The True Conqueror [Complete]

By Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... More

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Extra (Day 6)

22.3K 3K 96
By Heather_Bell

လင်းမိုနှင့် လီချန်းယုံသည် တောင်ပိုင်းသို့ ခရီးနှင်လာခဲ့သည်မှာ ရက်ပိုင်းခန့်ရှိသွားပြီ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် စားသောက်လည်ပတ်ရင်း တောင်ပိုင်းသို့ ရောက်မှန်းမသိ တစ်စတစ်စ ချဥ်းနင်းဝင်ရောက်လာခဲ့ပေသည်။

လမ်းတစ်လျှောက်တွေ့ရသော ရေခဲပန်းစွယ်တို့ ကပ်နေကြသော သစ်ပင်တို့မှာ တစ်စတစ်စနည်းလာပြီး အစိမ်းရောင်အရွက်ဖားဖားများဖြင့် စိမ်းလန်းနေသော သစ်ပင်ကြီးတို့က များပြားလာသည်။

တစ်ချက်တစ်ချက်တိုက်လာသော လေထုတွင် ပူနွေးသော အငွေ့အသက်ကို ခံစားမိနေသည်။

၎င်းတို့ဖြတ်သန်းသွားနေသည်မှာ တောင်ပိုင်းမြို့နှစ်မြို့ကြားက တောအုပ်ကြီးတစ်ခုဖြစ်သည်။ တောအုပ်အလယ်က စမ်းချောင်းနံဘေးသို့ ရောက်သောအခါလီချန်းယုံ မနေနိုင်တော့ချေ။ သူက မြင်းဇက်ကြိုးကို သပ်ကာ လင်းမိုကို လှမ်းခေါ်လိုက်သည်။

"နားရအောင် ခဏပူတယ်''

ခရီးစဥ်တစ်လျှောက် တစ်မျိုးပြီးတစ်မျိူးစားသောက်ကာ လည်ပတ်လာခဲ့စဥ်က ပင်ပန်းမှုကို မခံစားခဲ့ရသော်လည်း တောင်ပိုင်းက ငံ့လင့်နှုတ်ဆက်နေသော အပူချိန်ကို ကြုံတွေ့လိုက်ရသည့်အခါ လီချန်းယုံ ပင်ပန်းနေချေသည်။

လင်းမိုက လီချန်းယုံ အပူဒဏ်မခံနိုင်သည်ကို သိသောကြောင့် ခေတ္တနားရန်သဘောတူလိုက်လေသည်။

လီချန်းယုံသည် မဆိုင်းမတွပင် မြင်း၏ ဇက်ကြိုးကို သစ်ပင်တစ်ပင်၌ချည်လိုက်သည်။ သူက လင်းမိုကိုပင် မစောင့်ဘဲ စမ်းချောင်းဘေးက မြက်ခင်းပြင်တွင် ထိုင်ချလိုက်သည်။

စိမ်းစိုစိုပေါက်သစ်စ မြက်ခင်းတို့၏ အထိအတွေ့သည် နူးညံ့နေသည်။ လီချန်းယုံသည် မြက်ခင်းပေါ် ​ခြေပစ်လက်ပစ်လှဲချလိုက်လေသည်။

မြက်ခင်းပေါ်လှဲအိပ်လိုက်သော လီချန်းယုံကို လင်းမိုတားရန်အချန်မမီလိုက်ချေ။

"အားယုံ! အဲ့ဒီလို လှဲလိုက်ရလား။ မိုးရွာပြီးစပြန်ပေါက်တဲ့မြက်တွေနော် အကောင်လေးတွေ ကပ်နေတတ်တယ်။ မင်းတစ်ကိုယ်လုံး ယားကုန်မယ်''

လင်းမိုကပြောရင်း လီချန်းယုံကို ဆွဲထူလေသည်။

လီချန်းယုံက လင်းမို၏လက်ကို ပျင်းတိပျင်းရဲဖြင့် ဆွဲကာ မထချင်ထချင်ဖြင့် ထလာလေသည်။ သူ၏ နှုတ်ခမ်းလွှာက အနည်းငယ် စူပုပ်နေသည်။

"ပူတယ်''

လက်နှစ်ဖက်ကို ယပ်တောင်သဖွယ်ခပ်ကာ လီချန်းယုံပူအိုက်နေမှုတို့ သက်သာရန်ကြိုးပမ်းနေလေသည်။

လင်းမိုက လီချန်းယုံ၏ အနားသို့ ထိုင်ချလိုက်ကာ ပြောလိုက်သည်။

"ပူရင်ချွတ်လိုက်! အပေါ်ကဝတ်ရုံကြီး''

လင်းမိုက လက်ကိုကမ်းကာ လီချန်းယုံ၏ အပေါ်ထပ်က ဝတ်ရုံကိုချွတ်ရာတွင် ကူညီလိုက်သည်။

ဝတ်ရုံထူကြီးကိုချွတ်ပြီးသည့်နောက်တွင် လီချန်းယုံသည် ကျေနပ်ဟန်မရှိဘဲ နောက်ထပ်လက်ကျန်ဝတ်ရုံကိုပါချွတ်ရန်ကြံနေသည်။

"အားယုံလေး! ဘာတွေကြံစည်နေတာလဲ''

လင်းမိုက လီချန်းယုံ၏ ဖရိုဖရဲဝတ်ရုံတို့နှင့် အနေအထားကို မကောင်းဆိုးဝါးဆန်ဆန်ကြည့်၍ မေးလိုက်လေသည်။

လင်းမို၏ အကြည့်တို့ကြောင့် လီချန်းယုံ ကျောချမ်းသွားသည်။

"လာကြည့်မနေနဲ့! ရေထဲဆင်းမလို့''

လီချန်းယုံက တသွင်သွင်စီးနေသော အေးမြကြည်လင်နေသည့် စမ်းချောင်းရေကိုကြည့်ကာ ပြောလေသည်။

လင်းမိုတစ်ယောက်မှာသာ ဝံပုလွေဖြူလေး၏ မဟာအကြံအစည်ကြီးကိုသြချမိသွားသည်။

"မကြည့်နဲ့! ဟိုဘက်လှည့်''

လီချန်းယုံက သူ၏ လက်ကျန်ဝတ်ရုံကို မချွတ်မီ လင်းမိုကို လှည့်၍ ပြောလိုက်သည်။

လင်းမိုကမူ လီချန်းယုံအား သူမမြင်ဖူးသည့် ခန္ဓာကိုယ် အစိတ်အပိုင်းမရှိကြောင်း ရှင်းပြချင်မိသွားသည်။

".....''

လီချန်းယုံကလည်း လင်းမိုကို သည်အတိုင်း ဟိုဘက်လှည့်ဟုသာ ပြောလိုက်သော်လည်း သူသည် လင်းမိုတကယ်လှည့်မလှည့် များစွာ ဂရုမစိုက်ချေ။

ထို့ကြောင့် သူသည် နောက်ဆုံးဝတ်ရုံကို ချွတ်ချကာ စမ်းချောင်းထဲသို့ ဆင်းသွားလေသည်။

"အနက်ကြီးပဲ''

ရေထဲသို့ ပထမခြေလှမ်းလှမ်းလိုက်သည်နှင့် လီချန်းယုံက လင်းမိုကိုလှည့်၍ ပြောလိုက်လေသည်။

မျက်စိရှေ့က ဗလာကျင်းခန္ဓာဖြင့် ရေထဲဆင်းသွားသော ဝံပုလွေဖြူလေးကြောင့် မရိုးမရွခံစားချက်တို့ ရင်တွင်း၌ ဖြစ်ပေါ်လာလေသည်။ ဤသည်ကိုပင် ထိုဝံပုလွေဖြူလေးက မထီမဲ့မြင်နှင့် သူ့ကိုလှည့်၍ ရယ်ရယ်မောမောဖြင့် ပြောနေချေသေးသည်။

စမ်းရေကအမြင်အားဖြင့်သာ ကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ်က လီချန်းယုံ၏ ပခုံးနီးပါးခန့်နက်လေသည်။ လီချန်းယုံက ခြေဖဝါးနှင့်ထိတွေ့နေသော ကျောက်စရစ်ခဲလေးများကို နင်းကာ နက်သည်ထက်နက်အောင် သွားလေသည်။

"အားယုံ! မင်းရေကူးတတ်လို့လား''

စမ်းချောင်းဘေးက ရပ်ကြည့်နေသော လင်းမိုက အော်ပြောလိုက်လေသည်။

လီချန်းယုံက ပြန်မဖြေဘဲ ခေါင်းသာ ငြိမ့်ပြသည်။

စမ်းရေက တသွင်သွင်အရှိန်ဖြင့် စီးနေသည်။ လီချန်းယုံသည် ရေစီးအတိုင်း အထက်သို့ဆန်ကာ ကြည့်နေစဥ် မျောပါလာသော အနီရဲရဲ အသီးတစ်လုံးကိုမြင်လိုက်ရချေသည်။ သူက ထိုအသီးကို ရုတ်တရက် လှမ်းယူချင်စိတ်ပေါက်လာသောကြောင့် ကူးခတ်၍ သွားလိုက်လေသည်။

လီချန်းယုံသည် ရေကို ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်သည်မဟုတ်ချေ။ မြောက်ပိုင်းက မည်သူကမျှ ရေခဲ မြစ်ထဲဆင်း၍ ရေကူးမနေချေ။

စီးဆင်းနေသောရေ၏ အရှိန်ကြောင့် သူအရှေ့သို့ မရောက်ဘဲ ရေစီးက သူ့ကို တိုက်သွားလေသည်။

"ချန်းယုံ''
လင်းမိုက အေးအေးဆေးဆေး လက်ပိုက် ကြည့်နေရာက မနေနိုင်တော့ဘဲ လှမ်းအော်ပြောလိုက်သည်။
"မင်းရေရောကူးတတ်ရဲ့လား''

ရေစီးသန်သောချောင်း နှင့်ကောင်းကောင်းမကူးတတ်သော လီချန်းယုံကြောင့် သူ၏တစ်ကိုယ်လုံး ရေထဲ မြုပ်သွားလေသည်။

လင်းမိုတွေဝေမနေတော့ချေ။ ခန္ဓာကိုယ်က အဝတ်အစားတို့ကို ချွတ်ပြီး ရေထဲသို့ ခုန်ဆင်းလိုက်ရချေသည်။

လီချန်းယုံသည် သူ၏ နှာခေါင်းနှင့်ပါးစပ်ထဲသို့ ရေများတိုးဝင်လာသောကြောင့် အသက်ရှုကြပ်လာသည်ကို ခံစားလိုက်ရသည်။ သူရုန်းကန်၍ အထက်သို့ ပြန်တက်ရန် ကြိုးပမ်းနေဆဲတွင် သန်မာသော လက်တစ်စုံက သူ့ကို ခါးမှ ဖက်ကာ ရေပြင်ထက်သို့ တွန်းပို့လိုက်လေသည်။

စမ်းချောင်း၏ အလယ် အလွန်နက်သော နေရာရောက်နေသောကြောင့်ခြေဖျားထောက်၍ မည်သို့မျှမမှီတော့ချေ။

"ဖူး...''
ပါးစပ်ထဲထိဝင်လာသော ရေများကို အန်ထုတ်ကာ လီချန်းယုံ အသက်ဝဝရှိုက်သွင်းလိုက်ရသည်။

"ပြောတော့ ရေကူးတတ်တယ်ဆို''
လင်းမိုက လီချန်းယုံကို ထပ်မမြှုပ်သွားစေရန် ခါးမှဆွဲဖက်ထား၍ ပြန်မေးလိုက်လေသည်။

ရုတ်တရက်မောနေသောကြောင့် လီချန်းယုံ ပြန်မဖြေနိုင်ချေ။ ဒေါသမျက်စောင်းတစ်ချက်ကိုသာ လင်းမိုထံ ပစ်လွှတ်လိုက်လေသည်။

လင်းမိုက လီချန်းယုံကို ပွေ့၍ စမ်းချောင်းအစပ်သို့ ပြန်ခေါ်သွားလေသည်။ ခြေထောက်ထောက်၍ မှီသောနေရာသို့ရောက်ချိန်မှ သူက လီချန်းယုံကို အသာချပေးလိုက်လေသည်။

"ရေကူးကျွမ်းလိုက်တာ! ကိုယ်တော့်ကိုသင်ပေးပါဦး''

လင်းမိုက ရွှင်မြူးစွာဖြင့် လီချန်းယုံကို စနောက်လေသည်။

လီချန်းယုံက လင်းမိုကို ကြည့်လိုက်လေသည်။ ရေစက်များတွဲလွဲခိုနေသော တောင့်တင်းသော ရင်အုပ်ကြီးက သူ၏ အရှေ့တွင် အလွန်ထင်သာ မြင်သာ ရှိနေသည်။ ကြည့်ရသည်က လင်းမိုသည်လည်း လီချန်းယုံရေနစ်နေသည်ကို မြင်သောကြောင့် ကမန်းကတန်းဝတ်ရုံချွတ်ကာ ဆင်းလာခြင်း ဖြစ်ရမည်။

"လာရေကူးသင်ပေးမယ်''
ပြောပြောဆိုဆိုဖြင့် သူက လင်းမို၏ နောက်ကျောသို့ ခုန်တက်ကာ လင်းမိုကို လည်ပင်းမှ သိုင်းဖက်ထားလေသည်။

ဝံပုလွေဖြူလေးခုန်တက်သည့်အရှိန်ကြောင့် ရေစက်များဖွာထွက်ကာ စင်သွားသည်။

လင်းမိုက သူ၏ ကိုယ်ပေါ် ခုန်တက်လာသော လီချန်းယုံကို ရှောင်တိမ်းခြင်းမရှိသောကြောင့် သူတို့နှစ်ယောက် ရေထဲတွင် လုံးထွေးသွားကြသည်။ ခွန်အားသန်မာသူများ ဖြစ်သည့်အတွက် စမ်းချောင်းမှာ ရေကြည်ကြည်တွင် လင်းမိုနှင့်လီချန်းယုံ၏ ကောင်းမှုကြောင့် ရေဂယက်များပင် ထကုန်သည်။

သစ်တောကြီးမှာ လူသူအရောက်အပေါက်နည်း၍ သွားလာသူမရှိသောကြောင့်သာ တော်ရော့သည်။

လင်းမိုကို စိတ်တိုင်းကျ နှောင့်ယှက်ပြီးမှ လီချန်းယုံ ရေထဲက တက်ရန် သဘောတူလိုက်လေသည်။ ကမ်းအစပ်သို့ ရောက်သည်နှင့် လီချန်းယုံက သူ၏ ဝတ်ရုံကို အလျင်အမြန်ဝတ်ရန်ကြိုးပမ်းလေသည်။ သူသည် ဤအနေအထားနှင့် လင်းမို၏ အရှေ့တွင် မလုံခြုံကြောင်း သိလေသည်။

"ဖြည်းဖြည်းဝတ်ပါ! အားယုံလေး''
ဝတ်ရုံဖြူအပါးကို ခါးစည်းချည်နေခိုက် လင်းမိုက အပေါ်ထပ်အကျီကို လှမ်းပေးကာ ပြောလေသည်။

လီချန်းယုံက ပြန်မ​ပြောဘဲ မင်းကယုံရတာ ကြလို့ဟူသော အဓိပ္ပါယ်ပါသည့် အကြည့်တစ်ချက်ကိုသာ ပေးလိုက်သည်။

လင်းမိုက သဘောကျစွာရယ်နေလေသည်။ သူမယုံကြည်ရကြောင်းကို သူအသိဆုံးသာ ဖြစ်သည်လေ။

စမ်းချောင်းထဲတွင် ရေဆင်းချိုးပြီးမှ အပူဒဏ်သက်သာသွားသလို ခံစားရလေသည်။ လင်းမိုမှာကား သူ၏ ခန္ဓာကိုယ်အပူချိန်မညီမျှမှုကြောင့် ဖြစ်သော အအေးမိဝေဒနာသည် တောင်ပိုင်းသို့ ရောက်လာသည်နှင့် သိသိသာသာ ပျောက်ကင်းသွားပြီဖြစ်သည်။

သို့ကြောင့်လီချန်းယုံသည် သူ၏ ဆုံးဖြတ်ချက်မှန်ကန်သည်ဟု တွေးထင်မိလေသည်။

ရေချိူးပြီးစဖြစ်သောကြောင့် ရေစိုသွားသော ဆံနွယ်များအလျင်အမြန်ခြောက်သွေ့စေရန် လီချန်းယုံက ဖြန့်ချထားလေသည်။ ပြေပြစ်သောလည်တိုင်တွင် ဆံချည်မျှင်တို့ကပ်နေလေရာ လင်းမိုက တစ်မျှင်ချင်းစိတ်ရှည်လက်ရှည်ဖယ်ရှားပေးကာ လီချန်းယုံ၏ ဆံနွယ်များကို ဖြီးသင်ပေးလေသည်။

"ဘယ်လိုလဲ အားယုံလေး မောသွားပြီလား! ခရီးဆက်မလား ဒီနေရာမှာတစ်ထောက်နားမလား''

လီချန်းယုံကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ပူပြင်းစွာတောက်ပနေသော နေမင်းကြီးက အနောက်ဘက်သို့ ယွန်းစပြုနေပြီဖြစ်သည်။

"ဟမ်း''
လီချန်းယုံက သူတို့သွားရမည့် လမ်းကို ကြည့်ကာ တစ်စုံတစ်ရာကို တွေးတောနေလေသည်။

တစ်စုံတစ်ယောက်သာ သူ၏ အသွင်အပြင်ကို တွေ့မြင်ပါက ရှေ့ဆက်သွားရမည့် ခရီးအကွာအဝေး ကြာချိန် ခရီးတွင်နိုင်မတွင်နိုင်တို့ကို တွက်ချက်နေသည်ဟု အထင်ရှိနိူင်သည်။

သို့သော် လင်းမိုကမူ လီချန်းယုံ မည်သည့်အရာကို တွေးတောနေသည်ကို သိလေသည်။

"စိတ်မပူနဲ့ အားယုံလေး!  ရိက္ခာခြောက်တွေပါပါတယ် ကြည့်ရသလောက် ဒီသစ်တောတစ်ဝိုက်မှာ စားလို့ရတဲ့ အသီးအရွက်တွေ များများစားစားတွေ့ရတယ်။ ညစာစားဖို့ တစ်ခုခုတော့ရမှာပါ''

လင်းမိုမှန်ပေသည်။ အမှန်တကယ်ပင် လီချန်းယုံသည် ပင်ပန်းနေသောကြောင့် သူဆက်ပြီးမသွားချင်ပါ။သို့သော်လည်း ညစာစားရမည့်အရေးကို ပူပန်ရချေသေးသည်။ လင်းမို၏ စကားကို ကြားသည့်အခါ သူက မျက်လုံးကိုထောင့်ကပ်ကာ ကြည့်လေသည်။

သေချာလားဟူသော အဓိပ္ပါယ်ပင်။

လင်းမိုက လီချန်းယုံ၏ အကြောင်းကို နောကျေနေအောင် သိသူဖြစ်ရာ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
"ဘယ်သူက အားယုံကို အငတ်ထားမှာလဲ''

"ကိုကိုအတော်ဆုံးပဲ''

ချက်ချင်းပင် လီချန်းယုံက လင်းမို၏ ရင်ခွင်တွင်း ဇွတ်ပြေးလာလေသည်။ လင်းမိုမှာကား အလိုက်သင့်ဆီး၍ ဖမ်းထားလိုက်ရချေသည်။

တစ်ယောက်တည်းသော ချစ်ရသူ ဝံပုလွေဖြူလေးကို အလိုလိုက်အကြိုက်ဆောင်ပေးရန်သည် လင်းမို၏ သမိုင်းပေးတာဝန်ပင် ဖြစ်သည်။

သို့ကြောင့် သူတို့နှစ်ယောက်သည် သစ်တောကြီးတွင် တစ်ညတာအိပ်စက်နားနေနိုင်မည့် လိုဏ်ဂူတစ်ခုရှာ၍ ထိုညတာကို ကျော်ဖြတ်ခဲ့လေသည်။

လွတ်လပ်ပျော်ရွှင်စွာ စတင်ခဲ့သော ခရီးသည် အစမှတိုင်အောင် ပျော်ရွှင်ဖွယ်အတိပြီးနေတော့သည်။

_____________________________________________________

(တောင်ပိုင်းဘုရင်ကြီးလင်းမို။ စာအုပ်ထဲမှာ လေးယောက်လုံး ပါမယ်နော်❤)


Zawgyi

လင္းမိုႏွင့္ လီခ်န္းယုံသည္ ေတာင္ပိုင္းသို႔ ခရီးႏွင္လာခဲ့သည္မွာ ရက္ပိုင္းခန့္ရွိသြားၿပီ ျဖစ္သည္။ လမ္းတစ္ေလွ်ာက္တြင္ စားေသာက္လည္ပတ္ရင္း ေတာင္ပိုင္းသို႔ ေရာက္မွန္းမသိ တစ္စတစ္စ ခ်ဥ္းနင္းဝင္ေရာက္လာခဲ့ေပသည္။

လမ္းတစ္ေလွ်ာက္ေတြ႕ရေသာ ေရခဲပန္းစြယ္တို႔ ကပ္ေနၾကေသာ သစ္ပင္တို႔မွာ တစ္စတစ္စနည္းလာၿပီး အစိမ္းေရာင္အ႐ြက္ဖားဖားမ်ားျဖင့္ စိမ္းလန္းေနေသာ သစ္ပင္ႀကီးတို႔က မ်ားျပားလာသည္။

တစ္ခ်က္တစ္ခ်က္တိုက္လာေသာ ေလထုတြင္ ပူႏြေးေသာ အေငြ႕အသက္ကို ခံစားမိေနသည္။

၎တို႔ျဖတ္သန္းသြားေနသည္မွာ ေတာင္ပိုင္းၿမိဳ႕ႏွစ္ၿမိဳ႕ၾကားက ေတာအုပ္ႀကီးတစ္ခုျဖစ္သည္။ ေတာအုပ္အလယ္က စမ္းေခ်ာင္းနံေဘးသို႔ ေရာက္ေသာအခါလီခ်န္းယုံ မေနနိုင္ေတာ့ေခ်။ သူက ျမင္းဇက္ႀကိဳးကို သပ္ကာ လင္းမိုကို လွမ္းေခၚလိုက္သည္။

"နားရေအာင္ ခဏပူတယ္''

ခရီးစဥ္တစ္ေလွ်ာက္ တစ္မ်ိဳးၿပီးတစ္မ်ိဴးစားေသာက္ကာ လည္ပတ္လာခဲ့စဥ္က ပင္ပန္းမႈကို မခံစားခဲ့ရေသာ္လည္း ေတာင္ပိုင္းက ငံ့လင့္ႏႈတ္ဆက္ေနေသာ အပူခ်ိန္ကို ႀကဳံေတြ႕လိုက္ရသည့္အခါ လီခ်န္းယုံ ပင္ပန္းေနေခ်သည္။

လင္းမိုက လီခ်န္းယုံ အပူဒဏ္မခံနိုင္သည္ကို သိေသာေၾကာင့္ ေခတၱနားရန္သေဘာတူလိုက္ေလသည္။

လီခ်န္းယုံသည္ မဆိုင္းမတြပင္ ျမင္း၏ ဇက္ႀကိဳးကို သစ္ပင္တစ္ပင္၌ခ်ည္လိုက္သည္။ သူက လင္းမိုကိုပင္ မေစာင့္ဘဲ စမ္းေခ်ာင္းေဘးက ျမက္ခင္းျပင္တြင္ ထိုင္ခ်လိဳက္သည္။

စိမ္းစိုစိုေပါက္သစ္စ ျမက္ခင္းတို႔၏ အထိအေတြ႕သည္ ႏူးညံ့ေနသည္။ လီခ်န္းယုံသည္ ျမက္ခင္းေပၚ ေျခပစ္လက္ပစ္လွဲခ်လိဳက္ေလသည္။

ျမက္ခင္းေပၚလွဲအိပ္လိုက္ေသာ လီခ်န္းယုံကို လင္းမိုတားရန္အခ်န္မမီလိုက္ေခ်။

"အားယုံ! အဲ့ဒီလို လွဲလိုက္ရလား။ မိုး႐ြာၿပီးစျပန္ေပါက္တဲ့ျမက္ေတြေနာ္ အေကာင္ေလးေတြ ကပ္ေနတတ္တယ္။ မင္းတစ္ကိုယ္လုံး ယားကုန္မယ္''

လင္းမိုကေျပာရင္း လီခ်န္းယုံကို ဆြဲထူေလသည္။

လီခ်န္းယုံက လင္းမို၏လက္ကို ပ်င္းတိပ်င္းရဲျဖင့္ ဆြဲကာ မထခ်င္ထခ်င္ျဖင့္ ထလာေလသည္။ သူ၏ ႏႈတ္ခမ္းလႊာက အနည္းငယ္ စူပုပ္ေနသည္။

"ပူတယ္''

လက္ႏွစ္ဖက္ကို ယပ္ေတာင္သဖြယ္ခပ္ကာ လီခ်န္းယုံပူအိုက္ေနမႈတို႔ သက္သာရန္ႀကိဳးပမ္းေနေလသည္။

လင္းမိုက လီခ်န္းယုံ၏ အနားသို႔ ထိုင္ခ်လိဳက္ကာ ေျပာလိုက္သည္။

"ပူရင္ခြၽတ္လိုက္! အေပၚကဝတ္႐ုံႀကီး''

လင္းမိုက လက္ကိုကမ္းကာ လီခ်န္းယုံ၏ အေပၚထပ္က ဝတ္႐ုံကိုခြၽတ္ရာတြင္ ကူညီလိုက္သည္။

ဝတ္႐ုံထူႀကီးကိုခြၽတ္ၿပီးသည့္ေနာက္တြင္ လီခ်န္းယုံသည္ ေက်နပ္ဟန္မရွိဘဲ ေနာက္ထပ္လက္က်န္ဝတ္႐ုံကိုပါခြၽတ္ရန္ႀကံေနသည္။

"အားယုံေလး! ဘာေတြႀကံစည္ေနတာလဲ''

လင္းမိုက လီခ်န္းယုံ၏ ဖရိုဖရဲဝတ္႐ုံတို႔ႏွင့္ အေနအထားကို မေကာင္းဆိုးဝါးဆန္ဆန္ၾကည့္၍ ေမးလိုက္ေလသည္။

လင္းမို၏ အၾကည့္တို႔ေၾကာင့္ လီခ်န္းယုံ ေက်ာခ်မ္းသြားသည္။

"လာၾကည့္မေနနဲ႕! ေရထဲဆင္းမလို႔''

လီခ်န္းယုံက တသြင္သြင္စီးေနေသာ ေအးျမၾကည္လင္ေနသည့္ စမ္းေခ်ာင္းေရကိုၾကည့္ကာ ေျပာေလသည္။

လင္းမိုတစ္ေယာက္မွာသာ ဝံပုေလြျဖဴေလး၏ မဟာအႀကံအစည္ႀကီးကိုၾသခ်မိသြားသည္။

"မၾကည့္နဲ႕! ဟိုဘက္လွည့္''

လီခ်န္းယုံက သူ၏ လက္က်န္ဝတ္႐ုံကို မခြၽတ္မီ လင္းမိုကို လွည့္၍ ေျပာလိုက္သည္။

လင္းမိုကမူ လီခ်န္းယုံအား သူမျမင္ဖူးသည့္ ခႏၶာကိုယ္ အစိတ္အပိုင္းမရွိေၾကာင္း ရွင္းျပခ်င္မိသြားသည္။

".....''

လီခ်န္းယုံကလည္း လင္းမိုကို သည္အတိုင္း ဟိုဘက္လွည့္ဟုသာ ေျပာလိုက္ေသာ္လည္း သူသည္ လင္းမိုတကယ္လွည့္မလွည့္ မ်ားစြာ ဂ႐ုမစိုက္ေခ်။

ထို႔ေၾကာင့္ သူသည္ ေနာက္ဆုံးဝတ္႐ုံကို ခြၽတ္ခ်ကာ စမ္းေခ်ာင္းထဲသို႔ ဆင္းသြားေလသည္။

"အနက္ႀကီးပဲ''

ေရထဲသို႔ ပထမေျခလွမ္းလွမ္းလိုက္သည္ႏွင့္ လီခ်န္းယုံက လင္းမိုကိုလွည့္၍ ေျပာလိုက္ေလသည္။

မ်က္စိေရွ႕က ဗလာက်င္းခႏၶာျဖင့္ ေရထဲဆင္းသြားေသာ ဝံပုေလြျဖဴေလးေၾကာင့္ မရိုးမ႐ြခံစားခ်က္တို႔ ရင္တြင္း၌ ျဖစ္ေပၚလာေလသည္။ ဤသည္ကိုပင္ ထိုဝံပုေလြျဖဴေလးက မထီမဲ့ျမင္ႏွင့္ သူ႕ကိုလွည့္၍ ရယ္ရယ္ေမာေမာျဖင့္ ေျပာေနေခ်ေသးသည္။

စမ္းေရကအျမင္အားျဖင့္သာ ၾကည္သည္ဟု ထင္ရေသာ္လည္း အမွန္တကယ္က လီခ်န္းယုံ၏ ပခုံးနီးပါးခန့္နက္ေလသည္။ လီခ်န္းယုံက ေျခဖဝါးႏွင့္ထိေတြ႕ေနေသာ ေက်ာက္စရစ္ခဲေလးမ်ားကို နင္းကာ နက္သည္ထက္နက္ေအာင္ သြားေလသည္။

"အားယုံ! မင္းေရကူးတတ္လို႔လား''

စမ္းေခ်ာင္းေဘးက ရပ္ၾကည့္ေနေသာ လင္းမိုက ေအာ္ေျပာလိုက္ေလသည္။

လီခ်န္းယုံက ျပန္မေျဖဘဲ ေခါင္းသာ ၿငိမ့္ျပသည္။

စမ္းေရက တသြင္သြင္အရွိန္ျဖင့္ စီးေနသည္။ လီခ်န္းယုံသည္ ေရစီးအတိုင္း အထက္သို႔ဆန္ကာ ၾကည့္ေနစဥ္ ေမ်ာပါလာေသာ အနီရဲရဲ အသီးတစ္လုံးကိုျမင္လိုက္ရေခ်သည္။ သူက ထိုအသီးကို ႐ုတ္တရက္ လွမ္းယူခ်င္စိတ္ေပါက္လာေသာေၾကာင့္ ကူးခတ္၍ သြားလိုက္ေလသည္။

လီခ်န္းယုံသည္ ေရကို ကြၽမ္းကြၽမ္းက်င္က်င္ ကူးတတ္သည္မဟုတ္ေခ်။ ေျမာက္ပိုင္းက မည္သူကမွ် ေရခဲ ျမစ္ထဲဆင္း၍ ေရကူးမေနေခ်။

စီးဆင္းေနေသာေရ၏ အရွိန္ေၾကာင့္ သူအေရွ႕သို႔ မေရာက္ဘဲ ေရစီးက သူ႕ကို တိုက္သြားေလသည္။

"ခ်န္းယုံ''
လင္းမိုက ေအးေအးေဆးေဆး လက္ပိုက္ ၾကည့္ေနရာက မေနနိုင္ေတာ့ဘဲ လွမ္းေအာ္ေျပာလိုက္သည္။
"မင္းေရေရာကူးတတ္ရဲ႕လား''

ေရစီးသန္ေသာေခ်ာင္း ႏွင့္ေကာင္းေကာင္းမကူးတတ္ေသာ လီခ်န္းယုံေၾကာင့္ သူ၏တစ္ကိုယ္လုံး ေရထဲ ျမဳပ္သြားေလသည္။

လင္းမိုေတြေဝမေနေတာ့ေခ်။ ခႏၶာကိုယ္က အဝတ္အစားတို႔ကို ခြၽတ္ၿပီး ေရထဲသို႔ ခုန္ဆင္းလိုက္ရေခ်သည္။

လီခ်န္းယုံသည္ သူ၏ ႏွာေခါင္းႏွင့္ပါးစပ္ထဲသို႔ ေရမ်ားတိုးဝင္လာေသာေၾကာင့္ အသက္ရႈၾကပ္လာသည္ကို ခံစားလိုက္ရသည္။ သူ႐ုန္းကန္၍ အထက္သို႔ ျပန္တက္ရန္ ႀကိဳးပမ္းေနဆဲတြင္ သန္မာေသာ လက္တစ္စုံက သူ႕ကို ခါးမွ ဖက္ကာ ေရျပင္ထက္သို႔ တြန္းပို႔လိုက္ေလသည္။

စမ္းေခ်ာင္း၏ အလယ္ အလြန္နက္ေသာ ေနရာေရာက္ေနေသာေၾကာင့္ေျခဖ်ားေထာက္၍ မည္သို႔မွ်မမွီေတာ့ေခ်။

"ဖူး...''
ပါးစပ္ထဲထိဝင္လာေသာ ေရမ်ားကို အန္ထုတ္ကာ လီခ်န္းယုံ အသက္ဝဝရွိုက္သြင္းလိုက္ရသည္။

"ေျပာေတာ့ ေရကူးတတ္တယ္ဆို''
လင္းမိုက လီခ်န္းယုံကို ထပ္မျမႇုပ္သြားေစရန္ ခါးမွဆြဲဖက္ထား၍ ျပန္ေမးလိုက္ေလသည္။

႐ုတ္တရက္ေမာေနေသာေၾကာင့္ လီခ်န္းယုံ ျပန္မေျဖနိုင္ေခ်။ ေဒါသမ်က္ေစာင္းတစ္ခ်က္ကိုသာ လင္းမိုထံ ပစ္လႊတ္လိုက္ေလသည္။

လင္းမိုက လီခ်န္းယုံကို ေပြ႕၍ စမ္းေခ်ာင္းအစပ္သို႔ ျပန္ေခၚသြားေလသည္။ ေျခေထာက္ေထာက္၍ မွီေသာေနရာသို႔ေရာက္ခ်ိန္မွ သူက လီခ်န္းယုံကို အသာခ်ေပးလိုက္ေလသည္။

"ေရကူးကြၽမ္းလိုက္တာ! ကိုယ္ေတာ့္ကိုသင္ေပးပါဦး''

လင္းမိုက ႐ႊင္ျမဴးစြာျဖင့္ လီခ်န္းယုံကို စေနာက္ေလသည္။

လီခ်န္းယုံက လင္းမိုကို ၾကည့္လိုက္ေလသည္။ ေရစက္မ်ားတြဲလြဲခိုေနေသာ ေတာင့္တင္းေသာ ရင္အုပ္ႀကီးက သူ၏ အေရွ႕တြင္ အလြန္ထင္သာ ျမင္သာ ရွိေနသည္။ ၾကည့္ရသည္က လင္းမိုသည္လည္း လီခ်န္းယုံေရနစ္ေနသည္ကို ျမင္ေသာေၾကာင့္ ကမန္းကတန္းဝတ္႐ုံခြၽတ္ကာ ဆင္းလာျခင္း ျဖစ္ရမည္။

"လာေရကူးသင္ေပးမယ္''
ေျပာေျပာဆိုဆိုျဖင့္ သူက လင္းမို၏ ေနာက္ေက်ာသို႔ ခုန္တက္ကာ လင္းမိုကို လည္ပင္းမွ သိုင္းဖက္ထားေလသည္။

ဝံပုေလြျဖဴေလးခုန္တက္သည့္အရွိန္ေၾကာင့္ ေရစက္မ်ားဖြာထြက္ကာ စင္သြားသည္။

လင္းမိုက သူ၏ ကိုယ္ေပၚ ခုန္တက္လာေသာ လီခ်န္းယုံကို ေရွာင္တိမ္းျခင္းမရွိေသာေၾကာင့္ သူတို႔ႏွစ္ေယာက္ ေရထဲတြင္ လုံးေထြးသြားၾကသည္။ ခြန္အားသန္မာသူမ်ား ျဖစ္သည့္အတြက္ စမ္းေခ်ာင္းမွာ ေရၾကည္ၾကည္တြင္ လင္းမိုႏွင့္လီခ်န္းယုံ၏ ေကာင္းမႈေၾကာင့္ ေရဂယက္မ်ားပင္ ထကုန္သည္။

သစ္ေတာႀကီးမွာ လူသူအေရာက္အေပါက္နည္း၍ သြားလာသူမရွိေသာေၾကာင့္သာ ေတာ္ေရာ့သည္။

လင္းမိုကို စိတ္တိုင္းက် ႏွောင့္ယွက္ၿပီးမွ လီခ်န္းယုံ ေရထဲက တက္ရန္ သေဘာတူလိုက္ေလသည္။ ကမ္းအစပ္သို႔ ေရာက္သည္ႏွင့္ လီခ်န္းယုံက သူ၏ ဝတ္႐ုံကို အလ်င္အျမန္ဝတ္ရန္ႀကိဳးပမ္းေလသည္။ သူသည္ ဤအေနအထားႏွင့္ လင္းမို၏ အေရွ႕တြင္ မလုံၿခဳံေၾကာင္း သိေလသည္။

"ျဖည္းျဖည္းဝတ္ပါ! အားယုံေလး''
ဝတ္႐ုံျဖဴအပါးကို ခါးစည္းခ်ည္ေနခိုက္ လင္းမိုက အေပၚထပ္အက်ီကို လွမ္းေပးကာ ေျပာေလသည္။

လီခ်န္းယုံက ျပန္မေျပာဘဲ မင္းကယုံရတာ ၾကလို႔ဟူေသာ အဓိပ္ပါယ်ပါသည့် အၾကည့္တစ္ခ်က္ကိုသာ ေပးလိုက္သည္။

လင္းမိုက သေဘာက်စြာရယ္ေနေလသည္။ သူမယုံၾကည္ရေၾကာင္းကို သူအသိဆုံးသာ ျဖစ္သည္ေလ။

စမ္းေခ်ာင္းထဲတြင္ ေရဆင္းခ်ိဳးၿပီးမွ အပူဒဏ္သက္သာသြားသလို ခံစားရေလသည္။ လင္းမိုမွာကား သူ၏ ခႏၶာကိုယ္အပူခ်ိန္မညီမွ်မႈေၾကာင့္ ျဖစ္ေသာ အေအးမိေဝဒနာသည္ ေတာင္ပိုင္းသို႔ ေရာက္လာသည္ႏွင့္ သိသိသာသာ ေပ်ာက္ကင္းသြားၿပီျဖစ္သည္။

သို႔ေၾကာင့္လီခ်န္းယုံသည္ သူ၏ ဆုံးျဖတ္ခ်က္မွန္ကန္သည္ဟု ေတြးထင္မိေလသည္။

ေရခ်ိဴးၿပီးစျဖစ္ေသာေၾကာင့္ ေရစိုသြားေသာ ဆံႏြယ္မ်ားအလ်င္အျမန္ေျခာက္ေသြ႕ေစရန္ လီခ်န္းယုံက ျဖန့္ခ်ထားေလသည္။ ေျပျပစ္ေသာလည္တိုင္တြင္ ဆံခ်ည္မွ်င္တို႔ကပ္ေနေလရာ လင္းမိုက တစ္မွ်င္ခ်င္းစိတ္ရွည္လက္ရွည္ဖယ္ရွားေပးကာ လီခ်န္းယုံ၏ ဆံႏြယ္မ်ားကို ၿဖီးသင္ေပးေလသည္။

"ဘယ္လိုလဲ အားယုံေလး ေမာသြားၿပီလား! ခရီးဆက္မလား ဒီေနရာမွာတစ္ေထာက္နားမလား''

လီခ်န္းယုံေကာင္းကင္ကိုေမာ့ၾကည့္လိုက္သည္။ ပူျပင္းစြာေတာက္ပေနေသာ ေနမင္းႀကီးက အေနာက္ဘက္သို႔ ယြန္းစျပဳေနၿပီျဖစ္သည္။

"ဟမ္း''
လီခ်န္းယုံက သူတို႔သြားရမည့္ လမ္းကို ၾကည့္ကာ တစ္စုံတစ္ရာကို ေတြးေတာေနေလသည္။

တစ္စုံတစ္ေယာက္သာ သူ၏ အသြင္အျပင္ကို ေတြ႕ျမင္ပါက ေရွ႕ဆက္သြားရမည့္ ခရီးအကြာအေဝး ၾကာခ်ိန္ ခရီးတြင္နိုင္မတြင္နိုင္တို႔ကို တြက္ခ်က္ေနသည္ဟု အထင္ရွိနိူင္သည္။

သို႔ေသာ္ လင္းမိုကမူ လီခ်န္းယုံ မည္သည့္အရာကို ေတြးေတာေနသည္ကို သိေလသည္။

"စိတ္မပူနဲ႕ အားယုံေလး! ရိကၡာေျခာက္ေတြပါပါတယ္ ၾကည့္ရသေလာက္ ဒီသစ္ေတာတစ္ဝိုက္မွာ စားလို႔ရတဲ့ အသီးအ႐ြက္ေတြ မ်ားမ်ားစားစားေတြ႕ရတယ္။ ညစာစားဖို႔ တစ္ခုခုေတာ့ရမွာပါ''

လင္းမိုမွန္ေပသည္။ အမွန္တကယ္ပင္ လီခ်န္းယုံသည္ ပင္ပန္းေနေသာေၾကာင့္ သူဆက္ၿပီးမသြားခ်င္ပါ။သို႔ေသာ္လည္း ညစာစားရမည့္အေရးကို ပူပန္ရေခ်ေသးသည္။ လင္းမို၏ စကားကို ၾကားသည့္အခါ သူက မ်က္လုံးကိုေထာင့္ကပ္ကာ ၾကည့္ေလသည္။

ေသခ်ာလားဟူေသာ အဓိပ္ပါယ်ပင်။

လင္းမိုက လီခ်န္းယုံ၏ အေၾကာင္းကို ေနာေက်ေနေအာင္ သိသူျဖစ္ရာ မဆိုင္းမတြ ျပန္ေျဖလိုက္သည္။
"ဘယ္သူက အားယုံကို အငတ္ထားမွာလဲ''

"ကိုကိုအေတာ္ဆုံးပဲ''

ခ်က္ခ်င္းပင္ လီခ်န္းယုံက လင္းမို၏ ရင္ခြင္တြင္း ဇြတ္ေျပးလာေလသည္။ လင္းမိုမွာကား အလိုက္သင့္ဆီး၍ ဖမ္းထားလိုက္ရေခ်သည္။

တစ္ေယာက္တည္းေသာ ခ်စ္ရသူ ဝံပုေလြျဖဴေလးကို အလိုလိုက္အႀကိဳက္ေဆာင္ေပးရန္သည္ လင္းမို၏ သမိုင္းေပးတာဝန္ပင္ ျဖစ္သည္။

သို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္သည္ သစ္ေတာႀကီးတြင္ တစ္ညတာအိပ္စက္နားေနနိုင္မည့္ လိုဏ္ဂူတစ္ခုရွာ၍ ထိုညတာကို ေက်ာ္ျဖတ္ခဲ့ေလသည္။

လြတ္လပ္ေပ်ာ္႐ႊင္စြာ စတင္ခဲ့ေသာ ခရီးသည္ အစမွတိုင္ေအာင္ ေပ်ာ္႐ႊင္ဖြယ္အတိၿပီးေနေတာ့သည္။

_____________________________________________________

(ေတာင္ပိုင္းဘုရင္ႀကီးလင္းမို။ စာအုပ္ထဲမွာ ေလးေယာက္လုံး ပါမယ္ေနာ္❤)

Continue Reading

You'll Also Like

555K 64.7K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
2.8K 440 29
Cover by Gust တိုမယ်၊ ရိုမယ်၊ ချိုမယ် အပျော်သဘောနဲ့ရေးတာဆိုတော့ ဖတ်ရှုရင်း အနည်းငယ် ပြုံးပျော်နိုင်ရင်ကို ရေးရကျိုးနပ်ပြီ #Thethirdschoollifefiction...
1.9K 529 42
"පිස්සුද ? නැත්තම් හැටිද?? මම ලේ බීලත් නෑ බොන්නෙත් නෑ !!" "ඒත් උඹ වැම්පයර් කෙනෙක්??එහෙම නේ ?? අනේ නිකන් පලයන් යන්න !! ලේ බොන්නැත්තම් කොහොමද උඹ වැම්පය...
236K 20K 31
Uni ကောင်လေးတစ်ယောက်က စာအုပ်ထဲကို ဝိဉာဉ်ကူးပြောင်းသွားပြီးနောက် ကြောက်စရာကောင်းတဲ့ ဇာတ်လိုက်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့တယ်။ Zawgyi ေကာင္ေလးတစ္ေယာက္က စာအ...