နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၈ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၅၄

10.7K 1.9K 75
By Kay_Wine

{Zawgyi}

လူသားနယ္ေျမကိုေရာက္ႏိုင္မယ့္ တံခါးေပါက္ဆီ ပိုင္ရန္အျမန္သြားလိုက္တယ္။ ျဖတ္လမ္းက ညမွာပြင့္မယ္ဆိုတာ သူသိၿပီးသားျဖစ္လို႔ သူေရာက္ေတာ့ပြင့္ေနတာကိုျမင္ၿပီး မအံ့ၾသသြားဘူး။

အဲ့ကိုတည့္တည့္ေလွ်ာက္သြားၿပီး ျဖတ္လမ္းကိုေက်ာ္ကာ လူသားနယ္ေျမဆီခရီးဆန႔္လိုက္တယ္။

နတ္ဆိုးနယ္ေျမမွာ ညျဖစ္ေနေတာ့ လူသားနယ္ေျမမွာလည္း ညအခ်ိန္ျဖစ္တယ္။

ဒါေပမယ့္နတ္ဆိုးနယ္ေျမက ညအခ်ိန္ကအင္မတန္ေမွာင္မိုက္ၿပီး လူသားနယ္ေျမကညအခ်ိန္ကေတာ့ ၾကယ္ေတြ လေတြနဲ႔ျပည့္ႏွက္လို႔ေနတယ္။ စိတ္ကိုလန္းဆန္းေစတယ္။

ပိုင္ရန္အသက္ျပင္းျပင္းရႈလိုက္တယ္။

လူသားနယ္ေျမကေလထုက လတ္ဆတ္ေနတာပဲ။ ေလတဝႀကီးရႈၿပီးေနာက္ ပိုင္ရန႔္စိတ္ေတြပိုၿပီး တက္ႂကြလာတယ္။

‘အဆင္ေျပသြားၿပီ၊ လြန္ခဲ့တဲ့မိနစ္ပိုင္းက ျဖစ္ခဲ့တာေတြကို ေမ့သြားၿပီ’

သူ႔ရဲ႕ေမြးရပ္ေဒသေလးကေန ေရျခားေျမျခားကိုခရီးဆန႔္လာတဲ့ ခရီးသြားတစ္ေယာက္လိုပိုင္ရန္ခံစားမိတယ္။ စိတ္ေက်နပ္စရာမေကာင္းတဲ့အရာေတြကို ႀကဳံခဲ့ရေပမယ့္ လွပၿပီးမရင္းႏွီးေသးတဲ့ျမင္ကြင္းကိုျမင္လိုက္ရတာနဲ႔ ျပန္ၿပီးအဆင္ေျပသြားတယ္။

နတ္ဆိုးေတြက ျပန္သက္သာတာျမန္တယ္ဆိုေပမယ့္ ပိုင္ရန္က နတ္ဆိုးဘုရင္ႀကီးရဲ႕ေမွာ္အစြမ္းေတြကို ဖိႏွိပ္ႏိုင္ဖို႔စြမ္းအင္ေတြအမ်ားႀကီးသုံးခဲ့ရတာ။ သူပင္ပန္းေနၿပီ။

ခံတပ္ရွိရာဆီသြားၿပီး အခန္းလြတ္တစ္ခုရွာကာ လွဲခ်လိုက္တယ္။ ဘယ္ေလာက္ပဲဟိုလွိမ့္ဒီလွိမ့္လုပ္ေနပါေစ ထိတ္လန႔္ေနတုန္းျဖစ္ေနတာေၾကာင့္ေနမယ္ ပိုင္ရန္အိပ္လို႔မေပ်ာ္ႏိုင္ျဖစ္ေနတယ္။

ရနံ႔ေဖ်ာ့ေဖ်ာ့ေလးတစ္ခု အခန္းထဲတိုးဝင္လာတယ္။ အနံ႔ရေတာ့ ပိုင္ရန္မ်က္ေမွာင္ၾကဳတ္သြားၿပီး ၿငိမ္းခ်မ္းတဲ့အိမ္မက္ကမာၻထဲကို သက္ေသာင့္သက္သာေလးေရာက္သြားတယ္။

ရွည္သြယ္သြယ္အရိပ္တစ္ခုက ေမွာင္မည္းေနတဲ့အခန္းထဲမွာ ေပၚထြက္လာတယ္။

ထိုပုံရိပ္ကကုတင္ေဘးနားေလွ်ာက္သြားၿပီး ထိုအေပၚမွာအနားယူေနတဲ့သူကို စိုက္ၾကည့္ေနတယ္။ တခဏတြင္းမွာ လက္ကိုဆန႔္ထုတ္ၿပီး ပိုင္ရန႔္လက္ေကာက္ဝတ္ကိုဆုတ္ကိုင္ကာ ထိခိုက္သြားတဲ့မရင္ဒမ္ေတြကို သက္သာသြားေအာင္ကုသေပးလိုက္တယ္။

ပိုင္ရန္ကေတာ့ ျပန္မေကာင္းေသးဘဲ ဝက္ေသတစ္ေကာင္လို အိပ္ေမာက်ေနတုန္း။

ထိခိုက္ထားတာေတြကို ကုသလို႔အၿပီးမွာ နတ္ဆိုးဘုရင္ႀကီးက သူ႔ရဲ႕လက္ေကာက္ဝတ္ကိုလႊတ္ေပးၿပီး ေဘးနားမွာကန္ခ်ခံထားရတဲ့ေစာင္ကို ပိုင္ရန႔္ေပၚအသာေလးျပန္ၿခဳံေပးလိုက္တယ္။ အဲ့ေနာက္ ကုတင္အစြန္းနားေလးမွာ မလႈပ္မယွက္ထိုင္ေနတယ္။ [T/N : နတ္ဆိုးဘုရင္ႀကီးကို ဇနီးေလးလို႔ပဲျမင္ေယာင္ေနမိတယ္]

လူသားနယ္ေျမကို ရွဲ႕ဇီထ်န္းဘာလာလုပ္တာလဲဆိုတာ သူလည္းမသိေတာ့ ျပန္ေခၚဖို႔အတြက္ ေနာက္ကလိုက္လာခဲ့တာျဖစ္တယ္။ သို႔ေသာ္လည္း ဒီ့ထက္ပိုေတြးၾကည့္ေတာ့ ရွဲ႕ဇီထ်န္းကအားရစရာမေကာင္းေလာက္ေအာင္ တုန႔္ျပန္သြားတာျဖစ္လို႔ နတ္ဆိုးဘုရင္ႀကီးခမ်ာ သူ႔ရဲ႕အႏိုင္က်င့္ခံခဲ့ရသူေလးကို မ်က္ႏွာခ်င္းဆိုင္ဖို႔ မရဲေသးဘူးျဖစ္ေနတယ္။

ရွဲ႕ဇီထ်န္းဘယ္လိုပုံမ်ိဳးျဖစ္ခဲ့တယ္ဆိုတာ သူေတြးမိေတာ့…

နတ္ဆိုးဘုရင္ႀကီးေခ်ာင္းဟန႔္ကာ သူ႔မ်က္ႏွာက ပန္းေရာင္သမ္းသြားတယ္။

‘ေမ့ထားလိုက္.. ခုတေလာေတာ့ မေတြ႕ဘဲေနတာေပါ့၊ နတ္ဆိုးနယ္ေျမက အရာေတြကိုခြဲေဝၿပီးတဲ့ထိ ကိုယ္ေတာ္ေစာင့္ေပးမယ္’

အခ်ိန္ဘယ္ေလာက္ကုန္သြားၿပီလဲမသိဘူး၊ ေကာင္းကင္ကေတာင္ အေရာင္ေလးလင္းလာၿပီး ရွဲ႕ဇီထ်န္းမ်က္ေတာင္က စတင္လႈပ္ခတ္လာတယ္။ မၾကာခင္ႏိုးလာေတာ့မယ္။

အျပင္ဘက္က အသံတစ္သံ႐ုတ္တရက္ထြက္ေပၚလာတယ္။ “တစ္ေယာက္ေယာက္ ဒီတံခါးကိုဖြင့္ခဲ့တယ္”

“အဲ့တာ အရွင္ရွဲ႕ရဲ႕အခန္းေလ!”

“အရွင္ရွဲ႕ေရာက္ေနတာမ်ားလား?”

“ဝင္သြားၿပီး ၾကည့္ရေအာင္”

“အရင္ဆုံးတံခါးေတာ့ ေခါက္ေလ”

အသံေတြက ပိုမိုနီးကပ္လာၿပီး အျပင္ကေနတစ္စုံတစ္ေယာက္က ႏူးႏူးညံ့ညံ့ေလးေခၚလာတယ္။ “တဆိတ္ေလာက္ပါခင္ဗ်ာ… အရွင္ရွဲ႕ျပန္လာတာလားဟင္?”

အိပ္ရာေပၚကလူရဲ႕မ်က္လုံးေတြ ပြင့္လာတယ္။

ထိုမ်က္လုံးေတြပြင့္လာခ်ိန္မွာပဲ ကုတင္အစြန္းနားမွာထိုင္ေနတဲ့သူ ေပ်ာက္ကြယ္သြားတယ္။

အျပင္ဘက္ကလူေတြေၾကာင့္ ပိုင္ရန္ႏိုးသြားတယ္။ အိပ္ရဆိုးလိမ့္မယ္လို႔ ထင္ထားခဲ့ေပမယ့္ အံံ့ၾသစရာေကာင္းေလာက္ေအာင္ အရမ္းကိုေကာင္းေကာင္းမြန္မြန္အိပ္ေပ်ာ္ခဲ့တာျဖစ္တယ္။

‘ငါတကယ္ပဲ ဝက္ေခါင္းျဖစ္ေနၿပီလား? မေန႔ညက ကိစၥေတြျဖစ္ပ်က္သြားၿပီးတာေတာင္ ဘာျပႆနာမွမရွိသလို ေက်ာက္တုံးတစ္တုံးလို အိပ္ေပ်ာ္သြားလိုက္ေသးတယ္?’

ပိုင္ရန္ကုတင္ေပၚမွာထိုင္ၿပီး ကိုယ့္ကိုယ္ကိုယ္ျပန္သုံးသပ္ေနတယ္။

တစ္စုံတစ္ေယာက္က တံခါးကိုထပ္ေခါက္ျပန္တယ္ “အရွင္ရွဲ႕ အထဲမွာရွိေနပါလား? ကြၽန္ေတာ္တို႔ ဝင္လာလို႔ရႏိုင္မလား?”

ပိုင္ရန္ကိုယ့္မ်က္ႏွာကိုယ္ပုတ္ၿပီး ေစာင္ကိုဖယ္ကာ အဆင့္ျမင့္နတ္ဆိုးတစ္ပါးလိုပုံစံမ်ိဳး ေနလိုက္ကာ “ဝင္လာခဲ့” လို႔ေျပာလိုက္တယ္။

ခဏေလာက္တိတ္သြားၿပီး တစ္စုံတစ္ေယာက္က တုန္တုန္ရီရီေလသံေလးနဲ႔ေမးလာတယ္ “အရွင္ရွဲ႕ဘယ္တုန္းက ျပန္လာတာပါလဲ?”

“မေန႔ညက” ပိုင္ရန္ျပန္ေျဖလိုက္တယ္ “ေရတစ္ဖလားယူလာခဲ့”

“ဟုတ္ကဲ့!” အျပင္ဘက္ကလူေတြက အမိန႔္ကိုနာခံကာ တဘက္တစ္ထည္၊ ေရပူရယ္နဲ႔ အျမန္ျပန္ေရာက္လာတယ္။

ကိုယ္လက္သန႔္စင္ၿပီး မနက္စာစားၿပီးေနာက္ တစ္စုံတစ္ေယာက္ကို ဝိဉာဥ္ေက်ာက္တုံးယူလာခိုင္းကာ ေထာင္ေထာင္,ေထာင္ေထာင္နဲ႔ထြက္သြားတယ္။ အစကအဆုံးထိ ႐ုတ္တရက္ႀကီးေရာက္လာၿပီး ျပန္ထြက္သြားရတာလဲဆိုတာကို မရွင္းျပခဲ့ဘူး။ ၿပီးေတာ့ သူ႔ရဲ႕ရာထူးနဲ႔ဆိုရင္ ေျဖရွင္းခ်က္ေပးစရာမလိုသလို… သူ႔နားကလူေတြကလည္း မေမးရဲၾကဘူး။

“ေရွာင္လင္း မေကာင္းဆိုးဝါးနဂါးႀကီး ဘယ္နားမွာရွိတာလဲဆိုတာ ငါ့ကိုေျပာအုံး” ပိုင္ရန္ေမးလိုက္တယ္။

“စာအုပ္ထဲမွာေျပာထားတာေတာ့ ဆန္တက္ျခင္းနဂါးေရအိုင္မွာ မေကာင္းဆိုးဝါးနဂါးႀကီးရွိတယ္တဲ့” ေရွာင္လင္းျပန္ေျဖတယ္။

စာအုပ္ထဲမွာ မေကာင္းဆိုးဝါးနဂါးႀကီးက သူ႔ရဲ႕က်င့္ႀကံျခင္းအတြက္ ပတ္ပတ္လည္မွာရွိတဲ့သားေကာင္ႀကီးေတြကို စားေသာက္ၿပီး သဘာဝတရားႀကီးကို ဖ်က္လိုဖ်က္ဆီးလုပ္ခဲ့တယ္။ ေနာက္ေတာ့ ဇာတ္လိုက္ရဲ႕အလွေလး ဖန္းမင္ရဲ႕က်င့္ႀကံျခင္းက အခ်ည္းႏွီးျဖစ္သြားခဲ့တယ္။ အဲ့ေတာ့ က်င့္ႀကံျခင္းျမင့္မားတဲ့ဇာတ္လိုက္က သူမကိုနဂါးဝိဉာဥ္ပိုင္နက္ထဲေခၚသြားၿပီး သူမအတြက္ ေသြးလင္ဇီမႈိကိုရွာဖို႔အတြက္ ဆန္တက္ျခင္းနဂါးေရအိုင္ကိုျဖတ္ေက်ာ္ခဲ့တယ္။

စာေရးသူရဲ႕ပန္းတိုင္က ဇာတ္လိုက္နဲ႔ ဖန္းမင္တို႔ လွ်ိဳ႕ဝွက္နဂါးဝိဉာဥ္ပိုင္နက္ကို ဝင္ေရာက္ကာ သူတို႔အခ်င္းခ်င္းခံစားခ်က္ေတြတိုးလာၿပီး ေသြးလင္ဇီမႈိကိုရွာဖို႔ျဖစ္တယ္။ မေကာင္းဆိုးဝါးနဂါးႀကီးကေတာ့ စာေၾကာင္းေလးအနည္းငယ္နဲ႔ အင္မတန္မွာအားႀကီးလွပါခ်ည္ရဲ႕ဆိုၿပီး ဇာတ္လိုက္ကို ထိခိုက္ေအာင္လုပ္ကာ ထြက္ေျပးသြားတယ္ဆိုတာပဲ ေဖာ္ျပခဲ့တယ္။ စာအုပ္ထဲမွာ မေကာင္းဆိုးဝါးနဂါးႀကီးရဲ႕သားေကာင္ဗဟိုခ်က္က က်င့္ႀကံျခင္းတိုးလာဖို႔အတြက္ ေကာင္းၿပီး က်င့္ႀကံသူအသစ္ေလးေတြအတြက္ပဲ ေကာင္းတယ္ဆိုတာ ေဖာ္ျပထားတယ္။ ဖန္းမင္ရဲ႕က်င့္ႀကံျခင္းက ျမင့္တယ္ အဲ့တာေၾကာင့္ ေသြးလင္ဇီမႈိကပဲ ျပန္ေကာင္းမြန္ေစမွာျဖစ္တယ္။ အဲ့တာေၾကာင့္ ဇာတ္လိုက္က နဂါးႀကီးေနာက္ကို မလိုက္ေတာ့တာျဖစ္တယ္။

မေကာင္းဆိုးဝါးနဂါးႀကီးအေၾကာင္းလည္း ထပ္ၿပီးမေျပာျဖစ္ေတာ့ဘူး။

ဇာတ္လိုက္က ေ႐ႊေရာင္ဗဟိုခ်က္အဆင့္ကိုမေရာက္ေသးဘူးဆိုေတာ့ မေကာင္းဆိုးဝါးနဂါးႀကီးရဲ႕သားေကာင္ဗဟိုခ်က္က သူ႔အတြက္ အေကာင္းဆုံးပဲ။

ဇာတ္လိုက္ရဲ႕ေသြးလင္ဇီမႈိနဲ႔ တျခားအဖိုးတန္ရတနာေတြကို မထိဝံ့ေပမယ့္ မေကာင္းဆိုးဝါးနဂါးႀကီးရဲ႕သားေကာင္ဗဟိုခ်က္က ကိစၥမရွိဘူးေလ…

နတ္ဆိုးဘုရင္ႀကီးနားမွာ ႏွစ္ခ်ီၿပီးအခ်ဳပ္အေႏွာင္ခံေနရကတည္းက ဒီအႀကံကိုရထားတာျဖစ္ေပမယ့္ ပိုင္ရန္နတ္ဆိုးနယ္ေျမက မထြက္ႏိုင္ခဲ့တာေၾကာင့္ျဖစ္တယ္။ ထြက္လာဖို႔အေၾကာင္းျပခ်က္ေလးရွိလာေတာ့ သားေကာင္ဗဟိုခ်က္ဆီကို တန္းတန္းမတ္မတ္သြားလိုက္တယ္။

ေရွာင္လင္းလမ္းျပမႈနဲ႔ ဆန္တက္ျခင္းနဂါးေရအိုင္ကို အလြယ္တကူေရာက္လာခဲ့တယ္။

ဆန္တက္ျခင္းနဂါးေရအိုင္က ေတာင္ႏွစ္လုံးၾကားမွာရွိတယ္။ ေရအိုင္က ၾကည္လင္ၿပီး အႏၲရာယ္ရွိႏိုင္တဲ့အရိပ္အေယာင္ေလးေတာင္ မရွိဘဲ ေအးခ်မ္းေနတယ္။ စာအုပ္ထဲမွာေျပာထားတာေတာ့ မေကာင္းဆိုးဝါးနဂါးႀကီးက တဖက္လူအာ႐ုံမရွိခ်ိန္မွ အၿမဲတမ္းတိုက္ခိုက္တတ္ၿပီး မေအာင္ျမင္တာမ်ိဳး မရွိခဲ့ဘူးဆိုပဲ။

ပိုင္ရန္သူ႔ရဲ႕ဝိဉာဥ္စြမ္းအင္ေတြကို ေဖ်ာက္ၿပီး ေရအိုင္နားကိုကပ္လာတယ္။ ႏုံခ်ာၿပီးအားနည္းတဲ့က်င့္ႀကံသူတစ္ေယာက္လို ဝတ္ဆင္ၿပီး ေရေသာက္ဖို႔အတြက္ ကိုယ္ကိုကိုင္းခ်လိုက္တယ္။

တည္ၿငိမ္ေနတဲ့ေရအိုင္ေအာက္ေျခမွာ သူ႔ကိုမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနတဲ့ ႀကီးမားတဲ့မ်က္ဝန္းတစ္စုံရွိေနတယ္။

ပိုင္ရန္သတိမထားမိသလို ဟန္ေဆာင္ေနလိုက္တယ္။ သူေရေသာက္ၿပီးေနာက္ သူ႔မ်က္ႏွာကိုေရဆြတ္လိုက္ေသးတယ္။

အဲ့အခ်ိန္မွာ ေစာင့္ေမွ်ာ္ေနရတဲ့ ေရနက္ေအာက္ထဲက မေကာင္းဆိုးဝါးေကာင္ႀကီးထြက္ေပၚလာၿပီး ပါးစပ္ႀကီးက ပိုင္ရန႔္ေခါင္းကိုကိုက္မလိုလုပ္ထားတယ္။

ေရအိုင္ကေန ပိုင္ရန္ေခါင္းေမာ့လိုက္ၿပီး သူ႔မ်က္ႏွာကတုန္ရီေနတဲ့အမူအယာျဖစ္ေပၚေနတယ္။

မေကာင္းဆိုးဝါးနဂါးႀကီးက သူ႔ကိုယ္သူေက်နပ္သြားၿပီး သူ႔သားေကာင္ကိုတစ္ငုံတည္းၿမိဳခ်လိုက္တယ္။

ေရထဲျပန္ဝင္ၿပီးေနာက္ သူ႔အစာကို ေျခဖ်က္ဖို႔ျပင္ေတာ့တယ္။ ေနာက္ပိုင္းမွာ သားေကာင္ႀကီးေတြနဲ႔က်င့္ႀကံသူေတြက ေရအိုင္ႀကီးကိုစြန႔္ခြာသြားၾကတာေၾကာင့္ ဆာေလာင္ေနတာလအနည္းငယ္ၾကာၿပီျဖစ္တယ္။ ေရာက္လာတဲ့ဒီက်င့္ႀကံသူေလးက ေဆာင္းရာသီမွာေရာက္လာတဲ့ မီးေသြးတုံးေလးလိုပဲ။ ၾကည္လင္တဲ့အသားအေရနဲ႔ ႏူးညံ့တဲ့အသားေလး… ၾကည့္တာနဲ႔တင္ အရသာရွိလိုက္မယ့္ပုံေလး။

မေကာင္းဆိုးဝါးနဂါးႀကီးက ေရထဲျပန္ဆင္းကာ သားေကာင္ကို အစာေျခဖို႔ ေကြးလိုက္တယ္။

သို႔ေသာ္လည္း ခဏေနေတာ့ ကိုယ္ႀကီးက ေနလို႔မေကာင္းျဖစ္လာတယ္။ ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ကလီစာေတြကို မာေက်ာတဲ့သံဓားႀကီးတစ္ေခ်ာင္းနဲ႔ ျဖတ္ေတာက္ေနသလိုပဲ။

မၾကာခင္ မေကာင္းဆိုးဝါးနဂါးႀကီးက မခ်ိမဆံ့နာက်င္မႈေၾကာင့္ ေရအိုင္ၾကမ္းျပင္မွာ လူးလွိမ့္ေနရတယ္။

ေအးခ်မ္းေနတဲ့ကန္ေရမ်က္ႏွာျပင္ကလည္း အခုဆို လႈိင္းလုံးႀကီးေတြထေနၿပီျဖစ္တယ္။

အေမႊးတိုင္တစ္တိုင္ကုန္ေလာက္တဲ့အခ်ိန္မွာ မေကာင္းဆိုးဝါးနဂါးႀကီးက ေရအိုင္ေအာက္ေျခကေန ေကာင္းကင္ကိုဆန္တက္လာတယ္။ ဆြဲဆြဲငင္ငင္ေအာ္သံနဲ႔အတူ ႏွစ္ပိုင္းျပတ္ထြက္သြားတယ္။

ပိုင္ရန္ကေတာ့ ေလထဲမွာပဲ ခိုဥအ႐ြယ္ေလာက္ရွိတဲ့ သားေကာင္ဗဟိုခ်က္ကိုကိုင္ထားတယ္။

သူက ဂုဏ္သိကၡာရွိလွတဲ့နတ္ဆိုးစစ္သူႀကီးေလးပါးထဲက တစ္ပါးေလ။ သူဘယ္ကိုသြားသြား ထင္ရွားေနရမယ္!

သားေကာင္ဗဟိုခ်က္ကိုယူၿပီး ေနာက္တစ္ဘူတာကေတာ့ တိမ္လႊာပ်ံဝဲဂိုဏ္းၿမိဳ႕ကိုျဖစ္တယ္။

ဇာတ္လိုက္ကိုေတြ႕ဖို႔ ႏွစ္နည္းေတ့ရွိတယ္။ ပထမတစ္ခုက ေတာင္ေပၚတက္ၿပီးသူ႔ကိုရွာတာနဲ႔ ဒုတိယတစ္ခုက ဇာတ္လိုက္ကိုယ္တိုင္ဆင္းလာၿပီး သူ႔ကိုလာေတြ႕ရမွာ။

ပထမနည္းလမ္းနဲ႔ဆို ေတာင္ေပၚေရာက္ႏိုင္ဖို႔ အေတာ္ေလးအားစိုက္ၿပီးႀကိဳးစားရမွာျဖစ္ၿပီး က်ရႈံးခဲ့ရင္လည္း ေနာက္ကလိုက္ၿပီး အသတ္ခံရအုံးမယ္။ သူဘယ္လိုပဲေတြးေတြး ဒုတိယနည္းလမ္းက ပိုၿပီးအဆင္ေျပပုံရတယ္။

‘ဒါေပမယ့္ သူဆင္းလာၿပီး ငါ့ကိုလာေတြ႕ေအာင္ ဘယ္လိုလုပ္ရမွာလဲ?’

ပိုင္ရန္ေတြးေတာၿပီး အကြက္ခ်ေတာ့တယ္။ ဇာတ္လိုက္ေတာင္ေအာက္ဆင္းလာဖို႔ အရင္ဆုံးစာတစ္ေစာင္ေရးလိုက္တယ္။ အဲ့တာအလုပ္မျဖစ္ရင္ သူကိုယ္တိုင္အဲ့ကိုခိုးသြားႏိုင္ဖို႔ နည္းရွာရမယ္။

ပိုင္ရန္ ဇာတ္လိုက္ကိုနားလည္တယ္။ ဇာတ္လိုက္က်ိဳးရင္က စြန႔္စားလိုတဲ့စိတ္ဓာတ္ရွိတဲ့ ေကာင္ေလးတစ္ေယာက္ျဖစ္တယ္။ လူအမ်ားစုက အႏၲရာယ္ေတြနဲ႔ ယွဥ္ၿပိဳင္ရမွာေတြကို ေရွာင္လႊဲတတ္ၾကေပမယ့္ သူကေတာ့ အဲ့အခက္အခဲေတြကို မ်က္ႏွာခ်င္းဆိုင္ေျဖရွင္းတယ္။ အဲ့တာေၾကာင့္ တျခားသူေတြထက္သူက ပိုၿပီးေအာင္ျမင္တာျဖစ္တယ္။

ပိုင္ရန္ေရးလိုက္တဲ့စာမွာက သူကသူ႔(ဇာတ္လိုက္)ကို ေကာင္းကင္ေနမင္းေဆးလုံးေပးလိုက္တဲ့လူတစ္ေယာက္ဆိုတာ ဇာတ္လိုက္ကိုပြင့္ပြင့္လင္းလင္းေရးထားၿပီး သူေနာက္ေဆးတစ္လုံးယူလာတာေၾကာင့္ ေတာင္ေအာင္ဆင္းလာဆိုတာကို ေျပာထားတယ္။

သာမန္လူတစ္ေယာက္သာ စာကိုျမင္ရင္ ယုံမွာမဟုတ္ဘူး။ သို႔ေသာ္လည္း ပိုင္ရန္က ၿပီးခဲ့တဲ့တစ္ေခါက္က က်ိဳးရင္ကိုေကာင္းကင္ေနမင္းေဆးလုံးေပးၿပီး အဲ့တည္းကသူ႔ရဲ႕က်င့္ႀကံျခင္းေတြ ခုန္ပ်ံေက်ာ္တက္သြားခဲ့တယ္။ သူရတာက ဘယ္လိုအရသာဆိုတာကို သူသိေနၿပီ။ တဖက္မွာလည္း က်ိဳးရင္က စြန႔္စားတတ္တဲ့အက်င့္စ႐ိုက္ရွိတယ္။ တကယ္လို႔ပိုင္ရန္ကသာ နဂါးႏိုင္ဓားလိုခ်င္လို႔ ဆက္သြယ္တာမ်ိဳးပဲဆိုၿပီးဆုံးျဖတ္ထားတာဆိုရင္ သူကအခုမွအေျခတည္အဆင့္ပဲရွိေသးတာေၾကာင့္ ပိုင္ရန္ကဆက္ဆံဖို႔ လုံၿခဳံတဲ့လူတစ္ေယာက္လို႔ ခန႔္မွန္းလိုက္တယ္။

ပိုင္ရန္ ဇာတ္လိုက္ကိုစာေပးဖို႔အတြက္ ၿမိဳ႕ထဲကဂိုဏ္းတပည့္တစ္ေယာက္ကို ဝိဉာဥ္ေက်ာက္တုံးေတြနဲ႔ လာဘ္ထိုးလိုက္တယ္။ စာကိုအထူးျပဳလုပ္ထားတာျဖစ္လို႔ ဇာတ္လိုက္ကလြဲလို႔ တျခားတစ္ေယာက္ကအတင္းအၾကပ္ဖြင့္မယ္ဆိုရင္ စာကပ်က္ဆီးသြားမွာျဖစ္တယ္။

ပိုင္ရန္ေတာင္ေအာက္က အရက္ဆိုင္ေလးမွာေစာင့္ေနတယ္။ ပထမဆုံးအႀကိမ္ဇာတ္လိုက္နဲ႔ ေတြ႕ခဲ့တဲ့ေနရာမွာပဲ… ေနင္ရီတေရာအခ်ိန္မွာ ဇာတ္လိုက္ေရာက္လာတယ္။

ဇာတ္လိုက္က ႏွာေခါင္းေအာက္နားမွာ ႏႈတ္ခမ္းေမႊးအတုႀကီးနဲ႔ သာမန္လူတစ္ေယာက္လိုဝတ္ဆင္ထားတယ္။ သူ႔ကိုၾကည့္ရတာ ေပါ့ေပါ့တန္တန္လူတစ္ေယာက္လိုပဲ။ ပိုင္ရန္ကေတာ့ ၿပီးခဲ့တဲ့တစ္ေခါက္သူတို႔ေတြ႕ခဲ့တုန္းက ပုံစံအတိုင္းပဲ… ထိုင္တဲ့စားပြဲခုံေတာင္မွ ၿပီးခဲ့တဲ့တစ္ေခါက္က ခုံမွာျဖစ္တယ္။ ဝိုင္ေကာင္းေကာင္းႏွစ္အိုးရယ္ အျမည္းပန္းကန္ေလးတစ္ခ်ပ္ရယ္နဲ႔ ေစာင့္ေနတယ္။

ဇာတ္လိုက္က်ိဳးရင္ရဲ႕မ်က္ႏွာက ပိုင္ရန႔္ကိုလည္းျမင္ေရာ အၿပဳံးေလးတစ္ပြင့္ေပၚထြက္လာၿပီး သူ႔နားကိုသြက္လက္စြာေလွ်ာက္လာကာ ေဘးမွာထိုင္ခ်လိုက္တယ္။

ဇာတ္လိုက္က ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈပိုရွိလာၿပီး အခုဆိုရင့္က်က္လာၿပီျဖစ္တယ္။ သူ႔ဘာသူဝိုင္တစ္ခြက္ငွဲ႔လိုက္ကာ “ၿပီးခဲ့တဲ့တစ္ေခါက္တုန္းက ထြက္သြားတာအရမ္းျမန္ေတာ့ ကြၽန္ေတာ့္မွာခင္ဗ်ားနာမည္ေတာင္မသိလိုက္ရဘူး… ဒီတစ္ခါ ခင္ဗ်ားကကြၽန္ေတာ့္ကိုေခၚတယ္ဆိုေတာ့ အနည္းဆုံးခင္ဗ်ားနာမည္ေလးေတာ့ေျပာသင့္တယ္ မဟုတ္ရင္ ကြၽန္ေတာ္ဘယ္လိုေခၚရမွန္းမသိဘူးဗ်”

ပိုင္ရန္သူ႔ရဲ႕သတၱိကို အသိအမွတ္ျပဳကာ ၿပဳံးရင္းေျပာလိုက္တယ္။ “မင္း ကိုယ့္ကို လူႀကီးမင္းရွဲ႕လို႔ေခၚႏိုင္တယ္”

“မ်ိဳး႐ိုးနာမည္က ရွဲ႕လား?” ဇာတ္လိုက္ေမးလိုက္တယ္။

ပိုင္ရန္ေခါင္းသာၿငိတ္ျပလိုက္တယ္။

ဇာတ္လိုက္နဲ႔ အရမ္းကိုအလြယ္တကူေတြ႕ႏိုင္မယ္လို႔ သူမထင္ထားဘူး။ ဇာတ္လိုက္ကအရင္ဆုံးစုံစမ္းဖို႔တစ္စုံတစ္ေယာက္လႊတ္တာျဖစ္ျဖစ္ တည္ေနရာအသစ္နဲ႔အခ်ိန္ကို စာျပန္ပို႔တာျဖစ္ျဖစ္လုပ္လိမ့္မယ္လို႔ ထင္ခဲ့တာ။ ဇာတ္လိုက္က စာပါအေၾကာင္းအရာအတိုင္း လိုက္လုပ္မယ္လို႔ မထင္ထားမိဘူး။

ပိုင္ရန္ထင္ထားတာေတြထက္ ေက်ာ္လြန္ေနေပမယ့္ က်ိဳးရင္က သူေတြးမိတာထက္ သူ႔ကိုယုံၾကည္ေနပုံရတယ္။

‘ဒါေပမယ့္ ဘာလို႔လဲ?’

“မင္းက ဒီတိုင္းလာလိုက္တာပဲလား? ငါလုပ္ေနတာေတြ အားလုံးကမင္းကိုယ္နဲ႔ခ်ိတ္ဆက္ထားတဲ့ နဂါးႏိုင္ဓားေၾကာင့္ဆိုတာ မင္းလည္းသိေနတာပဲ မဟုတ္ဘူးလား? ငါမင္းကိုသတ္ပစ္လိုက္မွာ မေၾကာက္ဘူးလား?” ပိုင္ရန္သိခ်င္စိတ္နဲ႔ ေမးလိုက္တယ္။

ဇာတ္လိုက္ရယ္ေမာကာ ေခါင္းရမ္းျပတယ္။ “ခင္ဗ်ားမသတ္ပါဘူးဗ်ာ”

ဇာတ္လိုက္ရဲ႕ကြန္ဖီးဒန႔္အျပည့္နဲ႔ေလသံေၾကာင့္ ပိုင္ရန္လက္ဖ်ားခါသြားတယ္။ “ဘာေၾကာင့္လဲ?”

“အရင္ဆုံး ခင္ဗ်ားနဂါးႏိုင္ဓားလိုခ်င္တယ္ဆိုရင္ ကြၽန္ေတာ္ဝိဉာဥ္အေျခတည္အဆင့္ကိုေရာက္တဲ့အခ်ိန္ထိ ေစာင့္ဖို႔လိုတယ္ဆိုတာ ခင္ဗ်ားသိေနတယ္ေလ၊ ကြၽန္ေတာ္က အုတ္ျမစ္ခ်ေနာက္ဆုံးအဆင့္ပဲရွိေနေသးတာဆိုေတာ့ ခင္ဗ်ားအခုကြၽန္ေတာ့္ကိုသတ္လိုက္ရင္ နဂါးႏိုင္ဓားကို ဖ်က္ဆီးလိုက္သလိုျဖစ္လိမ့္မယ္… အဲ့တာေၾကာင့္ ေသခ်ာေပါက္ခင္ဗ်ားကြၽန္ေတာ့္ကို သတ္မွာမဟုတ္ဘူး” က်ိဳးရင္ေျပာလိုက္တယ္။

“အဲ့လိုဆိုေပမယ့္လည္း မင္းကိုျပန္ေပးဆြဲၿပီး ႏွိပ္စက္လို႔ရတယ္ေလ” ပိုင္ရန္ေျပာလိုက္တယ္။

က်ိဳးရင္ေခါင္းရမ္းျပန္တယ္ “ခင္ဗ်ားမလုပ္ပါဘူး”

“ဘာလို႔လဲ?” ပိုင္ရန္ပိုလို႔ေတာင္ သိခ်င္လာတယ္။

“အလိုလိုသိေနတာ” က်ိဳးရင္ ပြင့္ပြင့္လင္းလင္းေျပာလိုက္တယ္။

ထိုသူ႔ပါးစပ္ကေနထြက္လာတဲ့ “အလိုလိုသိေနတာ”ဆိုတဲ့ စကားလုံးကိုၾကားရလိမ့္မယ္လို႔ သူတစ္ခါမွေတာင္မေတြးမိဘူး.. က်ိဳးရင္ရဲ႕စကားလုံးေတြက ပိုင္ရန္ထင္ထားတာေတြထက္ေတာင္ ေက်ာ္လြန္ေနတယ္။ သူတို႔တစ္ခါေလာက္ပဲေတြ႕ဖူးတာကို ပိုင္ရန္ကသူ႔ကို နာက်င္ေအာင္မလုပ္ပါဘူးဆိုၿပီး ဘာေၾကာင့္ဇြတ္ယုံေနရတာလဲ?

တုန႔္ျပန္မႈတစ္ခုေလးေတာင္ မေတြးႏိုင္ေသးခင္ က်ိဳးရင္ကဆက္ေျပာလာတယ္ “ဘာေၾကာင့္လဲေတာ့မသိဘူးဗ်ာ ခင္ဗ်ားကိုရင္းႏွီးေနတာ… အရင္ကေတြ႕ဖူးေနသလိုမ်ိဳး၊ ခင္ဗ်ားကြၽန္ေတာ့္ကို ထိခိုက္ေအာင္မလုပ္တာတင္မကဘူး ကြၽန္ေတာ့္ကို ကူညီေပးလိမ့္မယ္လို႔ပါ ခံစားမိေနတယ္”

ပိုင္ရန္ခဏေလာက္ဆြံ႕အေနၿပီး ေနာက္မွာခပ္ဖြဖြေလးရယ္လိုက္တယ္။ သူဘာမွေတာ့မေျပာေပမယ့္ ဇာတ္လိုက္က်ိဳးရင္ရဲ႕ထက္ျမက္တဲ့ပင္ကိုသိစိတ္မွာ ၾကက္ေသေသမိတယ္။ သူ႔ရဲ႕အသိစိတ္ထဲမွာ သူ႔ခံစားခ်က္ေတြက မွန္ကန္ေနတယ္။ ဇာတ္လိုက္ကို ဒီေလာကမွာထိခိုက္ေအာင္ မလုပ္ႏိုင္ဆုံးလူတစ္ေယာက္ကိုျပပါဆိုရင္ ေသခ်ာေပါက္ပိုင္ရန္ပဲေပါ့…

ဇာတ္လိုက္ကအရမ္းယုံၾကည္ေနတာေၾကာင့္ ပိုင္ရန္နည္းနည္းစိတ္လႈပ္ရွားသြားရေပမယ့္ ရွဲ႕ဇီထ်န္းနဲ႔ က်ိဳးရင္တို႔မွာ အခ်င္းခ်င္းတိုက္ခိုက္ရမယ့္ ကံၾကမၼာရွိတာကို ေတြးမိေတာ့ ပိုင္ရန္ခံစားခ်က္ေတြ ရႈပ္ေထြးသြားတယ္။

ခဏေလာက္ရပ္သြားၿပီး ပိုင္ရန္ေျပာလိုက္တယ္ “ေကာင္ေလး… မင္းကိုအႀကံတစ္ခုေလာက္ေပးခ်င္တယ္၊ မင္းရဲ႕အလိုလိုသိစိတ္ဆိုတာအေပၚမွာ အလုံးစုံမွီခိုမေနနဲ႔… အေျပာအဆိုေတြ၊ ခံစားခ်က္ေတြက အလြယ္တကူလွည့္စားလို႔ရတယ္ဆိုတာ သိသင့္တယ္၊ အေျပာနဲ႔တင္ မျဖစ္ဘူး”

က်ိဳးရင္ကေတာ့ အတည္မယူဘူး “လူႀကီးမင္းရွဲ႕ ခင္ဗ်ားကတကယ့္ကို စိတ္သေဘာေကာင္းတာပဲ၊ ဒါနဲ႔ လူႀကီးမင္း ခင္ဗ်ားကြၽန္ေတာ့္ကို ေဆးလုံးတစ္လုံးေပးမယ္ဆိုတာ တကယ္လား?”

က်ိဳးရင္မ်က္လုံးေတြက ေမွ်ာ္လင့္ခ်က္ေတြျပည့္ႏွက္ေနတယ္။

ပိုင္ရန္ ေျပာစရာစကားမရွိေတာ့ပါလားလို႔ေတာင္ ခံစားရတယ္။ က်ိဳးရင္ရဲ႕သတၱိကေတာ့ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘူးပဲ။ သူဝိဉာဥ္အေျခတည္အဆင့္ေရာက္ရင္ အသတ္ခံရႏိုင္တယ္ဆိုတာ သိတာေတာင္မွ ဒီကိုေရာက္လာၿပီး သူ႔ရဲ႕က်င့္ႀကံျခင္းအတြက္ စိတ္တက္ႂကြေနလိုက္ေသးတယ္။

ဇာတ္လိုက္ကတကယ့္ကို ဇာတ္လိုက္ျဖစ္ထိုက္ပါေပတယ္။ သူ႔ရဲ႕ရဲစြမ္းသတၱိက ေကာင္းကင္ႀကီးကိုေတာင္ ျပည့္သြားေစႏိုင္တယ္။

“တကယ္လို႔ ငါကဒီေန႔မင္းကိုေဆးေပးဖို႔အတြက္ ေရာက္လာတာမဟုတ္ဘူးဆိုရင္ေရာ မင္းလာမွာလား?” ပိုင္ရန္ေပါ့ေပါ့တန္တန္ေမးလိုက္တယ္။

က်ိဳးရင္ခဏေလာက္ေတြးၾကည့္ၿပီး ေခါင္းၿငိတ္ျပတယ္။ “ကြၽန္ေတာ္က လူႀကီးမင္းကို ကြၽန္ေတာ္သူငယ္ခ်င္းလို႔ေတြးထားတာဆိုေတာ့ သူငယ္ခ်င္းတစ္ေယာက္နဲ႔ လာေတြ႕ရတယ္လို႔သေဘာထားမွာပါ… ဒါေပါ့လာေတြ႕မွာေပါ့”

ပိုင္ရန္ “…”

ပိုင္ရန္တိတ္တဆိတ္ေၾကကြဲသြားတယ္ ‘ဒီကေလးက ငါ့ကိုအရမ္းယုံၾကည္ေနေတာ့တာပဲ… ေနာက္ပိုင္းမမုန္းသြားဖို႔ ေမွ်ာ္လင့္ရတာပဲ’

“အဲ့လိုဆို ဂုဏ္ယူမိပါတယ္” ပိုင္ရန္စားပြဲေပၚကဝိုင္အိုးကိုယူၿပီး ခြက္ထဲေလာင္းထည့္ကာ က်ိဳးရင္ကိုေပးလိုက္တယ္။

က်ိဳးရင္ခြက္ကို လွမ္းယူတယ္။

ပိုင္ရန္သူ႔အတြက္သူ တစ္ခြက္ငွဲ႔လိုက္တယ္။ ခြက္ကိုေျမႇာက္ကာ “လာ.. ေသာက္ၾကတာေပါ့”လို႔ေျပာလိုက္တယ္။

“ကြၽန္ေတာ္တို႔ေတြ႕ရတာ ကံၾကမၼာေၾကာင့္ျဖစ္ရမယ္… တစ္ေနကုန္ေသာက္ၿပီး မမူးမခ်င္းမျပန္ဘူး..” က်ိဳးရင္လည္း ခြက္ကိုေျမႇာက္ၿပီးေျပာလိုက္တယ္။

ႏွစ္ေယာက္သား ခြက္ကိုတိုက္ၿပီး ဝိုင္ေသာက္ၾကတယ္။ ပိုင္ရန္ကေတာ့ က်ိဳးရင္ကိုၾကည့္ရင္း စိတ္ထဲမတင္မက်နဲ႔ေသာက္ေနတယ္။

“ကြၽန္ေတာ့္ကို ဘာလို႔ၾကည့္ေနတာလဲ?” က်ိဳးရင္တမ်ိဳးႀကီးျဖစ္သြားတယ္။

ပိုင္ရန္ခြက္ကို စားပြဲေပၚခ်ၿပီး စိတ္ဆိုးသလိုေလသံနဲ႔ေျပာလာတယ္ “ေနအုံး”

“ဘာကိုလဲ?” က်ိဳးရင္ ေမးခြန္းထုတ္လိုက္တယ္။

ပိုင္ရန႔္ႏႈတ္ခမ္းေတြ ေကြးၫႊတ္သြားတယ္ “မင္းေနလို႔ထိုင္လို႔ မေကာင္းသလိုမခံစားရဘူးလား?”

ပိုင္ရန႔္စကားကိုၾကားေတာ့ က်ိဳးရင္မ်က္ေမွာင္ၾကဳတ္သြားတယ္။ သူ႔ႏွဖူးေပၚတက္ေထာက္ၿပီး ေျပာလိုက္တယ္ “ဘာလို႔႐ုတ္တရက္ႀကီး မူးလာရတာလဲ?”

တခုခုကို နားလည္လိုက္သလိုမ်ိဳး က်ိဳးရင္မ်က္လုံးေတြ ျပဴးက်ယ္သြားတယ္။ မတ္တပ္ထရပ္ၿပီး ထြက္သြားလိုက္ခ်င္ေပမယ့္ လႈပ္႐ုံသာရွိေသးတယ္ စားပြဲေပၚျပန္လဲက်ၿပီး သတိလစ္သြားတယ္။

ပိုင္ရန္သူ႔ခြက္ကို ယူၿပီးသက္ျပင္းခ်လိုက္တယ္ “ငါ့ကို အျပစ္မတင္နဲ႔ ေကာင္ေလး၊ ငါ့မွာလည္း ေ႐ြးျခယ္စရာမရွိဘူး”

သူ က်ိဳးရင္ကို မၿပီး အရက္ဆိုင္ေလးကေန ေပ်ာက္ကြယ္သြားတယ္။

တစ္နာရီၾကာေတာ့ က်ိဳးရင္ သူနဲ႔မရင္းႏွီးတဲ့ေနရာတစ္ခုမွာ ႏိုးလာခဲ့တယ္။ ေဘးဘီကိုၾကည့္လိုက္ေတာ့ အိမ္တစ္လုံးထဲေရာက္ေနမွန္း သိလိုက္ရတယ္။

ေဘးပတ္လည္က တိတ္ဆိတ္ေနတယ္။ အိမ္ႀကီးက အိုေဟာင္းၿပီး ပ်က္စီးေနကာ နံရံတစ္ခ်ပ္ဆို ၿပိဳေတာင္ၿပိဳေနၿပီ။ ေလဒဏ္မိုးဒဏ္ကာကြယ္ဖို႔ နံရံသုံးခုသာက်န္ေတာ့တယ္။ အတြင္းထဲမွာလည္း ေနရာတိုင္းကပစၥည္းေတြျပန႔္က်ဲရႈပ္ပြေနၿပီး အရင္ပိုင္ရွင္မလိုခ်င္လို႔ ထားခဲ့တာျဖစ္ႏိုင္ေလာက္တယ္။ အခ်ဳပ္ေျပာရရင္ အိမ္ပ်က္ႀကီးတစ္လုံးသာျဖစ္တယ္။

ၿပိဳေနတဲ့နံရံတစ္ခ်ပ္မွာ က်ိဳးရင္ကိုေက်ာေပးၿပီး ရင္းႏွီးတဲ့ပုံရိပ္ေလးတစ္ခုရပ္ေနတယ္။

“လူႀကီးမင္းရွဲ႕?” က်ိဳးရင္ေျမႀကီးေပၚ ထိုင္လိုက္တယ္။ “ကြၽန္ေတာ္တို႔ ဘယ္ေရာက္ေနတာလဲ?”

ဒီအေျခအေနမွာ တစ္ခုခုေတာ့လြဲေနၿပီဆိုတာ သတိထားမိေပမယ့္ ပိုင္ရန္ကသူ႔ကိုထိခိုက္ေအာင္လုပ္မယ္ဆိုတာကိုေတာ့ မယုံခ်င္ဘူး။

ပိုင္ရန္ေခါင္းလွည့္လာတယ္ “ေမးခြန္းေကာင္းပဲ၊ က်ဳပ္တို႔အခု ဘယ္ေရာက္ေနတာလဲ?”

က်ိဳးရင္ မ်က္လုံးပုတ္ခတ္ပုတ္ခတ္ျဖစ္သြားတယ္။ သူ႔ရဲ႕ေၾကာင္အအ,အမူအယာက တည္တံ့သြားၿပီး သူ႔မ်က္ႏွာက သတိအေနအထားျဖစ္သြားတယ္။

“လူႀကီးမင္းရွဲ႕ ကြၽန္ေတာ္နားမလည္ေတာ့ဘူး”

‘ၾကည့္ရတာ သူသတိထားမိသြားၿပီထင္ပါရဲ႕’

ပိုင္ရန္သူ႔ဆီေလွ်ာက္လာၿပီး ကိုယ္ကိုကိုင္းကာ က်ိဳးရင္ကိုစိုက္ၾကည့္လိုက္တယ္။ “ငါမင္းကိုေျပာသားပဲ အလိုလိုသိတယ္ဆိုတာကိုခ်ည္းပဲ မွီခိုၿပီးမေနပါနဲ႔လို႔… ငါကမင္းကို ထိခိုက္ေအာင္မလုပ္ဘူးလို႔ မင္းတကယ္ထင္ေနတာလား?”

က်ိဳးရင္မတ္တပ္ထရပ္ကာ အားတင္းၿပီးၿပဳံးလိုက္တယ္ “လူႀကီးမင္းရွဲ႕ ဘာကိုဆိုလိုခ်င္တာလဲ?”

“မင္းေတြးေနတဲ့ အတိုင္းပဲ” ပိုင္ရန႔္ေလသံထဲက ေမာက္မာတဲ့အရိပ္အေယာင္က ပိုင္ရန္ဆိုတဲ့သူက သူလက္လွမ္းမမွီႏိုင္တဲ့အျပင္ သူထင္ထားတဲ့အတိုင္းမဟုတ္ပါလားဆိုၿပီး က်ိဳးရင္ကိုခံစားမိေစတယ္။ သူ႔မွာ တပ္မက္ဖြယ္ေၾကာ့ရွင္းၿပီး ျမင့္ျမတ္တဲ့အေငြ႕အသက္ေတြရွိတယ္။ လႈပ္ရွားမႈတိုင္းက တိမ္လႊာပ်ံဝဲဂိုဏ္းက အဆင့္အျမင့္ဆုံးက်င့္ႀကံသူေတြေတာင္ မယွဥ္ႏိုင္ေလာက္ေအာင္ မဟာဆန္လွတယ္။ သူ႔ရဲ႕ထင္ရွားတဲ့အသြင္အျပင္နဲ႔ စိတ္ေနသေဘာထားက အေသးစိတ္က်လြန္းတာေၾကာင့္ က်ိဳးရင္စိတ္ခ်မိသြားတာျဖစ္မယ္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို တကယ္သတ္ခ်င္တာလား?” က်ိဳးရင္ မယုံႏိုင္စြာ ေနာက္တစ္ႀကိမ္ထပ္ေမးျပန္တယ္။

ပိုင္ရန္ရယ္ရယ္ေမာေမာနဲ႔ “ဘယ္လိုထင္လဲ ေကာင္ေလး?”

“ဒါေပမယ့္ ကြၽန္ေတာ္မွ ဝိဉာဥ္အေျခတည္အဆင့္မေရာက္ေသးတာ”

“အဲ့တာေၾကာင့္ အခုမင္းကိုမသတ္ေသးဘူးေလ” ပိုင္ရန္ ဇာတ္လိုက္ေမးေစ့ကိုညႇစ္ၿပီး ႏႈတ္ခမ္းပါးေတြက ေအးတိေအးစက္ၿပဳံးလာတယ္ “ဒါေပမယ့္ ဒီေလာကမွာ ေသတာထက္ဆိုးတဲ့ အရာေတြအမ်ားႀကီးရွိေသးတယ္၊ ျဖစ္လာႏိုင္မယ့္အရာေတြကို မင္းနားေတာင္မလည္ေသးပါဘူး”

က်ိဳးရင္ရဲ႕အသြင္က ေျပာင္းလဲသြားတယ္။ “အဲ့တာဆို ခင္ဗ်ားဘာလုပ္ခ်င္တာလဲ? ကြၽန္ေတာ့္ကို ေဆးေပးဖို႔လာတာမဟုတ္ဘူးလား?”

ပိုင္ရန္ သူ႔ေမးကိုလႊတ္ေပးကာ လက္ေနာက္ပစ္လိုက္တယ္ “ငါမင္းကို က်င့္ႀကံျခင္းေဆးလုံးေပးဖို႔လာတာ.. ဒါေပမယ့္ ဒီေလာကႀကီးမွာ အလကားရတဲ့ေန႔လည္စာဆိုတာ မရွိဘူးေလ၊ မင္းေဆးလုံးလိုခ်င္ရင္ အလဲအလွယ္အေနနဲ႔ ကမ္းလွမ္းလာတာကို လုပ္ေပးရမယ္”

က်ိဳးရင္ ေျခတစ္လွမ္းဆုတ္ၿပီး သူ႔တစ္ကိုယ္လုံး သတိအေနအထားျဖစ္ေနတယ္ “ခင္ဗ်ားဘာလိုခ်င္တာလဲ?”

ပိုင္ရန္တိတ္ဆိတ္ေနၿပီးေတာ့မွ စေျပာလိုက္တယ္ “ေက်ာက္စိမ္းျပာပုလဲ”

_______________________________________

{Unicode}

လူသားနယ်မြေကိုရောက်နိုင်မယ့် တံခါးပေါက်ဆီ ပိုင်ရန်အမြန်သွားလိုက်တယ်။ ဖြတ်လမ်းက ညမှာပွင့်မယ်ဆိုတာ သူသိပြီးသားဖြစ်လို့ သူရောက်တော့ပွင့်နေတာကိုမြင်ပြီး မအံ့သြသွားဘူး။

အဲ့ကိုတည့်တည့်လျှောက်သွားပြီး ဖြတ်လမ်းကိုကျော်ကာ လူသားနယ်မြေဆီခရီးဆန့်လိုက်တယ်။

နတ်ဆိုးနယ်မြေမှာ ညဖြစ်နေတော့ လူသားနယ်မြေမှာလည်း ညအချိန်ဖြစ်တယ်။

ဒါပေမယ့်နတ်ဆိုးနယ်မြေက ညအချိန်ကအင်မတန်မှောင်မိုက်ပြီး လူသားနယ်မြေကညအချိန်ကတော့ ကြယ်တွေ လတွေနဲ့ပြည့်နှက်လို့နေတယ်။ စိတ်ကိုလန်းဆန်းစေတယ်။

ပိုင်ရန်အသက်ပြင်းပြင်းရှုလိုက်တယ်။

လူသားနယ်မြေကလေထုက လတ်ဆတ်နေတာပဲ။ လေတဝကြီးရှုပြီးနောက် ပိုင်ရန့်စိတ်တွေပိုပြီး တက်ကြွလာတယ်။

‘အဆင်ပြေသွားပြီ၊ လွန်ခဲ့တဲ့မိနစ်ပိုင်းက ဖြစ်ခဲ့တာတွေကို မေ့သွားပြီ’

သူ့ရဲ့မွေးရပ်ဒေသလေးကနေ ရေခြားမြေခြားကိုခရီးဆန့်လာတဲ့ ခရီးသွားတစ်ယောက်လိုပိုင်ရန်ခံစားမိတယ်။ စိတ်ကျေနပ်စရာမကောင်းတဲ့အရာတွေကို ကြုံခဲ့ရပေမယ့် လှပပြီးမရင်းနှီးသေးတဲ့မြင်ကွင်းကိုမြင်လိုက်ရတာနဲ့ ပြန်ပြီးအဆင်ပြေသွားတယ်။

နတ်ဆိုးတွေက ပြန်သက်သာတာမြန်တယ်ဆိုပေမယ့် ပိုင်ရန်က နတ်ဆိုးဘုရင်ကြီးရဲ့မှော်အစွမ်းတွေကို ဖိနှိပ်နိုင်ဖို့စွမ်းအင်တွေအများကြီးသုံးခဲ့ရတာ။ သူပင်ပန်းနေပြီ။

ခံတပ်ရှိရာဆီသွားပြီး အခန်းလွတ်တစ်ခုရှာကာ လှဲချလိုက်တယ်။ ဘယ်လောက်ပဲဟိုလှိမ့်ဒီလှိမ့်လုပ်နေပါစေ ထိတ်လန့်နေတုန်းဖြစ်နေတာကြောင့်နေမယ် ပိုင်ရန်အိပ်လို့မပျော်နိုင်ဖြစ်နေတယ်။

ရနံ့ဖျော့ဖျော့လေးတစ်ခု အခန်းထဲတိုးဝင်လာတယ်။ အနံ့ရတော့ ပိုင်ရန်မျက်မှောင်ကြုတ်သွားပြီး ငြိမ်းချမ်းတဲ့အိမ်မက်ကမ္ဘာထဲကို သက်သောင့်သက်သာလေးရောက်သွားတယ်။

ရှည်သွယ်သွယ်အရိပ်တစ်ခုက မှောင်မည်းနေတဲ့အခန်းထဲမှာ ပေါ်ထွက်လာတယ်။

ထိုပုံရိပ်ကကုတင်ဘေးနားလျှောက်သွားပြီး ထိုအပေါ်မှာအနားယူနေတဲ့သူကို စိုက်ကြည့်နေတယ်။ တခဏတွင်းမှာ လက်ကိုဆန့်ထုတ်ပြီး ပိုင်ရန့်လက်ကောက်ဝတ်ကိုဆုတ်ကိုင်ကာ ထိခိုက်သွားတဲ့မရင်ဒမ်တွေကို သက်သာသွားအောင်ကုသပေးလိုက်တယ်။

ပိုင်ရန်ကတော့ ပြန်မကောင်းသေးဘဲ ဝက်သေတစ်ကောင်လို အိပ်မောကျနေတုန်း။

ထိခိုက်ထားတာတွေကို ကုသလို့အပြီးမှာ နတ်ဆိုးဘုရင်ကြီးက သူ့ရဲ့လက်ကောက်ဝတ်ကိုလွှတ်ပေးပြီး ဘေးနားမှာကန်ချခံထားရတဲ့စောင်ကို ပိုင်ရန့်ပေါ်အသာလေးပြန်ခြုံပေးလိုက်တယ်။ အဲ့နောက် ကုတင်အစွန်းနားလေးမှာ မလှုပ်မယှက်ထိုင်နေတယ်။ [T/N : နတ်ဆိုးဘုရင်ကြီးကို ဇနီးလေးလို့ပဲမြင်ယောင်နေမိတယ်]

လူသားနယ်မြေကို ရှဲ့ဇီထျန်းဘာလာလုပ်တာလဲဆိုတာ သူလည်းမသိတော့ ပြန်ခေါ်ဖို့အတွက် နောက်ကလိုက်လာခဲ့တာဖြစ်တယ်။ သို့သော်လည်း ဒီ့ထက်ပိုတွေးကြည့်တော့ ရှဲ့ဇီထျန်းကအားရစရာမကောင်းလောက်အောင် တုန့်ပြန်သွားတာဖြစ်လို့ နတ်ဆိုးဘုရင်ကြီးခမျာ သူ့ရဲ့အနိုင်ကျင့်ခံခဲ့ရသူလေးကို မျက်နှာချင်းဆိုင်ဖို့ မရဲသေးဘူးဖြစ်နေတယ်။

ရှဲ့ဇီထျန်းဘယ်လိုပုံမျိုးဖြစ်ခဲ့တယ်ဆိုတာ သူတွေးမိတော့…

နတ်ဆိုးဘုရင်ကြီးချောင်းဟန့်ကာ သူ့မျက်နှာက ပန်းရောင်သမ်းသွားတယ်။

‘မေ့ထားလိုက်.. ခုတလောတော့ မတွေ့ဘဲနေတာပေါ့၊ နတ်ဆိုးနယ်မြေက အရာတွေကိုခွဲဝေပြီးတဲ့ထိ ကိုယ်တော်စောင့်ပေးမယ်’

အချိန်ဘယ်လောက်ကုန်သွားပြီလဲမသိဘူး၊ ကောင်းကင်ကတောင် အရောင်လေးလင်းလာပြီး ရှဲ့ဇီထျန်းမျက်တောင်က စတင်လှုပ်ခတ်လာတယ်။ မကြာခင်နိုးလာတော့မယ်။

အပြင်ဘက်က အသံတစ်သံရုတ်တရက်ထွက်ပေါ်လာတယ်။ “တစ်ယောက်ယောက် ဒီတံခါးကိုဖွင့်ခဲ့တယ်”

“အဲ့တာ အရှင်ရှဲ့ရဲ့အခန်းလေ!”

“အရှင်ရှဲ့ရောက်နေတာများလား?”

“ဝင်သွားပြီး ကြည့်ရအောင်”

“အရင်ဆုံးတံခါးတော့ ခေါက်လေ”

အသံတွေက ပိုမိုနီးကပ်လာပြီး အပြင်ကနေတစ်စုံတစ်ယောက်က နူးနူးညံ့ညံ့လေးခေါ်လာတယ်။ “တဆိတ်လောက်ပါခင်ဗျာ… အရှင်ရှဲ့ပြန်လာတာလားဟင်?”

အိပ်ရာပေါ်ကလူရဲ့မျက်လုံးတွေ ပွင့်လာတယ်။

ထိုမျက်လုံးတွေပွင့်လာချိန်မှာပဲ ကုတင်အစွန်းနားမှာထိုင်နေတဲ့သူ ပျောက်ကွယ်သွားတယ်။

အပြင်ဘက်ကလူတွေကြောင့် ပိုင်ရန်နိုးသွားတယ်။ အိပ်ရဆိုးလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် အံံ့သြစရာကောင်းလောက်အောင် အရမ်းကိုကောင်းကောင်းမွန်မွန်အိပ်ပျော်ခဲ့တာဖြစ်တယ်။

‘ငါတကယ်ပဲ ဝက်ခေါင်းဖြစ်နေပြီလား? မနေ့ညက ကိစ္စတွေဖြစ်ပျက်သွားပြီးတာတောင် ဘာပြဿနာမှမရှိသလို ကျောက်တုံးတစ်တုံးလို အိပ်ပျော်သွားလိုက်သေးတယ်?’

ပိုင်ရန်ကုတင်ပေါ်မှာထိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်နေတယ်။

တစ်စုံတစ်ယောက်က တံခါးကိုထပ်ခေါက်ပြန်တယ် “အရှင်ရှဲ့ အထဲမှာရှိနေပါလား? ကျွန်တော်တို့ ဝင်လာလို့ရနိုင်မလား?”

ပိုင်ရန်ကိုယ့်မျက်နှာကိုယ်ပုတ်ပြီး စောင်ကိုဖယ်ကာ အဆင့်မြင့်နတ်ဆိုးတစ်ပါးလိုပုံစံမျိုး နေလိုက်ကာ “ဝင်လာခဲ့” လို့ပြောလိုက်တယ်။

ခဏလောက်တိတ်သွားပြီး တစ်စုံတစ်ယောက်က တုန်တုန်ရီရီလေသံလေးနဲ့မေးလာတယ် “အရှင်ရှဲ့ဘယ်တုန်းက ပြန်လာတာပါလဲ?”

“မနေ့ညက” ပိုင်ရန်ပြန်ဖြေလိုက်တယ် “ရေတစ်ဖလားယူလာခဲ့”

“ဟုတ်ကဲ့!” အပြင်ဘက်ကလူတွေက အမိန့်ကိုနာခံကာ တဘက်တစ်ထည်၊ ရေပူရယ်နဲ့ အမြန်ပြန်ရောက်လာတယ်။

ကိုယ်လက်သန့်စင်ပြီး မနက်စာစားပြီးနောက် တစ်စုံတစ်ယောက်ကို ဝိဉာဉ်ကျောက်တုံးယူလာခိုင်းကာ ထောင်ထောင်,ထောင်ထောင်နဲ့ထွက်သွားတယ်။ အစကအဆုံးထိ ရုတ်တရက်ကြီးရောက်လာပြီး ပြန်ထွက်သွားရတာလဲဆိုတာကို မရှင်းပြခဲ့ဘူး။ ပြီးတော့ သူ့ရဲ့ရာထူးနဲ့ဆိုရင် ဖြေရှင်းချက်ပေးစရာမလိုသလို… သူ့နားကလူတွေကလည်း မမေးရဲကြဘူး။

“ရှောင်လင်း မကောင်းဆိုးဝါးနဂါးကြီး ဘယ်နားမှာရှိတာလဲဆိုတာ ငါ့ကိုပြောအုံး” ပိုင်ရန်မေးလိုက်တယ်။

“စာအုပ်ထဲမှာပြောထားတာတော့ ဆန်တက်ခြင်းနဂါးရေအိုင်မှာ မကောင်းဆိုးဝါးနဂါးကြီးရှိတယ်တဲ့” ရှောင်လင်းပြန်ဖြေတယ်။

စာအုပ်ထဲမှာ မကောင်းဆိုးဝါးနဂါးကြီးက သူ့ရဲ့ကျင့်ကြံခြင်းအတွက် ပတ်ပတ်လည်မှာရှိတဲ့သားကောင်ကြီးတွေကို စားသောက်ပြီး သဘာဝတရားကြီးကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တယ်။ နောက်တော့ ဇာတ်လိုက်ရဲ့အလှလေး ဖန်းမင်ရဲ့ကျင့်ကြံခြင်းက အချည်းနှီးဖြစ်သွားခဲ့တယ်။ အဲ့တော့ ကျင့်ကြံခြင်းမြင့်မားတဲ့ဇာတ်လိုက်က သူမကိုနဂါးဝိဉာဉ်ပိုင်နက်ထဲခေါ်သွားပြီး သူမအတွက် သွေးလင်ဇီမှိုကိုရှာဖို့အတွက် ဆန်တက်ခြင်းနဂါးရေအိုင်ကိုဖြတ်ကျော်ခဲ့တယ်။

စာရေးသူရဲ့ပန်းတိုင်က ဇာတ်လိုက်နဲ့ ဖန်းမင်တို့ လျှို့ဝှက်နဂါးဝိဉာဉ်ပိုင်နက်ကို ဝင်ရောက်ကာ သူတို့အချင်းချင်းခံစားချက်တွေတိုးလာပြီး သွေးလင်ဇီမှိုကိုရှာဖို့ဖြစ်တယ်။ မကောင်းဆိုးဝါးနဂါးကြီးကတော့ စာကြောင်းလေးအနည်းငယ်နဲ့ အင်မတန်မှာအားကြီးလှပါချည်ရဲ့ဆိုပြီး ဇာတ်လိုက်ကို ထိခိုက်အောင်လုပ်ကာ ထွက်ပြေးသွားတယ်ဆိုတာပဲ ဖော်ပြခဲ့တယ်။ စာအုပ်ထဲမှာ မကောင်းဆိုးဝါးနဂါးကြီးရဲ့သားကောင်ဗဟိုချက်က ကျင့်ကြံခြင်းတိုးလာဖို့အတွက် ကောင်းပြီး ကျင့်ကြံသူအသစ်လေးတွေအတွက်ပဲ ကောင်းတယ်ဆိုတာ ဖော်ပြထားတယ်။ ဖန်းမင်ရဲ့ကျင့်ကြံခြင်းက မြင့်တယ် အဲ့တာကြောင့် သွေးလင်ဇီမှိုကပဲ ပြန်ကောင်းမွန်စေမှာဖြစ်တယ်။ အဲ့တာကြောင့် ဇာတ်လိုက်က နဂါးကြီးနောက်ကို မလိုက်တော့တာဖြစ်တယ်။

မကောင်းဆိုးဝါးနဂါးကြီးအကြောင်းလည်း ထပ်ပြီးမပြောဖြစ်တော့ဘူး။

ဇာတ်လိုက်က ရွှေရောင်ဗဟိုချက်အဆင့်ကိုမရောက်သေးဘူးဆိုတော့ မကောင်းဆိုးဝါးနဂါးကြီးရဲ့သားကောင်ဗဟိုချက်က သူ့အတွက် အကောင်းဆုံးပဲ။

ဇာတ်လိုက်ရဲ့သွေးလင်ဇီမှိုနဲ့ တခြားအဖိုးတန်ရတနာတွေကို မထိဝံ့ပေမယ့် မကောင်းဆိုးဝါးနဂါးကြီးရဲ့သားကောင်ဗဟိုချက်က ကိစ္စမရှိဘူးလေ…

နတ်ဆိုးဘုရင်ကြီးနားမှာ နှစ်ချီပြီးအချုပ်အနှောင်ခံနေရကတည်းက ဒီအကြံကိုရထားတာဖြစ်ပေမယ့် ပိုင်ရန်နတ်ဆိုးနယ်မြေက မထွက်နိုင်ခဲ့တာကြောင့်ဖြစ်တယ်။ ထွက်လာဖို့အကြောင်းပြချက်လေးရှိလာတော့ သားကောင်ဗဟိုချက်ဆီကို တန်းတန်းမတ်မတ်သွားလိုက်တယ်။

ရှောင်လင်းလမ်းပြမှုနဲ့ ဆန်တက်ခြင်းနဂါးရေအိုင်ကို အလွယ်တကူရောက်လာခဲ့တယ်။

ဆန်တက်ခြင်းနဂါးရေအိုင်က တောင်နှစ်လုံးကြားမှာရှိတယ်။ ရေအိုင်က ကြည်လင်ပြီး အန္တရာယ်ရှိနိုင်တဲ့အရိပ်အယောင်လေးတောင် မရှိဘဲ အေးချမ်းနေတယ်။ စာအုပ်ထဲမှာပြောထားတာတော့ မကောင်းဆိုးဝါးနဂါးကြီးက တဖက်လူအာရုံမရှိချိန်မှ အမြဲတမ်းတိုက်ခိုက်တတ်ပြီး မအောင်မြင်တာမျိုး မရှိခဲ့ဘူးဆိုပဲ။

ပိုင်ရန်သူ့ရဲ့ဝိဉာဉ်စွမ်းအင်တွေကို ဖျောက်ပြီး ရေအိုင်နားကိုကပ်လာတယ်။ နုံချာပြီးအားနည်းတဲ့ကျင့်ကြံသူတစ်ယောက်လို ဝတ်ဆင်ပြီး ရေသောက်ဖို့အတွက် ကိုယ်ကိုကိုင်းချလိုက်တယ်။

တည်ငြိမ်နေတဲ့ရေအိုင်အောက်ခြေမှာ သူ့ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတဲ့ ကြီးမားတဲ့မျက်ဝန်းတစ်စုံရှိနေတယ်။

ပိုင်ရန်သတိမထားမိသလို ဟန်ဆောင်နေလိုက်တယ်။ သူရေသောက်ပြီးနောက် သူ့မျက်နှာကိုရေဆွတ်လိုက်သေးတယ်။

အဲ့အချိန်မှာ စောင့်မျှော်နေရတဲ့ ရေနက်အောက်ထဲက မကောင်းဆိုးဝါးကောင်ကြီးထွက်ပေါ်လာပြီး ပါးစပ်ကြီးက ပိုင်ရန့်ခေါင်းကိုကိုက်မလိုလုပ်ထားတယ်။

ရေအိုင်ကနေ ပိုင်ရန်ခေါင်းမော့လိုက်ပြီး သူ့မျက်နှာကတုန်ရီနေတဲ့အမူအယာဖြစ်ပေါ်နေတယ်။

မကောင်းဆိုးဝါးနဂါးကြီးက သူ့ကိုယ်သူကျေနပ်သွားပြီး သူ့သားကောင်ကိုတစ်ငုံတည်းမြိုချလိုက်တယ်။

ရေထဲပြန်ဝင်ပြီးနောက် သူ့အစာကို ခြေဖျက်ဖို့ပြင်တော့တယ်။ နောက်ပိုင်းမှာ သားကောင်ကြီးတွေနဲ့ကျင့်ကြံသူတွေက ရေအိုင်ကြီးကိုစွန့်ခွာသွားကြတာကြောင့် ဆာလောင်နေတာလအနည်းငယ်ကြာပြီဖြစ်တယ်။ ရောက်လာတဲ့ဒီကျင့်ကြံသူလေးက ဆောင်းရာသီမှာရောက်လာတဲ့ မီးသွေးတုံးလေးလိုပဲ။ ကြည်လင်တဲ့အသားအရေနဲ့ နူးညံ့တဲ့အသားလေး… ကြည့်တာနဲ့တင် အရသာရှိလိုက်မယ့်ပုံလေး။

မကောင်းဆိုးဝါးနဂါးကြီးက ရေထဲပြန်ဆင်းကာ သားကောင်ကို အစာခြေဖို့ ကွေးလိုက်တယ်။

သို့သော်လည်း ခဏနေတော့ ကိုယ်ကြီးက နေလို့မကောင်းဖြစ်လာတယ်။ နူးညံ့ပျော့ပြောင်းတဲ့ကလီစာတွေကို မာကျောတဲ့သံဓားကြီးတစ်ချောင်းနဲ့ ဖြတ်တောက်နေသလိုပဲ။

မကြာခင် မကောင်းဆိုးဝါးနဂါးကြီးက မချိမဆံ့နာကျင်မှုကြောင့် ရေအိုင်ကြမ်းပြင်မှာ လူးလှိမ့်နေရတယ်။

အေးချမ်းနေတဲ့ကန်ရေမျက်နှာပြင်ကလည်း အခုဆို လှိုင်းလုံးကြီးတွေထနေပြီဖြစ်တယ်။

အမွှေးတိုင်တစ်တိုင်ကုန်လောက်တဲ့အချိန်မှာ မကောင်းဆိုးဝါးနဂါးကြီးက ရေအိုင်အောက်ခြေကနေ ကောင်းကင်ကိုဆန်တက်လာတယ်။ ဆွဲဆွဲငင်ငင်အော်သံနဲ့အတူ နှစ်ပိုင်းပြတ်ထွက်သွားတယ်။

ပိုင်ရန်ကတော့ လေထဲမှာပဲ ခိုဥအရွယ်လောက်ရှိတဲ့ သားကောင်ဗဟိုချက်ကိုကိုင်ထားတယ်။

သူက ဂုဏ်သိက္ခာရှိလှတဲ့နတ်ဆိုးစစ်သူကြီးလေးပါးထဲက တစ်ပါးလေ။ သူဘယ်ကိုသွားသွား ထင်ရှားနေရမယ်!

သားကောင်ဗဟိုချက်ကိုယူပြီး နောက်တစ်ဘူတာကတော့ တိမ်လွှာပျံဝဲဂိုဏ်းမြို့ကိုဖြစ်တယ်။

ဇာတ်လိုက်ကိုတွေ့ဖို့ နှစ်နည်းတေ့ရှိတယ်။ ပထမတစ်ခုက တောင်ပေါ်တက်ပြီးသူ့ကိုရှာတာနဲ့ ဒုတိယတစ်ခုက ဇာတ်လိုက်ကိုယ်တိုင်ဆင်းလာပြီး သူ့ကိုလာတွေ့ရမှာ။

ပထမနည်းလမ်းနဲ့ဆို တောင်ပေါ်ရောက်နိုင်ဖို့ အတော်လေးအားစိုက်ပြီးကြိုးစားရမှာဖြစ်ပြီး ကျရှုံးခဲ့ရင်လည်း နောက်ကလိုက်ပြီး အသတ်ခံရအုံးမယ်။ သူဘယ်လိုပဲတွေးတွေး ဒုတိယနည်းလမ်းက ပိုပြီးအဆင်ပြေပုံရတယ်။

‘ဒါပေမယ့် သူဆင်းလာပြီး ငါ့ကိုလာတွေ့အောင် ဘယ်လိုလုပ်ရမှာလဲ?’

ပိုင်ရန်တွေးတောပြီး အကွက်ချတော့တယ်။ ဇာတ်လိုက်တောင်အောက်ဆင်းလာဖို့ အရင်ဆုံးစာတစ်စောင်ရေးလိုက်တယ်။ အဲ့တာအလုပ်မဖြစ်ရင် သူကိုယ်တိုင်အဲ့ကိုခိုးသွားနိုင်ဖို့ နည်းရှာရမယ်။

ပိုင်ရန် ဇာတ်လိုက်ကိုနားလည်တယ်။ ဇာတ်လိုက်ကျိုးရင်က စွန့်စားလိုတဲ့စိတ်ဓာတ်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်။ လူအများစုက အန္တရာယ်တွေနဲ့ ယှဉ်ပြိုင်ရမှာတွေကို ရှောင်လွှဲတတ်ကြပေမယ့် သူကတော့ အဲ့အခက်အခဲတွေကို မျက်နှာချင်းဆိုင်ဖြေရှင်းတယ်။ အဲ့တာကြောင့် တခြားသူတွေထက်သူက ပိုပြီးအောင်မြင်တာဖြစ်တယ်။

ပိုင်ရန်ရေးလိုက်တဲ့စာမှာက သူကသူ့(ဇာတ်လိုက်)ကို ကောင်းကင်နေမင်းဆေးလုံးပေးလိုက်တဲ့လူတစ်ယောက်ဆိုတာ ဇာတ်လိုက်ကိုပွင့်ပွင့်လင်းလင်းရေးထားပြီး သူနောက်ဆေးတစ်လုံးယူလာတာကြောင့် တောင်အောင်ဆင်းလာဆိုတာကို ပြောထားတယ်။

သာမန်လူတစ်ယောက်သာ စာကိုမြင်ရင် ယုံမှာမဟုတ်ဘူး။ သို့သော်လည်း ပိုင်ရန်က ပြီးခဲ့တဲ့တစ်ခေါက်က ကျိုးရင်ကိုကောင်းကင်နေမင်းဆေးလုံးပေးပြီး အဲ့တည်းကသူ့ရဲ့ကျင့်ကြံခြင်းတွေ ခုန်ပျံကျော်တက်သွားခဲ့တယ်။ သူရတာက ဘယ်လိုအရသာဆိုတာကို သူသိနေပြီ။ တဖက်မှာလည်း ကျိုးရင်က စွန့်စားတတ်တဲ့အကျင့်စရိုက်ရှိတယ်။ တကယ်လို့ပိုင်ရန်ကသာ နဂါးနိုင်ဓားလိုချင်လို့ ဆက်သွယ်တာမျိုးပဲဆိုပြီးဆုံးဖြတ်ထားတာဆိုရင် သူကအခုမှအခြေတည်အဆင့်ပဲရှိသေးတာကြောင့် ပိုင်ရန်ကဆက်ဆံဖို့ လုံခြုံတဲ့လူတစ်ယောက်လို့ ခန့်မှန်းလိုက်တယ်။

ပိုင်ရန် ဇာတ်လိုက်ကိုစာပေးဖို့အတွက် မြို့ထဲကဂိုဏ်းတပည့်တစ်ယောက်ကို ဝိဉာဉ်ကျောက်တုံးတွေနဲ့ လာဘ်ထိုးလိုက်တယ်။ စာကိုအထူးပြုလုပ်ထားတာဖြစ်လို့ ဇာတ်လိုက်ကလွဲလို့ တခြားတစ်ယောက်ကအတင်းအကြပ်ဖွင့်မယ်ဆိုရင် စာကပျက်ဆီးသွားမှာဖြစ်တယ်။

ပိုင်ရန်တောင်အောက်က အရက်ဆိုင်လေးမှာစောင့်နေတယ်။ ပထမဆုံးအကြိမ်ဇာတ်လိုက်နဲ့ တွေ့ခဲ့တဲ့နေရာမှာပဲ… နေင်ရီတရောအချိန်မှာ ဇာတ်လိုက်ရောက်လာတယ်။

ဇာတ်လိုက်က နှာခေါင်းအောက်နားမှာ နှုတ်ခမ်းမွှေးအတုကြီးနဲ့ သာမန်လူတစ်ယောက်လိုဝတ်ဆင်ထားတယ်။ သူ့ကိုကြည့်ရတာ ပေါ့ပေါ့တန်တန်လူတစ်ယောက်လိုပဲ။ ပိုင်ရန်ကတော့ ပြီးခဲ့တဲ့တစ်ခေါက်သူတို့တွေ့ခဲ့တုန်းက ပုံစံအတိုင်းပဲ… ထိုင်တဲ့စားပွဲခုံတောင်မှ ပြီးခဲ့တဲ့တစ်ခေါက်က ခုံမှာဖြစ်တယ်။ ဝိုင်ကောင်းကောင်းနှစ်အိုးရယ် အမြည်းပန်းကန်လေးတစ်ချပ်ရယ်နဲ့ စောင့်နေတယ်။

ဇာတ်လိုက်ကျိုးရင်ရဲ့မျက်နှာက ပိုင်ရန့်ကိုလည်းမြင်ရော အပြုံးလေးတစ်ပွင့်ပေါ်ထွက်လာပြီး သူ့နားကိုသွက်လက်စွာလျှောက်လာကာ ဘေးမှာထိုင်ချလိုက်တယ်။

ဇာတ်လိုက်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာပြီး အခုဆိုရင့်ကျက်လာပြီဖြစ်တယ်။ သူ့ဘာသူဝိုင်တစ်ခွက်ငှဲ့လိုက်ကာ “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ထွက်သွားတာအရမ်းမြန်တော့ ကျွန်တော့်မှာခင်ဗျားနာမည်တောင်မသိလိုက်ရဘူး… ဒီတစ်ခါ ခင်ဗျားကကျွန်တော့်ကိုခေါ်တယ်ဆိုတော့ အနည်းဆုံးခင်ဗျားနာမည်လေးတော့ပြောသင့်တယ် မဟုတ်ရင် ကျွန်တော်ဘယ်လိုခေါ်ရမှန်းမသိဘူးဗျ”

ပိုင်ရန်သူ့ရဲ့သတ္တိကို အသိအမှတ်ပြုကာ ပြုံးရင်းပြောလိုက်တယ်။ “မင်း ကိုယ့်ကို လူႀကီးမင္းရှဲ့လို့ခေါ်နိုင်တယ်”

“မျိုးရိုးနာမည်က ရှဲ့လား?” ဇာတ်လိုက်မေးလိုက်တယ်။

ပိုင်ရန်ခေါင်းသာငြိတ်ပြလိုက်တယ်။

ဇာတ်လိုက်နဲ့ အရမ်းကိုအလွယ်တကူတွေ့နိုင်မယ်လို့ သူမထင်ထားဘူး။ ဇာတ်လိုက်ကအရင်ဆုံးစုံစမ်းဖို့တစ်စုံတစ်ယောက်လွှတ်တာဖြစ်ဖြစ် တည်နေရာအသစ်နဲ့အချိန်ကို စာပြန်ပို့တာဖြစ်ဖြစ်လုပ်လိမ့်မယ်လို့ ထင်ခဲ့တာ။ ဇာတ်လိုက်က စာပါအကြောင်းအရာအတိုင်း လိုက်လုပ်မယ်လို့ မထင်ထားမိဘူး။

ပိုင်ရန်ထင်ထားတာတွေထက် ကျော်လွန်နေပေမယ့် ကျိုးရင်က သူတွေးမိတာထက် သူ့ကိုယုံကြည်နေပုံရတယ်။

‘ဒါပေမယ့် ဘာလို့လဲ?’

“မင်းက ဒီတိုင်းလာလိုက်တာပဲလား? ငါလုပ်နေတာတွေ အားလုံးကမင်းကိုယ်နဲ့ချိတ်ဆက်ထားတဲ့ နဂါးနိုင်ဓားကြောင့်ဆိုတာ မင်းလည်းသိနေတာပဲ မဟုတ်ဘူးလား? ငါမင်းကိုသတ်ပစ်လိုက်မှာ မကြောက်ဘူးလား?” ပိုင်ရန်သိချင်စိတ်နဲ့ မေးလိုက်တယ်။

ဇာတ်လိုက်ရယ်မောကာ ခေါင်းရမ်းပြတယ်။ “ခင်ဗျားမသတ်ပါဘူးဗျာ”

ဇာတ်လိုက်ရဲ့ကွန်ဖီးဒန့်အပြည့်နဲ့လေသံကြောင့် ပိုင်ရန်လက်ဖျားခါသွားတယ်။ “ဘာကြောင့်လဲ?”

“အရင်ဆုံး ခင်ဗျားနဂါးနိုင်ဓားလိုချင်တယ်ဆိုရင် ကျွန်တော်ဝိဉာဉ်အခြေတည်အဆင့်ကိုရောက်တဲ့အချိန်ထိ စောင့်ဖို့လိုတယ်ဆိုတာ ခင်ဗျားသိနေတယ်လေ၊ ကျွန်တော်က အုတ်မြစ်ချနောက်ဆုံးအဆင့်ပဲရှိနေသေးတာဆိုတော့ ခင်ဗျားအခုကျွန်တော့်ကိုသတ်လိုက်ရင် နဂါးနိုင်ဓားကို ဖျက်ဆီးလိုက်သလိုဖြစ်လိမ့်မယ်… အဲ့တာကြောင့် သေချာပေါက်ခင်ဗျားကျွန်တော့်ကို သတ်မှာမဟုတ်ဘူး” ကျိုးရင်ပြောလိုက်တယ်။

“အဲ့လိုဆိုပေမယ့်လည်း မင်းကိုပြန်ပေးဆွဲပြီး နှိပ်စက်လို့ရတယ်လေ” ပိုင်ရန်ပြောလိုက်တယ်။

ကျိုးရင်ခေါင်းရမ်းပြန်တယ် “ခင်ဗျားမလုပ်ပါဘူး”

“ဘာလို့လဲ?” ပိုင်ရန်ပိုလို့တောင် သိချင်လာတယ်။

“အလိုလိုသိနေတာ” ကျိုးရင် ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။

ထိုသူ့ပါးစပ်ကနေထွက်လာတဲ့ “အလိုလိုသိနေတာ”ဆိုတဲ့ စကားလုံးကိုကြားရလိမ့်မယ်လို့ သူတစ်ခါမှတောင်မတွေးမိဘူး.. ကျိုးရင်ရဲ့စကားလုံးတွေက ပိုင်ရန်ထင်ထားတာတွေထက်တောင် ကျော်လွန်နေတယ်။ သူတို့တစ်ခါလောက်ပဲတွေ့ဖူးတာကို ပိုင်ရန်ကသူ့ကို နာကျင်အောင်မလုပ်ပါဘူးဆိုပြီး ဘာကြောင့်ဇွတ်ယုံနေရတာလဲ?

တုန့်ပြန်မှုတစ်ခုလေးတောင် မတွေးနိုင်သေးခင် ကျိုးရင်ကဆက်ပြောလာတယ် “ဘာကြောင့်လဲတော့မသိဘူးဗျာ ခင်ဗျားကိုရင်းနှီးနေတာ… အရင်ကတွေ့ဖူးနေသလိုမျိုး၊ ခင်ဗျားကျွန်တော့်ကို ထိခိုက်အောင်မလုပ်တာတင်မကဘူး ကျွန်တော့်ကို ကူညီပေးလိမ့်မယ်လို့ပါ ခံစားမိနေတယ်”

ပိုင်ရန်ခဏလောက်ဆွံ့အနေပြီး နောက်မှာခပ်ဖွဖွလေးရယ်လိုက်တယ်။ သူဘာမှတော့မပြောပေမယ့် ဇာတ်လိုက်ကျိုးရင်ရဲ့ထက်မြက်တဲ့ပင်ကိုသိစိတ်မှာ ကြက်သေသေမိတယ်။ သူ့ရဲ့အသိစိတ်ထဲမှာ သူ့ခံစားချက်တွေက မှန်ကန်နေတယ်။ ဇာတ်လိုက်ကို ဒီလောကမှာထိခိုက်အောင် မလုပ်နိုင်ဆုံးလူတစ်ယောက်ကိုပြပါဆိုရင် သေချာပေါက်ပိုင်ရန်ပဲပေါ့…

ဇာတ်လိုက်ကအရမ်းယုံကြည်နေတာကြောင့် ပိုင်ရန်နည်းနည်းစိတ်လှုပ်ရှားသွားရပေမယ့် ရှဲ့ဇီထျန်းနဲ့ ကျိုးရင်တို့မှာ အချင်းချင်းတိုက်ခိုက်ရမယ့် ကံကြမ္မာရှိတာကို တွေးမိတော့ ပိုင်ရန်ခံစားချက်တွေ ရှုပ်ထွေးသွားတယ်။

ခဏလောက်ရပ်သွားပြီး ပိုင်ရန်ပြောလိုက်တယ် “ကောင်လေး… မင်းကိုအကြံတစ်ခုလောက်ပေးချင်တယ်၊ မင်းရဲ့အလိုလိုသိစိတ်ဆိုတာအပေါ်မှာ အလုံးစုံမှီခိုမနေနဲ့… အပြောအဆိုတွေ၊ ခံစားချက်တွေက အလွယ်တကူလှည့်စားလို့ရတယ်ဆိုတာ သိသင့်တယ်၊ အပြောနဲ့တင် မဖြစ်ဘူး”

ကျိုးရင်ကတော့ အတည်မယူဘူး “လူႀကီးမင္းရှဲ့ ခင်ဗျားကတကယ့်ကို စိတ်သဘောကောင်းတာပဲ၊ ဒါနဲ့ လူကြီးမင်း ခင်ဗျားကျွန်တော့်ကို ဆေးလုံးတစ်လုံးပေးမယ်ဆိုတာ တကယ်လား?”

ကျိုးရင်မျက်လုံးတွေက မျှော်လင့်ချက်တွေပြည့်နှက်နေတယ်။

ပိုင်ရန် ပြောစရာစကားမရှိတော့ပါလားလို့တောင် ခံစားရတယ်။ ကျိုးရင်ရဲ့သတ္တိကတော့ မထိန်းချုပ်နိုင်တော့ဘူးပဲ။ သူဝိဉာဉ်အခြေတည်အဆင့်ရောက်ရင် အသတ်ခံရနိုင်တယ်ဆိုတာ သိတာတောင်မှ ဒီကိုရောက်လာပြီး သူ့ရဲ့ကျင့်ကြံခြင်းအတွက် စိတ်တက်ကြွနေလိုက်သေးတယ်။

ဇာတ်လိုက်ကတကယ့်ကို ဇာတ်လိုက်ဖြစ်ထိုက်ပါပေတယ်။ သူ့ရဲ့ရဲစွမ်းသတ္တိက ကောင်းကင်ကြီးကိုတောင် ပြည့်သွားစေနိုင်တယ်။

“တကယ်လို့ ငါကဒီနေ့မင်းကိုဆေးပေးဖို့အတွက် ရောက်လာတာမဟုတ်ဘူးဆိုရင်ရော မင်းလာမှာလား?” ပိုင်ရန်ပေါ့ပေါ့တန်တန်မေးလိုက်တယ်။

ကျိုးရင်ခဏလောက်တွေးကြည့်ပြီး ခေါင်းငြိတ်ပြတယ်။ “ကျွန်တော်က လူကြီးမင်းကို ကျွန်တော်သူငယ်ချင်းလို့တွေးထားတာဆိုတော့ သူငယ်ချင်းတစ်ယောက်နဲ့ လာတွေ့ရတယ်လို့သဘောထားမှာပါ… ဒါပေါ့လာတွေ့မှာပေါ့”

ပိုင်ရန် “…”

ပိုင်ရန်တိတ်တဆိတ်ကြေကွဲသွားတယ် ‘ဒီကလေးက ငါ့ကိုအရမ်းယုံကြည်နေတော့တာပဲ… နောက်ပိုင်းမမုန်းသွားဖို့ မျှော်လင့်ရတာပဲ’

“အဲ့လိုဆို ဂုဏ်ယူမိပါတယ်” ပိုင်ရန်စားပွဲပေါ်ကဝိုင်အိုးကိုယူပြီး ခွက်ထဲလောင်းထည့်ကာ ကျိုးရင်ကိုပေးလိုက်တယ်။

ကျိုးရင်ခွက်ကို လှမ်းယူတယ်။

ပိုင်ရန်သူ့အတွက်သူ တစ်ခွက်ငှဲ့လိုက်တယ်။ ခွက်ကိုမြှောက်ကာ “လာ.. သောက်ကြတာပေါ့”လို့ပြောလိုက်တယ်။

“ကျွန်တော်တို့တွေ့ရတာ ကံကြမ္မာကြောင့်ဖြစ်ရမယ်… တစ်နေကုန်သောက်ပြီး မမူးမချင်းမပြန်ဘူး..” ကျိုးရင်လည်း ခွက်ကိုမြှောက်ပြီးပြောလိုက်တယ်။

နှစ်ယောက်သား ခွက်ကိုတိုက်ပြီး ဝိုင်သောက်ကြတယ်။ ပိုင်ရန်ကတော့ ကျိုးရင်ကိုကြည့်ရင်း စိတ်ထဲမတင်မကျနဲ့သောက်နေတယ်။

“ကျွန်တော့်ကို ဘာလို့ကြည့်နေတာလဲ?” ကျိုးရင်တမျိုးကြီးဖြစ်သွားတယ်။

ပိုင်ရန်ခွက်ကို စားပွဲပေါ်ချပြီး စိတ်ဆိုးသလိုလေသံနဲ့ပြောလာတယ် “နေအုံး”

“ဘာကိုလဲ?” ကျိုးရင် မေးခွန်းထုတ်လိုက်တယ်။

ပိုင်ရန့်နှုတ်ခမ်းတွေ ကွေးညွှတ်သွားတယ် “မင်းနေလို့ထိုင်လို့ မကောင်းသလိုမခံစားရဘူးလား?”

ပိုင်ရန့်စကားကိုကြားတော့ ကျိုးရင်မျက်မှောင်ကြုတ်သွားတယ်။ သူ့နှဖူးပေါ်တက်ထောက်ပြီး ပြောလိုက်တယ် “ဘာလို့ရုတ်တရက်ကြီး မူးလာရတာလဲ?”

တခုခုကို နားလည်လိုက်သလိုမျိုး ကျိုးရင်မျက်လုံးတွေ ပြူးကျယ်သွားတယ်။ မတ်တပ်ထရပ်ပြီး ထွက်သွားလိုက်ချင်ပေမယ့် လှုပ်ရုံသာရှိသေးတယ် စားပွဲပေါ်ပြန်လဲကျပြီး သတိလစ်သွားတယ်။

ပိုင်ရန်သူ့ခွက်ကို ယူပြီးသက်ပြင်းချလိုက်တယ် “ငါ့ကို အပြစ်မတင်နဲ့ ကောင်လေး၊ ငါ့မှာလည်း ရွေးခြယ်စရာမရှိဘူး”

သူ ကျိုးရင်ကို မပြီး အရက်ဆိုင်လေးကနေ ပျောက်ကွယ်သွားတယ်။

တစ်နာရီကြာတော့ ကျိုးရင် သူနဲ့မရင်းနှီးတဲ့နေရာတစ်ခုမှာ နိုးလာခဲ့တယ်။ ဘေးဘီကိုကြည့်လိုက်တော့ အိမ်တစ်လုံးထဲရောက်နေမှန်း သိလိုက်ရတယ်။

ဘေးပတ်လည်က တိတ်ဆိတ်နေတယ်။ အိမ်ကြီးက အိုဟောင်းပြီး ပျက်စီးနေကာ နံရံတစ်ချပ်ဆို ပြိုတောင်ပြိုနေပြီ။ လေဒဏ်မိုးဒဏ်ကာကွယ်ဖို့ နံရံသုံးခုသာကျန်တော့တယ်။ အတွင်းထဲမှာလည်း နေရာတိုင်းကပစ္စည်းတွေပြန့်ကျဲရှုပ်ပွနေပြီး အရင်ပိုင်ရှင်မလိုချင်လို့ ထားခဲ့တာဖြစ်နိုင်လောက်တယ်။ အချုပ်ပြောရရင် အိမ်ပျက်ကြီးတစ်လုံးသာဖြစ်တယ်။

ပြိုနေတဲ့နံရံတစ်ချပ်မှာ ကျိုးရင်ကိုကျောပေးပြီး ရင်းနှီးတဲ့ပုံရိပ်လေးတစ်ခုရပ်နေတယ်။

“လူႀကီးမင္းရှဲ့?” ကျိုးရင်မြေကြီးပေါ် ထိုင်လိုက်တယ်။ “ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ?”

ဒီအခြေအနေမှာ တစ်ခုခုတော့လွဲနေပြီဆိုတာ သတိထားမိပေမယ့် ပိုင်ရန်ကသူ့ကိုထိခိုက်အောင်လုပ်မယ်ဆိုတာကိုတော့ မယုံချင်ဘူး။

ပိုင်ရန်ခေါင်းလှည့်လာတယ် “မေးခွန်းကောင်းပဲ၊ ကျုပ်တို့အခု ဘယ်ရောက်နေတာလဲ?”

ကျိုးရင် မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတယ်။ သူ့ရဲ့ကြောင်အအ,အမူအယာက တည်တံ့သွားပြီး သူ့မျက်နှာက သတိအနေအထားဖြစ်သွားတယ်။

“လူႀကီးမင္းရှဲ့ ကျွန်တော်နားမလည်တော့ဘူး”

‘ကြည့်ရတာ သူသတိထားမိသွားပြီထင်ပါရဲ့’

ပိုင်ရန်သူ့ဆီလျှောက်လာပြီး ကိုယ်ကိုကိုင်းကာ ကျိုးရင်ကိုစိုက်ကြည့်လိုက်တယ်။ “ငါမင်းကိုပြောသားပဲ အလိုလိုသိတယ်ဆိုတာကိုချည်းပဲ မှီခိုပြီးမနေပါနဲ့လို့… ငါကမင်းကို ထိခိုက်အောင်မလုပ်ဘူးလို့ မင်းတကယ်ထင်နေတာလား?”

ကျိုးရင်မတ်တပ်ထရပ်ကာ အားတင်းပြီးပြုံးလိုက်တယ် “လူႀကီးမင္းရှဲ့ ဘာကိုဆိုလိုချင်တာလဲ?”

“မင်းတွေးနေတဲ့ အတိုင်းပဲ” ပိုင်ရန့်လေသံထဲက မောက်မာတဲ့အရိပ်အယောင်က ပိုင်ရန်ဆိုတဲ့သူက သူလက်လှမ်းမမှီနိုင်တဲ့အပြင် သူထင်ထားတဲ့အတိုင်းမဟုတ်ပါလားဆိုပြီး ကျိုးရင်ကိုခံစားမိစေတယ်။ သူ့မှာ တပ်မက်ဖွယ်ကြော့ရှင်းပြီး မြင့်မြတ်တဲ့အငွေ့အသက်တွေရှိတယ်။ လှုပ်ရှားမှုတိုင်းက တိမ်လွှာပျံဝဲဂိုဏ်းက အဆင့်အမြင့်ဆုံးကျင့်ကြံသူတွေတောင် မယှဉ်နိုင်လောက်အောင် မဟာဆန်လှတယ်။ သူ့ရဲ့ထင်ရှားတဲ့အသွင်အပြင်နဲ့ စိတ်နေသဘောထားက အသေးစိတ်ကျလွန်းတာကြောင့် ကျိုးရင်စိတ်ချမိသွားတာဖြစ်မယ်။

“ခင်ဗျား ကျွန်တော့်ကို တကယ်သတ်ချင်တာလား?” ကျိုးရင် မယုံနိုင်စွာ နောက်တစ်ကြိမ်ထပ်မေးပြန်တယ်။

ပိုင်ရန်ရယ်ရယ်မောမောနဲ့ “ဘယ်လိုထင်လဲ ကောင်လေး?”

“ဒါပေမယ့် ကျွန်တော်မှ ဝိဉာဉ်အခြေတည်အဆင့်မရောက်သေးတာ”

“အဲ့တာကြောင့် အခုမင်းကိုမသတ်သေးဘူးလေ” ပိုင်ရန် ဇာတ်လိုက်မေးစေ့ကိုညှစ်ပြီး နှုတ်ခမ်းပါးတွေက အေးတိအေးစက်ပြုံးလာတယ် “ဒါပေမယ့် ဒီလောကမှာ သေတာထက်ဆိုးတဲ့ အရာတွေအများကြီးရှိသေးတယ်၊ ဖြစ်လာနိုင်မယ့်အရာတွေကို မင်းနားတောင်မလည်သေးပါဘူး”

ကျိုးရင်ရဲ့အသွင်က ပြောင်းလဲသွားတယ်။ “အဲ့တာဆို ခင်ဗျားဘာလုပ်ချင်တာလဲ? ကျွန်တော့်ကို ဆေးပေးဖို့လာတာမဟုတ်ဘူးလား?”

ပိုင်ရန် သူ့မေးကိုလွှတ်ပေးကာ လက်နောက်ပစ်လိုက်တယ် “ငါမင်းကို ကျင့်ကြံခြင်းဆေးလုံးပေးဖို့လာတာ.. ဒါပေမယ့် ဒီလောကကြီးမှာ အလကားရတဲ့နေ့လည်စာဆိုတာ မရှိဘူးလေ၊ မင်းဆေးလုံးလိုချင်ရင် အလဲအလှယ်အနေနဲ့ ကမ်းလှမ်းလာတာကို လုပ်ပေးရမယ်”

ကျိုးရင် ခြေတစ်လှမ်းဆုတ်ပြီး သူ့တစ်ကိုယ်လုံး သတိအနေအထားဖြစ်နေတယ် “ခင်ဗျားဘာလိုချင်တာလဲ?”

ပိုင်ရန်တိတ်ဆိတ်နေပြီးတော့မှ စပြောလိုက်တယ် “ကျောက်စိမ်းပြာပုလဲ”

_____

Thanks 😉

Continue Reading

You'll Also Like

1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
37.7K 3.7K 78
အချစ်ဆိုတာ မထင်မှတ်ထားတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ​ရောက်လာတတ်တယ်❤ လေ​ပြေ​လေးတစ်ခုလို ညင်သာစွာ ​ရောက်လာပြီးတီးခတ်လိုက်တဲ့သံစဥ်​လေးကို ကြားရုံနဲ့တ...
394K 39.9K 42
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...