Ep-18

13.1K 1.2K 50
                                    

Unicode

မနက်ပိုင်း ၄နာရီလောက်မှာ နောက်ဆုံး တည်းခိုရမယ့်နေရာသို့ရောက်လာခဲ့ပြီ ။ ကားရပ်လိုက်သည်နှင့် အသီးသီးနိုးလာကြကာ ဆင်းဖို့ ပြင်ကြသည်။

မေရီ နဲ့ ချန်ဖေ တို့ကလည်းထလာလို့ ချန်ဖေကရှေ့မှအရင်ထွက်သွား၍ သူမကတော့ ရှောင်းကျန့် ကိုနိုးအုံးမည်ဆို၍ လက်ရွယ်လိုက်ကာမှ ....

"ဟယ် CEO လား"

တစ်ယောက်နဲ့တစ်ယောက် ခေါင်းမှီလို့ အိပ်ပျော်နေကြသည်မှာ သူမကြည့်နေတဲ့ ပရိုင်ကန်းသော်ပီနီ တွေထဲကလို …

ထို့နောက် ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာရှားသည်မို့ သူမ ကဖုန်းကိုထုတ်ကာ ကင်မရာကိုဖွင့်လိုက်၏ ။ ထွက်သွားတဲ့ ချန်ဖေ ရှေ့ဆက်မသွားဘဲ နောက်ပြန်လှည့်ကြည့်လာရင်း အိပ်ချင်လွန်းလို့လည်း ရှုံ့မဲ့နေလေပြီ

"အမ ဘာလုပ်အုံးမလို့လဲ"

"ခဏနေစမ်းပါဟဲ့"

အသံလေးကြိတ်လို့ ပြောလိုက်ပြီးနောက် သူမ ကင်မရာလေး ချိန်လိုက်လို့ ဖျက်ခနဲ ရိုက်လိုက်သည် ။

ချစ်စရာလေး....ဟိဟိ ပြီးမှသေချာပြန်ပြီး
edit ရမယ်

ထို့နော​က်မှာ ဖုန်းလေးကို ပြန်ထည့်ပြီးမှ သူမ CEO ဖြစ်သူကို လှုပ်နိုးလိုက်တော့သည် ။ အဲ့တော့မှ ဝမ်ရိပေါ် တစ်ယောက်ဟာလည်း နိုးလာပြီးနောက် … မေရီ နဲ့ချန်ဖေ တို့ကတော့ ကားပေါ်မှဆင်းသွားချေပြီ ။

ရိပေါ်လည်း သူ့ဘေးမှ အကောင်​ပေါက်လေးကို
ကြည့်လိုက်တော့ အိပ်လို့ပျော်နေတုန်း ၊ ထို့ကြောင့်မနိုးရက်​တာနဲ့ပင် သူပဲ သေချာမချီလိုက်ကာ ကားပေါ်မှဆင်းလာလိုက်တော့၏ ။ ကားပေါ်မှာအနည်းငယ်ကျဥ်းသည်မို့ ခက်ခက်ခဲခဲကို ချီလာရတာ ။

ဒီလိုတောတောင်ဘက်မှာ ရှိတဲ့ နေရာလေးက
ဟိုတယ်ဆိုပေမယ့် မြို့ပေါ်မှာလိုမဟုတ်ဘူး။  သစ်သား တွေနဲ့သာ ဆောက်ထားပြီး အခန်းလေးတွေလည်း အများကြီး ဖွဲ့ထားသည် ။

ချန်ဖေ နဲ့ မေရီ့ အခန်းတို့က အခုသူဝင်သွားတဲ့ ရှေ့က အခန်းလေး နှစ်ခန်းပင် ။ ရှောင်းကျန့် ကို ကုတင်ပေါ်လေး အသာချလို့ အခန်းတံခါးကို သွားပြန်ပိတ်၏ ။

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now