The Generous Poor With Really...

By Candle_00

68.5K 10.9K 1.1K

Completed✔✔ 📌 This is my second work of Translation.Not for money! Not my own story! I just want to share t... More

Synopsis
Chpater- 1
Chapter- 2
Chapter- 3
Chapter- 5
Chapter- 6
Chapter- 7
Chapter- 8
Chapter- 9
Chapter- 10
Chapter- 11 [Finale]
Appreciation Letter
-------

Chapter- 4

3.3K 824 128
By Candle_00

Zawgyi

ခ်ံဳးသာ့ဖန္းဟာ တစ္ပတ္လံုး က်န္းေ႐ွာင္ခ်ီးဆီမွာပဲ ထမင္းလာစားလိုက္ မုန္႔ဖိုးယူလိုက္နဲ႔ သာယာေနခဲ့တယ္။

ဒီေန႔ေတာ့ သူလစာထုတ္ခဲ့ၿပီ။ က်န္းေ႐ွာင္ခ်ီးကို ညေနအလုပ္ဆင္းရင္ လာေခၚမယ့္အေၾကာင္း သူလွမ္းေျပာရမယ္။ ၿပီးရင္ ကုန္တိုက္သြားၿပီး ပင္လယ္စာနဲ႔အသီးတခ်ိဳ႕ဝယ္ကာ ျမိဳင္ျမိဳင္ဆိုင္ဆိုင္ ပါတီအေသးစားေလးလုပ္မယ္ စဥ္းစားထားတယ္။

ဖုန္းေျပာေတာ့ ခ်ံဳးသာ့ဖန္းရဲ႕အသံက
ျမဴ းႂကြေနခဲ့တယ္......
"ဒီလ အေျခခံလစာေကာ အပိုဆုေကာေပးတာ ယြမ္ 10,000ရတယ္။ မင္း သရက္သီးမစားခ်င္ဘူးလား? ထိုင္းဘက္က တင္သြင္းတဲ့ အခံြပါးပါး သရက္သီးေတြ ငါဝယ္ခဲ့မယ္။"

က်န္းေ႐ွာင္ခ်ီး သူ႔လက္ထဲက ေငြစုစာအုပ္ကို ခဏခ်လိုက္ၿပီး တပ္ထားတဲ့ ေရႊေရာင္မ်က္မွန္ကို ခြၽတ္လိုက္တာေၾကာင့္ ၾကည္လဲ့လဲ့မ်က္ဝန္းတစ္စံုဟာ အတိုင္းသားေပၚလာတယ္။ ေသခ်ာၾကည့္မယ္ဆိုရင္ေတာ့ ထိုမ်က္ဝန္းလဲ့လဲ့ေအာက္က ဖံုးကြယ္ထားတဲ့ ေပ်ာ္ရႊင္မႈအရိပ္အေယာင္ေလးေတြဟာ
အထင္းသား..... ဒါေပမဲ့... "မဝယ္နဲ႔!အဲ့သရက္သီးေတြက ေစ်းႀကီးတယ္။ ပန္းသီးနည္းနည္းသာ ဝယ္ခဲ့ေခ်"

"ဒီတိုင္း သရက္သီးသာ ဝယ္စမ္းပါ။ အလံုးႀကီးႀကီ၊လွလွေတြ ငါေသခ်ာေရြးဝယ္ခဲ့မယ္။" ခ်ံဳးသားဖန္း အသံကို တိုးလိုက္ၿပီး ဆက္ေျပာလိုက္တယ္။ "ငါမင္းကုိ အခုထိ အေႂကြးတင္ေနတုန္းပဲမလား! ေန႔လယ္ထမင္းစားနားရင္ ATM ကိုသြားၿပီး ငါ ပိုက္ဆံသြားထုတ္ထားလိုက္မယ္။ ညေနေတြ႔ရင္ ေပးမယ္။ အဲ့ဒါဆို မင္းလည္း စိတ္ေအးလက္ေအးေနလို႔ရၿပီေလ။ မေကာင္းဘူးလား?"

"Alipay ကေန ေပးလိုက္ရင္ အဆင္ေျပေနတာပဲကို။ ဘာလို႔ေငြသြားထုတ္ေနမွာလဲ။ တကူးတကႀကီး ျဖစ္မေနဘူးလား?" က်န္းေ႐ွာင္ခ်ီးဟာ သတိမထားမိဘဲ လက္ထဲကေရႊကိုင္းတပ္မ်က္မွန္ကို ဟိုေရႊ႕ဒီေရႊ႕ကစားကာ အပ်ိဳျဖန္းေလး႐ွက္သလို ျပဳမူေနတယ္။ ၿပီးေတာ့ အသံေနအသံထားဟာဆိုရင္လည္း အရမ္းကို ႏူးညံ႔သိမ္ေမြ႔ေနတာေၾကာင့္ ရံုခန္းထဲက တျခားလုပ္ေဖာ္ကိုင္ဖက္ေတြကပါ အံ့ၾသတႀကီး လွမ္းၾကည့္ေနၾကတာကိုေတာ့ သူမသိလိုက္ဘူး။
[Alipay- somewhat like wave money]

က်န္းေ႐ွာင္ခ်ီးဟာ တစ္ကမာၻလံုးကိုေမ့ကာ ေခါင္းေလးေစာင္းၿပီး ဖုန္းထဲကအသံကိုသာ အာရံုစိုက္ထားတယ္။

တျခားတစ္ဖက္ကလည္း ခ်ံဳးသာ့ဖန္းရဲ႕ အသံစာစာဟာ စေနာက္ေနသံအျပည့္နဲ႔....."မင္းက စာအိတ္အနီေတြကို အႀကိဳက္ဆံုးပဲမလား? အဘြားေမာက္ဆီက အဲ့ဒါေလးေတြရတိုင္း မင္းမ်က္ႏွာကခ်ိဳအီေနတာပဲေလ"
[Red note - အန္ေပါင္း၊ဟုန္ေပါင္း။]

"အဓိပၸါယ္မ႐ွိတာ!" က်န္းေ႐ွာင္ခ်ီးတစ္ေယာက္ မ်က္ႏွာေလး ရဲတြတ္သြားတဲ့ထိ ႐ွက္သြားရေပမဲ့ ပါးစပ္ကထြက္သြားတဲ့စကားကေတာ့ ဘုကန္႔လန္႔။ ဖုန္းပါခ်ပစ္လိုက္တယ္။ အဲ့ခ်ံဳးသာ့ဖန္းက ဒီေန႔ဘာေတြေလ်ွာက္ေျပာေနမွန္း မသိပါဘူး။

အလုပ္ဆင္းတဲ့အခ်ိန္ေရာက္ေတာ့ ခ်ံဳးသာ့ဖန္းဆီမွ ကုမၸဏီေ႐ွ႕ေရာက္ေနၿပီဆိုတဲ့ ဖုန္းဝင္လာဖို႔အေရး သူ႔မွာ အၾကာႀကီးေစာင့္လိုက္ရတယ္။ ဖုန္းလာၿပီးတာနဲ႔ သူ႔အိတ္ကိုအျမန္ဆြဲကာ ခ်ံဳးသာ့ဖန္းဆီ တ႐ွိန္ထိုးေျပးသြားလိုက္တယ္။

ခ်ံဳးသာ့ဖန္းေ႐ွ႕ေရာက္ေတာ့ ကေလးေတြမုန္႔ဖိုးေတာင္းသလို လက္ဝါးေလးျဖန္႔ကာ ျဖန္႔ကာ ေတာင္းလိုက္မိတယ္။ "အန္ေပါင္းေပးမယ္ဆို... ဘယ္မွာလဲ ေပး....ေပး!"

သူေမ်ွာ္လင့္တၾကီး ​ေစာင့္စားေနေပမဲ့ ခ်ံဳးသာ့ဖန္းဆီမွ မ်က္ႏွာပ်က္ပ်က္နဲ႔ ေလသံတိုးတိုးသာထြက္လာတယ္။ "ဆိုင္ကယ္ေပၚ အရင္တက္ပါဦး"

က်န္းေ႐ွာင္ခ်ီးအျပံဳးေတြ ရပ္တန္႔သြားၿပီး သာ့ဖန္းေနာက္ကိုသြားကာ electric scooter ေလးေပၚ မေက်မနပ္နဲ႔ခြတက္လိုက္တယ္။ ဒါေပမဲ့ ခ်ံဳးသာ့ဖန္းရဲ႕ခါးတဝိုက္ကို သူ႔လက္ႏွစ္ဖက္နဲ႔ ေသခ်ာတင္းေနေအာင္ဖက္ထားဖို႔ေတာ့ သူမေမ့ဘူး။

ခ်ံဳးသာ့ဖန္းဟာ ျဖည္းျဖည္းေလးပဲေမာင္းေနတယ္။ ေ႐ွာင္ခ်ီး ေနာက္ကေန လွမ္းေမးလိုက္တယ္။ "ငါတို႔အခု ကုန္တိုက္ကိုသြားေနတာလား ကုန္စိမ္းေစ်းကိုသြားေနတာလား?"

ခ်ံဳးသာ့ဖန္း ျပန္မေျဖဘူး။ ဒါေၾကာင့္ မၾကားလိုက္ဘူးထင္ၿပီး သူေနာက္တစ္ႀကိမ္ထပ္ေမးဖို႔ ႀကိဳးစားလိုက္ေပမဲ့ ခ်ံဳးသာ့ဖန္းဟာ သူ႔ခါးကိုဖက္ထားတဲ့ ေ႐ွာင္ခ်ီးရဲ႕လက္ကို အသာပုတ္ၿပီး ေျပာလာတယ္။
"အရင္ျပန္ရေအာင္ေလ!"

ခ်ံဳးသာ့ဖန္းတစ္ေယာက္ ထူးဆန္းေနတယ္လို႔ သူခံစားေနရတယ္။ 'သူ႔'အသံက တမ်ိဳးျဖစ္ေနၿပီး ခါတိုင္းနဲ႔မတူဘူးလားလို႔? သူေနာက္ထပ္ ဘာစကားမွ မဆိုမိေတာ့ဘဲ သာ့ဖန္းရဲ႕ေခါင္းကိုသာ သံသယနဲ႔ စိုက္ၾကည့္ေနလိုက္ေတာ့တယ္။

ခ်ံဳးသာ့ဖန္းဟာ က်န္းေ႐ွာင္ခ်ီးကို သူ႔အိမ္သို႔ ေခၚသြားခဲ့တယ္။ ဧည္းခန္းထဲက ဆိုဖာေပၚမွာ ႏွစ္ေယာက္သား ဝင္ထိုင္ၿပီးတဲ့အခါမွာေတာ့ သာ့ဖန္းဟာ ေ႐ွာင္ခ်ီးကို တစ္ခုခုထုတ္ေျပာဖို႔ အသည္းအသန္ ၾကိဳးစားယူေနတယ္။
"ေ႐ွာင္ခ်ီးအာ... ဟိုဟာေလ.... ေဒါသမထြက္နဲ႔ေနာ္! အခုေလာေလာဆယ္ ငါမင္းကို အနီေရာင္စာအိတ္ေလး မေပးႏိုင္ေသးဘူးနဲ႔တူတယ္"

က်န္းေ႐ွာင္ခ်ီးကို ထိုကိစၥအား ဘယ္လိုဖြင့္ဟ႐ွင္းျပရမလဲဆိုတာ ခ်ံဳးသာ့ဖန္းမေတြးတတ္ဘဲ ခ်ီတုန္ခ်တုန္ျဖစ္ေနခဲ့ရတယ္။ အခုေတာ့ ေျပာခ်လိုက္ၿပီမို႔ ဘယ္လိုတုံ႔ျပန္ခ်က္ေတြ ရလာမလဲ သူ႔မွာ ရင္တထိတ္ထိတ္.....

"ငါ့အလုပ္က လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို နည္းနည္းေခ်းလိုက္ရလို႔ အခုေလာေလာဆယ္ေတာ့ မင္းပိုက္ဆံကို ငါျပန္မေပးႏိုင္ေလာက္ေသးဘူး......လို႔ထင္တယ္!"

ေ႐ွာင္ခ်ီးတစ္ေယာက္ ထိုစကားေအာက္ ႏွစ္စကၠန္႔ေလာက္ စြံ႕အသြားတယ္။ စိတ္ပ်က္မႈေတြဟာ ရင္ဘတ္ထဲက တလွိမ့္လွိမ့္တက္လာေနတယ္။ သူဟာ အဲ့ပိုက္ဆံနည္းနည္းေလးကိုရဖို႔အတြက္ တစ္ေန႔လံုး ေပ်ာ္ရႊင္စြာ ေစာင့္ေမ်ွာ္ေနခဲ့ရတယ္။ သူအစီအစဥ္ေတြေတာင္ ဆြဲထားၿပီးသား။ ပါတီလုပ္ဖုိ႔ ဝယ္ျခမ္းၾကတဲ့အခါ သူပါပိုက္ဆံစိုက္ၿပီး အရသာ႐ွိ႐ွိ ေသာက္စားၾကမယ္လို႔ စဥ္းစားထားခဲ့တာ။ အခုေတာ့ ခ်ံဳးသာ့ဖန္းဆီက ႐ုတ္တရက္ႀကီး ၾကားလိုက္ရတဲ့စကားေၾကာင့္ သူတစ္ေန႔လံုး ေပ်ာ္ေနခဲ့ရတဲ့ အေပ်ာ္ေတြဟာလည္း တိမ္စိုင္ေတြလို ေလႏွင္ရာ လြင့္ေမ်ာသြားၾကတယ္။

က်န္းေ႐ွာင္ခ်ီး လံုးဝမေပ်ာ္ႏိုင္ေတာ့ဘဲ ျပန္ေျပာမိတယ္။ "မင္းဘာေတြ ျဖစ္ေနတာလဲ..ဟမ္! ဘာလို႔ ကိုယ္ေျပာတဲ့စကား ကိုယ္မတည္ရတာလဲ?"

ခ်ံဳးသာ့ဖန္းကလည္း ကိုယ့္ကိုကိုယ္ ကာကြယ္ေျပာဆိုလိုက္တယ္။ "ငါ့လုပ္ေဖာ္ကုိင္ဖက္က ေငြအသည္းအသန္လိုေနလို႔ေလ! တကယ္လည္း ငါက အဲ့ေလာက္ႀကီး အလ်င္လိုေနတာမွမဟုတ္တာ... အဲ့ဒါေၾကာင့္ သူ႔ကိုအရင္ ေခ်းေပးလိုက္တာ!"

က်န္းေ႐ွာင္ခ်ီး တိုးတိုး၊တိုးတိုးနဲ႔ ေရရြတ္လိုက္တယ္။ "ဟမ့္.... ဘာအလ်င္မလိုုတာလဲ.....စားစရာေတာင္မ႐ွိဘဲနဲ႔မ်ား"

သူ သာ့ဖန္းကို ေမးလိုက္တယ္။ "မင္းလုပ္ေဖာ္ကိုင္ဖက္က ဘာကိစၥေၾကာင့္ ေငြအသည္းအသန္လိုေနတာလဲ? ဘယ္ေတာ့ျပန္ေပးမယ္ဆိုတာေရာ ေျပာသြားလား?"

ခ်ံဳးသာ့ဖန္း လ်ွာေတြေတာင္ လိပ္ကုန္တယ္။ "အဲ့....အဲ့....အဲ့ဒါက မေမးလိုက္မိဘူး! ၿပီးေတာ့ ငါတို႔က လုပ္ေဖာ္ကိုင္ဖက္ေတြပဲဟာ။ အေၾကာင္းျပခ်က္ေတြ ေမးေနစရာ လိုလို႔လား?"

အစကေတာ့ က်န္းေ႐ွာင္ခ်ီးဟာ စိတ္အနည္းငယ္ ပ်က္မိရံုေလာက္သာ ျဖစ္ေပမဲ့ အခုေတာ့ ေဒါသက ငယ္ထိပ္တက္ေဆာင့္ၿပီ။ "လုပ္ေဖာ္ကိုင္ဖက္ ျဖစ္ေနတာနဲ႔ပဲ.... ေမးစရာမလိုေတာ့ဘူးေပါ့! မင္းအရင္က ဟိုဟို၊ဒီဒီ ဒါနျပဳခဲ့တာေတြကိုေကာ မင္းရဲ႕လုပ္ေဖာ္ကုိင္ဖက္ဆိုတဲ့ဟာေတြက ျပန္ေပးခဲ႔ဖူးလို႔လား?"

"အဲ့ပိုက္ဆံေတြကို ျပန္မလိုခ်င္ခဲ့တဲ့လူက ငါပါ။"

"ေအ...အဲ့မွာ မင္းပဲရက္ေရာေန၊ မင္းပဲလူေကာင္းလုပ္။ မင္းဒါနပါရမီျဖည့္တဲ့ အေသးအမႊားဝယ္ေက်ြးတာေလာက္ကို စာရင္းထဲ ထည့္မေျပာေတာ့ဘူး။ သူတို႔ပိုက္ဆံေခ်းတယ္လို႔ ေခါင္းစဥ္တပ္ၿပီး ယူခဲ့တဲ့ပိုက္ဆံေတြေရာ ျပန္ေပးဖူးလို႔လား?"

က်န္းေ႐ွာင္ခ်ီး ေျပာေလ၊ေျပာေလ ေဒါသထြက္လာရေလပဲ။ ခ်ံဳးသားဖန္းရဲ႕ အဲ့လက္ဟာဆိုတာ လက္ထဲေငြ႐ွိၿပီဆိုတာနဲ႔ ယြပိုးထိုးေပးကမ္းခ်င္ေနေတာ့တာပဲ။ လုပ္ေဖာ္ကိုင္ဖက္ျဖစ္ျဖစ္၊ သူငယ္ခ်င္းျဖစ္ျဖစ္ သူကေတာ့အလြယ္တကူ ေပးလိုက္ေတာ့တာပဲ။

ခ်ံဳးသာ့ဖန္းရဲ႕တစ္လ၊တစ္လဝင္ေငြဟာ နည္းတယ္လို႔ ဆိုလို႔မရဘူး။ ဒါေပမဲ့ လမကုန္ခင္ကို သူ႔မွာေခါက္ဆြဲေျခာက္နဲ႔ ႏွစ္ပါးသြားေနရၿပီ။ ကံအက်ိဳးေပးေလးေကာင္းလို႔သာ က်န္းက်န္းမာမာေလး သန္စြမ္းေနလို႔။ မဟုတ္ရင္ ေနမေကာင္းျဖစ္လို႔မ်ားေတာ့လား.... အဖ်ားေပ်ာက္ေဆးေလာက္ေတာင္ ဝယ္ေသာက္ႏိုင္မွာမဟုတ္ဘူး....ဟမ့္!

ေတြးေလေလ...သူေဒါသအမ်က္ ေခ်ာင္းေခ်ာင္းထြက္ရၿပီး ခ်ံဳးသာ့ဖန္းကိုသာ လွိမ့္ဆူမိေတာ့တယ္။ "မင္းမွာ အသိတရားဆိုတာေရာ ႐ွိေသးရဲ႕လား? မင္းအလုပ္လုပ္တာပဲ ၾကာေနၿပီ... ပိုက္ဆံဘယ္ေလာက္ စုမိလဲ! ေဒၚလာ ၂၀ေတာင္ မျပည့္ဘူးမလား?"

က်န္းေ႐ွာင္ခ်ီးဆီမွ ျမင္းအီးေပါက္သလို တဘြတ္ဘြတ္ဆူတဲ့အသံေတြကို ခ်ံဳးသာ့ဖန္း မသက္မသာ နားေထာင္ေနခဲ့ရၿပီး ျပန္လည္တုပျငင္းခုန္ဖို႔လည္း သူမရဲေလဘူး။ ဒါေပမဲ့ က်န္းေ႐ွာင္ခ်ီးကေတာ့ ပိုပိုၿပီးေျပာလာေနတုန္းပဲ။ ဟိုးအရင္ႏွစ္ေတြတုန္းက သာ့ဖန္း laptop အပါအဝင္၊ တျခားအရာေတြကို ေလ်ွာက္ေပးပစ္ခဲ့တဲ့အေပၚ အျပစ္တင္ရံုသာမက တကၠသိုလ္တုန္းက အျဖစ္အပ်က္ေတြကိုပါ ျပန္ၿပီးအစဆြဲထုတ္ေနတယ္။

"မင္းက လူတိုင္းအေပၚကို အရမ္းလိုက္ေလ်ာလြန္းတယ္။ သူတို႔က မင္းကိုေက်းဇူးတင္မယ္ထင္လို႔လား! ေနာက္ဆံုးတစ္ေခါက္တုန္းကလည္း ခ်န္႐ွီး႐ွီးရဲ႕ ဗိုက္ထဲက ကေလးက မင္းကေလးမဟုတ္ဘဲနဲ႔ေတာင္ ကိုယ္ဝန္ပ်က္က်ေတာ့ မင္းက သူ(မ)ကို ပိုက္ဆံေပးလိုက္ေသးတယ္။ အဲ့ ခ်န္႐ွီး႐ွီးက မင္းေကာင္းေၾကာင္းကို တစ္ခြန္းမွေတာင္ ေျပာခဲ႔တာမဟုတ္ဘူး"

ခ်ံဳးသာ့ဖန္း အဆူခံရလြန္းလို႔ စိတ္ေတြလည္းညစ္လွၿပီ။ သူနည္းနည္းေလာက္ျပန္ေျပာဖို႔ ပါးစပ္ကို ဖြင့္လိုက္ခ်ိန္မွာေတာ့ ထိန္းခ်ဳပ္ဖို႔ အခ်ိန္ေႏွာင္းသြားေလၿပီ။ "သူ(မ)က ငါ့ရည္းစားေဟာင္းပဲေလ။ သူ႔ကို ရက္ရက္ေရာေရာ ငါေပးလိုက္တယ္။ အဲ့အထိလိုက္ၿပီး ဂ႐ုစိုက္ေနဖို႔ မင္းမွာ ဘာအခြင့္အေရး ႐ွိလို႔လဲ "

သူ႔စကားေတြဟာ ပူညံပူညံလုပ္ေနတဲ့ က်န္းေ႐ွာင္ခ်ီးရဲ႕ပါးစပ္ကုိ ခ်က္ခ်င္းပဲ ပိတ္သြားေစတယ္။ ရုတ္တရက္ၾကီး အခန္းတစ္ခုလံုးဟာ အပ္က်သံပင္ ၾကားရေလာက္တဲ့အထိ တိတ္ဆိတ္သြားခဲ့တယ္။

ေ႐ွာင္ခ်ီးဟာ သာ့ဖန္းေျပာထြက္လာတဲ့စကားေတြအေပၚ မယံုႏိုင္သလို သာ့ဖန္းကိုစိုက္ၾကည့္ေနခဲ့တယ္။ ဒါေပမဲ့ ခ်ံဳးသာ့ဖန္းရဲ႕ သူ႔စကားသူအေပၚ ေနာင္တရတဲ့အမူအရာတခ်ိဳ႕နဲ႔ အခုအေျခအေနကို ဘယ္လိုျပန္ကုစားရမလဲ ေတြေဝေနမႈတို႔ကို ေ႐ွာင္ခ်ီးျမင္လိုက္ရေတာ့ သူမွားၿပီး ၾကားမိတာမဟုတ္ဘူးဆိုတာ သေဘာေပါက္သြားရတယ္။ သာ့ဖန္းက တကယ္ပဲ ထိုစကားကို ေျပာထြက္ခဲ့တာပဲ.....

ေနာက္ဆံုးေတာ့ နားလည္သြားရၿပီ။ က်န္းေ႐ွာင္ခ်ီးဟာ သူ႔ပါးစပ္သူပိတ္လိုက္ၿပီး မ်က္လႊာကို ခ်လိုက္တယ္။ သူ႔မ်က္ႏွာတစ္ခုလံုးဟာ မယံုႏိုင္ျခင္းနဲ႔ဝမ္းနည္းျခင္းေတြ အတိုင္းသားတင္ဟပ္ေနတယ္။

က်န္းေ႐ွာင္ခ်ီး မတ္တပ္ထရပ္လိုက္ၿပီး ေျခာက္ကပ္ကပ္ေျပာလိုက္တယ္။ "ငါအရင္ ျပန္ႏွင့္ေတာ့မယ္!"

ထို႔ေနာက္ သူ႔အိတ္ကိုဆြဲကာ ထိုေနရာမွ အျမန္ပဲေျပးထြက္ခဲ့မိတယ္။

လမ္းေပၚေရာက္တာနဲ႔ သူ႔ေျခလွမ္းေတြဟာ ပက္က်ိတစ္ေကာင္လို ေႏွးေကြးသြားၿပီး သူ႔အိတ္ေလးကို ဝမ္းနည္းစြာေထြးပိုက္မိတယ္။

အခုသူ႔ရင္ဘတ္ထဲမွာ ေဒါသဆိုလို႔ ျမဴတစ္မႈန္ေတာင္႐ွိမေနဘူး..... အခုက.... အခုက... ႏွလံုးသားတစ္ခုလံုး ဆြဲထုတ္ခံလိုက္ရသလို ဘာမွခံစားလို႔မရေတာ့တာ...

သာ့ဖန္းေျပာတဲ့စကားေတြက မွန္တယ္ဆိုတာ သူဝန္ခံပါတယ္။ ခ်ံဳးသားဖန္းရဲ႕ ေနထိုင္မႈပံုစံနဲ႔ ပတ္သက္ၿပီး သူ႔မွာ ဘာမွေဝဖန္ပိုင္ခြင့္၊ အျပစ္တင္ပိုင္ခြင့္မ႐ွိဘူး.... အဲ့တာ'သူ႔'ဘဝပဲေလ။ သာ့ဖန္းေျပာသလို သူ႔မွာဘာအခြင့္႐ွိမွာတဲ့လဲ?

က်န္းေ႐ွာင္ခ်ီး၊ မင္းမွာ ထိန္းခ်ဳပ္ပိုင္ခြင့္မရွိဘူး။ မင္းစည္းေတြေက်ာ္ေနၿပီ။

သူ႔ကိုယ္သူ တည္တည္ၿငိမ္ၿငိမ္ သတိေပးလိုက္တယ္။ ခင္မင္မႈႏွစ္ေပါင္း ဘယ္ေလာက္ပဲၾကာၾကာ သူအဲ့လိုေတာ့ ဝင္မစြက္ဖက္ခဲ့သင့္ဘူး။

သူဟာ အျမဲတမ္း ခ်ံဳးသာ့ဖန္းရဲ႕ ဘဝကို သတိလက္လြတ္ ဝင္ေရာက္ေႏွာက္ယွက္ခဲ့မိတယ္။ ခ်ံဳးသာ့ဖန္းဘက္က အခုလို ပြင့္ပြင့္လင္းလင္း ထုတ္မေျပာလာသ၍ သူကေတာ့ မသိခ်င္ေယာင္ ေဆာင္ခဲ့မိတယ္။

ဒါေပမဲ့ အတုအေယာင္ဆိုတာဟာ အတုအေယာင္သပ္သပ္ပဲေလ။ တကယ္တမ္း သူ႔ကို တစ္စံုတစ္ေယာက္က 'မင္းမွာလံုးဝအခြင့္မ႐ွိဘူး' လို႔ ေျပာလာခ်ိန္မွာေတာ့ အရင္ကထက္ပိုၿပီးေတာ့ေတာင္ သိမ္ငယ္မိတယ္။ အဲ့ဒါဟာ ေတြးၾကည့္လိုက္ရင္ သူ႔ရဲ႕'အဲ့ေသာက္သံုးမက်တဲ့ အေတြးေတြ'အကုန္လံုး ေနေရာင္ထိုးခံရသလို ဗြင္းဗြင္းႀကီးေပၚသြားခဲ့တယ္လို႔ပဲ ခံစားရတယ္။

သူကားလမ္းကို ျဖတ္ကူးလိုက္ၿပီး အေလ့အက်င့္ျဖစ္ေနတဲ့ ေျခေထာက္ေတြဟာ တိုက္ခန္းအေဆာက္အဦးရဲ႕ ေျခာက္လႊာအထိ တျဖည္းျဖည္းခ်င္း တက္ေနတယ္။ အခန္းေ႐ွ႕ ေရာက္တဲ့အခ်ိန္မွာေတာ့ သူေမာဟိုက္ေနခဲ့ၿပီ။ တံခါးကိုေက်ာမွီကာ ထိုင္ခ်လိုက္မိတယ္။ သူ႔မွာအခု အခန္းတံခါးဖြင့္ဖို႔ေတာင္ အင္အားမ႐ွိေတာ့ဘူး။

ပံုမွန္ဆို ေျခာက္လႊာကို အခုေလာက္ျမင့္တယ္လို႔ သူတစ္ခါမွ မခံယူခဲ့ဖူးေပ။ ဓာတ္ေလွကားမပါတဲ့ အေဆာက္အအံုေဟာင္းေတြဟာ တကယ္ပဲမေကာင္းပါလား! သူဟာ အဲ့အတိုင္း ငုတ္တုပ္ထိုင္ေနရင္းပဲ အေတြးေတြဟာ ေတာင္ေရာက္လိုက္၊ေျမာက္ေရာက္လို္က္.....

သူ ခ်ံဳးသာ့ဖန္းအေၾကာင္းကို ထပ္ေတြးမိျပန္တယ္။ သူဟာ လက္ေပါက္ကပ္ တဲ့လူတစ္ေယာက္မွန္း က်န္းေ႐ွာင္ခ်ီး ကိုယ့္ကိုကိုယ္သိပါတယ္။ သူကအျမဲတမ္းပဲ ေရေႏြးအိုးပြက္သလို တပြက္ပြက္ဆူညံတတ္တယ္..... မရပ္မနား အျပစ္တင္ႏိုင္တယ္။ သူ႔လိုလူကို ဘယ္သူကမ်ား သည္းခံႏိုင္မွာတဲ့လဲ?

ဒါေပမဲ့ သူဟာ အဓိပၸါယ္မ႐ွိတဲ့ အေၾကာင္းအရာေတြအေပၚ ပြစိပြစိလုပ္ခဲ့ဖူးလို႔လား? က်န္းေ႐ွာင္ခ်ီးရဲ႕ စိတ္ထဲမွာ ခ်န္႐ွီး႐ွီးရဲ႕နာမည္ဟာ ထပ္ေပၚလာျပန္တယ္။ သူကဘာလို႔ အဲ့ခ်န္႐ွီး႐ွီးကို စကားထဲထည့္ေျပာမိခဲ့ပါလိမ့္! အဲ့အျဖစ္အပ်က္က ၾကာပဲၾကာလွေနၿပီ။ သူတို႔ဘြဲ႔ယူၿပီးတာျဖင့္ ေလးႏွစ္ေတာင္ၾကာခဲ့ၿပီကို သူကအခုထိ မေမ့ႏိုင္ေသးဘူးနဲ႔တူတယ္။

ခ်န္႐ွီး႐ွီး..... သူတို႔ရဲ႕အတန္းေဖာ္ေကာင္မေလး။ သာ့ဖန္းရဲ႕ ရည္းစားေဟာင္းဆိုလည္း မမွားဘူး။

အဲ့တုန္းက ႐ွား႐ွားပါးပါး သူ တစ္ခါစိတ္ေကာင္းဝင္ကာ ရက္ေရာခဲ့တဲ့ အမႈကိစၥတစ္ခုကို မွတ္မိေနတုန္းပဲ။ တစ္ခါက....သူ႐ုပ္႐ွင္လက္မွတ္ႏွစ္ေစာင္ကို အႏွေျမာမ႐ွိ ဝယ္ခဲ့ဖူးတယ္။ ေသခ်ာေပါက္ သာ့ဖန္းနဲ႔သြားၾကည့္ဖို႔ေပါ့! ဇာတ္ကားက ႐ိုးမန္႔ကားတစ္ကားပဲ......

လက္မွတ္ႏွစ္ေစာင္ကို လက္ထဲခပ္တင္းတင္းဆုပ္ျပီး သူ႔ကိုယ္သူစိတ္အားတင္းကာ ဘဝမွာ အခက္ခဲဆံုး ေမးခြန္းတစ္ခုေမးဖို႔ သူဆံုးျဖတ္ခဲ့တယ္။
"ငါနဲ႔အတူသြားၾကည့္ၾကမလား ခ်ံဳးသာ့ဖန္း?"

ဒါေပမဲ့ သူေျပာမထြက္ရေသးခင္မွာတင္ သာ့ဖန္းဟာ ခ်န္႐ွီး႐ွီးကို ခ်စ္ခြင့္ပန္တဲ့ေနရာမွာ ကူညီေပးဖို႔ ထက္သန္ေနဟန္နဲ႔ သူ႔ကို အကူအညီေတာင္းလာခဲ့တယ္။

သာ့ဖန္းဟာ တကၠသိုလ္က တျခားေကာင္ေလးေတြလိုပဲ...... ကိစၥေတြကို အရမ္းႀကီးလိုက္ေတြးမေနဘဲ လုပ္ခ်လိုက္တာပဲ! 'သူ'ဟာ ေရာင္စံုဖေယာင္းတိုင္ေလးေတြ ဝယ္လာၿပီး တျခားဘာမွကြန္႔ၫြန္႔မေနဘူး..... ႐ိုး႐ိုး႐ွင္း႐ွင္းပဲ ထိုမိန္းကေလးရဲ႕ အေဆာင္ေ႐ွ႕မွာ အသည္းပံု ပံုစံေဖာ္လိုက္တယ္။

ထိုညမွာ ေ႐ွာင္ခ်ီးဟာ ခါးကိုကိုင္းကာ ေျမျပင္ေပၚက ဖေယာင္းတိုင္တစ္တိုင္ခ်င္းစီကို လိုက္ၿပီး မီးညႇိေပးခဲ့ရတယ္။ သာ့ဖန္း တစ္စံုတစ္ေယာက္ကို ခ်စ္ခြင့္ပန္ေနတဲ့အခ်ိန္ သူကေတာ့ ဖေယာင္းတိုင္မၿငိမ္းေအာင္သာ ဂ႐ုစိုက္ေနခဲ့တယ္။

အခ်ိန္ေတြကုန္လာတာနဲ႔အမ်ွ ေကာင္းကင္ႀကီးဟာလည္း တျဖည္းျဖည္းမဲေမွာင္လာတယ္။ မိန္းကေလးေဆာင္မွ ေက်ာင္းသူေလးေတြဟာလည္း မသိမသာကေန သိသိသာသာအထိ လာေရာက္စပ္စုကုန္ၾကတယ္။

ထိုညက လမိုက္ညျဖစ္တာေၾကာင့္ ေကာင္းကင္မွာ ၾကယ္တစ္ပြင့္ေတာင္မလင္းဘဲ ႐ွင္းလင္းေနခဲ့တယ္။ ေလညင္းတေသြ႔ေသြ႔ကလည္း ညင္သာစြာတိုက္ခတ္ေနတာေၾကာင့္ ေနရထိုင္ရတာ သက္ေသာင့္သက္သာ႐ွိၿပီး ဖေယာင္းတိုင္ၿငိမ္းသြားဖို႔အတြက္လည္း စိတ္ပူရန္မလိုေပ။

က်န္းေ႐ွာင္ခ်ီးဟာ ရည္ရြယ္ခ်က္မ႐ွိ ဖေယာင္းတိုင္ေတြကို ေရတြက္မိတယ္..... တစ္ေခ်ာင္း.....ႏွစ္ေခ်ာင္း....ငါးေခ်ာင္း.....

မိနစ္တိုင္း၊စကၠန္းတိုင္းဟာ ႐ုပ္႐ွင္စတင္ျပသမယ့္အခ်ိန္ကို တျဖည္းျဖည္းတိုက္စားသြားခဲ့တယ္။ ႐ွိသင့္တဲ့ ၾကည့္႐ႈသူႏွစ္ေယာက္ကေတာ့ ထိုေနရာသို႔ ဘယ္တုန္းကမွ မေရာက္ျဖစ္ခဲ့ေပမဲ့လို႔....

အဲ့ဒါက က်န္းေ႐ွာင္ခ်ီးဘဝမွာ အျဖဳန္းတီးမိဆံုး လုပ္ရပ္တစ္ခုသာျဖစ္တယ္။

ဖေယာင္းတိုင္မီးအားကိုးနဲ႔ ခ်ံဳးသာ့ဖန္းဟာ သူ႔ရဲ႕ပထမဆံုးရည္းစားကို ဖမ္းခ်ဳပ္ႏိုင္ခဲ့တယ္။ လာၾကည့္ေနၾကတဲ့ ေက်ာင္းသူ၊ေက်ာင္းသားေတြဟာလည္း ေကာင္းခ်ီးၾသဘာေတြေပးလို႔.... အရာအားလံုးက လွပလို႔ေပါ့......

က်န္းေ႐ွာင္ခ်ီးဟာ ျမင္ကြင္းကို မလွမ္းမကမ္း၊ ဖ​ေယာင္းတိုင္အလင္းမေရာက္တဲ့ အရိပ္တစ္ေနရာကေန ရပ္ၾကည့္ေနခဲ့တယ္။ ထိုစိတ္လႈပ္႐ွားစရာ ျမင္ကြင္းတစ္ခုလံုးဟာ သူနဲ႔ဘာမွမဆိုင္သလို......

႐ုပ္႐ွင္လက္မွတ္ႏွစ္ေစာင္ဟာ ေဒၚလာငါးဆယ္ေပးခဲ့ရတယ္။ အျမဲတမ္း စိစိစစ္စစ္သံုးတတ္တဲ့ သူ႔အဖို႔ ဒီလိုအေလအလြင့္ျဖစ္သြားမႈဟာ တကယ္ေခါင္းကိုက္ေစတယ္။ သူေသေတာ့မလိုပဲ....

ထိုအခ်ိန္မွစ၍ ေနာက္တစ္ခါ ႐ုပ္႐ွင္လက္မွတ္အတြက္ ပိုက္ဆံအမ်ားႀကီး မသံုးေတာ့ဘူးလို႔ သူသံဓိဌာန္ ခ်ခဲ့တယ္။

ေ႐ွာင္ခ်ီး ဒူးကိုေကြးကာ ထိုေပၚသို႔ မ်က္ႏွာအပ္မိတယ္။ အခန္းေရွ႕က ေလွကားေထာင့္ခ်ိဳးကို ေငးၾကည့္ရင္း မ်က္ရည္ေတြဟာ အတားအဆီးမ႐ွိ စီးက်လာတယ္။

လူပ်ိဳေဖာ္ဝင္တဲ့အခ်ိန္ကစလို႔ သူလႊတ္မခ်ရက္ခဲ႔ဘဲ တျဖည္းျဖည္း အ​ေျခတည္လာခဲ့ရတဲ့ ဆႏၵေလး.... ရႊံ႕ေတြ၊ျပာေတြေအာက္ အျမဲကြယ္ဝွက္ခဲ့ရတဲ့ ဆႏၵေလး... အႀကိမ္ႀကိမ္နည္းေပါင္းစံုနဲ႔ ႀကိဳးစားၾကည့္ခဲ့ေပမဲ့ မျပည့္​ေျမာက္ခဲ့တဲ့ ဆႏၵေလး..... အဲ့ဆႏၵေလးဟာ အခုထိ သူ႔ကိုမလြတ္ေျမာက္ခြင့္မေပးဘဲ ႏွိပ္စက္ေနေနဆဲ.....

ငါအေကာင္းဆံုးလုပ္ခဲ့တယ္။ တကယ္ကို အေကာင္းဆံုးပဲ....

ဒါေပမဲ့ ဘယ္အခ်က္ကမ်ား ငါအေကာင္းဆံုးလုပ္ခဲ့ေၾကာင္း ျပေနပါလိမ့္! စာအုပ္ေပၚမွာ ေရးခဲ့ဖူးတဲ့ စာလံုးေလးကို မင္နဲ႔ ဖံုးလႊမ္းလိုက္ရင္ေတာင္ မင္ရာေတာ့ က်န္ေနဆဲမဟုတ္လား!

ႏွလံုးသားထက္က ျပတ္႐ွရာေလးေတြကို တစ္ရက္ထက္တစ္ရက္ ျမင့္မားခိုင္ခံ့တဲ့ တံတိုင္းေတြနဲ႔ အထပ္ထပ္ကာရံခဲ့တယ္။ ဒါေပမဲ့ အဲ့အုတ္နံရံေတြၿပိဳက်ၿပီး အုတ္က်ိဳးေတြျပန္႔က်ဲသြားခ်ိန္မွာေတာ့ ႐ွိေနတဲ့နဂိုရွိရင္းစြဲ ဒဏ္ရာ​ေတြဟာ ဗြင္းဗြင္းႀကီး ေပၚလာေတာ့တာပဲ။ ေသြးစိမ္း႐ွင္႐ွင္ထြက္လို႔.....

သူ႔ေလ့က်င့္ခန္းစာအုပ္အေဟာင္းေလးထဲက ပထမဆံုးစာမ်က္ႏွာမွာ စာလံုးေလးသံုးလံုး ႐ွိခဲ့ဖူးတယ္။

ခ်ံဳး သာ့ ဖန္း

----------

Q&A session starts!

Q1: Zheng Xiaoqi က အ​ေႂကြးျပန္မရလို႔ စိတ္ပ်က္သြားတာလား? စာအိတ္နီ​ေလးမရလို႔ စိတ္ပ်က္သြားတာလား?

Q2: ႐ုပ္႐ွင္လက္မွတ္အ​ေလအလြင့္ျဖစ္သြားလို႔ ​ေသ​ေတာ့မလိုခံစားရတာလား? ခြက္႐ွ္​ေလးသူမ်ား​ေနာက္ပါသြားလို႔ အသည္းကြဲသြာ​းတာလား?

ေတာင္ေရာက္ေျမာက္ေရာက္အေတြးေတြဆိုေတာ့ တကယ္ကိုေတာင္ေရာက္ေျမာက္ေရာက္ပါပဲ။ အဆက္အစပ္႐ွိမေနဘူး.....

comedy tagႀကီး သြားျပန္ျဖဳတ္လိုက္​အံုးမယ္။ ဘိုင္!

Xie Xie DaJia💚

***************

Unicode

Zawgyi

ချုံးသာ့ဖန်းဟာ တစ်ပတ်လုံး ကျန်းရှောင်ချီးဆီမှာပဲ ထမင်းလာစားလိုက် မုန့်ဖိုးယူလိုက်နဲ့ သာယာနေခဲ့တယ်။

ဒီနေ့တော့ သူလစာထုတ်ခဲ့ပြီ။ ကျန်းရှောင်ချီးကို ညနေအလုပ်ဆင်းရင် လာခေါ်မယ့်အကြောင်း သူလှမ်းပြောရမယ်။ ပြီးရင် ကုန်တိုက်သွားပြီး ပင်လယ်စာနဲ့အသီးတချို့ဝယ်ကာ မြိုင်မြိုင်ဆိုင်ဆိုင် ပါတီအသေးစားလေးလုပ်မယ် စဉ်းစားထားတယ်။

ဖုန်းပြောတော့ ချုံးသာ့ဖန်းရဲ့အသံက
မြူ းကြွနေခဲ့တယ်......
"ဒီလ အခြေခံလစာကော အပိုဆုကောပေးတာ ယွမ် 10,000ရတယ်။ မင်း သရက်သီးမစားချင်ဘူးလား? ထိုင်းဘက်က တင်သွင်းတဲ့ အခွံပါးပါး သရက်သီးတွေ ငါဝယ်ခဲ့မယ်။"

ကျန်းရှောင်ချီး သူ့လက်ထဲက ငွေစုစာအုပ်ကို ခဏချလိုက်ပြီး တပ်ထားတဲ့ ရွှေရောင်မျက်မှန်ကို ချွတ်လိုက်တာကြောင့် ကြည်လဲ့လဲ့မျက်ဝန်းတစ်စုံဟာ အတိုင်းသားပေါ်လာတယ်။ သေချာကြည့်မယ်ဆိုရင်တော့ ထိုမျက်ဝန်းလဲ့လဲ့အောက်က ဖုံးကွယ်ထားတဲ့ ပျော်ရွှင်မှုအရိပ်အယောင်လေးတွေဟာ
အထင်းသား..... ဒါပေမဲ့... "မဝယ်နဲ့!အဲ့သရက်သီးတွေက ဈေးကြီးတယ်။ ပန်းသီးနည်းနည်းသာ ဝယ်ခဲ့ချေ"

"ဒီတိုင်း သရက်သီးသာ ဝယ်စမ်းပါ။ အလုံးကြီးကြီ၊လှလှတွေ ငါသေချာရွေးဝယ်ခဲ့မယ်။" ချုံးသားဖန်း အသံကို တိုးလိုက်ပြီး ဆက်ပြောလိုက်တယ်။ "ငါမင်းကို အခုထိ အကြွေးတင်နေတုန်းပဲမလား! နေ့လယ်ထမင်းစားနားရင် ATM ကိုသွားပြီး ငါ ပိုက်ဆံသွားထုတ်ထားလိုက်မယ်။ ညနေတွေ့ရင် ပေးမယ်။ အဲ့ဒါဆို မင်းလည်း စိတ်အေးလက်အေးနေလို့ရပြီလေ။ မကောင်းဘူးလား?"

"Alipay ကနေ ပေးလိုက်ရင် အဆင်ပြေနေတာပဲကို။ ဘာလို့ငွေသွားထုတ်နေမှာလဲ။ တကူးတကကြီး ဖြစ်မနေဘူးလား?" ကျန်းရှောင်ချီးဟာ သတိမထားမိဘဲ လက်ထဲကရွှေကိုင်းတပ်မျက်မှန်ကို ဟိုရွှေ့ဒီရွှေ့ကစားကာ အပျိုဖြန်းလေးရှက်သလို ပြုမူနေတယ်။ ပြီးတော့ အသံနေအသံထားဟာဆိုရင်လည်း အရမ်းကို နူးညံ့သိမ်မွေ့နေတာကြောင့် ရုံခန်းထဲက တခြားလုပ်ဖော်ကိုင်ဖက်တွေကပါ အံ့သြတကြီး လှမ်းကြည့်နေကြတာကိုတော့ သူမသိလိုက်ဘူး။
[Alipay- somewhat like wave money]

ကျန်းရှောင်ချီးဟာ တစ်ကမ္ဘာလုံးကိုမေ့ကာ ခေါင်းလေးစောင်းပြီး ဖုန်းထဲကအသံကိုသာ အာရုံစိုက်ထားတယ်။

တခြားတစ်ဖက်ကလည်း ချုံးသာ့ဖန်းရဲ့ အသံစာစာဟာ စနောက်နေသံအပြည့်နဲ့....."မင်းက စာအိတ်အနီတွေကို အကြိုက်ဆုံးပဲမလား? အဘွားမောက်ဆီက အဲ့ဒါလေးတွေရတိုင်း မင်းမျက်နှာကချိုအီနေတာပဲလေ"
[Red note - အန်ပေါင်း၊ဟုန်ပေါင်း။]

"အဓိပ္ပါယ်မရှိတာ!" ကျန်းရှောင်ချီးတစ်ယောက် မျက်နှာလေး ရဲတွတ်သွားတဲ့ထိ ရှက်သွားရပေမဲ့ ပါးစပ်ကထွက်သွားတဲ့စကားကတော့ ဘုကန့်လန့်။ ဖုန်းပါချပစ်လိုက်တယ်။ အဲ့ချုံးသာ့ဖန်းက ဒီနေ့ဘာတွေလျှောက်ပြောနေမှန်း မသိပါဘူး။

အလုပ်ဆင်းတဲ့အချိန်ရောက်တော့ ချုံးသာ့ဖန်းဆီမှ ကုမ္ပဏီရှေ့ရောက်နေပြီဆိုတဲ့ ဖုန်းဝင်လာဖို့အရေး သူ့မှာ အကြာကြီးစောင့်လိုက်ရတယ်။ ဖုန်းလာပြီးတာနဲ့ သူ့အိတ်ကိုအမြန်ဆွဲကာ ချုံးသာ့ဖန်းဆီ တရှိန်ထိုးပြေးသွားလိုက်တယ်။

ချုံးသာ့ဖန်းရှေ့ရောက်တော့ ကလေးတွေမုန့်ဖိုးတောင်းသလို လက်ဝါးလေးဖြန့်ကာ ဖြန့်ကာ တောင်းလိုက်မိတယ်။ "အန်ပေါင်းပေးမယ်ဆို... ဘယ်မှာလဲ ပေး....ပေး!"

သူမျှော်လင့်တကြီး စောင့်စားနေပေမဲ့ ချုံးသာ့ဖန်းဆီမှ မျက်နှာပျက်ပျက်နဲ့ လေသံတိုးတိုးသာထွက်လာတယ်။ "ဆိုင်ကယ်ပေါ် အရင်တက်ပါဦး"

ကျန်းရှောင်ချီးအပြုံးတွေ ရပ်တန့်သွားပြီး သာ့ဖန်းနောက်ကိုသွားကာ electric scooter လေးပေါ် မကျေမနပ်နဲ့ခွတက်လိုက်တယ်။ ဒါပေမဲ့ ချုံးသာ့ဖန်းရဲ့ခါးတဝိုက်ကို သူ့လက်နှစ်ဖက်နဲ့ သေချာတင်းနေအောင်ဖက်ထားဖို့တော့ သူမမေ့ဘူး။

ချုံးသာ့ဖန်းဟာ ဖြည်းဖြည်းလေးပဲမောင်းနေတယ်။ ရှောင်ချီး နောက်ကနေ လှမ်းမေးလိုက်တယ်။ "ငါတို့အခု ကုန်တိုက်ကိုသွားနေတာလား ကုန်စိမ်းဈေးကိုသွားနေတာလား?"

ချုံးသာ့ဖန်း ပြန်မဖြေဘူး။ ဒါကြောင့် မကြားလိုက်ဘူးထင်ပြီး သူနောက်တစ်ကြိမ်ထပ်မေးဖို့ ကြိုးစားလိုက်ပေမဲ့ ချုံးသာ့ဖန်းဟာ သူ့ခါးကိုဖက်ထားတဲ့ ရှောင်ချီးရဲ့လက်ကို အသာပုတ်ပြီး ပြောလာတယ်။
"အရင်ပြန်ရအောင်လေ!"

ချုံးသာ့ဖန်းတစ်ယောက် ထူးဆန်းနေတယ်လို့ သူခံစားနေရတယ်။ 'သူ့'အသံက တမျိုးဖြစ်နေပြီး ခါတိုင်းနဲ့မတူဘူးလားလို့? သူနောက်ထပ် ဘာစကားမှ မဆိုမိတော့ဘဲ သာ့ဖန်းရဲ့ခေါင်းကိုသာ သံသယနဲ့ စိုက်ကြည့်နေလိုက်တော့တယ်။

ချုံးသာ့ဖန်းဟာ ကျန်းရှောင်ချီးကို သူ့အိမ်သို့ ခေါ်သွားခဲ့တယ်။ ဧည်းခန်းထဲက ဆိုဖာပေါ်မှာ နှစ်ယောက်သား ဝင်ထိုင်ပြီးတဲ့အခါမှာတော့ သာ့ဖန်းဟာ ရှောင်ချီးကို တစ်ခုခုထုတ်ပြောဖို့ အသည်းအသန် ကြိုးစားယူနေတယ်။
"ရှောင်ချီးအာ... ဟိုဟာလေ.... ဒေါသမထွက်နဲ့နော်! အခုလောလောဆယ် ငါမင်းကို အနီရောင်စာအိတ်လေး မပေးနိုင်သေးဘူးနဲ့တူတယ်"

ကျန်းရှောင်ချီးကို ထိုကိစ္စအား ဘယ်လိုဖွင့်ဟရှင်းပြရမလဲဆိုတာ ချုံးသာ့ဖန်းမတွေးတတ်ဘဲ ချီတုန်ချတုန်ဖြစ်နေခဲ့ရတယ်။ အခုတော့ ပြောချလိုက်ပြီမို့ ဘယ်လိုတုံ့ပြန်ချက်တွေ ရလာမလဲ သူ့မှာ ရင်တထိတ်ထိတ်.....

"ငါ့အလုပ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို နည်းနည်းချေးလိုက်ရလို့ အခုလောလောဆယ်တော့ မင်းပိုက်ဆံကို ငါပြန်မပေးနိုင်လောက်သေးဘူး......လို့ထင်တယ်!"

ရှောင်ချီးတစ်ယောက် ထိုစကားအောက် နှစ်စက္ကန့်လောက် စွံ့အသွားတယ်။ စိတ်ပျက်မှုတွေဟာ ရင်ဘတ်ထဲက တလှိမ့်လှိမ့်တက်လာနေတယ်။ သူဟာ အဲ့ပိုက်ဆံနည်းနည်းလေးကိုရဖို့အတွက် တစ်နေ့လုံး ပျော်ရွှင်စွာ စောင့်မျှော်နေခဲ့ရတယ်။ သူအစီအစဉ်တွေတောင် ဆွဲထားပြီးသား။ ပါတီလုပ်ဖို့ ဝယ်ခြမ်းကြတဲ့အခါ သူပါပိုက်ဆံစိုက်ပြီး အရသာရှိရှိ သောက်စားကြမယ်လို့ စဉ်းစားထားခဲ့တာ။ အခုတော့ ချုံးသာ့ဖန်းဆီက ရုတ်တရက်ကြီး ကြားလိုက်ရတဲ့စကားကြောင့် သူတစ်နေ့လုံး ပျော်နေခဲ့ရတဲ့ အပျော်တွေဟာလည်း တိမ်စိုင်တွေလို လေနှင်ရာ လွင့်မျောသွားကြတယ်။

ကျန်းရှောင်ချီး လုံးဝမပျော်နိုင်တော့ဘဲ ပြန်ပြောမိတယ်။ "မင်းဘာတွေ ဖြစ်နေတာလဲ..ဟမ်! ဘာလို့ ကိုယ်ပြောတဲ့စကား ကိုယ်မတည်ရတာလဲ?"

ချုံးသာ့ဖန်းကလည်း ကိုယ့်ကိုကိုယ် ကာကွယ်ပြောဆိုလိုက်တယ်။ "ငါ့လုပ်ဖော်ကိုင်ဖက်က ငွေအသည်းအသန်လိုနေလို့လေ! တကယ်လည်း ငါက အဲ့လောက်ကြီး အလျင်လိုနေတာမှမဟုတ်တာ... အဲ့ဒါကြောင့် သူ့ကိုအရင် ချေးပေးလိုက်တာ!"

ကျန်းရှောင်ချီး တိုးတိုး၊တိုးတိုးနဲ့ ရေရွတ်လိုက်တယ်။ "ဟမ့်.... ဘာအလျင်မလိုတာလဲ.....စားစရာတောင်မရှိဘဲနဲ့များ"

သူ သာ့ဖန်းကို မေးလိုက်တယ်။ "မင်းလုပ်ဖော်ကိုင်ဖက်က ဘာကိစ္စကြောင့် ငွေအသည်းအသန်လိုနေတာလဲ? ဘယ်တော့ပြန်ပေးမယ်ဆိုတာရော ပြောသွားလား?"

ချုံးသာ့ဖန်း လျှာတွေတောင် လိပ်ကုန်တယ်။ "အဲ့....အဲ့....အဲ့ဒါက မမေးလိုက်မိဘူး! ပြီးတော့ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲဟာ။ အကြောင်းပြချက်တွေ မေးနေစရာ လိုလို့လား?"

အစကတော့ ကျန်းရှောင်ချီးဟာ စိတ်အနည်းငယ် ပျက်မိရုံလောက်သာ ဖြစ်ပေမဲ့ အခုတော့ ဒေါသက ငယ်ထိပ်တက်ဆောင့်ပြီ။ "လုပ်ဖော်ကိုင်ဖက် ဖြစ်နေတာနဲ့ပဲ.... မေးစရာမလိုတော့ဘူးပေါ့! မင်းအရင်က ဟိုဟို၊ဒီဒီ ဒါနပြုခဲ့တာတွေကိုကော မင်းရဲ့လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ဟာတွေက ပြန်ပေးခဲ့ဖူးလို့လား?"

"အဲ့ပိုက်ဆံတွေကို ပြန်မလိုချင်ခဲ့တဲ့လူက ငါပါ။"

"အေ...အဲ့မှာ မင်းပဲရက်ရောနေ၊ မင်းပဲလူကောင်းလုပ်။ မင်းဒါနပါရမီဖြည့်တဲ့ အသေးအမွှားဝယ်ကျွေးတာလောက်ကို စာရင်းထဲ ထည့်မပြောတော့ဘူး။ သူတို့ပိုက်ဆံချေးတယ်လို့ ခေါင်းစဉ်တပ်ပြီး ယူခဲ့တဲ့ပိုက်ဆံတွေရော ပြန်ပေးဖူးလို့လား?"

ကျန်းရှောင်ချီး ပြောလေ၊ပြောလေ ဒေါသထွက်လာရလေပဲ။ ချုံးသားဖန်းရဲ့ အဲ့လက်ဟာဆိုတာ လက်ထဲငွေရှိပြီဆိုတာနဲ့ ယွပိုးထိုးပေးကမ်းချင်နေတော့တာပဲ။ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ် သူကတော့အလွယ်တကူ ပေးလိုက်တော့တာပဲ။

ချုံးသာ့ဖန်းရဲ့တစ်လ၊တစ်လဝင်ငွေဟာ နည်းတယ်လို့ ဆိုလို့မရဘူး။ ဒါပေမဲ့ လမကုန်ခင်ကို သူ့မှာခေါက်ဆွဲခြောက်နဲ့ နှစ်ပါးသွားနေရပြီ။ ကံအကျိုးပေးလေးကောင်းလို့သာ ကျန်းကျန်းမာမာလေး သန်စွမ်းနေလို့။ မဟုတ်ရင် နေမကောင်းဖြစ်လို့များတော့လား.... အဖျားပျောက်ဆေးလောက်တောင် ဝယ်သောက်နိုင်မှာမဟုတ်ဘူး....ဟမ့်!

တွေးလေလေ...သူဒေါသအမျက် ချောင်းချောင်းထွက်ရပြီး ချုံးသာ့ဖန်းကိုသာ လှိမ့်ဆူမိတော့တယ်။ "မင်းမှာ အသိတရားဆိုတာရော ရှိသေးရဲ့လား? မင်းအလုပ်လုပ်တာပဲ ကြာနေပြီ... ပိုက်ဆံဘယ်လောက် စုမိလဲ! ဒေါ်လာ ၂၀တောင် မပြည့်ဘူးမလား?"

ကျန်းရှောင်ချီးဆီမှ မြင်းအီးပေါက်သလို တဘွတ်ဘွတ်ဆူတဲ့အသံတွေကို ချုံးသာ့ဖန်း မသက်မသာ နားထောင်နေခဲ့ရပြီး ပြန်လည်တုပငြင်းခုန်ဖို့လည်း သူမရဲလေဘူး။ ဒါပေမဲ့ ကျန်းရှောင်ချီးကတော့ ပိုပိုပြီးပြောလာနေတုန်းပဲ။ ဟိုးအရင်နှစ်တွေတုန်းက သာ့ဖန်း laptop အပါအဝင်၊ တခြားအရာတွေကို လျှောက်ပေးပစ်ခဲ့တဲ့အပေါ် အပြစ်တင်ရုံသာမက တက္ကသိုလ်တုန်းက အဖြစ်အပျက်တွေကိုပါ ပြန်ပြီးအစဆွဲထုတ်နေတယ်။

"မင်းက လူတိုင်းအပေါ်ကို အရမ်းလိုက်လျောလွန်းတယ်။ သူတို့က မင်းကိုကျေးဇူးတင်မယ်ထင်လို့လား! နောက်ဆုံးတစ်ခေါက်တုန်းကလည်း ချန်ရှီးရှီးရဲ့ ဗိုက်ထဲက ကလေးက မင်းကလေးမဟုတ်ဘဲနဲ့တောင် ကိုယ်ဝန်ပျက်ကျတော့ မင်းက သူ(မ)ကို ပိုက်ဆံပေးလိုက်သေးတယ်။ အဲ့ ချန်ရှီးရှီးက မင်းကောင်းကြောင်းကို တစ်ခွန်းမှတောင် ပြောခဲ့တာမဟုတ်ဘူး"

ချုံးသာ့ဖန်း အဆူခံရလွန်းလို့ စိတ်တွေလည်းညစ်လှပြီ။ သူနည်းနည်းလောက်ပြန်ပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ချိန်မှာတော့ ထိန်းချုပ်ဖို့ အချိန်နှောင်းသွားလေပြီ။ "သူ(မ)က ငါ့ရည်းစားဟောင်းပဲလေ။ သူ့ကို ရက်ရက်ရောရော ငါပေးလိုက်တယ်။ အဲ့အထိလိုက်ပြီး ဂရုစိုက်နေဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ "

သူ့စကားတွေဟာ ပူညံပူညံလုပ်နေတဲ့ ကျန်းရှောင်ချီးရဲ့ပါးစပ်ကို ချက်ချင်းပဲ ပိတ်သွားစေတယ်။ ရုတ်တရက်ကြီး အခန်းတစ်ခုလုံးဟာ အပ်ကျသံပင် ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားခဲ့တယ်။

ရှောင်ချီးဟာ သာ့ဖန်းပြောထွက်လာတဲ့စကားတွေအပေါ် မယုံနိုင်သလို သာ့ဖန်းကိုစိုက်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ချုံးသာ့ဖန်းရဲ့ သူ့စကားသူအပေါ် နောင်တရတဲ့အမူအရာတချို့နဲ့ အခုအခြေအနေကို ဘယ်လိုပြန်ကုစားရမလဲ တွေဝေနေမှုတို့ကို ရှောင်ချီးမြင်လိုက်ရတော့ သူမှားပြီး ကြားမိတာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားရတယ်။ သာ့ဖန်းက တကယ်ပဲ ထိုစကားကို ပြောထွက်ခဲ့တာပဲ.....

နောက်ဆုံးတော့ နားလည်သွားရပြီ။ ကျန်းရှောင်ချီးဟာ သူ့ပါးစပ်သူပိတ်လိုက်ပြီး မျက်လွှာကို ချလိုက်တယ်။ သူ့မျက်နှာတစ်ခုလုံးဟာ မယုံနိုင်ခြင်းနဲ့ဝမ်းနည်းခြင်းတွေ အတိုင်းသားတင်ဟပ်နေတယ်။

ကျန်းရှောင်ချီး မတ်တပ်ထရပ်လိုက်ပြီး ခြောက်ကပ်ကပ်ပြောလိုက်တယ်။ "ငါအရင် ပြန်နှင့်တော့မယ်!"

ထို့နောက် သူ့အိတ်ကိုဆွဲကာ ထိုနေရာမှ အမြန်ပဲပြေးထွက်ခဲ့မိတယ်။

လမ်းပေါ်ရောက်တာနဲ့ သူ့ခြေလှမ်းတွေဟာ ပက်ကျိတစ်ကောင်လို နှေးကွေးသွားပြီး သူ့အိတ်လေးကို ဝမ်းနည်းစွာထွေးပိုက်မိတယ်။

အခုသူ့ရင်ဘတ်ထဲမှာ ဒေါသဆိုလို့ မြူတစ်မှုန်တောင်ရှိမနေဘူး..... အခုက.... အခုက... နှလုံးသားတစ်ခုလုံး ဆွဲထုတ်ခံလိုက်ရသလို ဘာမှခံစားလို့မရတော့တာ...

သာ့ဖန်းပြောတဲ့စကားတွေက မှန်တယ်ဆိုတာ သူဝန်ခံပါတယ်။ ချုံးသားဖန်းရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး သူ့မှာ ဘာမှဝေဖန်ပိုင်ခွင့်၊ အပြစ်တင်ပိုင်ခွင့်မရှိဘူး.... အဲ့တာ'သူ့'ဘဝပဲလေ။ သာ့ဖန်းပြောသလို သူ့မှာဘာအခွင့်ရှိမှာတဲ့လဲ?

ကျန်းရှောင်ချီး၊ မင်းမှာ ထိန်းချုပ်ပိုင်ခွင့်မရှိဘူး။ မင်းစည်းတွေကျော်နေပြီ။

သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် သတိပေးလိုက်တယ်။ ခင်မင်မှုနှစ်ပေါင်း ဘယ်လောက်ပဲကြာကြာ သူအဲ့လိုတော့ ဝင်မစွက်ဖက်ခဲ့သင့်ဘူး။

သူဟာ အမြဲတမ်း ချုံးသာ့ဖန်းရဲ့ ဘဝကို သတိလက်လွတ် ဝင်ရောက်နှောက်ယှက်ခဲ့မိတယ်။ ချုံးသာ့ဖန်းဘက်က အခုလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောလာသ၍ သူကတော့ မသိချင်ယောင် ဆောင်ခဲ့မိတယ်။

ဒါပေမဲ့ အတုအယောင်ဆိုတာဟာ အတုအယောင်သပ်သပ်ပဲလေ။ တကယ်တမ်း သူ့ကို တစ်စုံတစ်ယောက်က 'မင်းမှာလုံးဝအခွင့်မရှိဘူး' လို့ ပြောလာချိန်မှာတော့ အရင်ကထက်ပိုပြီးတော့တောင် သိမ်ငယ်မိတယ်။ အဲ့ဒါဟာ တွေးကြည့်လိုက်ရင် သူ့ရဲ့'အဲ့သောက်သုံးမကျတဲ့ အတွေးတွေ'အကုန်လုံး နေရောင်ထိုးခံရသလို ဗွင်းဗွင်းကြီးပေါ်သွားခဲ့တယ်လို့ပဲ ခံစားရတယ်။

သူကားလမ်းကို ဖြတ်ကူးလိုက်ပြီး အလေ့အကျင့်ဖြစ်နေတဲ့ ခြေထောက်တွေဟာ တိုက်ခန်းအဆောက်အဦးရဲ့ ခြောက်လွှာအထိ တဖြည်းဖြည်းချင်း တက်နေတယ်။ အခန်းရှေ့ ရောက်တဲ့အချိန်မှာတော့ သူမောဟိုက်နေခဲ့ပြီ။ တံခါးကိုကျောမှီကာ ထိုင်ချလိုက်မိတယ်။ သူ့မှာအခု အခန်းတံခါးဖွင့်ဖို့တောင် အင်အားမရှိတော့ဘူး။

ပုံမှန်ဆို ခြောက်လွှာကို အခုလောက်မြင့်တယ်လို့ သူတစ်ခါမှ မခံယူခဲ့ဖူးပေ။ ဓာတ်လှေကားမပါတဲ့ အဆောက်အအုံဟောင်းတွေဟာ တကယ်ပဲမကောင်းပါလား! သူဟာ အဲ့အတိုင်း ငုတ်တုပ်ထိုင်နေရင်းပဲ အတွေးတွေဟာ တောင်ရောက်လိုက်၊မြောက်ရောက်လိုက်.....

သူ ချုံးသာ့ဖန်းအကြောင်းကို ထပ်တွေးမိပြန်တယ်။ သူဟာ လက်ပေါက်ကပ် တဲ့လူတစ်ယောက်မှန်း ကျန်းရှောင်ချီး ကိုယ့်ကိုကိုယ်သိပါတယ်။ သူကအမြဲတမ်းပဲ ရေနွေးအိုးပွက်သလို တပွက်ပွက်ဆူညံတတ်တယ်..... မရပ်မနား အပြစ်တင်နိုင်တယ်။ သူ့လိုလူကို ဘယ်သူကများ သည်းခံနိုင်မှာတဲ့လဲ?

ဒါပေမဲ့ သူဟာ အဓိပ္ပါယ်မရှိတဲ့ အကြောင်းအရာတွေအပေါ် ပွစိပွစိလုပ်ခဲ့ဖူးလို့လား? ကျန်းရှောင်ချီးရဲ့ စိတ်ထဲမှာ ချန်ရှီးရှီးရဲ့နာမည်ဟာ ထပ်ပေါ်လာပြန်တယ်။ သူကဘာလို့ အဲ့ချန်ရှီးရှီးကို စကားထဲထည့်ပြောမိခဲ့ပါလိမ့်! အဲ့အဖြစ်အပျက်က ကြာပဲကြာလှနေပြီ။ သူတို့ဘွဲ့ယူပြီးတာဖြင့် လေးနှစ်တောင်ကြာခဲ့ပြီကို သူကအခုထိ မမေ့နိုင်သေးဘူးနဲ့တူတယ်။

ချန်ရှီးရှီး..... သူတို့ရဲ့အတန်းဖော်ကောင်မလေး။ သာ့ဖန်းရဲ့ရည်းစားဟောင်းဆိုလည်း မမှားဘူး။

အဲ့တုန်းက ရှားရှားပါးပါး သူ တစ်ခါစိတ်ကောင်းဝင်ကာ ရက်ရောခဲ့တဲ့ အမှုကိစ္စတစ်ခုကို မှတ်မိနေတုန်းပဲ။ တစ်ခါက....သူရုပ်ရှင်လက်မှတ်နှစ်စောင်ကို အနှမြောမရှိ ဝယ်ခဲ့ဖူးတယ်။ သေချာပေါက် သာ့ဖန်းနဲ့သွားကြည့်ဖို့ပေါ့! ဇာတ်ကားက ရိုးမန့်ကားတစ်ကားပဲ......

လက်မှတ်နှစ်စောင်ကို လက်ထဲခပ်တင်းတင်းဆုပ်ပြီး သူ့ကိုယ်သူစိတ်အားတင်းကာ ဘဝမှာ အခက်ခဲဆုံး မေးခွန်းတစ်ခုမေးဖို့ သူဆုံးဖြတ်ခဲ့တယ်။
"ငါနဲ့အတူသွားကြည့်ကြမလား ချုံးသာ့ဖန်း?"

ဒါပေမဲ့ သူပြောမထွက်ရသေးခင်မှာတင် သာ့ဖန်းဟာ ချန်ရှီးရှီးကို ချစ်ခွင့်ပန်တဲ့နေရာမှာ ကူညီပေးဖို့ ထက်သန်နေဟန်နဲ့ သူ့ကို အကူအညီတောင်းလာခဲ့တယ်။

သာ့ဖန်းဟာ တက္ကသိုလ်က တခြားကောင်လေးတွေလိုပဲ...... ကိစ္စတွေကို အရမ်းကြီးလိုက်တွေးမနေဘဲ လုပ်ချလိုက်တာပဲ! 'သူ'ဟာ ရောင်စုံဖယောင်းတိုင်လေးတွေ ဝယ်လာပြီး တခြားဘာမှကွန့်ညွန့်မနေဘူး..... ရိုးရိုးရှင်းရှင်းပဲ ထိုမိန်းကလေးရဲ့ အဆောင်ရှေ့မှာ အသည်းပုံ ပုံစံဖော်လိုက်တယ်။

ထိုညမှာ ရှောင်ချီးဟာ ခါးကိုကိုင်းကာ မြေပြင်ပေါ်က ဖယောင်းတိုင်တစ်တိုင်ချင်းစီကို လိုက်ပြီး မီးညှိပေးခဲ့ရတယ်။ သာ့ဖန်း တစ်စုံတစ်ယောက်ကို ချစ်ခွင့်ပန်နေတဲ့အချိန် သူကတော့ ဖယောင်းတိုင်မငြိမ်းအောင်သာ ဂရုစိုက်နေခဲ့တယ်။

အချိန်တွေကုန်လာတာနဲ့အမျှ ကောင်းကင်ကြီးဟာလည်း တဖြည်းဖြည်းမဲမှောင်လာတယ်။ မိန်းကလေးဆောင်မှ ကျောင်းသူလေးတွေဟာလည်း မသိမသာကနေ သိသိသာသာအထိ လာရောက်စပ်စုကုန်ကြတယ်။

ထိုညက လမိုက်ညဖြစ်တာကြောင့် ကောင်းကင်မှာ ကြယ်တစ်ပွင့်တောင်မလင်းဘဲ ရှင်းလင်းနေခဲ့တယ်။ လေညင်းတသွေ့သွေ့ကလည်း ညင်သာစွာတိုက်ခတ်နေတာကြောင့် နေရထိုင်ရတာ သက်သောင့်သက်သာရှိပြီး ဖယောင်းတိုင်ငြိမ်းသွားဖို့အတွက်လည်း စိတ်ပူရန်မလိုပေ။

ကျန်းရှောင်ချီးဟာ ရည်ရွယ်ချက်မရှိ ဖယောင်းတိုင်တွေကို ရေတွက်မိတယ်..... တစ်ချောင်း.....နှစ်ချောင်း....ငါးချောင်း.....

မိနစ်တိုင်း၊စက္ကန်းတိုင်းဟာ ရုပ်ရှင်စတင်ပြသမယ့်အချိန်ကို တဖြည်းဖြည်းတိုက်စားသွားခဲ့တယ်။ ရှိသင့်တဲ့ ကြည့်ရှုသူနှစ်ယောက်ကတော့ ထိုနေရာသို့ ဘယ်တုန်းကမှ မရောက်ဖြစ်ခဲ့ပေမဲ့လို့....

အဲ့ဒါက ကျန်းရှောင်ချီးဘဝမှာ အဖြုန်းတီးမိဆုံး လုပ်ရပ်တစ်ခုသာဖြစ်တယ်။

ဖယောင်းတိုင်မီးအားကိုးနဲ့ ချုံးသာ့ဖန်းဟာ သူ့ရဲ့ပထမဆုံးရည်းစားကို ဖမ်းချုပ်နိုင်ခဲ့တယ်။ လာကြည့်နေကြတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာလည်း ကောင်းချီးသြဘာတွေပေးလို့.... အရာအားလုံးက လှပလို့ပေါ့......

ကျန်းရှောင်ချီးဟာ မြင်ကွင်းကို မလှမ်းမကမ်း၊ ဖယောင်းတိုင်အလင်းမရောက်တဲ့ အရိပ်တစ်နေရာကနေ ရပ်ကြည့်နေခဲ့တယ်။ ထိုစိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခုလုံးဟာ သူနဲ့ဘာမှမဆိုင်သလို......

ရုပ်ရှင်လက်မှတ်နှစ်စောင်ဟာ ဒေါ်လာငါးဆယ်ပေးခဲ့ရတယ်။ အမြဲတမ်း စိစိစစ်စစ်သုံးတတ်တဲ့ သူ့အဖို့ ဒီလိုအလေအလွင့်ဖြစ်သွားမှုဟာ တကယ်ခေါင်းကိုက်စေတယ်။ သူသေတော့မလိုပဲ....

ထိုအချိန်မှစ၍ နောက်တစ်ခါ ရုပ်ရှင်လက်မှတ်အတွက် ပိုက်ဆံအများကြီး မသုံးတော့ဘူးလို့ သူသံဓိဌာန် ချခဲ့တယ်။

ရှောင်ချီး ဒူးကိုကွေးကာ ထိုပေါ်သို့ မျက်နှာအပ်မိတယ်။ အခန်းရှေ့က လှေကားထောင့်ချိုးကို ငေးကြည့်ရင်း မျက်ရည်တွေဟာ အတားအဆီးမရှိ စီးကျလာတယ်။

လူပျိုဖော်ဝင်တဲ့အချိန်ကစလို့ သူလွှတ်မချရက်ခဲ့ဘဲ တဖြည်းဖြည်း အခြေတည်လာခဲ့ရတဲ့ ဆန္ဒလေး.... ရွှံ့တွေ၊ပြာတွေအောက် အမြဲကွယ်ဝှက်ခဲ့ရတဲ့ ဆန္ဒလေး... အကြိမ်ကြိမ်နည်းပေါင်းစုံနဲ့ ကြိုးစားကြည့်ခဲ့ပေမဲ့ မပြည့်မြောက်ခဲ့တဲ့ ဆန္ဒလေး..... အဲ့ဆန္ဒလေးဟာ အခုထိ သူ့ကိုမလွတ်မြောက်ခွင့်မပေးဘဲ နှိပ်စက်နေနေဆဲ.....

ငါအကောင်းဆုံးလုပ်ခဲ့တယ်။ တကယ်ကို အကောင်းဆုံးပဲ....

ဒါပေမဲ့ ဘယ်အချက်ကများ ငါအကောင်းဆုံးလုပ်ခဲ့ကြောင်း ပြနေပါလိမ့်! စာအုပ်ပေါ်မှာ ရေးခဲ့ဖူးတဲ့ စာလုံးလေးကို မင်နဲ့ ဖုံးလွှမ်းလိုက်ရင်တောင် မင်ရာတော့ ကျန်နေဆဲမဟုတ်လား!

နှလုံးသားထက်က ပြတ်ရှရာလေးတွေကို တစ်ရက်ထက်တစ်ရက် မြင့်မားခိုင်ခံ့တဲ့ တံတိုင်းတွေနဲ့ အထပ်ထပ်ကာရံခဲ့တယ်။ ဒါပေမဲ့ အဲ့အုတ်နံရံတွေပြိုကျပြီး အုတ်ကျိုးတွေပြန့်ကျဲသွားချိန်မှာတော့ ရှိနေတဲ့နဂိုရှိရင်းစွဲ ဒဏ်ရာတွေဟာ ဗွင်းဗွင်းကြီး ပေါ်လာတော့တာပဲ။ သွေးစိမ်းရှင်ရှင်ထွက်လို့.....

သူ့လေ့ကျင့်ခန်းစာအုပ်အဟောင်းလေးထဲက ပထမဆုံးစာမျက်နှာမှာ စာလုံးလေးသုံးလုံး ရှိခဲ့ဖူးတယ်။

ချုံး သာ့ ဖန်း

----------

Q&A session starts!

Q1: Zheng Xiaoqi က အကြွေးပြန်မရလို့ စိတ်ပျက်သွားတာလား? စာအိတ်နီလေးမရလို့ စိတ်ပျက်သွားတာလား?

Q2: ရုပ်ရှင်လက်မှတ်အလေအလွင့်ဖြစ်သွားလို့ သေတော့မလိုခံစားရတာလား? ခွက်ရှ်လေးသူများနောက်ပါသွားလို့ အသည်းကွဲသွားတာလား?

တောင်ရောက်မြောက်ရောက်အတွေးတွေဆိုတော့ တကယ်ကိုတောင်ရောက်မြောက်ရောက်ပါပဲ။ အဆက်အစပ်ရှိမနေဘူး.....

comedy tagကြီး သွားပြန်ဖြုတ်လိုက်အုံးမယ်။ ဘိုင်!

Xie Xie DaJia💚

Continue Reading

You'll Also Like

602K 1.2K 28
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်
246K 37.2K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
2.7K 632 21
[ Alpha×Beta ] Title ✿ One-way Passage Original Author ✿ Jin Gang Chuan / 金刚圈 Status : 107 chapters +17 extras (Completed) @Translated from Englis...