"ဝေါ့ အွတ်"
"ရလား ညီ။ အစာမကြေချင် ဖြစ်နေပြန်ပြီလား"
ကိုကြီးဆီသွားဖို့ ခြံတံခါးပိတ်နေတုန်း အန်ချင်ချင် ဖြစ်လာတာမို့ ပါးစပ်ကိုအမြန်လက်နဲ့အုပ်ကာ မအန်ချင်အောင် ဖြေလ်ိုက်ရသည်။
အကိုက စိုးရိမ်တကြီးမေးလာသလို အားလုံးကလည်း စိုးရိမ်မျက်ဝန်းတွေနဲ့ကြည့်လာတာမို့
"ဟီး ရတယ်၊ ဘာမှ မဖြစ်ဘူးရယ်။ မနေ့ကအစားများသွားလို့ထင်တယ်"
"တကယ်လား"
"အင်းလို့"
"အေးပါကွာ၊ သွားကြစို့လေ။ တော်နေ နေပူလာလိမ့်မယ်"
"ဟုတ်"
သယ်စရာရှိတာတွေ သယ်ကာ သီချင်းလေး တညည်းညည်းနဲ့ ကျန်တဲ့ လူတွေက ရှေ့ကသွားနေကြသော်လည်း ၁နှစ်ကျော်တဲ့အချိန်မှ ပြန်တွေ့ရတယ် ဆိုတဲ့အတွေးနဲ့ သမီးကိုသာချီရင်း တိတ်တဆိတ်နေမိသည်။
**********
"ကိုကြီး ကျွန်တော် ဒီအချိန်မှ လာတွေ့နိုင်လို့ တောင်းပန်ပါတယ်"
အားလုံးက ရေစပ်မှာ စားစရာတွေနဲ့ ဆိုဂျူးပုလင်းတွေက်ို ဝိုင်းပြင်ပေးနေသလို ကိုကြီးကို တိုင်တည်ပြောနေတဲ့ကျွန်တော့်နား အကိုချန်းယောလ်က ပခုံးလေးကိုဖက်ကာ ရှိနေပေးသည်။
"ပြီးတော့ ကျွန်တော် နောက်အိမ်ထောင်ပြုလိုက်တယ်။ သူက ချန်းယောလ်တဲ့ အရမ်းကောင်းတဲ့သူပါ၊ ကိုကြီးလိုပဲ နွေးထွေးတတ်ပြီး ချစ်ပေးတယ်။ သမီးကိုလည်းတုန်နေအောင်ချစ်တာ"
အသံလေး တုန်ကာပြောနေတဲ့ ဘတ်ဟျွန်းကို ချန်းယောလ်ပိုတိုးလို့ ဖက်လိုက်ကာ
" ချန်းယောလ်ပါ အကို။ အမြဲချစ်ပြီး ကြင်နာပေးသွားမှာမို့ အားနာပေမဲ့လည်း ကျွန်တော် ဘတ်ဟျွန်းကို အကို့ထက် မလျော့တဲ့အချစ်တွေနဲ့ ချစ်တာပါ။ သမီးကိုလည်း ကျွန်တော့်ဘ၀နဲ့ရင်းပြီး အကောင်းဆုံးပျိုးထောင်ပေးပါ့မယ်လို့ ကတိပေးပါတယ်"
"ဟင့် ကိုကြီး ဒါကိုကြီးသမီးလေး ချစ်ဖို့မကောင်းဘူးလား။ သမီး ဖေဖေ့ကို နှုတ်ဆက်လိုက်ဦး"
"အဲ ခိခ်ခိခ်"
သမီးကတော့ တခိခ်ခိခ်နဲ့ ရေလှိုင်းလေးတွေ ရွေ့လျားနေတာကိုကြည့်ရတာ ပျော်နေသည့်ပုံ။
"သမီးက နောက်အပတ်ထဲ ၁နှစ်ပြည့်ပြီကိုကြီး နာမည်ကိုတော့ ဘတ်ဝူလို့ပေးထားတယ်။ ချစ်ဖို့ကောင်းတယ်မို့လား"
"သမီးက ကျွန်တော့်သမီးဆိုလည်း မမှားပေမဲ့ သမီးရဲ့ဖခင်နေရာကတော့ အကို့ကိုမပျောက်ပျက်စေရပါဘူး။ အကို့အမည်ပါ သမီးနဲ့ဆိုင်တဲ့အချက်အလက်တွေတိုင်းမှာ ထည့်ပေးမှာပါ"
"ပြီးတော့လေ ကျွန်တော် ကိုကြီးအတွက်လုပ်စရာရှိတာတွေ၊ ရှင်းစရာရှိတာတွေ အကုန်ရှင်းပြီးပါပြီ။ အခု ကိုကြီးကို သတ်တဲ့လူလည်း သူ့အပြစ်နဲ့သူသွားပြီမို့ ကိုကြီးလည်းစိတ်အေးချမ်းစွာ နေပါတော့နော်"
"ကျွန်တော် အကိုဝူရီဖန်ကို တစ်ခွက်ငှဲ့ပေးမယ်"
အကိုချန်းယောလ်က ဆိုဂျူးတစ်ခွက်ယူကာ ထည့်လိုက်ပြီး ရိုရိုသေသေပြန်ချပေးလိုက်တော့ ပြေပြေလေးရိုက်ခတ်လာတဲ့လှိုင်းနဲ့အတူပြန်ပါသွားသည်။
"ကဲပြီးပြီဆိုတော့ ဂါဝရပြုကြစို့"
အကိုဆူဟိုကပြောတော့ အားလုံးစီစီရီရီပြင်ရပ်လိုက်ကာ
"ကျွန်တော်တို့ အရင်ကမတွေ့ခဲ့ဖူးပေမဲ့လည်း အကို့ကို ဂါဝရပြုပါတယ်"
အားလုံးဂါဝရပြုပြီးတော့
"ကျွန်တော်တို့အားလုံး အခုမိသားစုလို ဖြစ်နေပြီ။ ဘတ်ဟျွန်းလေးလည်း ဒီအသိုင်းအ၀န်းထဲ ရောက်နေပြီမို့ စိတ်ချပြီး ကောင်းရာကိုသွားပါတော့"
အေးသွဲ့သွဲ့ လေညင်းလေးတိုက်ခတ်နေသလို လှပတဲ့တိမ်ဆိုင်လေးတွေရွေ့လျားနေတာကပဲ ကိုကြီးက ကျွန်တော်တို့ အားလုံးကိုနှုတ်ဆက်နေသလိုပင်။
**********
"ဘတ်ဟျွန်း မျက်နှာကဖြူစုတ်စုတ်နဲ့ နေမကောင်းဘူးလား"
"ကောင်းပါတယ် အက်ိုမင်ဆော့ရဲ့"
မီးမီးကို ကလေးတွန်းလှည်းလေးထဲထည့်တွန်းကာ ဆိုင်ဆီလမ်းလျှောက်လာတဲ့ဘတ်ဟျွန်းက ကြည့်ရတာ ဖြူဖျော့ဖျော့မို့ မင်ဆော့မေးလိုက်တော့ နဖူးပေါ်က ချွေးသီးတွေကိုသုတ်ရင်းပြန်ဖြေလာသူ၊ ကြည့်ရတာမအီမသာပုံနဲ့။
"အကိုချန်းက သွားပြီလား"
"အင်း ခဏနေ မွေးတော့မှာ ပြောတာပဲ။ အကိုက သူဖုန်းဆက်မှ ပိုက်ဆံယူပြီးသွားရမှာ"
"အွမ်းပါ၊ အဆင်ပြေပါစေ။ အကိုတို့ အန်ထရာဆောင်းရိုက်သေးလား"
"မရိုက်ထားဘူး ဘတ်ဟျွန်းရေ။ ဒါကြောင့် အကို အခုသားလေးဖြစ်ပါစေဆုတောင်းနေရတာ"
"ကောင်းတာပေါ့ တူလေးရတော့မှာ"
"ဟာ ညီ လာပြီလား"
"ရား ဘတ်ဟျွန်း"
"ညီ! ညီ"
အကိုချန်းယောလ်က မှာထားတဲ့ စားပွဲကိုချပေးပြီး ကိုယ့်ဆီကိုလျှောက်လာတာ မြင်နေရသော်လည်း မြင်ကွင်းက မသဲကွဲ ဝေဝါးဝါးနှင့်ပင်။ ခဏလေးအတွင်းကို ခေါင်းတစ်ခေါင်းလုံး ချာချာလည်လာပြီး မြေပြင်ပေါ် ပစ်ကျကာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတော့သည်။
**********
"ဟာ ချန်းယောလ် မင်းဘာလို့ဒီရောက်နေတာ"
"အကိုချန်း"
မေ့လဲသွားတဲ့ ဘတ်ဟျွန်းကို ပွေ့ချီကာ အကိုမင်ဆော့ကို ဂယောင်ဆူးဆီ ဖုန်းဆက်ခိုင်းထားပြီး အမြန်ဆေးရုံပြေးလာရသည်။ ဆေးရုံရောက်တော့ အသင့်ပြင်ထားတဲ့ အခန်းထဲကိုပို့ပေးထားပြီး အချက်အလက်ဖြည့်ဖို့ကောင်တာကိုအလာ ကောင်တာမှာငွေရှင်းနေတဲ့ အကိုချန်းနဲ့တွေ့တော့တာပဲ။
"ဘတ်ဟျွန်း မူးလဲသွားလို့ဗျာ။ အခုတော့ စမ်းသပ်နေကြတယ်။ ကျွန်တော်က အချက်အလက်လာဖြည့်တာ"
"အော် အဲ့ဒါကြောင့် အကိုမင်ဆော့က ကလေးထိန်းနေလို့ အကိုဆူဟိုဆိုင်ရောက်မှ လိုက်လာမယ်ပြောတာကို"
"ဒါနဲ့အကိုချန်း ဘာလေးလဲ"
"အေး သားကွ သား။ အကိုမင်ဆော့ကတော့ပျော်နေရှာတာဟေး အခုကို ခေါ်ချင်လှပြီလုပ်နေတာ။ ဆရာဝန်က တစ်ပတ်လောက်တော့ မိခင်နို့တိုက်ပေးပါဆိုလို့"
"ဟုတ်တာပေါ့ မလောပဲ ခဏစောင့်လိုက်တာ ကောင်းပါတယ်"
သူနာပြုဆရာမလေး ပေးလာတဲ့စာရွက်မှာ အချက်အလက်တွေကို ဖြည့်ရင်းအကိုချန်းနဲ့ စကားပြောရသေးသည်။
"ပြီးရင် သွားမယ်လေ။ ငါလည်းလိုက်ခဲ့မယ် ဘတ်ဟျွန်းဆီ"
"ဟုတ် ဆရာမ ဒါဆိုပြည့်စုံပြီနော် "
"ပြည့်စုံပါပြီရှင်"
"ဟုတ် ခွင့်ပြုပါဦး၊ သွားမယ်အကိုချန်း"
ဆရာမလေးကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး အကိုချန်းကိုခေါ်ကာ ဘတ်ဟျွန်းရှိရာအခန်းဆီသို့
ချန်းယောလ်တို့လည်း အခန်းဝအရောက် ဆရာဝန်လည်းအထွက်နဲ့တိုးတာမို့
"ဆရာ ဆရာ လူနာကအဆင်ပြေရဲ့လားဟင် "
"လူနာရှင်ထင်တယ်။ လူနာကအဆင်ပြေပါတယ်၊ အားနည်းနေတာရယ်နဲ့ အအေးလည်းမိထားသေးတယ်ထင်တယ်။ ခဏနေ ဆရာမလေးက အအေးမိတာအတွက်ဆေးလာပေးပါလိမ့်မယ်။ အားဆေးသွင်းထားတာပြီးရင်တော့ အိမ်ပြန်လို့ရပါပြီ"
အေးအေးဆေးဆေးနဲ့ သေချာလေးပြောပြပေးနေတဲ့ ဆရာဝန်ရဲ့စကားတွေကို ချန်းယောလ်ရော ချန်းပါ ခေါင်းတညိတ်ညိတ်နဲ့နားထောင်နေကြသည်။
"ပြီးတော့ တစ်ခုရှိသေးတယ်"
"ဟုတ် ဟုတ်ဆရာပြောပါ"
"လူနာရဲ့အမျိုးသားက"
ဆရာဝန်က ချန်းနဲ့ချန်းယောလ်ကို တစ်လှည့်ဆီကြည့်ရင်းမေးလိုက်တာမို့
"ကျွန်တော်ပါ။ ကျွန်တော် သူ့အမျိုးသားပါ"
"ဂုဏ်ယူပါတယ်။ ခင်ဗျား သူ့ကိုပိုဂရုစိုက်ရတော့မယ်"
"ဗျာ"
ကိုယ့်ကို လက်ဆွဲနှုတ်ဆက်ကာ ပြောလာတဲ့ဆရာဝန်ကြောင့် ရုတ်တရက်နားမလည်တော့ပါ။
"ခင်ဗျား အမျိုးသားမှာ ကိုယ်ဝန်သုံးပတ်ရှိနေပြီ "
"တကယ် တကယ်လား ဆရာ တကယ်ကြီးလား"
"တကယ်ပါဗျာ နောက် လူနာလည်းအားပြန်ပြည့်မှ လိုအပ်တဲ့ဆေးစစ်မှုတွေလာလုပ်ပါနော် "
"ဟုတ် ဟုတ်ဆရာ ကျေးဇူးတင်ပါတယ်"
"ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
"ဟုတ်"
ဆရာဝန်နဲ့ သူနာပြု ထွက်သွားတော့ချန်းယောလ် တံခါးပိတ်လိုက်ကာအကျယ်ကြီးအော်ဟစ်ရင်း အကိုချန်းကိုပွေ့ဖက်ကာခုန်ပေါက်နေမိသည်။
"ယေး~~~ ပျော်လိုက်တာ အကိုချန်းရယ်"
ဒေါက် ဒေါက်
တံခါးခေါက်ကာ ၀င်လာတဲ့ ဂယောင်ဆူးက
"အဆင်ပြေရဲ့လား အကိုချန်းယောလ်။ အရေးပေါ်ရောက်လာလို့ ကျွန်တော် လူစားလွှတ်ပေးလိုက်ရတာ"
အမောတကောပုံစံက ပြေးလာသည့်ပုံ။ ချန်းယောလ် အပြုံးကြီးနဲ့ ဂယောင်ဆူးနားသွားကာ အားရပါးရ ဖက်လိုက်ပြီး
"ကိုယ်ဝန်တဲ့ ဂယောင်ဆူးရဲ့ ကိုယ်ဝန်တဲ့ အမလေး ပျော်လိုက်တာ ဟီးဟင့်"
ချန်းယောလ်ပြောရင်းနဲ့ပင် ငိုသံတွေပါ ပါကာ မျက်ရည်တွေပါကျလာသည်။
"ဟာ မငိုနဲ့လေကွာ "
"အေးလေ အကိုချန်းယောလ်ကလည်း ပျော်နေတဲ့ဟာကို"
"ပျော်လို့ ဟင့် ပျော်လွန်းလို့ပါ ပျော်တယ်"
"မငိုနဲ့တော့ အက်ိုဘတ်ဟျွန်းနိုးလာရင်တကယ်ပျော်မှာ အဲ့ကျလည်းအတူပျော်ဖို့ချန်ထားဦး"
"အင်း ဟင့်"
"အကိုချန်း သားလေးမွေးတာဆို ဂုဏ်ယူပါတယ် "
"ကျေးဇူး ဂယောင်ဆူး"
"အကိုချန်းယောလ် အကိုဘတ်ဟျွန်းက နိုးလာမှာ မဟုတ်သေးဘူး။ အားဆေးသွင်းထားတာဆိုတော့ ခဏနေ ဆေးကုန်ရင်သာ အိမ်ပြန်ခေါ်သွားလိုက်တော့နော်။ အိမ်မှာ ပိုသက်တောင့်သက်သာဖြစ်အောင်ထားပေး"
"အင်းပါ ဂယောင်ဆူးရဲ့"
"အကိုချန်းယောလ် အိမ်ရောက်မှတွေ့ကြတာပေါ့။ ကျွန်တော် ဂျူတီချိန်မို့သွားပြီ။ အာ အကိုချန်း ကလေးချီလို့ရပြီတဲ့ မှာလိုက်တယ်"
"အော်အေး ဒါဆို ငါလည်းသွားပြီချန်းယောလ်"
အကိုချန်းနဲ့ဂယောင်ဆူးထွက်သွားတော့မှ ညီ အိပ်မောကျနေတဲ့ကုတင်ဘေး ဝင်ထိုင်လိုက်ကာ ဆေးသွင်းမထားတဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ရင်း
"ကျေးဇူးပါညီ။ တကယ်ကျေးဇူးတင်ပါတယ်။ ကိုယ် ပြောမပြတတ်လောက်အောင်ကိုပျော်တယ်။ ချစ်တယ် ညီ။ ကိုယ့်ရဲ့ချစ်စရာကောင်းတဲ့ဗိုက်ပူလေးနဲ့ ကောင်လေးကိုပြန်မြင်ရဖို့ ကိုယ်မစောင့်နိုင်တော့ဘူး ရင်ခုန်လိုက်တာ"
**********
ဆက်ရန်