{Zawgyi}
•နမ္းေနစဥ္ ဘာေမးခြန္းမွ ေမးခြင့္မျပဳ•
ထိုည က်ီေလ်ာင္ အိမ္ျပန္ေရာက္ေတာ့ ရႈအိုက္ဝမ္ဆိုဖာေပၚမွာထိုင္ၿပီး TVၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။ သူမက TVၾကည့္ေနတယ္ဆိုေပမယ့္ သူမအမူအယာက နည္းနည္းေလးေတာင္ စိတ္ေျပေလ်ာ့ေနတဲ့ပုံမေပၚဘဲ သူ႔ကိုေစာင့္ေနပုံရတယ္။
က်ီေလ်ာင္ ရင္တုန္သြားတယ္။
“ဒီေန႔အလုပ္မွာ ဘယ္လိုလဲ?” ရႈအိုက္ဝမ္ သူ႔ကိုၾကည့္ေတာ့ ထိုေကာင္ေလးရဲ႕ကုတ္အက်ီကိုေတာ့ သူ႔ေပၚမွာမေတြ႕ဘူး _ သူ႔ရဲ႕အျပင္ဝတ္ကို သူဝတ္ထားတယ္။
က်ီေလ်ာင္က သူမရဲ႕စကားလုံးေနာက္ကြယ္က အဓိပၸါယ္ကိုမသိတာေၾကာင့္ ေအးေအးေဆးေဆးျပန္ေျဖလိုက္တယ္ “အဆင္ေျပပါတယ္”
ရႈအိုက္ဝမ္မ်က္ႏွာ ေမွာင္မည္းသြားၿပီး ခဏေနေတာ့ ေျပာလာတယ္ “မနက္ျဖန္ကစၿပီး အဲ့ကိုထပ္သြားစရာမလိုေတာ့ဘူး” သူမေလသံက ညႇိႏႈိင္းေနသလိုမဟုတ္ဘဲ အမိန႔္ေပးသလိုျဖစ္ေနတယ္။
သူမ TVကိုပိတ္လိုက္ေတာ့ ဧည့္ခန္းထဲတြင္းမွာ တိတ္ဆိတ္သြားတယ္။
“ဘာလို႔လဲ?” က်ီေလ်ာင္ သူမေရွ႕ကိုတိုးၿပီး သူမရဲ႕တယူသန္ေျပာစကားကို ဆန႔္က်င္သလိုအေနအထားနဲ႔ ေနလိုက္တယ္။
ရႈအိုက္ဝမ္သူ႔ကိုၾကည့္လိုက္တယ္။ သူ႔မွာ လွပတဲ့မ်က္လုံးေတြနဲ႔ ရွည္သြယ္သြယ္အေနအထားေလးရွိတယ္။ သူပိုၿပီး အ႐ြယ္ေရာက္လာေလ ပိုၿပီး ၾကည့္ေကာင္းလာေလျဖစ္တာေၾကာင့္ အနာဂတ္မွာ ေကာင္မေလးတစ္ေယာက္မရႏိုင္မွာ စိုးရိမ္စရာအေၾကာင္းမရွိဘူး။ သူမေမွ်ာ္လင့္တာက သူမသားေလးကို လူ႔အသိုင္းအဝိုင္းက “ေဂး”ဆိုတဲ့ေခါင္းစဥ္ၿပီး မႏွစ္ၿမိဳ႕ဖြယ္အာ႐ုံစိုက္မႈေတြ မခံစားရလဲ လက္ထပ္ၿပီး ကေလးေတြနဲ႔ သာမန္ဘဝေလးမွာ ေနထိုင္ေစခ်င္တယ္။
“မင္းက ဘာလို႔လဲဆိုၿပီး ေမးတယ္? မင္းက အလုပ္လုပ္မွာလား ခ်ိန္းေတြ႕ေနမွာလား?!” သူမက အသံကိုျမႇင့္ကာ သူမေရွ႕ကေကာင္ေလးကို တည့္တည့္ၾကည့္ၿပီး အေလ်ာ့ေပးျခင္းမရွိ တင္းမာစြာေမးခြန္းထုတ္လိုက္တယ္။
က်ီေလ်ာင္ႏႈတ္ခမ္းကို တင္းတင္းေစ့ၿပီး အမူအယာက တြန႔္ဆုတ္မႈအျပည့္နဲ႔ျဖစ္ေနတယ္။
သူက ဘာမွမေျပာဘဲ တိတ္ေနေပမယ့္ ရႈအိုက္ဝမ္ရဲ႕နီရဲေနတဲ့မ်က္လုံးေတြကို ျမင္ေတာ့ သူ႔ႏွလုံးသားက ေပ်ာ့သြားၿပီး ပုခုံးကိုေလ်ာ့ခ်လိုက္တယ္ “အေမ သားအ႐ြယ္ေရာက္ေနပါၿပီ”
အဲ့ေနာက္ ႏူးညံ့စြာထပ္ေျပာလိုက္တယ္ “သားဘာလုပ္ေနတယ္ဆိုတာ သားဘာသာ သားသိပါတယ္ၿပီးေတာ့ သားႀကိဳက္တဲ့သူကို ေ႐ြးျခယ္ဖို႔ သားမွာအခြင့္ရွိတယ္ေလ”
ဒါကို ရႈအိုက္ဝမ္ၾကားေတာ့ သူမအရမ္းေဒါသထြက္သြားၿပီး မ်က္ရည္ေတြက်လာတယ္။ က်ီေလ်ာင္ကတုံးအ ႐ိုးစင္းတာေၾကာင့္ ဆူးေတြျပည့္ႏွက္ေနတဲ့လမ္းကို ေ႐ြးတာေနတာကိုေတာင္ အခ်စ္စစ္လို႔ထင္ေနေသးတယ္လို႔ ေတြးမိတယ္။
“မင္းဘာသိလို႔လဲ? မင္းနဲ႔သူက ဘာရလဒ္ရလာႏိုင္မွာမို႔လို႔လဲ?! မင္းတို႔ႏွစ္ေယာက္ လက္ထပ္လို႔ရလို႔လား?!” သူမက သူမရဲ႕ေဒါသစိတ္ကို မထိန္းခ်ဳပ္ေတာ့ဘူး။
က်ီေလ်ာင္က ေၾကာက္တတ္တယ္။ သူ႔ရဲ႕ၿပိဳင္ဘက္က အားသန္ေနရင္ သူ႔ရဲ႕မသိစိတ္ကေန အေလ်ာ့ေပးတတ္တာေၾကာင့္ တျခားသူေတြနဲ႔အၿပိဳင္ ရန္ျဖစ္တယ္ဆိုတာရွားတယ္။
ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ သူရႈအိုက္ဝမ္မ်က္လုံးကို ေသခ်ာၾကည့္လိုက္တယ္ “အေမလည္း လက္ထပ္ခဲ့တာပဲမဟုတ္ဘူးလား? ေနာက္ဆုံးမွာ အေဖလည္းဆုံးသြားေရာ တျခားတစ္ေယာက္ကို လက္ထပ္တာပဲေလ” သူ႔အသံက တိုးေပးမယ့္ ေထ့ေငါ့မႈေတြပါေနတယ္။
ရႈအိုက္ဝမ္ႏွလုံးကို ဓားထက္ထက္နဲ႔အထိုးခံလိုက္ရသလို ခံစားသြားရတယ္။ ဒီစကားလုံးေတြေၾကာင့္ နာက်င္သြားရၿပီး လက္ကိုေျမႇာက္ကာ မထိန္းႏိုင္လိုက္ခင္မွာပဲ က်ီေလ်ာင့္ကို႐ိုက္ခ်လိုက္မိသြားတယ္။
ဒါေပမယ့္ သူမအဲ့တာကိုျပန္ၿပီး ေခ်ပမေနဘူး။
“အခုမင္းေျပာလိုက္တဲ့စကားကို ၾကည့္စမ္း” သူမတုန္ရီေနတဲ့အသံနဲ႔ေအာ္လိုက္တယ္။
“အေမ သား…”
က်ီေလ်ာင္ နည္းနည္းေတာ့ေနာင္တရသြားတယ္။ သူဆိုလိုခ်င္တာက ခ်စ္တယ္ဆိုတာနဲ႔ လက္ထပ္ဖို႔မလိုဘူးလို႔ေျပာခ်င္တာျဖစ္တယ္။ လက္ထပ္ၿပီးရင္လည္း ကြာရွင္းရတယ္ဆိုတာေတြျဖစ္ႏိုင္တာပဲ။ အခ်င္းခ်င္းခ်စ္ေနဖို႔က ပိုၿပီးအေရးမႀကီးဘူးလား?
ဒါေပမယ့္ ရႈအိုက္ဝမ္က သူရွင္းျပတာကိုနားမေထာင္ဘဲ သူ႔အခန္းကိုျပန္သြားဖို႔ေျပာလိုက္တယ္။
က်ီေလ်ာင္ အိပ္ရာေပၚလွဲခ်ၿပီး အျပစ္ရွိသလိုခံစားလာရတယ္။ ရႈအိုက္ဝမ္က သူ႔အတြက္အေကာင္းဆုံးလုပ္ေပးခ်င္တာကို သူလည္းသိေပမယ့္ သူ႔အျမင္ကိုေလးစားေပးဖို႔ကို သူမေမ့ေနခဲ့တယ္။ ဒီဆယ္ႏွစ္ေက်ာ္အတြင္းမွာ သူတို႔ႏွစ္ေယာက္ပထမဆုံးအႀကိမ္ အျငင္းပြားျဖစ္တာျဖစ္ၿပီး ရႈအိုက္ဝမ္သူ႔ကို ႐ိုက္တဲ့ပထမဆုံးအႀကိမ္ျဖစ္တယ္။
ထိုညမွာ က်ီေလ်ာင္အိပ္ရာေစာေစာဝင္ၿပီး ေနာက္ေန႔ႏိုးလာခ်ိန္မွာ သူ႔အခန္းတံခါးကိုေလာ့ခ်ထားတာေတြ႕လိုက္ရတယ္။
သူမက သူ႔ကိုဒီေနရာမွာ ပိတ္ထားခ်င္ေနတာလား?
တကယ္ေတာ့ သူ႔မွာေသာ့ပိုတစ္ေခ်ာင္းရွိတာကို ရႈအိုက္ဝမ္မသိဘူး။
ပုံမွန္အတိုင္းထြက္လာရေပမယ့္ က်ီေလ်ာင့္စိတ္အေျခအေနက ေကာင္းမေနဘူး… ေကာ္ဖီဆိုင္မွာ ဟဲ့ခ်န္းမင္ကိုျမင္ေတာ့ ထင္တဲ့အတိုင္းပဲ သူအေအးမိတာက ပိုဆိုးေနတယ္။ သူကသူ႔ကိုယ္သူတင္းတင္းက်ပ္က်ပ္ စည္းေႏွာင္လာၿပီး ဝံပုေလြတစ္ေကာင္နဲ႔တူေနတာေၾကာင့္ သူရယ္ေမာလိုက္မိတယ္။
“အဲ့ေလာက္ေတာင္ ဆိုးေနလား?” သူထိုေကာင္ေလးရဲ႕ ေလးလံလွတဲ့အဝတ္ေတြကို လက္ညႇိဳးနဲ႔တို႔ိလိုက္တယ္။
သူ႔ရဲ႕စိတ္ညစ္ေနတဲ့အမူအယာကိုျမင္ေတာ့ ဟဲ့ခ်န္းမင္ တမင္သက္သက္က်ီစယ္လိုက္တယ္ “အရမ္းကိုဆိုးတာေပါ့… ေဘဘီကိုယ့္ကို နမ္းလိုက္ေတာ့မွ ပိုေကာင္းလာမွာ” အေအးမိၿပီး ႏွာသံေပါက္ေနတဲ့အသံေၾကာင့္ ထိုအသံေလးက ပိုေတာင္ခ်စ္ဖို႔ေကာင္းေနေသးတယ္။
ေျပာၿပီးတာနဲ႔ သူ႔မ်က္ႏွာနားတိုးကပ္လာတယ္။။ က်ီေလ်ာင္ရယ္ေမာကာ သူ႔ကိုထုလိုက္ၿပီး အရမ္းျမႇဴဆြယ္တတ္ေအာင္ ဘယ္ကမ်ားသင္လာလဲဆိုတာ ေတြးေနမိတယ္!
“ေဆး႐ုံကိုေရာ သြားျပၿပီးၿပီလား?” သူ႔ရဲ႕ က်န္းမာေရးကိုစိတ္ပူတယ္။ သူအၿမဲတမ္းဖ်ားေနလို႔မွာ မျဖစ္တာ ဟုတ္တယ္မွတ္လား?
သူ႔ထံက ျပန္ေျဖသံမၾကားေတာ့ အေျဖကေသခ်ာေပါက္ မသြားဘူးဆိုတာ သူသိလိုက္တယ္။
က်ီေလ်ာင္ မေပ်ာ္မ႐ႊင္ျဖစ္သြားတယ္။ ထိုအခိုက္အတန႔္မွာ အိမ္မွာရန္ျဖစ္လာတာေတြကို ေမ့သြားၿပီး သူ႔ကိုမ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္လိုက္တယ္ “ေန႔ခင္းက်ရင္ မင္းသြားရမယ္”
သူ႔ကိုစိတ္ပူေပးေနတာေၾကာင့္ ဟဲ့ခ်န္းမင္ေက်နပ္သြားၿပီး သူ႔ရဲ႕အသည္းေက်ာ္ေလးကို နမ္းလိုက္တယ္ “ေကာင္းပါၿပီဗ်ာ”
အဝတ္လဲခန္းထဲမွာ သူတို႔ႏွစ္ေယာက္က ပြင့္ပြင့္လင္းလင္းခ်စ္ျပေနတယ္။ သူတို႔ေနာက္မွာ အေတာ္ေလးလွပတဲ့အမ်ိဳးသားေလးတစ္ေယာက္က အားလုံးကိုျမင္ေတြ႕သြားၿပီး တစ္စုံတစ္ရာကိုေကာက္က်စ္ေတာ့မယ့္ ပုံနဲ႔သူ႔မ်က္လုံးထဲမွာ အနက္ေရာက္အရိပ္ေတြ ျဖတ္သန္းသြားတယ္။ အဲ့ေတာ့ သူတို႔ေတြက အတြဲေပါ့။
သူ႔ႏႈတ္ခမ္းသူ သပ္ၿပီး သူ႔ရဲ႕ပစ္မွတ္ကိုေ႐ြးလိုက္တယ္။
ရက္အေတာ္ၾကာ ရႈအိုက္ဝမ္ က်ီေလ်ာင့္ကို မသိခ်င္ေယာင္ေဆာင္ေနခဲ့တယ္။ စားစရာေတြကို ပုံမွန္အတိုင္းခ်က္ၿပီးသြားရင္လည္း စားတာ မစားတာ သူ႔အပိုင္းဆိုၿပီးထားတယ္။ က်ီေလ်ာင္ ျပန္အဆင္ေျပႏိုင္ဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ေပမယ့္ တိတ္ဆိတ္စြာ ျငင္းပယ္ခံလိုက္ရတယ္။ သူမက သူ႔ကိုမထိန္းခ်ဳပ္ေတာ့ဖို႔ စိတ္ပိုင္းျဖတ္ထားပုံရတယ္။
အခ်ိန္ေတြ ကုန္လြန္သြားခဲ့တယ္။
တစ္ညမွာ ဟဲ့ခ်န္းမင္အိပ္ရာဝင္ေတာ့မလို႔ပဲရွိေသးတယ္ ထူးဆန္းတဲ့စာတစ္ေစာင္ေရာက္လာတယ္ : ‘ဟန္းယြိဟိုတယ္ 1801 ေတြ႕ၾကမလား အေခ်ာေလး?’
ညသန္းေခါင္ခ်ိန္ႀကီးျဖစ္တာေၾကာင့္ မွားေရာက္လာတာျဖစ္မယ္လို႔ေတြးၿပီး လ်စ္လ်ဴရႈလိုက္တယ္။
ခနေနေတာ့ ထိုနံပါတ္ကေနပဲ ေနာက္ေက်ာပိုင္းဝတ္လစ္စလစ္ပုံပို႔လာတယ္။ သူ႔ရဲ႕အနက္ေရာင္ဆံပင္တိုကို သပ္ေနၿပီး က်ယ္ျပန႔္တဲ့ပုခုံး၊ ေသးသြယ္တဲ့ခါးနဲ႔ လုံးဝိုင္းေနတဲ့ တင္ပါးအစုံ…
သူ႔စိတ္ထဲမွာ က်ီေလ်ာင့္ရဲ႕ပိန္ပိန္ပါးပါးခါးေလး ေပၚလာတယ္။ စိတ္မထိန္းႏိုင္ဘဲ ဟဲ့ခ်န္းမင္မ်က္လုံးကိုမွိတ္ကာ ထိုေကာင္ေလးကို အႀကိမ္ေပါင္းေျမာက္ျမားစြာ ထိကိုင္ခဲ့ရတဲ့ ခံစားခ်က္ကို ျပန္ေတြးလိုက္တယ္။ ေႏြးေထြးၿပီး ႏူးညံ့ေနမႈက သူ႔လက္ကို မခြာခ်င္ေလာက္ေအာင္ျဖစ္ေစတယ္။
ျပန္ေတြးလို႔ေတာင္ မၿပီးေသးခင္မွာ သူ႔ခြၾကားက ထိုးထိုးေထာင္ေထာင္ျဖစ္လာတယ္။ ေရခ်ိဳးခန္းသြားၿပီး သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာျပႆနာကို သြားေျဖရွင္းရေသးတယ္။ မသြားခင္ေလး မွတ္မွတ္ရရ blacklistထဲမထည့္ခင္ တန္ဖိုးျဖတ္ၿပီးစာျပန္လိုက္တယ္ : ‘အဆင့္ကို မရွိဘူး’
ေနာက္တစ္ေန႔ အလုပ္ေရာက္ေတာ့ ပန္းကန္တစ္ခ်ိဳ႕သယ္ၿပီး ေကာင္တာေရွ႕နားက ျဖတ္ေလွ်ာက္တုန္း အေဖ်ာ္ဆရာက သူ႔ကိုစိတ္ဝင္တစားၾကည့္ေနတာကို ခံစားလိုက္ရတယ္။ သူရပ္လိုက္ေတာ့ ထိုလူက သူ႔လက္ေခ်ာင္းထိပ္နဲ႔ သူ႔ရဲ႕လက္ခုံကို ပြတ္ဆြဲသြားတယ္။ [T/N : တစ္မိုးေအာက္ ဟဲ့ခ်န္းမင္ႀကီး က်ီစားခံရျခင္း]
ဟဲ့ခ်န္းမင္ရဲ႕ အသန႔္ႀကိဳက္တတ္မႈႀကီးက ႐ုတ္ျခည္းထြက္ေပၚလာတယ္။ သူ႔မ်က္ႏွာက မည္းေမွာင္သြားၿပီး မ်က္လုံးေတြ ေအးခဲသြားတယ္။ “ေစာက္ရမ္းေတြ ေသခ်င္ေနလို႔လား?”
ဒီေကာင္က သူ႔ကိုတကယ္ႀကီး အခြင့္အေရးလာယူရဲတယ္။ ဒီေန႔ သူ႔ကိုဆိုရင္ မနက္ျဖန္က်ရင္ က်ီေလ်ာင့္ကိုလား? အဲ့တာကိုေတြးမိေတာ့ အလြန္အမင္းေဒါသထြက္သြားတယ္။ အေဖ်ာ္ဆရာရဲ႕ေကာ္လံကို ဆြဲဆုတ္ၿပီး ၿခိမ္းေျခာက္လိုက္တယ္ “မင္းကိုယ့္လက္ကို ထိန္းထားေကာင္းမယ္”
ထိုအခ်ိန္မွာ က်ီေလ်ာင္ေရာက္လာတယ္။ သူတို႔အေနအထားကိုျမင္ေတာ့ ဟဲ့ခ်န္းမင္တစ္ေယာက္ေယာက္ကို အႏိုင္က်င့္ေနတာျဖစ္မယ္လို႔ထင္သြားၿပီး ခ်က္ခ်င္းသူတို႔ကို သင့္ျမတ္ေအာင္ ႏွစ္သိမ့္ေပးလိုက္တယ္။
အေဖ်ာ္ဆရာရဲ႕နာမည္က အားကုျဖစ္တယ္။ သူက သူတို႔ထက္တစ္ရက္ေနာက္က်ၿပီးေရာက္လာတဲ့ ပုံမွန္အလုပ္သမားတစ္ေယာက္ျဖစ္တယ္။ သူ႔မွာ လွပတဲ့မ်က္ရစ္တစ္ထပ္နဲ႔ မ်က္လုံးအစုံရွိၿပီး က်ီေလ်ာင့္ဘက္လွည့္လာကာ အရမ္းကိုဆြဲေဆာင္မႈရွိတဲ့အမူအယာနဲ႔ ထူးမျခားနားၿပဳံးျပလာတယ္။
က်ီေလ်ာင္အနည္းငယ္မသက္မသာခံစားလိုက္ရၿပီး ဟဲ့ခ်န္းမင္ရဲ႕ဆြဲေခၚျခင္းခံလိုက္ရတယ္။
“႐ုတ္တရက္ႀကီး ဘာလို႔လက္ေတြေဆးေနတာလဲ?” က်ီေလ်ာင္ သူ႔ကိုေမးလိုက္တယ္။
“ညစ္ပတ္လို႔” ဟဲ့ခ်န္းမင္ ႐ြံရွာေနၿပီး သူ႔ဘက္ကိုလွည့္ေမးတယ္။ “အဲ့ေကာင္ မင္းကို တစ္ခုခုလုပ္ဖူးလား?”
“အဲ့အေဖ်ာ္ဆရာလား?” က်ီေလ်ာင္ေၾကာင္သြားၿပီး ဘာေတြျဖစ္ေနမွန္းမသိတာေၾကာင့္ အမွန္တိုင္းေျဖလိုက္တယ္ “သူနဲ႔ တစ္ခါမွေတာင္ စကားမေျပာဖူးဘူး”
ဟဲ့ခ်န္းမင္ စိတ္သက္သာရာရစြာ သူ႔ကိုေက်နပ္စြာနမ္းၿပီး ေျပာလိုက္တယ္။ “ေကာင္းတယ္ သူနဲ႔ေဝးေဝးေန”
အေအးမိတာ သက္သာသြားတည္းက ဒီအခြင့္အေရးကို လက္လြတ္ကိုမခံခဲ့ဘူး။ သူက်ီေလ်ာင့္ကို ေဘစင္ေဘးဖိခ်ၿပီး နက္နက္ရႈိင္းရႈိင္းနမ္းလိုက္တယ္။ နမ္းေနတုန္း သူ႔လက္ကို ေကာင္ေလးအက်ီထဲ ထည့္လိုက္တယ္။ က်ီေလ်ာင္သူ႔ကို အနည္းငယ္ျပန္တြန္းၿပီး ဇေဝဇဝါေမးလိုက္တယ္ “ဘာလို႔ ငါ့ရဲ႕ခါးကိုပဲ တခ်ိန္လုံးကိုင္ေနရတာလဲ?”
“ကိုယ္ႀကိဳက္လို႔ေပါ့” ဟဲ့ခ်န္းမင္ေလသံက အနည္းငယ္အက္ရွေနတယ္။
အဲ့ေနာက္ သူထပ္ေျပာလိုက္တယ္။ “နမ္းေနတုန္း ဘာေမးခြန္းမွ ေမးခြင့္မျပဳဘူး!”
_______________________________________
{Unicode}
•နမ်းနေစဉ် ဘာမေးခွန်းမှ မေးခွင့်မပြု•
ထိုည ကျီလျောင် အိမ်ပြန်ရောက်တော့ ရှုအိုက်ဝမ်ဆိုဖာပေါ်မှာထိုင်ပြီး TVကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမက TVကြည့်နေတယ်ဆိုပေမယ့် သူမအမူအယာက နည်းနည်းလေးတောင် စိတ်ပြေလျော့နေတဲ့ပုံမပေါ်ဘဲ သူ့ကိုစောင့်နေပုံရတယ်။
ကျီလျောင် ရင်တုန်သွားတယ်။
“ဒီနေ့အလုပ်မှာ ဘယ်လိုလဲ?” ရှုအိုက်ဝမ် သူ့ကိုကြည့်တော့ ထိုကောင်လေးရဲ့ကုတ်အကျီကိုတော့ သူ့ပေါ်မှာမတွေ့ဘူး _ သူ့ရဲ့အပြင်ဝတ်ကို သူဝတ်ထားတယ်။
ကျီလျောင်က သူမရဲ့စကားလုံးနောက်ကွယ်က အဓိပ္ပါယ်ကိုမသိတာကြောင့် အေးအေးဆေးဆေးပြန်ဖြေလိုက်တယ် “အဆင်ပြေပါတယ်”
ရှုအိုက်ဝမ်မျက်နှာ မှောင်မည်းသွားပြီး ခဏနေတော့ ပြောလာတယ် “မနက်ဖြန်ကစပြီး အဲ့ကိုထပ်သွားစရာမလိုတော့ဘူး” သူမလေသံက ညှိနှိုင်းနေသလိုမဟုတ်ဘဲ အမိန့်ပေးသလိုဖြစ်နေတယ်။
သူမ TVကိုပိတ်လိုက်တော့ ဧည့်ခန်းထဲတွင်းမှာ တိတ်ဆိတ်သွားတယ်။
“ဘာလို့လဲ?” ကျီလျောင် သူမရှေ့ကိုတိုးပြီး သူမရဲ့တယူသန်ပြောစကားကို ဆန့်ကျင်သလိုအနေအထားနဲ့ နေလိုက်တယ်။
ရှုအိုက်ဝမ်သူ့ကိုကြည့်လိုက်တယ်။ သူ့မှာ လှပတဲ့မျက်လုံးတွေနဲ့ ရှည်သွယ်သွယ်အနေအထားလေးရှိတယ်။ သူပိုပြီး အရွယ်ရောက်လာလေ ပိုပြီး ကြည့်ကောင်းလာလေဖြစ်တာကြောင့် အနာဂတ်မှာ ကောင်မလေးတစ်ယောက်မရနိုင်မှာ စိုးရိမ်စရာအကြောင်းမရှိဘူး။ သူမမျှော်လင့်တာက သူမသားလေးကို လူ့အသိုင်းအဝိုင်းက “ဂေး”ဆိုတဲ့ခေါင်းစဉ်ပြီး မနှစ်မြို့ဖွယ်အာရုံစိုက်မှုတွေ မခံစားရလဲ လက်ထပ်ပြီး ကလေးတွေနဲ့ သာမန်ဘဝလေးမှာ နေထိုင်စေချင်တယ်။
“မင်းက ဘာလို့လဲဆိုပြီး မေးတယ်? မင်းက အလုပ်လုပ်မှာလား ချိန်းတွေ့နေမှာလား?!” သူမက အသံကိုမြှင့်ကာ သူမရှေ့ကကောင်လေးကို တည့်တည့်ကြည့်ပြီး အလျော့ပေးခြင်းမရှိ တင်းမာစွာမေးခွန်းထုတ်လိုက်တယ်။
ကျီလျောင်နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အမူအယာက တွန့်ဆုတ်မှုအပြည့်နဲ့ဖြစ်နေတယ်။
သူက ဘာမှမပြောဘဲ တိတ်နေပေမယ့် ရှုအိုက်ဝမ်ရဲ့နီရဲနေတဲ့မျက်လုံးတွေကို မြင်တော့ သူ့နှလုံးသားက ပျော့သွားပြီး ပုခုံးကိုလျော့ချလိုက်တယ် “အမေ သားအရွယ်ရောက်နေပါပြီ”
အဲ့နောက် နူးညံ့စွာထပ်ပြောလိုက်တယ် “သားဘာလုပ်နေတယ်ဆိုတာ သားဘာသာ သားသိပါတယ်ပြီးတော့ သားကြိုက်တဲ့သူကို ရွေးခြယ်ဖို့ သားမှာအခွင့်ရှိတယ်လေ”
ဒါကို ရှုအိုက်ဝမ်ကြားတော့ သူမအရမ်းဒေါသထွက်သွားပြီး မျက်ရည်တွေကျလာတယ်။ ကျီလျောင်ကတုံးအ ရိုးစင်းတာကြောင့် ဆူးတွေပြည့်နှက်နေတဲ့လမ်းကို ရွေးတာနေတာကိုတောင် အချစ်စစ်လို့ထင်နေသေးတယ်လို့ တွေးမိတယ်။
“မင်းဘာသိလို့လဲ? မင်းနဲ့သူက ဘာရလဒ်ရလာနိုင်မှာမို့လို့လဲ?! မင်းတို့နှစ်ယောက် လက်ထပ်လို့ရလို့လား?!” သူမက သူမရဲ့ဒေါသစိတ်ကို မထိန်းချုပ်တော့ဘူး။
ကျီလျောင်က ကြောက်တတ်တယ်။ သူ့ရဲ့ပြိုင်ဘက်က အားသန်နေရင် သူ့ရဲ့မသိစိတ်ကနေ အလျော့ပေးတတ်တာကြောင့် တခြားသူတွေနဲ့အပြိုင် ရန်ဖြစ်တယ်ဆိုတာရှားတယ်။
ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူရှုအိုက်ဝမ်မျက်လုံးကို သေချာကြည့်လိုက်တယ် “အမေလည်း လက်ထပ်ခဲ့တာပဲမဟုတ်ဘူးလား? နောက်ဆုံးမှာ အဖေလည်းဆုံးသွားရော တခြားတစ်ယောက်ကို လက်ထပ်တာပဲလေ” သူ့အသံက တိုးပေးမယ့် ထေ့ငေါ့မှုတွေပါနေတယ်။
ရှုအိုက်ဝမ်နှလုံးကို ဓားထက်ထက်နဲ့အထိုးခံလိုက်ရသလို ခံစားသွားရတယ်။ ဒီစကားလုံးတွေကြောင့် နာကျင်သွားရပြီး လက်ကိုမြှောက်ကာ မထိန်းနိုင်လိုက်ခင်မှာပဲ ကျီလျောင့်ကိုရိုက်ချလိုက်မိသွားတယ်။
ဒါပေမယ့် သူမအဲ့တာကိုပြန်ပြီး ချေပမနေဘူး။
“အခုမင်းပြောလိုက်တဲ့စကားကို ကြည့်စမ်း” သူမတုန်ရီနေတဲ့အသံနဲ့အော်လိုက်တယ်။
“အမေ သား…”
ကျီလျောင် နည်းနည်းတော့နောင်တရသွားတယ်။ သူဆိုလိုချင်တာက ချစ်တယ်ဆိုတာနဲ့ လက်ထပ်ဖို့မလိုဘူးလို့ပြောချင်တာဖြစ်တယ်။ လက်ထပ်ပြီးရင်လည်း ကွာရှင်းရတယ်ဆိုတာတွေဖြစ်နိုင်တာပဲ။ အချင်းချင်းချစ်နေဖို့က ပိုပြီးအရေးမကြီးဘူးလား?
ဒါပေမယ့် ရှုအိုက်ဝမ်က သူရှင်းပြတာကိုနားမထောင်ဘဲ သူ့အခန်းကိုပြန်သွားဖို့ပြောလိုက်တယ်။
ကျီလျောင် အိပ်ရာပေါ်လှဲချပြီး အပြစ်ရှိသလိုခံစားလာရတယ်။ ရှုအိုက်ဝမ်က သူ့အတွက်အကောင်းဆုံးလုပ်ပေးချင်တာကို သူလည်းသိပေမယ့် သူ့အမြင်ကိုလေးစားပေးဖို့ကို သူမမေ့နေခဲ့တယ်။ ဒီဆယ်နှစ်ကျော်အတွင်းမှာ သူတို့နှစ်ယောက်ပထမဆုံးအကြိမ် အငြင်းပွားဖြစ်တာဖြစ်ပြီး ရှုအိုက်ဝမ်သူ့ကို ရိုက်တဲ့ပထမဆုံးအကြိမ်ဖြစ်တယ်။
ထိုညမှာ ကျီလျောင်အိပ်ရာစောစောဝင်ပြီး နောက်နေ့နိုးလာချိန်မှာ သူ့အခန်းတံခါးကိုလော့ချထားတာတွေ့လိုက်ရတယ်။
သူမက သူ့ကိုဒီနေရာမှာ ပိတ်ထားချင်နေတာလား?
တကယ်တော့ သူ့မှာသော့ပိုတစ်ချောင်းရှိတာကို ရှုအိုက်ဝမ်မသိဘူး။
ပုံမှန်အတိုင်းထွက်လာရပေမယ့် ကျီလျောင့်စိတ်အခြေအနေက ကောင်းမနေဘူး… ကော်ဖီဆိုင်မှာ ဟဲ့ချန်းမင်ကိုမြင်တော့ ထင်တဲ့အတိုင်းပဲ သူအအေးမိတာက ပိုဆိုးနေတယ်။ သူကသူ့ကိုယ်သူတင်းတင်းကျပ်ကျပ် စည်းနှောင်လာပြီး ဝံပုလွေတစ်ကောင်နဲ့တူနေတာကြောင့် သူရယ်မောလိုက်မိတယ်။
“အဲ့လောက်တောင် ဆိုးနေလား?” သူထိုကောင်လေးရဲ့ လေးလံလှတဲ့အဝတ်တွေကို လက်ညှိုးနဲ့တို့ိလိုက်တယ်။
သူ့ရဲ့စိတ်ညစ်နေတဲ့အမူအယာကိုမြင်တော့ ဟဲ့ချန်းမင် တမင်သက်သက်ကျီစယ်လိုက်တယ် “အရမ်းကိုဆိုးတာပေါ့… ဘေဘီကိုယ့်ကို နမ်းလိုက်တော့မှ ပိုကောင်းလာမှာ” အအေးမိပြီး နှာသံပေါက်နေတဲ့အသံကြောင့် ထိုအသံလေးက ပိုတောင်ချစ်ဖို့ကောင်းနေသေးတယ်။
ပြောပြီးတာနဲ့ သူ့မျက်နှာနားတိုးကပ်လာတယ်။။ ကျီလျောင်ရယ်မောကာ သူ့ကိုထုလိုက်ပြီး အရမ်းမြှူဆွယ်တတ်အောင် ဘယ်ကများသင်လာလဲဆိုတာ တွေးနေမိတယ်!
“ဆေးရုံကိုရော သွားပြပြီးပြီလား?” သူ့ရဲ့ ကျန်းမာရေးကိုစိတ်ပူတယ်။ သူအမြဲတမ်းဖျားနေလို့မှာ မဖြစ်တာ ဟုတ်တယ်မှတ်လား?
သူ့ထံက ပြန်ဖြေသံမကြားတော့ အဖြေကသေချာပေါက် မသွားဘူးဆိုတာ သူသိလိုက်တယ်။
ကျီလျောင် မပျော်မရွှင်ဖြစ်သွားတယ်။ ထိုအခိုက်အတန့်မှာ အိမ်မှာရန်ဖြစ်လာတာတွေကို မေ့သွားပြီး သူ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ် “နေ့ခင်းကျရင် မင်းသွားရမယ်”
သူ့ကိုစိတ်ပူပေးနေတာကြောင့် ဟဲ့ချန်းမင်ကျေနပ်သွားပြီး သူ့ရဲ့အသည်းကျော်လေးကို နမ်းလိုက်တယ် “ကောင်းပါပြီဗျာ”
အဝတ်လဲခန်းထဲမှာ သူတို့နှစ်ယောက်က ပွင့်ပွင့်လင်းလင်းချစ်ပြနေတယ်။ သူတို့နောက်မှာ အတော်လေးလှပတဲ့အမျိုးသားလေးတစ်ယောက်က အားလုံးကိုမြင်တွေ့သွားပြီး တစ်စုံတစ်ရာကိုကောက်ကျစ်တော့မယ့် ပုံနဲ့သူ့မျက်လုံးထဲမှာ အနက်ရောက်အရိပ်တွေ ဖြတ်သန်းသွားတယ်။ အဲ့တော့ သူတို့တွေက အတွဲပေါ့။
သူ့နှုတ်ခမ်းသူ သပ်ပြီး သူ့ရဲ့ပစ်မှတ်ကိုရွေးလိုက်တယ်။
ရက်အတော်ကြာ ရှုအိုက်ဝမ် ကျီလျောင့်ကို မသိချင်ယောင်ဆောင်နေခဲ့တယ်။ စားစရာတွေကို ပုံမှန်အတိုင်းချက်ပြီးသွားရင်လည်း စားတာ မစားတာ သူ့အပိုင်းဆိုပြီးထားတယ်။ ကျီလျောင် ပြန်အဆင်ပြေနိုင်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် တိတ်ဆိတ်စွာ ငြင်းပယ်ခံလိုက်ရတယ်။ သူမက သူ့ကိုမထိန်းချုပ်တော့ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။
အချိန်တွေ ကုန်လွန်သွားခဲ့တယ်။
တစ်ညမှာ ဟဲ့ချန်းမင်အိပ်ရာဝင်တော့မလို့ပဲရှိသေးတယ် ထူးဆန်းတဲ့စာတစ်စောင်ရောက်လာတယ် : ‘ဟန်းယွိဟိုတယ် 1801 တွေ့ကြမလား အချောလေး?’
ညသန်းခေါင်ချိန်ကြီးဖြစ်တာကြောင့် မှားရောက်လာတာဖြစ်မယ်လို့တွေးပြီး လျစ်လျူရှုလိုက်တယ်။
ခနနေတော့ ထိုနံပါတ်ကနေပဲ နောက်ကျောပိုင်းဝတ်လစ်စလစ်ပုံပို့လာတယ်။ သူ့ရဲ့အနက်ရောင်ဆံပင်တိုကို သပ်နေပြီး ကျယ်ပြန့်တဲ့ပုခုံး၊ သေးသွယ်တဲ့ခါးနဲ့ လုံးဝိုင်းနေတဲ့ တင်ပါးအစုံ…
သူ့စိတ်ထဲမှာ ကျီလျောင့်ရဲ့ပိန်ပိန်ပါးပါးခါးလေး ပေါ်လာတယ်။ စိတ်မထိန်းနိုင်ဘဲ ဟဲ့ချန်းမင်မျက်လုံးကိုမှိတ်ကာ ထိုကောင်လေးကို အကြိမ်ပေါင်းမြောက်မြားစွာ ထိကိုင်ခဲ့ရတဲ့ ခံစားချက်ကို ပြန်တွေးလိုက်တယ်။ နွေးထွေးပြီး နူးညံ့နေမှုက သူ့လက်ကို မခွာချင်လောက်အောင်ဖြစ်စေတယ်။
ပြန်တွေးလို့တောင် မပြီးသေးခင်မှာ သူ့ခွကြားက ထိုးထိုးထောင်ထောင်ဖြစ်လာတယ်။ ရေချိုးခန်းသွားပြီး သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကို သွားဖြေရှင်းရသေးတယ်။ မသွားခင်လေး မှတ်မှတ်ရရ blacklistထဲမထည့်ခင် တန်ဖိုးဖြတ်ပြီးစာပြန်လိုက်တယ် : ‘အဆင့်ကို မရှိဘူး’
နောက်တစ်နေ့ အလုပ်ရောက်တော့ ပန်းကန်တစ်ချို့သယ်ပြီး ကောင်တာရှေ့နားက ဖြတ်လျှောက်တုန်း အဖျော်ဆရာက သူ့ကိုစိတ်ဝင်တစားကြည့်နေတာကို ခံစားလိုက်ရတယ်။ သူရပ်လိုက်တော့ ထိုလူက သူ့လက်ချောင်းထိပ်နဲ့ သူ့ရဲ့လက်ခုံကို ပွတ်ဆွဲသွားတယ်။ [T/N : တစ်မိုးအောက် ဟဲ့ချန်းမင်ကြီး ကျီစားခံရခြင်း]
ဟဲ့ချန်းမင်ရဲ့ အသန့်ကြိုက်တတ်မှုကြီးက ရုတ်ခြည်းထွက်ပေါ်လာတယ်။ သူ့မျက်နှာက မည်းမှောင်သွားပြီး မျက်လုံးတွေ အေးခဲသွားတယ်။ “စောက်ရမ်းတွေ သေချင်နေလို့လား?”
ဒီကောင်က သူ့ကိုတကယ်ကြီး အခွင့်အရေးလာယူရဲတယ်။ ဒီနေ့ သူ့ကိုဆိုရင် မနက်ဖြန်ကျရင် ကျီလျောင့်ကိုလား? အဲ့တာကိုတွေးမိတော့ အလွန်အမင်းဒေါသထွက်သွားတယ်။ အဖျော်ဆရာရဲ့ကော်လံကို ဆွဲဆုတ်ပြီး ခြိမ်းခြောက်လိုက်တယ် “မင်းကိုယ့်လက်ကို ထိန်းထားကောင်းမယ်”
ထိုအချိန်မှာ ကျီလျောင်ရောက်လာတယ်။ သူတို့အနေအထားကိုမြင်တော့ ဟဲ့ချန်းမင်တစ်ယောက်ယောက်ကို အနိုင်ကျင့်နေတာဖြစ်မယ်လို့ထင်သွားပြီး ချက်ချင်းသူတို့ကို သင့်မြတ်အောင် နှစ်သိမ့်ပေးလိုက်တယ်။
အဖျော်ဆရာရဲ့နာမည်က အားကုဖြစ်တယ်။ သူက သူတို့ထက်တစ်ရက်နောက်ကျပြီးရောက်လာတဲ့ ပုံမှန်အလုပ်သမားတစ်ယောက်ဖြစ်တယ်။ သူ့မှာ လှပတဲ့မျက်ရစ်တစ်ထပ်နဲ့ မျက်လုံးအစုံရှိပြီး ကျီလျောင့်ဘက်လှည့်လာကာ အရမ်းကိုဆွဲဆောင်မှုရှိတဲ့အမူအယာနဲ့ ထူးမခြားနားပြုံးပြလာတယ်။
ကျီလျောင်အနည်းငယ်မသက်မသာခံစားလိုက်ရပြီး ဟဲ့ချန်းမင်ရဲ့ဆွဲခေါ်ခြင်းခံလိုက်ရတယ်။
“ရုတ်တရက်ကြီး ဘာလို့လက်တွေဆေးနေတာလဲ?” ကျီလျောင် သူ့ကိုမေးလိုက်တယ်။
“ညစ်ပတ်လို့” ဟဲ့ချန်းမင် ရွံရှာနေပြီး သူ့ဘက်ကိုလှည့်မေးတယ်။ “အဲ့ကောင် မင်းကို တစ်ခုခုလုပ်ဖူးလား?”
“အဲ့အဖျော်ဆရာလား?” ကျီလျောင်ကြောင်သွားပြီး ဘာတွေဖြစ်နေမှန်းမသိတာကြောင့် အမှန်တိုင်းဖြေလိုက်တယ် “သူနဲ့ တစ်ခါမှတောင် စကားမပြောဖူးဘူး”
ဟဲ့ချန်းမင် စိတ်သက်သာရာရစွာ သူ့ကိုကျေနပ်စွာနမ်းပြီး ပြောလိုက်တယ်။ “ကောင်းတယ် သူနဲ့ဝေးဝေးနေ”
အအေးမိတာ သက်သာသွားတည်းက ဒီအခွင့်အရေးကို လက်လွတ်ကိုမခံခဲ့ဘူး။ သူကျီလျောင့်ကို ဘေစင်ဘေးဖိချပြီး နက်နက်ရှိုင်းရှိုင်းနမ်းလိုက်တယ်။ နမ်းနေတုန်း သူ့လက်ကို ကောင်လေးအကျီထဲ ထည့်လိုက်တယ်။ ကျီလျောင်သူ့ကို အနည်းငယ်ပြန်တွန်းပြီး ဇဝေဇဝါမေးလိုက်တယ် “ဘာလို့ ငါ့ရဲ့ခါးကိုပဲ တချိန်လုံးကိုင်နေရတာလဲ?”
“ကိုယ်ကြိုက်လို့ပေါ့” ဟဲ့ချန်းမင်လေသံက အနည်းငယ်အက်ရှနေတယ်။
အဲ့နောက် သူထပ်ပြောလိုက်တယ်။ “နမ်းနေတုန်း ဘာမေးခွန်းမှ မေးခွင့်မပြုဘူး!”
_____
Thanks 😉