Ep-10

13.2K 1.4K 33
                                    

Unicode

"အရှင် ကျွန်တော့်ကို အမြဲချစ်သွားရမယ်နော်"

"အင်း ဝေ့ရင်းက ကိုယ့်အတွက် ထာဝရပဲ
ချစ်တယ် ဝေ့ရင်း"

ခပ်မှုံမှုံ​မြင်နေရတဲ့အရိပ်က နဖူးကိုလှမ်းနမ်းလိုက်သည့်ဟန်။ ပုံရိပ်တွေကတဖြေးဖြေး ဝေဝါးလို့လာတယ်။ မျက်နှာတွေမမြင်ရတာကြောင့်အသည်းအသန် ရှာဖွေနေမိသည် ။ရင်ထဲ ဆို့တက်လာတဲ့ ခံစားချက်နဲ့အတူ မောဟိုက်စွာ အိပ်နေရာမှ ရိပေါ် လန့်နိုးလာတော့၏။

"ဘာအိမ်မက်လဲကွာ!!"

ပထမဆုံး မက်တဲ့အိမ်မက်ပင်ဖြစ်လျက်  မျက်နှာတွေကိုသိချင်မိတယ်။ အသံတို့က ရင်းနှီးနေပေမယ့် အဖြေရှာမရ။ သာမန်မဟုတ်တဲ့ ဝတ်စုံနေနဲ့မြင်နေရတာကလည်း ထူးဆန်းသည်။

ဝမ်ရိပေါ် လည်း ဆက်မတွေးတော့ဘဲ အိပ်ရာမှထကာ ရေချိုးခန်းထဲဝင်သွားတော့သည် ။ ကျောင်းသွားဖို့ အတွက် ပြင်ဆင်ရအုံးမည်လေ

ကျောင်း uniform ကိုသေချာဝတ်ဆင်လို့ လွယ်အိတ်ကို ဘေးလွယ်ကာ အိမ်ပေါ်မှ ဆင်းလာလေရဲ့ ။

"ရိပေါ် ကျောင်းသွားတော့မလို့လား"

အောက်ကိုရောက်တော့ အလုပ်သွားဖို့ ပြင်နေတဲ့
အစ်ကိုဖြစ်သူနဲ့ ဆုံတော့ နှုတ်ဆက်ခြင်းပြုကာ

"ဟုတ်တယ် ရှီးချန်ကော"

ပြုံးပြရင်း ရှီးချန် ကခေါင်းလေးညိမ််ပြလာတယ်။
ဝမ်ရှီးချန် ဆိုတာက သူ့ရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ဖြစ်ပြီးတော့ Korea ကနေ ပြန်လာတာ
တစ်ပတ်တောင် မပြည့်သေး ။ ဒီမှာပဲ ပြန်ပြီးအခြေချနေထိုင်မည်ဆိုတော့ ကွန်ဒိုခန်း မရှာရသေးခင်သူတို့အိမ်မှာ ခဏနေနေခြင်းပင်။

*************************

ကျောင်းခန်းထဲ ဝမ်ရိပေါ် ရောက်လာတော့ အရင်ဆုံး ရှောင်းကျန့် ကိုရှာမိသည် ။ သို့သော် ယွီပင်းနဲ့.ကျိုးချန် သာတွေ့ရပြီး သက်​​ဆိုင်သူနေရာတစ်ခုကတော့လွတ်နေတယ်။

ဝမ်ရိပေါ် လည်းကိုယ့်နေရာကိုယ်ဝင်ထိုင်လို့
ရှောင်းကျန့် ဘာလို့များ ကျောင်းမလာတာလဲဟုမေးချင်ပေမယ့်လည်း ကျိုးချန် နဲ့ သူနဲ့က မတည့်တဲ့လူနှစ်ယောက်လေ ။ မျက်နှာချင်းဆိုင်ဖို့ဆိုတာဝေးစွ။

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now