[Zawgyi]
<သားရိုင္းေတာထဲျပန္လႊတ္ျခင္း>
ေက်ာင္းဆရာဝန္အန္ကယ္က ေလထဲမွာဘယ္လိုလမ္းေလ်ွာက္ရမယ္ဆိုတာ နဥ္ရႈသိေအာင္ လူမဆန္တဲ့ေလ့က်င့္ျခင္းနည္းလမ္းေတြကို စတင္အသံုးျပဳေလေတာ့သည္။
နဥ္ရႈတစ္ေယာက္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ သူမရဲ႕အခုန္စြမ္းရည္ကို ဘယ္လိုအသံုးျပဳရမယ္ဆိုတာကို အေကာင္းဆံုးေလ့လာသင္ၾကားၿပီးေနာက္ ေလထဲမွာ အေထာက္အကူတစ္ခုမွမပါဘဲ ဘယ္လိုလမ္ေလ်ွာက္ရမယ္ဆိုတာကို ေလ့လာသင္ၾကားရေလ၏။ ဒီကိစၥက သိပၸံနည္းက်တဲ့ကိစၥမဟုတ္ေပမယ့္လည္း သိပၸံပညာရွင္တစ္ေယာက္ျဖစ္တဲ့ ေက်ာင္းဆရာဝန္အန္ကယ္ကေတာ့ နဥ္ရႈကို ဆက္လက္သင္ၾကားဖို႔အတြက္ တိုက္တြန္းေျပာဆိုေနဆဲပင္။
ေက်ာင္းဆရာဝန္အန္ကယ္က ဆရာေကာင္းတစ္ေယာက္မဟုတ္ဆိုတဲ့ အခ်က္လည္းရွိေနေသးသည္။ သူမမွန္မွန္ကန္ကန္မလုပ္တဲ့အခါတိုင္း သူက သူမကိုေခါင္းအစေျခအဆံုး ျပစ္တင္ေဝဖန္ေရးဆင္းေပလိမ့္မည္။
သူမ ဘာလို႔ဒီေသာက္ကမၻာကေန ထြက္သြားလို႔မရေသးတာလဲ?
ဒီရက္ေတြက ဘယ္ေတာ့မ်ားမွ ၿပီးဆံုးမွာလဲ? နဥ္ရႈက ေက်ာင္းဆရာဝန္အန္ကယ္ရဲ႕စာအုပ္ထဲက ေရးမွတ္ခ်က္ေတြကို ေန႔တိုင္းၾကည့္ရသည္။ ဒါက အႀကိမ္တ္ိုင္းလိုလို သူမကို ေနမေကာင္းျဖစ္ခ်င္စိတ္ေပါက္လာေစ၏။
ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကိုၾကည့္ၿပီး စိတ္ပ်က္စြာေခါင္းယမ္းလိုက္သည္။
"အဆံုးသတ္ေတာ့ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ႏုိင္စြမ္းရွိဖို႔ သင္ယူေနရတဲ့zombieက ကိုယ့္ကိုယ္ကိုကိုယ္ ထိန္းခ်ဳပ္နိုင္စြမ္းရွိၿပီးသားzombieနဲ႔ တကယ္ကို နႈိင္းယွဥ္လို႔မရဘူးပဲ။"
နဥ္ရႈ : ...
အမွန္ေတာ့ သူမ ဒါကိုေကာင္းေကာင္းသေဘာေပါက္ပါ၏။ သူမစိတ္ထဲမွာ သူမက zombieအေရၿခံဳထားတဲ့လူသားတစ္ေယာက္လို႔ပဲခံစားေနမိတာျဖစ္လို႔ ဗီဇကဲြzombieနဲ႔ လံုးဝကိုျခားနားသည္။
ကံေကာင္းတာက အခုဆို သူမ ျမန္ျမန္လႈပ္ရွားနိုင္ၿပီျဖစ္သလို ေလထဲမွာလည္းလမ္းေလ်ွာက္သြားနိုင္ၿပီျဖစ္၏။
သူမတို႔ ဓာတ္ခဲြခန္းကိုျပန္ေရာက္တဲ့အခါ ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကို မ်ိဳးရိုးဗီဇအဆီအနွစ္တစ္ပုလင္းထုတ္ေပးလာသည္။ နဥ္ရႈ အရမ္းစိတ္လႈပ္ရွားသြားၿပီး အန္ကယ့္ကို စိတ္ေလးေနတဲ့အၿပံဳးႀကီးႀကီးတစ္ခုေပးလိုက္သည္။ ေက်ာင္းဆရာဝန္အန္ကယ္က ခ်က္ခ်င္းလွည့္ထြက္သြားေလ၏။
နဥ္ရႈ မ်ိဳးရိုးဗီဇအဆီအနွစ္ကိုေသာက္လိုက္ေပမယ့္ သူမ ဆာေလာင္မႈကိုမခံစားရေတာ့တာေၾကာင့္ ဒါေတြကိုမလိုအပ္ေတာ့ဘူးလို႔ သူမခံစားေနရသည္။ ထပ္ေျပာရရင္ ဒီကိုယ္က တစ္စံုတစ္ခုအတားအဆီးရွိေနသလိုျဖစ္လာသည္။ ဒါက ေျပာင္းလဲသြားတာျဖစ္ေလာက္ေပမယ့္ ဘယ္လိုေျပာင္းလဲရမလဲဆိုတာ သူမ မသိေပ။
ဒီကိုယ္က အရမ္းသန္မာအားေကာင္းေနၿပီးျဖစ္သည္။ ၿပီးေတာ့ အခုဆို ေလထဲမွာေတာင္ လမ္းေလ်ွာက္ေနနိုင္ေခ် ၿပီ။
နဥ္ရႈ သူမပါးစပ္ကိုဖြင့္ဖို႔ႀကိဳးစားလိုက္ေပမယ့္ သူမအေနနဲ႔ ရိုးရွင္းတဲ့အသံတစ္ခ်ိဳ႕ကိုသာျပဳလုပ္နိုင္သည္။ သူမ ေ႐ြးခ်ယ္စရာမရွိဘဲ ကေလးေပါက္စေလးတစ္ေယာက္လို စကားေျပာဖို႔သင္ယူရေလ၏။
ေက်ာင္းဆရာဝန္အန္ကယ္က ဘီစကစ္စားေနရင္း စကားေျပာျခင္းမရွိတဲ့နဥ္ရႈကို လွည့္ၾကည့္လာ၏။ ခဏေလာက္စိုက္ၾကည့္အၿပီးမွာေတာ့ နဥ္ရႈက သူ႔ကို ပေဟဠိျဖစ္ေနတဲ့အၾကည့္နဲ႔ၾကည့္ကာ အထစ္ထစ္အေငါ့ေငါ့ေျပာလာသည္။
"အဲ့..အဲ့ဒါက..ဘာ..ဘာလဲ?"
ေက်ာင္းဆရာဝန္အန္ကယ္က မ်က္ေမွာင္ကုတ္ကာ ရႈပ္ေထြးေနပံုရၿပီး စကားေျပာလာသည္။
"ေျပာၾကည့္။ မင္းကိုယ္က အဆင့္ျမင့္ဗီဇေတြေၾကာင့္ တိုးတက္လာၿပီ။ ဒီဗီဇေတြက ခႏၶာကိုယ္ရဲ႕ ခ်ိဳ႕ယြင္းေနတဲ့အပိုင္းေတြကိုပါ ျပန္တည္ေဆာက္ေပးတာကို ဘာလို႔ မင္းမ်က္နွာက အခုထိ ဒီလိုပဲျဖစ္ေနတာလဲ?"
နဥ္ရႈ : ခ်ီးတဲ့မွ! သူက သူမကို ရုပ္ဆိုးလို႔ေလွာင္ေနတာလား?
နဥ္ရႈ ေက်ာင္းဆရာဝန္အန္ကယ္က တကယ္ပဲဆဲြလွဲကာ သူ႔လည္ပင္းကိုကိုက္ၿပီး သူ႔နွလံုးကိုဆဲြထုတ္ခ်င္လာသည္။ အန္ကယ့္စကားေတြက အရမ္းနာက်င္ရတာပဲ!
အဆိပ္ျပင္းတဲ့လ်ွာ၊ အသန္႔ႀကိဳက္ေရာဂါ၊ ျပင္းထန္လြန္းတဲ့OCD။ အန္ကယ္...ဒီစၾကာဝဠာႀကီးထဲမွာ ရွင့္ကိုကယ္တင္နိုင္တဲ့သူ တစ္ေယာက္မွမရွိေတာ့ဘူး။ ရွင္ အၿမဲတမ္း တစ္ကိုယ္တည္းသမားအျဖစ္ေနသြားရလိမ့္မယ္။
တစ္ညတာအနားယူၿပီးေနာက္မွာ ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကို အိတ္တစ္လံုးေပးသည္။ နဥ္ရႈ အိတ္ကိုဖြင့္ၾကည့္လိုက္ၿပီးေနာက္ အထဲမွာပါတဲ့ပုလင္းေသးေသးေလးေတြထဲမွာ မ်ိဳးရိုးဗီဇအဆီအနွစ္အေတြအမ်ားႀကီးရွိေနတာကို ေတြ႕လိုိက္ရသည္။
နဥ္ရႈ နည္းနည္းရႈပ္ေထြးသြားသည္။ အန္ကယ္က ဒီေလာက္မ်ားတဲ့မ်ိဳးရိုးဗီဇအဆီအနွစ္ေတြ သူမကို ဘာလို႔ေပးတာလဲ?
ေက်ာင္းဆရာဝန္အန္ကယ္က ရွင္းျပျခင္းမျပဳေပ။ နဥ္ရႈ သူ႔ေနာက္ကလိုက္ၿပီး ဓာတ္ခဲြခန္းအျပင္ဘက္ကိုေရာက္လာတဲ့အခါမွာေတာ့ ေလထုက နည္းနည္းစိမ္းသက္သြားသလို သူမခံစားလိုက္ရသည္္။
သူမက အရမ္းကိုလိမၼာေနၿပီး ကားအမိုးေပၚကို စကားတစ္ခြန္းမဆိုဘဲ တက္သြားေလ၏။ သို႔ေသာ္လည္း ေက်ာင္းဆရာဝန္အန္ကယ္က သူမကို လက္ယပ္ေခၚလာသည္။
"ကားထဲမွာထိုင္။"
သူ ဒီေန႔ ဘာျဖစ္ေနတာလဲ? သူ႔ပံုစံက စိမ္းကားေနသလိုႀကီး။ နဥ္ရႈ တိတ္ဆိတ္စြာပင္ ကားထဲဝင္ထိုင္လိုက္သည္။ ေက်ာင္းဆရာဝန္အန္ကယ္က ဦးတည္ခ်က္မဲ့ေနပံုျဖင့္ စတင္ကာ ကားေမာင္းေလေတာ့၏။
"အန္...ကယ္။"
နဥ္ရႈ ေခၚလိုက္သည္။
ေက်ာင္းဆရာဝန္အန္ကယ္က ဘရိတ္အုပ္ကာ နဥ္ရႈကိုၾကည့္လာ၏။
ခ်ီးတဲ့မွ! သူ႔မွာေျပာစရာရွိရင္လည္း ေျပာလိုက္ေလ။ အစတည္းက သူက ေအးစက္ၿပီး စကားနည္းလို႔ သူ႔မ်က္နွာထားတင္းမာသြားတဲ့အခါက်ရင္...အန္ကယ္..ရွင့္ရဲ႕စိတ္နွစ္ခြျဖစ္မႈႀကီးက အျမင့္ဆံုးေရာက္ေနၿပီဆိုတာ မသိဘူးလား!?
"ကားေပၚက ဆင္းေတာ့။"
ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကိုေျပာလာသည္။
"အိတ္ကို မင္းယူသြား။"
နဥ္ရႈလည္း 'အို'လို႔ပဲၿပန္ေျဖကာ ကားေပၚကဆင္းလိုက္သည္။ ေက်ာင္းဆရာဝန္အန္ကယ္ကလည္း ကားေပၚကဆင္းကာ သူမေရွ႕ကိုေလ်ွာက္လာကာရပ္လိုက္ၿပီး ေျပာလာ၏။
"မင္းက zombieျဖစ္ေနၿပီ။ မင္းရဲ႕ ဘဝအသစ္နဲ႔ က်င့္သားရေနသင့္ၿပီ။"
နဥ္ရႈ ရႈပ္္ေထြးကာ မ်က္ေတာင္ခတ္လိုက္သည္။ သူ ဘာေျပာခ်င္တာလဲ?
"အိတ္ထဲက မ်ိဳးရိုးဗီဇအဆီအနွစ္ေတြက မင္းအတြက္ အခ်ိန္တစ္ခုၾကာတဲ့အထိ လံူေလာက္တယ္။ ဒါေပမယ့္ မင္းခႏၶာကိုယ္က မ်ိဳးရိုးဗီဇအဆီအနွစ္ ထပ္္မလိုေတာ့ဘူး။ ငါ့မွာ ပိုအေရးႀကီးတဲ့ကိစၥတစ္ခုလုပ္စရာရွိေနလို႔ မင္းကို ငါနဲ႔အတူေခၚသြားမွာမဟုတ္ဘူး။"
ေက်ာင္းဆရာဝန္အန္ကယ္က ညင္သာစြာေျပာလာေလ၏။
ခ်ီးပဲ! အန္ကယ္က သူမကို စြန္႔ပစ္ေနတာပဲ! မတိုင္ခင္က သူမ အန္ကယ္နဲ႔ ေနရာေပါင္းစံုကိုမၾကာခဏသြားေနၾကပင္။ ဒါေပမယ့္္ အခုခဲြရေတာ့မယ္ဆိုေတာ့ သူမနွလံုးသားက နာက်င္လို႔လာ၏။
သူမအတြက္ေတာ့ အန္ကယ္က ဒုတိယမိဘလိုပင္။ သူမ အန္ကယ့္အက်ႌလက္ကိုဆဲြကာ ေနွးေကြးစြာေျပာလိုက္သည္။
"အန္ကယ္...ကြၽန္မကို ေခၚသြားေပး...။ ကြၽန္မ ေကာင္းေကာင္းတိုက္ခိုက္နိုင္တယ္..။"
ေက်ာင္းဆရာဝန္အန္ကယ္က လက္ဆန္႔ကာ သူမနဖူးကိုတို႔လာသည္။ သူက သေရာ္ၿပီးေျပာလာေလ၏။
"မင္းလို အသံုးမက်တဲ့မိန္းမမ်ိဳးကို ငါနဲ႔တူတူေခၚမသြားခ်င္ပါဘူး။ ငါတို႔က မၾကာခင္ခဲြရမယ့္အတူတူ အရင္ဆံုးနႈတ္ဆက္လိုက္တာက ငါ့အတြက္ပိုေကာင္းတယ္။"
ေက်ာင္းဆရာဝန္အန္ကယ္က ကားေပၚျပန္တက္ကာ ေမာင္းထြက္သြားေလ၏။ အခ်ိန္ခဏေလးအတြင္းမွာပဲ သူက ျမင္ကြင္းထဲမွေပ်ာက္ကြယ္သြားကာ နဥ္ရႈကို စိတ္ပ်က္အားငယ္မႈေတြနွင့္ ခ်န္ထားခဲ့ေလေတာ့သည္။
သားရိုင္းေတာထဲကိုျပန္အလႊတ္ခံလိုက္ရတဲ့ တိရစၧာန္ေလးတစ္ေကာင္လို သူမခံစားေနရေလသည္။
....
Eng-translator's note
ငါဘာလို႔ အန္ကယ့္အမူအရာေတြကို အရမ္းႀကီးဖတ္ေနမိတာလဲမသိဘူး။ အရင္ဆံုးနႈတ္ဆက္စကားေျပာလိုက္တာက ငါ့အတြက္ပိုေကာင္းတယ္တဲ့လား? ဒါက Campus Arc(Arc-1)ကို ရည္႐ြယ္တာလား?!!
......
ေရွ႕ရက္ေတြထဲက ဒီအပိုင္းဘာသာျပန္ရမွာကို ေတြးၿပီးငိုခ်င္ေနခဲ့တာ။ အန္ကယ္ေရ....နႈတ္ဆက္စကားေတာ္ေတာ္နဲ႔ေျပာမထြက္ခဲ့ဘူးမို႔လား?? မႀကီးနဥ္က ဘယ္လိုလူမ်ိဳးဆိုတာ ရိပ္မိေနခဲ့တာလား?? တကယ္ပဲ...မႀကီးနဥ္ စကားတစ္ခြန္းမဆိုဘဲ ေပ်ာက္သြားမွာစိုးလို႔ အရင္နႈတ္ဆက္ၿပီး ထြက္သြားခဲ့တာလား??? လြမ္းေနတာ့မွာ :"(
......
[Unicode]
<သားရိုင်းတောထဲပြန်လွှတ်ခြင်း>
ကျောင်းဆရာဝန်အန်ကယ်က လေထဲမှာဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာ နဉ်ရှုသိအောင် လူမဆန်တဲ့လေ့ကျင့်ခြင်းနည်းလမ်းတွေကို စတင်အသုံးပြုလေတော့သည်။
နဉ်ရှုတစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ သူမရဲ့အခုန်စွမ်းရည်ကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို အကောင်းဆုံးလေ့လာသင်ကြားပြီးနောက် လေထဲမှာ အထောက်အကူတစ်ခုမှမပါဘဲ ဘယ်လိုလမ်လျှောက်ရမယ်ဆိုတာကို လေ့လာသင်ကြားရလေ၏။ ဒီကိစ္စက သိပ္ပံနည်းကျတဲ့ကိစ္စမဟုတ်ပေမယ့်လည်း သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ကျောင်းဆရာဝန်အန်ကယ်ကတော့ နဉ်ရှုကို ဆက်လက်သင်ကြားဖို့အတွက် တိုက်တွန်းပြောဆိုနေဆဲပင်။
ကျောင်းဆရာဝန်အန်ကယ်က ဆရာကောင်းတစ်ယောက်မဟုတ်ဆိုတဲ့ အချက်လည်းရှိနေသေးသည်။ သူမမှန်မှန်ကန်ကန်မလုပ်တဲ့အခါတိုင်း သူက သူမကိုခေါင်းအစခြေအဆုံး ပြစ်တင်ဝေဖန်ရေးဆင်းပေလိမ့်မည်။
သူမ ဘာလို့ဒီသောက်ကမ္ဘာကနေ ထွက်သွားလို့မရသေးတာလဲ?
ဒီရက်တွေက ဘယ်တော့များမှ ပြီးဆုံးမှာလဲ? နဉ်ရှုက ကျောင်းဆရာဝန်အန်ကယ်ရဲ့စာအုပ်ထဲက ရေးမှတ်ချက်တွေကို နေ့တိုင်းကြည့်ရသည်။ ဒါက အကြိမ်တ်ိုင်းလိုလို သူမကို နေမကောင်းဖြစ်ချင်စိတ်ပေါက်လာစေ၏။
ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုကြည့်ပြီး စိတ်ပျက်စွာခေါင်းယမ်းလိုက်သည်။
"အဆုံးသတ်တော့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိဖို့ သင်ယူနေရတဲ့zombieက ကိုယ့်ကိုယ်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းရှိပြီးသားzombieနဲ့ တကယ်ကို နှိုင်းယှဉ်လို့မရဘူးပဲ။"
နဉ်ရှု : ...
အမှန်တော့ သူမ ဒါကိုကောင်းကောင်းသဘောပေါက်ပါ၏။ သူမစိတ်ထဲမှာ သူမက zombieအရေခြုံထားတဲ့လူသားတစ်ယောက်လို့ပဲခံစားနေမိတာဖြစ်လို့ ဗီဇကွဲzombieနဲ့ လုံးဝကိုခြားနားသည်။
ကံကောင်းတာက အခုဆို သူမ မြန်မြန်လှုပ်ရှားနိုင်ပြီဖြစ်သလို လေထဲမှာလည်းလမ်းလျှောက်သွားနိုင်ပြီဖြစ်၏။
သူမတို့ ဓာတ်ခွဲခန်းကိုပြန်ရောက်တဲ့အခါ ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို မျိုးရိုးဗီဇအဆီအနှစ်တစ်ပုလင်းထုတ်ပေးလာသည်။ နဉ်ရှု အရမ်းစိတ်လှုပ်ရှားသွားပြီး အန်ကယ့်ကို စိတ်လေးနေတဲ့အပြုံးကြီးကြီးတစ်ခုပေးလိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်က ချက်ချင်းလှည့်ထွက်သွားလေ၏။
နဉ်ရှု မျိုးရိုးဗီဇအဆီအနှစ်ကိုသောက်လိုက်ပေမယ့် သူမ ဆာလောင်မှုကိုမခံစားရတော့တာကြောင့် ဒါတွေကိုမလိုအပ်တော့ဘူးလို့ သူမခံစားနေရသည်။ ထပ်ပြောရရင် ဒီကိုယ်က တစ်စုံတစ်ခုအတားအဆီးရှိနေသလိုဖြစ်လာသည်။ ဒါက ပြောင်းလဲသွားတာဖြစ်လောက်ပေမယ့် ဘယ်လိုပြောင်းလဲရမလဲဆိုတာ သူမ မသိပေ။
ဒီကိုယ်က အရမ်းသန်မာအားကောင်းနေပြီးဖြစ်သည်။ ပြီးတော့ အခုဆို လေထဲမှာတောင် လမ်းလျှောက်နေနိုင်ချေ ပြီ။
နဉ်ရှု သူမပါးစပ်ကိုဖွင့်ဖို့ကြိုးစားလိုက်ပေမယ့် သူမအနေနဲ့ ရိုးရှင်းတဲ့အသံတစ်ချို့ကိုသာပြုလုပ်နိုင်သည်။ သူမ ရွေးချယ်စရာမရှိဘဲ ကလေးပေါက်စလေးတစ်ယောက်လို စကားပြောဖို့သင်ယူရလေ၏။
ကျောင်းဆရာဝန်အန်ကယ်က ဘီစကစ်စားနေရင်း စကားပြောခြင်းမရှိတဲ့နဉ်ရှုကို လှည့်ကြည့်လာ၏။ ခဏလောက်စိုက်ကြည့်အပြီးမှာတော့ နဉ်ရှုက သူ့ကို ပဟေဠိဖြစ်နေတဲ့အကြည့်နဲ့ကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ပြောလာသည်။
"အဲ့..အဲ့ဒါက..ဘာ..ဘာလဲ?"
ကျောင်းဆရာဝန်အန်ကယ်က မျက်မှောင်ကုတ်ကာ ရှုပ်ထွေးနေပုံရပြီး စကားပြောလာသည်။
"ပြောကြည့်။ မင်းကိုယ်က အဆင့်မြင့်ဗီဇတွေကြောင့် တိုးတက်လာပြီ။ ဒီဗီဇတွေက ခန္ဓာကိုယ်ရဲ့ ချို့ယွင်းနေတဲ့အပိုင်းတွေကိုပါ ပြန်တည်ဆောက်ပေးတာကို ဘာလို့ မင်းမျက်နှာက အခုထိ ဒီလိုပဲဖြစ်နေတာလဲ?"
နဉ်ရှု : ချီးတဲ့မှ! သူက သူမကို ရုပ်ဆိုးလို့လှောင်နေတာလား?
နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်က တကယ်ပဲဆွဲလှဲကာ သူ့လည်ပင်းကိုကိုက်ပြီး သူ့နှလုံးကိုဆွဲထုတ်ချင်လာသည်။ အန်ကယ့်စကားတွေက အရမ်းနာကျင်ရတာပဲ!
အဆိပ်ပြင်းတဲ့လျှာ၊ အသန့်ကြိုက်ရောဂါ၊ ပြင်းထန်လွန်းတဲ့OCD။ အန်ကယ်...ဒီစကြာဝဠာကြီးထဲမှာ ရှင့်ကိုကယ်တင်နိုင်တဲ့သူ တစ်ယောက်မှမရှိတော့ဘူး။ ရှင် အမြဲတမ်း တစ်ကိုယ်တည်းသမားအဖြစ်နေသွားရလိမ့်မယ်။
တစ်ညတာအနားယူပြီးနောက်မှာ ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို အိတ်တစ်လုံးပေးသည်။ နဉ်ရှု အိတ်ကိုဖွင့်ကြည့်လိုက်ပြီးနောက် အထဲမှာပါတဲ့ပုလင်းသေးသေးလေးတွေထဲမှာ မျိုးရိုးဗီဇအဆီအနှစ်အတွေအများကြီးရှိနေတာကို တွေ့လိုက်ရသည်။
နဉ်ရှု နည်းနည်းရှုပ်ထွေးသွားသည်။ အန်ကယ်က ဒီလောက်များတဲ့မျိုးရိုးဗီဇအဆီအနှစ်တွေ သူမကို ဘာလို့ပေးတာလဲ?
ကျောင်းဆရာဝန်အန်ကယ်က ရှင်းပြခြင်းမပြုပေ။ နဉ်ရှု သူ့နောက်ကလိုက်ပြီး ဓာတ်ခွဲခန်းအပြင်ဘက်ကိုရောက်လာတဲ့အခါမှာတော့ လေထုက နည်းနည်းစိမ်းသက်သွားသလို သူမခံစားလိုက်ရသည်။
သူမက အရမ်းကိုလိမ္မာနေပြီး ကားအမိုးပေါ်ကို စကားတစ်ခွန်းမဆိုဘဲ တက်သွားလေ၏။ သို့သော်လည်း ကျောင်းဆရာဝန်အန်ကယ်က သူမကို လက်ယပ်ခေါ်လာသည်။
"ကားထဲမှာထိုင်။"
သူ ဒီနေ့ ဘာဖြစ်နေတာလဲ? သူ့ပုံစံက စိမ်းကားနေသလိုကြီး။ နဉ်ရှု တိတ်ဆိတ်စွာပင် ကားထဲဝင်ထိုင်လိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်က ဦးတည်ချက်မဲ့နေပုံဖြင့် စတင်ကာ ကားမောင်းလေတော့၏။
"အန်...ကယ်။"
နဉ်ရှု ခေါ်လိုက်သည်။
ကျောင်းဆရာဝန်အန်ကယ်က ဘရိတ်အုပ်ကာ နဉ်ရှုကိုကြည့်လာ၏။
ချီးတဲ့မှ! သူ့မှာပြောစရာရှိရင်လည်း ပြောလိုက်လေ။ အစတည်းက သူက အေးစက်ပြီး စကားနည်းလို့ သူ့မျက်နှာထားတင်းမာသွားတဲ့အခါကျရင်...အန်ကယ်..ရှင့်ရဲ့စိတ်နှစ်ခွဖြစ်မှုကြီးက အမြင့်ဆုံးရောက်နေပြီဆိုတာ မသိဘူးလား!?
"ကားပေါ်က ဆင်းတော့။"
ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကိုပြောလာသည်။
"အိတ်ကို မင်းယူသွား။"
နဉ်ရှုလည်း 'အို'လို့ပဲပြန်ဖြေကာ ကားပေါ်ကဆင်းလိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်ကလည်း ကားပေါ်ကဆင်းကာ သူမရှေ့ကိုလျှောက်လာကာရပ်လိုက်ပြီး ပြောလာ၏။
"မင်းက zombieဖြစ်နေပြီ။ မင်းရဲ့ ဘဝအသစ်နဲ့ ကျင့်သားရနေသင့်ပြီ။"
နဉ်ရှု ရှုပ်ထွေးကာ မျက်တောင်ခတ်လိုက်သည်။ သူ ဘာပြောချင်တာလဲ?
"အိတ်ထဲက မျိုးရိုးဗီဇအဆီအနှစ်တွေက မင်းအတွက် အချိန်တစ်ခုကြာတဲ့အထိ လူံလောက်တယ်။ ဒါပေမယ့် မင်းခန္ဓာကိုယ်က မျိုးရိုးဗီဇအဆီအနှစ် ထပ်မလိုတော့ဘူး။ ငါ့မှာ ပိုအရေးကြီးတဲ့ကိစ္စတစ်ခုလုပ်စရာရှိနေလို့ မင်းကို ငါနဲ့အတူခေါ်သွားမှာမဟုတ်ဘူး။"
ကျောင်းဆရာဝန်အန်ကယ်က ညင်သာစွာပြောလာလေ၏။
ချီးပဲ! အန်ကယ်က သူမကို စွန့်ပစ်နေတာပဲ! မတိုင်ခင်က သူမ အန်ကယ်နဲ့ နေရာပေါင်းစုံကိုမကြာခဏသွားနေကြပင်။ ဒါပေမယ့်် အခုခွဲရတော့မယ်ဆိုတော့ သူမနှလုံးသားက နာကျင်လို့လာ၏။
သူမအတွက်တော့ အန်ကယ်က ဒုတိယမိဘလိုပင်။ သူမ အန်ကယ့်အင်္ကျီလက်ကိုဆွဲကာ နှေးကွေးစွာပြောလိုက်သည်။
"အန်ကယ်...ကျွန်မကို ခေါ်သွားပေး...။ ကျွန်မ ကောင်းကောင်းတိုက်ခိုက်နိုင်တယ်..။"
ကျောင်းဆရာဝန်အန်ကယ်က လက်ဆန့်ကာ သူမနဖူးကိုတို့လာသည်။ သူက သရော်ပြီးပြောလာလေ၏။
"မင်းလို အသုံးမကျတဲ့မိန်းမမျိုးကို ငါနဲ့တူတူခေါ်မသွားချင်ပါဘူး။ ငါတို့က မကြာခင်ခွဲရမယ့်အတူတူ အရင်ဆုံးနှုတ်ဆက်လိုက်တာက ငါ့အတွက်ပိုကောင်းတယ်။"
ကျောင်းဆရာဝန်အန်ကယ်က ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားလေ၏။ အချိန်ခဏလေးအတွင်းမှာပဲ သူက မြင်ကွင်းထဲမှပျောက်ကွယ်သွားကာ နဉ်ရှုကို စိတ်ပျက်အားငယ်မှုတွေနှင့် ချန်ထားခဲ့လေတော့သည်။
သားရိုင်းတောထဲကိုပြန်အလွှတ်ခံလိုက်ရတဲ့ တိရစ္ဆာန်လေးတစ်ကောင်လို သူမခံစားနေရလေသည်။
....
Eng-translator's note
ငါဘာလို့ အန်ကယ့်အမူအရာတွေကို အရမ်းကြီးဖတ်နေမိတာလဲမသိဘူး။ အရင်ဆုံးနှုတ်ဆက်စကားပြောလိုက်တာက ငါ့အတွက်ပိုကောင်းတယ်တဲ့လား? ဒါက Campus Arc(Arc-1)ကို ရည်ရွယ်တာလား?!!
......
ရှေ့ရက်တွေထဲက ဒီအပိုင်းဘာသာပြန်ရမှာကို တွေးပြီးငိုချင်နေခဲ့တာ။ အန်ကယ်ရေ....နှုတ်ဆက်စကားတော်တော်နဲ့ပြောမထွက်ခဲ့ဘူးမို့လား?? မကြီးနဉ်က ဘယ်လိုလူမျိုးဆိုတာ ရိပ်မိနေခဲ့တာလား?? တကယ်ပဲ...မကြီးနဉ် စကားတစ်ခွန်းမဆိုဘဲ ပျောက်သွားမှာစိုးလို့ အရင်နှုတ်ဆက်ပြီး ထွက်သွားခဲ့တာလား??? လွမ်းနေတာ့မှာ :"(
......