{Zawgyi}
•ေနာက္ဆုံးေတာ့ နတ္ဘုရားေလးက မတ္ကေလးျဖစ္လာခဲ့ၿပီ•
က်ီေလ်ာင္က အၿမဲတမ္းနာခံတတ္ၿပီး စဥ္းစားခ်င့္ခ်ိန္တတ္တဲ့ကေလးျဖစ္တာေၾကာင့္ ခုလိုပုံမ်ိဳးျဖစ္သြားေတာ့ ရအိုက္ဝမ္ အေစာတုန္းကေကာင္ေလးကို အျပစ္တင္မိတယ္။ အဲ့တာေၾကာင့္ သူမရဲ႕ဟဲ့ခ်န္းမင္အေပၚထားတဲ့အျမင္က ေအာက္ေျခထိက်သြားၿပီျဖစ္တယ္။
ဒါေပမယ့္ က်ီေလ်ာင့္ရဲ႕ဇြဲကိုလည္း အာ႐ုံခံမိတယ္။ လူငယ္ေတြကို ဖိအားပိုေပးေလ သူတို႔ပိုၿပီးပုန္ကန္ၾကေလျဖစ္တယ္။ အဲ့တာေၾကာင့္ သူမထပ္မေျပာေတာ့ဘဲ ေနာက္မွအဲ့တာကို အေလးထားၿပီး က်ီေလ်ာင့္ကို လမ္းလြဲထပ္မသြားေအာင္လုပ္ရမယ္။
ေန႔ခင္းထိ မန္ေယာင္ေယာင္က သူတို႔နဲ႔အတူစားဖို႔ေနေနတယ္။ သူမပလုတ္ပေလာင္းစားၿပီးတိုင္း ခ်ီးက်ဴးေပးကာ ရႈအိုက္ဝမ္စိတ္အေျခအေနျပန္ေကာင္းလာေအာင္လုပ္ေပးတယ္။ စားေသာက္ၿပီးတဲ့အခါ က်ီေလ်ာင္ မန္ေယာင္ေယာင္ကို ေလွကားထိလိုက္ပို႔ေပးၿပီး ေက်းဇူးတင္စကားတီးတိုးဆိုလိုက္တယ္။ မန္ေယာင္ေယာင္က ခိုးခိုးခစ္ခစ္ရယ္ၿပီး “ငါ့ကို ေက်းဇူးတင္ေနစရာမလိုပါဘူး၊ အန္တီက လက္ထပ္ၿပီး ငါတို႔မိသားစုထဲေရာက္လာရင္ နင္ကငါ့ရဲ႕ေမာင္ေလးျဖစ္လာေတာ့မွာကို”
သူမသိသေလာက္ေတာ့ က်ီေလ်ာင္က ၾသဂုတ္လမွာ ေမြးတာေၾကာင့္ သူမထက္ေလးလပိုငယ္တယ္။ အဲ့တာေၾကာင့္ သူမက အစ္မႀကီး၊ က်ီေလ်ာင္က ေမာင္ေလးျဖစ္တယ္။ အဲ့လိုဆိုရင္ ဟဲ့ခ်န္းမင္က သူမရဲ႕မတ္ကေလးျဖစ္လာေတာ့မွာေပါ့?
မန္ေယာင္ေယာင့္ေခါင္းထဲမွာ အေတြးတစ္ခု႐ုတ္တရက္ေပၚလာတယ္ : ေနာက္ဆုံးေတာ့ နတ္ဘုရားေလးက မတ္ကေလးျဖစ္လာခဲ့ၿပီ!
သူမအသံထြက္ရယ္လာေတာ့ က်ီေလ်ာင္သူမကို ေၾကာင္ေတာင္ေတာင္ၾကည့္လာတယ္။
“ဘာမွမဟုတ္ဘူး ဘာမွမဟုတ္ဘူး” မန္ေယာင္ေယာင္ လက္ခါျပလိုက္တယ္။
ႏွစ္ေယာက္သား ရပ္ကြက္ထဲက ထြက္လာၿပီး က်ီေလ်ာင္ တက္စီတားလိုက္တယ္။ သူမကားေပၚတက္သြားတဲ့ထိ ေစာင့္ၾကည့္ၿပီး ျပန္လာလိုက္တယ္။
အိမ္မွာ ရႈအိုက္ဝမ္ ပန္းကန္ေတြေဆးေနတယ္။ သူမထြက္လာေတာ့ က်ီေလ်ာင္သူ႔ဖုန္းသူ ငုံ႔ၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။ ေျပာေနတာေတြကို သူမျမင္ျမင္ မျမင္ျမင္ဂ႐ုမထားေတာ့တဲ့ပုံနဲ႔ လက္လြတ္စပယ္ၾကည့္ေနတယ္။
ရႈအိုက္ဝမ္လွမ္းၾကည့္လိုက္ေတာ့ အလုပ္ေၾကာ္ျငာစာျဖစ္ေနတာကို ျမင္သြားတယ္။
အခုႏွစ္ေတြမွာ က်ီေလ်ာင္ကိုေကာင္းမြန္တဲ့ဘဝေလး မေပးႏိုင္ခဲ့တာကို ေတြးမိေတာ့ သူမဝမ္းနည္းမိတယ္။ ကံေကာင္းခ်င္ေတာ့ က်ီေလ်ာင္က ေတြးေတာတတ္ၿပီး ဘယ္တုန္းကမွျပႆနာမရွာခဲ့ဘူး။ မေန႔ညက လြဲလို႔ေပါ့။
“ဒီႏွစ္ အဲ့လိုလုပ္စရာမလိုေတာ့ဘူး”
သူမ မန္ယြမ္နဲ႔ေဆြးေႏြးၿပီးသြားၿပီ_ ႏွစ္သစ္ကူးၿပီးသြားရင္ သူတို႔လက္ထပ္မွတ္ပုံတင္လိုက္မယ္။ အဲ့အခ်ိန္က်ရင္ သူတို႔ပိုက္ဆံအတြက္ စိတ္ပူစရာမလိုေတာ့ဘဲ က်ီေလ်ာင္လည္း သူလိုခ်င္တာမွန္သမွ်ဝယ္ႏိုင္ၿပီ။
“သားလုပ္ခ်င္လို႔ပါ” က်ီေလ်ာင္ ေမာ့ၾကည့္ၿပီး ေျပာလိုက္တယ္။
ေဆာင္းတြင္းပိတ္ရက္ေတြမွာလည္း အိမ္မွာဘာမွလုပ္စရာမရွိဘူး။ အဲ့အျပင္ ႏွစ္သစ္ကူးေတာ့မယ္။ ၿပီးခဲ့တဲ့အေခါက္က ဟဲ့ခ်န္းမင္သူ႔ကို ဆြယ္တာေလးတစ္ထည္ဝယ္ေပးထားေတာ့ အဲ့တုန္းကတည္းက သူမွတ္ထားတာျဖစ္တယ္။ သူလည္းအဲ့သူအတြက္ တစ္ခုခုျပန္ဝယ္ေပးခ်င္ေပမယ့္ ပိုက္ဆံကမရွိဘူး။
“သားရဲ႕ေက်ာင္းစာကို မထိခိုက္ပါဘူး” က်ီေလ်ာင္ထပ္ေျပာလိုက္တယ္။
သူစိတ္ပိုင္းျဖတ္ၿပီးတဲ့ပုံကို ျမင္ေတာ့ သူမဘာမွထပ္မေျပာေတာ့ဘူး။ သက္ျပင္းခ်ၿပီး အက်ီလဲကာ အလုပ္ကိုထြက္လာလိုက္တယ္။ မန္ယြမ္ကို ေန႔တစ္ဝက္ပဲခြင့္စာတင္ခိုင္းထားတာျဖစ္တယ္။
မြန္းလြဲခ်ိန္ အိမ္မွာတစ္ေယာက္မွမရွိတာေၾကာင့္ က်ီေလ်ာင္အိမ္ကထြက္လာလိုက္တယ္။ လမ္းတစ္ဝက္ေရာက္ေတာ့ ဟဲ့ခ်န္းမင္ဖုန္းဆက္လာတာေၾကာင့္ ႏွစ္ေယာက္သား Central Squareမွာဆုံဖို႔ အခ်ိန္းအခ်က္လုပ္လိုက္တယ္။
က်ီေလ်ာင္ ေကာ္ဖီဆိုင္ကိုဝင္ၿပီး အခ်ိန္ပိုင္းစားပြဲထိုးလုပ္ဖို႔ အင္တာဗ်ဴးသြားေျဖခ်င္တယ္။
သူအလုပ္လုပ္မယ့္အႀကံကို လက္မခံႏိုင္ျဖစ္ေနတဲ့ ဟဲ့ခ်န္းမင္က သူ႔မွာပိုက္ဆံမ်ားျပတ္ေနလို႔လားလို႔ ေမးလာတယ္။
က်ီေလ်ာင္ မေနႏိုင္ဘဲ ၿပဳံးလိုက္မိတယ္ “ဘာလို႔လဲ? ငါ့ကိုေထာက္ပံ့ေပးခ်င္လို႔လား?”
ဟဲ့ခ်န္းမင္က “က်စ္”ခနဲ အသံျပဳၿပီး သူေထာက္ပံ့ေပးႏိုင္မလားဆိုတာသိဖို႔ ဘယ္ေလာက္ဆိုတာကို ေမးလိုက္တယ္။
“တစ္လကို ငါးေသာင္း” က်ီေလ်ာင္ ႀကဳံရာက်ပန္းလက္ငါးေခ်ာင္းေထာင္ျပလိုက္တယ္။
ဟဲ့ခ်န္းမင္ သူ႔ကတ္ကိုခ်က္ခ်င္းထုတ္ၿပီး လက္ထဲထည့္လာတယ္။ “ငါးေသာင္း သြားၾကမယ္” သူ႔လက္ကိုဆြဲၿပီး ထြက္သြားဖို႔လုပ္တယ္။
တကယ္ေတာ့ သူ႔ကတ္ထဲမွာ ပိုက္ဆံဘယ္ေလာက္ရွိမယ္ဆိုတာ မေသခ်ာဘူး။ ေက်ာင္ေမးလန္က လတိုင္းမုန႔္ဖိုးဆိုၿပီး ငါးေသာင္းေပးေလ့ရွိတယ္။ တ႐ုတ္ႏွစ္ကူးတုန္းကလည္း အမ်ိဳးေတြဆီကရတဲ့ စာအိတ္ႏွီေတြနဲ႔ဆိုရင္ အမ်ားႀကီးေတာ့ရွိေလာက္မွာပါ…
အလန႔္တၾကား က်ီေလ်ာင္ သူ႔ကတ္ကိုျပန္ေပးလိုက္တယ္။ “မင္းေတာ့ ႐ူးေနၿပီ”
ဒါကဒီတိုင္းေျပာလိုက္တာကို တကယ္အတည္ႀကီးေတြယူေနတယ္!
ဟဲ့ခ်န္းမင္ သူ႔ကိုဖက္လိုက္ၿပီး ပင္ပန္းႀကီးစြာလုပ္ေနရတာကို မျမင္ရက္သလို သူ႔ကိုလည္းႏွစ္သိမ့္ေပးခ်င္တာျဖစ္တယ္။
ဒီမနက္ရႈအိုက္ဝမ္ရဲ႕ သူ႔ကို အင္မတန္႐ြံရွာေနတဲ့အမူအယာက သူ႔ႏွလုံးသားကိုေတာင္ ခိုက္ခိုက္တုန္သြားေစတယ္။ ရႈအိုက္ဝမ္က ဖိအားေပးၿပီး က်ီေလ်ာင့္ကို သူနဲ႔လမ္းခြဲခိုင္းမွာကို သူေၾကာက္တာေၾကာင့္ ဒီေကာင္ေလးကိုစိတ္ေက်နပ္ေအာင္ အေကာင္းဆုံးႀကိဳးစားေပးေနတာျဖစ္တယ္။
“မင္းပဲသိမ္းထားလိုက္ပါကြာ ဇနီးသည္ကို ပိုက္ဆံအပ္ရမွာပဲေလ” အဲ့တာကလည္း အႀကံအစည္တစ္စိတ္တစ္ပိုင္းျဖစ္တယ္၊ သူ႔ပိုက္ဆံကို လႊဲေပးထားၿပီး ေနာက္ပိုင္းသေဘာထားကြဲလြဲတာေတြျဖစ္လာရင္ေတာင္မွ အလြယ္တကူကြဲမွာမဟုတ္ဘူး။
သူ႔ရည္႐ြယ္ခ်က္ကို မျမင္ႏိုင္ဘဲ က်ီေလ်ာင္ကေတာ့ ရွက္ပဲရွက္ေနမိတယ္။ ဘာကိုဇနီးသည္လဲ? ဘာပဲျဖစ္ျဖစ္ သူလက္မခံႏိုင္တာေၾကာင့္ ေျပာလိုက္တယ္ “ငါမင္းပိုက္ဆံေတြကို မထိန္းသိမ္းႏိုင္ဘူး”
“အဲ့တာဆိုလည္း မင္းဘာကို ထိန္းႏိုင္လဲ? ကိုယ့္ကိုထိန္းႏိုင္လား?” ဟဲ့ခ်န္းမင္ ေခါင္းကိုေစာင္းၿပီး ေကာင္ေလးကို မေနႏိုင္စြာစေနာက္ေနမိတယ္။ “ကိုယ့္ကို ထိန္းရတာအရမ္းလြယ္တာေနာ္ တကယ္ေျပာတာ… မင္းဘာပဲေျပာေျပာ ကိုယ္ကအၿမဲနားေထာင္မွာ”
သူရႈိက္ထုတ္လိုက္တဲ့ ေလေငြ႕ေတြက က်ီေလ်ာင္နား,နားကေန ေႏြးေထြးစြာ ျဖတ္တိုက္သြားတယ္။
တဖက္ေကာင္ေလးက အၿမဲတမ္းသူ႔ကိုစေနာက္ေနတာေၾကာင့္ က်ီေလ်ာင္နည္းနည္းစိတ္ဆိုးလာတယ္။ အဲ့တာေၾကာင့္ ေခါင္းကိုလွည့္ၿပီး ဟဲ့ခ်န္းမင္ ပါးကိုကိုက္ခ်လိုက္တယ္။
အားမနည္းမမ်ားနဲ႔ ကိုက္လိုက္ၿပီး တစ္ဖက္လူဆီက ရႈးခနဲအသံၾကားလိုက္ရမွ လႊတ္ေပးလိုက္တယ္။
သြားရာေဖ်ာ့ေဖ်ာ့ေလးက တဖက္ေကာင္ေလးရဲ႕မ်က္ႏွာေပၚမွာေပၚလာတယ္။
“ေဘဘီ မင္းေလးေတာ္ေတာ္ဆိုးေနပါလား” ေဒါသထြက္ရမယ့္အစား ဟဲ့ခ်န္းမင္အံ့ၾသၿပီး ေက်နပ္သြားတယ္။ သူႏႈတ္ခမ္းသူလက္ညႇိဳးထိုးျပၿပီး “ေနာက္တစ္ခါက်ရင္ ဒီေနရာကို ကိုက္ဖို႔သတိရေနေပး”
“အရွက္မရွိလိုက္တာ” က်ီေလ်ာင္သူ႔ကိုကန္ၿပီး အခ်ိန္ကိုၾကည့္လိုက္တယ္။ သူထပ္ၿပီးအခ်ိန္ျဖဳန္းေနရင္ အင္တာဗ်ဴးေနာက္က်ေတာ့မယ္။
သူထိုေကာင္ေလးကိုဆြဲၿပီး ေရွ႕ကိုအျမန္ေလွ်ာက္ေတာ့တယ္။ ဟဲ့ခ်န္းမင္လည္း သူ႔ကိုမ႐ုန္းဖယ္ရက္တာေၾကာင့္ ေနာက္ကသာလိုက္လာတယ္။
ေကာ္ဖီဆိုင္မန္ေနဂ်ာက ၾကည့္ေကာင္းတဲ့တစ္ေယာက္နဲ႔ ခ်စ္စရာေကာင္းတဲ့တစ္ေယာက္၊ သူတို႔ႏွစ္ေယာက္ကို ျမင္တဲ့အခ်ိန္မွာ အကဲျဖတ္တာေတြေတာင္ လုပ္မေနေတာ့ဘဲ လက္ခံလိုက္ဖို႔ဆုံးျဖတ္လိုက္ေပမယ့္ သူတို႔ကအ႐ြယ္မေရာက္ေသးတဲ့ကေလးေတြျဖစ္ေနတာေၾကာင့္ မိဘအုပ္ထိန္းသူရဲ႕ေထာက္ခံခ်က္ကိုလိုေသးတယ္။
က်ီေလ်ာင္အျမန္ေျပာလိုက္တယ္ “ကြၽန္ေတာ္တစ္ေယာက္တည္း ေလွ်ာက္မွာပါ၊ သူကဒီတိုင္း ကြၽန္ေတာ္နဲ႔လိုက္လာေပးတာ”
မန္ေနဂ်ာရဲ႕မ်က္ႏွာမွာ စိတ္ပ်က္သြားတဲ့အမူအယာေပၚထြက္လာတယ္။
အေျခအေနကို ျမင္ေတာ့ ဟဲ့ခ်န္းမင္အခြင့္ေကာင္းယူၿပီး ဝင္ေျပာလိုက္တယ္ “ငါလည္း မေလွ်ာက္ဘူးလို႔ မင္းကိုဘယ္သူေျပာလဲ?”
မန္ေနဂ်ာရဲ႕မ်က္လုံးေတြ အေရာင္ေတာက္သြားတယ္။ အရပ္ရွည္ရွည္နဲ႔တစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈမ်ိဳးနဲ႔ဆိုရင္ မိန္းကေလးဧည့္သည္ေတြ အမ်ားႀကီးေရာက္လာေတာ့မယ္ဆိုတာ သူသိေနတယ္။
“မိသားစုေထာက္ခံခ်က္ ဟုတ္တယ္မွတ္လား? ကိစၥမရွိဘူး” ဟဲ့ခ်န္းမင္ ျပန္ေျဖလိုက္တယ္။ သူ႔အေမ ေက်ာင္ေမးလန္မသိေအာင္ ဖုံးကြယ္ၿပီး ဟဲ့မူရွန္းရဲ႕လက္မွတ္ကို ယူဖို႔ႀကံထားတယ္။
သူတို႔အလုပ္စလုပ္ရမယ့္အခ်ိန္ကို သတ္မွတ္ၿပီးေနာက္ သူတို႔ေကာ္ဖီဆိုင္က ထြက္လာလိုက္တယ္။ က်ီေလ်ာင္ေမးလိုက္တယ္ “မင္းဘာလို႔ သေဘာတူလိုက္တာလဲ?” ၿပီးေတာ့ သူလည္းေငြလိုေနတာမွမဟုတ္တာ…
ၿပဳံးစစႏႈတ္ခမ္းအစုံနဲ႔ ဟဲ့ခ်န္းမင္ သူ႔ကိုရွင္းျပလိုက္တယ္ “မင္းဒီမွာအလုပ္လုပ္တယ္ဆိုတည္းက ကိုယ္လာၿပီးေတာ့ ေန႔တိုင္းေတြ႕ရမွာပဲေလ ဟုတ္တယ္မွတ္လား? ၿပီးေတာ့ ေကာ္ဖီေသာက္ဖို႔အတြက္လည္း ပိုက္ဆံကုန္ရအုံးမယ္… မဟုတ္ရင္ ထိုင္လို႔ရမွာမဟုတ္ဘူးေလ”
“ကိုယ္တို႔အတူလုပ္ျဖစ္ရင္ေတာ့ ကိစၥမရွိေတာ့ဘူး၊ ကိုယ္ပိုက္ဆံေႁခြတာမိ႐ုံတင္မကဘူး ပိုက္ဆံေတာင္ရအုံးမွာ.. တန္တယ္မွတ္လား?” စိတ္ထဲမွာဘယ္လိုေနလဲမသိတဲ့ က်ီေလ်ာင့္ကို သူၿပဳံးျပလိုက္တယ္။
မေန႔ကျဖစ္ရပ္ျဖစ္ၿပီးေနာက္ပိုင္း ရႈအိုက္ဝမ္ကေသခ်ာေပါက္ က်ီေလ်ာင့္ကိုပိုၿပီးတင္းက်ပ္ေတာ့မွာ။ ေဆာင္းတြင္းအားလပ္ရက္အလုပ္ဝင္လုပ္တာနဲ႔ပါဆိုရင္ ဟဲ့ခ်န္းမင္နဲ႔ေတြ႕ဖို႔ကိုလည္း ပိတ္ပင္လာေတာ့မယ္။ သူ႔ေဘးနားမွာေတာက္ေလွ်ာက္ေနႏိုင္ဖို႔ဆိုရင္ ဒါေပါ့ ဒါကအေကာင္းဆုံးအခ်ိန္ပဲ။
“ေကာင္းပါၿပီဗ်ာ” သူအျမန္ျပန္ေျဖလိုက္တယ္။
ဟဲ့ခ်န္းမင္ရင္ထဲထိ ခ်ိဳၿမိန္သြားတာေၾကာင့္ ေကာင္ေလးရဲ႕မ်က္ႏွာကို နမ္းလိုက္တယ္။ “လိမၼာတယ္ေကာင္ေလး”
ထိုအခ်ိန္မွာ က်ီေလ်ာင္ဖုန္းျမည္လာတယ္။ ၾကည့္လိုက္ေတာ့ ရႈအိုက္ဝမ္ျဖစ္ေနတယ္။
သူ ဟဲ့ခ်န္းမင္ကို တိတ္တိတ္ေနဖို႔ေျခဟန္လက္ဟန္ျပၿပီး ဖုန္းကိုင္လိုက္တယ္။ ရႈအိုက္ဝမ္က သူဘယ္ေရာက္ေနလဲဆိုတာေမးေတာ့ သူအင္တာဗ်ဴးေျဖဖို႔ထြက္လာတာျဖစ္ၿပီး အခုအိမ္ျပန္လာတဲ့လမ္းမွာလို႔ အမွန္တိုင္းေျဖလိုက္တယ္။
ဖုန္းခ်ၿပီး က်ီေလ်ာင္လည္း သက္ျပင္းခ်လိုက္တယ္။ လွည့္လိုက္ေတာ့ တစ္စံတစ္ေယာက္ရဲ႕ရင္ဘတ္နဲ႔ ဝင္တိုက္မိသြားတယ္။ ခ်က္ခ်င္းဆိုသလို ဟဲ့ခ်န္းမင္ သူ႔ကိုေမးလိုက္တယ္ “နာသြားလား?”
က်ီေလ်ာင္ႏွာေခါင္းေလးကို ပြတ္ၿပီး ေအာင့္ခံကာျပန္ေျဖလိုက္တယ္ “ရပါတယ္”
ဒီေလာက္နီသြားတာကို ဘယ္လိုလုပ္အဆင္ေျပမွာလဲ?!
သူကဒီေန႔ သံမႈိကပ္ထားတဲ့အိတ္ကပ္အႀကီးႏွစ္ခုပါတဲ့ ကာဂိုဂ်ာကင္ကို ဝတ္လာတာျဖစ္ၿပီး က်ီေလ်ာင္ကသံမႈိကို တိုက္မိတာျဖစ္တယ္။
ဟဲ့ခ်န္းမင္ သူ႔ကိုယ္သူအျပစ္တင္ၿပီး ခ်က္ခ်င္းပဲခြၽတ္ပစ္လိုက္တယ္။ ဒီအမႈိက္ထုတ္ကေတာ့!
က်ီေလ်ာင္သူ႔ကိုတားလိုက္တယ္။ “ဘာေတြလုပ္ေနတာလဲ? အေအးထပ္မမိေစနဲ႔ေလ” [T/N : ေအး.. လမ္းမႀကီးမွာ ေခြးစာေတြေကြၽးေနလိုက္]
ေအးတာကို ဒီေလာက္ေၾကာက္တာကိုေတာင္မွ ဘာကိုႂကြားလုံးထုတ္ဖို႔ႀကိဳးစားေနတာလဲ?
ထိုေကာင္ေလးမရပ္တာကို ျမင္ေတာ့ က်ီေလ်ာင္ေဒါသတႀကီးေျပာလိုက္တယ္ “မင္း ငါ့စကားနားေထာင္မွာလား နားမေထာင္ဘူးလား?”
ဟဲ့ခ်န္းမင္ရပ္သြားၿပီး သူ႔ရဲ႕နီေနတဲ့ႏွာေခါင္းကို ပြတ္ကာေျပာလိုက္တယ္ “နားေထာင္မယ္” [T/N : ကိုယ့္စကားနဲ႔ကိုယ္ ခံစမ္း]
_______________________________________
{Unicode}
•နောက်ဆုံးတော့ နတ်ဘုရားလေးက မတ်ကလေးဖြစ်လာခဲ့ပြီ•
ကျီလျောင်က အမြဲတမ်းနာခံတတ်ပြီး စဉ်းစားချင့်ချိန်တတ်တဲ့ကလေးဖြစ်တာကြောင့် ခုလိုပုံမျိုးဖြစ်သွားတော့ ရအိုက်ဝမ် အစောတုန်းကကောင်လေးကို အပြစ်တင်မိတယ်။ အဲ့တာကြောင့် သူမရဲ့ဟဲ့ချန်းမင်အပေါ်ထားတဲ့အမြင်က အောက်ခြေထိကျသွားပြီဖြစ်တယ်။
ဒါပေမယ့် ကျီလျောင့်ရဲ့ဇွဲကိုလည်း အာရုံခံမိတယ်။ လူငယ်တွေကို ဖိအားပိုပေးလေ သူတို့ပိုပြီးပုန်ကန်ကြလေဖြစ်တယ်။ အဲ့တာကြောင့် သူမထပ်မပြောတော့ဘဲ နောက်မှအဲ့တာကို အလေးထားပြီး ကျီလျောင့်ကို လမ်းလွဲထပ်မသွားအောင်လုပ်ရမယ်။
နေ့ခင်းထိ မန်ယောင်ယောင်က သူတို့နဲ့အတူစားဖို့နေနေတယ်။ သူမပလုတ်ပလောင်းစားပြီးတိုင်း ချီးကျူးပေးကာ ရှုအိုက်ဝမ်စိတ်အခြေအနေပြန်ကောင်းလာအောင်လုပ်ပေးတယ်။ စားသောက်ပြီးတဲ့အခါ ကျီလျောင် မန်ယောင်ယောင်ကို လှေကားထိလိုက်ပို့ပေးပြီး ကျေးဇူးတင်စကားတီးတိုးဆိုလိုက်တယ်။ မန်ယောင်ယောင်က ခိုးခိုးခစ်ခစ်ရယ်ပြီး “ငါ့ကို ကျေးဇူးတင်နေစရာမလိုပါဘူး၊ အန်တီက လက်ထပ်ပြီး ငါတို့မိသားစုထဲရောက်လာရင် နင်ကငါ့ရဲ့မောင်လေးဖြစ်လာတော့မှာကို”
သူမသိသလောက်တော့ ကျီလျောင်က သြဂုတ်လမှာ မွေးတာကြောင့် သူမထက်လေးလပိုငယ်တယ်။ အဲ့တာကြောင့် သူမက အစ်မကြီး၊ ကျီလျောင်က မောင်လေးဖြစ်တယ်။ အဲ့လိုဆိုရင် ဟဲ့ချန်းမင်က သူမရဲ့မတ်ကလေးဖြစ်လာတော့မှာပေါ့?
မန်ယောင်ယောင့်ခေါင်းထဲမှာ အတွေးတစ်ခုရုတ်တရက်ပေါ်လာတယ် : နောက်ဆုံးတော့ နတ်ဘုရားလေးက မတ်ကလေးဖြစ်လာခဲ့ပြီ!
သူမအသံထွက်ရယ်လာတော့ ကျီလျောင်သူမကို ကြောင်တောင်တောင်ကြည့်လာတယ်။
“ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး” မန်ယောင်ယောင် လက်ခါပြလိုက်တယ်။
နှစ်ယောက်သား ရပ်ကွက်ထဲက ထွက်လာပြီး ကျီလျောင် တက်စီတားလိုက်တယ်။ သူမကားပေါ်တက်သွားတဲ့ထိ စောင့်ကြည့်ပြီး ပြန်လာလိုက်တယ်။
အိမ်မှာ ရှုအိုက်ဝမ် ပန်းကန်တွေဆေးနေတယ်။ သူမထွက်လာတော့ ကျီလျောင်သူ့ဖုန်းသူ ငုံ့ကြည့်နေတာကို တွေ့လိုက်ရတယ်။ ပြောနေတာတွေကို သူမမြင်မြင် မမြင်မြင်ဂရုမထားတော့တဲ့ပုံနဲ့ လက်လွတ်စပယ်ကြည့်နေတယ်။
ရှုအိုက်ဝမ်လှမ်းကြည့်လိုက်တော့ အလုပ်ကြော်ငြာစာဖြစ်နေတာကို မြင်သွားတယ်။
အခုနှစ်တွေမှာ ကျီလျောင်ကိုကောင်းမွန်တဲ့ဘဝလေး မပေးနိုင်ခဲ့တာကို တွေးမိတော့ သူမဝမ်းနည်းမိတယ်။ ကံကောင်းချင်တော့ ကျီလျောင်က တွေးတောတတ်ပြီး ဘယ်တုန်းကမှပြဿနာမရှာခဲ့ဘူး။ မနေ့ညက လွဲလို့ပေါ့။
“ဒီနှစ် အဲ့လိုလုပ်စရာမလိုတော့ဘူး”
သူမ မန်ယွမ်နဲ့ဆွေးနွေးပြီးသွားပြီ_ နှစ်သစ်ကူးပြီးသွားရင် သူတို့လက်ထပ်မှတ်ပုံတင်လိုက်မယ်။ အဲ့အချိန်ကျရင် သူတို့ပိုက်ဆံအတွက် စိတ်ပူစရာမလိုတော့ဘဲ ကျီလျောင်လည်း သူလိုချင်တာမှန်သမျှဝယ်နိုင်ပြီ။
“သားလုပ်ချင်လို့ပါ” ကျီလျောင် မော့ကြည့်ပြီး ပြောလိုက်တယ်။
ဆောင်းတွင်းပိတ်ရက်တွေမှာလည်း အိမ်မှာဘာမှလုပ်စရာမရှိဘူး။ အဲ့အပြင် နှစ်သစ်ကူးတော့မယ်။ ပြီးခဲ့တဲ့အခေါက်က ဟဲ့ချန်းမင်သူ့ကို ဆွယ်တာလေးတစ်ထည်ဝယ်ပေးထားတော့ အဲ့တုန်းကတည်းက သူမှတ်ထားတာဖြစ်တယ်။ သူလည်းအဲ့သူအတွက် တစ်ခုခုပြန်ဝယ်ပေးချင်ပေမယ့် ပိုက်ဆံကမရှိဘူး။
“သားရဲ့ကျောင်းစာကို မထိခိုက်ပါဘူး” ကျီလျောင်ထပ်ပြောလိုက်တယ်။
သူစိတ်ပိုင်းဖြတ်ပြီးတဲ့ပုံကို မြင်တော့ သူမဘာမှထပ်မပြောတော့ဘူး။ သက်ပြင်းချပြီး အကျီလဲကာ အလုပ်ကိုထွက်လာလိုက်တယ်။ မန်ယွမ်ကို နေ့တစ်ဝက်ပဲခွင့်စာတင်ခိုင်းထားတာဖြစ်တယ်။
မွန်းလွဲချိန် အိမ်မှာတစ်ယောက်မှမရှိတာကြောင့် ကျီလျောင်အိမ်ကထွက်လာလိုက်တယ်။ လမ်းတစ်ဝက်ရောက်တော့ ဟဲ့ချန်းမင်ဖုန်းဆက်လာတာကြောင့် နှစ်ယောက်သား Central Squareမှာဆုံဖို့ အချိန်းအချက်လုပ်လိုက်တယ်။
ကျီလျောင် ကော်ဖီဆိုင်ကိုဝင်ပြီး အချိန်ပိုင်းစားပွဲထိုးလုပ်ဖို့ အင်တာဗျူးသွားဖြေချင်တယ်။
သူအလုပ်လုပ်မယ့်အကြံကို လက်မခံနိုင်ဖြစ်နေတဲ့ ဟဲ့ချန်းမင်က သူ့မှာပိုက်ဆံများပြတ်နေလို့လားလို့ မေးလာတယ်။
ကျီလျောင် မနေနိုင်ဘဲ ပြုံးလိုက်မိတယ် “ဘာလို့လဲ? ငါ့ကိုထောက်ပံ့ပေးချင်လို့လား?”
ဟဲ့ချန်းမင်က “ကျစ်”ခနဲ အသံပြုပြီး သူထောက်ပံ့ပေးနိုင်မလားဆိုတာသိဖို့ ဘယ်လောက်ဆိုတာကို မေးလိုက်တယ်။
“တစ်လကို ငါးသောင်း” ကျီလျောင် ကြုံရာကျပန်းလက်ငါးချောင်းထောင်ပြလိုက်တယ်။
ဟဲ့ချန်းမင် သူ့ကတ်ကိုချက်ချင်းထုတ်ပြီး လက်ထဲထည့်လာတယ်။ “ငါးသောင်း သွားကြမယ်” သူ့လက်ကိုဆွဲပြီး ထွက်သွားဖို့လုပ်တယ်။
တကယ်တော့ သူ့ကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိမယ်ဆိုတာ မသေချာဘူး။ ကျောင်မေးလန်က လတိုင်းမုန့်ဖိုးဆိုပြီး ငါးသောင်းပေးလေ့ရှိတယ်။ တရုတ်နှစ်ကူးတုန်းကလည်း အမျိုးတွေဆီကရတဲ့ စာအိတ်နှီတွေနဲ့ဆိုရင် အများကြီးတော့ရှိလောက်မှာပါ…
အလန့်တကြား ကျီလျောင် သူ့ကတ်ကိုပြန်ပေးလိုက်တယ်။ “မင်းတော့ ရူးနေပြီ”
ဒါကဒီတိုင်းပြောလိုက်တာကို တကယ်အတည်ကြီးတွေယူနေတယ်!
ဟဲ့ချန်းမင် သူ့ကိုဖက်လိုက်ပြီး ပင်ပန်းကြီးစွာလုပ်နေရတာကို မမြင်ရက်သလို သူ့ကိုလည်းနှစ်သိမ့်ပေးချင်တာဖြစ်တယ်။
ဒီမနက်ရှုအိုက်ဝမ်ရဲ့ သူ့ကို အင်မတန်ရွံရှာနေတဲ့အမူအယာက သူ့နှလုံးသားကိုတောင် ခိုက်ခိုက်တုန်သွားစေတယ်။ ရှုအိုက်ဝမ်က ဖိအားပေးပြီး ကျီလျောင့်ကို သူနဲ့လမ်းခွဲခိုင်းမှာကို သူကြောက်တာကြောင့် ဒီကောင်လေးကိုစိတ်ကျေနပ်အောင် အကောင်းဆုံးကြိုးစားပေးနေတာဖြစ်တယ်။
“မင်းပဲသိမ်းထားလိုက်ပါကွာ ဇနီးသည်ကို ပိုက်ဆံအပ်ရမှာပဲလေ” အဲ့တာကလည်း အကြံအစည်တစ်စိတ်တစ်ပိုင်းဖြစ်တယ်၊ သူ့ပိုက်ဆံကို လွှဲပေးထားပြီး နောက်ပိုင်းသဘောထားကွဲလွဲတာတွေဖြစ်လာရင်တောင်မှ အလွယ်တကူကွဲမှာမဟုတ်ဘူး။
သူ့ရည်ရွယ်ချက်ကို မမြင်နိုင်ဘဲ ကျီလျောင်ကတော့ ရှက်ပဲရှက်နေမိတယ်။ ဘာကိုဇနီးသည်လဲ? ဘာပဲဖြစ်ဖြစ် သူလက်မခံနိုင်တာကြောင့် ပြောလိုက်တယ် “ငါမင်းပိုက်ဆံတွေကို မထိန်းသိမ်းနိုင်ဘူး”
“အဲ့တာဆိုလည်း မင်းဘာကို ထိန်းနိုင်လဲ? ကိုယ့်ကိုထိန်းနိုင်လား?” ဟဲ့ချန်းမင် ခေါင်းကိုစောင်းပြီး ကောင်လေးကို မနေနိုင်စွာစနောက်နေမိတယ်။ “ကိုယ့်ကို ထိန်းရတာအရမ်းလွယ်တာနော် တကယ်ပြောတာ… မင်းဘာပဲပြောပြော ကိုယ်ကအမြဲနားထောင်မှာ”
သူရှိုက်ထုတ်လိုက်တဲ့ လေငွေ့တွေက ကျီလျောင်နား,နားကနေ နွေးထွေးစွာ ဖြတ်တိုက်သွားတယ်။
တဖက်ကောင်လေးက အမြဲတမ်းသူ့ကိုစနောက်နေတာကြောင့် ကျီလျောင်နည်းနည်းစိတ်ဆိုးလာတယ်။ အဲ့တာကြောင့် ခေါင်းကိုလှည့်ပြီး ဟဲ့ချန်းမင် ပါးကိုကိုက်ချလိုက်တယ်။
အားမနည်းမများနဲ့ ကိုက်လိုက်ပြီး တစ်ဖက်လူဆီက ရှုးခနဲအသံကြားလိုက်ရမှ လွှတ်ပေးလိုက်တယ်။
သွားရာဖျော့ဖျော့လေးက တဖက်ကောင်လေးရဲ့မျက်နှာပေါ်မှာပေါ်လာတယ်။
“ဘေဘီ မင်းလေးတော်တော်ဆိုးနေပါလား” ဒေါသထွက်ရမယ့်အစား ဟဲ့ချန်းမင်အံ့သြပြီး ကျေနပ်သွားတယ်။ သူနှုတ်ခမ်းသူလက်ညှိုးထိုးပြပြီး “နောက်တစ်ခါကျရင် ဒီနေရာကို ကိုက်ဖို့သတိရနေပေး”
“အရှက်မရှိလိုက်တာ” ကျီလျောင်သူ့ကိုကန်ပြီး အချိန်ကိုကြည့်လိုက်တယ်။ သူထပ်ပြီးအချိန်ဖြုန်းနေရင် အင်တာဗျူးနောက်ကျတော့မယ်။
သူထိုကောင်လေးကိုဆွဲပြီး ရှေ့ကိုအမြန်လျှောက်တော့တယ်။ ဟဲ့ချန်းမင်လည်း သူ့ကိုမရုန်းဖယ်ရက်တာကြောင့် နောက်ကသာလိုက်လာတယ်။
ကော်ဖီဆိုင်မန်နေဂျာက ကြည့်ကောင်းတဲ့တစ်ယောက်နဲ့ ချစ်စရာကောင်းတဲ့တစ်ယောက်၊ သူတို့နှစ်ယောက်ကို မြင်တဲ့အချိန်မှာ အကဲဖြတ်တာတွေတောင် လုပ်မနေတော့ဘဲ လက်ခံလိုက်ဖို့ဆုံးဖြတ်လိုက်ပေမယ့် သူတို့ကအရွယ်မရောက်သေးတဲ့ကလေးတွေဖြစ်နေတာကြောင့် မိဘအုပ်ထိန်းသူရဲ့ထောက်ခံချက်ကိုလိုသေးတယ်။
ကျီလျောင်အမြန်ပြောလိုက်တယ် “ကျွန်တော်တစ်ယောက်တည်း လျှောက်မှာပါ၊ သူကဒီတိုင်း ကျွန်တော်နဲ့လိုက်လာပေးတာ”
မန်နေဂျာရဲ့မျက်နှာမှာ စိတ်ပျက်သွားတဲ့အမူအယာပေါ်ထွက်လာတယ်။
အခြေအနေကို မြင်တော့ ဟဲ့ချန်းမင်အခွင့်ကောင်းယူပြီး ဝင်ပြောလိုက်တယ် “ငါလည်း မလျှောက်ဘူးလို့ မင်းကိုဘယ်သူပြောလဲ?”
မန်နေဂျာရဲ့မျက်လုံးတွေ အရောင်တောက်သွားတယ်။ အရပ်ရှည်ရှည်နဲ့တစ်ယောက်ရဲ့ ဆွဲဆောင်မှုမျိုးနဲ့ဆိုရင် မိန်းကလေးဧည့်သည်တွေ အများကြီးရောက်လာတော့မယ်ဆိုတာ သူသိနေတယ်။
“မိသားစုထောက်ခံချက် ဟုတ်တယ်မှတ်လား? ကိစ္စမရှိဘူး” ဟဲ့ချန်းမင် ပြန်ဖြေလိုက်တယ်။ သူ့အမေ ကျောင်မေးလန်မသိအောင် ဖုံးကွယ်ပြီး ဟဲ့မူရှန်းရဲ့လက်မှတ်ကို ယူဖို့ကြံထားတယ်။
သူတို့အလုပ်စလုပ်ရမယ့်အချိန်ကို သတ်မှတ်ပြီးနောက် သူတို့ကော်ဖီဆိုင်က ထွက်လာလိုက်တယ်။ ကျီလျောင်မေးလိုက်တယ် “မင်းဘာလို့ သဘောတူလိုက်တာလဲ?” ပြီးတော့ သူလည်းငွေလိုနေတာမှမဟုတ်တာ…
ပြုံးစစနှုတ်ခမ်းအစုံနဲ့ ဟဲ့ချန်းမင် သူ့ကိုရှင်းပြလိုက်တယ် “မင်းဒီမှာအလုပ်လုပ်တယ်ဆိုတည်းက ကိုယ်လာပြီးတော့ နေ့တိုင်းတွေ့ရမှာပဲလေ ဟုတ်တယ်မှတ်လား? ပြီးတော့ ကော်ဖီသောက်ဖို့အတွက်လည်း ပိုက်ဆံကုန်ရအုံးမယ်… မဟုတ်ရင် ထိုင်လို့ရမှာမဟုတ်ဘူးလေ”
“ကိုယ်တို့အတူလုပ်ဖြစ်ရင်တော့ ကိစ္စမရှိတော့ဘူး၊ ကိုယ်ပိုက်ဆံခြွေတာမိရုံတင်မကဘူး ပိုက်ဆံတောင်ရအုံးမှာ.. တန်တယ်မှတ်လား?” စိတ်ထဲမှာဘယ်လိုနေလဲမသိတဲ့ ကျီလျောင့်ကို သူပြုံးပြလိုက်တယ်။
မနေ့ကဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်း ရှုအိုက်ဝမ်ကသေချာပေါက် ကျီလျောင့်ကိုပိုပြီးတင်းကျပ်တော့မှာ။ ဆောင်းတွင်းအားလပ်ရက်အလုပ်ဝင်လုပ်တာနဲ့ပါဆိုရင် ဟဲ့ချန်းမင်နဲ့တွေ့ဖို့ကိုလည်း ပိတ်ပင်လာတော့မယ်။ သူ့ဘေးနားမှာတောက်လျှောက်နေနိုင်ဖို့ဆိုရင် ဒါပေါ့ ဒါကအကောင်းဆုံးအချိန်ပဲ။
“ကောင်းပါပြီဗျာ” သူအမြန်ပြန်ဖြေလိုက်တယ်။
ဟဲ့ချန်းမင်ရင်ထဲထိ ချိုမြိန်သွားတာကြောင့် ကောင်လေးရဲ့မျက်နှာကို နမ်းလိုက်တယ်။ “လိမ္မာတယ်ကောင်လေး”
ထိုအချိန်မှာ ကျီလျောင်ဖုန်းမြည်လာတယ်။ ကြည့်လိုက်တော့ ရှုအိုက်ဝမ်ဖြစ်နေတယ်။
သူ ဟဲ့ချန်းမင်ကို တိတ်တိတ်နေဖို့ခြေဟန်လက်ဟန်ပြပြီး ဖုန်းကိုင်လိုက်တယ်။ ရှုအိုက်ဝမ်က သူဘယ်ရောက်နေလဲဆိုတာမေးတော့ သူအင်တာဗျူးဖြေဖို့ထွက်လာတာဖြစ်ပြီး အခုအိမ်ပြန်လာတဲ့လမ်းမှာလို့ အမှန်တိုင်းဖြေလိုက်တယ်။
ဖုန်းချပြီး ကျီလျောင်လည်း သက်ပြင်းချလိုက်တယ်။ လှည့်လိုက်တော့ တစ်စံတစ်ယောက်ရဲ့ရင်ဘတ်နဲ့ ဝင်တိုက်မိသွားတယ်။ ချက်ချင်းဆိုသလို ဟဲ့ချန်းမင် သူ့ကိုမေးလိုက်တယ် “နာသွားလား?”
ကျီလျောင်နှာခေါင်းလေးကို ပွတ်ပြီး အောင့်ခံကာပြန်ဖြေလိုက်တယ် “ရပါတယ်”
ဒီလောက်နီသွားတာကို ဘယ်လိုလုပ်အဆင်ပြေမှာလဲ?!
သူကဒီနေ့ သံမှိုကပ်ထားတဲ့အိတ်ကပ်အကြီးနှစ်ခုပါတဲ့ ကာဂိုဂျာကင်ကို ဝတ်လာတာဖြစ်ပြီး ကျီလျောင်ကသံမှိုကို တိုက်မိတာဖြစ်တယ်။
ဟဲ့ချန်းမင် သူ့ကိုယ်သူအပြစ်တင်ပြီး ချက်ချင်းပဲချွတ်ပစ်လိုက်တယ်။ ဒီအမှိုက်ထုတ်ကတော့!
ကျီလျောင်သူ့ကိုတားလိုက်တယ်။ “ဘာတွေလုပ်နေတာလဲ? အအေးထပ်မမိစေနဲ့လေ” [T/N : အေး.. လမ်းမကြီးမှာ ခွေးစာတွေကျွေးနေလိုက်]
အေးတာကို ဒီလောက်ကြောက်တာကိုတောင်မှ ဘာကိုကြွားလုံးထုတ်ဖို့ကြိုးစားနေတာလဲ?
ထိုကောင်လေးမရပ်တာကို မြင်တော့ ကျီလျောင်ဒေါသတကြီးပြောလိုက်တယ် “မင်း ငါ့စကားနားထောင်မှာလား နားမထောင်ဘူးလား?”
ဟဲ့ချန်းမင်ရပ်သွားပြီး သူ့ရဲ့နီနေတဲ့နှာခေါင်းကို ပွတ်ကာပြောလိုက်တယ် “နားထောင်မယ်” [T/N : ကိုယ့်စကားနဲ့ကိုယ် ခံစမ်း]
_____
Thanks 😉