နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

De Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... Mais

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၅၇

10.8K 2.1K 308
De Kay_Wine

{Zawgyi}

“ထြက္ေျပးဖို႔ မေတြးနဲ႔!” ပိုင္ရန႔္နားက အႀကီးအကဲတစ္ေယာက္က အရင္ဆုံးတုန႔္ျပန္လာတယ္။ သူလက္ကိုဆန႔္ထုတ္ၿပီး တစ္စုံတစ္ရာကိုပစ္ထုတ္လိုက္တယ္။ တစ္ခုခုက ပိုင္ရန႔္ဂုတ္ပိုးကို ကိုက္လိုက္သလိုခံစားရၿပီး နည္းနည္းေလးနာသြား႐ုံေလာက္သာျဖစ္တယ္။

ပိုင္ရန္က ထြက္ေျပးဖို႔ကိုပဲ အာ႐ုံစိုက္ေနၿပီး အဲ့တာကို လ်စ္လ်ဴရႈထားလိုက္ကာ ေမွာင္မည္းေနတဲ့မီးခိုးၾကားထဲ တိုးဝင္သြားတယ္။

အႀကီးအကဲေတြကလည္း သူေနာက္ကို ဆက္တိုက္လိုက္ေနၾကတယ္။ ပိုင္ရန္လက္ထဲက အေဆာင္ကိုေဖာက္ခြဲၿပီး သူျပင္ဆင္ထားတဲ့စည္းကို အသက္ဝင္ေစကာသူတို႔ကိုေတာင္ေတြထဲမွာ ေထာင္ပိတ္လိုက္တယ္။

သူနတ္ဆိုးနယ္ေျမကို အျမန္ပ်ံသြားတယ္။ ဒါေပမယ့္လည္း လမ္းတစ္ဝက္မွာ သူ႔ရင္ဘတ္ကတင္းက်ပ္လာၿပီး အျမင္လႊာေတြေမွာင္က်သြားတယ္။ ေကာင္းကင္ေပၚကေန ေပ်ာ့ေခြစြာျပဳတ္က်လာတယ္။

သူ႔ေအာက္မွာက ေတာင္လိုျမင့္ေမာက္ထူတပ္ေနတဲ့ ေတာအုပ္ႀကီးရွိတယ္။ ျပဳတ္က်လာခ်ိန္မွာ သစ္ပင္အခ်ိဳ႕နဲ႔လည္း ႐ိုက္မိၿပီး အပ်က္အစီးပုံေပၚမွာ သနားစရာအသြင္ေလးျဖစ္လို႔ေနတယ္။ ေသြးတစ္ပြက္အန္ထုတ္ၿပီးခ်ိန္မွာ တရိပ္ရိပ္မူးေဝလာတယ္။

‘အခုသတိလစ္သြားလို႔မျဖစ္ဘူး!’

ပိုင္ရန္ ကိုယ့္ကိုယ္ကိုယ္အထပ္ထပ္သတိေပးလိုက္တယ္။ တိမ္လႊာပ်ံဝဲဂိုဏ္းက ေက်ာက္စိမ္းတိမ္လႊာပုလဲေပၚမွာ အမွတ္အသားလုပ္ထားတယ္ ၿပီးေတာ့ သူအသက္သြင္းခဲ့တဲ့စည္းကလည္း ခနေလာက္ေလးပဲထိန္းေပးထားႏိုင္မယ္။ သူတို႔မၾကာခင္ သူ႔ကိုရွာေတြ႕သြားႏိုင္တယ္။

သူေရွ႕ကိုယိုင္တိုင္တိုင္နဲ႔ ႏွစ္လွမ္းေလာက္ေလွ်ာက္လိုက္ေပမယ့္ မူးေနာက္ေနတာကို ဘယ္လိုမွမခံစားႏိုင္ဘူး။ ခဏေလာက္စိတ္ၿငိမ္ေအာင္လုပ္ဖို႔ ေနရာေလးရွာၿပီး သူ႔ရဲ႕က်င့္ႀကံျခင္းကို ျပန္ေကာင္းလာေအာင္လုပ္လိုက္တယ္။ စိတ္ၿငိမ္သြားေတာ့မွ သူေထာက္ေျခာက္မိသြားတယ္ဆိုတာကို သတိထားမိသြားတယ္။ သူ႔တစ္ကိုယ္လုံးကိုက္ခဲေနၿပီး သူ႔ရဲ႕မရင္ဒန္ေတြလည္း ပိတ္ဆို႔ခံထားရတယ္။

‘ဒါက ဘယ္လိုျဖစ္သြားရတာလဲ?’

ပိုင္ရန္တစ္ေခါင္းလုံးလည္း ေခြၽးေတြ႐ႊဲေနၿပီ။

အံကိုတင္းတင္းႀကိတ္ကာ နာက်င္ေနတာကို ေတာင့္ခံရင္း ေခါင္းကိုက္ေပ်ာက္သြားတဲ့ထိ က်င့္ႀကံျခင္းတခ်ိဳ႕ကိုလည္ပတ္ေစတယ္။

ထားလိုက္ေတာ့။ ဒီကေန ထြက္ႏိုင္ဖို႔လိုတယ္။ သူအဆိုးဆုံးကိုလည္း ျပင္ဆင္ထားၿပီးသား။ ေတာင္ေတြေပၚမွာ ႀကိဳတင္ကာကြယ္စည္းကို ခ်ထား႐ုံတင္မကဘူး လမ္းတစ္ဝက္မွာသူ႔ကိုလာေတြ႕ဖို႔ အနက္ေရာင္ကိုယ္ရံေတာ္တခ်ိဳ႕ကိုလည္း ျပင္ဆင္ထားတယ္။ သူနည္းနည္းေလာက္ထပ္သြားရင္ ဆုံမွတ္ေနရာကိုေရာက္ႏိုင္ေတာ့မွာျဖစ္တယ္။ သို႔ေသာ္လည္း တိမ္လႊာပ်ံဝဲဂိုဏ္းက သူနဲ႔ရင္ဆိုင္ဖို႔ဒီလိုမ်ိဳး ဗိုလ္က်လြန္းတဲ့နည္းလမ္းေတြကို သုံးလိမ့္မယ္လို႔ ဘယ္တုန္းကမွထင္မထားမိဘူး။ ဒါကဘယ္လိုအဆိပ္ပဲျဖစ္ျဖစ္ အလြယ္တကူကုလို႔မရႏိုင္ေလာက္ဘူး။

လုံၿခဳံတဲ့ေနရာကို အျမန္သြားဖို႔ျပင္ေနတုန္းမွာ ေကာင္းကင္ေပၚကေန ပုံရိပ္တခ်ိဳ႕ေပၚလာၿပီး သူ႔ဆီပ်ံသန္းလာေနၾကတယ္။

“ရပ္လိုက္စမ္း!”

ဂိုဏ္းေခါင္းေဆာင္ေက်ာင္နဲ႔ တျခားသူေတြက သူ႔ကိုရွာေတာင္ေတြ႕သြားၿပီ။

ပိုင္ရန္ေနရာကူးေျပာင္းေရးလုပ္ႏိုင္ဖို႔ ႀကိဳးစားၾကည့္ေသးတယ္။ သို႔ေသာ္လည္း သူ႔ရဲ႕မရင္ဒန္ေတြက အပိတ္ခံထားရတာ။ သူ႔မွာစြမ္းအင္မရွိျဖစ္ေနတယ္။

႐ုတ္တရက္သူ႔ကို ပိုးေကာင္ေလးတစ္ေကာင္ ကိုက္သြားတာကို ပိုင္ရန္သတိရသြားတယ္။ ဘယ္လိုျဖစ္ရတယ္ဆိုတာကို သူခ်က္ခ်င္းသေဘာေပါက္သြားတယ္။

ဖာ့ခ္ သူ႔ရဲ႕ေထာင္ေပါင္းမ်ားစြာေသာ ခန႔္မွန္းထားတဲ့အေတြးေတြထဲမွာ တဖက္လူက သူ႔ကိုအဆိပ္ခတ္လာလိမ့္မယ္လို႔ ေတြးေတာင္မေတြးခဲ့မိဘူး!

ပိုင္ရန္ ခါးသီးသြားတယ္။

သူ႔ကိုတစ္ေယာက္မွ မကူေပးႏိုင္တဲ့ အင္မတန္ခက္ခဲတဲ့အေနအထားကို ေရာက္ေနၿပီ။ ဒီေနရာမွာတင္ သူအဆုံးသတ္ရေတာ့မွာလား?

နတ္ဆိုးဘုရင္ႀကီးဆီမွာ ေသရင္ေသ၊ အသတ္ခံရရင္ရ ဒါမွမဟုတ္ Systemကေန အဖ်က္ခံမယ္လို႔ပဲ ထင္ထားခဲ့တာ။ ဒီလူေတြသတ္တာကို ခံရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မထင္ထားခဲ့မိဘူး!

သူအခု ကမ္းမျမင္ လမ္းမျမင္ျဖစ္ေနၿပီ။

သူ႔ရဲ႕က်င့္ႀကံျခင္းကိုလည္း ထုတ္သုံးလို႔မရႏိုင္တာေၾကာင့္ သာမန္က်င့္ႀကံျခင္းထိ ေလ်ာ့ခ်ထားရတယ္။ ဒီအႀကီးအကဲအုပ္စုနဲ႔ ယွဥ္ႏိုင္ဖို႔ဆိုတာ လုံးဝမျဖစ္ႏိုင္ဘူး။

သူ႔ရင္ဘတ္ကို သူဆုတ္ကိုင္ၿပီး ရွိသမွ်စြမ္းအင္ကုန္ ထုတ္သုံးလိုက္တယ္။

ပိုင္ရန္ထြက္ေျပးဖို႔ ႀကံေနတာကိုျမင္ေတာ့ ဂိုဏ္းေခါင္းေဆာင္ေက်ာင္ ေျပးလာၿပီး သူ႔ေနာက္ေက်ာကိုတည့္တည့္ကို စြမ္းအင္လက္ဝါးနဲ႔ ဦးတည္ထားလိုက္တယ္။ [T/N : နာမည္ေပးတာေလးေတြ လွေနခဲ့ရင္ ခြင့္လႊတ္ပါ]

ပုလဲအခိုးခံရတယ္ဆိုတာနဲ႔တင္ သူေတာ္ေတာ္ေဒါသထြက္ေနၿပီ။ အခုအ႐ူးထပ္လုပ္ခံရေတာ့ ဂိုဏ္းေခါင္းေဆာင္ေက်ာင္ရဲ႕ေဒါသေတြက အထြပ္ထိပ္ကိုေရာက္သြားၿပီျဖစ္တယ္။ ထိုလက္ဝါးမွာ သူ႔ရဲ႕စြမ္းအင္ေတြ အျပည့္အဝထည့္သုံးလိုက္တာျဖစ္တယ္။ ပိုင္ရန႔္လက္ရွိအေျခအေနနဲ႔ဆိုရင္ သူဘယ္လိုမွေတာင့္ခံႏိုင္မွာမဟုတ္ဘူး။

အဲ့လက္ဝါးသာ ပစ္မွတ္ကိုထိသြားခဲ့ရင္ ပိုင္ရန္ေသဖို႔ဆိုတာ က်ိန္းေသတယ္။

‘ဘယ္လိုလုပ္မလဲ ဘယ္လိုလုပ္မလဲ ဘယ္လိုလုပ္မလဲ?’

သူေရွာင္သင့္တယ္ဆိုေပမယ့္ သူမလုပ္ႏိုင္ဘူးျဖစ္ေနတယ္။ ပိုင္ရန္ ရႈံးေတာ့မယ္။

သူ႔ေခါင္းထဲက ေရွာင္လင္းလည္း ေအာ္ဟစ္ေနတယ္ “ေရွာင္ေလ! ေရွာင္ပါဆို အား!”

“မေရွာင္ႏိုင္လို႔ေပါ့!”

ပိုင္ရန္ဗ်ာမ်ားေနတယ္။

ဂိုဏ္းေခါင္းေဆာင္ေက်ာင္ရဲ႕ ေဒါသထြက္ေနတဲ့မ်က္ႏွာနဲ႔ ျပဴးက်ယ္ေနတဲ့မ်က္လုံးေတြကိုေတာင္ ပိုင္ရန္ျမင္ႏိုင္ေလာက္တဲ့အထိ နီးသည္ထပ္ နီးကပ္လာတယ္။ အဲ့ေနာက္႐ုတ္တရက္ဆိုသလို ဂိုဏ္းေခါင္းေဆာင္ရဲ႕လက္ဝါးကို ျပင္းထန္တဲ့ေလတစ္ခ်က္က ႐ုတ္တရက္ေဝွ႔တိုက္သြားတယ္။

အားေကာင္းလိုက္တာ!

ပိုင္ရန္သာ အဲ့တာႀကီးနဲ႔အတိုက္ခံရၿပီဆိုရင္ ဘာအစအနမွေတာင္ က်န္မွာမဟုတ္ဘူး။

ပိုင္ရန္ အနည္းငယ္ေၾကာက္လန႔္တုန္လႈပ္သြားတယ္။

“ဘယ္သူလဲ?” ဂိုဏ္းေခါင္းေဆာင္ေက်ာင္က ေလကို႐ိုက္ခ်ၿပီး ဟိန္းေဟာက္လိုက္တယ္။

“ဟမ့္!” အထက္ပိုင္းဆီကေန ေအးတိေအးစက္ေလသံတစ္ခု ေပၚထြက္လာတယ္။ ေကာင္းကင္ေပၚက အနက္ေရာင္အရိပ္က ဂိုဏ္းေခါင္းေဆာင္ေက်ာင္ကို ေျမျပင္ေပၚက်သြားတဲ့ထိ လက္ဝါးနဲ႔႐ိုက္ခ်လိုက္တယ္။ အားကိုအမ်ားႀကီးသုံးလိုက္တာေၾကာင့္ ဂိုဏ္းေခါင္းေဆာင္ေက်ာင္ျပဳတ္က်သြားတဲ့ေျမျပင္က ေရေျမာင္းအရွည္ႀကီးတစ္ခုလိုျဖစ္သြားတယ္။ [T/N : ဝုန္းဆိုျပဳတ္က်သြားရင္ ဝ႐ုန္းဝ႐ုန္းဆိုၿပီးေတာ့ အဲ့လိုအရွည္ႀကီးျဖစ္သြားတာေလ.. ဘယ္လိုပုံေဖာ္ျပရမွန္းမသိေတာ့လို႔ အမလက္ဟန္ေျခဟန္နဲ႔ လုပ္ျပေနတယ္ေနာ္]

ပိုင္ရန္ မိုးေပၚေမာ့ၾကည့္လိုက္တယ္။ သူ႔မ်က္လုံးသူငယ္အိမ္ေတြ ျပဴးက်ယ္သြားၿပီး ေနာက္ထပ္ေသြးတစ္ပြက္အန္လိုက္တယ္။

သူ႔ေဘးနားမွာ တစ္စုံတစ္ေယာက္ေပၚလာတယ္။ သူကပိုင္ရန႔္ကို ခါးကေပြ႕ကာ ေလထဲကေနပ်ံသန္းသြားၿပီး ျမင္ကြင္းထဲက ေပ်ာက္ကြယ္သြားတယ္။

ပိုင္ရန႔္အျမင္အာ႐ုံက ဝိုးတို႔ဝါးတားပဲျဖစ္ေနတယ္။ အဆိပ္ခတ္ခံရၿပီးေနာက္ သူ႔ခႏၶာကိုယ္အေျခအေနက ျမန္ျမန္ဆန္ဆန္ဆိုး႐ြားလာတယ္။ သူ႔ကို ကယ္တင္ေပးတဲ့သူက မယုံႏိုင္ေလာက္တဲ့အရွိန္နဲ႔သြားေနတာေၾကာင့္ ပိုင္ရန္ခမ်ာမွာ ႐ိုလာကိုစတာစီးေနရသလားလို႔ေတာင္ ေအာက္ေမ့ၿပီး အန္ေတာင္အန္ခ်မိေတာ့မယ္။

တစ္စုံတစ္ရာလြဲမွားေနၿပီဆိုတာကို ခံစားမိတာေၾကာင့္ျဖစ္မယ္ သူ႔ကိုသယ္ထားေပးတဲ့သူက ေျမျပင္တစ္ခုမွာ ရပ္တန႔္လိုက္တယ္ “ဘာျဖစ္တာလဲ?”

ပိုင္ရန္ေနာက္ထပ္ ပါးစပ္အျပည့္ေသြးတစ္လုတ္အန္ခ်လိုက္ျပန္တယ္။ အန္ထုတ္ၿပီးေနာက္ သူနည္းနည္းေတာ့ ေနလို႔ေကာင္းလာတယ္။ အဲ့ေတာ့မွ သူ႔ေဘးကလူကို ေသခ်ာၾကည့္လိုက္ႏိုင္သြားတယ္။

“အရွင္ႀကီး ဒီမွာဘာလုပ္ေနတာလဲ?” သူမထြက္လာခင္တုန္းက အနက္ေရာင္ကိုယ္ရံေတာ္ေတြကို ဆက္သြယ္ခဲ့တယ္။ သူ႔ကို လာကူေပးတာ သူတို႔ျဖစ္ရမွာေလ!

သူ႔ကိုကယ္ေပးတဲ့သူက လက္ေအာက္ငယ္သားထဲက တစ္ေယာက္ေယာက္ ဒါမွမဟုတ္ ေလာ့က်န္းဖန္းျဖစ္မယ္လို႔ ထင္ခဲ့တာ။ ဒီလိုေနရာမ်ိဳးကို နတ္ဆိုးဘုရင္ႀကီးလာလိမ့္မယ္လို႔ ဘယ္တုန္းကမွ ထင္မထားခဲ့ဘူး။

ေနာက္ၿပီးေတာ့လည္း ၿပီးခဲ့တဲ့အေခါက္က တိမ္လႊာပ်ံဝဲဂိုဏ္းကို အႀကီးအက်ယ္ရႈပ္ေထြးေအာင္လုပ္ခဲ့ၿပီး ေသေအာင္႐ိုက္သတ္ခံရေတာ့မယ့္အခ်ိန္တုန္းကလည္း နတ္ဆိုးဘုရင္ႀကီးပဲ သူ႔ကိုလာကယ္ေပးခဲ့တယ္။ ဒီတစ္ႀကိမ္လည္း အဲ့အတိုင္းပဲ။ ဒါကတိုက္ဆိုင္တာပဲလား ဘာလားဆိုတာကို သူမသိေတာ့ဘူး။

“ဘယ္သူ႔ကိုမွသတိမေပးဘဲ လူသားနယ္ေျမကိုလာၿပီးေတာ့ ဒီလိုေတြျဖစ္ကုန္တယ္၊ မင္းဘာလုပ္ဖို႔ ႀကိဳးစားေနတာလဲ?” နတ္ဆိုးဘုရင္ႀကီးေလသံထဲမွာ ေဒါသရိပ္တစြန္းတစပါရွိေနတယ္။

သူအျပစ္တင္ခံရေတာ့မယ္လို႔ ပိုင္ရန္ထင္လိုက္တာေၾကာင့္ အျမန္ေျပာလိုက္တယ္ “ကြၽန္ေတာ္ေတာင္းပန္ပါတယ္ အရွင္ႀကီး”

နတ္ဆိုးဘုရင္ႀကီး သူ႔ကိုေဒါသထြက္ရင္ ဘယ္လိုလုပ္မလဲဆိုတာအတြက္ပါ သူကစီစဥ္ထားၿပီးသားျဖစ္တယ္။ သူ႔ေဒါသေလ်ာ့သြားေအာင္ ဘယ္လိုမ်ိဳးေျပာရမယ္ဆိုတာကို ပိုင္ရန္သိတယ္။

“ဒီအေစခံက ခြင့္ျပဳခ်က္မရွိဘဲ သူ႔ေနရာကေန ထြက္လာမိပါတယ္ အရွင္ႀကီး ေက်းဇူးျပဳၿပီး အျပစ္ေပးပါ” ေျမျပင္ေပၚမွာ ဒူးေထာက္ဖို႔ႀကိဳးစားလိုက္တယ္။ နတ္ဆိုးဘုရင္ႀကီး စိတ္ေနသေဘာထားကို သူသိတယ္။ တျခားသူေတြက သူ႔ကိုေအးတိေအးစက္နဲ႔ ခံစားခ်က္မဲ့တယ္လို႔ေျပာေပမယ့္ ပိုင္ရန႔္ကိုေတာ့ ေကာင္းေကာင္းဆက္ဆံေပးတယ္။ သူတကယ္အျပစ္ေပးမယ္လို႔ေတာ့ မထင္ေပါင္။

“မလုပ္နဲ႔!” ထင္တဲ့အတိုင္းပဲေလ.. သူေတာင္ဒူးမေထာက္ရေသးခင္ နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန႔္ကို သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္တယ္။

ဒီအေနအထားႀကီးက နည္းနည္းေတာ့ထူးဆန္းတယ္ေနာ္။ ဒါေပမယ့္လည္း ပိုင္ရန္က ဒဏ္ရာရေနၿပီး ခြန္းတုံ႔ျပန္ေနဖို႔ ပ်င္းလြန္းေနတယ္။ အရင္ဆုံး သူလုပ္စရာရွိတဲ့အေရးႀကီးကိစၥကရွိေသးတယ္။

“အရွင္ႀကီး” ပိုင္ရန္ေခၚလိုက္ရင္း ေက်ာက္စိမ္းတိမ္လႊာပုလဲကို ထုတ္လိုက္တယ္။ သူ႔ရဲ႕တုန္ရီေနတဲ့လက္အစုံနဲ႔ နတ္ဆိုးဘုရင္ႀကီးကိုေပးလိုက္တယ္ “ဒါက ေက်ာက္စိမ္းတိမ္လႊာပုလဲပါ၊ ဒါနဲ႔ဆိုရင္ ေနာက္ထပ္ခ်ီကေမာက္ကမျဖစ္မွာကို စိတ္ပူစရာမလိုေတာ့ဘူး”

ဟီးဟီး! ဒီပုလဲနဲ႔သာဆိုရင္ နတ္ဆိုးဘုရင္ႀကီး သူ႔ကိုအျပစ္ေပးစရာ ဘာအေၾကာင္းမွမရွိေတာ့ဘူး။

နတ္ဆိုးဘုရင္ႀကီးကို သူသိသေလာက္ဆိုရင္ သူဘယ္ေရာက္ေနရတာလဲဆိုတာကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ေတာ့ေမးမွာမဟုတ္ဘူး။

ေသခ်ာတာေပါ့… ပုလဲကိုလည္းျမင္ေရာ နတ္ဆိုးဘုရင္ႀကီးရဲ႕ မ်က္လုံးေတြျပဴးက်ယ္သြားၿပီး အမူအယာကအစေျပာင္းလဲသြားတယ္။

“ဒါအတြက္ေၾကာင့္နဲ႔ လူသားနယ္ေျမကို လာတာလား?”

အားနည္းေနၿပီျဖစ္တဲ့ ပိုင္ရန္က ခ်ည့္နဲ႔ေနတဲ့ပုံျဖစ္ေအာင္ေတာင္ အားထုတ္စရာမလိုေတာ့ဘူး။ အားနည္းတဲ့သူေတြက တျခားသူေတြဆီသနားၾကင္နာမႈကို ရတယ္ေလ။ အခ်ိန္ကာလေတြ ဘယ္လိုပဲေျပာင္းသြားပါေစ အဲ့အခ်က္ကေတာ့ ဘယ္ေတာ့မွမေျပာင္းလဲသြားဘူး။

သူနတ္ဆိုးဘုရင္ႀကီး မ်က္ႏွာကိုေမာ့ၾကည့္လိုက္ၿပီး ေက်းဇူးတင္တဲ့အမူအယာျဖစ္သြားတာကို ေစာင့္ၾကည့္ေနလိုက္တယ္။

ဘယ္သူထင္မိမွာလဲ___

“ဘယ္ေလာက္ေတာင္ ရယ္စရာေကာင္းလိုက္လဲ?” နတ္ဆိုးဘုရင္ႀကီးမ်က္ႏွာက ေက်းဇူးတင္တဲ့ပုံ မျဖစ္သြားတဲ့အျပင္ ပိုၿပီးေတာင္ ေဒါသထြက္သြားပုံရတယ္။ “မင္းဒီလိုေတြလုပ္ဖို႔အတြက္ ကိုယ္ေတာ့္ဆီကခြင့္ျပဳခ်က္ရခဲ့လား? ကိုယ္ေတာ္က နတ္ဆိုးနယ္ေျမရဲ႕ ျမင့္ျမတ္ၿပီး ဂုဏ္သေရရွိတဲ့အုပ္စိုးသူတစ္ေယာက္… ဒီလိုမ်ိဳးအရာကို ရဖို႔အတြက္ မင္းလိုလူမ်ိဳးက လူသားနယ္ေျမကို လာစရာလိုလို႔လား? မင္းက ႀကီးက်ယ္ခမ္းနားတဲ့ကိုယ္ရံေတာ္တစ္ေယာက္၊ တပ္သားေတြအမ်ားႀကီးရဲ႕ အရာရွိတစ္ေယာက္… ဒီလိုပုလဲတစ္လုံးအတြက္နဲ႔ ကိုယ့္ကိုယ္ကိုယ္အခုလို မေသမရွင္အေျခအေနေရာက္သြားတဲ့ထိ ႏွိမ့္ခ်လိုက္ရလား… လုံးဝအဓိပၸါယ္ကို မရွိဘူး!”

အားႀကီးနဲ႔ ေအာ္ခံလိုက္ရၿပီးေနာက္မွာ ပိုင္ရန္႐ူးခ်င္ခ်င္ျဖစ္သြားတယ္။

ဟမ္?

ဟမ္? ဟမ္?

ဟမ္? ဟမ္? ဟမ္?

သူထင္ထားတာနဲ႔ ဇာတ္လမ္းက ဘာေၾကာင့္တလြဲႀကီးျဖစ္ေနရတာလဲ? နတ္ဆိုးဘုရင္ႀကီးက အလြန္အင္မတန္စိတ္ေတြလႈပ္ရွားသြားၿပီး ‘ေမာင္မင္းအေတာ္ေလး ႀကိဳးစားခဲ့တယ္၊ ေမာင္မင္းက ႐ိုးသားတယ္… ကိုယ္ေတာ္ျဖင့္ ေက်းဇူးေတြတင္လိုက္တာ’ လို႔ေျပာရမွာ မဟုတ္ဘူးလား?

ေကာင္းၿပီးေလ နတ္ဆိုးဘုရင္ႀကီးက မာနႀကီးၿပီး ေမာက္မာလို႔ ဒီလိုမ်ိဳးအရာေတြကို ေျပာမယ့္သူမဟုတ္ဘူးဆိုရင္ေတာင္မွ အနည္းဆုံးေတာ့ ၿပဳံးျပတာျဖစ္ျဖစ္ တခုခုလုပ္သင့္တယ္မဟုတ္ဘူးလား? ဘာလို႔ ပိုင္ရန္က ဘလိုင္းႀကီးအေငါက္ခံလိုက္ရတာလဲ?

ဒီလိုမ်ိဳးႀကီးေျပာလိုက္တာကေတာ့ အရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္!

“အရွင္ႀကီး…” အဆူခံရၿပီးတာေတာင္ သူဘာမွားသြားလို႔လဲဆိုတာ ပိုင္ရန္မသိေသးဘူး။ သူဘာဆင္ေျခမွ မေတြးႏိုင္တာေၾကာင့္ နာနာခံခံေလးပဲေျပာလိုက္တယ္ “ကြၽန္ေတာ္မွားမွန္းသိပါၿပီ၊ ေနာက္တစ္ခါမလုပ္ေတာ့ပါဘူး… ဒါေပမယ္လည္း ကြၽန္ေတာ္လုပ္သမွ်က အရွင့္အတြက္ခ်ည္းပါပဲ”

သူဆင္ေျခေပးဖို႔ မလုပ္ရေသးခင္တုန္းကေတာင္ ေတာ္ေသးတယ္။ အခုေတာ့ နတ္ဆိုးဘုရင္ႀကီးပိုလို႔ေတာင္ စိတ္ဆိုးလာတယ္။

“ကိုယ္ေတာ့္အတြက္? ဟမ့္!” နတ္ဆိုးဘုရင္ႀကီး ေအးစက္စြာႏွာေခါင္းရႈံ႕လိုက္တယ္။ “ကိုယ္ေတာ့္အတြက္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ပဲ ဂ႐ုစိုက္… အႏၲရာယ္ျဖစ္ေအာင္မလုပ္နဲ႔ ၿပီးေတာ့ ကိုယ့္ဘာသာကိုယ္လည္း မထိခိုက္ေစနဲ႔!”

ပိုင္ရန္ ပါးစပ္ဟလိုက္ေပမယ့္ သူေျပာသမွ်စကားတိုင္းက မွားတယ္ဆိုၿပီးျဖစ္ေနမွာ သတိျပဳမိတာေၾကာင့္ ပါးစပ္ေလးျပန္ပိတ္ၿပီး ဘာမွမေျပာေတာ့ဘူး။

သူနတ္ဆိုးဘုရင္ႀကီးကို နားလည္ေနၿပီလို႔ထင္ခဲ့တာ၊ ဒါေပမယ့္ နတ္ဆိုးဘုရင္ႀကီးရဲ႕တုန႔္ျပန္ခ်က္ေတြက သူထင္ထားတာေတြနဲ႔ တျခားစီျဖစ္ေနတယ္။

သူနဲ႔ စကားဆက္ေျပာဖို႔ေတာင္ ခက္လိုက္တာ။

သူ႔ရင္ဘတ္ထဲက နာက်င္မႈက ထိုးတက္လာျပန္တယ္။ ပိုင္ရန္မ်က္ေမွာင္ၾကဳတ္ၿပီး ရင္ဘတ္ကိုဆုတ္ကိုင္လိုက္တယ္။

နတ္ဆိုးဘုရင္ႀကီး အမူအယာေျပာင္းသြားတယ္။ သူ႔ကိုဆက္ၿပီး စိတ္မဆိုးႏိုင္ေတာ့ဘဲ စိတ္ပူတဲ့ပုံျဖစ္လာတယ္။ “မင္းဘာျဖစ္လာတာလဲ?”

“သူတို႔ေတြ ကြၽန္ေတာ့္ကို ညစ္ၿပီးအကြက္ဆင္ထားတာကို မိသြားတဲ့ပုံပဲ… ကြၽန္ေတာ့္ဂုတ္ကို တစ္ခုခုကကိုက္သြားတယ္” ပိုင္ရန္သက္ျပင္းရႈိက္လိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးလည္း သူ႔ဂုတ္ကိုၾကည့္လိုက္တယ္။

သူ႔ရဲ႕ဂုတ္က ဘယ္လိုျဖစ္ေနလဲဆိုတာ ပိုင္ရန္မျမင္ရဘူး။ သူ႔ေခါင္းကို ခက္ခက္ခဲခဲေစာင္းကာ ေမးလိုက္တယ္ “ဘယ္လိုျဖစ္ေနလဲဟင္?”

နတ္ဆိုးဘုရင္ႀကီးက အေတြးထဲနစ္ေနပုံေပၚၿပီး ဘာမွျပန္မေျပာဘူး။

“အရွင္ႀကီး?”

“ကိုယ္ေတာ္နဲ႔ လိုက္ခဲ့” နတ္ဆိုးဘုရင္ႀကီးေျပာလာတယ္။ ပိုင္ရန႔္ရဲ႕အားနည္းၿပီး ေပ်ာ့ေခြေနတဲ့ပုံကိုျမင္ေတာ့ သူထပ္ၿပီးေဒါသထြက္လာျပန္တယ္။ “ကိုယ္ေတာ္နဲ႔ ရက္နည္းနည္းပဲေဝးရေသးတယ္! ကိုယ္ေတာ္မင္းကို မၾကည့္လိုက္မိတာနဲ႔ မင္းက ကိုယ့္ဒုကၡကိုယ္ရွာေတာ့တာပဲ”

ပထမရက္တုန္းက ပိုင္ရန္နဲ႔အတူ လူသားနယ္ေျမကို လိုက္လာေသးတယ္။ သို႔ေသာ္လည္း နတ္ဆိုးနယ္ေျမမွာ မၿပီးျပတ္ေသးတဲ့ကိစၥေတြကရွိေနေတာ့ ျပန္သြားလိုက္ရတယ္။ အလုပ္ၿပီးတဲ့အထိေတာင္ ပိုင္ရန္ကျပန္မလာေသးဘူး။ အျပင္မွာအေပ်ာ္ရွာဖို႔ ရက္အနည္းငယ္ေလာက္ထြက္သြားၿပီးမွ ျပန္လာမွာကိုေတြးမိရင္း နတ္ဆိုးဘုရင္ႀကီးေဒါသထြက္လာတာေၾကာင့္ လူသားနယ္ေျမကိုျပန္လာၿပီး အိမ္ကိုျပန္ဆြဲေခၚဖို႔လုပ္ထားတာျဖစ္တယ္။ ပိုင္ရန႔္အသက္ကို လက္မတင္ေလး ကယ္ဖို႔ျဖစ္သြားရလိမ့္မယ္လို႔ မထင္ခဲ့မိဘူး။

အဲ့တုန္းကျမင္ကြင္းကို ျပန္ျမင္ေယာင္တယ္။ သူသာစကၠန႔္ပိုင္းေလာက္ေနာက္က်သြားရင္ ပိုင္ရန္အဲ့ေတာအုပ္ေလးထဲမွာ ေသသြားရေတာ့မွာ။

အဲ့အေတြးက သူ႔ကိုေၾကာက္လန႔္ေစတယ္။

ၿပီးေတာ့ သူအခုလိုအေျခအေနမ်ိဳးထိျဖစ္ရတာကလည္း ပုလဲအတြက္ေၾကာင့္လို႔ေျပာလာတယ္။ အားလုံးက သူ႔အတြက္ေၾကာင့္လို႔ ၾကားရတဲ့အခါ… သူဘယ္လိုလုပ္ ေဒါသမထြက္ဘဲေနႏိုင္မွာလဲ?

တိမ္လႊာပ်ံဝဲဂိုဏ္းဆီမွာ ေကာင္းေကာင္းသမခံရၿပီးၿပီ! အဲ့တာကို ထပ္ၿပီးရန္စျပန္တယ္!

ေတြးၾကည့္ရင္းနဲ႔ နတ္ဆိုးဘုရင္ႀကီး သူ႔ကိုညႇစ္သတ္ပစ္ခ်င္လာတယ္။

ရွဲ႕ဇီထ်န္းက သူ႔ကိုဒီေလာက္နက္နက္ရႈိင္းရႈိင္းခ်စ္ေနပုံေပၚတာေၾကာင့္ သူဝမ္းသာေပမယ့္ အရမ္းလည္းစိုးရိမ္မိတယ္။

ရွဲ႕ဇီထ်န္းရဲ႕အားေပ်ာ့ေနတဲ့ပုံကိုၾကည့္ရင္ နတ္ဆိုးဘုရင္ႀကီး သူ႔ေဒါသေတြကို ဝမ္းဗိုက္ထဲသာျပန္ၿမိဳခ်လိုက္ေတာ့တယ္။

ဒီအမ်ိဳးသားေလးနဲ႔ေတာ့ သူဘယ္လိုႏွစ္ပါးသြားရေတာ့မလဲ?

သူစိတ္မလႈပ္ရွားဘူးဆိုရင္ လိမ္ရာက်မွာေပါ့။ ဒါေပမယ့္ သူ႔ရဲ႕ေဒါသနဲ႔ အေၾကာက္တရားက ပိုႀကီးတယ္။ တစ္စကၠန႔္ေလာက္သာ ေနာက္က်မိခဲ့ရင္… ရွဲ႕ဇီထ်န္းေပ်ာက္ကြယ္သြားမွာကို သူေၾကာက္တယ္။

ဒါေပါ့ ပိုင္ရန္ကေတာ့ နတ္ဆိုးဘုရင္ႀကီးေခါင္းထဲမွာ ခ်ာခ်ာလည္ေနတဲ့အေတြးေတြကို မသိရွာဘူး။ သူမွားယြင္းအေျပာခံလိုက္ရတယ္လို႔ပဲ ေတြးေနတယ္။ ပုလဲရဖို႔အတြက္ အသက္ကိုေတာင္ရင္းထားရတာကို ခုက်ေတာ့ အဆူပဲခံလိုက္ရတယ္။

ပိုင္ရန႔္ကိုယ္ေပၚမွာ တစ္ခုခုမွားေနတာကို သတိျပဳမိတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးသူ႔ကို ေအာက္ခ်ေပးလိုက္တယ္။ အနီးနားမွာ ေနရာလြတ္တစ္ခုရွာၿပီး သူနဲ႔ပိုင္ရန႔္ရဲ႕ ခ်ီေတြကိုဖုံးကြယ္ဖို႔ အကာကြယ္စည္းခ်လိုက္တယ္။ အဲ့ေနာက္ ပိုင္ရန္ကိုယ္ကို ဂ႐ုတစိုက္စစ္ေဆးလိုက္တယ္

ပိုင္ရန္နာခံစြာ နတ္ဆိုးဘုရင္ႀကီးစစ္တာကို ခံေနလိုက္တယ္။ သူတို႔စည္းအတြင္းမွာေနကာ နတ္ဆိုးဘုရင္ႀကီးက သူ႔ေနာက္မွာထိုင္ၿပီး ပိုင္ရန႔္မရင္ဒန္ကိုျဖတ္ၿပီး နတ္ဆိုးက်င့္ႀကံက်င့္ေတြ သြင္းေပးလိုက္တယ္။ သူ႔ရဲ႕ေမွာ္စြမ္းအင္ေတြ ပိုင္ရန႔္ႏွလုံးနားကို ေရာက္လာခ်ိန္မွာ ျပင္းထန္တဲ့နာက်င္မႈကို ခံစားလိုက္ဂတယ္။

“အဲ့နားမွာလား?” နတ္ဆိုးဘုရင္ႀကီးရဲ႕စိုးရိမ္ေနတဲ့ေလသံက သူ႔ေနာက္ကေန တိုးေဝွ႔လာတယ္။

သူ႔ကိုစိုးရိမ္ေပးတတ္တဲ့သူကို ပိုင္ရန္ေတြ႕ဖူးတယ္ဆိုတာ ရွားတယ္။ နတ္ဆိုးဘုရင္ႀကီးေလသံထဲက ပူပန္မႈေတြကိုၾကားလိုက္ရခ်ိန္မွာ သူအလြန႔္အလြန္ေက်နပ္သြားတယ္။

သူေခါင္းၿငိတ္ျပလိုက္တယ္ “အရွင္ႀကီး အဲ့နားမွာပါ၊ ဘာေမးစရာရွိပါေသးလဲ?”

အခ်ိန္အၾကာႀကီး ဘာမွျပန္မေျဖလာဘူး။

ပိုင္ရန္လွည့္ၾကည့္လိုက္ေတာ့ နတ္ဆိုးဘုရင္ႀကီးက ခက္ခဲတဲ့ျပႆနာတစ္ရပ္ကို စဥ္းစားေနရတဲ့ပုံစံနဲ႔ စိတ္ပင္ပန္းႀကီးစြာ မ်က္ေမွာင္ၾကဳတ္ေနတာကို ေတြ႕လိုက္ရတယ္။

_______________________________________

{Unicode}

“ထွက်ပြေးဖို့ မတွေးနဲ့!” ပိုင်ရန့်နားက အကြီးအကဲတစ်ယောက်က အရင်ဆုံးတုန့်ပြန်လာတယ်။ သူလက်ကိုဆန့်ထုတ်ပြီး တစ်စုံတစ်ရာကိုပစ်ထုတ်လိုက်တယ်။ တစ်ခုခုက ပိုင်ရန့်ဂုတ်ပိုးကို ကိုက်လိုက်သလိုခံစားရပြီး နည်းနည်းလေးနာသွားရုံလောက်သာဖြစ်တယ်။

ပိုင်ရန်က ထွက်ပြေးဖို့ကိုပဲ အာရုံစိုက်နေပြီး အဲ့တာကို လျစ်လျူရှုထားလိုက်ကာ မှောင်မည်းနေတဲ့မီးခိုးကြားထဲ တိုးဝင်သွားတယ်။

အကြီးအကဲတွေကလည်း သူနောက်ကို ဆက်တိုက်လိုက်နေကြတယ်။ ပိုင်ရန်လက်ထဲက အဆောင်ကိုဖောက်ခွဲပြီး သူပြင်ဆင်ထားတဲ့စည်းကို အသက်ဝင်စေကာသူတို့ကိုတောင်တွေထဲမှာ ထောင်ပိတ်လိုက်တယ်။

သူနတ်ဆိုးနယ်မြေကို အမြန်ပျံသွားတယ်။ ဒါပေမယ့်လည်း လမ်းတစ်ဝက်မှာ သူ့ရင်ဘတ်ကတင်းကျပ်လာပြီး အမြင်လွှာတွေမှောင်ကျသွားတယ်။ ကောင်းကင်ပေါ်ကနေ ပျော့ခွေစွာပြုတ်ကျလာတယ်။

သူ့အောက်မှာက တောင်လိုမြင့်မောက်ထူတပ်နေတဲ့ တောအုပ်ကြီးရှိတယ်။ ပြုတ်ကျလာချိန်မှာ သစ်ပင်အချို့နဲ့လည်း ရိုက်မိပြီး အပျက်အစီးပုံပေါ်မှာ သနားစရာအသွင်လေးဖြစ်လို့နေတယ်။ သွေးတစ်ပွက်အန်ထုတ်ပြီးချိန်မှာ တရိပ်ရိပ်မူးဝေလာတယ်။

‘အခုသတိလစ်သွားလို့မဖြစ်ဘူး!’

ပိုင်ရန် ကိုယ့်ကိုယ်ကိုယ်အထပ်ထပ်သတိပေးလိုက်တယ်။ တိမ်လွှာပျံဝဲဂိုဏ်းက ကျောက်စိမ်းတိမ်လွှာပုလဲပေါ်မှာ အမှတ်အသားလုပ်ထားတယ် ပြီးတော့ သူအသက်သွင်းခဲ့တဲ့စည်းကလည်း ခနလောက်လေးပဲထိန်းပေးထားနိုင်မယ်။ သူတို့မကြာခင် သူ့ကိုရှာတွေ့သွားနိုင်တယ်။

သူရှေ့ကိုယိုင်တိုင်တိုင်နဲ့ နှစ်လှမ်းလောက်လျှောက်လိုက်ပေမယ့် မူးနောက်နေတာကို ဘယ်လိုမှမခံစားနိုင်ဘူး။ ခဏလောက်စိတ်ငြိမ်အောင်လုပ်ဖို့ နေရာလေးရှာပြီး သူ့ရဲ့ကျင့်ကြံခြင်းကို ပြန်ကောင်းလာအောင်လုပ်လိုက်တယ်။ စိတ်ငြိမ်သွားတော့မှ သူထောက်ခြောက်မိသွားတယ်ဆိုတာကို သတိထားမိသွားတယ်။ သူ့တစ်ကိုယ်လုံးကိုက်ခဲနေပြီး သူ့ရဲ့မရင်ဒန်တွေလည်း ပိတ်ဆို့ခံထားရတယ်။

‘ဒါက ဘယ်လိုဖြစ်သွားရတာလဲ?’

ပိုင်ရန်တစ်ခေါင်းလုံးလည်း ချွေးတွေရွှဲနေပြီ။

အံကိုတင်းတင်းကြိတ်ကာ နာကျင်နေတာကို တောင့်ခံရင်း ခေါင်းကိုက်ပျောက်သွားတဲ့ထိ ကျင့်ကြံခြင်းတချို့ကိုလည်ပတ်စေတယ်။

ထားလိုက်တော့။ ဒီကနေ ထွက်နိုင်ဖို့လိုတယ်။ သူအဆိုးဆုံးကိုလည်း ပြင်ဆင်ထားပြီးသား။ တောင်တွေပေါ်မှာ ကြိုတင်ကာကွယ်စည်းကို ချထားရုံတင်မကဘူး လမ်းတစ်ဝက်မှာသူ့ကိုလာတွေ့ဖို့ အနက်ရောင်ကိုယ်ရံတော်တချို့ကိုလည်း ပြင်ဆင်ထားတယ်။ သူနည်းနည်းလောက်ထပ်သွားရင် ဆုံမှတ်နေရာကိုရောက်နိုင်တော့မှာဖြစ်တယ်။ သို့သော်လည်း တိမ်လွှာပျံဝဲဂိုဏ်းက သူနဲ့ရင်ဆိုင်ဖို့ဒီလိုမျိုး ဗိုလ်ကျလွန်းတဲ့နည်းလမ်းတွေကို သုံးလိမ့်မယ်လို့ ဘယ်တုန်းကမှထင်မထားမိဘူး။ ဒါကဘယ်လိုအဆိပ်ပဲဖြစ်ဖြစ် အလွယ်တကူကုလို့မရနိုင်လောက်ဘူး။

လုံခြုံတဲ့နေရာကို အမြန်သွားဖို့ပြင်နေတုန်းမှာ ကောင်းကင်ပေါ်ကနေ ပုံရိပ်တချို့ပေါ်လာပြီး သူ့ဆီပျံသန်းလာနေကြတယ်။

“ရပ်လိုက်စမ်း!”

ဂိုဏ်းခေါင်းဆောင်ကျောင်နဲ့ တခြားသူတွေက သူ့ကိုရှာတောင်တွေ့သွားပြီ။

ပိုင်ရန်နေရာကူးပြောင်းရေးလုပ်နိုင်ဖို့ ကြိုးစားကြည့်သေးတယ်။ သို့သော်လည်း သူ့ရဲ့မရင်ဒန်တွေက အပိတ်ခံထားရတာ။ သူ့မှာစွမ်းအင်မရှိဖြစ်နေတယ်။

ရုတ်တရက်သူ့ကို ပိုးကောင်လေးတစ်ကောင် ကိုက်သွားတာကို ပိုင်ရန်သတိရသွားတယ်။ ဘယ်လိုဖြစ်ရတယ်ဆိုတာကို သူချက်ချင်းသဘောပေါက်သွားတယ်။

ဖာ့ခ် သူ့ရဲ့ထောင်ပေါင်းများစွာသော ခန့်မှန်းထားတဲ့အတွေးတွေထဲမှာ တဖက်လူက သူ့ကိုအဆိပ်ခတ်လာလိမ့်မယ်လို့ တွေးတောင်မတွေးခဲ့မိဘူး!

ပိုင်ရန် ခါးသီးသွားတယ်။

သူ့ကိုတစ်ယောက်မှ မကူပေးနိုင်တဲ့ အင်မတန်ခက်ခဲတဲ့အနေအထားကို ရောက်နေပြီ။ ဒီနေရာမှာတင် သူအဆုံးသတ်ရတော့မှာလား?

နတ်ဆိုးဘုရင်ကြီးဆီမှာ သေရင်သေ၊ အသတ်ခံရရင်ရ ဒါမှမဟုတ် Systemကနေ အဖျက်ခံမယ်လို့ပဲ ထင်ထားခဲ့တာ။ ဒီလူတွေသတ်တာကို ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး!

သူအခု ကမ်းမမြင် လမ်းမမြင်ဖြစ်နေပြီ။

သူ့ရဲ့ကျင့်ကြံခြင်းကိုလည်း ထုတ်သုံးလို့မရနိုင်တာကြောင့် သာမန်ကျင့်ကြံခြင်းထိ လျော့ချထားရတယ်။ ဒီအကြီးအကဲအုပ်စုနဲ့ ယှဉ်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

သူ့ရင်ဘတ်ကို သူဆုတ်ကိုင်ပြီး ရှိသမျှစွမ်းအင်ကုန် ထုတ်သုံးလိုက်တယ်။

ပိုင်ရန်ထွက်ပြေးဖို့ ကြံနေတာကိုမြင်တော့ ဂိုဏ်းခေါင်းဆောင်ကျောင် ပြေးလာပြီး သူ့နောက်ကျောကိုတည့်တည့်ကို စွမ်းအင်လက်ဝါးနဲ့ ဦးတည်ထားလိုက်တယ်။ [T/N : နာမည်ပေးတာလေးတွေ လှနေခဲ့ရင် ခွင့်လွှတ်ပါ]

ပုလဲအခိုးခံရတယ်ဆိုတာနဲ့တင် သူတော်တော်ဒေါသထွက်နေပြီ။ အခုအရူးထပ်လုပ်ခံရတော့ ဂိုဏ်းခေါင်းဆောင်ကျောင်ရဲ့ဒေါသတွေက အထွပ်ထိပ်ကိုရောက်သွားပြီဖြစ်တယ်။ ထိုလက်ဝါးမှာ သူ့ရဲ့စွမ်းအင်တွေ အပြည့်အဝထည့်သုံးလိုက်တာဖြစ်တယ်။ ပိုင်ရန့်လက်ရှိအခြေအနေနဲ့ဆိုရင် သူဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်ဘူး။

အဲ့လက်ဝါးသာ ပစ်မှတ်ကိုထိသွားခဲ့ရင် ပိုင်ရန်သေဖို့ဆိုတာ ကျိန်းသေတယ်။

‘ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ?’

သူရှောင်သင့်တယ်ဆိုပေမယ့် သူမလုပ်နိုင်ဘူးဖြစ်နေတယ်။ ပိုင်ရန် ရှုံးတော့မယ်။

သူ့ခေါင်းထဲက ရှောင်လင်းလည်း အော်ဟစ်နေတယ် “ရှောင်လေ! ရှောင်ပါဆို အား!”

“မရှောင်နိုင်လို့ပေါ့!”

ပိုင်ရန်ဗျာများနေတယ်။

ဂိုဏ်းခေါင်းဆောင်ကျောင်ရဲ့ ဒေါသထွက်နေတဲ့မျက်နှာနဲ့ ပြူးကျယ်နေတဲ့မျက်လုံးတွေကိုတောင် ပိုင်ရန်မြင်နိုင်လောက်တဲ့အထိ နီးသည်ထပ် နီးကပ်လာတယ်။ အဲ့နောက်ရုတ်တရက်ဆိုသလို ဂိုဏ်းခေါင်းဆောင်ရဲ့လက်ဝါးကို ပြင်းထန်တဲ့လေတစ်ချက်က ရုတ်တရက်ဝှေ့တိုက်သွားတယ်။

အားကောင်းလိုက်တာ!

ပိုင်ရန်သာ အဲ့တာကြီးနဲ့အတိုက်ခံရပြီဆိုရင် ဘာအစအနမှတောင် ကျန်မှာမဟုတ်ဘူး။

ပိုင်ရန် အနည်းငယ်ကြောက်လန့်တုန်လှုပ်သွားတယ်။

“ဘယ်သူလဲ?” ဂိုဏ်းခေါင်းဆောင်ကျောင်က လေကိုရိုက်ချပြီး ဟိန်းဟောက်လိုက်တယ်။

“ဟမ့်!” အထက်ပိုင်းဆီကနေ အေးတိအေးစက်လေသံတစ်ခု ပေါ်ထွက်လာတယ်။ ကောင်းကင်ပေါ်က အနက်ရောင်အရိပ်က ဂိုဏ်းခေါင်းဆောင်ကျောင်ကို မြေပြင်ပေါ်ကျသွားတဲ့ထိ လက်ဝါးနဲ့ရိုက်ချလိုက်တယ်။ အားကိုအများကြီးသုံးလိုက်တာကြောင့် ဂိုဏ်းခေါင်းဆောင်ကျောင်ပြုတ်ကျသွားတဲ့မြေပြင်က ရေမြောင်းအရှည်ကြီးတစ်ခုလိုဖြစ်သွားတယ်။ [T/N : ဝုန်းဆိုပြုတ်ကျသွားရင် ဝရုန်းဝရုန်းဆိုပြီးတော့ အဲ့လိုအရှည်ကြီးဖြစ်သွားတာလေ.. ဘယ်လိုပုံဖော်ပြရမှန်းမသိတော့လို့ အမလက်ဟန်ခြေဟန်နဲ့ လုပ်ပြနေတယ်နော်]

ပိုင်ရန် မိုးပေါ်မော့ကြည့်လိုက်တယ်။ သူ့မျက်လုံးသူငယ်အိမ်တွေ ပြူးကျယ်သွားပြီး နောက်ထပ်သွေးတစ်ပွက်အန်လိုက်တယ်။

သူ့ဘေးနားမှာ တစ်စုံတစ်ယောက်ပေါ်လာတယ်။ သူကပိုင်ရန့်ကို ခါးကပွေ့ကာ လေထဲကနေပျံသန်းသွားပြီး မြင်ကွင်းထဲက ပျောက်ကွယ်သွားတယ်။

ပိုင်ရန့်အမြင်အာရုံက ဝိုးတို့ဝါးတားပဲဖြစ်နေတယ်။ အဆိပ်ခတ်ခံရပြီးနောက် သူ့ခန္ဓာကိုယ်အခြေအနေက မြန်မြန်ဆန်ဆန်ဆိုးရွားလာတယ်။ သူ့ကို ကယ်တင်ပေးတဲ့သူက မယုံနိုင်လောက်တဲ့အရှိန်နဲ့သွားနေတာကြောင့် ပိုင်ရန်ခမျာမှာ ရိုလာကိုစတာစီးနေရသလားလို့တောင် အောက်မေ့ပြီး အန်တောင်အန်ချမိတော့မယ်။

တစ်စုံတစ်ရာလွဲမှားနေပြီဆိုတာကို ခံစားမိတာကြောင့်ဖြစ်မယ် သူ့ကိုသယ်ထားပေးတဲ့သူက မြေပြင်တစ်ခုမှာ ရပ်တန့်လိုက်တယ် “ဘာဖြစ်တာလဲ?”

ပိုင်ရန်နောက်ထပ် ပါးစပ်အပြည့်သွေးတစ်လုတ်အန်ချလိုက်ပြန်တယ်။ အန်ထုတ်ပြီးနောက် သူနည်းနည်းတော့ နေလို့ကောင်းလာတယ်။ အဲ့တော့မှ သူ့ဘေးကလူကို သေချာကြည့်လိုက်နိုင်သွားတယ်။

“အရှင်ကြီး ဒီမှာဘာလုပ်နေတာလဲ?” သူမထွက်လာခင်တုန်းက အနက်ရောင်ကိုယ်ရံတော်တွေကို ဆက်သွယ်ခဲ့တယ်။ သူ့ကို လာကူပေးတာ သူတို့ဖြစ်ရမှာလေ!

သူ့ကိုကယ်ပေးတဲ့သူက လက်အောက်ငယ်သားထဲက တစ်ယောက်ယောက် ဒါမှမဟုတ် လော့ကျန်းဖန်းဖြစ်မယ်လို့ ထင်ခဲ့တာ။ ဒီလိုနေရာမျိုးကို နတ်ဆိုးဘုရင်ကြီးလာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။

နောက်ပြီးတော့လည်း ပြီးခဲ့တဲ့အခေါက်က တိမ်လွှာပျံဝဲဂိုဏ်းကို အကြီးအကျယ်ရှုပ်ထွေးအောင်လုပ်ခဲ့ပြီး သေအောင်ရိုက်သတ်ခံရတော့မယ့်အချိန်တုန်းကလည်း နတ်ဆိုးဘုရင်ကြီးပဲ သူ့ကိုလာကယ်ပေးခဲ့တယ်။ ဒီတစ်ကြိမ်လည်း အဲ့အတိုင်းပဲ။ ဒါကတိုက်ဆိုင်တာပဲလား ဘာလားဆိုတာကို သူမသိတော့ဘူး။

“ဘယ်သူ့ကိုမှသတိမပေးဘဲ လူသားနယ်မြေကိုလာပြီးတော့ ဒီလိုတွေဖြစ်ကုန်တယ်၊ မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ?” နတ်ဆိုးဘုရင်ကြီးလေသံထဲမှာ ဒေါသရိပ်တစွန်းတစပါရှိနေတယ်။

သူအပြစ်တင်ခံရတော့မယ်လို့ ပိုင်ရန်ထင်လိုက်တာကြောင့် အမြန်ပြောလိုက်တယ် “ကျွန်တော်တောင်းပန်ပါတယ် အရှင်ကြီး”

နတ်ဆိုးဘုရင်ကြီး သူ့ကိုဒေါသထွက်ရင် ဘယ်လိုလုပ်မလဲဆိုတာအတွက်ပါ သူကစီစဉ်ထားပြီးသားဖြစ်တယ်။ သူ့ဒေါသလျော့သွားအောင် ဘယ်လိုမျိုးပြောရမယ်ဆိုတာကို ပိုင်ရန်သိတယ်။

“ဒီအစေခံက ခွင့်ပြုချက်မရှိဘဲ သူ့နေရာကနေ ထွက်လာမိပါတယ် အရှင်ကြီး ကျေးဇူးပြုပြီး အပြစ်ပေးပါ” မြေပြင်ပေါ်မှာ ဒူးထောက်ဖို့ကြိုးစားလိုက်တယ်။ နတ်ဆိုးဘုရင်ကြီး စိတ်နေသဘောထားကို သူသိတယ်။ တခြားသူတွေက သူ့ကိုအေးတိအေးစက်နဲ့ ခံစားချက်မဲ့တယ်လို့ပြောပေမယ့် ပိုင်ရန့်ကိုတော့ ကောင်းကောင်းဆက်ဆံပေးတယ်။ သူတကယ်အပြစ်ပေးမယ်လို့တော့ မထင်ပေါင်။

“မလုပ်နဲ့!” ထင်တဲ့အတိုင်းပဲလေ.. သူတောင်ဒူးမထောက်ရသေးခင် နတ်ဆိုးဘုရင်ကြီးက ပိုင်ရန့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။

ဒီအနေအထားကြီးက နည်းနည်းတော့ထူးဆန်းတယ်နော်။ ဒါပေမယ့်လည်း ပိုင်ရန်က ဒဏ်ရာရနေပြီး ခွန်းတုံ့ပြန်နေဖို့ ပျင်းလွန်းနေတယ်။ အရင်ဆုံး သူလုပ်စရာရှိတဲ့အရေးကြီးကိစ္စကရှိသေးတယ်။

“အရှင်ကြီး” ပိုင်ရန်ခေါ်လိုက်ရင်း ကျောက်စိမ်းတိမ်လွှာပုလဲကို ထုတ်လိုက်တယ်။ သူ့ရဲ့တုန်ရီနေတဲ့လက်အစုံနဲ့ နတ်ဆိုးဘုရင်ကြီးကိုပေးလိုက်တယ် “ဒါက ကျောက်စိမ်းတိမ်လွှာပုလဲပါ၊ ဒါနဲ့ဆိုရင် နောက်ထပ်ချီကမောက်ကမဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူး”

ဟီးဟီး! ဒီပုလဲနဲ့သာဆိုရင် နတ်ဆိုးဘုရင်ကြီး သူ့ကိုအပြစ်ပေးစရာ ဘာအကြောင်းမှမရှိတော့ဘူး။

နတ်ဆိုးဘုရင်ကြီးကို သူသိသလောက်ဆိုရင် သူဘယ်ရောက်နေရတာလဲဆိုတာကို နှိုက်နှိုက်ချွတ်ချွတ်တော့မေးမှာမဟုတ်ဘူး။

သေချာတာပေါ့… ပုလဲကိုလည်းမြင်ရော နတ်ဆိုးဘုရင်ကြီးရဲ့ မျက်လုံးတွေပြူးကျယ်သွားပြီး အမူအယာကအစပြောင်းလဲသွားတယ်။

“ဒါအတွက်ကြောင့်နဲ့ လူသားနယ်မြေကို လာတာလား?”

အားနည်းနေပြီဖြစ်တဲ့ ပိုင်ရန်က ချည့်နဲ့နေတဲ့ပုံဖြစ်အောင်တောင် အားထုတ်စရာမလိုတော့ဘူး။ အားနည်းတဲ့သူတွေက တခြားသူတွေဆီသနားကြင်နာမှုကို ရတယ်လေ။ အချိန်ကာလတွေ ဘယ်လိုပဲပြောင်းသွားပါစေ အဲ့အချက်ကတော့ ဘယ်တော့မှမပြောင်းလဲသွားဘူး။

သူနတ်ဆိုးဘုရင်ကြီး မျက်နှာကိုမော့ကြည့်လိုက်ပြီး ကျေးဇူးတင်တဲ့အမူအယာဖြစ်သွားတာကို စောင့်ကြည့်နေလိုက်တယ်။

ဘယ်သူထင်မိမှာလဲ___

“ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ?” နတ်ဆိုးဘုရင်ကြီးမျက်နှာက ကျေးဇူးတင်တဲ့ပုံ မဖြစ်သွားတဲ့အပြင် ပိုပြီးတောင် ဒေါသထွက်သွားပုံရတယ်။ “မင်းဒီလိုတွေလုပ်ဖို့အတွက် ကိုယ်တော့်ဆီကခွင့်ပြုချက်ရခဲ့လား? ကိုယ်တော်က နတ်ဆိုးနယ်မြေရဲ့ မြင့်မြတ်ပြီး ဂုဏ်သရေရှိတဲ့အုပ်စိုးသူတစ်ယောက်… ဒီလိုမျိုးအရာကို ရဖို့အတွက် မင်းလိုလူမျိုးက လူသားနယ်မြေကို လာစရာလိုလို့လား? မင်းက ကြီးကျယ်ခမ်းနားတဲ့ကိုယ်ရံတော်တစ်ယောက်၊ တပ်သားတွေအများကြီးရဲ့ အရာရှိတစ်ယောက်… ဒီလိုပုလဲတစ်လုံးအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်အခုလို မသေမရှင်အခြေအနေရောက်သွားတဲ့ထိ နှိမ့်ချလိုက်ရလား… လုံးဝအဓိပ္ပါယ်ကို မရှိဘူး!”

အားကြီးနဲ့ အော်ခံလိုက်ရပြီးနောက်မှာ ပိုင်ရန်ရူးချင်ချင်ဖြစ်သွားတယ်။

ဟမ်?

ဟမ်? ဟမ်?

ဟမ်? ဟမ်? ဟမ်?

သူထင်ထားတာနဲ့ ဇာတ်လမ်းက ဘာကြောင့်တလွဲကြီးဖြစ်နေရတာလဲ? နတ်ဆိုးဘုရင်ကြီးက အလွန်အင်မတန်စိတ်တွေလှုပ်ရှားသွားပြီး ‘မောင်မင်းအတော်လေး ကြိုးစားခဲ့တယ်၊ မောင်မင်းက ရိုးသားတယ်… ကိုယ်တော်ဖြင့် ကျေးဇူးတွေတင်လိုက်တာ’ လို့ပြောရမှာ မဟုတ်ဘူးလား?

ကောင်းပြီးလေ နတ်ဆိုးဘုရင်ကြီးက မာနကြီးပြီး မောက်မာလို့ ဒီလိုမျိုးအရာတွေကို ပြောမယ့်သူမဟုတ်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ ပြုံးပြတာဖြစ်ဖြစ် တခုခုလုပ်သင့်တယ်မဟုတ်ဘူးလား? ဘာလို့ ပိုင်ရန်က ဘလိုင်းကြီးအငေါက်ခံလိုက်ရတာလဲ?

ဒီလိုမျိုးကြီးပြောလိုက်တာကတော့ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်!

“အရှင်ကြီး…” အဆူခံရပြီးတာတောင် သူဘာမှားသွားလို့လဲဆိုတာ ပိုင်ရန်မသိသေးဘူး။ သူဘာဆင်ခြေမှ မတွေးနိုင်တာကြောင့် နာနာခံခံလေးပဲပြောလိုက်တယ် “ကျွန်တော်မှားမှန်းသိပါပြီ၊ နောက်တစ်ခါမလုပ်တော့ပါဘူး… ဒါပေမယ်လည်း ကျွန်တော်လုပ်သမျှက အရှင့်အတွက်ချည်းပါပဲ”

သူဆင်ခြေပေးဖို့ မလုပ်ရသေးခင်တုန်းကတောင် တော်သေးတယ်။ အခုတော့ နတ်ဆိုးဘုရင်ကြီးပိုလို့တောင် စိတ်ဆိုးလာတယ်။

“ကိုယ်တော့်အတွက်? ဟမ့်!” နတ်ဆိုးဘုရင်ကြီး အေးစက်စွာနှာခေါင်းရှုံ့လိုက်တယ်။ “ကိုယ်တော့်အတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်… အန္တရာယ်ဖြစ်အောင်မလုပ်နဲ့ ပြီးတော့ ကိုယ့်ဘာသာကိုယ်လည်း မထိခိုက်စေနဲ့!”

ပိုင်ရန် ပါးစပ်ဟလိုက်ပေမယ့် သူပြောသမျှစကားတိုင်းက မှားတယ်ဆိုပြီးဖြစ်နေမှာ သတိပြုမိတာကြောင့် ပါးစပ်လေးပြန်ပိတ်ပြီး ဘာမှမပြောတော့ဘူး။

သူနတ်ဆိုးဘုရင်ကြီးကို နားလည်နေပြီလို့ထင်ခဲ့တာ၊ ဒါပေမယ့် နတ်ဆိုးဘုရင်ကြီးရဲ့တုန့်ပြန်ချက်တွေက သူထင်ထားတာတွေနဲ့ တခြားစီဖြစ်နေတယ်။

သူနဲ့ စကားဆက်ပြောဖို့တောင် ခက်လိုက်တာ။

သူ့ရင်ဘတ်ထဲက နာကျင်မှုက ထိုးတက်လာပြန်တယ်။ ပိုင်ရန်မျက်မှောင်ကြုတ်ပြီး ရင်ဘတ်ကိုဆုတ်ကိုင်လိုက်တယ်။

နတ်ဆိုးဘုရင်ကြီး အမူအယာပြောင်းသွားတယ်။ သူ့ကိုဆက်ပြီး စိတ်မဆိုးနိုင်တော့ဘဲ စိတ်ပူတဲ့ပုံဖြစ်လာတယ်။ “မင်းဘာဖြစ်လာတာလဲ?”

“သူတို့တွေ ကျွန်တော့်ကို ညစ်ပြီးအကွက်ဆင်ထားတာကို မိသွားတဲ့ပုံပဲ… ကျွန်တော့်ဂုတ်ကို တစ်ခုခုကကိုက်သွားတယ်” ပိုင်ရန်သက်ပြင်းရှိုက်လိုက်တယ်။

နတ်ဆိုးဘုရင်ကြီးလည်း သူ့ဂုတ်ကိုကြည့်လိုက်တယ်။

သူ့ရဲ့ဂုတ်က ဘယ်လိုဖြစ်နေလဲဆိုတာ ပိုင်ရန်မမြင်ရဘူး။ သူ့ခေါင်းကို ခက်ခက်ခဲခဲစောင်းကာ မေးလိုက်တယ် “ဘယ်လိုဖြစ်နေလဲဟင်?”

နတ်ဆိုးဘုရင်ကြီးက အတွေးထဲနစ်နေပုံပေါ်ပြီး ဘာမှပြန်မပြောဘူး။

“အရှင်ကြီး?”

“ကိုယ်တော်နဲ့ လိုက်ခဲ့” နတ်ဆိုးဘုရင်ကြီးပြောလာတယ်။ ပိုင်ရန့်ရဲ့အားနည်းပြီး ပျော့ခွေနေတဲ့ပုံကိုမြင်တော့ သူထပ်ပြီးဒေါသထွက်လာပြန်တယ်။ “ကိုယ်တော်နဲ့ ရက်နည်းနည်းပဲဝေးရသေးတယ်! ကိုယ်တော်မင်းကို မကြည့်လိုက်မိတာနဲ့ မင်းက ကိုယ့်ဒုက္ခကိုယ်ရှာတော့တာပဲ”

ပထမရက်တုန်းက ပိုင်ရန်နဲ့အတူ လူသားနယ်မြေကို လိုက်လာသေးတယ်။ သို့သော်လည်း နတ်ဆိုးနယ်မြေမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေကရှိနေတော့ ပြန်သွားလိုက်ရတယ်။ အလုပ်ပြီးတဲ့အထိတောင် ပိုင်ရန်ကပြန်မလာသေးဘူး။ အပြင်မှာအပျော်ရှာဖို့ ရက်အနည်းငယ်လောက်ထွက်သွားပြီးမှ ပြန်လာမှာကိုတွေးမိရင်း နတ်ဆိုးဘုရင်ကြီးဒေါသထွက်လာတာကြောင့် လူသားနယ်မြေကိုပြန်လာပြီး အိမ်ကိုပြန်ဆွဲခေါ်ဖို့လုပ်ထားတာဖြစ်တယ်။ ပိုင်ရန့်အသက်ကို လက်မတင်လေး ကယ်ဖို့ဖြစ်သွားရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။

အဲ့တုန်းကမြင်ကွင်းကို ပြန်မြင်ယောင်တယ်။ သူသာစက္ကန့်ပိုင်းလောက်နောက်ကျသွားရင် ပိုင်ရန်အဲ့တောအုပ်လေးထဲမှာ သေသွားရတော့မှာ။

အဲ့အတွေးက သူ့ကိုကြောက်လန့်စေတယ်။

ပြီးတော့ သူအခုလိုအခြေအနေမျိုးထိဖြစ်ရတာကလည်း ပုလဲအတွက်ကြောင့်လို့ပြောလာတယ်။ အားလုံးက သူ့အတွက်ကြောင့်လို့ ကြားရတဲ့အခါ… သူဘယ်လိုလုပ် ဒေါသမထွက်ဘဲနေနိုင်မှာလဲ?

တိမ်လွှာပျံဝဲဂိုဏ်းဆီမှာ ကောင်းကောင်းသမခံရပြီးပြီ! အဲ့တာကို ထပ်ပြီးရန်စပြန်တယ်!

တွေးကြည့်ရင်းနဲ့ နတ်ဆိုးဘုရင်ကြီး သူ့ကိုညှစ်သတ်ပစ်ချင်လာတယ်။

ရှဲ့ဇီထျန်းက သူ့ကိုဒီလောက်နက်နက်ရှိုင်းရှိုင်းချစ်နေပုံပေါ်တာကြောင့် သူဝမ်းသာပေမယ့် အရမ်းလည်းစိုးရိမ်မိတယ်။

ရှဲ့ဇီထျန်းရဲ့အားပျော့နေတဲ့ပုံကိုကြည့်ရင် နတ်ဆိုးဘုရင်ကြီး သူ့ဒေါသတွေကို ဝမ်းဗိုက်ထဲသာပြန်မြိုချလိုက်တော့တယ်။

ဒီအမျိုးသားလေးနဲ့တော့ သူဘယ်လိုနှစ်ပါးသွားရတော့မလဲ?

သူစိတ်မလှုပ်ရှားဘူးဆိုရင် လိမ်ရာကျမှာပေါ့။ ဒါပေမယ့် သူ့ရဲ့ဒေါသနဲ့ အကြောက်တရားက ပိုကြီးတယ်။ တစ်စက္ကန့်လောက်သာ နောက်ကျမိခဲ့ရင်… ရှဲ့ဇီထျန်းပျောက်ကွယ်သွားမှာကို သူကြောက်တယ်။

ဒါပေါ့ ပိုင်ရန်ကတော့ နတ်ဆိုးဘုရင်ကြီးခေါင်းထဲမှာ ချာချာလည်နေတဲ့အတွေးတွေကို မသိရှာဘူး။ သူမှားယွင်းအပြောခံလိုက်ရတယ်လို့ပဲ တွေးနေတယ်။ ပုလဲရဖို့အတွက် အသက်ကိုတောင်ရင်းထားရတာကို ခုကျတော့ အဆူပဲခံလိုက်ရတယ်။

ပိုင်ရန့်ကိုယ်ပေါ်မှာ တစ်ခုခုမှားနေတာကို သတိပြုမိတာကြောင့် နတ်ဆိုးဘုရင်ကြီးသူ့ကို အောက်ချပေးလိုက်တယ်။ အနီးနားမှာ နေရာလွတ်တစ်ခုရှာပြီး သူနဲ့ပိုင်ရန့်ရဲ့ ချီတွေကိုဖုံးကွယ်ဖို့ အကာကွယ်စည်းချလိုက်တယ်။ အဲ့နောက် ပိုင်ရန်ကိုယ်ကို ဂရုတစိုက်စစ်ဆေးလိုက်တယ်

ပိုင်ရန်နာခံစွာ နတ်ဆိုးဘုရင်ကြီးစစ်တာကို ခံနေလိုက်တယ်။ သူတို့စည်းအတွင်းမှာနေကာ နတ်ဆိုးဘုရင်ကြီးက သူ့နောက်မှာထိုင်ပြီး ပိုင်ရန့်မရင်ဒန်ကိုဖြတ်ပြီး နတ်ဆိုးကျင့်ကြံကျင့်တွေ သွင်းပေးလိုက်တယ်။ သူ့ရဲ့မှော်စွမ်းအင်တွေ ပိုင်ရန့်နှလုံးနားကို ရောက်လာချိန်မှာ ပြင်းထန်တဲ့နာကျင်မှုကို ခံစားလိုက်ဂတယ်။

“အဲ့နားမှာလား?” နတ်ဆိုးဘုရင်ကြီးရဲ့စိုးရိမ်နေတဲ့လေသံက သူ့နောက်ကနေ တိုးဝှေ့လာတယ်။

သူ့ကိုစိုးရိမ်ပေးတတ်တဲ့သူကို ပိုင်ရန်တွေ့ဖူးတယ်ဆိုတာ ရှားတယ်။ နတ်ဆိုးဘုရင်ကြီးလေသံထဲက ပူပန်မှုတွေကိုကြားလိုက်ရချိန်မှာ သူအလွန့်အလွန်ကျေနပ်သွားတယ်။

သူခေါင်းငြိတ်ပြလိုက်တယ် “အရှင်ကြီး အဲ့နားမှာပါ၊ ဘာမေးစရာရှိပါသေးလဲ?”

အချိန်အကြာကြီး ဘာမှပြန်မဖြေလာဘူး။

ပိုင်ရန်လှည့်ကြည့်လိုက်တော့ နတ်ဆိုးဘုရင်ကြီးက ခက်ခဲတဲ့ပြဿနာတစ်ရပ်ကို စဉ်းစားနေရတဲ့ပုံစံနဲ့ စိတ်ပင်ပန်းကြီးစွာ မျက်မှောင်ကြုတ်နေတာကို တွေ့လိုက်ရတယ်။



_____

Thanks 😉

Continue lendo

Você também vai gostar

200K 26.4K 58
သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
219K 19.6K 19
'ပိုင်လင်'ဟူသည့် ယနေ့ခေတ်လူငယ်သည် မိုးကြိုးအပစ်ခံရပြီးနောက် သူ့ဝိညာဥ်ဟာ ဒဏ္ဍာရီခေတ်ထဲရှိ ဝိညာဥ်ပြိုကွဲနေသော 'ကျူဟန်'ရဲ့ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီးနေ...