစြာက ျမင္ေတြ႕ဖူးလိုသည္မွာ အဆန္းတၾကယ္ေတာ့ မဟုတ္ေခ်။ အခ်ိဳ႕ေသာလူမ်ားသည္ ေျမာက္ပိုင္းဘုရင္ လီခ်န္းယုံသည္ ၎၏ အေစာင့္အေရွာက္ ႏွင္းေတာင္ေသြးျဖဴဝံပုေလြကို သြားေလရာသို႔ အရိပ္သဖြယ္ေခၚေဆာင္ေလ့ရွိသည္ဟု ထင္မွတ္ၾကသည္။ လင္းမို၏ နဂါးကိုမူကား နတ္ဆိုးဘုရင္ႏွင့္ တိုက္ပြဲ၌သာ လူအမ်ားစုက ျမင္ေတြ႕လိုက္ျခင္း ျဖစ္၍ သူ၏ နရိုမူလအရပ္ဆီသို႔ ျပန္သြားသည္ဟု အထင္ရွိၾကသည္။

ထိုသို႔လာေရာက္ၾကေသာ ဧည့္သည္မ်ားသာမက နကၡတ္ေမွ်ာ္စင္မွ နတ္ဆရာမမ်ားသည္လည္း အရွင္ႏွစ္ပါး ႂကြေရာက္ခ်ီးျမင့္မည္ကို အလြန္အမင္း စိတ္လႈပ္ရွားေနေလသည္။

အႀကီးအကဲေဟာင္းျဖစ္သူ သခင္မက်န္းသည္ အရွင္ႏွစ္ပါးနားေနရန္ အေဆာင္ေတာ္ကိုပင္ သီးသန့္ျပင္ဆင္ထားေပးေလသည္။

ေမွ်ာ္စင္၏ ႏွစ္ပတ္လည္ အခမ္းအနားသည္ ညဥ့္အခ်ိန္မွ က်င္းပျခင္း ျဖစ္ေပရာ ထိုေန႕မနက္ခင္း၌ လူအမ်ား ႐ုတ္႐ုတ္သဲသဲ လႈပ္ရွားေနၾကသည္။

လင္းမိုကိုေခၚကာ အခန္းအျပင္သို႔ ထြက္လာေသာ လီခ်န္းယုံသည္ လူအမ်ား ႐ုတ္႐ုတ္ျဖစ္ေနသည္ကို မေမးစမ္းဘဲ မေနနိုင္ေခ်။ သူက အနီးအနားက အေစခံမေလးကို ေခၚေဝၚ၍ ေမးျမန္းရေလသည္။

"သခင္ေလး မသိဘူးထင္တယ္။ ဒီေန႕ ေမွ်ာ္စင္အခမ္းအနား က်င္းပမယ့္ေန႕ေလ။ ဆယ့္ေျခာက္ျပည္ေထာင္ျပည့္အရွင္ ႏွစ္ပါး လာေရာက္ခ်ီးျမႇင့္မွာတဲ့။ အဲ့ဒါေၾကာင့္ ဧည့္သည္ေတာ္ေတြေရာ နတ္ဆရာမမ်ားေရာ ေစာင့္ေနၾကတာ''

လီခ်န္းယုံသည္ ၎က လွ်ို႔ဝွက္ခိုင္းထားေသာ သတင္း၏ ေပါက္ၾကားေနမႈကို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္သြားေလသည္။ သူဆက္ဆက္သတိေပးခဲ့သည္ေလ။ သို႔ေသာ္ အျပစ္ေတာ့ မဆိုသာေခ်။ ဤေနရာက လူမ်ားအတြက္ ေဆြဟိုင္းနန္းေတာ္က အလွမ္းေဝးလွသည္။ သို႔ေၾကာင့္ ေရာက္တုန္းေရာက္ခိုက္ အရွင္ႏွစ္ပါးကို ဖူးျမင္လိုဟန္တူသည္။

"မင္းေရာ အရွင္ႏွစ္ပါးကို ေစာင့္ေနတာလား''

အေစခံမေလးက ေခါင္းကို တဆတ္ဆတ္ၿငိမ့္ကာ တတြတ္တြတ္ေျပာေလသည္။

"အမွန္ပဲ သခင္ေလးေရ၊ ကြၽန္မၾကားတာေတာ့ အရွင္လင္းမိုက နတ္ဘုရားလို အရွိန္အဝါရွိၿပီး မ်က္ႏွာကို ေစ့ေစ့မၾကည့္ရဲေအာင္ ခံ့ညားတာတဲ့''

အေစခံမေလးက သူမ၏ စကားကို ထိုမွ်ျဖင့္ ရပ္ထားေသာေၾကာင့္ လီခ်န္းယုံေထာက္ေပးရေလသည္။

"အရွင္ခ်န္းယုံကေရာ''

"အရွင္ခ်န္းယုံကလည္း အလြန္ခံ့ညားတယ္တဲ့၊ သူတို႔ႏွစ္ေယာက္ထဲက ဘယ္သူပိုခံ့ညားလဲဆိုတာ သိရရင္ ကြၽန္မေတာ့ ေသေပ်ာ္ပါၿပီ''

ၿမီေကာင္ေပါက္အ႐ြယ္ အေစခံမေလးက သူမစိတ္ထဲရွိရာ ထုတ္ေျပာေလသည္။

"ေသခ်ာေပါက္အရွင္ခ်န္းယုံက ပိုေခ်ာတယ္''

လီခ်န္းယုံက အေစခံမေလးကို ေျပာေလသည္။

"သခင္ေလးက ျမင္ဖူးတာလား''

အေစခံမေလးက အံ့ၾသျခင္းႀကီးစြာ ေမးေလသည္။

"ျမင္ဖူးတယ္၊ မင္းရပ္ေစာင့္မေနနဲ႕ သူတို႔ညမွလာလိမ့္မယ္''

ထ်ုမျှသာပြော၍ လီခ်န္းယုံထိုေနရာက ထြက္လာေလသည္။ သူသည္ နကၡတ္ေမွ်ာ္စင္ႀကီး၏ တစ္ထပ္ခ်င္းစီကိုၾကည့္ရႈရန္ ဆႏၵရွိၿပီး စာၾကည့္ေဆာင္ကိုလည္း ေရာက္တုန္းေရာက္ခိုက္ သြားခ်င္ေသးသည္။

လီခ်န္းယုံ တည္ၾကည္စြာျဖင့္ အေစခံမေလးကို အရွင္ခ်န္းယုံက ပိုေခ်ာသည္ဟု ယုံၾကည္မႈရွိရွိ ေျပာခဲ့ေလသည္။

"အားယုံေလး ဘယ္သူကပိုေခ်ာတယ္?''

လမ္းတြင္ လင္းမိုက မ်က္ခုံးကိုပင့္ကာ ႐ႊင္ျမဴးေသာအသံျဖင့္ ေမးေလသည္။

လီခ်န္းယုံက သူ႕ရင္ဘတ္သူ လက္ညွိုးထိုးျပသည္။

"ေၾသာ္''

လင္းမိုက တအံ့တၾသျဖစ္သြားဟန္ တမင္လုပ္ကာ လီခ်န္းယုံကိုစေနာက္ေလသည္။

ထိုအတြက္ လီခ်န္းယုံသည္ လင္းမို၏ ေျခေထာက္ကို လွမ္းကန္လိုက္ေလသည္။ ထိုသို႔ ကန္ေက်ာက္ျခင္းႏွင့္ က်င့္သားရေနေသာ ဘုရင္ႀကီးက ေျခလွမ္းကို ေနာက္ဆုတ္လိုက္ရာ လီခ်န္းယုံ ေျခလွမ္းပ်က္သြားေလသည္။

ထိုအခါလီခ်န္းယုံ မ်က္ႏွာမဲ့သြားေလသည္။

"မေရွာင္နဲ႕''

ထိုအခါ လင္းမိုေရွာင္တိမ္းျခင္း မျပဳေတာ့ေပ။ ဆိုးသြမ္းေသာ ဝံပုေလြျဖဴေလးက ဘုရင္ႀကီး၏ ေျခေထာက္ကို ကန္ေက်ာက္႐ုံ အားမရေသး၍ လည္ပင္းကိုပါ ကုတ္ဆြဲလိုက္ေသးသည္။

ထိုေန႕တစ္ေန႕လုံး သူတို႔ႏွစ္ေယာက္သည္ နကၡတ္ေမွ်ာ္စင္ကို လွည့္လည္ၾကည့္ရႈျခင္းျဖင့္ အခ်ိန္ကို ကုန္ဆုံးခဲ့ေလသည္။

ေမွာင္ရိပ္ပ်ိဳးသည့္အခါ အခမ္းအနားသို႔ တက္ေရာက္ရန္အတြက္ ျပင္ဆင္ရန္အိပ္ေဆာင္သို႔ ျပန္လာခဲ့ၾကေလသည္။ ႏွစ္ေယာက္လုံး ဘုရင္အေနျဖင့္ တက္ေရာက္မည္ျဖစ္သည့္အတြက္ ဝတ္႐ုံေတာ္ အဆင္တန္ဆာ အေဆာင္အေယာင္အျပည့္ ဝတ္ဆင္ရမည္ျဖစ္သည္။ ထိုအေရးကို ေမွ်ာ္ျမင္ကာ အမတ္ႀကီး ၎၏ငွက္ကေလးျဖင့္ ႀကိဳတင္၍ ပို႔ထားၿပီးျဖစ္သည္။ လီခ်န္းယုံတို႔အေဆာင္သို႔ ျပန္ေရာက္သည့္အခါ အိပ္ရာခင္းေပၚတြင္ အသင့္ရွိေနေသာ အေဆာင္အေယာင္တို႔ကိုေတြ႕လိုက္ေလသည္။

"အမတ္ႀကီးက တကယ္ကို မသိတာမရွိဘူးပဲ။ ေဆြဟိုင္းကေန ငါတို႔ဒီအခန္းထဲေရာက္ေနတယ္ဆိုတာထိ သူသိတယ္''

အမတ္ႀကီး၏ သတင္းေထာက္လွမ္းနိုင္စြမ္းကို သိေနေသာ လင္းမိုက ထူး၍ မအံ့ၾသေတာ့ေခ်။

"ဝတ္႐ုံလဲေတာ့ ေနာက္က်ေနမယ္''

လင္းမို၏သတိေပးမႈေၾကာင့္ လီခ်န္းယုံသည္ ဝတ္႐ုံကို ကမန္းကတမ္းလဲရန္ ျပင္ရသည္။ ဘုရင္တစ္ပါးအေနျဖင့္ တက္ေရာက္မည္ျဖစ္သည့္အတြက္ အေဆာင္အေယာင္မ်ားကို သတိထား၍ ျပင္ဆင္ရန္ လိုေခ်သည္။

လီခ်န္းယုံ ပထမဦးစြာ ေ႐ႊေရာင္နဂါးဝတ္႐ုံကို လင္းမိုဝတ္ရာ၌ ကူညီေပးေလသည္။ နဂိုကမွ ေခ်ာေမာခန့္ညားလြန္းေသာ ဘုရင္ႀကီးသည္ တဖိတ္ဖိတ္ေတာက္ေနေသာ ဝတ္႐ုံေၾကာင့္ ပို၍ ခန့္ညားသြားသည္ကေတာ့ အမွန္ပင္။

"ဝတ္႐ုံကအဆင္ေျပလား''

လီခ်န္းယုံက လင္းမို၏ ခါးေနာက္သို႔ လက္ႏွစ္ဖက္ကို လွ်ိုသြင္းကာ ဝတ္႐ုံကို ခါးစည္းကို ခ်ည္ရင္း ေမးလိုက္သည္။

"ေျပတယ္!''
လင္းမိုက ဝတ္႐ုံကို ငုံ႕ၾကည့္ကာ ျပန္ေျဖသည္။

လင္းမို ဝတ္႐ုံဝတ္ၿပီးသည့္ေနာက္တြင္၎ကအိပ္ရာထက္တြင္ က်န္ရွိေနသည့္ အျဖဴေရာင္ပိုးဝတ္႐ုံကို ယူလိုက္သည္။ ဝတ္႐ုံ၏ အနားတြင္ ေ႐ႊပိုးမွ်င္မ်ားကို လွပစြာ ထိုးထားသည္။ ထိုသို႔ေသာ ဝတ္႐ုံက လီခ်န္းယုံအတြက္ သီးသန့္ျပင္ဆင္ထားၿပီး သူ၏ အမွတ္သေက္တလည္း ျဖစ္သည္။

လင္းမိုက လီခ်န္းယုံကို ဝတ္႐ုံကူညီ၍ဝတ္ေပးၿပီး အဆင္တန္ဆာတစ္ခုခ်င္းကို ဂ႐ုတစိုက္ တပ္ဆင္ေပးေလသည္။ လင္းမို အကူအညီေၾကာင့္ လီခ်န္းယုံ၏ ေခါင္းေဆာင္က အၿမိတ္မ်ားသည္႐ြဲ႕ေစာင္းျခင္းမရွိဘဲ ညီတန္းစြာ က်ေနသည္။

သူတို႔ႏွစ္ေယာက္လုံး အဆင္တန္ဆာအျပည့္ႏွင့္ ဝတ္႐ုံဆင္ျမန္းျခင္း အမႈသည္ ခဏခ်င္းၿပီးစီးသြားေလသည္။

လီခ်န္းယုံက ၾကည့္မွန္ႀကီးထက္တြင္ ေပၚေနေသာ လင္းမိုႏွင့္ သူ၏ အသြက္အျပင္ကို ေငးစိုက္ၾကည့္ေနမိသည္။ လင္းမိုသည္ သူပထမဆုံး စ၍ေတြ႕ခဲ့သည့္ ႏွစ္မ်ားကထက္ ပို၍ တည္ၿငိမ္လာဟန္ရွိသည္။ မေျပာင္းလဲေသာ အခ်က္ကား လီခ်န္းယုံကို ျမတ္နိုးျခင္းမ်ားစြာျဖင့္ ေငးစိုက္ၾကည့္ေသာ မ်က္ဝန္းမ်ားပင္။ ထိုမ်က္ဝန္းတို႔က အစဥ္သျဖင့္ ႏူးညံ့ၿပီး လီခ်န္းယုံအတြက္ ထာဝရမေျပာင္းလဲမည့္ ခ်စ္ျခင္းတို႔ကို ေဖာ္က်ဴးေနသည္။

"လင္းမို''
လီခ်န္းယုံက ၾကည့္မွန္ထဲက လင္းမို၏ ပုံရိပ္ကို ေငးစိုက္ၾကည့္ကာ ေခၚလိုက္သည္။

လင္းမိုသည္လည္း ၾကည့္မွန္ထဲက လီခ်န္းယုံ၏ ပုံရိပ္ကို ၾကည့္ေနသည္။ ၾကည့္မွန္ျပင္မွ တစ္ဆင့္ ၎တို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆုံေနၾကသည္။

"ေျပာ! အားယုံေလး''

"ဒီေလာက္အခ်ိန္အၾကာႀကီး ရွိၿပီးတာေတာင္ မင္းဘာလို႔ အခ်စ္မေလ်ာ့ဘဲ ပိုပိုတိုးလာရတာလဲ''

လီခ်န္းယုံက သူ၏ ေအာက္ႏႈတ္ခမ္းကို ခပ္ဖြဖြဖိကိုက္ကာ ေမးလိုက္သည္။

လင္းမို၏ ႏႈတ္ခမ္းတို႔က ထုံးစံအတိုင္း ေကြးၫြတ္သြားသည္။ သူ၏ ပိရိေသသပ္ေသာ ႏႈတ္ခမ္းတို႔မွ ရင္တြင္းခံစားခ်က္မ်ား ပြင့္အံလာေလသည္။

"ကိုယ္ေတာ့္ရဲ႕ႏွလုံးသားတစ္ခုလုံးက အားယုံေလး ကိုေတြ႕ကတည္းက ကိုယ္ေတာ္မပိုင္ေတာ့ဘူး။ အသက္ေသြးေတြ စီးဝင္သလို ခ်စ္ျခင္းေတြကလည္း ဒီႏွလုံးသားထဲ စီးဝင္ေနေတာ့ ကိုယ္ေတာ္ ႏွလုံးခုန္တိုင္း အားယုံေလးလို႔ ျမည္ေနၿပီလားေတာင္ မသိဘူး။ ဒါေၾကာင့္ အခ်စ္ေတြက ေလ်ာ့သြားဖို႔ထက္ ႏွလုံးခုန္တိုင္းတိုးေနလို႔ ကိုယ္ေတာ္အခက္ေတြ႕ေနၿပီ''

ထိုသို႔ေျပာရင္း လင္းမိုက လီခ်န္းယုံ၏ နဖူးျပင္၌ ခပ္ဖြဖြအနမ္းတစ္ပြင့္ ခ်န္ထားလိုက္သည္။

_______________________________________________________

Continue Reading

You'll Also Like

4.4M 499K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
116K 11.8K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
Symphony By Missy

Fanfiction

84.1K 13.5K 24
ဘတ်​ဟျွန်းနီးက ကိုယ်​အမြဲနား​ထောင်​ချင်​မိတဲ့ ကိုယ့်​ရဲ့​တေးသွား​လေး ><
9.1K 735 34
အတိတ္​က ကိုယ္​ခ်စ္​ရတဲ့႐ိုးတံနီ​ေလး​ေရ မင္​း အခုဘယ္​ဆီမွာမ်ားလဲ...။ [စာ​ေရးသူ ငယ္​စဥ္​က မက္​ခဲ့ဖူး​ေသာအိမ္​မက္​တစ္​ခုကို အစျပဳကာ အျမတ္​တႏိုးဖန္​တီးထာ...