Ep-9

12.8K 1.4K 30
                                    

Unicode

ကျောင်းကန်တင်း၌ ရှောင်းကျန့် တစ်ယောက် မျက်နှာချိုလေးသွေးလို့ သူငယ်ချင်း နှစ်ယောက်ကိုပေါ့။ ဟိုနေ့က ဝမ်ရိပေါ် နဲ့ပတ်သတ်လို့ သူထွက်သွားတာကို ကျိုးချန်တို့က မကျေနပ်သေးသည့်ပုံ

"အပြောင်းအလဲ အရမ်းမြန်လွန်းတယ်"

ယွီပင်းက ခေါင်း ခါကာ နှုတ်ခမ်းလေးရွဲ့လို့အရင်စ ပြောလာတယ်။ ​ရှောင်းကျန့် တစ်ယောက် ရှေ့ ယုန်သွားလေးတွေပေါ်တဲ့အထိ ရှက်ပြုံးရယ်ပြလိုက်ရင်း

"ငါ​က ချစ်တာကိုး သူ့ကိုတကယ်တန်းကျ မပစ်ရက်ဘူး "

ဘေးမှ ရှောင်းကျန့် ကို ကျိုးချန် စိတ်ထဲတကယ် ထုထောင်းလိုက်ချင်သည်။ ဒီကောင့်စကားကို ယုံခဲ့မိတဲ့သူကပဲ အမှားပေါ့!

"ကျိုးချန်"

"........."

"ကျိုးချန်လို့...."

တမင်မထူးချင်လို့ကို မထူးဘဲ ထမင်းသာထိုင်စားနေတာ။ ရှောင်းကျန့် ကိုစိတ်သာဆိုးနေပေမယ့် ရှောင်းကျန့် ကြိုက်တတ်တဲ့ အသားလုံးလေးတွေကို သူဖယ်ထားပေးသေးသည်။

"ငါ့ကိုအသားလုံး မထည့်ပေးရသေးဘူး"

"စားတော့!'

တူနဲ့ ညှပ်ယူလို့ ဒီလိုကျ ရှောင်းကျန့် ဟင်းခွက်လေးထဲလှမ်းထည့်ပေးလာတယ်။ အင်း ဆိုပြီး ခေါင်းလေးညိမ့်ပြတဲ့သူ့ ကို ကျိုးချန်က မကြည်ကြည့်နဲ့ မျက်စောင်းကြီး တဝင့်ဝင့်။

"ကျန့်ကျန့်  ဟိုမှာ ဝမ်ရိပေါ် နဲ့ထမင်းအတူစားနေတာ မိန်လော့ မှတ်လား"

"ဘာ!"

ယွီပင်း ပြတဲ့နေရာ ကြည့်လိုက်တော့ တကယ်ကြီး
မျက်နှာချင်းဆိုင် ထမင်းစားနေတာပါ ။တစ်ယောက်တည်း အမြဲစားနေကျ ဝမ်ရိပေါ်ဆီကိုသူမ ရောက်လာတာပဲ ဖြစ်ရမယ်။ ရှောင်းကျန့်
တူနှစ်ချောင်းကို လက်ထဲဆုပ်လို့ နှုတ်ခမ်းကလည်းအလိုမကျမှုကြောင့် ရှေ့ကထော်ထားသေးတယ်။

"သူက ဘာလို့ ရိပေါ်နား ရှိနေရတာလဲ"

"သွားမကြည့်နဲ့လေ"

ကျိုးချန်က စိတ်ပျက်သလို လေသံနဲ့ ပြောလာတော့ ရှောင်းကျန့် ဆီမှ သက်ပြင်းချသံကြီး ထွက်လာတော့သည် ။

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now