Unicode
ကြီးကျယ်ခမ်းနားသော ဆွေဟိုင်းနန်းတော်ကြီး၏ ညီလာခံခန်းမဆောင်၌ ဆယ့်ခြောက်ပြည်ထောင်ကအမတ်များသည် မနက်ခင်းညီလာခံကို ကျင်းပရန် စောလျင်စွာ ရောက်ရှိနေကြသည်။
၎င်းတို့သည် ခန်းမဆောင်တံခါးကြီးဂျိမ်းခနဲ ပွင့်လာမည့် အချိန်ကို မျှော်လင့်နေကြသည်။
ယနေ့တွင် အမတ်တို့သည် တီးတိုးတီးတိုးဖြင့် ဆိုင်ရာအုပ်စုများအလိုက်၎င်းတို့လျှောက်တင်ရန်ရှိသည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးနေကြလေသည်။
ဆယ့်ခြောက်ပြည်ထောင်ကို ပေါင်းစည်းပြီးကတည်းက အရှင်နှစ်ပါးသည် မနက်ခင်းညီလာခံကို အလျဥ်းသင့်သလို တစ်ယောက်တစ်လှည့်စီ တက်ရောက်ကြလေသည်။
၎င်းတို့အားလုံးသည် မနက်ခင်းညီလာခံကို မည်သူတက်ရောက်ရန်မျှော်လင့်သည်ဆိုသည်ကား တစ်ညီတစ်ညွတ်တည်းသော အဖြေထွက်လေသည်။
မနက်ခင်းတိုင်းတို့တွင် အမတ်တို့ ညီလာခံတံခါးဝမှ မည်သည့်အရှင် ကြွလာမည်ဆိုသည်ကို ရင်တမမဖြင့် မျှော်ရလေသည်။ ၎င်းတို့မျှော်လင့်နေသူဖြစ်ပါက သက်ပြင်းချကာ စိတ်သက်သာရာရသွားသော်လည်း ၎င်းတို့မျှော်လင့်ထားသူမဟုတ်ပါက စိတ်မောသွားချေလေသည်။ ထိုနေ့အတွက်ကား အလွန်တရာ ပင်ပန်းပြီး စိန်ခေါ်မှုများ များမည်ဆိုသည်ကား တွေးမကြည့်ဘဲ သိနိုင်သည်။
"ဂျိမ်း''
ကျယ်လောင်သောအသံကြီးနှင့်အတူ ညီလာခံတံခါးကြီး ပွင့်သွားချေသည်။
လျှောက်လမ်းတစ်လျှောက်ခင်းထားသော အနီရောင် ကတ္တီပါအခင်း ပေါ်သို့ကြွမြန်းလာသော ခြေလှမ်းတစ်စုံ...
အမတ်တို့ညီညာစွာ ဒူးထောက်၍ အရိုအသေပြုကြလေသည်။ အရှင်ကိုအခွင့်ရှိမှ မော်ဖူးရမည်ဖြစ်သောကြောင့် ၎င်းတို့၏ ဦးခေါင်းများကို ညွှတ်ထားကြသည်။ ထို့ကြောင့် အမတ်တို့သည် မည်သည့်အရှင်ဝင်လာသည်ဆိုသည်ကို ချက်ချင်းအတည်မပြုနိုင်ပဲ မြင်ရသောဝတ်ရုံစွန်းနှင့် ဖိနပ်တို့ကိုသာ ကြည့်၍ ပြောရသည်။သို့ကြောင့် အမတ်တို့သည် ခန်းမသို့ ညင်သာစွာ လှမ်းဝင်လာသော ခြေထောက်ပိုင်ရှင်ကို အမိအရ ခန့်မှန်းနေလေသည်။
အဖြူရောင် ဖိနပ်ရှည်၏ဘေးတွင်အသေးစိတ်ဆေးရေးခြယ်ထားသော အပြာရောင် ရေခဲတောင်တန်းများကို မြင်လိုက်ရသည့်အခါ အမတ်တို့၏ ရင်ထဲတွင် ချက်ချင်းပင် ဆောင်းဦးရာသီသို့ရောက်သလို အေးမြသွားသည်။ သည်တစ်နေ့တော့ သူတို့စိတ်အေးနိုင်ပေပြီ။
သို့သော်...
ထို အဖြူရောင် ဦးထိပ်ချွန်ဖိနပ်၏ အပေါ်က မြင်လိုက်ရသော ရွှေရောင်ဝတ်ရုံကြောင့် ၎င်းတို့၏ နှလုံးခုန်နှုန်းများ မြင့်တက်သွားပြန်သည်။ တစ်ဆက်တည်းမှာပင် သည်နေ့တော့ အနားရရန် အကြောင်းမရှိဟု စိတ်ဒုန်းဒုန်းချလိုက်သည်။
အဖြူရောင်ဖိနပ်ရှည်ကို ၎င်းတို့မျှော်လင့်နေသည့်အရှင်က ဝတ်ဆင်တတ်သည်မှန်သော်လည်း ရွှေရောင်ဖိတ်ဖိတ်ဝတ်ရုံကိုကား ၎င်းတို့မျှော်လင့်နေသည့်အရှင်က မဝတ်ဆင်ပေ။ သို့ကြောင့် အမတ်တို့ စိုးရိမ်သွားကြခြင်း ဖြစ်သည်။
အနီရောင်ကတ္တပါအခင်းကြီးသည် ခင်းကျင်းသူအစေခံ၏ ချော်ချွတ်မှုကြောင့် တစ်နေရာတွင် မသိမသာတွန့်ခေါက်နေလေသည်။ ထိုနေရာသည် မသိမသာ တွန့်ခေါက်နေသောကြောင့် အဝေးကကြည့်လျှင် မသိသာပေ။ ဒူးကိုညွှတ်ဦးခေါင်းကို ငုံ့ထားသည့် အမတ်များကား ထိုအတွန့်ကို သိသာစွာ မြင်နေရချေသည်။
တည်ငြိမ်စွာလျှောက်လှမ်းလာသောခြေလှမ်းပိုင်ရှင်က ထိုနေရာနားသို့ ရောက်လာချေသည်။
"ကျွတ်စ်''
အဖြူရောင်ဖိနပ်ရှည်က ထင်မှတ်မထားသော အတားအဆီးကြောင့် ခြေလှမ်းမသိသာ ယိုင်သွားပေသည်။ တစ်ဆက်တည်း သူ၏ နှုတ်ဖျားကလည်း အလိုမကျသော အာမေဋိတ်သံ ထွက်လာသည်။
ညီလာခံကိုဝင်လာသည်က အရှင်လင်းမိုဟု ထင်နေသော အမတ်များသည် ၎င်းတို့၏ ယူဆချက်ကို ပြောင်းရပြန်ပေသည်။ အရှင်လင်းမိုကား ထိုကဲ့သို့ အမှတ်မဲ့စွာ ချော်လဲ့မည့်သူ မဟုတ်ချေ။ သို့သော် အရှင်ချန်းယုံဟု ဆိုရပြန်ပါကလည်း ရွှေရောင်ဝတ်ရုံကြီးက ၎င်းတို့၏ အတွေးများ ဝေဝါးစေသည်။ အဖြူရောင်ဖိနပ်က သေချာပေါက် အရှင်ချန်းယုံ၏ ဖိနပ်ဖြစ်ပါသည်။
အရှင်နှစ်ပါးအနက် မည်သူနည်းဟု သို့လောသို့လောအတွေးများဖြင့် အမတ်တို့ ခန့်မှန်းရခက်နေလေသည်။
အရှင်လင်းမို၏ ဝတ်ရုံကို ယူဝတ်ထားသော အရှင်ချန်းယုံလား၊ အရှင်ချန်းယုံ၏ ဖိနပ်ကိုယူစီးထားသည့် အရှင်လင်းမိုလားဆိုသည်ကတော့ ၎င်းတို့မော့ကြည့်မှ ကွဲပြားပေမည်။
လျှောက်လမ်းဆုံးမည့်အချိန်ကို ရင်တထိတ်ထိတ်စောင့်ကာ တည်ငြိမ်စွာပလ္လင်ထက်သို့ လှမ်းသွားသော ခြေလှမ်းသံကို အမတ်တို့နားစွင့်နေချေလေသည်။
အရှင်က ပလ္လင်ထက်၌ နေရာယူပြီးသည့်အခါ အကုန်လုံးကို ဝေ့ဝဲကြည့်လိုက်ပေသည်။
"အဟမ်း''
ခပ်သြသြပေါ်ထွက်လာသော လည်ချောင်းရှင်းသံက အရှင်လင်းမိုဟု ကောက်ချက်ချရန် တွန်းပို့နေသည်။
"ကဲ...ထလို့ရပြီ။ အမတ်ကြီးတို့''
အေးဆေးတည်ငြိမ်စွာ ထွက်ပေါ်လာသော အသံအေးကြောင့် အမတ်မင်းတို့ ဝမ်းသာအားရ မော့ကြည့်လိုက်လေသည်။
ပလ္လင်ထက်တွင် ရွှေရောင်ဝတ်ရုံကို ခန့်ညားစွာဝတ်ဆင်ကာ ရေခဲပြင်မှ ရေခဲလွှာလို အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် အရှင်ချန်းယုံကို တွေ့လိုက်ရပေသည်။
"မဂ်လာနံနက်ခင်းပါအရှင်''
လီချန်းယုံသည် ၎င်းကို မြင်၍ ဝမ်းသာအယ်လယ် ဖြစ်သွားသော အမတ်တို့ကို ကြည့်ကာ ရယ်ချင်သွားပေသည်။ ထို့ကြောင့်သူတမင်တကာ စနောက်လိုက်သည်။
"ကိုယ်တော့်ကိုတွေ့လို့စိတ်မကောင်း ဖြစ်သွားပုံပဲ...ဒီကအမတ်မင်းတို့က''
မြောက်ပိုင်းက အမတ်များကား ရှင်းပါသည်။ ၎င်းတို့၏ အရှင် လီချန်းယုံကို တွေ့သောကြောင့် ဝမ်းသာသွားခြင်း ဖြစ်သည်။
တောင်ပိုင်းဆယ့်ငါးနိုင်ငံက အမတ်များကလည်း ရှင်းပါသည်။ ၎င်းတို့၏ အရှင် လင်းမို ညီလာခံမတက်သောကြောင့် ဝမ်းသာသွားခြင်း ဖြစ်ပေသည်။
"အရှင်ကလည်း၊ သိရဲ့သားနဲ့၊ ကျွန်တော်တို့ တစ်ပတ်မှာနှစ်ရက်လောက်တော့ နေ့လယ်စာ အချိန်မှန် သုံးဆောင်ချင်ပါရဲ့''
အမတ်မင်းတစ်ယောက်က လင်းမိုညီလာခံလာလျှင် မပြီးစီးနိုင်သောကြောင့် ၎င်းတို့ နေ့လယ်စာမစားရသည်ကို ရည်ညွှန်းပြောခြင်း ဖြစ်သည်။
လီချန်းယုံသည် ညီလာခံတက်လျှင် မည်သည့်အခါမှ နေ့လယ်စာကို ကျော်အောင်ထိ အချိန်ကြာမြင့်စွာ မနေပါ။ ၎င်းအတွက် အစားတစ်နပ်ကို စက္ကန့်ပိုင်းများပင် နောက်ကျမခံလိုသောကြောင့် လီချန်းယုံက အမတ်တို့ဆွဲထားလျှင်ပင် ညီလာခံ၌ မနေချေ။
ကိစ္စရပ်များကို လျှောက်တင်ပါကလည်း အေးဆေးသော လီချန်းယုံက တော်တော်များများကို နားလည်ပေးကာ ဂရုတစိုက်နားထောင်လေသည်။ အရှင်လင်းမိုကား သူခိုင်းစေသည့်တာဝန်ကို တိတိကျကျနှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ခိုင်းလေ့ရှိပြီး အမှားတစ်စုံတစ်ရာကိုမှ လက်ခံလေ့မရှိချေ။ တစ်စုံတစ်ရာကျူးလွန်မိပါကလည်း ရာထူးမှလျှော့ချခြင်း ပယ်ထုတ်ခြင်း ပြစ်ဒဏ်တို့ကို ပေးလေ့ရှိပါသည်။
သို့ကြောင့် မနက်ခင်းတိုင်းတွင် လီချန်းယုံ ညီလာခံတက်ရန် ဆုတောင်းကြသည်က အမတ်တို့အလွန်မဟုတ်ချေ။
အတိုင်ပင်ခံအမတ်ကြီးကား နှစ်ဦးနှစ်ဖက်ကို နားလည်ထားသူပီပီ တစ်စုံတစ်ရာမပြောချေ။
လီချန်းယုံက အမတ်၏စကားကြောင့် မသိမသာ ပြုံးလိုက်လေသည်။
"အမတ်တို့ ဝင်လာကတည်းက ဘယ်သူမှန်းမသိဘူးလား''
"မှန်လှပါအရှင်! ကျွန်တော်မျိုးတို့ တကယ်မခွဲခြားနိုင်ရိုးပါ အရှင့်ကို မော်လည်းမဖူးနိုင်တာကြောင့် ခြေထောက်ပဲ ကြည့်ပြီး ခန့်မှန်းရပါတယ်''
ထိုအမတ်၏စကားကို နံဘေးမှ အမတ်မင်းကလည်းထောက်ခံချေလေသည်။
"ပြီးတော့ အရှင်နှစ်ပါးရဲ့ ဝတ်ရုံအဆင်အပြင်ကလည်း တဖြည်းဖြည်း တူလာတော့ ကျွန်တော်တို့ မခန့်မှန်းတတ်အောင်ပါပဲ''
အမတ်၏စကားက အလိမ္မာနည်းသုံးထားခြင်းသာ ဖြစ်သည်။ အရှင်လင်းမိုနှင့် အရှင်လီချန်းယုံ ဝတ်ရုံအသုံးအဆောင်များ အလဲအလှယ်ဝတ်လေ့ရှိသည်ကို ဆွေဟိုင်းနန်းတော်တစ်ခုလုံး သိချေသည်။
လီချန်းယုံက အမတ်ပြောသည်ကို ခေါင်းတဆတ်ဆတ်ငြိမ့်နေလေသည်။ သူသည် ယခုတွင် လင်းမို၏ ဝတ်ရုံကို ယူဝတ်လာခြင်းပင်။ လင်းမိုက မူကား လီချန်းယုံ၏ ဝတ်ရုံဝတ်လျှင် မသိမသာခြေထောက်တွင် ဟနေသောကြောင့် လီချန်းယုံ၏ ဝတ်ရုံကို ယူမဝတ်ချေ။
လီချန်းယုံကသာ လင်းမိုအတွက် ၎င်းနှင့် အလုံးစုံတူသော ဝတ်ရုံများစီစဥ်ပေးထားလေသည်။ ထိုသည်ကို မသိသော အမတ်တို့ကား လင်းမိုနှင့် လီချန်းယုံ ဝတ်ရုံလဲလှယ်ဝတ်သည်ဟုသာ ထင်နေကြသည်။ အမှန်ကားလီချန်းယုံကသာ ယူဝတ်ခြင်းဖြစ်၍ လင်းမိုက သီးသန့်ဆင်တူဝတ်ရုံများဝတ်ခြင်း ဖြစ်သည်။
လီချန်းယုံက ရှေ့ဆုံး၌ရပ်ကာ ခပ်မဆိတ်ဖြစ်နေသော အတိုင်ပင်ခံအမတ်ကြီးကို ငဲ့စောင်းကြည့်လိုက်သည်။
"ကဲ အမတ်ကြီးရောပြောပါဦး! ညီလာခံကို ဝင်လာတာ ဘယ်သူမှန်းခွဲနိုင်လား''
အမတ်ကြီးက ဦးညွတ်၍ ဖြေလေသည်။
"မှန်လှပါအရှင်! ကျွန်တော်မျိုးဝင်လာကတည်းက သိပါတယ်''
လီချန်းယုံက အံ့သြဟန်ဖြင့် မျက်ခုံးပင့်သွားသည်။
"ဟုတ်လား ပြောပါဦး! အမတ်ကြီးက ဘယ်လိုသိတာလဲ''
"အရှင်စီးထားတဲ့ ဖိနပ်ကြောင့်ပါ''
ညီလာခံမှ အမတ်များ တစ်ညီတညွတ်တည်း ပလ္လင်ထက်က အရှင်၏ ခြေထောက်ကို စူးစမ်းကြည့်ကြလေသည်။
လီချန်းယုံက အမတ်ကြီးကို ပြုံးကာကြည့်၍ ပြန်မေးလိုက်သည်။
"ဖိနပ်ကြောင့်လား''
အမတ်ကြီးကခေါင်းငြိမ့်ကာ ၎င်း၏ အဖြေအတွက် အကြောင်းပြချက်ကို ပေးလေသည်။
"အရှင်နှစ်ပါးက ဝတ်ရုံနဲ့အခြားအဆင်တန်ဆာတွေကို အလျဥ်းသင့်သလို လဲလှယ်ဝတ်ကြပေမဲ့ ဖိနပ်ကတော့ မလဲနိုင်ပါဘူး။ အရှင့်ရဲ့ ခြေထောက်က အရှင်လင်းမိုထက် အနည်းငယ်သေးပါတယ်။ ဒါကြောင့် အရှင်လင်းမိုအနေနဲ့ အရှင့်ရဲ့ဖိနပ်ကို ယူစီးဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး''
ထိုအခါမှ လီချန်းယုံ သူ၏ ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ အတိုင်ပင်ခံအမတ်ကြီးပြောသည်ကအမှန်ပင်။ သူ၏ ခြေထောက်သည် လင်းမိုထက် သေးပေသည်။
တစ်လက်စတည်း လီချန်းယုံက ၎င်းသည် လင်းမိုအတွက် မြောက်ပိုင်းအငွေ့အသက်ပါသည့် ဝတ်ရုံများ စီစဥ်ပေးသော်လည်း သူစီစဥ်ပေးသည့်အထဲတွင် ဖိနပ်မပါသေးကြောင်း သတိရသွားသည်။ လင်းမိုထံတွင် ၎င်းနှင့်ဆင်တူ ဖိနပ်မရှိသောကြောင့် အမတ်ကြီး အလွယ်တကူ ခွဲခြားနိုင်ခြင်း ဖြစ်လိမ့်မည်။ သို့ကြောင့် လင်းမိုကို သူနှင့်ဆင်တူ ဖိနပ်ပေးရန် စိတ်ကူးလိုက်သည်။
လီချန်းယုံ၏ အတွေးကို မသိသော အမတ်တို့ကား နောက်တစ်ကြိမ်တွင် ဖိနပ်ကိုကြည့်၍ အမှတ်သားပြု ခွဲခြားရန် ဆုံးဖြတ်လိုက်ပေသည်။
"ဒီနေ့အတွက် အထွေအထူးလျှောက်တင်စရာရှိလား''
လီချန်းယုံက ညီလာခံကို ဝေ့ကြည့်ကာ မေးလိုက်သည်။
ထိုစဥ် ပွဲတော်များကိုကြီးမှူးစီစဥ်သည့် အမတ်မင်းတစ်ပါးက ရှေ့ထွက်လာလေသည်။
"အရှင်! မကြာမီမှာ နက္ခတ်မျှော်စင်မှာ အကြီးအကဲနတ်ဆရာမ အပြောင်းအလဲ လုပ်ဖို့ရှိတယ်လို့ကြားရပါတယ်''
လီချန်းယုံက အံ့သြသွားဟန် မျက်ခုံးပင့်ပြသည်။ နတက္ခတ်မျှော်စင်သည် ထန်ရွှမ်းတိုက်တွင် သီးသန့်တည်ရှိသော အဖွဲ့အစည်းဖြစ်ပြီး၎င်းကို အုပ်ချုပ်သည်က သခင်မကျန်းပင် ဖြစ်သည်။ လင်းမို၏ မွေးနေ့ကအထိ သခင်မကျန်းကို ကျန်းကျန်းမာမာတွေ့လိုက်ရသောကြောင့် လီချန်းယုံက ရုတ်တရက် အကြီးအကဲပြောင်းလဲမည်ဆိုသည်ကို အံ့အားသင့်နေခြင်း ဖြစ်သည်။
"အဲ့ဒီအခါ အကြီးအကဲသစ်တက်ပွဲအတွက် အရှင်နှစ်ပါးလုံးကို ဖိတ်ကြားထားပါတယ်''
အမတ်မင်းရှေ့ထွက်၍ သူဆောင်ယူလာသော သဝဏ်လွှာကို ရိုသေစွာ ဆက်သလေသည်။
လီချန်းယုံသည် နက္ခတ်ဗေဒမျှော်စင်၏ စည်းတံဆိပ်ပါ စာလွှာကို ဖတ်ကြည့်သောအခါ အမတ်မင်းပြောသည့်အတိုင်း ရေးသားထားကြောင်းတွေ့ရလေသည်။
သူကခေါင်းငြိမ့်ပြပြီးတုံ့ပြန်လိုက်သည်။
"ကောင်းပြီ! ကိုယ်တော်နားလည်ပြီ''
ထို့နောက်တွင် အမတ်တို့က ၎င်းတို့၏ သက်ဆိုင်ရာတာဝန်များအလိုက် လျှောက်တင်စရာရှိသည်တို့ကို လျှောက်တင်လေသည်။
ညီလာခံက အလွန်အမင်းပင် အေးအေးဆေးဆေးနိုင်လှသည်။ လီချန်းယုံသည်လည်း စည်းကမ်းကြပ်သူ ဖြစ်သောကြောင့် တာဝန်မကျေပွန်ခြင်းများကို အပြစ်ပေးသော်လည်း လင်းမိုကဲ့သို့ အပြင်းအထန်အရေးယူခြင်း မဟုတ်ပေ။ အချိန်အများစု၌ သူသည် စကားအေးဖြင့်သာ ပြောဆိုလိုက်သည်။
မြောက်ပိုင်း၏ အုပ်ချုပ်ရေးပုံစံနှင့် အသားကျနေသော လီချန်းယုံသည် ဆွေဟိုင်းနန်းတော်တွင်လည်း ထိုပုံစံကိုကျင့်သုံးလေသည်။
ပရိယာယ်အဖြာဖြာကို မရိုးနိုင်အောင် ထုတ်ဖော်နိုင်စွမ်းရှိသည့် ဘုရင်ကြီးကမူ ထိုပုံစံက တောင်ပိုင်းနှင့် မကိုက်ညီကြောင်း တပ်အပ်သိလေသည်။ သို့ကြောင့်လည်း သူက ပြင်းပြင်းထန်ထန် ကိုင်တွယ်နေခြင်း ဖြစ်သည်။
ထိုနေ့အတွက် လင်းမိုညီလာခံကို မတက်ရောက်နိုင်သောကြောင့် လီချန်းယုံသည် အမတ်တို့လျှောက်တင်သည်တို့ကို နားထောင်ပြီး အကုန်လုံးကို လိုအပ်သည့်အတိုင်း စီမံကာ အမိန့်ချမှတ်ပေးလေသည်။
_______________________________________________________
(Extraကို Day အလိုက်ရေတွက်သွားမယ်နော်။ Day 10 ပြီးရင် စာအုပ်ကိုလည်း Order တင်လို့ရပါပြီလို့...ဆိုတော့ Extra update ကနေ့တိုင်းရှိပါတယ်။)
Zawgyi
ႀကီးက်ယ္ခမ္းနားေသာ ေဆြဟိုင္းနန္းေတာ္ႀကီး၏ ညီလာခံခန္းမေဆာင္၌ ဆယ့္ေျခာက္ျပည္ေထာင္ကအမတ္မ်ားသည္ မနက္ခင္းညီလာခံကို က်င္းပရန္ ေစာလ်င္စြာ ေရာက္ရွိေနၾကသည္။
၎တို႔သည္ ခန္းမေဆာင္တံခါးႀကီးဂ်ိမ္းခနဲ ပြင့္လာမည့္ အခ်ိန္ကို ေမွ်ာ္လင့္ေနၾကသည္။
ယေန႕တြင္ အမတ္တို႔သည္ တီးတိုးတီးတိုးျဖင့္ ဆိုင္ရာအုပ္စုမ်ားအလိုက္၎တို႔ေလွ်ာက္တင္ရန္ရွိသည့္ အေၾကာင္းအရာမ်ားကို ေျပာဆိုေဆြးႏြေးေနၾကေလသည္။
ဆယ့္ေျခာက္ျပည္ေထာင္ကို ေပါင္းစည္းၿပီးကတည္းက အရွင္ႏွစ္ပါးသည္ မနက္ခင္းညီလာခံကို အလ်ဥ္းသင့္သလို တစ္ေယာက္တစ္လွည့္စီ တက္ေရာက္ၾကေလသည္။
၎တို႔အားလုံးသည္ မနက္ခင္းညီလာခံကို မည္သူတက္ေရာက္ရန္ေမွ်ာ္လင့္သည္ဆိုသည္ကား တစ္ညီတစ္ၫြတ္တည္းေသာ အေျဖထြက္ေလသည္။
မနက္ခင္းတိုင္းတို႔တြင္ အမတ္တို႔ ညီလာခံတံခါးဝမွ မည္သည့္အရွင္ ႂကြလာမည္ဆိုသည္ကို ရင္တမမျဖင့္ ေမွ်ာ္ရေလသည္။ ၎တို႔ေမွ်ာ္လင့္ေနသူျဖစ္ပါက သက္ျပင္းခ်ကာ စိတ္သက္သာရာရသြားေသာ္လည္း ၎တို႔ေမွ်ာ္လင့္ထားသူမဟုတ္ပါက စိတ္ေမာသြားေခ်ေလသည္။ ထိုေန႕အတြက္ကား အလြန္တရာ ပင္ပန္းၿပီး စိန္ေခၚမႈမ်ား မ်ားမည္ဆိုသည္ကား ေတြးမၾကည့္ဘဲ သိနိုင္သည္။
"ဂ်ိမ္း''
က်ယ္ေလာင္ေသာအသံႀကီးႏွင့္အတူ ညီလာခံတံခါးႀကီး ပြင့္သြားေခ်သည္။
ေလွ်ာက္လမ္းတစ္ေလွ်ာက္ခင္းထားေသာ အနီေရာင္ ကတၱီပါအခင္း ေပၚသို႔ႂကြျမန္းလာေသာ ေျခလွမ္းတစ္စုံ...
အမတ္တို႔ညီညာစြာ ဒူးေထာက္၍ အရိုအေသျပဳၾကေလသည္။ အရွင္ကိုအခြင့္ရွိမွ ေမာ္ဖူးရမည္ျဖစ္ေသာေၾကာင့္ ၎တို႔၏ ဦးေခါင္းမ်ားကို ၫႊတ္ထားၾကသည္။ ထို႔ေၾကာင့္ အမတ္တို႔သည္ မည္သည့္အရွင္ဝင္လာသည္ဆိုသည္ကို ခ်က္ခ်င္းအတည္မျပဳနိုင္ပဲ ျမင္ရေသာဝတ္႐ုံစြန္းႏွင့္ ဖိနပ္တို႔ကိုသာ ၾကည့္၍ ေျပာရသည္။သို႔ေၾကာင့္ အမတ္တို႔သည္ ခန္းမသို႔ ညင္သာစြာ လွမ္းဝင္လာေသာ ေျခေထာက္ပိုင္ရွင္ကို အမိအရ ခန့္မွန္းေနေလသည္။
အျဖဴေရာင္ ဖိနပ္ရွည္၏ေဘးတြင္အေသးစိတ္ေဆးေရးျခယ္ထားေသာ အျပာေရာင္ ေရခဲေတာင္တန္းမ်ားကို ျမင္လိုက္ရသည့္အခါ အမတ္တို႔၏ ရင္ထဲတြင္ ခ်က္ခ်င္းပင္ ေဆာင္းဦးရာသီသို႔ေရာက္သလို ေအးျမသြားသည္။ သည္တစ္ေန႕ေတာ့ သူတို႔စိတ္ေအးနိုင္ေပၿပီ။
သို႔ေသာ္...
ထို အျဖဴေရာင္ ဦးထိပ္ခြၽန္ဖိနပ္၏ အေပၚက ျမင္လိုက္ရေသာ ေ႐ႊေရာင္ဝတ္႐ုံေၾကာင့္ ၎တို႔၏ ႏွလုံးခုန္ႏႈန္းမ်ား ျမင့္တက္သြားျပန္သည္။ တစ္ဆက္တည္းမွာပင္ သည္ေန႕ေတာ့ အနားရရန္ အေၾကာင္းမရွိဟု စိတ္ဒုန္းဒုန္းခ်လိဳက္သည္။
အျဖဴေရာင္ဖိနပ္ရွည္ကို ၎တို႔ေမွ်ာ္လင့္ေနသည့္အရွင္က ဝတ္ဆင္တတ္သည္မွန္ေသာ္လည္း ေ႐ႊေရာင္ဖိတ္ဖိတ္ဝတ္႐ုံကိုကား ၎တို႔ေမွ်ာ္လင့္ေနသည့္အရွင္က မဝတ္ဆင္ေပ။ သို႔ေၾကာင့္ အမတ္တို႔ စိုးရိမ္သြားၾကျခင္း ျဖစ္သည္။
အနီေရာင္ကတၱပါအခင္းႀကီးသည္ ခင္းက်င္းသူအေစခံ၏ ေခ်ာ္ခြၽတ္မႈေၾကာင့္ တစ္ေနရာတြင္ မသိမသာတြန့္ေခါက္ေနေလသည္။ ထိုေနရာသည္ မသိမသာ တြန့္ေခါက္ေနေသာေၾကာင့္ အေဝးကၾကည့္လွ်င္ မသိသာေပ။ ဒူးကိုၫႊတ္ဦးေခါင္းကို ငုံ႕ထားသည့္ အမတ္မ်ားကား ထိုအတြန့္ကို သိသာစြာ ျမင္ေနရေခ်သည္။
တည္ၿငိမ္စြာေလွ်ာက္လွမ္းလာေသာေျခလွမ္းပိုင္ရွင္က ထိုေနရာနားသို႔ ေရာက္လာေခ်သည္။
"ကြၽတ္စ္''
အျဖဴေရာင္ဖိနပ္ရွည္က ထင္မွတ္မထားေသာ အတားအဆီးေၾကာင့္ ေျခလွမ္းမသိသာ ယိုင္သြားေပသည္။ တစ္ဆက္တည္း သူ၏ ႏႈတ္ဖ်ားကလည္း အလိုမက်ေသာ အာေမဋိတ္သံ ထြက္လာသည္။
ညီလာခံကိုဝင္လာသည္က အရွင္လင္းမိုဟု ထင္ေနေသာ အမတ္မ်ားသည္ ၎တို႔၏ ယူဆခ်က္ကို ေျပာင္းရျပန္ေပသည္။ အရွင္လင္းမိုကား ထိုကဲ့သို႔ အမွတ္မဲ့စြာ ေခ်ာ္လဲ့မည့္သူ မဟုတ္ေခ်။ သို႔ေသာ္ အရွင္ခ်န္းယုံဟု ဆိုရျပန္ပါကလည္း ေ႐ႊေရာင္ဝတ္႐ုံႀကီးက ၎တို႔၏ အေတြးမ်ား ေဝဝါးေစသည္။ အျဖဴေရာင္ဖိနပ္က ေသခ်ာေပါက္ အရွင္ခ်န္းယုံ၏ ဖိနပ္ျဖစ္ပါသည္။
အရွင္ႏွစ္ပါးအနက္ မည္သူနည္းဟု သို႔ေလာသို႔ေလာအေတြးမ်ားျဖင့္ အမတ္တို႔ ခန့္မွန္းရခက္ေနေလသည္။
အရွင္လင္းမို၏ ဝတ္႐ုံကို ယူဝတ္ထားေသာ အရွင္ခ်န္းယုံလား၊ အရွင္ခ်န္းယုံ၏ ဖိနပ္ကိုယူစီးထားသည့္ အရွင္လင္းမိုလားဆိုသည္ကေတာ့ ၎တို႔ေမာ့ၾကည့္မွ ကြဲျပားေပမည္။
ေလွ်ာက္လမ္းဆုံးမည့္အခ်ိန္ကို ရင္တထိတ္ထိတ္ေစာင့္ကာ တည္ၿငိမ္စြာပလႅင္ထက္သို႔ လွမ္းသြားေသာ ေျခလွမ္းသံကို အမတ္တို႔နားစြင့္ေနေခ်ေလသည္။
အရွင္က ပလႅင္ထက္၌ ေနရာယူၿပီးသည့္အခါ အကုန္လုံးကို ေဝ့ဝဲၾကည့္လိုက္ေပသည္။
"အဟမ္း''
ခပ္ၾသၾသေပၚထြက္လာေသာ လည္ေခ်ာင္းရွင္းသံက အရွင္လင္းမိုဟု ေကာက္ခ်က္ခ်ရန္ တြန္းပို႔ေနသည္။
"ကဲ...ထလို႔ရၿပီ။ အမတ္ႀကီးတို႔''
ေအးေဆးတည္ၿငိမ္စြာ ထြက္ေပၚလာေသာ အသံေအးေၾကာင့္ အမတ္မင္းတို႔ ဝမ္းသာအားရ ေမာ့ၾကည့္လိုက္ေလသည္။
ပလႅင္ထက္တြင္ ေ႐ႊေရာင္ဝတ္႐ုံကို ခန့္ညားစြာဝတ္ဆင္ကာ ေရခဲျပင္မွ ေရခဲလႊာလို ေအးစက္ေသာ အေငြ႕အသက္မ်ား ထုတ္လႊတ္ေနသည့္ အရွင္ခ်န္းယုံကို ေတြ႕လိုက္ရေပသည္။
"မဂ္လာနံနက္ခင္းပါအရွင္''
လီခ်န္းယုံသည္ ၎ကို ျမင္၍ ဝမ္းသာအယ္လယ္ ျဖစ္သြားေသာ အမတ္တို႔ကို ၾကည့္ကာ ရယ္ခ်င္သြားေပသည္။ ထို႔ေၾကာင့္သူတမင္တကာ စေနာက္လိုက္သည္။
"ကိုယ္ေတာ့္ကိုေတြ႕လို႔စိတ္မေကာင္း ျဖစ္သြားပုံပဲ...ဒီကအမတ္မင္းတို႔က''
ေျမာက္ပိုင္းက အမတ္မ်ားကား ရွင္းပါသည္။ ၎တို႔၏ အရွင္ လီခ်န္းယုံကို ေတြ႕ေသာေၾကာင့္ ဝမ္းသာသြားျခင္း ျဖစ္သည္။
ေတာင္ပိုင္းဆယ့္ငါးနိုင္ငံက အမတ္မ်ားကလည္း ရွင္းပါသည္။ ၎တို႔၏ အရွင္ လင္းမို ညီလာခံမတက္ေသာေၾကာင့္ ဝမ္းသာသြားျခင္း ျဖစ္ေပသည္။
"အရွင္ကလည္း၊ သိရဲ႕သားနဲ႕၊ ကြၽန္ေတာ္တို႔ တစ္ပတ္မွာႏွစ္ရက္ေလာက္ေတာ့ ေန႕လယ္စာ အခ်ိန္မွန္ သုံးေဆာင္ခ်င္ပါရဲ႕''
အမတ္မင္းတစ္ေယာက္က လင္းမိုညီလာခံလာလွ်င္ မၿပီးစီးနိုင္ေသာေၾကာင့္ ၎တို႔ ေန႕လယ္စာမစားရသည္ကို ရည္ၫႊန္းေျပာျခင္း ျဖစ္သည္။
လီခ်န္းယုံသည္ ညီလာခံတက္လွ်င္ မည္သည့္အခါမွ ေန႕လယ္စာကို ေက်ာ္ေအာင္ထိ အခ်ိန္ၾကာျမင့္စြာ မေနပါ။ ၎အတြက္ အစားတစ္နပ္ကို စကၠန့္ပိုင္းမ်ားပင္ ေနာက္က်မခံလိုေသာေၾကာင့္ လီခ်န္းယုံက အမတ္တို႔ဆြဲထားလွ်င္ပင္ ညီလာခံ၌ မေနေခ်။
ကိစၥရပ္မ်ားကို ေလွ်ာက္တင္ပါကလည္း ေအးေဆးေသာ လီခ်န္းယုံက ေတာ္ေတာ္မ်ားမ်ားကို နားလည္ေပးကာ ဂ႐ုတစိုက္နားေထာင္ေလသည္။ အရွင္လင္းမိုကား သူခိုင္းေစသည့္တာဝန္ကို တိတိက်က်ႏွင့္ ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္ခိုင္းေလ့ရွိၿပီး အမွားတစ္စုံတစ္ရာကိုမွ လက္ခံေလ့မရွိေခ်။ တစ္စုံတစ္ရာက်ဴးလြန္မိပါကလည္း ရာထူးမွေလွ်ာ့ခ်ျခင္း ပယ္ထုတ္ျခင္း ျပစ္ဒဏ္တို႔ကို ေပးေလ့ရွိပါသည္။
သို႔ေၾကာင့္ မနက္ခင္းတိုင္းတြင္ လီခ်န္းယုံ ညီလာခံတက္ရန္ ဆုေတာင္းၾကသည္က အမတ္တို႔အလြန္မဟုတ္ေခ်။
အတိုင္ပင္ခံအမတ္ႀကီးကား ႏွစ္ဦးႏွစ္ဖက္ကို နားလည္ထားသူပီပီ တစ္စုံတစ္ရာမေျပာေခ်။
လီခ်န္းယုံက အမတ္၏စကားေၾကာင့္ မသိမသာ ၿပဳံးလိုက္ေလသည္။
"အမတ္တို႔ ဝင္လာကတည္းက ဘယ္သူမွန္းမသိဘူးလား''
"မွန္လွပါအရွင္! ကြၽန္ေတာ္မ်ိဳးတို႔ တကယ္မခြဲျခားနိုင္ရိုးပါ အရွင့္ကို ေမာ္လည္းမဖူးနိုင္တာေၾကာင့္ ေျခေထာက္ပဲ ၾကည့္ၿပီး ခန့္မွန္းရပါတယ္''
ထိုအမတ္၏စကားကို နံေဘးမွ အမတ္မင္းကလည္းေထာက္ခံေခ်ေလသည္။
"ၿပီးေတာ့ အရွင္ႏွစ္ပါးရဲ႕ ဝတ္႐ုံအဆင္အျပင္ကလည္း တျဖည္းျဖည္း တူလာေတာ့ ကြၽန္ေတာ္တို႔ မခန့္မွန္းတတ္ေအာင္ပါပဲ''
အမတ္၏စကားက အလိမၼာနည္းသုံးထားျခင္းသာ ျဖစ္သည္။ အရွင္လင္းမိုႏွင့္ အရွင္လီခ်န္းယုံ ဝတ္႐ုံအသုံးအေဆာင္မ်ား အလဲအလွယ္ဝတ္ေလ့ရွိသည္ကို ေဆြဟိုင္းနန္းေတာ္တစ္ခုလုံး သိေခ်သည္။
လီခ်န္းယုံက အမတ္ေျပာသည္ကို ေခါင္းတဆတ္ဆတ္ၿငိမ့္ေနေလသည္။ သူသည္ ယခုတြင္ လင္းမို၏ ဝတ္႐ုံကို ယူဝတ္လာျခင္းပင္။ လင္းမိုက မူကား လီခ်န္းယုံ၏ ဝတ္႐ုံဝတ္လွ်င္ မသိမသာေျခေထာက္တြင္ ဟေနေသာေၾကာင့္ လီခ်န္းယုံ၏ ဝတ္႐ုံကို ယူမဝတ္ေခ်။
လီခ်န္းယုံကသာ လင္းမိုအတြက္ ၎ႏွင့္ အလုံးစုံတူေသာ ဝတ္႐ုံမ်ားစီစဥ္ေပးထားေလသည္။ ထိုသည္ကို မသိေသာ အမတ္တို႔ကား လင္းမိုႏွင့္ လီခ်န္းယုံ ဝတ္႐ုံလဲလွယ္ဝတ္သည္ဟုသာ ထင္ေနၾကသည္။ အမွန္ကားလီခ်န္းယုံကသာ ယူဝတ္ျခင္းျဖစ္၍ လင္းမိုက သီးသန့္ဆင္တူဝတ္႐ုံမ်ားဝတ္ျခင္း ျဖစ္သည္။
လီခ်န္းယုံက ေရွ႕ဆုံး၌ရပ္ကာ ခပ္မဆိတ္ျဖစ္ေနေသာ အတိုင္ပင္ခံအမတ္ႀကီးကို ငဲ့ေစာင္းၾကည့္လိုက္သည္။
"ကဲ အမတ္ႀကီးေရာေျပာပါဦး! ညီလာခံကို ဝင္လာတာ ဘယ္သူမွန္းခြဲနိုင္လား''
အမတ္ႀကီးက ဦးၫြတ္၍ ေျဖေလသည္။
"မွန္လွပါအရွင္! ကြၽန္ေတာ္မ်ိဳးဝင္လာကတည္းက သိပါတယ္''
လီခ်န္းယုံက အံ့ၾသဟန္ျဖင့္ မ်က္ခုံးပင့္သြားသည္။
"ဟုတ္လား ေျပာပါဦး! အမတ္ႀကီးက ဘယ္လိုသိတာလဲ''
"အရွင္စီးထားတဲ့ ဖိနပ္ေၾကာင့္ပါ''
ညီလာခံမွ အမတ္မ်ား တစ္ညီတၫြတ္တည္း ပလႅင္ထက္က အရွင္၏ ေျခေထာက္ကို စူးစမ္းၾကည့္ၾကေလသည္။
လီခ်န္းယုံက အမတ္ႀကီးကို ၿပဳံးကာၾကည့္၍ ျပန္ေမးလိုက္သည္။
"ဖိနပ္ေၾကာင့္လား''
အမတ္ႀကီးကေခါင္းၿငိမ့္ကာ ၎၏ အေျဖအတြက္ အေၾကာင္းျပခ်က္ကို ေပးေလသည္။
"အရွင္ႏွစ္ပါးက ဝတ္႐ုံနဲ႕အျခားအဆင္တန္ဆာေတြကို အလ်ဥ္းသင့္သလို လဲလွယ္ဝတ္ၾကေပမဲ့ ဖိနပ္ကေတာ့ မလဲနိုင္ပါဘူး။ အရွင့္ရဲ႕ ေျခေထာက္က အရွင္လင္းမိုထက္ အနည္းငယ္ေသးပါတယ္။ ဒါေၾကာင့္ အရွင္လင္းမိုအေနနဲ႕ အရွင့္ရဲ႕ဖိနပ္ကို ယူစီးဖို႔ ျဖစ္နိုင္မွာမဟုတ္ပါဘူး''
ထိုအခါမွ လီခ်န္းယုံ သူ၏ ေျခေထာက္ကို ငုံ႕ၾကည့္လိုက္သည္။ အတိုင္ပင္ခံအမတ္ႀကီးေျပာသည္ကအမွန္ပင္။ သူ၏ ေျခေထာက္သည္ လင္းမိုထက္ ေသးေပသည္။
တစ္လက္စတည္း လီခ်န္းယုံက ၎သည္ လင္းမိုအတြက္ ေျမာက္ပိုင္းအေငြ႕အသက္ပါသည့္ ဝတ္႐ုံမ်ား စီစဥ္ေပးေသာ္လည္း သူစီစဥ္ေပးသည့္အထဲတြင္ ဖိနပ္မပါေသးေၾကာင္း သတိရသြားသည္။ လင္းမိုထံတြင္ ၎ႏွင့္ဆင္တူ ဖိနပ္မရွိေသာေၾကာင့္ အမတ္ႀကီး အလြယ္တကူ ခြဲျခားနိုင္ျခင္း ျဖစ္လိမ့္မည္။ သို႔ေၾကာင့္ လင္းမိုကို သူႏွင့္ဆင္တူ ဖိနပ္ေပးရန္ စိတ္ကူးလိုက္သည္။
လီခ်န္းယုံ၏ အေတြးကို မသိေသာ အမတ္တို႔ကား ေနာက္တစ္ႀကိမ္တြင္ ဖိနပ္ကိုၾကည့္၍ အမွတ္သားျပဳ ခြဲျခားရန္ ဆုံးျဖတ္လိုက္ေပသည္။
"ဒီေန႕အတြက္ အေထြအထူးေလွ်ာက္တင္စရာရွိလား''
လီခ်န္းယုံက ညီလာခံကို ေဝ့ၾကည့္ကာ ေမးလိုက္သည္။
ထိုစဥ္ ပြဲေတာ္မ်ားကိုႀကီးမႉးစီစဥ္သည့္ အမတ္မင္းတစ္ပါးက ေရွ႕ထြက္လာေလသည္။
"အရွင္! မၾကာမီမွာ နကၡတ္ေမွ်ာ္စင္မွာ အႀကီးအကဲနတ္ဆရာမ အေျပာင္းအလဲ လုပ္ဖို႔ရွိတယ္လို႔ၾကားရပါတယ္''
လီခ်န္းယုံက အံ့ၾသသြားဟန္ မ်က္ခုံးပင့္ျပသည္။ နတကၡတ္ေမွ်ာ္စင္သည္ ထန္႐ႊမ္းတိုက္တြင္ သီးသန့္တည္ရွိေသာ အဖြဲ႕အစည္းျဖစ္ၿပီး၎ကို အုပ္ခ်ဳပ္သည္က သခင္မက်န္းပင္ ျဖစ္သည္။ လင္းမို၏ ေမြးေန႕ကအထိ သခင္မက်န္းကို က်န္းက်န္းမာမာေတြ႕လိုက္ရေသာေၾကာင့္ လီခ်န္းယုံက ႐ုတ္တရက္ အႀကီးအကဲေျပာင္းလဲမည္ဆိုသည္ကို အံ့အားသင့္ေနျခင္း ျဖစ္သည္။
"အဲ့ဒီအခါ အႀကီးအကဲသစ္တက္ပြဲအတြက္ အရွင္ႏွစ္ပါးလုံးကို ဖိတ္ၾကားထားပါတယ္''
အမတ္မင္းေရွ႕ထြက္၍ သူေဆာင္ယူလာေသာ သဝဏ္လႊာကို ရိုေသစြာ ဆက္သေလသည္။
လီခ်န္းယုံသည္ နကၡတ္ေဗဒေမွ်ာ္စင္၏ စည္းတံဆိပ္ပါ စာလႊာကို ဖတ္ၾကည့္ေသာအခါ အမတ္မင္းေျပာသည့္အတိုင္း ေရးသားထားေၾကာင္းေတြ႕ရေလသည္။
သူကေခါင္းၿငိမ့္ျပၿပီးတုံ႕ျပန္လိုက္သည္။
"ေကာင္းၿပီ! ကိုယ္ေတာ္နားလည္ၿပီ''
ထို႔ေနာက္တြင္ အမတ္တို႔က ၎တို႔၏ သက္ဆိုင္ရာတာဝန္မ်ားအလိုက္ ေလွ်ာက္တင္စရာရွိသည္တို႔ကို ေလွ်ာက္တင္ေလသည္။
ညီလာခံက အလြန္အမင္းပင္ ေအးေအးေဆးေဆးနိုင္လွသည္။ လီခ်န္းယုံသည္လည္း စည္းကမ္းၾကပ္သူ ျဖစ္ေသာေၾကာင့္ တာဝန္မေက်ပြန္ျခင္းမ်ားကို အျပစ္ေပးေသာ္လည္း လင္းမိုကဲ့သို႔ အျပင္းအထန္အေရးယူျခင္း မဟုတ္ေပ။ အခ်ိန္အမ်ားစု၌ သူသည္ စကားေအးျဖင့္သာ ေျပာဆိုလိုက္သည္။
ေျမာက္ပိုင္း၏ အုပ္ခ်ဳပ္ေရးပုံစံႏွင့္ အသားက်ေနေသာ လီခ်န္းယုံသည္ ေဆြဟိုင္းနန္းေတာ္တြင္လည္း ထိုပုံစံကိုက်င့္သုံးေလသည္။
ပရိယာယ္အျဖာျဖာကို မရိုးနိုင္ေအာင္ ထုတ္ေဖာ္နိုင္စြမ္းရွိသည့္ ဘုရင္ႀကီးကမူ ထိုပုံစံက ေတာင္ပိုင္းႏွင့္ မကိုက္ညီေၾကာင္း တပ္အပ္သိေလသည္။ သို႔ေၾကာင့္လည္း သူက ျပင္းျပင္းထန္ထန္ ကိုင္တြယ္ေနျခင္း ျဖစ္သည္။
ထိုေန႕အတြက္ လင္းမိုညီလာခံကို မတက္ေရာက္နိုင္ေသာေၾကာင့္ လီခ်န္းယုံသည္ အမတ္တို႔ေလွ်ာက္တင္သည္တို႔ကို နားေထာင္ၿပီး အကုန္လုံးကို လိုအပ္သည့္အတိုင္း စီမံကာ အမိန့္ခ်မွတ္ေပးေလသည္။
_______________________________________________________
(Extraကို Day အလိုက္ေရတြက္သြားမယ္ေနာ္။ Day 10 ၿပီးရင္ စာအုပ္ကိုလည္း Order တင္လို႔ရပါၿပီလို႔...ဆိုေတာ့ Extra update ကေန႕တိုင္းရွိပါတယ္။)