Ep-22

12K 1.2K 54
                                    

Unicode

"ဘာကြီး!! လက်ထပ်မယ် ဟုတ်လား"

မားရဲ့တအံ့တသြအော်သံကြောင့် ရှောင်းကျန့် ကုတင်ပေါ်ကနေ နှုတ်ခမ်းက ရှေ့ထော်လို့လာတယ်။

"မားကလည်း မားပဲစီစဥ်ပေးပြီးပေါ့"

"ချက်ချင်းကြီးဆိုတော့ မားလည်း မထင်ထားဘူးလေကွယ်...သားပဲ အရင်က ဝမ်ရိပေါ်ကို မယူဘူးဆို"

"အခုယူမယ်!! သူမှမရရင် သား အိုဗာတင်းသောက်သေလိုက်တော့မယ်"

ကျန့်ကျန့်ဆိုတာ နဂိုထဲက ပါးစပ်ထဲရှိရာ ပေါက်ကရ လျှောက်ပြောတာ ။ ရှောင်မားကလည်းတစ်ခုခုသောက်သေမယ်ဆိုရော
ပြာပြာသလဲအနားကို ရောက်လာတယ်လေ ။

"ကျန်ကျန့်နော် အရမ်းတွေဖြစ်နေ မား စီစဥ်ပေးမယ် ဟုတ်ပြီလား"

"အဲ့တာကြောင့် မားကိုချစ်တာ"

ရှောင်မားရဲ့ကိုယ်ကို လက်လေးဖြင့်သိမ်းကျုံးဖက်လို့ ပါးပြင်ကိုပါဖိကပ်မွှေးပစ်လာလေရဲ့ ။ ဒီအချွဲတုံးလေးကိုပဲ သူမကလည်း ချစ်နေရတာကိုး ။

ထို့နောက် ရှောင်းကျန့် က ကုတင်ပေါ်မှဆင်းလို့ အပေါ်ထပ်အကျီလေးဝတ်လိုက်သည် ။

"တစ်နေရာသွားမလို့လား"

"ဟုတ်တယ်မား ဝမ်ရိပေါ်ဆီကို"

"ကားသတိထားမောင်းနော်"

"ဟုတ်ကဲ့ပါ မား"

ရှောင်မားကို နှုတ်ဆက်လို့ သူအခန်းလေးထဲမှ ထွက်လာသည် ။ ကားသော့လေးလက်ထဲဆော့လို့....အောက်ထပ်ကို ဆင်းလာတော့၏ ။

ဝမ်ရိပေါ် ဆီကိုသွားရမည်လေ ၊ သူတို့မတွေရတာနှစ်ရက်နဲ့ တစ်ပိုင်းရှိနေပြီ ။ ဒီရက်တွေထဲ ရှောင်းကျန့် က Company ကိုမှမသွားဖြစ်တာကို
.

.

.
.............

"ဟယ် မောင်လေး"

သူဝင်လာတာမြင်တော့ မမေရီက မျက်လုံးလေးတွေတောက်လို့ ဝမ်းသာအားရခေါ်တယ် ။ ဘေးမှချန်ဖေက ပြုံးပြကာ နှုတ်ဆက်လေရဲ့

"ဝမ်ရိပေါ် အထဲမှာရှိတယ် မှတ်လား"

"ရှိတယ် မောင်လေး ဝင်သွားလိုက် "

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now