Ep-5

13.1K 1.4K 41
                                    

Unicode

ကားပေါ်ရောက်တာနဲ့ ခပ်သင်းသင်းရနံ့လေးက ဝမ်ရိပေါ် ဆီကရမြဲ။ ရှောင်းကျန့် ပြုံးပြုံးကြီး ခေါင်းတင်မက ကိုယ်ပါ စောင်းကာ ကြည့်တယ်။
Crush က ကားမောင်းပို့တာလေ သူက အကျိုးရှိရှိအသုံးချမှ​ပေါ့

ဝမ်ရိပေါ် တစ်ယောက် မိမိကို ကြည့်နေတော့လည်း မလုံမလဲဖြစ်လာသည် ။ ခဏဆို တော်ရောပေါ့ အခုက တစ်လမ်းလုံးကြည့်မလားပဲ

ကားက မီးပွိုင့်မိနေတော့ ရပ်လိုက်၏။  ရိပေါ်
ဟိုကြည့် ဒီကြည့်လုပ်ရင်း ရှောင်းကျန့် ဘက်လှည့်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းဆုံတော့ ဟိုယုန်ပေါက်က သူ့ကိုသွားဖြဲကာပြုံးပြလာလေရဲ့

"ဟိုဘက်လှည့်နေလို့မရဘူးလား"

"မင်းမျက်နှာက ဒီဘက်မှာလေ"

သူ့ကို ကျန့်ကျန့်က ပြန်ဖြေတဲ့အဖြေတဲ့ ။ ရိပေါ်လည်း ဘာမှဆက်မပြောတော့ဘဲ ကားကိုသာအာရုံစိုက် မောင်းနေလိုက်တော့သည်။

ကြည့်ပါစေတော့
သူ့အသားပဲ့သွားတာမှ မဟုတ်တာ

.....................

ချိန်းထားတဲ့နေရာရောက်တော့ ရှောင်းကျန့် က
ကျေးဇူးတင်စကား ဆိုပြီးတာနဲ့ ကားပေါ်က ဆင်းသွားတယ်။ ကျိုးချန် နဲ့ ယွီပင်းက ရှောင်းကျန့် ​ကို​မြင်တော့အနား ရောက်လာသည်။ ဝမ်ရိပေါ်က ကားကို မောင်းမထွက်သေးဘဲ ထိုနေရာ၌ ရပ်နေဆဲ

"ငါ့မျက်လုံးတွေ မ​ကောင်းတော့တာလား
မင်းကို တကယ်ပဲ ဝမ်ရိပေါ် ကားမောင်းပို့တာပေါ့"

"အေး အဲ့လိုဖြစ်သွားတယ်"

သွားလေးတွေပေါ်အောင်ပြုံးရယ်လို့ ကြည်နူးနေတဲ့ ရုပ်လေးနဲ့ ပြန်ဖြေလာ၏။ ကျိုးချန် က ကားပေါ်မှ လှမ်းကြည့်နေတဲ့ ရိပေါ်ကို တစ်ချက်ကြည့်လိုက်ရင်း ရှောင်းကျန့် ပုခုံးတို့ကို ဖက်ပစ်လိုက်သည်

"ငါတို့ သွားကြမယ်လေ အချိန်တွေကုန်နေလိမ့်မယ်"

"ဟုတ်သားပဲ သွားမယ်"

ကျိုးချန်ရဲ့လက်တွေကိုလည်း မဖယ်ချမိ ဘာလို့ဆို သူတို့က အရင်ထဲက ထိုသို့တွဲသွားတွဲလာသူငယ်ချင်းတွေလေ ပေါင်းလာတာ နှစ်ပေါင်းမနည်းတော့ဘူး ဒီလိုဖက်တာက သူတို့တွေအတွက် အဆန်းတော့မဟုတ်ပေ

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Hikayelerin yaşadığı yer. Şimdi keşfedin