"အကိုဘတ်ဟျွန်း ကျန်းမာရေး ဂရုစိုက်နော်"
"အေးပါကွာ ဆယ်ဟွန်းလေးလည်းဂရုစိုက် ဟုတ်ပြီလား"
"ဟင့် ကျွန်တော်ကခွဲချင်တာ မဟုတ်ဘူး ဒီလူကြီးကြောင့် "
ဆယ်ဟွန်းက သူ့အနားမှာရပ်နေတဲ့ ဂျုံအင့်လက်မောင်းကို လက်သီးတချက်ကျွေးလိုက်ပြီးပြောလိုက်တော့
"ဟာ မဖြစ်မနေ အဲ့က အလုပ်လေ့လာရမှာမို့လေ ကြက်ပေါက်လေးရယ် မလိုက်ချင်နေခဲ့လို့ရတယ်လေကွာ"
"ရမလား အဲ့က ကောင်မလေးတွေက အချောအလှပေါတယ်ဆို ဒီလူကြီးကစိတ်ချရလို့လား"
စွာစွာ စွာစွာနဲ့ ပြောတဲ့ဆယ်ဟွန်းစကားအဆုံး ဘတ်ဟျွန်းကော ဂျုံအင်ပါ ရယ်လိုက်မိကြသည်။ ဆယ်ဟွန်းကလေ ဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲ သူ့စိတ်လေးက။ ဂျုံအင် ဘန်ကောက်က သူ့အဖေလုပ်ငန်းတွေကို လေ့လာဖို့သွားရမယ်လည်းကြားရော သူ့မှာတစ်ယောက်တည်း ယောက်ယက်ခတ်နေရှာတာ။ ဘတ်ဟျွန်းဗိုက်ကိုလည်း အကို့ထက်တောင် သူကသဲသဲလှုပ်၊ သူ့ချစ်ချစ်ကြီးကျလည်း မခွဲနိုင်နဲ့ ဒီကလေးဗျာများနေတာ။
"ဟောဗျာ မငိုနဲ့လေ ဆယ်ဟွန်းလေးရဲ့ တိတ်နော်"
တရှုံ့ရှုံ့နဲ့ငိုနေပြန်တာမို့ ပြောလိုက်တော့လည်း သူ့ဟာသူ မငိုမိအောင်ထိန်းနေရှာလေရဲ့။
"အကိုဘတ်ဟျွန်း ဘယ်တော့မွေးမှာလဲဟင် ဟင့်"
"အဝေးကြီးလိုပါသေးတယ် ဆယ်ဟွန်းလေးရယ် ၃လကျော်လောက်ကိုလိုသေးတယ်"
"အကိုဘတ်ဟျွန်း မွေးဖို့ရက်နီးရင်ပြောနော် ကျွန်တော် မရရအောင်ပြန်လာမှာ ဒီက အစုတ်ပလုတ်ဝက်ဝံကြီးလဲ ယူချင်တဲ့သူယူသွားပါစေ"
"ဟာ ဆယ်ဟွန်းနော်"
ဂျုံအင့်ကို မျက်စောင်းကြီးနဲ့ပေါက်ထုတ်ကာ ကျွန်တော့်ကို လာဖက်နေတဲ့ကောင်လေးကို သေချာထွေးပွေ့ထားမိသည်။ တော်တော်ခင်တွယ်တတ်တဲ့ ကလေးလေး ဘ၀မှာ တစ်ယောက်တည်းရှိတော့တဲ့ မိသားစုဝင် အဖေကလည်း လွန်ခဲ့တဲ့၂လလောက်က ဆုံးပါးသွားလေတော့ ကြားထဲဒီကအကိုတွေကိုသာ ပိုတိုးချစ်ပြီး စိတ်ပျော်ရွှင်အောင် နေနေရှာတာ။
"ဟ ဂျုံအင် လေယာဉ်ချိန် နီးနေပြီနော် ဆိုင်မှာ အကိုဆူဟိုတို့က စောင့်နေကြတယ် လိုက်ပို့ပေးမလို့တဲ့"
"ဟုတ်အကိုချန်းယောလ် ဒီမှာလေ ကြက်ပေါက်ကချွဲနေလို့"
"ဆယ်ဟွန်း ပြန်လာလည်း တွေ့ရမှာကိုကွာ သွားလိုက်တော့နော် နောက်ကျနေပြီ"
"ဟုတ်ကဲ့ပါ အကိုချန်းယောလ် ကျွန်တော်ဖုန်းနေ့တိုင်းဆက်မှာနော် အကိုဘတ်ဟျွန်းကိုစိတ်ဆင်းရဲအောင်လုပ်လို့ကတော့ ဟင့်"
"အမလေး ငါ့ယောက်ျား ငါချစ်လို့ယူထားတာ စိတ်ဆင်းရဲအောင်လုပ်ပါ့မလား ကြက်ပေါက်စုတ်လေးရဲ့"
"ကြိုမှာထားတာ ဟွန့် သွားမယ် ဂျုံအင် အကိုဘတ်ဟျွန်း ကျွန်တော်ပြန်လာမှာနော်"
"အေးပါ အကိုလွမ်းနေမယ် သွားသတိလာသတိနော် ဆယ်ဟွန်းလေး "
"ဟုတ်"
"အကိုဘတ်ဟျွန်းနဲ့ အကိုချန်းယောလ် သွားပြီနော်"
"အေးအေး ကောင်းကောင်းသွားကြ မင်းရဲ့ကဲစိန်ကိုလည်း ဂရုစိုက်ဦး ကဲကဲတက်ပြီး ဟွန့်"
အကိုချန်းယောလ်က စ ပြီးပြောလိုက်တော့ ဆယ်ဟွန်းတစ်ယောက် အနောက်က အထုပ်အပိုးတွေနှင့် ဂျုံအင့်ကိုမှ အားမနာခြေဆောင့်ကာထွက်သွားလေပြီ။
"ညီ နေရတာအဆင်ပြေရဲ့လား"
"ပြေပါတယ် မနက်က နည်းနည်းမူးနောက်နေပေမဲ့ ပြန်အိပ်လိုက်လို့ထင်တယ် နေရတာကောင်းသွားတယ် နို့မို့ဆက်အိပ်ပျော်နေမှာ ဆယ်ဟွန်းလေးလာနှုတ်ဆက်လို့"
"အွမ်းပါ ကိုယ်ကစိတ်ပူနေတာနဲ့ပဲ ခဏ ပြန်လာရတာ"
"ရပါတယ်အကိုရယ် ဒီလိုချိန် ဒါမျိုးဖြစ်တာ ထုံးစံပဲကို "
"ထုံးစံပေမဲ့ ပူတယ် ညီရေ ဟောဒီက ဗိုက်ကလေးကို စိတ်မချဖြစ်နေရတာ "
"အကို့ လက်ထဲက ဘာကြီးလဲ"
"အယ် မေ့နေတာ ဟီး အကိုဆူဟို့ကိုမှာထားတာ ညီ့အတွက် ဒီမှာ"
အကိုချန်းယောလ်က အနားကို ပိုတိုးလို့ထိုင်ရင်း သူ့လက်ထဲကအိတ်ကိုဖွင့်ကာ အထဲကအင်္ကျီတွေကိုထုတ်ပြနေသည်။
ဗိုက်ဖုံးကြီးတွေ ဂါဝန်လိုပဲ ၀တ်လိုက်ရင် ရှည်နေမှာ။
"အကိုကလည်း ပန်းရောင်ကြီးမိန်းမဆန်လိုက်တာ ပြီးတော့ ဂါဝန်ကြီးလိုပဲ"
"ဟင် အကိုက ဒီတိုင်းအိမ်မှာနေရင် တစ်ထည်တည်း ဝတ်လို့အဆင်ပြေတာကို စဉ်းစားမိလို့ပါ အခုကျဘောင်းဘီနဲ့လည်းနေရတာမလွတ်လပ်ဘူးမို့လား"
"အွမ်း ဟုတ်တယ်နော် ကြည့်ရတာလွတ်လပ်မဲ့ပုံပါပဲ အိမ်မှာနေရင် ဝတ်လိုက်မယ် "
"လိုက်မှာတကယ်ပဲ ဒါလေးတွေနဲ့ အော် အော် အဝါလေးကော ပါတယ်"
"ဟုတ်လား ဒီနေ့ရေချိုးပြီးရင်ဝတ်မယ် "
"အခု ချိုးတော့မလား အကိုချိုးပေးမယ်"
"တော်ပြီ ချမ်းစိမ့်စိမ့်နေသေးလို့ နေ့ခင်းကျမှ ချိုးတော့မယ် သမီးကော အကို"
"သမီးက အကိုမင်ဆော့နဲ့နေခဲ့တာ အလည်လေးက အကိုမင်ဆော့သားကိုလိုက်စ နေလေရဲ့"
"ဟီး သမီးက တကယ် ငယ်ငယ်လေးရှိသေးတာကို ခင်တွယ်တတ်နေပြီ"
"ဟုတ်ပ့ါ မနက်ကလည်းဆိုင်မှာ တတောက်တောက်နဲ့လျှောက်သွားနေလို့ အကိုချန်းလိုက်ထိန်းပေးနေရတယ်သမီးက လမ်းစလျှောက်တတ်တာလဲမကြာသေးဘဲနဲ့ တဘိုင်းဘိုင်းလဲနေလို့ကိုယ့်မှာအကြည့်မလွှဲရဲဘူး"
"ခိခ်ခိခ် တောင်းပန်ပါတယ်အကိုရေ တကယ်ဆို ကျွန်တော်ကအခုချိန်သမီးလေးကို ထိန်းကူပေးရမှာကို"
"ဘာလေးလဲကွာ အသဲယားလာပြီ တောင်းပန်စရာလား~~~ကိုယ့်အတွက် လက်ဆောင်လေးကို သယ်ပိုးထားပေးလို့ ကိုယ်ကကျေးဇူးတောင်တင်နေရတာကို"
ချန်းယောလ် အနားမှာရှိတဲ့ကောင်လေးရဲ့ ဗိုက်ကလေးကို ဖွဖွလေးပွတ်ကာပြောလိုက်သည်။
"ဒီလက်ဆောင်လေးကလည်း ပွင့်တော့မယ်နော်"
"အချိန်တွေက မြန်လိုက်တာ ညီရယ် သမီးလေးမွေးတုန်းကရယ် ဒီသားလေးကိုယ်ဝန်ရှိတယ်သိရတဲ့နေ့ရယ်ကလေ ကိုယ့်ဘ၀ထဲ အစားထိုးလို့မရတဲ့ နေ့တွေပဲသိလား"
"သိတာပေါ့ အကိုရယ် ကျွန်တော်လေ အကို့ကိုသိပ်ချစ်တယ်"
"ကိုယ်လည်းမင်းကို သိပ်ချစ်တာပါကွာ"
************************
"ချန်းရေ ငါးပေါင်မုန့်တဲ့"
"ဟုတ် လာပြီ လာပြီ အကိုမင်ဆော့"
အကိုဆူဟိုတို့က ဂျုံအင်တို့အတွဲကိုလိုက်ပို့ဖို့သွားတာနဲ့၊ ချန်းယောလ်ဆိုတဲ့ အချစ်ကြီးသူ အကဲစားကြီးကလည်း သူ့ယောက်ျားလေး ခေါင်းနည်းနည်းမူးတာကိုဇာချဲ့ပြီး အိမ်ပြန်သွား ပြန်တော့ ကိုယ်တစ်ယောက်တည်း ဆိုင်၂ဆိုင် ဗျာများနေရပြန်သည်။ အကိုမင်ဆော့ကလည်း သားကို သူ့လက်ထဲရောက်တဲ့နေ့ကတည်းကကို လက်ကမချတော့တာဘဲ။ အခုပိုဆိုး ချန်းယောလ်သမီးက သားကိုလိုက်စပြီး လိုက် လိုက်ဆွဲနေတော့ သူ့မှာ သူ့သားကိုထားစရာနေရာကို ရှာမရဖြစ်နေတာ။
အခုလည်း အမောင်ချန်းယောလ်ဆိုင်မှာ ပင်လယ်စာခေါက်ဆွဲ မှာထားကြလို့ချက်ပေးနေတုန်း အကိုမင်ဆော့အော်နေလို့ ငါးပေါင်မုန့်ပြေးရောင်းနေရပြန်ပြီလေ။ သနားစရာ ငါလေး။
"ချန်း နို့ဗူးဖျော်ပေးဦး ဘတ်ဝူလေးအတွက်ကောနော်၂ဗူး"
"ဟုတ် "
အကိုမင်ဆော့လည်း လက်မလည်ရှာပါ ထိုင်ကွင်းထဲကနေ ကဏာမငြိမ်တဲ့ချန်းယောလ်တို့သမီးကို အရုပ်တွေပြပြီး ငြိမ်အောင်ထိန်းနေရသလို လက်ထဲပွေ့ထားတဲ့သားကလည်း အခုဆိုနည်းနည်းသိနေပြီမို့ ဂျီကလည်းကျတတ်နေပြီ။
"ချန်းရေ မုန့်လာဝယ်နေတယ် ညီမလေး ခဏနော် လာနေပြီ ရောင်းပေးမဲ့သူ"
နို့ဗူးဖျော်နေရင်းပင် အရှေ့ကိုပြန်ပြေးကာ ဈေးရောင်းနေရပြန်သည်။ ချန်းယောလ်ဖြစ်ဖြစ် အကိုဆူဟိုဖြစ်ဖြစ် မြန်မြန်လာကြပါဟ။ ဒီမှာလက်ကိုမလည်တော့ဘူး။ ငါ့လည်းသနားကြပါဦးကွာ။
*********************
TBC