ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 243K 6.6K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၅၀

11.9K 2K 58
By Kay_Wine

{Zawgyi}

•ကိုယ္မင္းကို လြန္ခဲ့တဲ့သုံးႏွစ္ေလာက္တည္းက ခ်စ္လာရတာ•

ဟဲ့ခ်န္းမင္႐ုံးခန္းထဲကထြက္လာခ်ိန္မွာ က်ီေလ်ာင္ကမရွိေတာ့ဘူး။ သူလမ္းေလွ်ာက္ေနရင္ က်ီေလ်ာင့္ကို စာပို႔လိုက္တယ္ : ‘ေဘဘီ ကိုယ္မွားသြားပါတယ္၊ ဘယ္ေရာက္ေနလဲ?’

တစ္ဖက္ကေကာင္ေလးက စာမျပန္ဘူး။ သူအခန္းဆယ့္ႏွစ္ကို အျမန္သြားလိုက္ေတာ့ က်ီေလ်ာင္က မေက်မနပ္ျဖစ္ေနတဲ့အမူအယာနဲ႔ ခုံေပၚမွာေမွာက္အိပ္ေနတယ္။ အစတုန္းက သူကျပတင္းေပါက္ဘက္ကို မ်က္ႏွာလွည့္ထားတာျဖစ္ေပမယ့္ သူ႔ကိုလည္းျမင္သြားေရာ ခ်က္ခ်င္းဟိုဘက္ကို လွည့္ပစ္လိုက္တယ္။

သူစိတ္ဆိုးေနတယ္ေပါ့။

တံခါးနားမွာ ေက်ာင္းရဲ႕လူဆိုးေလးက စကားေျပာခ်င္ေနပုံရေပမယ့္ ဘာမွမေျပာႏိုင္ျဖစ္ေနၿပီး မတ္တပ္ရပ္ေနတာကို ရႈေရွာင္က်င္းေတြ႕လိုက္ရေတာ့ သူမေရွ႕ကလူရဲ႕ ပုခုံးကိုလွမ္းတို႔လိုက္တယ္။ “က်ီေလ်ာင္ ဟဲ့ခ်န္းမင္က နင့္ကိုလာရွာေနတာျဖစ္မယ္!”

က်ီေလ်ာင္က သူမကိုစူပုတ္ပုတ္နဲ႔စိုက္ၾကည့္ၿပီး “သူ႔အေၾကာင္းလာမေျပာနဲ႔”လို႔ေျပာလိုက္တယ္။

ရႈေရွာင္က်င္းေတာင္ လန႔္သြားတယ္! ဟဲ့ခ်န္းမင္ႀကီးကိုေတာင္ ဒီလိုေျပာရဲတယ္… သူကေက်ာင္းရဲ႕နံပါတ္တစ္ႀကီးကို မေၾကာက္ေတာ့ဘူးေပါ့! သူတို႔ႏွစ္ေယာက္ စကားမ်ားထားၾကတဲ့ပုံပဲ။ ဒါႀကီးက ေဒါသႀကီးတဲ့အထက္ပုဂၢိဳလ္ႀကီးက ခ်စ္စရာေကာင္းတဲ့ေအာက္ပုဂၢိဳလ္ပုစိေသးေသးေလးကို ခြင့္လႊတ္ေပးဖို႔ ဒူးေထာက္ေတာင္းပန္ေနရတာက်ေနတာပဲ။ ဒီတိုင္းေလးနဲ႔ကို အရမ္းခ်စ္ဖို႔ေကာင္းေနတယ္! သူမက ခ်ိဳၿမိန္လွတဲ့စိတ္ကူးယဥ္အေတြးေတြထဲမွာ စီးေျမာေနေတာ့တယ္။

အတန္းေခါင္းေလာင္းမထိုးခင္အခ်ိန္ထိ ဟဲ့ခ်န္းမင္ထြက္မသြားဘူး။ ဒီၾကားထဲမွာ က်ီေလ်ာင္က သူ႔ဘက္တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ဘူး။

သူ႔ကိုဘာလို႔ ၾကမ္းၾကမ္းတမ္းတမ္းေတြ ဘာေျပာရတာလဲ?!

က်ီေလ်ာင္ႏႈတ္ခမ္းကိုဖိကိုက္ၿပီး သူမတရားခံရသလို ခံစားလိုက္ရတယ္။ ဟိုေတြးဒီေတြး,ေတြးေနၿပီး ဟဲ့ခ်န္းမင္က သူ႔အေမေရွ႕မွာ သူနဲ႔ျဖတ္ခ်င္ေနလို႔ သူ႔ကိုေအာ္ဟစ္ၿပီး ထြက္သြားခိုင္းတာမ်ားလားလို႔ ထင္မိလိုက္တယ္။

သူေနာင္တရေနတာလား?

ဒါေပမယ့္ သူေတာင္ ရႈအိုက္ဝမ္ကို ထုတ္ေျပာလိုက္ၿပီးသြားၿပီဟာကို။

မလုံၿခဳံသလိုခံစားခ်က္က ေနာက္တစ္ႀကိမ္ေပၚထြက္လာတယ္။

က်ီေလ်ာင္ စာထဲမွာစိတ္မပါႏိုင္ဘဲ သူ႔ရဲ႕ဖုန္းကိုသာ တခ်ိန္လုံးၾကည့္ေနမိတယ္။ ဒါေပမယ့္ ေက်ာင္းဆင္းတဲ့အထိ စာေလးတစ္ခုသာရွိေနတယ္။

အထီးက်န္စြာ လြယ္အိတ္ကိုေကာက္လြယ္ၿပီး ထြက္လာေတာ့ ေက်ာင္းေပါက္ဝမွာ သူေတြ႕ခ်င္ေနတဲ့သူကိုေတြ႕လိုက္ရတယ္။

ဟဲ့ခ်န္းမင္က သူ႔ကိုျမင္ေတာ့ လႊားခနဲေရာက္လာတယ္။ က်ီေလ်ာင္က သူ႔ကိုမသိခ်င္ေယာင္ေဆာင္ပစ္လိုက္ခ်င္ေပမယ့္ ထိုသူက သူ႔ပုခုံးကိုတင္းတင္းက်ပ္က်ပ္ကိုင္လာတယ္။

“ကိုယ့္ကို မေရွာင္ပါနဲ႔ကြာ.. ကိုယ္မွားသြားပါတယ္၊ ကိုယ္ေတာင္းပန္တယ္ေနာ္” သူကအသံတိုးတိုးေလးနဲ႔ ေတာင္းပန္လာတယ္။

သူ႔ကိုအခုခ်က္ခ်င္း ခြင့္မလႊတ္ေပးခ်င္တာေၾကာင့္ က်ီေလ်ာင္ေခါင္းကိုလွည့္ပစ္လိုက္တယ္။

သတိေပးျခင္းမရွိ သူ႔မ်က္ႏွာကို အနမ္းခံလိုက္ရတယ္။ သူ႔မ်က္လုံးေတြျပဴးက်ယ္သြားၿပီး ေဘးဘီကိုအလန႔္တၾကားၾကည့္လိုက္တယ္။ ေက်ာင္းဆင္းခါစဆိုေတာ့ ေက်ာင္းေပါက္ဝမွာ လူအုပ္လိုက္ႀကီးရွိေနတယ္။ သူတို႔ကိုျမင္သြားတဲ့လူအုပ္လိုက္ႀကီးကလည္း ေနရာမွာတင္အေတာင့္လိုက္ႀကီးျဖစ္ေနၾကတယ္။

“ကိုယ္ေတာင္းပန္ပါတယ္ကြာ ကိုယ္မင္းကိုမေအာ္လိုက္သင့္ဘူး” ဟဲ့ခ်န္းမင္က ေတာင္းပန္ေနဆဲ။

အစတုန္းက အနီးနားကေက်ာင္းသားေတြက ဘာျဖစ္ေနမွန္းသိပ္အာ႐ုံမထားေပမယ့္ အခုေတာ့ သူတို႔အေျခအေနကိုနားလည္သြားတယ္။ လူတိုင္းက ဉာဏ္အလင္းပြင့္သြားတဲ့ပုံမ်ိဳး _ သူတို႔ႏွစ္ေယာက္က တြဲေနတာ?!

ၿပီးေတာ့လည္း ဟဲ့ခ်န္းမင္က တစ္ခုခုအမွားလုပ္ထားပုံရၿပီး တစ္ဖက္ေကာင္ေလးကို ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ေနရတယ္!

အကုန္ဆူပူအုံႂကြသြားၿပီး ဖုန္းေတြထုတ္ကာ ဓာတ္ပုံေတြနည္းနည္းေလာက္ ႐ိုက္ခ်င္လာၾကတယ္။ ဒါေပမယ့္ ေက်ာင္းလူဆိုးေလးဟဲ့ခ်န္းမင္ဆီက အၾကည့္တစ္ခ်က္ပစ္က်လာေတာ့ ဖုန္းေတာင္မထုတ္ရဲတဲ့အထိ ထိတ္လန႔္သြားၾကတယ္။

က်ီေလ်ာင္ ဘာမွေတာင္မေတြးႏိုင္ေတာ့ဘဲ စိတ္ထဲမွာဟာလာဟင္းလင္းႀကီးျဖစ္ေနတယ္။ ဒီအေၾကာင္းကိုဖုံးဖိထားဖို႔ေတာ့ မရည္႐ြယ္ေပမယ့္ သူတို႔အေၾကာင္းက အရမ္းႀကီးအာ႐ုံစိုက္စရာျဖစ္ဖို႔ေတာ့ မလိုဘူးမွတ္လား?!

သူသတိျပန္ဝင္လာခ်ိန္မွာ သူ႔ေဘးကလူက သူ႔လက္ကိုတြဲထားၿပီး ၿပဳံးေတာင္ၿပဳံးျပေနေသးတယ္ “မင္းဘာမွမေျပာဘူးဆိုရင္ ကိုယ့္ကိုခြင့္လႊတ္တယ္လို႔ယူဆလိုက္မွာေနာ္”

ငါ့ေျခေထာက္ကိုပဲ ခြင့္လႊတ္!

က်ီေလ်ာင္သူ႔ကိုစိုက္ၾကည့္ကာ လက္ကိုျပန္ဆြဲထုတ္ကာာ လွည့္ထြက္သြားတယ္။ ေျခလွမ္းအနည္းငယ္လွမ္းၿပီးေတာ့ ဟဲ့ခ်န္းမင္က ထိုေနရာမွာတင္ရပ္ေနကာ ပိုင္ရွင္စြန႔္ပစ္တာခံလိုက္ရတဲ့ ေခြးေလးတစ္ေကာင္လို အမူအယာမ်ိဳးေလးျဖစ္ေနတာကို သတိျပဳမိလိုက္တယ္။ သူ႔ရင္ေတြ နာက်င္သြားၿပီး ေနာက္ျပန္လွည့္ကာ သူ႔ကိုပါဆြဲေခၚလာခဲ့တယ္။

“မင္းကိုယ့္ကို အျပစ္မတင္ရက္ဘူးဆိုတာ ကိုယ္သိသားပဲ” သူနဲ႔မတန္တဲ့စကားကိုေျပာေတာ့ က်ီေလ်ာင့္သူ႔ကို တစ္ခ်က္ေလာက္ပိတ္ကန္ေပးလိုက္တယ္။

“Fuck!”

“ဒါႀကီးက မျဖစ္ႏိုင္ဘူးေလ ဟုတ္တယ္မွတ္လား?!”

“ငါ့ရဲ႕နတ္ဘုရားေလးက gayတဲ့လား ရင္ေတြကြဲကုန္ပါၿပီေတာ့”

“ေနာက္ထပ္တစ္ေယာက္က ဘယ္သူလဲဟ?!”

သူတို႔ေပ်ာက္သြားတာနဲ႔ ဖရဲသီးစားေနတဲ့လူအုပ္ႀကီးက တျဖည္းျဖည္းအသိျပန္ဝင္လာၾကတယ္ဆိုေပမယ့္ သူတို႔ရဲ႕စိတ္လႈပ္ရွားမႈကို ခက္ခက္ခဲခဲနဲ႔ထိန္းခ်ဳပ္ေနရတယ္။ လ်ပ္တျပက္အတြင္း ဒီအေၾကာင္းအရာက ပ်ံ႕ႏွံ႔သြားကာ ေက်ာင္းမွာအထိတ္တလန႔္ေဆြးေႏြးမႈေတြျဖစ္လို႔ျဖစ္ QQေတြမွာလည္း ပ်ံ႕ကုန္တယ္။

တခ်ိန္တည္းမွာပဲ က်ီေလ်ာင္လည္း ဟဲ့ခ်န္းမင္ကို တရၾကမ္း႐ိုက္ေနေတာ့တယ္။ တရၾကမ္းလို႔သာေျပာေနေပမယ့္ ေဒါသေျဖေလ်ာ့႐ုံသာျဖစ္လို႔ တကယ္တမ္းအားမပါလွဘူး။

ဟဲ့ခ်န္းမင္က ရပ္ေန႐ုံသာေနၿပီး လုပ္ခ်င္တိုင္းလုပ္ခြင့္ျပဳထားတယ္။ တဖက္ေကာင္ေလးနည္းနည္းတည္ၿငိမ္သြားခ်ိန္က်မွ သက္ျပင္းခ်ၿပီးေျပာလိုက္တယ္ “ကိုယ္ မင္းကိုလက္ေတာင္မထပ္ရေသးဘူး အိမ္တြင္းအၾကမ္းဖက္တာကို ခံေနရပါလားကြာ”

က်ီေလ်ာင္က “လက္ထပ္တယ္”ဆိုတဲ့စကားေၾကာင့္ ရွက္သြားတယ္။ သူ႔ရဲ႕မ်က္ႏွာေလးက ရဲတက္လာၿပီး ထိုသူ႔ကိုဘုၾကည့္ၾကည့္ေပးလိုက္တယ္။

ဘယ္သူက မိန္းမအျဖစ္အသိမ္းခံခ်င္ေနလို႔လဲ! သူက ေယာက်ာ္းေလး! [T/N : ျမန္မာမႈျပဳမယ္ဆိုရင္ ဟဲ့ခ်န္းမင္ေျပာတဲ့စကားက သူ႔ကိုမိန္းကေလးပုံမ်ိဳးနဲ႔ တင္ေတာင္းမယ္ဆိုတဲ့သေဘာသက္ေရာက္ေနလို႔ပါ]

ၿပီးေတာ့လည္း…

“မင္းကမွ အိမ္တြင္းအၾကမ္းဖက္တဲ့လူ!” သူ႔ရဲ႕ခက္ထန္တဲ့မ်က္ႏွာက သြားေလးေတြၿဖဲျပၿပီး သူ႔ကိုကုတ္ဆြဲေတာ့မယ့္ ယုန္ေလးတစ္ေကာင္လိုပဲ။

ဒါေပမယ့္ ဟဲ့ခ်န္းမင္က သူ႔ရဲ႕ပုံေလးကခ်စ္စရာေကာင္းေနတာေၾကာင့္ မ်က္ႏွာေလးကို လက္နဲ႔ဖ်စ္ညႇစ္ၿပီး တိုးတိုးေလးေျပာလိုက္တယ္ “ကိုယ္ဘယ္ေတာ့မွ မင္းကို႐ိုက္မွာမဟုတ္ဘူး”

က်ီေလ်ာင္က စကားနဲ႔ႏိုင္ေအာင္ျပန္မေျပာႏိုင္တာကို မုန္းလြန္းတာေၾကာင့္ အံကိုသာႀကိတ္ေနလိုက္ရတယ္။ ေနာက္ဆုံးေတာ့ အရင္အမႈေဟာင္းဘက္ကို ျပန္လွည့္လာတယ္ “မင္းအေမေရွ႕မွာ ငါ့ကိုဘာလို႔ အဲ့လိုဆက္ဆံရတာလဲဆိုတာ ရွင္းျပ”

သူ႔မ်က္ႏွာကိုတင္းၿပီး အေရးႀကီးသလိုေနလိုက္တယ္။

ဟဲ့ခ်န္းမင္က အေလးအနက္နဲ႔ေျပာလာတယ္ “ကိုယ့္အေမနဲ႔ ကိုယ့္ရဲ႕ဆက္ဆံေရးက သိပ္မေကာင္းတာေၾကာင့္ပါကြာ”

ကိုယ္ကသူမင္းကို တစ္ခုခုေျပာလိုက္မွာကို စိုးရိမ္လို႔။

က်ီေလ်ာင္က ဒီလိုမ်ိဳးျဖစ္ေနလိမ့္မယ္မထင္ထားတာေၾကာင့္ ခပ္တင္းတင္းအမူအယာက ေျပေလ်ာ့သြားတယ္။ သူ႔ေရွ႕ကလူကို ၾကည့္ၿပီးဂ႐ုတစိုက္ေမးလိုက္တယ္ “သူမကလည္း နားမလည္ေပးဘူးလား?”

သူ ေယာက်ာ္းေလးကိုႀကိဳက္တယ္ဆိုတာ ဘာေၾကာင့္မွန္း နားမလည္ႏိုင္ျဖစ္ေနတဲ့ ရႈအိုက္ဝမ္လိုေလ။

“သူမ နားလည္လည္ မလည္လည္အေရးမႀကီးဘူး၊ ကိုယ္က မင္းဘယ္လိုခံစားရမလဲဆိုတာကိုပဲ ဂ႐ုစိုက္တယ္” လူငယ္ေလးက ၾကင္နာယုယတဲ့စကားေတြကို ပြင့္ပြင့္လင္းလင္းေျပာၿပီး ႏူးညံ့မႈေတြ ေမွ်ာ္လင့္ခ်က္ေတြျပည့္ေနတဲ့မ်က္လုံးေတြနဲ႔ ၾကည့္ေနတယ္။

က်ီေလ်ာင္ပြစိပြစိလုပ္ေနၿပီး ေက်ာင္ေမးလန္ေျပာခဲ့တဲ့တစ္စုံတစ္ခုကို ျပန္ေတြးမိေတာ့ သိလိုစိတ္နဲ႔ေမးလိုက္တယ္ “ဒါနဲ႔ မင္းအေမက ငါမင္းကို လြန္ခဲ့တဲ့သုံးႏွစ္တည္းက ေကြးေအာင္လုပ္ခဲ့တယ္လို႔ ဘာလို႔ေျပာရတာလဲ?”

ဒီေမးခြန္းေၾကာင့္ ဟဲ့ခ်န္းမင္ခဏေလာက္ေတာင့္သြားၿပီး သူ႔မ်က္လုံးထဲမွာ ထိတ္လန႔္မႈေတြျဖတ္သြားတာကို က်ီေလ်ာင္ဖမ္းမိလိုက္တယ္။

“မင္းငါ့ကို တစ္ခုခုလွ်ိဳထားတာလား?” ဘဝင္မက်စြာေမးလိုက္တယ္။

တဖက္ေကာင္ေလးဆီမွ အသံၾကားရဖို႔ေတာ္ေတာ္ေလးေစာင့္လိုက္ရၿပီးေတာ့မွ “အင္း”ဆိုတဲ့အသံ ခက္ခက္ခဲခဲထြက္လာတယ္။

အဲ့ေနာက္ အက္ကြဲေနတဲ့အသံနဲ႔ရွင္းျပလိုက္တယ္ “ကိုယ္မင္းကို လြန္ခဲ့တဲ့သုံးႏွစ္ေလာက္တည္းက ႀကိဳက္လာတာ”

က်ီေလ်ာင္ေသခ်ာျပန္ေတြးၾကည့္ေပမယ့္ သူတို႔အထက္ေက်ာင္းတူတာတစ္ခုတည္း ေခါင္းထဲေပၚလာတယ္။ “ဒါေပမယ့္ လြန္ခဲ့တဲ့သုံးႏွစ္တုန္းက ငါတို႔အခ်င္းခ်င္းမွမသိၾကတာ”

ဟဲ့ခ်န္းမင္က ေျပာတယ္ “မင္းသာကိုယ့္ကို မသိတာပါ၊ ကိုယ္ကေတာ့သိတယ္”

အဲ့ေနာက္ ေကာင္ေလးရဲ႕အမူအယာကိုၾကည့္ၿပီး ဆက္ေျပာတယ္ “ခ်င္းဇီေတာင္မွ ဟဲ့မိသားစုစံအိမ္တစ္လုံးရွိတယ္”

“အိုး”

ဒါက အရမ္းတိုက္ဆိုင္သြားတာဆိုၿပီး က်ီေလ်ာင္ဘာမွသံသယမျဖစ္မိဘူး။ ၿပီးေတာ့ သူတို႔ေတြအဲ့တုန္းက မဆုံျဖစ္တာေတာင္မွ သူကလာႀကိဳက္မိေသးတယ္? ဒါေပမယ့္လည္း စစခ်င္းတုန္းက သူ႔ရဲ႕ခံစားခ်က္ေတြကို ဘာေၾကာင့္႐ုတ္တရက္ႀကီးဖြင့္ေျပာရတာလဲဆိုတာ ဒါနဲ႔တင္ရွင္းၿပီးသားျဖစ္သြားတယ္။ အဲ့ေတာ့ျဖစ္ပုံက သူ႔ကိုဟိုးအရင္တုန္းကတည္းက မ်က္စိက်ေနတာေပါ့ေလ!

က်ီေလ်ာင့္ရင္ထဲမွာ ခ်ိဳၿမိန္မႈေတြပြင့္လွ်ံကုန္ၿပီး ႏႈတ္ခမ္းေတြက ၿပဳံး႐ႊင္သြားတယ္။

သူ႔ရဲ႕အေတြး႐ိုင္းေတြလည္း လုံးဝေပ်ာက္ကြယ္သြားၿပီး ခ်ိဳသာတဲ့ခံစားခ်က္ေလးျဖစ္ေပၚလာတယ္။

သူ႔ေကာင္ေလးရဲ႕ျပန္တည္ၿငိမ္လာတဲ့ပုံကိုေတြ႕ေတာ့ ဟဲ့ခ်န္းမင္သက္ျပင္းကိုသာ ေလးေလးပင္ပင္ခ်လိုက္တယ္။ သူဒီေလာက္ေတာင္ ဝန္ခံထားၿပီးၿပီဆိုေတာ့ ျပန္လွည့္ဖို႔မျဖစ္ႏိုင္ေတာ့ဘူး။ က်န္ေနေသးတဲ့အမွန္တရားေတြကိုလည္း ေဖာ္ထုတ္လိုက္ေတာ့မယ္။

သူ႔ေရွ႕ကေကာင္ေလးကို သိုင္းဖက္ၿပီး ႏူးႏူးညံ့ညံ့ေလးေမးလိုက္တယ္။ “ကိုယ္အမွားတခုခုလုပ္ခဲ့ရင္ ကိုယ့္ကိုခြင့္လႊတ္ေပးမွာလား?”

“ဘယ္လိုလဲ?” တစ္ဖက္ေကာင္ေလးရဲ႕ ပူပန္မႈေတြကို ခံစားမိလိုက္တာေၾကာင့္ က်ီေလ်ာင္ေမာ့ၾကည့္ၿပီးေမးလိုက္တယ္။

ဟဲ့ခ်န္းမင္က သူ႔ေခါင္းေလးကိုပြတ္ကာ ၿပဳံးရင္းေျပာလိုက္တယ္ “ဘာမွမဟုတ္ပါဘူး၊ မင္းကိုသက္သက္ေျခာက္တာ”

က်ီေလ်ာင္ထုတ္မေျပာေပမယ့္ တစ္ခုခုမဟုတ္ေသးဘူးဆိုတာခံစားမိတယ္။ ဟဲ့ခ်န္းမင္က အေၾကာင္းျပခ်င္မရွိဘဲ ဒီလိုလုပ္မယ့္လူစားမ်ိဳးမဟုတ္ဘူး။

ဒါေပမယ့္ ဟဲ့ခ်န္းမင္ေတာင္ထိတ္လန႔္ေနရေအာင္ ဘယ္လိုအမွားမ်ားလုပ္ခဲ့မိလဲဆိုတာ သူမေတြးႏိုင္ျဖစ္ရတယ္။ သူတို႔ၾကားမွာဆက္ႏြယ္တာေလးဆိုလို႔ ခ်င္းဇီေတာင္ပဲရွိတယ္။ က်ီခ်င္းဝမ္နဲ႔မ်ား တစ္ခုခုဆက္စပ္ေနမလား?

ႏွလုံးတုန္သြားေပမယ့္ အျမန္မသိခ်င္ေယာင္ေဆာင္လိုက္တယ္။ က်ီခ်င္းဝမ္ရဲ႕ကိစၥက မေတာ္တဆဆိုတာ ရဲေတြကေကာက္ခ်က္ခ်ၿပီးသြားၿပီ။ ေခါင္မိုးေပၚတက္တဲ့အခ်ိန္မွာ လုံၿခဳံေရးကိရိယာေတြမဝတ္ခဲ့ဘူး။ ၿပီးေတာ့လည္း မိုးေတြကသည္းေနခဲ့တာေၾကာင့္ ေျခေခ်ာ္ၿပီးျပဳတ္က်သြားခဲ့တာ။

အဲ့တာက အမွန္တရားပဲ။ က်ီေလ်ာင္လည္း ေဆာက္လုပ္ေရးခြင္ကို မၾကာခဏသြားဖူးေတာ့ က်ီခ်င္းဝမ္ဘယ္တုန္းကမွ လုံၿခဳံေရးကိရိယာမဝတ္ဘူးဆိုတာ သူသိတယ္။

သူငယ္ငယ္ေလးတည္းက သူ႔အေဖလုပ္သမွ်အားလုံးက မွန္တယ္လို႔အၿမဲေတြးခဲ့ေပမယ့္ မထင္မွတ္ထားတာက ျဖစ္သြားခဲ့တယ္။

“ငါျပန္ေတာ့မယ္” ဟဲ့ခ်န္းမင္ကလည္း ဘာမွမေျပာခ်င္ဘူးဆိုေတာ့ ဒီအေၾကာင္းကိုဆက္ေျပာမေနေတာ့ဘူး။

ဟဲ့ခ်န္းမင္က သိၿပီျဖစ္ေၾကာင္းအသံျပဳၿပီး သူ႔ကိုဘတ္စ္ကားေပၚတင္ေပးလိုက္တယ္။

က်ီေလ်ာင္ထိုင္ခုံမွာ ထိုင္လိုက္႐ုံရွိေသးတယ္ သူ႔ရဲ႕ဖုန္းက အဆက္မျပတ္တုန္ခါလာတယ္။

ဖုန္းကိုဖြင့္ၾကည့္လိုက္ေတာ့ လင္က်န္း၊ ရႈေရွာင္က်င္း၊ မန္ေယာင္ေယာင္အျပင္ လီယုရွင္းနဲ႔ ခ်န္းလီဝမ္တို႔ေတာင္ သူ႔ဆီကိုစာပို႔ထားတာေတြ႕လိုက္ရၿပီး အားလုံးက အေၾကာင္းအရာတစ္ခုတည္းပဲ : သူနဲ႔ ဟဲ့ခ်န္းမင္အေၾကာင္း ေပၚသြားၿပီတဲ့…

သူဒါကိုဖုံးကြယ္လို႔မရဘူးဆိုတာ က်ီေလ်ာင္သိေပမယ့္ ဒီေလာက္ျမန္ျမန္ႀကီးသတင္းက ျပန႔္သြားလိမ့္မယ္လို႔ သူမထင္ထားဘူး။

ဒါႀကီးက ျမန္လိုက္တာ!

တုန္ရီေနတဲ့လက္ေတြနဲ႔ သူတို႔ဆီစာျပန္လိုက္တယ္ : ‘ငါသိတယ္’

ဟဲ့ခ်န္းမင္ဘက္မွာေတာ့ သူ႔ကိုတည့္တိုးႀကီးေမးခ်လိုက္တဲ့ ကုမင္းယန္ဆီက ဖုန္းတစ္ေကာသာဝင္လာတယ္။ “မင္းတမင္လုပ္လိုက္တာလား?”

သူ႔ဖုန္းကိုခပ္တင္းတင္းဆုပ္ၿပီး ျပန္ေျဖလိုက္တယ္ “အင္း”

ကုမင္းယန္တိတ္ဆိတ္သြားၿပီး ဟဲ့ခ်န္းမင္က သူ႔ထက္ပိုၿပီး လုပ္ရဲကိုင္ရဲရွိတာကို အသိအမွတ္ျပဳလိုက္တယ္။ ဒီေကာင္က တကယ္ႀကီးပြင့္လင္းပစ္လိုက္တာ။ “မင္းဘာဆက္လုပ္မွာလဲ? မင္းအေဖက ဒါကိုဘယ္လိုမွအျဖစ္ခံမွာမဟုတ္ဘူး”

ဟဲ့ခ်န္းမင္ အသံထြက္ရယ္ပစ္လိုက္တယ္ “ငါ့အေမ ထိန္းထားလိမ့္မယ္၊ ေအးေဆးပဲ”

ေက်ာင္ေမးလန္က ဒီအေၾကာင္းကို ဟဲ့ယြဲ႕က်င္းနားထိ ဘယ္လိုမွေပါက္ၾကားခံမွာမဟုတ္ဘူး။ ေက်ာင္းမွာ ပါးစပ္ေပါက္ေတြအမ်ားႀကီးရွိတာကဟုတ္တယ္။ ေက်ာင္းအုပ္ကိုဖယ္လိုက္ရင္ ဒီကိစၥကို ဟဲ့ယြဲ႕က်င္းဆီတိုက္႐ိုက္ႀကီးေျပာရဲတဲ့သူက အနည္းငယ္သာရွိတယ္။

ဒီအခြင့္ေကာင္းကိုအသုံးခ်ၿပီး ေက်ာင္ေမးလန္ က်ီေလ်ာင့္ကိုမ်က္စိေဒါက္ေထာက္ၾကည့္မေနေအာင္ သတိေပးၿပီတားလိုက္တာျဖစ္တယ္။

“ဒါေပမယ့္လည္း မင္းအေဖက အေႏွးနဲ႔အျမန္ေတာ့ သိသြားမွာပဲ” ကုမင္းယန္က သူ႔ကိုယ္သူပါျပန္ၿပီး သတိေပးေနတယ္။

အခ်ိန္ဆြဲတယ္ဆိုတာ အေကာင္းဆုံးအေျဖမဟုတ္ဘူး။

“အဲ့လိုဆိုရင္လည္း ျဖစ္လာေတာ့မွ ေျပာမယ္” လို႔ေျပာၿပီး ဖုန္းခ်ပစ္လိုက္တယ္။

ဟဲ့ခ်န္းမင္ ဖုန္းကိုသာစိုက္ၾကည့္ေနတယ္။ တကယ္ေတာ့ ကုမင္းယန္ဘာကိုေမးခ်င္ေနတယ္ဆိုတာသူနားလည္ေပမယ့္ သူ႔မွာေျဖစရာမရွိဘူး။ သူတို႔လို အင္အားႀကီးမိသားစုကေမြးဖြားလာတဲ့သူေတြက လိင္တူႏွစ္သက္တာမ်ိဳးေတြကို ခြင့္မျပဳၾကဘူး။ ဒါေပမယ့္ သူ႔မွာဟဲ့မုရွန္းရွိေနတာေၾကာင့္ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ျဖစ္တယ္။ ဟဲ့မိသားစုထဲမွာ သူတစ္ေယာက္တည္းသတၱိရွိတာမဟုတ္ဘူး။ အဆိုးဆုံးျဖစ္မွ အိမ္ေပၚကဆင္းတာေလာက္ေပါ့.. အခုနဲ႔လည္းဘာမွေတာ့ မကြာပါဘူး။

ဒါေပမယ့္ ကုမိသားစုမွာ တစ္ဦးတည္းေသာသားျဖစ္တဲ့ ကုမင္းယန္ကေတာ့ မတူဘူး။ အေမြဆက္ခံရမယ့္ကံၾကမၼာရွိ႐ုံတင္မကဘူး မိသားစုမ်ိဳးဆက္ကို ဆက္လက္ထိန္းသိမ္းဖို႔လည္းလိုေသးတယ္။ ျငင္းဆန္လိုက္ခ်င္ေပမယ့္ အခ်ည္းႏွီးသာျဖစ္သြားမွာ။

လင္က်န္းကို သူသေဘာက်ေနၿပီဆိုတာ သတိျပဳမိကတည္းက ကုမင္းယန္ရဲ႕ စိတ္သေဘာထားကြဲလြဲမႈေတြ ေသာကေတြကတိုးပြားလာေတာ့တယ္။ ပိုၿပီးနီးစပ္ခ်င္ေပမယ့္ ေကာင္ေလးကို မလြန္က်ဴးႏိုင္ျဖစ္ေနတယ္။ အခ်ိန္နဲ႔အမွ် သူ႔ရင္ထဲမွာအခ်စ္ေတြအားလုံးစုပုံလာၿပီး မေနႏိုင္ေလာက္ေအာင္ျဖစ္လာတယ္။ သူ႔နည္းသူ႔ဟန္နဲ႔ အေကာင္းဆုံးခ်ဳပ္တည္းေပမယ့္လည္း အဆုံးမွာ သူ႔ကိုယ္သူထုံထိုင္းသြားေအာင္ စီးကရက္ေတြကိုသာ အမွီသဟဲျပဳရေတာ့တယ္။

ဒါေပမယ့္ လင္က်န္းက ေဆးလိပ္နံ႔မႀကိဳက္တာေၾကာင့္ ေဆးလိပ္ျဖတ္လိုက္ရျပန္တယ္။

က်ီေလ်ာင္အိမ္ျပန္ေရာက္ေတာ့ ရႈအိုက္ဝမ္က မီးဖိုေခ်ာင္မွာ ညစာျပင္ေနတယ္။ သူတို႔ႏွစ္ေယာက္က ႏွစ္သစ္ကူးညတည္းက စစ္ေအးတိုက္ပြဲဝင္ေနၾကတာျဖစ္ၿပီး အခုထိျပန္အဆင္မေျပၾကေသးဘူး။

က်ီေလ်ာင္လက္ေဆးၿပီး ထမင္းစားပြဲမွာထိုင္လိုက္တယ္။ ရႈအိုက္ဝမ္သူ႔ကိုေမးတာ ၾကားလိုက္ရတယ္ “ၿပီးခဲ့တဲ့ႏွစ္ဝက္ေနာက္ဆုံးစာေမးပြဲက ဘယ္လိုေနလဲ?”

“ေတာ္ေတာ္ေလးေကာင္းပါတယ္” သူ႔ရဲ႕ရလဒ္ကို သူမဆီလွမ္းျပလိုက္တယ္။

ရႈအိုက္ဝမ္ၾကည့္လိုက္ၿပီး သူအေတာ္ေလးတိုးတက္လာတာကိုျမင္ေတာ့ ပါးစပ္သာပိတ္ေနလိုက္ေတာ့တယ္။ သူမက က်ီေလ်ာင္ ေကာင္ေလးတစ္ေယာက္ရသြားတာေၾကာင့္ ရလဒ္ေတြက်သြားမယ္လို႔ ထင္ခဲ့ေပမယ့္ ဒီလိုႀကီးတိုးလာမယ္ဆိုတာ ဘယ္တုန္းကမွမထင္ထားခဲ့ဘူး။

ညေရာက္ေတာ့ က်ီေလ်ာင့္အခန္းက မီးပြင့္ေနတာျမင္ေတာ့ တံခါးကိုဖြင့္ၾကည့္လိုက္ခ်ိန္မွာ သူ႔အိမ္စာသူလုပ္ေနတာေတြ႕လိုက္ရတယ္။ ဒီလိုျမင္ကြင္းကိုျမင္လိုက္ရေတာ့ သူမကမီးဖိုေခ်ာင္ကိုသြားၿပီး အဆာေျပတခ်ိဳ႕ျပင္ေပးလိုက္တယ္။

“ေက်းဇူးပါ အေမ” က်ီေလ်ာင္သူမကိုၿပဳံးျပၿပီး ေခါက္ဆြဲကိုအငမ္းမရစားလိုက္တယ္။

ထိုအခ်ိန္မွာ သူမရဲ႕သားက ေျပာင္းလဲလာၿပီး အရင္တုန္းကလိုမ်ိဳး စိတ္ဓာတ္က်ေနတာေတြမရွိေတာ့တာကို ရႈအိုက္ဝမ္သတိျပဳမိသြားတယ္။ သူမကို ခုနတုန္းကတည့္တည့္ၿပဳံးျပလိုက္တဲ့ပုံေလးက အရင္တုန္းက က်ီခ်င္းဝမ္ၿပဳံးျပေနက်လိုမ်ိဳးေလး ေနေရာင္လိုမ်ိဳး ေႏြးေထြးလွတယ္။

သူအ႐ြယ္ေရာက္လာပါၿပီဆိုၿပီး ေျပာတာကို သူမမယုံၾကည္ေပးခဲ့တုန္းက က်ီေလ်ာင့္ရဲ႕အားကိုးရာမဲ့ျဖစ္သွားတဲ့မ်က္ႏွာေလးက သူမစိတ္ထဲမွာေပၚလာတယ္။

“ေစာေစာနား” ရႈအိုက္ဝမ္လက္ကိုဆန႔္ထုတ္ၿပီး က်ီေလ်ာင့္ေခါင္းေလးကို ပြတ္လိုက္တယ္။

“ဟုတ္ကဲ့” က်ီေလ်ာင္ ေခါင္းသာၿငိတ္ျပလိုက္ေတာ့တယ္။

_______________________________________

{Unicode}

•ကိုယ်မင်းကို လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းက ချစ်လာရတာ•

ဟဲ့ချန်းမင်ရုံးခန်းထဲကထွက်လာချိန်မှာ ကျီလျောင်ကမရှိတော့ဘူး။ သူလမ်းလျှောက်နေရင် ကျီလျောင့်ကို စာပို့လိုက်တယ် : ‘ဘေဘီ ကိုယ်မှားသွားပါတယ်၊ ဘယ်ရောက်နေလဲ?’

တစ်ဖက်ကကောင်လေးက စာမပြန်ဘူး။ သူအခန်းဆယ့်နှစ်ကို အမြန်သွားလိုက်တော့ ကျီလျောင်က မကျေမနပ်ဖြစ်နေတဲ့အမူအယာနဲ့ ခုံပေါ်မှာမှောက်အိပ်နေတယ်။ အစတုန်းက သူကပြတင်းပေါက်ဘက်ကို မျက်နှာလှည့်ထားတာဖြစ်ပေမယ့် သူ့ကိုလည်းမြင်သွားရော ချက်ချင်းဟိုဘက်ကို လှည့်ပစ်လိုက်တယ်။

သူစိတ်ဆိုးနေတယ်ပေါ့။

တံခါးနားမှာ ကျောင်းရဲ့လူဆိုးလေးက စကားပြောချင်နေပုံရပေမယ့် ဘာမှမပြောနိုင်ဖြစ်နေပြီး မတ်တပ်ရပ်နေတာကို ရှုရှောင်ကျင်းတွေ့လိုက်ရတော့ သူမရှေ့ကလူရဲ့ ပုခုံးကိုလှမ်းတို့လိုက်တယ်။ “ကျီလျောင် ဟဲ့ချန်းမင်က နင့်ကိုလာရှာနေတာဖြစ်မယ်!”

ကျီလျောင်က သူမကိုစူပုတ်ပုတ်နဲ့စိုက်ကြည့်ပြီး “သူ့အကြောင်းလာမပြောနဲ့”လို့ပြောလိုက်တယ်။

ရှုရှောင်ကျင်းတောင် လန့်သွားတယ်! ဟဲ့ချန်းမင်ကြီးကိုတောင် ဒီလိုပြောရဲတယ်… သူကကျောင်းရဲ့နံပါတ်တစ်ကြီးကို မကြောက်တော့ဘူးပေါ့! သူတို့နှစ်ယောက် စကားများထားကြတဲ့ပုံပဲ။ ဒါကြီးက ဒေါသကြီးတဲ့အထက်ပုဂ္ဂိုလ်ကြီးက ချစ်စရာကောင်းတဲ့အောက်ပုဂ္ဂိုလ်ပုစိသေးသေးလေးကို ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်နေရတာကျနေတာပဲ။ ဒီတိုင်းလေးနဲ့ကို အရမ်းချစ်ဖို့ကောင်းနေတယ်! သူမက ချိုမြိန်လှတဲ့စိတ်ကူးယဉ်အတွေးတွေထဲမှာ စီးမြောနေတော့တယ်။

အတန်းခေါင်းလောင်းမထိုးခင်အချိန်ထိ ဟဲ့ချန်းမင်ထွက်မသွားဘူး။ ဒီကြားထဲမှာ ကျီလျောင်က သူ့ဘက်တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။

သူ့ကိုဘာလို့ ကြမ်းကြမ်းတမ်းတမ်းတွေ ဘာပြောရတာလဲ?!

ကျီလျောင်နှုတ်ခမ်းကိုဖိကိုက်ပြီး သူမတရားခံရသလို ခံစားလိုက်ရတယ်။ ဟိုတွေးဒီတွေး,တွေးနေပြီး ဟဲ့ချန်းမင်က သူ့အမေရှေ့မှာ သူနဲ့ဖြတ်ချင်နေလို့ သူ့ကိုအော်ဟစ်ပြီး ထွက်သွားခိုင်းတာများလားလို့ ထင်မိလိုက်တယ်။

သူနောင်တရနေတာလား?

ဒါပေမယ့် သူတောင် ရှုအိုက်ဝမ်ကို ထုတ်ပြောလိုက်ပြီးသွားပြီဟာကို။

မလုံခြုံသလိုခံစားချက်က နောက်တစ်ကြိမ်ပေါ်ထွက်လာတယ်။

ကျီလျောင် စာထဲမှာစိတ်မပါနိုင်ဘဲ သူ့ရဲ့ဖုန်းကိုသာ တချိန်လုံးကြည့်နေမိတယ်။ ဒါပေမယ့် ကျောင်းဆင်းတဲ့အထိ စာလေးတစ်ခုသာရှိနေတယ်။

အထီးကျန်စွာ လွယ်အိတ်ကိုကောက်လွယ်ပြီး ထွက်လာတော့ ကျောင်းပေါက်ဝမှာ သူတွေ့ချင်နေတဲ့သူကိုတွေ့လိုက်ရတယ်။

ဟဲ့ချန်းမင်က သူ့ကိုမြင်တော့ လွှားခနဲရောက်လာတယ်။ ကျီလျောင်က သူ့ကိုမသိချင်ယောင်ဆောင်ပစ်လိုက်ချင်ပေမယ့် ထိုသူက သူ့ပုခုံးကိုတင်းတင်းကျပ်ကျပ်ကိုင်လာတယ်။

“ကိုယ့်ကို မရှောင်ပါနဲ့ကွာ.. ကိုယ်မှားသွားပါတယ်၊ ကိုယ်တောင်းပန်တယ်နော်” သူကအသံတိုးတိုးလေးနဲ့ တောင်းပန်လာတယ်။

သူ့ကိုအခုချက်ချင်း ခွင့်မလွှတ်ပေးချင်တာကြောင့် ကျီလျောင်ခေါင်းကိုလှည့်ပစ်လိုက်တယ်။

သတိပေးခြင်းမရှိ သူ့မျက်နှာကို အနမ်းခံလိုက်ရတယ်။ သူ့မျက်လုံးတွေပြူးကျယ်သွားပြီး ဘေးဘီကိုအလန့်တကြားကြည့်လိုက်တယ်။ ကျောင်းဆင်းခါစဆိုတော့ ကျောင်းပေါက်ဝမှာ လူအုပ်လိုက်ကြီးရှိနေတယ်။ သူတို့ကိုမြင်သွားတဲ့လူအုပ်လိုက်ကြီးကလည်း နေရာမှာတင်အတောင့်လိုက်ကြီးဖြစ်နေကြတယ်။

“ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ်မင်းကိုမအော်လိုက်သင့်ဘူး” ဟဲ့ချန်းမင်က တောင်းပန်နေဆဲ။

အစတုန်းက အနီးနားကကျောင်းသားတွေက ဘာဖြစ်နေမှန်းသိပ်အာရုံမထားပေမယ့် အခုတော့ သူတို့အခြေအနေကိုနားလည်သွားတယ်။ လူတိုင်းက ဉာဏ်အလင်းပွင့်သွားတဲ့ပုံမျိုး _ သူတို့နှစ်ယောက်က တွဲနေတာ?!

ပြီးတော့လည်း ဟဲ့ချန်းမင်က တစ်ခုခုအမှားလုပ်ထားပုံရပြီး တစ်ဖက်ကောင်လေးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေရတယ်!

အကုန်ဆူပူအုံကြွသွားပြီး ဖုန်းတွေထုတ်ကာ ဓာတ်ပုံတွေနည်းနည်းလောက် ရိုက်ချင်လာကြတယ်။ ဒါပေမယ့် ကျောင်းလူဆိုးလေးဟဲ့ချန်းမင်ဆီက အကြည့်တစ်ချက်ပစ်ကျလာတော့ ဖုန်းတောင်မထုတ်ရဲတဲ့အထိ ထိတ်လန့်သွားကြတယ်။

ကျီလျောင် ဘာမှတောင်မတွေးနိုင်တော့ဘဲ စိတ်ထဲမှာဟာလာဟင်းလင်းကြီးဖြစ်နေတယ်။ ဒီအကြောင်းကိုဖုံးဖိထားဖို့တော့ မရည်ရွယ်ပေမယ့် သူတို့အကြောင်းက အရမ်းကြီးအာရုံစိုက်စရာဖြစ်ဖို့တော့ မလိုဘူးမှတ်လား?!

သူသတိပြန်ဝင်လာချိန်မှာ သူ့ဘေးကလူက သူ့လက်ကိုတွဲထားပြီး ပြုံးတောင်ပြုံးပြနေသေးတယ် “မင်းဘာမှမပြောဘူးဆိုရင် ကိုယ့်ကိုခွင့်လွှတ်တယ်လို့ယူဆလိုက်မှာနော်”

ငါ့ခြေထောက်ကိုပဲ ခွင့်လွှတ်!

ကျီလျောင်သူ့ကိုစိုက်ကြည့်ကာ လက်ကိုပြန်ဆွဲထုတ်ကာာ လှည့်ထွက်သွားတယ်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးတော့ ဟဲ့ချန်းမင်က ထိုနေရာမှာတင်ရပ်နေကာ ပိုင်ရှင်စွန့်ပစ်တာခံလိုက်ရတဲ့ ခွေးလေးတစ်ကောင်လို အမူအယာမျိုးလေးဖြစ်နေတာကို သတိပြုမိလိုက်တယ်။ သူ့ရင်တွေ နာကျင်သွားပြီး နောက်ပြန်လှည့်ကာ သူ့ကိုပါဆွဲခေါ်လာခဲ့တယ်။

“မင်းကိုယ့်ကို အပြစ်မတင်ရက်ဘူးဆိုတာ ကိုယ်သိသားပဲ” သူနဲ့မတန်တဲ့စကားကိုပြောတော့ ကျီလျောင့်သူ့ကို တစ်ချက်လောက်ပိတ်ကန်ပေးလိုက်တယ်။

“Fuck!”

“ဒါကြီးက မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မှတ်လား?!”

“ငါ့ရဲ့နတ်ဘုရားလေးက gayတဲ့လား ရင်တွေကွဲကုန်ပါပြီတော့”

“နောက်ထပ်တစ်ယောက်က ဘယ်သူလဲဟ?!”

သူတို့ပျောက်သွားတာနဲ့ ဖရဲသီးစားနေတဲ့လူအုပ်ကြီးက တဖြည်းဖြည်းအသိပြန်ဝင်လာကြတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်လှုပ်ရှားမှုကို ခက်ခက်ခဲခဲနဲ့ထိန်းချုပ်နေရတယ်။ လျပ်တပြက်အတွင်း ဒီအကြောင်းအရာက ပျံ့နှံ့သွားကာ ကျောင်းမှာအထိတ်တလန့်ဆွေးနွေးမှုတွေဖြစ်လို့ဖြစ် QQတွေမှာလည်း ပျံ့ကုန်တယ်။

တချိန်တည်းမှာပဲ ကျီလျောင်လည်း ဟဲ့ချန်းမင်ကို တရကြမ်းရိုက်နေတော့တယ်။ တရကြမ်းလို့သာပြောနေပေမယ့် ဒေါသဖြေလျော့ရုံသာဖြစ်လို့ တကယ်တမ်းအားမပါလှဘူး။

ဟဲ့ချန်းမင်က ရပ်နေရုံသာနေပြီး လုပ်ချင်တိုင်းလုပ်ခွင့်ပြုထားတယ်။ တဖက်ကောင်လေးနည်းနည်းတည်ငြိမ်သွားချိန်ကျမှ သက်ပြင်းချပြီးပြောလိုက်တယ် “ကိုယ် မင်းကိုလက်တောင်မထပ်ရသေးဘူး အိမ်တွင်းအကြမ်းဖက်တာကို ခံနေရပါလားကွာ”

ကျီလျောင်က “လက်ထပ်တယ်”ဆိုတဲ့စကားကြောင့် ရှက်သွားတယ်။ သူ့ရဲ့မျက်နှာလေးက ရဲတက်လာပြီး ထိုသူ့ကိုဘုကြည့်ကြည့်ပေးလိုက်တယ်။

ဘယ်သူက မိန်းမအဖြစ်အသိမ်းခံချင်နေလို့လဲ! သူက ယောကျာ်းလေး! [T/N : မြန်မာမှုပြုမယ်ဆိုရင် ဟဲ့ချန်းမင်ပြောတဲ့စကားက သူ့ကိုမိန်းကလေးပုံမျိုးနဲ့ တင်တောင်းမယ်ဆိုတဲ့သဘောသက်ရောက်နေလို့ပါ]

ပြီးတော့လည်း…

“မင်းကမှ အိမ်တွင်းအကြမ်းဖက်တဲ့လူ!” သူ့ရဲ့ခက်ထန်တဲ့မျက်နှာက သွားလေးတွေဖြဲပြပြီး သူ့ကိုကုတ်ဆွဲတော့မယ့် ယုန်လေးတစ်ကောင်လိုပဲ။

ဒါပေမယ့် ဟဲ့ချန်းမင်က သူ့ရဲ့ပုံလေးကချစ်စရာကောင်းနေတာကြောင့် မျက်နှာလေးကို လက်နဲ့ဖျစ်ညှစ်ပြီး တိုးတိုးလေးပြောလိုက်တယ် “ကိုယ်ဘယ်တော့မှ မင်းကိုရိုက်မှာမဟုတ်ဘူး”

ကျီလျောင်က စကားနဲ့နိုင်အောင်ပြန်မပြောနိုင်တာကို မုန်းလွန်းတာကြောင့် အံကိုသာကြိတ်နေလိုက်ရတယ်။ နောက်ဆုံးတော့ အရင်အမှုဟောင်းဘက်ကို ပြန်လှည့်လာတယ် “မင်းအမေရှေ့မှာ ငါ့ကိုဘာလို့ အဲ့လိုဆက်ဆံရတာလဲဆိုတာ ရှင်းပြ”

သူ့မျက်နှာကိုတင်းပြီး အရေးကြီးသလိုနေလိုက်တယ်။

ဟဲ့ချန်းမင်က အလေးအနက်နဲ့ပြောလာတယ် “ကိုယ့်အမေနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးက သိပ်မကောင်းတာကြောင့်ပါကွာ”

ကိုယ်ကသူမင်းကို တစ်ခုခုပြောလိုက်မှာကို စိုးရိမ်လို့။

ကျီလျောင်က ဒီလိုမျိုးဖြစ်နေလိမ့်မယ်မထင်ထားတာကြောင့် ခပ်တင်းတင်းအမူအယာက ပြေလျော့သွားတယ်။ သူ့ရှေ့ကလူကို ကြည့်ပြီးဂရုတစိုက်မေးလိုက်တယ် “သူမကလည်း နားမလည်ပေးဘူးလား?”

သူ ယောကျာ်းလေးကိုကြိုက်တယ်ဆိုတာ ဘာကြောင့်မှန်း နားမလည်နိုင်ဖြစ်နေတဲ့ ရှုအိုက်ဝမ်လိုလေ။

“သူမ နားလည်လည် မလည်လည်အရေးမကြီးဘူး၊ ကိုယ်က မင်းဘယ်လိုခံစားရမလဲဆိုတာကိုပဲ ဂရုစိုက်တယ်” လူငယ်လေးက ကြင်နာယုယတဲ့စကားတွေကို ပွင့်ပွင့်လင်းလင်းပြောပြီး နူးညံ့မှုတွေ မျှော်လင့်ချက်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်။

ကျီလျောင်ပွစိပွစိလုပ်နေပြီး ကျောင်မေးလန်ပြောခဲ့တဲ့တစ်စုံတစ်ခုကို ပြန်တွေးမိတော့ သိလိုစိတ်နဲ့မေးလိုက်တယ် “ဒါနဲ့ မင်းအမေက ငါမင်းကို လွန်ခဲ့တဲ့သုံးနှစ်တည်းက ကွေးအောင်လုပ်ခဲ့တယ်လို့ ဘာလို့ပြောရတာလဲ?”

ဒီမေးခွန်းကြောင့် ဟဲ့ချန်းမင်ခဏလောက်တောင့်သွားပြီး သူ့မျက်လုံးထဲမှာ ထိတ်လန့်မှုတွေဖြတ်သွားတာကို ကျီလျောင်ဖမ်းမိလိုက်တယ်။

“မင်းငါ့ကို တစ်ခုခုလျှိုထားတာလား?” ဘဝင်မကျစွာမေးလိုက်တယ်။

တဖက်ကောင်လေးဆီမှ အသံကြားရဖို့တော်တော်လေးစောင့်လိုက်ရပြီးတော့မှ “အင်း”ဆိုတဲ့အသံ ခက်ခက်ခဲခဲထွက်လာတယ်။

အဲ့နောက် အက်ကွဲနေတဲ့အသံနဲ့ရှင်းပြလိုက်တယ် “ကိုယ်မင်းကို လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းက ကြိုက်လာတာ”

ကျီလျောင်သေချာပြန်တွေးကြည့်ပေမယ့် သူတို့အထက်ကျောင်းတူတာတစ်ခုတည်း ခေါင်းထဲပေါ်လာတယ်။ “ဒါပေမယ့် လွန်ခဲ့တဲ့သုံးနှစ်တုန်းက ငါတို့အချင်းချင်းမှမသိကြတာ”

ဟဲ့ချန်းမင်က ပြောတယ် “မင်းသာကိုယ့်ကို မသိတာပါ၊ ကိုယ်ကတော့သိတယ်”

အဲ့နောက် ကောင်လေးရဲ့အမူအယာကိုကြည့်ပြီး ဆက်ပြောတယ် “ချင်းဇီတောင်မှ ဟဲ့မိသားစုစံအိမ်တစ်လုံးရှိတယ်”

“အိုး”

ဒါက အရမ်းတိုက်ဆိုင်သွားတာဆိုပြီး ကျီလျောင်ဘာမှသံသယမဖြစ်မိဘူး။ ပြီးတော့ သူတို့တွေအဲ့တုန်းက မဆုံဖြစ်တာတောင်မှ သူကလာကြိုက်မိသေးတယ်? ဒါပေမယ့်လည်း စစချင်းတုန်းက သူ့ရဲ့ခံစားချက်တွေကို ဘာကြောင့်ရုတ်တရက်ကြီးဖွင့်ပြောရတာလဲဆိုတာ ဒါနဲ့တင်ရှင်းပြီးသားဖြစ်သွားတယ်။ အဲ့တော့ဖြစ်ပုံက သူ့ကိုဟိုးအရင်တုန်းကတည်းက မျက်စိကျနေတာပေါ့လေ!

ကျီလျောင့်ရင်ထဲမှာ ချိုမြိန်မှုတွေပွင့်လျှံကုန်ပြီး နှုတ်ခမ်းတွေက ပြုံးရွှင်သွားတယ်။

သူ့ရဲ့အတွေးရိုင်းတွေလည်း လုံးဝပျောက်ကွယ်သွားပြီး ချိုသာတဲ့ခံစားချက်လေးဖြစ်ပေါ်လာတယ်။

သူ့ကောင်လေးရဲ့ပြန်တည်ငြိမ်လာတဲ့ပုံကိုတွေ့တော့ ဟဲ့ချန်းမင်သက်ပြင်းကိုသာ လေးလေးပင်ပင်ချလိုက်တယ်။ သူဒီလောက်တောင် ဝန်ခံထားပြီးပြီဆိုတော့ ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး။ ကျန်နေသေးတဲ့အမှန်တရားတွေကိုလည်း ဖော်ထုတ်လိုက်တော့မယ်။

သူ့ရှေ့ကကောင်လေးကို သိုင်းဖက်ပြီး နူးနူးညံ့ညံ့လေးမေးလိုက်တယ်။ “ကိုယ်အမှားတခုခုလုပ်ခဲ့ရင် ကိုယ့်ကိုခွင့်လွှတ်ပေးမှာလား?”

“ဘယ်လိုလဲ?” တစ်ဖက်ကောင်လေးရဲ့ ပူပန်မှုတွေကို ခံစားမိလိုက်တာကြောင့် ကျီလျောင်မော့ကြည့်ပြီးမေးလိုက်တယ်။

ဟဲ့ချန်းမင်က သူ့ခေါင်းလေးကိုပွတ်ကာ ပြုံးရင်းပြောလိုက်တယ် “ဘာမှမဟုတ်ပါဘူး၊ မင်းကိုသက်သက်ခြောက်တာ”

ကျီလျောင်ထုတ်မပြောပေမယ့် တစ်ခုခုမဟုတ်သေးဘူးဆိုတာခံစားမိတယ်။ ဟဲ့ချန်းမင်က အကြောင်းပြချင်မရှိဘဲ ဒီလိုလုပ်မယ့်လူစားမျိုးမဟုတ်ဘူး။

ဒါပေမယ့် ဟဲ့ချန်းမင်တောင်ထိတ်လန့်နေရအောင် ဘယ်လိုအမှားများလုပ်ခဲ့မိလဲဆိုတာ သူမတွေးနိုင်ဖြစ်ရတယ်။ သူတို့ကြားမှာဆက်နွယ်တာလေးဆိုလို့ ချင်းဇီတောင်ပဲရှိတယ်။ ကျီချင်းဝမ်နဲ့များ တစ်ခုခုဆက်စပ်နေမလား?

နှလုံးတုန်သွားပေမယ့် အမြန်မသိချင်ယောင်ဆောင်လိုက်တယ်။ ကျီချင်းဝမ်ရဲ့ကိစ္စက မတော်တဆဆိုတာ ရဲတွေကကောက်ချက်ချပြီးသွားပြီ။ ခေါင်မိုးပေါ်တက်တဲ့အချိန်မှာ လုံခြုံရေးကိရိယာတွေမဝတ်ခဲ့ဘူး။ ပြီးတော့လည်း မိုးတွေကသည်းနေခဲ့တာကြောင့် ခြေချော်ပြီးပြုတ်ကျသွားခဲ့တာ။

အဲ့တာက အမှန်တရားပဲ။ ကျီလျောင်လည်း ဆောက်လုပ်ရေးခွင်ကို မကြာခဏသွားဖူးတော့ ကျီချင်းဝမ်ဘယ်တုန်းကမှ လုံခြုံရေးကိရိယာမဝတ်ဘူးဆိုတာ သူသိတယ်။

သူငယ်ငယ်လေးတည်းက သူ့အဖေလုပ်သမျှအားလုံးက မှန်တယ်လို့အမြဲတွေးခဲ့ပေမယ့် မထင်မှတ်ထားတာက ဖြစ်သွားခဲ့တယ်။

“ငါပြန်တော့မယ်” ဟဲ့ချန်းမင်ကလည်း ဘာမှမပြောချင်ဘူးဆိုတော့ ဒီအကြောင်းကိုဆက်ပြောမနေတော့ဘူး။

ဟဲ့ချန်းမင်က သိပြီဖြစ်ကြောင်းအသံပြုပြီး သူ့ကိုဘတ်စ်ကားပေါ်တင်ပေးလိုက်တယ်။

ကျီလျောင်ထိုင်ခုံမှာ ထိုင်လိုက်ရုံရှိသေးတယ် သူ့ရဲ့ဖုန်းက အဆက်မပြတ်တုန်ခါလာတယ်။

ဖုန်းကိုဖွင့်ကြည့်လိုက်တော့ လင်ကျန်း၊ ရှုရှောင်ကျင်း၊ မန်ယောင်ယောင်အပြင် လီယုရှင်းနဲ့ ချန်းလီဝမ်တို့တောင် သူ့ဆီကိုစာပို့ထားတာတွေ့လိုက်ရပြီး အားလုံးက အကြောင်းအရာတစ်ခုတည်းပဲ : သူနဲ့ ဟဲ့ချန်းမင်အကြောင်း ပေါ်သွားပြီတဲ့…

သူဒါကိုဖုံးကွယ်လို့မရဘူးဆိုတာ ကျီလျောင်သိပေမယ့် ဒီလောက်မြန်မြန်ကြီးသတင်းက ပြန့်သွားလိမ့်မယ်လို့ သူမထင်ထားဘူး။

ဒါကြီးက မြန်လိုက်တာ!

တုန်ရီနေတဲ့လက်တွေနဲ့ သူတို့ဆီစာပြန်လိုက်တယ် : ‘ငါသိတယ်’

ဟဲ့ချန်းမင်ဘက်မှာတော့ သူ့ကိုတည့်တိုးကြီးမေးချလိုက်တဲ့ ကုမင်းယန်ဆီက ဖုန်းတစ်ကောသာဝင်လာတယ်။ “မင်းတမင်လုပ်လိုက်တာလား?”

သူ့ဖုန်းကိုခပ်တင်းတင်းဆုပ်ပြီး ပြန်ဖြေလိုက်တယ် “အင်း”

ကုမင်းယန်တိတ်ဆိတ်သွားပြီး ဟဲ့ချန်းမင်က သူ့ထက်ပိုပြီး လုပ်ရဲကိုင်ရဲရှိတာကို အသိအမှတ်ပြုလိုက်တယ်။ ဒီကောင်က တကယ်ကြီးပွင့်လင်းပစ်လိုက်တာ။ “မင်းဘာဆက်လုပ်မှာလဲ? မင်းအဖေက ဒါကိုဘယ်လိုမှအဖြစ်ခံမှာမဟုတ်ဘူး”

ဟဲ့ချန်းမင် အသံထွက်ရယ်ပစ်လိုက်တယ် “ငါ့အမေ ထိန်းထားလိမ့်မယ်၊ အေးဆေးပဲ”

ကျောင်မေးလန်က ဒီအကြောင်းကို ဟဲ့ယွဲ့ကျင်းနားထိ ဘယ်လိုမှပေါက်ကြားခံမှာမဟုတ်ဘူး။ ကျောင်းမှာ ပါးစပ်ပေါက်တွေအများကြီးရှိတာကဟုတ်တယ်။ ကျောင်းအုပ်ကိုဖယ်လိုက်ရင် ဒီကိစ္စကို ဟဲ့ယွဲ့ကျင်းဆီတိုက်ရိုက်ကြီးပြောရဲတဲ့သူက အနည်းငယ်သာရှိတယ်။

ဒီအခွင့်ကောင်းကိုအသုံးချပြီး ကျောင်မေးလန် ကျီလျောင့်ကိုမျက်စိဒေါက်ထောက်ကြည့်မနေအောင် သတိပေးပြီတားလိုက်တာဖြစ်တယ်။

“ဒါပေမယ့်လည်း မင်းအဖေက အနှေးနဲ့အမြန်တော့ သိသွားမှာပဲ” ကုမင်းယန်က သူ့ကိုယ်သူပါပြန်ပြီး သတိပေးနေတယ်။

အချိန်ဆွဲတယ်ဆိုတာ အကောင်းဆုံးအဖြေမဟုတ်ဘူး။

“အဲ့လိုဆိုရင်လည်း ဖြစ်လာတော့မှ ပြောမယ်” လို့ပြောပြီး ဖုန်းချပစ်လိုက်တယ်။

ဟဲ့ချန်းမင် ဖုန်းကိုသာစိုက်ကြည့်နေတယ်။ တကယ်တော့ ကုမင်းယန်ဘာကိုမေးချင်နေတယ်ဆိုတာသူနားလည်ပေမယ့် သူ့မှာဖြေစရာမရှိဘူး။ သူတို့လို အင်အားကြီးမိသားစုကမွေးဖွားလာတဲ့သူတွေက လိင်တူနှစ်သက်တာမျိုးတွေကို ခွင့်မပြုကြဘူး။ ဒါပေမယ့် သူ့မှာဟဲ့မုရှန်းရှိနေတာကြောင့် မျှော်လင့်ချက်အပြည့်နဲ့ဖြစ်တယ်။ ဟဲ့မိသားစုထဲမှာ သူတစ်ယောက်တည်းသတ္တိရှိတာမဟုတ်ဘူး။ အဆိုးဆုံးဖြစ်မှ အိမ်ပေါ်ကဆင်းတာလောက်ပေါ့.. အခုနဲ့လည်းဘာမှတော့ မကွာပါဘူး။

ဒါပေမယ့် ကုမိသားစုမှာ တစ်ဦးတည်းသောသားဖြစ်တဲ့ ကုမင်းယန်ကတော့ မတူဘူး။ အမွေဆက်ခံရမယ့်ကံကြမ္မာရှိရုံတင်မကဘူး မိသားစုမျိုးဆက်ကို ဆက်လက်ထိန်းသိမ်းဖို့လည်းလိုသေးတယ်။ ငြင်းဆန်လိုက်ချင်ပေမယ့် အချည်းနှီးသာဖြစ်သွားမှာ။

လင်ကျန်းကို သူသဘောကျနေပြီဆိုတာ သတိပြုမိကတည်းက ကုမင်းယန်ရဲ့ စိတ်သဘောထားကွဲလွဲမှုတွေ သောကတွေကတိုးပွားလာတော့တယ်။ ပိုပြီးနီးစပ်ချင်ပေမယ့် ကောင်လေးကို မလွန်ကျူးနိုင်ဖြစ်နေတယ်။ အချိန်နဲ့အမျှ သူ့ရင်ထဲမှာအချစ်တွေအားလုံးစုပုံလာပြီး မနေနိုင်လောက်အောင်ဖြစ်လာတယ်။ သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံးချုပ်တည်းပေမယ့်လည်း အဆုံးမှာ သူ့ကိုယ်သူထုံထိုင်းသွားအောင် စီးကရက်တွေကိုသာ အမှီသဟဲပြုရတော့တယ်။

ဒါပေမယ့် လင်ကျန်းက ဆေးလိပ်နံ့မကြိုက်တာကြောင့် ဆေးလိပ်ဖြတ်လိုက်ရပြန်တယ်။

ကျီလျောင်အိမ်ပြန်ရောက်တော့ ရှုအိုက်ဝမ်က မီးဖိုချောင်မှာ ညစာပြင်နေတယ်။ သူတို့နှစ်ယောက်က နှစ်သစ်ကူးညတည်းက စစ်အေးတိုက်ပွဲဝင်နေကြတာဖြစ်ပြီး အခုထိပြန်အဆင်မပြေကြသေးဘူး။

ကျီလျောင်လက်ဆေးပြီး ထမင်းစားပွဲမှာထိုင်လိုက်တယ်။ ရှုအိုက်ဝမ်သူ့ကိုမေးတာ ကြားလိုက်ရတယ် “ပြီးခဲ့တဲ့နှစ်ဝက်နောက်ဆုံးစာမေးပွဲက ဘယ်လိုနေလဲ?”

“တော်တော်လေးကောင်းပါတယ်” သူ့ရဲ့ရလဒ်ကို သူမဆီလှမ်းပြလိုက်တယ်။

ရှုအိုက်ဝမ်ကြည့်လိုက်ပြီး သူအတော်လေးတိုးတက်လာတာကိုမြင်တော့ ပါးစပ်သာပိတ်နေလိုက်တော့တယ်။ သူမက ကျီလျောင် ကောင်လေးတစ်ယောက်ရသွားတာကြောင့် ရလဒ်တွေကျသွားမယ်လို့ ထင်ခဲ့ပေမယ့် ဒီလိုကြီးတိုးလာမယ်ဆိုတာ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။

ညရောက်တော့ ကျီလျောင့်အခန်းက မီးပွင့်နေတာမြင်တော့ တံခါးကိုဖွင့်ကြည့်လိုက်ချိန်မှာ သူ့အိမ်စာသူလုပ်နေတာတွေ့လိုက်ရတယ်။ ဒီလိုမြင်ကွင်းကိုမြင်လိုက်ရတော့ သူမကမီးဖိုချောင်ကိုသွားပြီး အဆာပြေတချို့ပြင်ပေးလိုက်တယ်။

“ကျေးဇူးပါ အမေ” ကျီလျောင်သူမကိုပြုံးပြပြီး ခေါက်ဆွဲကိုအငမ်းမရစားလိုက်တယ်။

ထိုအချိန်မှာ သူမရဲ့သားက ပြောင်းလဲလာပြီး အရင်တုန်းကလိုမျိုး စိတ်ဓာတ်ကျနေတာတွေမရှိတော့တာကို ရှုအိုက်ဝမ်သတိပြုမိသွားတယ်။ သူမကို ခုနတုန်းကတည့်တည့်ပြုံးပြလိုက်တဲ့ပုံလေးက အရင်တုန်းက ကျီချင်းဝမ်ပြုံးပြနေကျလိုမျိုးလေး နေရောင်လိုမျိုး နွေးထွေးလှတယ်။

သူအရွယ်ရောက်လာပါပြီဆိုပြီး ပြောတာကို သူမမယုံကြည်ပေးခဲ့တုန်းက ကျီလျောင့်ရဲ့အားကိုးရာမဲ့ဖြစ်သွားတဲ့မျက်နှာလေးက သူမစိတ်ထဲမှာပေါ်လာတယ်။

“စောစောနား” ရှုအိုက်ဝမ်လက်ကိုဆန့်ထုတ်ပြီး ကျီလျောင့်ခေါင်းလေးကို ပွတ်လိုက်တယ်။

“ဟုတ်ကဲ့” ကျီလျောင် ခေါင်းသာငြိတ်ပြလိုက်တော့တယ်။

_____

Thanks 😉

Continue Reading

You'll Also Like

1.5M 30.3K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
18.8K 2.5K 32
302(စန်းလင်အာ့)ဆိုတဲ့အရှုပ်ထုပ်လေး စီစဥ်တဲ့ ​ကျွင့်ကျွင့်နဲ့ ဟန့်ဟန့်လေးတို့ရဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး 💙~ ❌ SYSTEM နှင့် မသက်ဆိုင်ပါ ❌ 302(...
OUR FATE By Nyan & Minnie

Historical Fiction

274K 24K 43
ချင့်ဟွေ့ဟွား ချင့်သူဌေးကြီး၏ကြီးမားသော ရည်ရွယ်ချက်ကြောင့် ယောကျာ်လေးဖြစ်နေပေမယ့် မိန်းကလေးဟန်ဆောင်ကာ နိုင်ငံ၏ မင်းသား နှင့် လက်ထပ်ထိမ်မြားခဲ့ရသူ ရ...