ကျောင်းလူဆိုးလေးက လာကြိုက်နေတ...

By Kay_Wine

1.5M 240K 6.4K

Title - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Mode... More

Synopsis
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆
အပိုင်း - ၃၇
အပိုင်း - ၃၈
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇ [ End of Main Story ]
အပိုင်း - ၈၈ [ Extra - 1 ]
အပိုင်း - ၈၉ [ Extra - 2 ]
အပိုင်း - ၉၀ [ Extra - 3 ]
ဟိုဘက်ရပ်ကွက်

အပိုင်း - ၄၇

11.1K 1.9K 53
By Kay_Wine

{Zawgyi}

•ခင္ဗ်ားကို ဘာေၾကာင့္မဖိတ္တာလဲဆိုတဲ့ အေၾကာင္းျပခ်က္ကို မသိဘူးလား?•

KTVမွာေတာ့ လင္က်န္းနဲ႔ တျခားေကာင္ေလးႏွစ္ေယာက္ပဲက်န္ေတာ့တယ္။

ထိုႏွစ္ေယာက္က အတူေရာက္လာၾကတာျဖစ္လို႔ မျပန္ခင္ သူ႔ကိုစိုးရိမ္တႀကီးေမးလာၾကတယ္။ “မင္းအိမ္ကိုေရာ ဆက္ထားေသးလား?”

လင္က်န္း စိတ္မရွည္စြာ လက္ကိုေဝ့ယမ္းကာ သူတို႔ကနားပူနားဆာလာလုပ္ေနလို႔ ျမန္ျမန္ထြက္သြားၾကဆိုၿပီး အခ်က္ျပလိုက္တယ္။

ဆက္ရမယ္? လုပ္ပါလိမ့္မယ္ အားႀကီးႀကီး။ သူ႔အေဖသာ ဒီလိုပုံစံမ်ိဳးကို ေတြ႕သြားရင္ ႀကိဳးနဲ႔တုပ္ၿပီး ႐ိုက္လိမ့္မယ္!

ခုနတုန္းက အရက္ပုလင္းနည္းနည္းေလာက္ ေမာ့ထားတာေၾကာင့္ အခုေခါင္းေတြနာလာၿပီ။ ဘာလုပ္ရမွန္းမဆုံးျဖတ္ရေသးခင္ ျပန္ေကာင္းခ်င္ေနတယ္။

တျခားသူေတြထြက္သြားေတာ့ အခန္းႀကီးက တိတ္ဆိတ္သြားတယ္။ ပ်ားပန္းခတ္လႈပ္ရွားမႈေတြ မရွိေတာ့တဲ့အခ်ိန္မွာ တိတ္ဆိတ္ေျခာက္ကပ္သြားတယ္။

လင္က်န္းစိတ္ဓာတ္က်စြာ ဆိုဖာမွာလွဲေနၿပီး ဖုန္းကိုထုတ္လိုက္တယ္။ သူဟိုေ႐ြ႕ဒီေ႐ြ႕ၾကည့္လိုက္ေတာ့ ဟဲ့ခ်န္းမင္ကလြဲရင္ မွတ္ထားတဲ့ထဲမွာ သူယုံၾကည္လို႔ရတဲ့သူ တစ္ေယာက္မွ မရွိဘူး _ သူတို႔အားလုံးက မိတ္ေဆြတုေတြခ်ည္းပဲျဖစ္တယ္။

သူေလကို ရႈထုတ္ၿပီး ဖုန္းကိုေဘးနားပစ္ထုတ္လိုက္တယ္။

အသိစိတ္မကပ္တကပ္ျဖစ္ေနခ်ိန္မွာ တစ္စုံတစ္ေယာက္က သူ႔ေဘးနားလာထိုင္တာကို ခံစားမိလိုက္တယ္။ ထိုလူက ေအးစက္စက္လက္ေခ်ာင္းေတြနဲ႔ သူ႔မ်က္ႏွာကို လာကိုင္ေနတယ္။ သူ႔မ်က္ႏွာက အရမ္းပူေနတာေၾကာင့္ သူျငင္းမေနေတာ့ဘဲ အရမ္းသက္ေသာင့္သက္သာျဖစ္ေနသလိုေတာင္ ခံစားရေသးတယ္။

အခ်ိန္ေတာ္ေတာ္ၾကာေအာင္ေတြးၾကည့္ေပမယ့္ ဘယ္သူမွန္းမသိတာေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္တဲ့အခါ ေ႐ႊေရာင္မ်က္လုံးတစ္စုံကို ဝိုးတဝါးေတြ႕လိုက္ရတယ္။

ေ႐ႊေရာင္ မ်က္မွန္???

ဖာ့ခ္!

လင္က်န္း သတိဝင္သြားၿပီး ဆိုဖာေပၚကေန ခုန္ထလိုက္ကာ ထိုလူနဲ႔သုံးေပအေဝးေလာက္မွာ ေနလိုက္တယ္။

ကုမင္းယန္မ်က္ႏွာေလးငယ္သြားတယ္။ လူတိုင္းကိုက်ေတာ့ ရယ္ၿပဳံးျပေနၿပီး သူ႔ကိုဆိုရင္ အရမ္းအတိုက္အခံလုပ္တာ ဘာေၾကာင့္မွန္းသူနားမလည္ဘူး။

တျခားသူေတြဆီကေန ဒီလိုလူစုတာကို ၾကားေတာ့ သူ႔ဖုန္းကိုသုံးနာရီေလာက္ထိုင္ၾကည့္ေနခဲ့တာေတာင္ သူ႔ဆီကဖုန္းေလးတစ္ခ်က္ေတာင္ ေရာက္မလာခဲ့ဘူး။ ၾကည့္ရတာ သူ႔ကိုဘယ္တုန္းကမွ ဖိတ္ခ်င္ခဲ့ပုံမရဘူး။

ေကာင္းၿပီေလ အဲ့ေတာ့သူကိုယ္တိုင္လာရတာေပါ့။ သူဝင္လာေတာ့ စြန႔္ပစ္ခံထားရတဲ့ေခြးေလးတစ္ေကာင္လို ဆိုဖာေပၚမွာလွဲေနတဲ့ျမင္ကြင္းကိုေတြ႕လိုက္ရတယ္။ ထူးဆန္းစြာ သနားစဖြယ္ေလးျဖစ္ေနတာေၾကာင့္ မေနႏိုင္ဘဲ နည္းနည္းေလာက္ေလးဂ႐ုစိုက္ေပးလိုက္တယ္။ အဆုံးမွာ သူႏိုးလည္းႏိုးလာေရာ ရန္လိုေနျပန္ေရာ။

ကုမင္းယန္ေအးစက္စြာရယ္ေမာလိုက္တယ္ “ငါကအဆိပ္မို႔လိုလား? အရမ္းကိုေၾကာက္ေနတယ္ေပါ့?”

လင္က်န္းက ျပန္ေငါက္တယ္ “ဘာလို႔အဆိပ္ဆိုတာနဲ႔တင္ ရပ္လိုက္တာလဲ? ခင္ဗ်ားက ေသာက္ႏွာဘူးေကာင္!”

ေျပာၿပီး မ်က္ႏွာကိုခပ္ၾကမ္းၾကမ္းပြတ္လိုက္တယ္။ ထိုအမ်ိဳးသားလက္နဲ႔ထိခဲ့တဲ့ သူ႔မ်က္ႏွာကိုေတြးၾကည့္လိုက္႐ုံနဲ႔တင္ ႐ြံရွာလာတယ္။ ခ်ီးပဲ.. ေအာ္ဂလီဆန္လိုက္တာ။ ခုနတုန္းက ေပ်ာ္ခဲ့တာေတြကိုေတာင္ လုံးဝေမ့ေပ်ာက္သြားတယ္။

“ႏွာဘူး တကယ္ပါပဲ” ကုမင္းယန္မ်က္လုံးေတြ ႐ုတ္တရက္ခက္ထန္သြားၿပီး ေၾကာ့ေၾကာ့ေမာ့ေမာ့ေလး ထရပ္လိုက္ကာ သူ႔ဆီကို ေလွ်ာက္လာတယ္။

“အဲ့မွာပဲ ရပ္ေန!” ထိုအမ်ိဳးသားက ဘာေတြေတြးေနမွန္း သူမခန႔္မွန္းႏိုင္တာေၾကာင့္ လင္က်န္းတကယ္ေၾကာက္မိတယ္။ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက သူအတင္းအၾကပ္နမ္းသြားတယ္။ ဒီတစ္ေခါက္က သူ႔ကိုအတင္းအၾကပ္လုပ္အုံးမွာလား?!

႐ုတ္ျခည္း သူ႔ဖင္ကို က်ဳံ႕လိုက္မိသြားတယ္။

ဉာဏ္ရွိတဲ့သူက တဖက္ပိတ္ေတြ သူ႔ကိုဆန႔္က်င္ေနတယ္ဆိုရင္ တိုက္ခိုက္တာထက္ ဘယ္ဟာကပိုေကာင္းလဲဆိုတာသိတယ္။ သူ႐ုတ္တရက္ေအာ္လိုက္တယ္ “ကုေရွာင္ တစ္ခုခုေျပာစရာရွိတယ္ဆိုရင္ အဲ့နားကေနလွမ္းေျပာလို႔လည္းရတယ္ေလ… ကြၽန္ေတာ္အၾကားအာ႐ုံက အရမ္းေကာင္းတယ္ေနာ္ တကယ္ေျပာတာ!”

သူအရႈံးကို ဝန္ခံလိုက္တာလား?

ကုမင္းယန္မ်က္ခုံးပင့္ၿပီး သူ႔ဘာသာေတြးလိုက္တယ္။ ဒီေခြးမသားေလးက ႏူးႏူးညံ့ညံ့ေလးထက္ ခပ္ၾကမ္းၾကမ္းကိုင္တြယ္ဖို႔ တကယ္လိုေနတာပဲ။ ဟဲ့ခ်န္းမင္ဆီကေနေတာင္ သူ႔ကို႐ုပ္ရွင္ၾကည့္တာေခၚႏိုင္ဖို႔ကို သင္ခဲ့ရတာ။ ဒီလိုမွန္းသာ အေစာတုန္းတည္းကသိရင္ တည့္တိုးလုပ္ပစ္လိုက္ပါတယ္။

“အဲ့တာဆို ဒီကိုလာခဲ့” သူ ေအးစက္စက္ေျပာလိုက္တယ္။

လင္က်န္းက သိပ္မေသခ်ာေပမယ့္ ထိုအမ်ိဳးသားရဲ႕ပတ္ပတ္လည္ေလထုက ေအးစက္စက္ျဖစ္ေနေတာ့ သူတကယ္ေၾကာက္ေနၿပီ။ သူတန္းၿပီးေအာ္လိုက္တယ္ “အဲ့တာဆိုရင္လည္း ကြၽန္ေတာ့္ကိုဘာမွမလုပ္ရဘူးေနာ္!”

ကုမင္းယန္ရင္ထဲမွာ ၿပဳံးပန္းေတြပြင့္ဖူးသြားေပမယ့္ မ်က္ႏွာကေတာ့ တင္းမာေနဆဲျဖစ္ၿပီး ဘာမွမလုပ္မယ့္အေၾကာင္း အသံေလးျပဳလိုက္တယ္။

သူ႔ကိုမယုံႏိုင္တာေၾကာင့္ လင္က်န္းကကူရွင္ႀကီးကို ရင္ခြင္မွာပိုက္ၿပီး သူ႔နားတိုးလာတယ္။ သူ႐ိုး႐ိုးသားသားေျပာလိုက္တယ္ “ကုေရွာင္ ကြၽန္ေတာ့္ကိုနားလည္မႈလြဲေနတယ္ထင္တယ္”

ကုမင္းယန္ကိုယ္ကိုကိုင္းကာ ထိုေကာင္ေလးကို ၾကည့္ေနရင္း မွန္စားပြဲအစြန္းနားေလးမွာထိုင္လိုက္တယ္။ “ဘာကို နားလည္မႈလြဲတာလဲ?”

လင္က်န္းျပန္ေျဖတယ္ “ကြၽန္ေတာ္က ေယာက်ာ္းေလးေတြကိုႀကိဳက္တယ္ဆိုၿပီး နားလည္မႈလြဲေနတာကိုေျပာတာ.. ဒါေပမယ့္ ကြၽန္ေတာ္က တကယ့္ကိုအေျဖာင့္ႀကီးပါဗ်ာ၊ ကြၽန္ေတာ္က မန္ေယာင္ေယာင္လိုပုံမ်ိဳးေလးကို ႀကိဳက္တာ _ ၾကည့္ေကာင္းတယ္၊ ဆက္ဆံေရးလည္းေကာင္းတယ္ ၿပီးေတာ့ ရင္အႀကီးႀကီးလည္းရွိတယ္ေလ၊ ဟုတ္တယ္ ကြၽန္ေတာ္က ရင္သားႀကီးႀကီးေတြကိုႀကိဳက္တာ!”

သူမန္ေယာင္ေယာင္ကို ႀကိဳက္တယ္ေျပာလိုက္ခ်ိန္မွာ ကုမင္းယန္က အရမ္းစိတ္တိုေနၿပီျဖစ္တယ္။ မသိလိုက္မသိဖာသာ စီးကရက္တစ္လိပ္ထုတ္ၿပီး ပါးစပ္မွာေတ့လိုက္ၿပီးေနာက္ မီးျခစ္ကိုစမ္းလိုက္တယ္။ အိတ္ထဲမွာ မရွိဘူး။ အဲ့ေတာ့ လင္က်န္းက အခန္းထဲမွာ အလကားေပးထားတဲ့တစ္ခုကိုယူၿပီး သစၥာခံေနာက္လိုက္ေလးတစ္ေယာက္လို အမူအယာနဲ႔သူ႔ကိုေပးလိုက္တယ္။

ကုမင္းယန္ စီးကရက္မီးညႇိလိုက္ၿပီး အျဖဴေရာင္အေငြ႕ေတြ မႈတ္ထုတ္လိုက္ၿပီး စိတ္ေတြလြင့္ေျမာစြာေျပာလိုက္တယ္ “ကိုယ္က အဲ့တာဘာလုပ္ရမွာလဲ?”

လင္က်န္းက ဇေဝဇဝါ႐ုပ္ေလးျဖစ္သြားတယ္။ အဲ့ေနာက္ ထိုသူဆက္ေျပာတာကို ၾကားလိုက္ရတယ္။ “က်ီေလ်ာင္လည္း အေျဖာင့္တစ္ေယာက္ ျဖစ္ခဲ့ဖူးတာပဲ”

“အဲ့တာက သူကႏွစ္ဖက္ခြၽန္လို သေဘာဗ်! ဒါေပမယ့္ ကြၽန္ေတာ္က ေရမေရာတဲ့ အေျဖာင့္အသန႔္ေလးဗ်!” လင္က်န္းခ်က္ခ်င္းျပန္ခံပက္တယ္။

ကုမင္းယန္ရယ္ကာ စီးကရက္ကိုေတာက္လိုက္တယ္ “မင္းက ေရမေရာတဲ့အေျဖာင့္အသန႔္ကို အမ်ားႀကီးသိတာပဲ”

“အဲ့တာ ကြၽန္ေတာ္သိခ်င္လို႔ ရွာထားတာေၾကာင့္မို႔လို႔ေပါ့!” လင္က်န္းသုန္မႈန္ေနတယ္။ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက သူ႔ကိုအတင္းအၾကပ္နမ္းသြားတာေၾကာင့္ အိမ္ေရာက္တဲ့အခါ အခ်က္အလက္နဲ႔ဆက္ႏြယ္ေနတဲ့အရာေတြကို ရွာၾကည့္ခဲ့တယ္။

အနမ္းခံရရင္ ေကြးသြားႏိုင္လား၊ အေျဖာင့္ေတြကေရာ ေကြးသြားႏိုင္လား၊ သူက အေျဖာင့္ဟုတ္လား မဟုတ္လားဘယ္လိုဆုံးျဖတ္ႏိုင္မလဲဆိုတာမ်ိဳးေတြေပါ့။ ဘာပဲျဖစ္ျဖစ္ သူေစ့ေစ့ေပါက္ေပါက္ ရွာေဖြေရးဆင္းထားတယ္။

“ကုေရွာင္ တကယ္ေတာ့ေလ ကြၽန္ေတာ္ထင္တာ ခင္ဗ်ားက မင္ေကာဆီကေန လႊမ္းမိုးခံလိုက္ရပုံပဲ၊ သူ႔ဘာသာေဂးေနတာက သူ႔ကိစၥ ခင္ဗ်ားက သူ႔ဆီကေန သြားသင္ေနလို႔မျဖစ္ဘူး! ၿပီးေတာ့လည္း ကြၽန္ေတာ့္လို ဆန္ကုန္ေျမေလး ေပါ့ေပါ့တန္တန္ေနတတ္တဲ့သူမ်ိဳးက ဘာမ်ားေကာင္းေနလို႔လဲ… ကြၽန္ေတာ္ ေကာင္မေလးတစ္ေယာက္ေလာက္နဲ႔ မိတ္ဆက္ေပးရမလား? လွေစရမယ္လို႔ အာမခံတယ္!”

လင္က်န္းအာေျခာက္တဲ့ထိ ေျပာလိုက္တယ္။ စိတ္ထဲမွာႀကိတ္ၿပီး သက္ျပင္းခ်လိုက္ကာ ကုမင္းယန္ဆိုတဲ့ ဒီႏွာဘူးေကာင္က အျပစ္မ်ားေလ်ာ့ခ်ေပးမလားလို႔ေတြးေနတယ္။

“ကိုယ္က ဟဲ့ခ်န္းမင္ဆီက သင္တယ္လို႔မင္းထင္ေနတာလား?” ဒါေလးတစ္ခုပဲၾကားလိုက္ရသလိုမ်ိဳး ကုမင္းယန္က ျပန္ေခ်ပတယ္။

“ႏိုး ႏိုး ႏိုး ကြၽန္ေတာ္ကဘယ္လိုလုပ္ ထင္မွာလဲ ဟားဟားဟား” လင္က်န္းရီေနေပမယ့္ စိတ္ထဲမွာေတာ့ က်ိန္ဆဲေနတယ္။ သူအမ်ားႀကီးေျပာလိုက္တာေတာင္ သူကဒီေသာက္တစ္ပိုင္းကိုပဲ ေမးခြန္းေ႐ြးထုတ္တယ္?!

“ေျပာခ်င္တာကိုပဲ တည့္ေျပာလိုက္ေတာ့” သူဆက္ၿပီး ေဖာ္လံဖားမလုပ္ခ်င္ေတာ့ဘူး။

ကုမင္းယန္စီးကရက္ကို ကုန္ေအာင္ေသာက္ၿပီး ဖင္ဆီခံကို ဘီယာဘူးအလြတ္ထဲထည့္လိုက္တယ္။ သူ႔ဘာသူေတြးလိုက္တယ္ ဒါေပါ့ကိုယ္က မင္းကိုလုပ္ခ်င္ေနတာ။

ဒါေပမယ့္ အခုအဲ့လိုသြားေျပာလို႔မျဖစ္ဘူးဆိုတာ သူသိတယ္။ လင္က်န္းရဲ႕အဆင့္ေတြက မေကာင္းဘူးဆိုေပမယ့္ ဉာဏ္ေကာင္းတယ္။ အခုလိုေပါ့ ႏႈတ္ကေန လိုလိုလားလားလုပ္ျပေနေပမယ့္ အေၾကာတင္းၿပီးေတာ့ သူ႔ဆီကထြက္ေျပးႏိုင္ဖို႔ ဆက္တိုက္ေတြးေနတာ။ ၿပီးေတာ့ အတင္းလုပ္ရရင္လည္းမေကာင္းဘူး၊ ၿပီးခဲ့တဲ့အေခါက္တုန္းကလိုမ်ိဳး နမ္း႐ုံေလးနဲ႔တင္ သိကၡာက်တာမ်ိဳး မျဖစ္ခ်င္ဘူး။ တစ္စုံတစ္ေယာက္ကို မထိခိုက္ေစခ်င္ဘူး။

အဲ့တာေၾကာင့္ ဉာဏ္နီဉာဏ္နက္မ်ားစြာေျပာလိုက္တယ္ “အင္းေလ မင္းကိုယ့္ကို ဒီေန႔မဖိတ္ေတာ့ကိုယ္မေပ်ာ္မ႐ႊင္ျဖစ္သြားၿပီ… ကိုယ့္ကိုေပ်ာ္ေအာင္လုပ္ေပးရင္ မင္းကိုသြားခြင့္ေပးမယ္”

လင္က်န္းရင္ထဲမွာေတာ့ ႀကိမ္းေမာင္းေနတယ္။ လူဆိုးေကာင္၊ အက်င့္အေကာင္းတဲ့ေကာင္၊ ေသာက္ေဂးေကာင္ဆိုၿပီးေတာ့ေပါ့… ခင္ဗ်ားကို မေခၚရတဲ့အေၾကာင္း မသိဘူးလား? ဒါေတာင္ ခင္ဗ်ားကဒီကိုလာေသးတယ္ေလ။ ၿပီးေတာ့အခု ခင္ဗ်ားကိုေခ်ာ့ဖို႔လာ အမိန႔္ေပးေနေသးတယ္။ ခင္ဗ်ားက ေသာက္ဧကရာဇ္ႀကီးလား?

ခင္ဗ်ားက ဧကရာဇ္ဆိုရင္ေတာင္မွ ခင္ဗ်ားနဲ႔မလိုက္ဖက္ဘူး! ဖာ့ခ္ယူပဲ!

သူ႔ရင္ထဲမွာ အားရပါးရႀကိမ္ဆဲေနေပမယ့္ လက္ေတြ႕ကိုေတာ့ ရင္ဆိုင္ရအုံးမယ္။

“ဟား ဟား ကုေရွာင္ သီခ်င္းဆိုမလား?”

ကုမင္းယန္ကေတာ့ ေအးစက္စက္လုပ္ျပေနတုန္းပဲ။

“အဲ့တာဆို ကြၽန္ေတာ္ သီခ်င္းဆိုျပရမလား?”

သူမ်က္ေမွာင္ၾကဳတ္သြားတယ္။

“အဲ့တာဆိုလည္း ဟာသတစ္ခုေျပာျပမယ္ေလ”

သူမတ္တပ္ထရပ္ၿပီး ကုတ္အက်ီကို ခြၽတ္လိုက္တယ္။

လင္က်န္းခမ်ာ ေၾကာက္လြန္းလို႔ ေျခေထာက္ေတြပါ ေပ်ာ့ေခြလာတယ္။ ဖာ့ခ္ ဒါကဘာအဓိပၸါယ္ႀကီးလဲ? သူ႔ကိုအတင္းအၾကပ္လုပ္ဖို႔ ေတြးေနတာေတာ့ မျဖစ္ႏိုင္ပါဘူး ဟုတ္တယ္မွတ္လား?!

“ခဏေနပါအုံး! ကုမင္းယန္ ခင္ဗ်ားဘာမွမလုပ္ဘူးလို႔ ကတိေပးထားတယ္ေလ!”

“အဲ့တာကိုရင္လည္း မင္းပါးစပ္ကို လႈပ္ရွားလိုက္ေတာ့” သူက အက္ရွရွအသံနဲ႔ေျပာလိုက္တယ္။

သူ႔ကိုအခြင့္အေရးယူခ်င္ေနတုန္းပဲ! လင္က်န္း ေဒါသထြက္သြားတယ္။ ဘယ္လိုေနေနေသမွာပဲ။ သူ႔ဖင္ကိုကာကြယ္ကို ပါးစပ္ကိုလႈပ္ရွားရမယ္ဆိုလည္း လုပ္ရေတာ့မွာေပါ့။ သူကလက္ဦးၿပီး အားနဲ႔ကိုက္လိုက္တယ္။ သူ႔လႈပ္ရွားမႈေတြက အလြန္ျပင္းထန္ၿပီး မေက်မခ်မ္းျဖစ္ေနတာေတြ ျပည့္ႏွက္ေနတယ္။

သူဖယ္လိုက္ခ်ိန္မွာ သူ႔ပါးစပ္က ေဆးလိပ္ေငြ႕နံ႔ေတြရေနတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေမးလိုက္တယ္ “အင္း အခုေပ်ာ္ၿပီလား?”

ကုမင္းယန္က အရသာေလးေတာင္မသိလိုက္ရဘဲ ျမန္ျမန္ႀကီးၿပီးသြားလို႔ အထြန႔္တက္ခ်င္ေပမယ့္ လင္က်န္းက အဆုံးစြန္ၿမိဳသိပ္ေနရပုံေပၚတယ္။ သူသာဆက္ၿပီးေနာက္ေနရင္ သူတို႔ရန္ျဖစ္တာနဲ႔ပဲၿပီးသြားႏိုင္တာေၾကာင့္ ေခါင္းသာၿငိတ္ျပလိုက္တယ္။

လင္က်န္းေနာက္ျပန္လွည့္မၾကည့္ေတာ့ဘဲ တံခါးကိုေစာင့္ပိတ္ၿပီးထြက္သြားတယ္။

ပိုက္ဆံရွင္းေတာ့မယ့္အခ်ိန္မွာ ကုမင္းယန္ကရွင္းၿပီးသားဆိုၿပီး ေျပာလာတယ္။ သူပိုေတာင္ ေဒါသထြက္သြားၿပီး ေငြစကၠဴလက္တစ္ဆုတ္ကိုပစ္ေပးကာ အက်ယ္ႀကီးေျပာလိုက္တယ္ “ေဘာက္ဆူး!”

ထို႔ေနာက္ taxiတစ္စီးငွားကာ ထြက္သြားေတာ့တယ္။

ကုမင္းယန္ထြက္လာခ်ိန္မွာ ထြက္သြားတဲ့taxiေနာက္ပိုင္းေလးပဲ ျမင္လိုက္ရတယ္။

နမ္းၿပီးခ်ိန္မွာ လင္က်န္းမ်က္ႏွာေပၚက မႏွစ္ၿမိဳ႕တဲ့ပုံကို ျပန္ေတြးမိၿပီး သူ႔အိတ္ထဲက စီးကရက္ဘူးကိုထုတ္လိုက္တယ္။ စိုက္ၾကည့္ကာ ႏွစ္ခါေလာက္ေတြးေတာၿပီး သက္ျပင္းခ်ကာ လႊင့္ပစ္လိုက္တယ္။

[Kay : ဒီေန႔ထူးထူးဆန္းဆန္း ေဆးလိပ္ကို လႊင့္ပစ္တာေတြခ်ည္းပဲေရးေနရတယ္]

_______________________________________

{Unicode}

•ခင်ဗျားကို ဘာကြောင့်မဖိတ်တာလဲဆိုတဲ့ အကြောင်းပြချက်ကို မသိဘူးလား?•

KTVမှာတော့ လင်ကျန်းနဲ့ တခြားကောင်လေးနှစ်ယောက်ပဲကျန်တော့တယ်။

ထိုနှစ်ယောက်က အတူရောက်လာကြတာဖြစ်လို့ မပြန်ခင် သူ့ကိုစိုးရိမ်တကြီးမေးလာကြတယ်။ “မင်းအိမ်ကိုရော ဆက်ထားသေးလား?”

လင်ကျန်း စိတ်မရှည်စွာ လက်ကိုဝေ့ယမ်းကာ သူတို့ကနားပူနားဆာလာလုပ်နေလို့ မြန်မြန်ထွက်သွားကြဆိုပြီး အချက်ပြလိုက်တယ်။

ဆက်ရမယ်? လုပ်ပါလိမ့်မယ် အားကြီးကြီး။ သူ့အဖေသာ ဒီလိုပုံစံမျိုးကို တွေ့သွားရင် ကြိုးနဲ့တုပ်ပြီး ရိုက်လိမ့်မယ်!

ခုနတုန်းက အရက်ပုလင်းနည်းနည်းလောက် မော့ထားတာကြောင့် အခုခေါင်းတွေနာလာပြီ။ ဘာလုပ်ရမှန်းမဆုံးဖြတ်ရသေးခင် ပြန်ကောင်းချင်နေတယ်။

တခြားသူတွေထွက်သွားတော့ အခန်းကြီးက တိတ်ဆိတ်သွားတယ်။ ပျားပန်းခတ်လှုပ်ရှားမှုတွေ မရှိတော့တဲ့အချိန်မှာ တိတ်ဆိတ်ခြောက်ကပ်သွားတယ်။

လင်ကျန်းစိတ်ဓာတ်ကျစွာ ဆိုဖာမှာလှဲနေပြီး ဖုန်းကိုထုတ်လိုက်တယ်။ သူဟိုရွေ့ဒီရွေ့ကြည့်လိုက်တော့ ဟဲ့ချန်းမင်ကလွဲရင် မှတ်ထားတဲ့ထဲမှာ သူယုံကြည်လို့ရတဲ့သူ တစ်ယောက်မှ မရှိဘူး _ သူတို့အားလုံးက မိတ်ဆွေတုတွေချည်းပဲဖြစ်တယ်။

သူလေကို ရှုထုတ်ပြီး ဖုန်းကိုဘေးနားပစ်ထုတ်လိုက်တယ်။

အသိစိတ်မကပ်တကပ်ဖြစ်နေချိန်မှာ တစ်စုံတစ်ယောက်က သူ့ဘေးနားလာထိုင်တာကို ခံစားမိလိုက်တယ်။ ထိုလူက အေးစက်စက်လက်ချောင်းတွေနဲ့ သူ့မျက်နှာကို လာကိုင်နေတယ်။ သူ့မျက်နှာက အရမ်းပူနေတာကြောင့် သူငြင်းမနေတော့ဘဲ အရမ်းသက်သောင့်သက်သာဖြစ်နေသလိုတောင် ခံစားရသေးတယ်။

အချိန်တော်တော်ကြာအောင်တွေးကြည့်ပေမယ့် ဘယ်သူမှန်းမသိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ရွှေရောင်မျက်လုံးတစ်စုံကို ဝိုးတဝါးတွေ့လိုက်ရတယ်။

ရွှေရောင် မျက်မှန်???

ဖာ့ခ်!

လင်ကျန်း သတိဝင်သွားပြီး ဆိုဖာပေါ်ကနေ ခုန်ထလိုက်ကာ ထိုလူနဲ့သုံးပေအဝေးလောက်မှာ နေလိုက်တယ်။

ကုမင်းယန်မျက်နှာလေးငယ်သွားတယ်။ လူတိုင်းကိုကျတော့ ရယ်ပြုံးပြနေပြီး သူ့ကိုဆိုရင် အရမ်းအတိုက်အခံလုပ်တာ ဘာကြောင့်မှန်းသူနားမလည်ဘူး။

တခြားသူတွေဆီကနေ ဒီလိုလူစုတာကို ကြားတော့ သူ့ဖုန်းကိုသုံးနာရီလောက်ထိုင်ကြည့်နေခဲ့တာတောင် သူ့ဆီကဖုန်းလေးတစ်ချက်တောင် ရောက်မလာခဲ့ဘူး။ ကြည့်ရတာ သူ့ကိုဘယ်တုန်းကမှ ဖိတ်ချင်ခဲ့ပုံမရဘူး။

ကောင်းပြီလေ အဲ့တော့သူကိုယ်တိုင်လာရတာပေါ့။ သူဝင်လာတော့ စွန့်ပစ်ခံထားရတဲ့ခွေးလေးတစ်ကောင်လို ဆိုဖာပေါ်မှာလှဲနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်။ ထူးဆန်းစွာ သနားစဖွယ်လေးဖြစ်နေတာကြောင့် မနေနိုင်ဘဲ နည်းနည်းလောက်လေးဂရုစိုက်ပေးလိုက်တယ်။ အဆုံးမှာ သူနိုးလည်းနိုးလာရော ရန်လိုနေပြန်ရော။

ကုမင်းယန်အေးစက်စွာရယ်မောလိုက်တယ် “ငါကအဆိပ်မို့လိုလား? အရမ်းကိုကြောက်နေတယ်ပေါ့?”

လင်ကျန်းက ပြန်ငေါက်တယ် “ဘာလို့အဆိပ်ဆိုတာနဲ့တင် ရပ်လိုက်တာလဲ? ခင်ဗျားက သောက်နှာဘူးကောင်!”

ပြောပြီး မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်လိုက်တယ်။ ထိုအမျိုးသားလက်နဲ့ထိခဲ့တဲ့ သူ့မျက်နှာကိုတွေးကြည့်လိုက်ရုံနဲ့တင် ရွံရှာလာတယ်။ ချီးပဲ.. အော်ဂလီဆန်လိုက်တာ။ ခုနတုန်းက ပျော်ခဲ့တာတွေကိုတောင် လုံးဝမေ့ပျောက်သွားတယ်။

“နှာဘူး တကယ်ပါပဲ” ကုမင်းယန်မျက်လုံးတွေ ရုတ်တရက်ခက်ထန်သွားပြီး ကြော့ကြော့မော့မော့လေး ထရပ်လိုက်ကာ သူ့ဆီကို လျှောက်လာတယ်။

“အဲ့မှာပဲ ရပ်နေ!” ထိုအမျိုးသားက ဘာတွေတွေးနေမှန်း သူမခန့်မှန်းနိုင်တာကြောင့် လင်ကျန်းတကယ်ကြောက်မိတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူအတင်းအကြပ်နမ်းသွားတယ်။ ဒီတစ်ခေါက်က သူ့ကိုအတင်းအကြပ်လုပ်အုံးမှာလား?!

ရုတ်ခြည်း သူ့ဖင်ကို ကျုံ့လိုက်မိသွားတယ်။

ဉာဏ်ရှိတဲ့သူက တဖက်ပိတ်တွေ သူ့ကိုဆန့်ကျင်နေတယ်ဆိုရင် တိုက်ခိုက်တာထက် ဘယ်ဟာကပိုကောင်းလဲဆိုတာသိတယ်။ သူရုတ်တရက်အော်လိုက်တယ် “ကုရှောင် တစ်ခုခုပြောစရာရှိတယ်ဆိုရင် အဲ့နားကနေလှမ်းပြောလို့လည်းရတယ်လေ… ကျွန်တော်အကြားအာရုံက အရမ်းကောင်းတယ်နော် တကယ်ပြောတာ!”

သူအရှုံးကို ဝန်ခံလိုက်တာလား?

ကုမင်းယန်မျက်ခုံးပင့်ပြီး သူ့ဘာသာတွေးလိုက်တယ်။ ဒီခွေးမသားလေးက နူးနူးညံ့ညံ့လေးထက် ခပ်ကြမ်းကြမ်းကိုင်တွယ်ဖို့ တကယ်လိုနေတာပဲ။ ဟဲ့ချန်းမင်ဆီကနေတောင် သူ့ကိုရုပ်ရှင်ကြည့်တာခေါ်နိုင်ဖို့ကို သင်ခဲ့ရတာ။ ဒီလိုမှန်းသာ အစောတုန်းတည်းကသိရင် တည့်တိုးလုပ်ပစ်လိုက်ပါတယ်။

“အဲ့တာဆို ဒီကိုလာခဲ့” သူ အေးစက်စက်ပြောလိုက်တယ်။

လင်ကျန်းက သိပ်မသေချာပေမယ့် ထိုအမျိုးသားရဲ့ပတ်ပတ်လည်လေထုက အေးစက်စက်ဖြစ်နေတော့ သူတကယ်ကြောက်နေပြီ။ သူတန်းပြီးအော်လိုက်တယ် “အဲ့တာဆိုရင်လည်း ကျွန်တော့်ကိုဘာမှမလုပ်ရဘူးနော်!”

ကုမင်းယန်ရင်ထဲမှာ ပြုံးပန်းတွေပွင့်ဖူးသွားပေမယ့် မျက်နှာကတော့ တင်းမာနေဆဲဖြစ်ပြီး ဘာမှမလုပ်မယ့်အကြောင်း အသံလေးပြုလိုက်တယ်။

သူ့ကိုမယုံနိုင်တာကြောင့် လင်ကျန်းကကူရှင်ကြီးကို ရင်ခွင်မှာပိုက်ပြီး သူ့နားတိုးလာတယ်။ သူရိုးရိုးသားသားပြောလိုက်တယ် “ကုရှောင် ကျွန်တော့်ကိုနားလည်မှုလွဲနေတယ်ထင်တယ်”

ကုမင်းယန်ကိုယ်ကိုကိုင်းကာ ထိုကောင်လေးကို ကြည့်နေရင်း မှန်စားပွဲအစွန်းနားလေးမှာထိုင်လိုက်တယ်။ “ဘာကို နားလည်မှုလွဲတာလဲ?”

လင်ကျန်းပြန်ဖြေတယ် “ကျွန်တော်က ယောကျာ်းလေးတွေကိုကြိုက်တယ်ဆိုပြီး နားလည်မှုလွဲနေတာကိုပြောတာ.. ဒါပေမယ့် ကျွန်တော်က တကယ့်ကိုအဖြောင့်ကြီးပါဗျာ၊ ကျွန်တော်က မန်ယောင်ယောင်လိုပုံမျိုးလေးကို ကြိုက်တာ _ ကြည့်ကောင်းတယ်၊ ဆက်ဆံရေးလည်းကောင်းတယ် ပြီးတော့ ရင်အကြီးကြီးလည်းရှိတယ်လေ၊ ဟုတ်တယ် ကျွန်တော်က ရင်သားကြီးကြီးတွေကိုကြိုက်တာ!”

သူမန်ယောင်ယောင်ကို ကြိုက်တယ်ပြောလိုက်ချိန်မှာ ကုမင်းယန်က အရမ်းစိတ်တိုနေပြီဖြစ်တယ်။ မသိလိုက်မသိဖာသာ စီးကရက်တစ်လိပ်ထုတ်ပြီး ပါးစပ်မှာတေ့လိုက်ပြီးနောက် မီးခြစ်ကိုစမ်းလိုက်တယ်။ အိတ်ထဲမှာ မရှိဘူး။ အဲ့တော့ လင်ကျန်းက အခန်းထဲမှာ အလကားပေးထားတဲ့တစ်ခုကိုယူပြီး သစ္စာခံနောက်လိုက်လေးတစ်ယောက်လို အမူအယာနဲ့သူ့ကိုပေးလိုက်တယ်။

ကုမင်းယန် စီးကရက်မီးညှိလိုက်ပြီး အဖြူရောင်အငွေ့တွေ မှုတ်ထုတ်လိုက်ပြီး စိတ်တွေလွင့်မြောစွာပြောလိုက်တယ် “ကိုယ်က အဲ့တာဘာလုပ်ရမှာလဲ?”

လင်ကျန်းက ဇဝေဇဝါရုပ်လေးဖြစ်သွားတယ်။ အဲ့နောက် ထိုသူဆက်ပြောတာကို ကြားလိုက်ရတယ်။ “ကျီလျောင်လည်း အဖြောင့်တစ်ယောက် ဖြစ်ခဲ့ဖူးတာပဲ”

“အဲ့တာက သူကနှစ်ဖက်ချွန်လို သဘောဗျ! ဒါပေမယ့် ကျွန်တော်က ရေမရောတဲ့ အဖြောင့်အသန့်လေးဗျ!” လင်ကျန်းချက်ချင်းပြန်ခံပက်တယ်။

ကုမင်းယန်ရယ်ကာ စီးကရက်ကိုတောက်လိုက်တယ် “မင်းက ရေမရောတဲ့အဖြောင့်အသန့်ကို အများကြီးသိတာပဲ”

“အဲ့တာ ကျွန်တော်သိချင်လို့ ရှာထားတာကြောင့်မို့လို့ပေါ့!” လင်ကျန်းသုန်မှုန်နေတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သူ့ကိုအတင်းအကြပ်နမ်းသွားတာကြောင့် အိမ်ရောက်တဲ့အခါ အချက်အလက်နဲ့ဆက်နွယ်နေတဲ့အရာတွေကို ရှာကြည့်ခဲ့တယ်။

အနမ်းခံရရင် ကွေးသွားနိုင်လား၊ အဖြောင့်တွေကရော ကွေးသွားနိုင်လား၊ သူက အဖြောင့်ဟုတ်လား မဟုတ်လားဘယ်လိုဆုံးဖြတ်နိုင်မလဲဆိုတာမျိုးတွေပေါ့။ ဘာပဲဖြစ်ဖြစ် သူစေ့စေ့ပေါက်ပေါက် ရှာဖွေရေးဆင်းထားတယ်။

“ကုရှောင် တကယ်တော့လေ ကျွန်တော်ထင်တာ ခင်ဗျားက မင်ကောဆီကနေ လွှမ်းမိုးခံလိုက်ရပုံပဲ၊ သူ့ဘာသာဂေးနေတာက သူ့ကိစ္စ ခင်ဗျားက သူ့ဆီကနေ သွားသင်နေလို့မဖြစ်ဘူး! ပြီးတော့လည်း ကျွန်တော့်လို ဆန်ကုန်မြေလေး ပေါ့ပေါ့တန်တန်နေတတ်တဲ့သူမျိုးက ဘာများကောင်းနေလို့လဲ… ကျွန်တော် ကောင်မလေးတစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးရမလား? လှစေရမယ်လို့ အာမခံတယ်!”

လင်ကျန်းအာခြောက်တဲ့ထိ ပြောလိုက်တယ်။ စိတ်ထဲမှာကြိတ်ပြီး သက်ပြင်းချလိုက်ကာ ကုမင်းယန်ဆိုတဲ့ ဒီနှာဘူးကောင်က အပြစ်များလျော့ချပေးမလားလို့တွေးနေတယ်။

“ကိုယ်က ဟဲ့ချန်းမင်ဆီက သင်တယ်လို့မင်းထင်နေတာလား?” ဒါလေးတစ်ခုပဲကြားလိုက်ရသလိုမျိုး ကုမင်းယန်က ပြန်ချေပတယ်။

“နိုး နိုး နိုး ကျွန်တော်ကဘယ်လိုလုပ် ထင်မှာလဲ ဟားဟားဟား” လင်ကျန်းရီနေပေမယ့် စိတ်ထဲမှာတော့ ကျိန်ဆဲနေတယ်။ သူအများကြီးပြောလိုက်တာတောင် သူကဒီသောက်တစ်ပိုင်းကိုပဲ မေးခွန်းရွေးထုတ်တယ်?!

“ပြောချင်တာကိုပဲ တည့်ပြောလိုက်တော့” သူဆက်ပြီး ဖော်လံဖားမလုပ်ချင်တော့ဘူး။

ကုမင်းယန်စီးကရက်ကို ကုန်အောင်သောက်ပြီး ဖင်ဆီခံကို ဘီယာဘူးအလွတ်ထဲထည့်လိုက်တယ်။ သူ့ဘာသူတွေးလိုက်တယ် ဒါပေါ့ကိုယ်က မင်းကိုလုပ်ချင်နေတာ။

ဒါပေမယ့် အခုအဲ့လိုသွားပြောလို့မဖြစ်ဘူးဆိုတာ သူသိတယ်။ လင်ကျန်းရဲ့အဆင့်တွေက မကောင်းဘူးဆိုပေမယ့် ဉာဏ်ကောင်းတယ်။ အခုလိုပေါ့ နှုတ်ကနေ လိုလိုလားလားလုပ်ပြနေပေမယ့် အကြောတင်းပြီးတော့ သူ့ဆီကထွက်ပြေးနိုင်ဖို့ ဆက်တိုက်တွေးနေတာ။ ပြီးတော့ အတင်းလုပ်ရရင်လည်းမကောင်းဘူး၊ ပြီးခဲ့တဲ့အခေါက်တုန်းကလိုမျိုး နမ်းရုံလေးနဲ့တင် သိက္ခာကျတာမျိုး မဖြစ်ချင်ဘူး။ တစ်စုံတစ်ယောက်ကို မထိခိုက်စေချင်ဘူး။

အဲ့တာကြောင့် ဉာဏ်နီဉာဏ်နက်များစွာပြောလိုက်တယ် “အင်းလေ မင်းကိုယ့်ကို ဒီနေ့မဖိတ်တော့ကိုယ်မပျော်မရွှင်ဖြစ်သွားပြီ… ကိုယ့်ကိုပျော်အောင်လုပ်ပေးရင် မင်းကိုသွားခွင့်ပေးမယ်”

လင်ကျန်းရင်ထဲမှာတော့ ကြိမ်းမောင်းနေတယ်။ လူဆိုးကောင်၊ အကျင့်အကောင်းတဲ့ကောင်၊ သောက်ဂေးကောင်ဆိုပြီးတော့ပေါ့… ခင်ဗျားကို မခေါ်ရတဲ့အကြောင်း မသိဘူးလား? ဒါတောင် ခင်ဗျားကဒီကိုလာသေးတယ်လေ။ ပြီးတော့အခု ခင်ဗျားကိုချော့ဖို့လာ အမိန့်ပေးနေသေးတယ်။ ခင်ဗျားက သောက်ဧကရာဇ်ကြီးလား?

ခင်ဗျားက ဧကရာဇ်ဆိုရင်တောင်မှ ခင်ဗျားနဲ့မလိုက်ဖက်ဘူး! ဖာ့ခ်ယူပဲ!

သူ့ရင်ထဲမှာ အားရပါးရကြိမ်ဆဲနေပေမယ့် လက်တွေ့ကိုတော့ ရင်ဆိုင်ရအုံးမယ်။

“ဟား ဟား ကုရှောင် သီချင်းဆိုမလား?”

ကုမင်းယန်ကတော့ အေးစက်စက်လုပ်ပြနေတုန်းပဲ။

“အဲ့တာဆို ကျွန်တော် သီချင်းဆိုပြရမလား?”

သူမျက်မှောင်ကြုတ်သွားတယ်။

“အဲ့တာဆိုလည်း ဟာသတစ်ခုပြောပြမယ်လေ”

သူမတ်တပ်ထရပ်ပြီး ကုတ်အကျီကို ချွတ်လိုက်တယ်။

လင်ကျန်းခမျာ ကြောက်လွန်းလို့ ခြေထောက်တွေပါ ပျော့ခွေလာတယ်။ ဖာ့ခ် ဒါကဘာအဓိပ္ပါယ်ကြီးလဲ? သူ့ကိုအတင်းအကြပ်လုပ်ဖို့ တွေးနေတာတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မှတ်လား?!

“ခဏနေပါအုံး! ကုမင်းယန် ခင်ဗျားဘာမှမလုပ်ဘူးလို့ ကတိပေးထားတယ်လေ!”

“အဲ့တာကိုရင်လည်း မင်းပါးစပ်ကို လှုပ်ရှားလိုက်တော့” သူက အက်ရှရှအသံနဲ့ပြောလိုက်တယ်။

သူ့ကိုအခွင့်အရေးယူချင်နေတုန်းပဲ! လင်ကျန်း ဒေါသထွက်သွားတယ်။ ဘယ်လိုနေနေသေမှာပဲ။ သူ့ဖင်ကိုကာကွယ်ကို ပါးစပ်ကိုလှုပ်ရှားရမယ်ဆိုလည်း လုပ်ရတော့မှာပေါ့။ သူကလက်ဦးပြီး အားနဲ့ကိုက်လိုက်တယ်။ သူ့လှုပ်ရှားမှုတွေက အလွန်ပြင်းထန်ပြီး မကျေမချမ်းဖြစ်နေတာတွေ ပြည့်နှက်နေတယ်။

သူဖယ်လိုက်ချိန်မှာ သူ့ပါးစပ်က ဆေးလိပ်ငွေ့နံ့တွေရနေတာကြောင့် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်တယ် “အင်း အခုပျော်ပြီလား?”

ကုမင်းယန်က အရသာလေးတောင်မသိလိုက်ရဘဲ မြန်မြန်ကြီးပြီးသွားလို့ အထွန့်တက်ချင်ပေမယ့် လင်ကျန်းက အဆုံးစွန်မြိုသိပ်နေရပုံပေါ်တယ်။ သူသာဆက်ပြီးနောက်နေရင် သူတို့ရန်ဖြစ်တာနဲ့ပဲပြီးသွားနိုင်တာကြောင့် ခေါင်းသာငြိတ်ပြလိုက်တယ်။

လင်ကျန်းနောက်ပြန်လှည့်မကြည့်တော့ဘဲ တံခါးကိုစောင့်ပိတ်ပြီးထွက်သွားတယ်။

ပိုက်ဆံရှင်းတော့မယ့်အချိန်မှာ ကုမင်းယန်ကရှင်းပြီးသားဆိုပြီး ပြောလာတယ်။ သူပိုတောင် ဒေါသထွက်သွားပြီး ငွေစက္ကူလက်တစ်ဆုတ်ကိုပစ်ပေးကာ အကျယ်ကြီးပြောလိုက်တယ် “ဘောက်ဆူး!”

ထို့နောက် taxiတစ်စီးငှားကာ ထွက်သွားတော့တယ်။

ကုမင်းယန်ထွက်လာချိန်မှာ ထွက်သွားတဲ့taxiနောက်ပိုင်းလေးပဲ မြင်လိုက်ရတယ်။

နမ်းပြီးချိန်မှာ လင်ကျန်းမျက်နှာပေါ်က မနှစ်မြို့တဲ့ပုံကို ပြန်တွေးမိပြီး သူ့အိတ်ထဲက စီးကရက်ဘူးကိုထုတ်လိုက်တယ်။ စိုက်ကြည့်ကာ နှစ်ခါလောက်တွေးတောပြီး သက်ပြင်းချကာ လွှင့်ပစ်လိုက်တယ်။

[Kay : ဒီနေ့ထူးထူးဆန်းဆန်း ဆေးလိပ်ကို လွှင့်ပစ်တာတွေချည်းပဲရေးနေရတယ်]

_____

Thanks 😉

Continue Reading

You'll Also Like

2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
137K 16.5K 121
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
21.8K 1.3K 10
ဆရာဝန်လေးနဲ့ Engineer ကောင်လေးတယောက်ရဲ့ ဇာတ်လမ်းလေး♡ Soft typeဖြစ်ပြီးတော့ Art လေးတွေကလဲ မျက်စိအေးနေရော✨ Author(s) : Kona, 高台树色 Artist(s) : 一碗雪, 忻...
929K 42.6K 51
Warning ( Included abusive content!!!) Total Episodes-43 (Completed) Start date-Oct 6.2021 End date-Feb 21.2022 To finish this story , I spent 4 mont...