{Zawgyi}
•အဓိပၸါယ္မရွိမႈေပါင္းတစ္သိန္း•
ထိုညမွာ က်ီေလ်ာင္ သူ႔သူငယ္ခ်င္းေတြတင္ထားတာေတြကို အထက္ေအာက္ေ႐ြ႕ၿပီးၾကည့္ေနတုန္း လင္က်န္းရဲ႕statusကိုျမင္သြားတယ္ : ‘Fuck! ေခြး႐ူးတစ္ေကာင္ ကိုက္တာခံရျပန္ၿပီ!! ဒီေသာက္ဘဝႀကီးကေတာ့!!’
တွဲထားတဲ့ပုံမှာ ရက်စက်တဲ့ခွေးတစ်ကောင်က တစ်စုံတစ်ယောက်လည်ပင်းကိုက်ခဲနေတဲ့ပုံဖြစ်တယ်။
က်ီေလ်ာင္ရယ္ေနတုန္း ကုမင္းယန္ဝင္ၿပီးမန႔္ထားတာကို သတိျပဳမိလိုက္တယ္။ အဲ့မွာ သူတစ္လုံးထဲဝင္ေရးထားတယ္ : ‘ဝုတ္’ တဲ့
???
ဒီသမာ႐ိုးက်မဟုတ္တဲ့ ေခြးစာကဘာလား?!
ဖရဲသီးစားေနရသလိုစိတ္က သူ႔အလိုလိုေပၚလာေတာ့ က်ီေလ်ာင္ လင္က်န္းကို likeတစ္ခ်က္ေပးၿပီး WeChatထဲကေန ထြက္လာလိုက္တယ္။
အဂၤလိပ္ေဝါဟာရတခ်ိဳ႕မွတ္သားေနတုန္း ရႈအိုက္ဝမ္က တံခါးေခါက္ဝင္လာတယ္။ ခုတေလာသူမရဲ႕သားေလးက အရမ္းႀကိဳးစားေနတာကိုျမင္ေတာ့ သိပ္ၿပီးေက်နပ္ေနတယ္။ ႏြားႏို႔ေႏြးေႏြးကို ေဘးနားခ်ၿပီး ညဥ့္နက္တဲ့ထိေနမေနဘဲ က်န္းမာေရးလည္းဂ႐ုစိုက္ဖို႔မွာလိုက္တယ္။
က်ီေလ်ာင္ေခါင္းၿငိတ္ျပေတာ့ ရႈအိုက္ဝမ္လည္း ျပန္ထြက္သြားေတာ့မယ္အခ်ိန္မွာ ေျပာစရာရွိေနေသးတာကိုသတိရသြားတယ္။ ျပန္လွည့္လာၿပီး ေမးလိုက္တယ္။ “တ်န္းတ်န္း၊ သားစာေမးပြဲေတြၿပီးလို႔ ေနာက္တစ္ပတ္မွာ ဦးေလးမန္နဲ႔ေန႔လည္စာၾကရင္ ဘယ္လိုလဲ?”
က်ီေလ်ာင္ေတာင့္ခဲသြားေပမယ့္ သေဘာတူလိုက္တယ္ “ရပါတယ္”
ရႈအိုက္ဝမ္သက္ျပင္းခ်ၿပီး ၿပဳံးလိုက္တယ္ “အဲ့တာဆိုရင္လည္း သားစာလုပ္ေနတာကို အေမမေႏွာင့္ယွက္ေတာ့ဘူး” ေျပာဆိုၿပီး တံခါးဖြင့္ကာ ထြက္သြားတယ္။
ဖိုင္နယ္စာေမးပြဲကို ႏွစ္ရက္ခြဲေျဖရတယ္ : ပထမရက္မွာ အဂၤလိပ္စာနဲ႔ သခ်ာျဖၤစ္ၿပီး ဒုတိယရက္မွာ စာေပဒါမွမဟုတ္ သိပၸံကိုေျဖရတယ္။
ယုက်င္းက ပန္းခ်ီသင္ယူဖို႔ တစ္လေလာက္ထြက္သြားရတာေၾကာင့္ စာေမးပြဲအတြက္ျပန္လာရေတာ့ အရမ္းစိတ္လႈပ္ရွားေနတယ္။ သူအတန္းထဲအေစာႀကီးေရာက္ေနၿပီး က်ီေလ်ာင့္ကိုေစာင့္ေနကာ သူ႔ကိုလည္းေတြ႕ေရာ အျမန္ေျပးသြားၿပီးဖက္လိုက္တယ္ “ဘရားသားရာ ငါမင္းကိုအရမ္းလြမ္းေနတာ!”
သူ႔ရဲ႕႐ုတ္တရက္ႀကီးစိတ္တက္ႂကြေနတဲ့ပုံေၾကာင့္ က်ီေလ်ာင္တုန္တက္သြားေပမယ့္ မေနႏိုင္ဘဲၿပဳံးမိတယ္။ သူ႔ကိုအသိအမွတ္ျပဳသလိုေက်ာေလးပုတ္ၿပီး ေျပာလိုက္တယ္ “အရမ္းခ်ဲ႕ကားေနတာမဟုတ္ဘူးလား?”
ယုက်င္း သူ႔ကိုလႊတ္ေပးလိုက္ၿပီး သနားစဖြယ္အမူအယာေလးလုပ္ျပတယ္။ သူက်ီေလ်ာင့္ကို မေက်မနပ္ေျပာလာတယ္ “ပန္းခ်ီသင္တန္အခန္းႀကီးက ဘယ္ေလာက္ေတာင္ပ်င္းစရာေကာင္းလဲသိရဲ႕လား? ငါ့မွာေလ အတုံးႀကီးေတြကို ဆြဲရတာမဟုတ္ရင္ ပန္းသီးေတြခ်ည္းပဲဆြဲရတာ… ပုံဆြဲရတာ ေသေအာင္ပ်င္းဖို႔ေကာင္းတယ္”
က်ီေလ်ာင္ နားေထာင္ေနရင္း ေက်ာပိုးအိတ္ခ်ကာ သူ႔ကိုႏွစ္သိမ့္ေပးလိုက္တယ္ “မင္းကအခုမွအစပဲရွိေသးတယ္ေလ၊ ေနာက္ဆိုရင္ တျခားဟာေတြဆြဲရမွာေပါ့”
ဒီစကားေၾကာင့္ ယုက်င္းပိုၿပီးေတာင္ စိတ္ပ်က္လက္ပ်က္ျဖစ္သြားတယ္။ သူလက္ရွိမွာ ဒုတိယႏွစ္ျဖစ္ၿပီး သင္႐ိုးေတြက အေတာ္ေလးေႏွးတယ္။ သူၾကားမိတာေတာ့ သူတို႔ေဘးခန္းကတတိယႏွစ္မွာဆိုရင္ သင္႐ိုးေတြကအေတာ္ေလးျမန္ၿပီး ဝတ္လစ္စလစ္ေမာ္ဒယ္ေတြကိုေတာင္ ဆြဲေနရၿပီတဲ့!
အစကေတာ့ သူအရမ္းေပ်ာ္သြားတာေပါ့… ဝတ္လစ္စလစ္ေမာ္ဒယ္ေတြေလ! အဲ့ကိုအျမန္ေျပးသြားၿပီး တခ်က္ေလာက္ေခ်ာင္းၾကည့္ခဲ့တယ္၊ ေတြးမိလိုက္တာက အဲ့တာမိန္းကေလးမဟုတ္ဘူးဆိုရင္ေတာင္ ၾကည့္ေကာင္းတဲ့အမ်ိဳးသားတစ္ေယာက္ျဖစ္သင့္တာေပါ့ ဟုတ္တယ္မွတ္လား?! တကယ္တမ္းက်ေတာ့ လူအိုႀကီးတစ္ေယာက္ျဖစ္ေနတယ္ Fuck!
အဲ့တာႀကီးေၾကာင့္ သူ႔မ်က္လုံးေတာင္သူေဖာက္ထုတ္ၿပီး ပန္းခ်ီအထူးျပဳခဲ့တာကိုေတာင္ လက္ေလ်ာ့ခ်င္သြားတယ္။
“ငါထပ္ေျပာျပရရင္ ငါငိုခ်မိလိမ့္မယ္” ယုက်င္းမ်က္ႏွာကိုအုပ္ၿပီး ငိုေတာ့မလိုျဖစ္ေနတယ္။
သူေျပာတာေတြကိုၾကားေတာ့ က်ီေလ်ာင္ရယ္ေမာကာ ေနာက္ေျပာင္က်ီစယ္ေတာ့တယ္ “လူအိုႀကီးတစ္ေယာက္ဆိုတာ လူအိုမႀကီးတစ္ေယာက္ထက္စာရင္ေတာ့ ေတာ္ပါေသးတယ္ကြာ… ဘယ္လိုမ်ိဳးစိတ္ေက်နပ္ေအာင္ေနထိုင္သင့္တယ္ဆိုတာ မင္းလည္းသင္ယူသင့္တယ္”
ယုက်င္း သူ႔ကိုရင္နာစြာၾကည့္လာတယ္ “မင္းေျပာင္းလဲသြားၿပီ က်ီေလ်ာင္၊ ငါ့ရဲ႕ခ်စ္စရာေကာင္းၿပီး ၾကင္နာတတ္တဲ့တ်န္းတ်န္းေလး အျမန္ျပန္ေပး!”
ေျပာရင္းဆိုရင္း က်ီေလ်ာင့္ပုခုံးကိုဖိခ်ကာ အားႀကီးနဲ႔ ကိုင္လႈပ္ေနေတာ့တယ္။
သူလႈပ္ေနတာေၾကာင့္ က်ီေလ်ာင္မူးေဝလာၿပီး သူ႔ကိုရပ္လိုက္ဖို႔အျမန္ေျပာလိုက္တယ္ “အင္းပါ အင္းပါ၊ ငါ့ကိုဆြဲခါမေနနဲ႔ေတာ့… ၿပီးရင္ငါစာေမးပြဲေျဖရအုံးမွာ”
ေနာက္ဆုံးပိတ္မွာ သတိေပးလိုက္တယ္ “ငါ့ကိုတ်န္းတ်န္းလို႔မေခၚနဲ႔!”
အရင္တုန္းကသူတို႔ႏွစ္ေယာက္က တစ္ရပ္ကြက္တည္းသားေတြျဖစ္တယ္။ ရႈအိုက္ဝမ္က မၾကာခဏသူ႔ရဲ႕အိမ္ေခၚနာမည္ကို ေခၚေလ့ရွိတယ္။ ယုက်င္းသိသြားတဲ့အခါ အဲ့တာနဲ႔ပဲေတာက္ေလွ်ာက္စေနၿပီး ေျပာေသးတယ္ သူသာမိန္းကေလးတစ္ေယာက္ဆိုရင္ “တ်န္းတ်န္း”ဆိုတဲ့နာမည္က ႏူးညံ့ခ်ိဳသာတာေၾကာင့္ ဇနီးေလးတစ္ေယာက္အျဖစ္အရမ္းသင့္ေတာ္တယ္တဲ့။
သူတို႔ႀကီးလာတဲ့အခါ အဲ့လိုေခၚရင္ က်ီေလ်ာင္ ေဒါသထြက္တတ္လာတာေၾကာင့္ သူလည္းအဲ့တာကို တျဖည္းျဖည္းမစျဖစ္ေတာ့တယ္။
“သိပါတယ္ကြာ” ယုက်င္း ႏႈတ္ခမ္းေတြ ေကြးၫႊတ္သြားတယ္။
ေလထုကျပန္ၿပီးတည္ၿငိမ္သြားတယ္။ သူ႔ေရွ႕ကေကာင္ေလးကိုၾကည့္ၿပီး ဂနာမၿငိမ္ျဖစ္ေနတဲ့ႏွလုံးသားက ေႏွးေကြးၿပီးတည္ၿငိမ္သြားတယ္။ စတူဒီယိုထဲမွာ သူေအာင့္အီးမေနႏိုင္ေတာ့တဲ့အခ်ိန္ေတြ အမ်ားႀကီးရွိခဲ့ေပမယ့္ က်ီေလ်ာင့္ကိုေတြးမိတိုင္း စိတ္ကိုျပန္ထိန္းၿပီး ေနာက္တစ္ႀကိမ္ျပန္ႀကိဳးစားခဲ့တယ္။
အရင္တုန္းက ဒီေကာင္ေလးကို သူ႔ရဲ႕အေကာင္းဆုံးသူငယ္ခ်င္လို႔ ေတြးခဲ့ေပမယ့္ သူတို႔ကြဲကြာၿပီးေနာက္ သူ႔ဘဝထဲမွာ က်ီေလ်ာင္ကဘယ္ေလာက္ေတာင္အေရးပါသလဲဆိုတာ သတိထားမိသြားၿပီး ဒီေကာင္ေလးက သူ႔အတြက္ သူငယ္ခ်င္းတစ္ေယာက္သက္သက္မဟုတ္တာျဖစ္ႏိုင္တယ္…
စာေမးပြဲေျဖၿပီးေတာ့ သူတို႔ႏွစ္ေယာက္သားမလုပ္ရတာၾကာၿပီျဖစ္တဲ့ ငါးသြားစားၾကမလားလို႔ ယုက်င္း က်ီေလ်ာင့္ကိုေမးလိုက္တယ္။
က်ီေလ်ာင္လည္း သေဘာတူလိုက္ၿပီး ဟဲ့ခ်န္းမင္ကို သတင္းပို႔ၿပီးေနာက္ ေက်ာင္းကေနထြက္လာၾကတယ္။
သူတို႔ေတြမၾကာခဏဆိုသလို ငါးဆိုင္တစ္ခုကိုပဲ သတ္သတ္မွတ္မွတ္သြားျဖစ္တယ္။ ယုက်င္းက ေအးေအးလူလူဦးေဆာင္ေခၚလာၿပီး ထိုင္ခုံရွာလိုက္တယ္။
က်ီေလ်ာင္က သူတို႔ႏွစ္ေယာက္အတြက္မွာလိုက္ၿပီး ခဏေလာက္စကားစျမည္ေျပာေနၾကတယ္။ ယုက်င္းသူ႔ကိုေမးလိုက္တယ္ “ဒီေဆာင္းတြင္းပိတ္ရက္ေတြမွာ မင္းဘာလုပ္မွာလဲ?”
က်ီေလ်ာင္က “ငါယာယီအလုပ္အကိုင္ေလးတစ္ခုေလာက္ ရွာရမယ္”
ရႈအိုက္ဝမ္ရဲ႕ ဝန္ထုတ္ဝန္ပိုးကို ေလ်ာ့သြားေစဖို႔ ပုံမွန္ဆိုရင္ ေဆာင္းရာသီနဲ႔ ေႏြရာသီပိတ္ရက္ေတြမွာ အလုပ္လုပ္ေလ့ရွိတယ္။
ယုက်င္းဝမ္းနည္းသြားတယ္ “ဆိုးလိုက္တာ၊ ဒီႏွစ္ေတာ့ မင္းနဲ႔အေဖာ္လိုက္မလုပ္ေပးႏိုင္ေတာ့ဘူး”
အရင္ႏွစ္ေတြတုန္းက က်ီေလ်ာင္နဲ႔အၿမဲလိုက္ေပးေနက်ျဖစ္တယ္။
“မင္းရဲ႕လူအိုႀကီးေတြရဲ႕ဝတ္လစ္စလစ္ပုံဆြဲတာကိုပဲ အာ႐ုံစိုက္စမ္းပါ” က်ီေလ်ာင္သူ႔ကို ေလွာင္ေနလိုက္တယ္။ တကယ္ေတာ့ သူ႔ကိုအၿမဲတမ္းကူညီေပးၿပီး သူ႔ရဲ႕စိုးရိမ္မႈေတြကိုသက္သာေစကာ သူ႔ဆီကေန ဘယ္ေတာ့မွမထြက္သြားတတ္တဲ့ ယုက်င္းကို အရမ္းေက်းဇူးတင္မိတယ္။
“အာ က်ီေလ်ာင္၊ မင္းတစ္ေယာက္ေယာက္ရဲ႕မေကာင္းတဲ့ၾသဇာလႊမ္းမိုးမႈ ခံေနရတာလား? ဘယ္လိုျဖစ္ၿပီး မင္းရဲ႕လွ်ာက အရမ္းအဆိပ္ျပင္းေနရတာလဲ?!” ယုက်င္းေအာ္လိုက္တယ္။
က်ီေလ်ာင္လည္း ရယ္ေမာၿပီး သူ႔ဘာသာေတြမိတယ္၊ သူ႔အေပၚကိုမေကာင္းတဲ့ၾသဇာလႊမ္းမိုးေနတာ ဟဲ့ခ်န္းမင္ပဲျဖစ္လိမ့္မယ္။
ဒါေပမယ့္ သူအခုလိုျဖစ္ေနတာမ်ိဳးကို သူ႔ဘာသာသေဘာက်ေနမိတယ္ _ စိတ္ဝင္စားစရာမေကာင္း၊ သူရဲေဘာေၾကာင္ၿပီး ႏႈတ္ဆိတ္ေနတတ္တဲ့သူ မဟုတ္ေတာ့ဘူး။
သူတို႔စားေသာက္ၿပီးေတာ့ ကားမွတ္တိုင္ကိုသြားၿပီး ဘတ္စ္ကားေစာင့္ေနလိုက္တယ္။ ေလေအးေတြ တိုက္ခတ္သြားေတာ့ သူတို႔ခိုက္ခိုက္တုန္ေအာင္ေအးသြားတယ္။
ယုက်င္းက တိတ္တဆိတ္ က်ီေလ်ာင့္ေရွ႕ကိုလာၿပီး ေလကာေပးလိုက္ေပမယ့္ က်ီေလ်ာင္သတိမထားမိဘူး။ သူကေခါင္းငုံ႔ၿပီး သူအိမ္ျပန္ေနၿပီဆိုတဲ့အေၾကာင္း ဟဲ့ခ်န္းမင္ကို စာတစ္ေစာင္ပို႔ေနတယ္။
ဘတ္စ္ကားက မၾကာခင္ေရာက္ရွိလာၿပီး က်ီေလ်ာင္အရင္ျပန္လာလိုက္တယ္။ သူကားေပၚကဆင္းေတာ့ ဟဲ့ခ်န္းမင္သူ႔ကိုေစာင့္ေနတာေတြ႕လိုက္ရတယ္။
သူဖြဖြေလးေျပးလာၿပီး ပါးစပ္ထဲကအာေငြ႕ေလးေတြလည္း ထြက္ေနတာ သူ႔ရဲ႕ၿပဳံးရယ္ေနသလိုမ်က္လုံးေလးေတြက သူမတူေအာင္လွပလြန္းတယ္။
ဟဲ့ခ်န္းမင္ သူ႔အိတ္ကပ္ထဲကေႏြးေနတဲ့လက္ေတြကိုထုတ္ၿပီး က်ီေလ်ာင့္မ်က္ႏွာေလးလက္ခုပ္ေလးနဲ႔ကိုင္ကာ ေခါင္းၫႊတ္ၿပီးေမးလိုက္တယ္ “ေအးေနလား?”
က်ီေလ်ာင္က ေပါ့ေပါ့ပါးပါးအသံနဲ႔ျပန္ေျပာတယ္ “ရပါတယ္”
အဲ့ေနာက္ ထပ္ေျပာလိုက္ေသးတယ္ “မလာပါနဲ႔လို႔ ေျပာထားတယ္မွတ္လား? ငါတို႔မနက္ျဖန္လည္း စာေမးပြဲရွိေနတာကို”
ေကာင္ေလးရဲ႕ေအးေနတဲ့မ်က္ႏွာေလးကို ေႏြးသြားေအာင္လုပ္ေပးၿပီးေနာက္ သူ႔လက္ေတြကိုျပန္႐ုတ္လိုက္တယ္။ သူ႔ေဘးနားကေကာင္ေလးရဲ႕လက္ကိုေျပာင္းကိုင္ၿပီး ေျပာလာတယ္ “ကိုယ္မင္းကိုစိုးရိမ္လို႔ေလ.. မင္းေလးကိုအတင္းအဓမၼေခၚသြားၾကမွာ ေၾကာက္လို႔”
က်ီေလ်ာင္မ်က္လုံးလွည့္ကာ ေပ်ာ့ေျပာင္းစြာ႐ြတ္လိုက္တယ္ “အဓိပၸါယ္မရွိမႈေပါင္းတစ္သိန္းနဲ႔”
“ဟမ္?” ဟဲ့ခ်န္းမင္က အရမ္းနားပါးတာေၾကာင့္ ေရွ႕ကိုေျခတစ္လွမ္းလွမ္းကာ ပိတ္ရပ္လိုက္တယ္ “မင္းဘာေျပာလိုက္တယ္?”
က်ီေလ်ာင္ေနာက္လွမ္းၿပီး ထြက္ေျပးခ်င္ေပမယ့္ သူ႔ေရွ႕ကလူရဲ႕လက္အရွည္ႀကီးတစ္ေခ်ာင္းက သူ႔ကိုဆြဲၿပီး ေပြ႕ဖက္လိုက္တယ္။ သူကယားတတ္တဲ့သူျဖစ္တာၿပီး တစ္ဖက္ေကာင္ေလးရဲ႕လက္ကလည္း သူ႔ရဲ႕ဗိုက္ေပၚထိေရာက္ေနတယ္။ သူတခစ္ခစ္ရယ္ေမာမိေနၿပီး သူ႔ရယ္ေမာသံေလးက သာယာၾကည္ႏူးစရာေကာင္းလွတယ္။
“ေဘဘီ.. ဘယ္သူက အဓိပၸါယ္မရွိမႈေပါင္းတစ္သိန္းလဲ?” ဟဲ့ခ်န္းမင္ သူ႔နားကိုဖြဖြေလးကိုက္လိုက္တယ္။
က်ီေလ်ာင္ ရွက္ကိုးရွက္ကန္းနဲ႔႐ုန္းကန္ဖို႔ႀကိဳးစားေနရင္း ျပန္ေျပာလိုက္တယ္ “မင္းေလ.. အဲ့တာမင္းကိုေျပာတာ!”
သူ႔စိတ္ထဲမွာေပၚလာတဲ့ ထုတ္ေျပာလို႔မရတဲ့ပုံရိပ္တခ်ိဳ႕ေၾကာင့္ ဟဲ့ခ်န္းမင္တံေတြးၿမိဳခ်မိလိုက္တယ္။
အရင္တုန္းကက်ီေလ်ာင္က ခြတီးခြက်နဲ႔ ခ်စ္ဖို႔ေကာင္းတာေၾကာင့္ အဲ့ေကာင္ေလးကို နမ္းရႈံၿပီး အႏိုင္က်င့္ခ်င္မိတယ္။ ဒါေပမယ့္ လက္ရွိက်ီေလ်ာင္က တက္တက္ႂကြႂကြနဲ႔ ဟာသဉာဏ္႐ႊင္လာတာေၾကာင့္ ဒီေကာင္ေလးကို ဖိခ်ၿပီး fuckပစ္လိုက္ခ်င္တယ္။ [T/N : ဒီအဖြားႀကီးေတာင္ ရင္ေတြတုန္သြားတယ္]
“ကိုယ္မင္းကို မၾကာခင္စားပစ္ေတာ့မွာ!” လို႔ေျပာၿပီး က်ီေလ်ာင့္ႏႈတ္ခမ္းေတြကို ငုံၿပီး ေနာက္ကိုတြန္းကာ လမ္းေလးကနံရံနဲ႔ဖိကပ္ပစ္လိုက္တယ္။
က်ီေလ်ာင့္ႏႈတ္ခမ္းေတြေကြးၫႊတ္သြားၿပီးေနာက္ သူ႔ႏႈတ္ခမ္းေတြနဲ႔ စည္းခ်က္က်က်ပူးေပါင္းလိုက္တယ္။
သူတို႔ႏွစ္ေယာက္တြဲလာၿပီးေနာက္ပိုင္း သူတို႔နမ္းတာပိုၿပီးအႀကိမ္ေရစိပ္လာတယ္။ သူလည္း တဖက္လူရဲ႕အ႐ူးအမူးနက္ရႈိင္းစြာစြဲလမ္းမႈနဲ႔ မြတ္သိပ္ေနတဲ့ ပြတ္သပ္မႈေတြကို အသားက်လာၿပီျဖစ္တယ္။
ဟဲ့ခ်န္းမင္ စိတ္မထိန္းႏိုင္ေတာ့ဘဲ က်ီေလ်ာင့္ရဲ႕အက်ီထဲထိလက္ဝင္လာၿပီး သူထိမိလိုက္တဲ့ေနရာတိုင္းက မီးနဲ႔ျမႇိဳက္ေနသလိုမ်ိဳးျဖစ္ေနတယ္။
က်ီေလ်ာင္ကန႔္ကြက္သလိုအသံေလးထြက္လာၿပီး သူ႔လက္ကိုတားလိုက္တယ္။
သူ႔အက်ီၾကယ္သီးေတြက တစ္ဖက္လူျဖဳတ္တာခံထားရတယ္ ဒါေပမယ့္ မတရားေအးလြန္းတယ္ကြ!
ထိုအခ်ိန္ လမ္းမေပၚမွာ ဇိမ္ခံကားတစ္စီးျဖတ္သြားတယ္။ ရႈအိုက္ဝမ္က ျပတင္းေပါက္အျပင္ကိုၾကည့္ေနၿပီး သူမျမင္လိုက္တာက အရပ္ရွည္ရွည္ေကာင္ေလးတစ္ေယာက္ရဲ႕ေနာက္ေက်ာဆိုေပမယ့္ ေအာက္ကဖိနပ္ႏွစ္စုံကို ေတြ႕သြားတယ္။
ေတာက္တစ္ခ်က္ေခါက္ၿပီး အၾကည့္ကိုလႊဲပစ္လိုက္တယ္။
[T/N : မုန္တိုင္း sama is coming soonပါေနာ္]
_______________________________________
{Unicode}
•အဓိပ္ပါယ်မရှိမှုပေါင်းတစ်သိန်း•
ထိုညမှာ ကျီလျောင် သူ့သူငယ်ချင်းတွေတင်ထားတာတွေကို အထက်အောက်ရွေ့ပြီးကြည့်နေတုန်း လင်ကျန်းရဲ့statusကိုမြင်သွားတယ် : ‘Fuck! ခွေးရူးတစ်ကောင် ကိုက်တာခံရပြန်ပြီ!! ဒီသောက်ဘဝကြီးကတော့!!’
တွဲထားတဲ့ပုံက ရက်စက်တဲ့ခွေးတစ်ကောင်ကို တစ်စုံတစ်ယောက်က လည်ပင်းညှစ်နေတဲ့ပုံဖြစ်တယ်။
ကျီလျောင်ရယ်နေတုန်း ကုမင်းယန်ဝင်ပြီးမန့်ထားတာကို သတိပြုမိလိုက်တယ်။ အဲ့မှာ သူတစ်လုံးထဲဝင်ရေးထားတယ် : ‘ဝုတ်’ တဲ့
???
ဒီသမာရိုးကျမဟုတ်တဲ့ ခွေးစာကဘာလား?!
ဖရဲသီးစားနေရသလိုစိတ်က သူ့အလိုလိုပေါ်လာတော့ ကျီလျောင် လင်ကျန်းကို likeတစ်ချက်ပေးပြီး WeChatထဲကနေ ထွက်လာလိုက်တယ်။
အင်္ဂလိပ်ဝေါဟာရတချို့မှတ်သားနေတုန်း ရှုအိုက်ဝမ်က တံခါးခေါက်ဝင်လာတယ်။ ခုတလောသူမရဲ့သားလေးက အရမ်းကြိုးစားနေတာကိုမြင်တော့ သိပ်ပြီးကျေနပ်နေတယ်။ နွားနို့နွေးနွေးကို ဘေးနားချပြီး ညဉ့်နက်တဲ့ထိနေမနေဘဲ ကျန်းမာရေးလည်းဂရုစိုက်ဖို့မှာလိုက်တယ်။
ကျီလျောင်ခေါင်းငြိတ်ပြတော့ ရှုအိုက်ဝမ်လည်း ပြန်ထွက်သွားတော့မယ်အချိန်မှာ ပြောစရာရှိနေသေးတာကိုသတိရသွားတယ်။ ပြန်လှည့်လာပြီး မေးလိုက်တယ်။ “တျန်းတျန်း၊ သားစာမေးပွဲတွေပြီးလို့ နောက်တစ်ပတ်မှာ ဦးလေးမန်နဲ့နေ့လည်စာကြရင် ဘယ်လိုလဲ?”
ကျီလျောင်တောင့်ခဲသွားပေမယ့် သဘောတူလိုက်တယ် “ရပါတယ်”
ရှုအိုက်ဝမ်သက်ပြင်းချပြီး ပြုံးလိုက်တယ် “အဲ့တာဆိုရင်လည်း သားစာလုပ်နေတာကို အမေမနှောင့်ယှက်တော့ဘူး” ပြောဆိုပြီး တံခါးဖွင့်ကာ ထွက်သွားတယ်။
ဖိုင်နယ်စာမေးပွဲကို နှစ်ရက်ခွဲဖြေရတယ် : ပထမရက်မှာ အင်္ဂလိပ်စာနဲ့ သချာြင်္ဖစ်ပြီး ဒုတိယရက်မှာ စာပေဒါမှမဟုတ် သိပ္ပံကိုဖြေရတယ်။
ယုကျင်းက ပန်းချီသင်ယူဖို့ တစ်လလောက်ထွက်သွားရတာကြောင့် စာမေးပွဲအတွက်ပြန်လာရတော့ အရမ်းစိတ်လှုပ်ရှားနေတယ်။ သူအတန်းထဲအစောကြီးရောက်နေပြီး ကျီလျောင့်ကိုစောင့်နေကာ သူ့ကိုလည်းတွေ့ရော အမြန်ပြေးသွားပြီးဖက်လိုက်တယ် “ဘရားသားရာ ငါမင်းကိုအရမ်းလွမ်းနေတာ!”
သူ့ရဲ့ရုတ်တရက်ကြီးစိတ်တက်ကြွနေတဲ့ပုံကြောင့် ကျီလျောင်တုန်တက်သွားပေမယ့် မနေနိုင်ဘဲပြုံးမိတယ်။ သူ့ကိုအသိအမှတ်ပြုသလိုကျောလေးပုတ်ပြီး ပြောလိုက်တယ် “အရမ်းချဲ့ကားနေတာမဟုတ်ဘူးလား?”
ယုကျင်း သူ့ကိုလွှတ်ပေးလိုက်ပြီး သနားစဖွယ်အမူအယာလေးလုပ်ပြတယ်။ သူကျီလျောင့်ကို မကျေမနပ်ပြောလာတယ် “ပန်းချီသင်တန်အခန်းကြီးက ဘယ်လောက်တောင်ပျင်းစရာကောင်းလဲသိရဲ့လား? ငါ့မှာလေ အတုံးကြီးတွေကို ဆွဲရတာမဟုတ်ရင် ပန်းသီးတွေချည်းပဲဆွဲရတာ… ပုံဆွဲရတာ သေအောင်ပျင်းဖို့ကောင်းတယ်”
ကျီလျောင် နားထောင်နေရင်း ကျောပိုးအိတ်ချကာ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ် “မင်းကအခုမှအစပဲရှိသေးတယ်လေ၊ နောက်ဆိုရင် တခြားဟာတွေဆွဲရမှာပေါ့”
ဒီစကားကြောင့် ယုကျင်းပိုပြီးတောင် စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ သူလက်ရှိမှာ ဒုတိယနှစ်ဖြစ်ပြီး သင်ရိုးတွေက အတော်လေးနှေးတယ်။ သူကြားမိတာတော့ သူတို့ဘေးခန်းကတတိယနှစ်မှာဆိုရင် သင်ရိုးတွေကအတော်လေးမြန်ပြီး ဝတ်လစ်စလစ်မော်ဒယ်တွေကိုတောင် ဆွဲနေရပြီတဲ့!
အစကတော့ သူအရမ်းပျော်သွားတာပေါ့… ဝတ်လစ်စလစ်မော်ဒယ်တွေလေ! အဲ့ကိုအမြန်ပြေးသွားပြီး တချက်လောက်ချောင်းကြည့်ခဲ့တယ်၊ တွေးမိလိုက်တာက အဲ့တာမိန်းကလေးမဟုတ်ဘူးဆိုရင်တောင် ကြည့်ကောင်းတဲ့အမျိုးသားတစ်ယောက်ဖြစ်သင့်တာပေါ့ ဟုတ်တယ်မှတ်လား?! တကယ်တမ်းကျတော့ လူအိုကြီးတစ်ယောက်ဖြစ်နေတယ် Fuck!
အဲ့တာကြီးကြောင့် သူ့မျက်လုံးတောင်သူဖောက်ထုတ်ပြီး ပန်းချီအထူးပြုခဲ့တာကိုတောင် လက်လျော့ချင်သွားတယ်။
“ငါထပ်ပြောပြရရင် ငါငိုချမိလိမ့်မယ်” ယုကျင်းမျက်နှာကိုအုပ်ပြီး ငိုတော့မလိုဖြစ်နေတယ်။
သူပြောတာတွေကိုကြားတော့ ကျီလျောင်ရယ်မောကာ နောက်ပြောင်ကျီစယ်တော့တယ် “လူအိုကြီးတစ်ယောက်ဆိုတာ လူအိုမကြီးတစ်ယောက်ထက်စာရင်တော့ တော်ပါသေးတယ်ကွာ… ဘယ်လိုမျိုးစိတ်ကျေနပ်အောင်နေထိုင်သင့်တယ်ဆိုတာ မင်းလည်းသင်ယူသင့်တယ်”
ယုကျင်း သူ့ကိုရင်နာစွာကြည့်လာတယ် “မင်းပြောင်းလဲသွားပြီ ကျီလျောင်၊ ငါ့ရဲ့ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့တျန်းတျန်းလေး အမြန်ပြန်ပေး!”
ပြောရင်းဆိုရင်း ကျီလျောင့်ပုခုံးကိုဖိချကာ အားကြီးနဲ့ ကိုင်လှုပ်နေတော့တယ်။
သူလှုပ်နေတာကြောင့် ကျီလျောင်မူးဝေလာပြီး သူ့ကိုရပ်လိုက်ဖို့အမြန်ပြောလိုက်တယ် “အင်းပါ အင်းပါ၊ ငါ့ကိုဆွဲခါမနေနဲ့တော့… ပြီးရင်ငါစာမေးပွဲဖြေရအုံးမှာ”
နောက်ဆုံးပိတ်မှာ သတိပေးလိုက်တယ် “ငါ့ကိုတျန်းတျန်းလို့မခေါ်နဲ့!”
အရင်တုန်းကသူတို့နှစ်ယောက်က တစ်ရပ်ကွက်တည်းသားတွေဖြစ်တယ်။ ရှုအိုက်ဝမ်က မကြာခဏသူ့ရဲ့အိမ်ခေါ်နာမည်ကို ခေါ်လေ့ရှိတယ်။ ယုကျင်းသိသွားတဲ့အခါ အဲ့တာနဲ့ပဲတောက်လျှောက်စနေပြီး ပြောသေးတယ် သူသာမိန်းကလေးတစ်ယောက်ဆိုရင် “တျန်းတျန်း”ဆိုတဲ့နာမည်က နူးညံ့ချိုသာတာကြောင့် ဇနီးလေးတစ်ယောက်အဖြစ်အရမ်းသင့်တော်တယ်တဲ့။
သူတို့ကြီးလာတဲ့အခါ အဲ့လိုခေါ်ရင် ကျီလျောင် ဒေါသထွက်တတ်လာတာကြောင့် သူလည်းအဲ့တာကို တဖြည်းဖြည်းမစဖြစ်တော့တယ်။
“သိပါတယ်ကွာ” ယုကျင်း နှုတ်ခမ်းတွေ ကွေးညွှတ်သွားတယ်။
လေထုကပြန်ပြီးတည်ငြိမ်သွားတယ်။ သူ့ရှေ့ကကောင်လေးကိုကြည့်ပြီး ဂနာမငြိမ်ဖြစ်နေတဲ့နှလုံးသားက နှေးကွေးပြီးတည်ငြိမ်သွားတယ်။ စတူဒီယိုထဲမှာ သူအောင့်အီးမနေနိုင်တော့တဲ့အချိန်တွေ အများကြီးရှိခဲ့ပေမယ့် ကျီလျောင့်ကိုတွေးမိတိုင်း စိတ်ကိုပြန်ထိန်းပြီး နောက်တစ်ကြိမ်ပြန်ကြိုးစားခဲ့တယ်။
အရင်တုန်းက ဒီကောင်လေးကို သူ့ရဲ့အကောင်းဆုံးသူငယ်ချင်လို့ တွေးခဲ့ပေမယ့် သူတို့ကွဲကွာပြီးနောက် သူ့ဘဝထဲမှာ ကျီလျောင်ကဘယ်လောက်တောင်အရေးပါသလဲဆိုတာ သတိထားမိသွားပြီး ဒီကောင်လေးက သူ့အတွက် သူငယ်ချင်းတစ်ယောက်သက်သက်မဟုတ်တာဖြစ်နိုင်တယ်…
စာမေးပွဲဖြေပြီးတော့ သူတို့နှစ်ယောက်သားမလုပ်ရတာကြာပြီဖြစ်တဲ့ ငါးသွားစားကြမလားလို့ ယုကျင်း ကျီလျောင့်ကိုမေးလိုက်တယ်။
ကျီလျောင်လည်း သဘောတူလိုက်ပြီး ဟဲ့ချန်းမင်ကို သတင်းပို့ပြီးနောက် ကျောင်းကနေထွက်လာကြတယ်။
သူတို့တွေမကြာခဏဆိုသလို ငါးဆိုင်တစ်ခုကိုပဲ သတ်သတ်မှတ်မှတ်သွားဖြစ်တယ်။ ယုကျင်းက အေးအေးလူလူဦးဆောင်ခေါ်လာပြီး ထိုင်ခုံရှာလိုက်တယ်။
ကျီလျောင်က သူတို့နှစ်ယောက်အတွက်မှာလိုက်ပြီး ခဏလောက်စကားစမြည်ပြောနေကြတယ်။ ယုကျင်းသူ့ကိုမေးလိုက်တယ် “ဒီဆောင်းတွင်းပိတ်ရက်တွေမှာ မင်းဘာလုပ်မှာလဲ?”
ကျီလျောင်က “ငါယာယီအလုပ်အကိုင်လေးတစ်ခုလောက် ရှာရမယ်”
ရှုအိုက်ဝမ်ရဲ့ ဝန်ထုတ်ဝန်ပိုးကို လျော့သွားစေဖို့ ပုံမှန်ဆိုရင် ဆောင်းရာသီနဲ့ နွေရာသီပိတ်ရက်တွေမှာ အလုပ်လုပ်လေ့ရှိတယ်။
ယုကျင်းဝမ်းနည်းသွားတယ် “ဆိုးလိုက်တာ၊ ဒီနှစ်တော့ မင်းနဲ့အဖော်လိုက်မလုပ်ပေးနိုင်တော့ဘူး”
အရင်နှစ်တွေတုန်းက ကျီလျောင်နဲ့အမြဲလိုက်ပေးနေကျဖြစ်တယ်။
“မင်းရဲ့လူအိုကြီးတွေရဲ့ဝတ်လစ်စလစ်ပုံဆွဲတာကိုပဲ အာရုံစိုက်စမ်းပါ” ကျီလျောင်သူ့ကို လှောင်နေလိုက်တယ်။ တကယ်တော့ သူ့ကိုအမြဲတမ်းကူညီပေးပြီး သူ့ရဲ့စိုးရိမ်မှုတွေကိုသက်သာစေကာ သူ့ဆီကနေ ဘယ်တော့မှမထွက်သွားတတ်တဲ့ ယုကျင်းကို အရမ်းကျေးဇူးတင်မိတယ်။
“အာ ကျီလျောင်၊ မင်းတစ်ယောက်ယောက်ရဲ့မကောင်းတဲ့သြဇာလွှမ်းမိုးမှု ခံနေရတာလား? ဘယ်လိုဖြစ်ပြီး မင်းရဲ့လျှာက အရမ်းအဆိပ်ပြင်းနေရတာလဲ?!” ယုကျင်းအော်လိုက်တယ်။
ကျီလျောင်လည်း ရယ်မောပြီး သူ့ဘာသာတွေမိတယ်၊ သူ့အပေါ်ကိုမကောင်းတဲ့သြဇာလွှမ်းမိုးနေတာ ဟဲ့ချန်းမင်ပဲဖြစ်လိမ့်မယ်။
ဒါပေမယ့် သူအခုလိုဖြစ်နေတာမျိုးကို သူ့ဘာသာသဘောကျနေမိတယ် _ စိတ်ဝင်စားစရာမကောင်း၊ သူရဲဘောကြောင်ပြီး နှုတ်ဆိတ်နေတတ်တဲ့သူ မဟုတ်တော့ဘူး။
သူတို့စားသောက်ပြီးတော့ ကားမှတ်တိုင်ကိုသွားပြီး ဘတ်စ်ကားစောင့်နေလိုက်တယ်။ လေအေးတွေ တိုက်ခတ်သွားတော့ သူတို့ခိုက်ခိုက်တုန်အောင်အေးသွားတယ်။
ယုကျင်းက တိတ်တဆိတ် ကျီလျောင့်ရှေ့ကိုလာပြီး လေကာပေးလိုက်ပေမယ့် ကျီလျောင်သတိမထားမိဘူး။ သူကခေါင်းငုံ့ပြီး သူအိမ်ပြန်နေပြီဆိုတဲ့အကြောင်း ဟဲ့ချန်းမင်ကို စာတစ်စောင်ပို့နေတယ်။
ဘတ်စ်ကားက မကြာခင်ရောက်ရှိလာပြီး ကျီလျောင်အရင်ပြန်လာလိုက်တယ်။ သူကားပေါ်ကဆင်းတော့ ဟဲ့ချန်းမင်သူ့ကိုစောင့်နေတာတွေ့လိုက်ရတယ်။
သူဖွဖွလေးပြေးလာပြီး ပါးစပ်ထဲကအာငွေ့လေးတွေလည်း ထွက်နေတာ သူ့ရဲ့ပြုံးရယ်နေသလိုမျက်လုံးလေးတွေက သူမတူအောင်လှပလွန်းတယ်။
ဟဲ့ချန်းမင် သူ့အိတ်ကပ်ထဲကနွေးနေတဲ့လက်တွေကိုထုတ်ပြီး ကျီလျောင့်မျက်နှာလေးလက်ခုပ်လေးနဲ့ကိုင်ကာ ခေါင်းညွှတ်ပြီးမေးလိုက်တယ် “အေးနေလား?”
ကျီလျောင်က ပေါ့ပေါ့ပါးပါးအသံနဲ့ပြန်ပြောတယ် “ရပါတယ်”
အဲ့နောက် ထပ်ပြောလိုက်သေးတယ် “မလာပါနဲ့လို့ ပြောထားတယ်မှတ်လား? ငါတို့မနက်ဖြန်လည်း စာမေးပွဲရှိနေတာကို”
ကောင်လေးရဲ့အေးနေတဲ့မျက်နှာလေးကို နွေးသွားအောင်လုပ်ပေးပြီးနောက် သူ့လက်တွေကိုပြန်ရုတ်လိုက်တယ်။ သူ့ဘေးနားကကောင်လေးရဲ့လက်ကိုပြောင်းကိုင်ပြီး ပြောလာတယ် “ကိုယ်မင်းကိုစိုးရိမ်လို့လေ.. မင်းလေးကိုအတင်းအဓမ္မခေါ်သွားကြမှာ ကြောက်လို့”
ကျီလျောင်မျက်လုံးလှည့်ကာ ပျော့ပြောင်းစွာရွတ်လိုက်တယ် “အဓိပ္ပါယ်မရှိမှုပေါင်းတစ်သိန်းနဲ့”
“ဟမ်?” ဟဲ့ချန်းမင်က အရမ်းနားပါးတာကြောင့် ရှေ့ကိုခြေတစ်လှမ်းလှမ်းကာ ပိတ်ရပ်လိုက်တယ် “မင်းဘာပြောလိုက်တယ်?”
ကျီလျောင်နောက်လှမ်းပြီး ထွက်ပြေးချင်ပေမယ့် သူ့ရှေ့ကလူရဲ့လက်အရှည်ကြီးတစ်ချောင်းက သူ့ကိုဆွဲပြီး ပွေ့ဖက်လိုက်တယ်။ သူကယားတတ်တဲ့သူဖြစ်တာပြီး တစ်ဖက်ကောင်လေးရဲ့လက်ကလည်း သူ့ရဲ့ဗိုက်ပေါ်ထိရောက်နေတယ်။ သူတခစ်ခစ်ရယ်မောမိနေပြီး သူ့ရယ်မောသံလေးက သာယာကြည်နူးစရာကောင်းလှတယ်။
“ဘေဘီ.. ဘယ်သူက အဓိပ္ပါယ်မရှိမှုပေါင်းတစ်သိန်းလဲ?” ဟဲ့ချန်းမင် သူ့နားကိုဖွဖွလေးကိုက်လိုက်တယ်။
ကျီလျောင် ရှက်ကိုးရှက်ကန်းနဲ့ရုန်းကန်ဖို့ကြိုးစားနေရင်း ပြန်ပြောလိုက်တယ် “မင်းလေ.. အဲ့တာမင်းကိုပြောတာ!”
သူ့စိတ်ထဲမှာပေါ်လာတဲ့ ထုတ်ပြောလို့မရတဲ့ပုံရိပ်တချို့ကြောင့် ဟဲ့ချန်းမင်တံတွေးမြိုချမိလိုက်တယ်။
အရင်တုန်းကကျီလျောင်က ခွတီးခွကျနဲ့ ချစ်ဖို့ကောင်းတာကြောင့် အဲ့ကောင်လေးကို နမ်းရှုံပြီး အနိုင်ကျင့်ချင်မိတယ်။ ဒါပေမယ့် လက်ရှိကျီလျောင်က တက်တက်ကြွကြွနဲ့ ဟာသဉာဏ်ရွှင်လာတာကြောင့် ဒီကောင်လေးကို ဖိချပြီး fuckပစ်လိုက်ချင်တယ်။ [T/N : ဒီအဖွားကြီးတောင် ရင်တွေတုန်သွားတယ်]
“ကိုယ်မင်းကို မကြာခင်စားပစ်တော့မှာ!” လို့ပြောပြီး ကျီလျောင့်နှုတ်ခမ်းတွေကို ငုံပြီး နောက်ကိုတွန်းကာ လမ်းလေးကနံရံနဲ့ဖိကပ်ပစ်လိုက်တယ်။
ကျီလျောင့်နှုတ်ခမ်းတွေကွေးညွှတ်သွားပြီးနောက် သူ့နှုတ်ခမ်းတွေနဲ့ စည်းချက်ကျကျပူးပေါင်းလိုက်တယ်။
သူတို့နှစ်ယောက်တွဲလာပြီးနောက်ပိုင်း သူတို့နမ်းတာပိုပြီးအကြိမ်ရေစိပ်လာတယ်။ သူလည်း တဖက်လူရဲ့အရူးအမူးနက်ရှိုင်းစွာစွဲလမ်းမှုနဲ့ မွတ်သိပ်နေတဲ့ ပွတ်သပ်မှုတွေကို အသားကျလာပြီဖြစ်တယ်။
ဟဲ့ချန်းမင် စိတ်မထိန်းနိုင်တော့ဘဲ ကျီလျောင့်ရဲ့အကျီထဲထိလက်ဝင်လာပြီး သူထိမိလိုက်တဲ့နေရာတိုင်းက မီးနဲ့မြှိုက်နေသလိုမျိုးဖြစ်နေတယ်။
ကျီလျောင်ကန့်ကွက်သလိုအသံလေးထွက်လာပြီး သူ့လက်ကိုတားလိုက်တယ်။
သူ့အကျီကြယ်သီးတွေက တစ်ဖက်လူဖြုတ်တာခံထားရတယ် ဒါပေမယ့် မတရားအေးလွန်းတယ်ကွ!
ထိုအချိန် လမ်းမပေါ်မှာ ဇိမ်ခံကားတစ်စီးဖြတ်သွားတယ်။ ရှုအိုက်ဝမ်က ပြတင်းပေါက်အပြင်ကိုကြည့်နေပြီး သူမမြင်လိုက်တာက အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်ရဲ့နောက်ကျောဆိုပေမယ့် အောက်ကဖိနပ်နှစ်စုံကို တွေ့သွားတယ်။
တောက်တစ်ချက်ခေါက်ပြီး အကြည့်ကိုလွှဲပစ်လိုက်တယ်။
[T/N : မုန်တိုင်း sama is coming soon ပါနော်]
_____
Thanks 😉