Ep-3

14.3K 1.5K 57
                                    

Unicode

ကန်တင်းထဲရောက်တော့ ယွီပင်းနဲ့ ကျိုးချန် ရှိရာစားပွဲသို့ လျှောက်လာရင်း ဝင်ထိုင်လိုက်သည်။ ထမင်းနဲ့ဟင်း ခွက်တွေက သူ့ရှေ့မှာအဆင်သင့်

"မင်းနို့အေးဗူး ဘယ်တုန်းက ယူလိုက်တာလဲ"

စားပွဲပေါ်တင်လိုက်တဲ့ ဗူးလေးကြောင့် ယွီပင်းက
မေးလာတယ်။ ကျိုးချန် ကလည်း ခေါင်းလေးစောင်းလို့ ကြည့်လာသည်

"ဝမ်ရိပေါ် လာပေးသွားတာ"

" ဝမ်ရိပေါ် ကလေ....ဒါကြောင့် ငါတို့ကျန့်ကျန့်လေး အခွက်က ပြုံးနေတာကို"

ယွီပင်းက စကာပြောတော့ မျက်စောင်းကြီး မော့ချီလို့ ဖြီးနေတော့တာပဲ။ ကျိုးချန် တစ်ယောက်ဘေးမှ ရှောင်းကျန့် ကို မသိမသာငေးကြည့်လို့ ပြီးတော့ ဘေးနားမှာ ထားထားတဲ့ နို့အေးဗူးလေးကိုအသာအောက်သို့ ဖွက်ထားလိုက်တော့သည်။

.................

အခန်းထဲ သချာ်အချိန်ပေါ့.....ရှောင်းကျန့် ဘောပင်ကို နားထင်ကိုထောက်လိုက် ပါးစပ်လေးနဲ့ ကိုက်လိုက်နဲ့ သူ ဒီလိုအချိန်တွေကို တကယ်မုန်းသည်။ ဘာလို့ဆို သူက သချာ်ဘာသာရပ်မှာသုံးစားလို့မရအောင်ကို ညံ့တာ!

စာရှင်းပြနေတဲ့ မျက်မှန်ကြီးနဲ့ ဆရာ့ကိုအကြည့်လွှဲလို့ ဘေးရှေ့နားက ခုံရှိရာ ရိပေါ်ကို လှမ်းအကြည့်ပို့လိုက်တယ်။ ဝမ်ရိပေါ် ကတော့ မှတ်စရာရှိတာမှတ်လိုက် ဆရာပြောတာ နားထောင်လိုက်နဲ့ ။

ဒီလောက်ချောမောတည်ကြည်တဲ့ ဝမ်ရိပေါ် ကိုငါလေးဘယ်အချိန်မှ ပိုင်ဆိုင်ရပါ့မလဲ??
နေဦး! ရာဇဝင်မှာတုန်းက ဟန်ကွမ်ကျွင်း အသက်က ၃၀ နီးပါးမှဆိုတော့

ရှောင်းကျန့် မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့လက်ချိုးရေလာရင်း

အခုက ငါတို့အသက်က၁၇ နှစ်.....ဒါဆို
နောက် ၁၀နှစ် ကျော်ကျော်ကြီးသာ စောင့်ရရင်တော့ ဟင်းးးးး

"ရှောင်ရှောင်းကျန့်!!"

ရုတ်တရပ် ဆရာ့ခေါ်သံက အခန်းတွင်း ဟိန်းထွက်လာတယ်။ ထိုအခါမှ ရှောင်းကျန့် ခေါင်း​လေးပြန်တည့်လာသည်။ တစ်ခန်းလုံးရဲ့ အကြည့်တွေက သူ့ဆီ၌ ပုံလို့နေတယ်

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Kde žijí příběhy. Začni objevovat