Unicode
မနက်ပိုင်း ၄နာရီလောက်မှာ နောက်ဆုံး တည်းခိုရမယ့်နေရာသို့ရောက်လာခဲ့ပြီ ။ ကားရပ်လိုက်သည်နှင့် အသီးသီးနိုးလာကြကာ ဆင်းဖို့ ပြင်ကြသည်။
မေရီ နဲ့ ချန်ဖေ တို့ကလည်းထလာလို့ ချန်ဖေကရှေ့မှအရင်ထွက်သွား၍ သူမကတော့ ရှောင်းကျန့် ကိုနိုးအုံးမည်ဆို၍ လက်ရွယ်လိုက်ကာမှ ....
"ဟယ် CEO လား"
တစ်ယောက်နဲ့တစ်ယောက် ခေါင်းမှီလို့ အိပ်ပျော်နေကြသည်မှာ သူမကြည့်နေတဲ့ ပရိုင်ကန်းသော်ပီနီ တွေထဲကလို …
ထို့နောက် ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာရှားသည်မို့ သူမ ကဖုန်းကိုထုတ်ကာ ကင်မရာကိုဖွင့်လိုက်၏ ။ ထွက်သွားတဲ့ ချန်ဖေ ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့်ကြည့်လာရင်း အိပ်ချင်လွန်းလို့လည်း ရှုံ့မဲ့နေလေပြီ
"အမ ဘာလုပ်အုံးမလို့လဲ"
"ခဏနေစမ်းပါဟဲ့"
အသံလေးကြိတ်လို့ ပြောလိုက်ပြီးနောက် သူမ ကင်မရာလေး ချိန်လိုက်လို့ ဖျက်ခနဲ ရိုက်လိုက်သည် ။
ချစ်စရာလေး....ဟိဟိ ပြီးမှသေချာပြန်ပြီး
edit ရမယ်
ထို့နောက်မှာ ဖုန်းလေးကို ပြန်ထည့်ပြီးမှ သူမ CEO ဖြစ်သူကို လှုပ်နိုးလိုက်တော့သည် ။ အဲ့တော့မှ ဝမ်ရိပေါ် တစ်ယောက်ဟာလည်း နိုးလာပြီးနောက် … မေရီ နဲ့ချန်ဖေ တို့ကတော့ ကားပေါ်မှဆင်းသွားချေပြီ ။
ရိပေါ်လည်း သူ့ဘေးမှ အကောင်ပေါက်လေးကို
ကြည့်လိုက်တော့ အိပ်လို့ပျော်နေတုန်း ၊ ထို့ကြောင့်မနိုးရက်တာနဲ့ပင် သူပဲ သေချာမချီလိုက်ကာ ကားပေါ်မှဆင်းလာလိုက်တော့၏ ။ ကားပေါ်မှာအနည်းငယ်ကျဥ်းသည်မို့ ခက်ခက်ခဲခဲကို ချီလာရတာ ။
ဒီလိုတောတောင်ဘက်မှာ ရှိတဲ့ နေရာလေးက
ဟိုတယ်ဆိုပေမယ့် မြို့ပေါ်မှာလိုမဟုတ်ဘူး။ သစ်သား တွေနဲ့သာ ဆောက်ထားပြီး အခန်းလေးတွေလည်း အများကြီး ဖွဲ့ထားသည် ။
ချန်ဖေ နဲ့ မေရီ့ အခန်းတို့က အခုသူဝင်သွားတဲ့ ရှေ့က အခန်းလေး နှစ်ခန်းပင် ။ ရှောင်းကျန့် ကို ကုတင်ပေါ်လေး အသာချလို့ အခန်းတံခါးကို သွားပြန်ပိတ်၏ ။
အစက သူ သက်သက်တစ်ခန်းနေမည်ဆိုပေမယ့်လည်း ယခုညတော့ ဒီမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်သည် ။ သူကိုယ်တိုင်ကလည်း ပင်ပန်းနေပြီ ဖြစ်တာကြောင့် ထပ်မသွားချင်ရင် ပိုမှန်မည် ။
ထို့နောက် ရှောင်းကျန့်ရဲ့ဘေး ဝင်လှဲလိုက်ရင်း
စောင်အထူလေးက နှစ်ယောက်လုံးကို လွှမ်းခြုံထားလို့...။ ဝမ်ရိပေါ် ကတော့ ဘေးတစ်စောင်း အနေထားဖြင့်သာ....ဒါမှ ယုန်ပေါက် ရဲ့မျက်နှာကိုမြင်နေရမှာ မှတ်လား ။
ယခုပုံစံက မသိရင် သူတို့ရဲ့ဟန်းနီးမွန်းလေးလိုပင်။ ဝမ်ရိပေါ် အတွေးကြောင့် ပြုံးမိလိုက်ရင်း ရှောင်းကျန့် ဘေးပိုတိုးလို့ ကပ်ကာ မျက်လုံးမှိတ်အိပ်စက်လိုက်တော့၏ ။
.......................
"အာ့!"
ကျိုးချန် နိုးလာတော့ ခေါင်းကလည်း ထိုးကိုက်လို့နေသည် ။ ပြီးတော့ သူ့တစ်ကိုယ်လုံး ကိုင်ဆောင့်ထားသလို အသားတွေနာနေ၏ ။ ပြီးမှ အခန်းကိုသေချာကြည့်မိတော့မှပဲ မိမိအခန်းမဟုတ်မှန်း သိလိုက်ရသည် ။
ပြီးတော့ အခန်းပတ်ပတ်လည် သူလိုက်ကြည့်မိ၏။ ကုတင်ဘေး၌ ဟိုဟိုဒီဒီ ကျနေတဲ့ သူ့ရဲ့အဝတ်အစားတွေ ။
"ဒါ...ဘယ်လိုဖြစ်..."
စောင်ဖယ်ချမိမှပဲ boxer တစ်ထည်မှလွဲ၍
အဝတ်မရှိတဲ့ မိမိကိုယ်ကိုသတိထားမိတော့သည် ။ သူ့တစ်ကိုယ်လုံးမှာလည်း အရာတွေ....ကျိုးချန် သိတာပေါ့ ဒါဘာတွေလည်း ဆိုတာကို ။ မနေ့ညက ဘာမှကို မမှတ်မိတော့ သူပိုလို့ ဒေါသကထွက်လာမိသည် ။
"နိုးလာပြီလား က်ိုယ်မနက်စာ ပြင်ပေးထားတယ်"
ရုတ်တရပ် တံခါးပွင့်လာပြီး အရပ်ရှည်ရှည်လူတစ်ယောက် ဝင်လာတယ် ။ ကျိုးချန် သေချာစဥ်းစားကြည့်မှ ဒါမနေ့ညက သူ့ဆီက ကားသော့လုယူသွားတဲ့လူပဲ....ဒါ.....ဒါဆို သူထိုလူဆီမှာ.....
"ခင်ဗျား!! "
ကျိုးချန် ဒေါသထွက်တာရော သူစိမ်းယောကျာ်လေးတစ်ယောက်ဆီမှ ထိုသို့ဖြစ်တာရော ပေါင်းပြီး သူ့တစ်ကိုယ်လုံး ရှက်စိတ်ကြောင့် အသားတွေပင်တုန်နေလေပြီ ။ ရှင်းပြဖို့ ကြိုးစားလာတဲ့ ရှီးချန် ကလည်း အနားသို့ ရောက်လာလေရဲ့ ။
"မလာနဲ့ ကျွန်တော့်အနားကို....!!
"မနေ့ညက...."
"ထွက်သွား! ထပ်မပြောပါနဲ့"
နှုတ်ခမ်းပါးလေးတွေ တဆက်ဆက်တုန်ယင်နေလို့ ကျိုးချန် အော်သည် ။ ထို့နောက်မှာ ရှီးချန်လည်း အရင်အဝတ်အစားတို့ဝတ်စေရန် အခန်းထဲမှသာ ခေါင်းလေးငုံ့လို့ ထွက်သွားပေးလိုက်တယ်။
သူ အခန်းပြင်၌ မတ်တပ်လေးရပ်လို့ စောင့်နေတုန်း ဝုန်းခနဲ တံခါးဖွင့်သံနဲ့အတူ ထွက်လာတဲ့ ကျိုးချန် ။
"မနေ့ညက ဘာမှမရှိခဲ့ဘူးလို့ပဲ သဘောထားရအောင် ကျွန်တော်လည်း မူးနေတော့ ခင်ဗျားတစ်ယောက်ထဲရဲ့ အမှားလို့လည်း ပြောလို့မရဘူးလေ"
"........"
ခံစားချက်မရှိသည့် မျက်နှာနဲ့ သူ့ကို ခပ်တည့်တည့်ပင် စိုက်ကြည့်လို့ ဆိုလာသည် ။ ရှီးချန် ခေါင်းလေး ခါယမ်းမိလို့ .... မဟုတ်ဘူး...
"ကျွန်တော့်တို့ ထပ်ပြီးမဆုံကြရင်ကောင်းမယ်"
"ကိုယ်မင်းကို တာဝန်ယူမှာပါ"
သူ့စကားဆုံးတော့ ကျိုးချန်ဆီမှ ခပ်ဟဟလှောင်ရယ်သံ ကြားလိုက်ရသည် ။ ရှီးချန်ရုပ်လေးမှာတော့ ပြိုတော့မယ့်မိုးလို
"တာဝန်ယူရအောင် ကျွန်တော်က မိန်းမ မဟုတ်တာ "
"......."
"တစ်ညတာ ကိစ္စကို မေ့လိုက်တာ အကောင်းဆုံးပဲ ကျွန်တောတို့ ထပ်ပြီး မတွေ့ကြရရင် ပိုကောင်းတယ်"
ထိုအတိုင်းသာ ပြောလို့ သူ မတားမိခင်မှာပဲ ကျိုးချန်က တော့ အခန်းထဲမှ ထွက်သွားချေပြီ ။ ချစ်ရတဲ့သူရဲ့ နှလုံးသားက တင်ထားတာထက် မာကြောပြီး အေးစက်မှုတွေနဲ့ ။ သူကသာ နှလုံးသားတစ်ခုလုံးကို ထိုဘုရင်လေးဆီ ထိုးကျွေးပေးပြီးနေပြီ။
ကျရှုံးဖို့လည်း အသင့်ပါလေ
ကိုယ် မင်းကို တကယ် ချစ်တာ... ကျိုးချန်
.
.
.
...............
"အင်းးးး"
လက်လေးနှစ်ဖက်ကို အားရပါးရဆန့်တန်းလို့
ရှောင်းကျန့် တစ်ယောက် နိုးလာသည် ။ အကွယ်မရှိတဲ့ သစ်သား ပြတင်းပေါလေးမှ သဘာဝလေအေးတို့က တိုးဝင်လို့ တောတောင်ရဲ့အလှကြောင့် စိတ်တို့ ကြည်လင်နေသည် ။
ထို့နောက် ကုတင်ပေါ်လေးမှဆင်းလိုက်၏ ။ မျက်နှာလေးက ပြုံးလို့.....သဘာဝကို အပြည့်အဝခံစားနေတာ ။ ရှောင်းကျန့် အကျင့်က မနက်တိုင်းအိပ်ယာနိုးတာနဲ့ သန့်စင်ခန်း ဝင်တာပင် ။
လက်လေး နှစ်ဖက်ကို လျှောက်ရင်း မြှောက်ပြီးအကြောဆန့်လိုက်သေးတာ ။ ထို့နောက် သန့်စင်ခန်း သစ်သားတံခါးလေးကို ဆွဲဖွင့်လိုက်၏ ။
သူ့ မျက်လုံးတွေ ပြူးကျယ်သွားသည်သာမက အထဲမှ ရေချိုးနေသည့်မိဖွေးတိုင်းဖမွေးတိုင်း ဝမ်ရိပေါ် ကပါ မျက်လုံးကြီး ပြူးလာသည် ။
"အားးးးး!!"
နှစ်ယောက်သား ပြိုင်တူအော်လိုက်မိသံက ဟိန်းထွက်လို့။ ထို့နောက် ရှောင်းကျန့် ဘန်းခနဲ ဆိုပြီး တံခါးကိုပိတ်ချလိုက်သည် ။ တံခါးကို ကျောပေးနောက် သူ ထပ်အော်လိုက်မိ၏ ။ မျက်လုံးတို့ကို လက်ဖြင့်ပိတ်လို့ ထားချိန်မှာပဲ အမြင်အာရုံ ထဲ ပေါ်လာသည်က ဝမ်ရိပေါ် ရဲ့ ၇ လက်မ …
>>>
Zawgyi
မနက္ပိုင္း ၄နာရီေလာက္မွာ ေနာက္ဆုံး တည္းခိုရမယ့္ေနရာသို႔ေရာက္လာခဲ့ၿပီ ။ ကားရပ္လိုက္သည္ႏွင့္ အသီးသီးနိုးလာၾကကာ ဆင္းဖို႔ ျပင္ၾကသည္။
ေမရီ နဲ႕ ခ်န္ေဖ တို႔ကလည္းထလာလို႔ ခ်န္ေဖကေရွ႕မွအရင္ထြက္သြား၍ သူမကေတာ့ ေရွာင္းက်န့္ ကိုနိုးအုံးမည္ဆို၍ လက္႐ြယ္လိုက္ကာမွ ....
"ဟယ္ CEO လား"
တစ္ေယာက္နဲ႕တစ္ေယာက္ ေခါင္းမွီလို႔ အိပ္ေပ်ာ္ေနၾကသည္မွာ သူမၾကည့္ေနတဲ့ ပရိုင္ကန္းေသာ္ပီနီ ေတြထဲကလို
ထို႔ေနာက္ ဒီလိုျမင္ကြင္းမ်ိဳးကို ျမင္ရတာရွားသည္မို႔ သူမ ကဖုန္းကိုထုတ္ကာ ကင္မရာကိုဖြင့္လိုက္၏ ။ ထြက္သြားတဲ့ ခ်န္ေဖ ေရွ႕ဆက္မသြားဘဲ ေနာက္ျပန္လွည့္ၾကည့္လာရင္း အိပ္ခ်င္လြန္းလို႔လည္း ရႈံ႕မဲ့ေနေလၿပီ
"အမ ဘာလုပ္အုံးမလို႔လဲ"
"ခဏေနစမ္းပါဟဲ့"
အသံေလးႀကိတ္လို႔ ေျပာလိုက္ၿပီးေနာက္ သူမ ကင္မရာေလး ခ်ိန္လိုက္လို႔ ဖ်က္ခနဲ ရိုက္လိုက္သည္ ။
ခ်စ္စရာေလး....ဟိဟိ ၿပီးမွေသခ်ာျပန္ၿပီး
edit ရမယ္
ထို႔ေနာက္မွာ ဖုန္းေလးကို ျပန္ထည့္ၿပီးမွ သူမ CEO ျဖစ္သူကို လႈပ္နိုးလိုက္ေတာ့သည္ ။ အဲ့ေတာ့မွ ဝမ္ရိေပၚ တစ္ေယာက္ဟာလည္း နိုးလာၿပီးေနာက္ ေမရီ နဲ႕ခ်န္ေဖ တို႔ကေတာ့ ကားေပၚမွဆင္းသြားေခ်ၿပီ ။
ရိေပၚလည္း သူ႕ေဘးမွ အေကာင္ေပါက္ေလးကို
ၾကည့္လိုက္ေတာ့ အိပ္လို႔ေပ်ာ္ေနတုန္း ၊ ထို႔ေၾကာင့္မနိုးရက္တာနဲ႕ပင္ သူပဲ ေသခ်ာမခ်ီလိုက္ကာ ကားေပၚမွဆင္းလာလိုက္ေတာ့၏ ။ ကားေပၚမွာအနည္းငယ္က်ဥ္းသည္မို႔ ခက္ခက္ခဲခဲကို ခ်ီလာရတာ ။
ဒီလိုေတာေတာင္ဘက္မွာ ရွိတဲ့ ေနရာေလးက
ဟိုတယ္ဆိုေပမယ့္ ၿမိဳ႕ေပၚမွာလိုမဟုတ္ဘူး။ သစ္သား ေတြနဲ႕သာ ေဆာက္ထားၿပီး အခန္းေလးေတြလည္း အမ်ားႀကီး ဖြဲ႕ထားသည္ ။
ခ်န္ေဖ နဲ႕ ေမရီ႕ အခန္းတို႔က အခုသူဝင္သြားတဲ့ ေရွ႕က အခန္းေလး ႏွစ္ခန္းပင္ ။ ေရွာင္းက်န့္ ကို ကုတင္ေပၚေလး အသာခ်လိဳ႕ အခန္းတံခါးကို သြားျပန္ပိတ္၏ ။
အစက သူ သက္သက္တစ္ခန္းေနမည္ဆိုေပမယ့္လည္း ယခုညေတာ့ ဒီမွာပဲ အိပ္ဖို႔ ဆုံးျဖတ္လိုက္သည္ ။ သူကိုယ္တိုင္ကလည္း ပင္ပန္းေနၿပီ ျဖစ္တာေၾကာင့္ ထပ္မသြားခ်င္ရင္ ပိုမွန္မည္ ။
ထို႔ေနာက္ ေရွာင္းက်န့္ရဲ႕ေဘး ဝင္လွဲလိုက္ရင္း
ေစာင္အထူေလးက ႏွစ္ေယာက္လုံးကို လႊမ္းၿခဳံထားလို႔...။ ဝမ္ရိေပၚ ကေတာ့ ေဘးတစ္ေစာင္း အေနထားျဖင့္သာ....ဒါမွ ယုန္ေပါက္ ရဲ႕မ်က္ႏွာကိုျမင္ေနရမွာ မွတ္လား ။
ယခုပုံစံက မသိရင္ သူတို႔ရဲ႕ဟန္းနီးမြန္းေလးလိုပင္။ ဝမ္ရိေပၚ အေတြးေၾကာင့္ ၿပဳံးမိလိုက္ရင္း ေရွာင္းက်န့္ ေဘးပိုတိုးလို႔ ကပ္ကာ မ်က္လုံးမွိတ္အိပ္စက္လိုက္ေတာ့၏ ။
.......................
"အာ့!"
က်ိဳးခ်န္ နိုးလာေတာ့ ေခါင္းကလည္း ထိုးကိုက္လို႔ေနသည္ ။ ၿပီးေတာ့ သူ႕တစ္ကိုယ္လုံး ကိုင္ေဆာင့္ထားသလို အသားေတြနာေန၏ ။ ၿပီးမွ အခန္းကိုေသခ်ာၾကည့္မိေတာ့မွပဲ မိမိအခန္းမဟုတ္မွန္း သိလိုက္ရသည္ ။
ၿပီးေတာ့ အခန္းပတ္ပတ္လည္ သူလိုက္ၾကည့္မိ၏။ ကုတင္ေဘး၌ ဟိုဟိုဒီဒီ က်ေနတဲ့ သူ႕ရဲ႕အဝတ္အစားေတြ ။
"ဒါ...ဘယ္လိုျဖစ္..."
ေစာင္ဖယ္ခ်မိမွပဲ boxer တစ္ထည္မွလြဲ၍
အဝတ္မရွိတဲ့ မိမိကိုယ္ကိုသတိထားမိေတာ့သည္ ။ သူ႕တစ္ကိုယ္လုံးမွာလည္း အရာေတြ....က်ိဳးခ်န္ သိတာေပါ့ ဒါဘာေတြလည္း ဆိုတာကို ။ မေန႕ညက ဘာမွကို မမွတ္မိေတာ့ သူပိုလို႔ ေဒါသကထြက္လာမိသည္ ။
"နိုးလာၿပီလား က်ိုယ်မနက်စာ ျပင္ေပးထားတယ္"
႐ုတ္တရပ္ တံခါးပြင့္လာၿပီး အရပ္ရွည္ရွည္လူတစ္ေယာက္ ဝင္လာတယ္ ။ က်ိဳးခ်န္ ေသခ်ာစဥ္းစားၾကည့္မွ ဒါမေန႕ညက သူ႕ဆီက ကားေသာ့လုယူသြားတဲ့လူပဲ....ဒါ.....ဒါဆို သူထိုလူဆီမွာ.....
"ခင္ဗ်ား!! "
က်ိဳးခ်န္ ေဒါသထြက္တာေရာ သူစိမ္းေယာက်ာ္ေလးတစ္ေယာက္ဆီမွ ထိုသို႔ျဖစ္တာေရာ ေပါင္းၿပီး သူ႕တစ္ကိုယ္လုံး ရွက္စိတ္ေၾကာင့္ အသားေတြပင္တုန္ေနေလၿပီ ။ ရွင္းျပဖို႔ ႀကိဳးစားလာတဲ့ ရွီးခ်န္ ကလည္း အနားသို႔ ေရာက္လာေလရဲ႕ ။
"မလာနဲ႕ ကြၽန္ေတာ့္အနားကို....!!
"မေန႕ညက...."
"ထြက္သြား! ထပ္မေျပာပါနဲ႕"
ႏႈတ္ခမ္းပါးေလးေတြ တဆက္ဆက္တုန္ယင္ေနလို႔ က်ိဳးခ်န္ ေအာ္သည္ ။ ထို႔ေနာက္မွာ ရွီးခ်န္လည္း အရင္အဝတ္အစားတို႔ဝတ္ေစရန္ အခန္းထဲမွသာ ေခါင္းေလးငုံ႕လို႔ ထြက္သြားေပးလိုက္တယ္။
သူ အခန္းျပင္၌ မတ္တပ္ေလးရပ္လို႔ ေစာင့္ေနတုန္း ဝုန္းခနဲ တံခါးဖြင့္သံနဲ႕အတူ ထြက္လာတဲ့ က်ိဳးခ်န္ ။
"မေန႕ညက ဘာမွမရွိခဲ့ဘူးလို႔ပဲ သေဘာထားရေအာင္ ကြၽန္ေတာ္လည္း မူးေနေတာ့ ခင္ဗ်ားတစ္ေယာက္ထဲရဲ႕ အမွားလို႔လည္း ေျပာလို႔မရဘူးေလ"
"........"
ခံစားခ်က္မရွိသည့္ မ်က္ႏွာနဲ႕ သူ႕ကို ခပ္တည့္တည့္ပင္ စိုက္ၾကည့္လို႔ ဆိုလာသည္ ။ ရွီးခ်န္ ေခါင္းေလး ခါယမ္းမိလို႔ .... မဟုတ္ဘူး...
"ကြၽန္ေတာ့္တို႔ ထပ္ၿပီးမဆုံၾကရင္ေကာင္းမယ္"
"ကိုယ္မင္းကို တာဝန္ယူမွာပါ"
သူ႕စကားဆုံးေတာ့ က်ိဳးခ်န္ဆီမွ ခပ္ဟဟေလွာင္ရယ္သံ ၾကားလိုက္ရသည္ ။ ရွီးခ်န္႐ုပ္ေလးမွာေတာ့ ၿပိဳေတာ့မယ့္မိုးလို
"တာဝန္ယူရေအာင္ ကြၽန္ေတာ္က မိန္းမ မဟုတ္တာ "
"......."
"တစ္ညတာ ကိစၥကို ေမ့လိုက္တာ အေကာင္းဆုံးပဲ ကြၽန္ေတာတို႔ ထပ္ၿပီး မေတြ႕ၾကရရင္ ပိုေကာင္းတယ္"
ထိုအတိုင္းသာ ေျပာလို႔ သူ မတားမိခင္မွာပဲ က်ိဳးခ်န္က ေတာ့ အခန္းထဲမွ ထြက္သြားေခ်ၿပီ ။ ခ်စ္ရတဲ့သူရဲ႕ ႏွလုံးသားက တင္ထားတာထက္ မာေၾကာၿပီး ေအးစက္မႈေတြနဲ႕ ။ သူကသာ ႏွလုံးသားတစ္ခုလုံးကို ထိုဘုရင္ေလးဆီ ထိုးေကြၽးေပးၿပီးေနၿပီ။
က်ရႈံးဖို႔လည္း အသင့္ပါေလ
ကိုယ္ မင္းကို တကယ္ ခ်စ္တာ... က်ိဳးခ်န္
.
.
.
...............
"အင္းးးး"
လက္ေလးႏွစ္ဖက္ကို အားရပါးရဆန့္တန္းလို႔
ေရွာင္းက်န့္ တစ္ေယာက္ နိုးလာသည္ ။ အကြယ္မရွိတဲ့ သစ္သား ျပတင္းေပါေလးမွ သဘာဝေလေအးတို႔က တိုးဝင္လို႔ ေတာေတာင္ရဲ႕အလွေၾကာင့္ စိတ္တို႔ ၾကည္လင္ေနသည္ ။
ထို႔ေနာက္ ကုတင္ေပၚေလးမွဆင္းလိုက္၏ ။ မ်က္ႏွာေလးက ၿပဳံးလို႔.....သဘာဝကို အျပည့္အဝခံစားေနတာ ။ ေရွာင္းက်န့္ အက်င့္က မနက္တိုင္းအိပ္ယာနိုးတာနဲ႕ သန့္စင္ခန္း ဝင္တာပင္ ။
လက္ေလး ႏွစ္ဖက္ကို ေလွ်ာက္ရင္း ျမႇောက္ၿပီးအေၾကာဆန့္လိုက္ေသးတာ ။ ထို႔ေနာက္ သန့္စင္ခန္း သစ္သားတံခါးေလးကို ဆြဲဖြင့္လိုက္၏ ။
သူ႕ မ်က္လုံးေတြ ျပဴးက်ယ္သြားသည္သာမက အထဲမွ ေရခ်ိဳးေနသည့္မိေဖြးတိုင္းဖေမြးတိုင္း ဝမ္ရိေပၚ ကပါ မ်က္လုံးႀကီး ျပဴးလာသည္ ။
"အားးးးး!!"
ႏွစ္ေယာက္သား ၿပိဳင္တူေအာ္လိုက္မိသံက ဟိန္းထြက္လို႔။ ထို႔ေနာက္ ေရွာင္းက်န့္ ဘန္းခနဲ ဆိုၿပီး တံခါးကိုပိတ္ခ်လိဳက္သည္ ။ တံခါးကို ေက်ာေပးေနာက္ သူ ထပ္ေအာ္လိုက္မိ၏ ။ မ်က္လုံးတို႔ကို လက္ျဖင့္ပိတ္လို႔ ထားခ်ိန္မွာပဲ အျမင္အာ႐ုံ ထဲ ေပၚလာသည္က ဝမ္ရိေပၚ ရဲ႕ ၇ လက္မ