Ep-1

33.6K 1.8K 57
                                    

Unicode

ဖျက်ခနဲ ပွင့်လာတဲ့ မျက်လုံးတို့နှင့်အတူ နိုးလာ၏
ပထမဆုံး မြင်လိုက်ရတာက မျက်နှာကျက်ဖြူဖြူကြီး.....နှာခေါင်းထဲ ပိုးသတ်ဆေးနံ့က ဝင်လာတတယ် ၊ ပြီးတော့ ဘာဆေးအနံ့တွေလည်းတော့ သူလည်း သေချာမသိ ရတော့ရနေတာပဲ

"ကျန့်ကျန့် သတိရလာပြီ!!"

ကောင်လေးတစ်ယောက်ရဲ့ဝမ်းသာအားရအော်ပြောသံကို သူစတင်ကြားလိုက်ရသည် ။ ထို့နောက်သူ့ မြင်ကွင်းရှေ့ရောက်လာတဲ့ ဆရာဝန်တစ်ဦးက လက်လေးယမ်းပြလို့လာတယ်

"ဆရာ့ကို မြင်ရလား သား"

အသံကိုလည်း သူကောင်းစွာကြားရသည် ။ ထို့ကြောင့် ခေါင်းကို ညိမ့်ပြလိုက်၏

"အခြေအနေကောင်းပါတယ်။ တစ်ခုခုဆို ဆရာ့ကို
ခေါ်လိုက်နော်"

ဘေးမှလူကို လှမ်းပြောပြီးမှ ဆရာဝန်က အခန်းထဲမှ ထွက်သွားတော့သည်ထင်။ ထိုစဥ် သူ့နားသို့ရောက်လာတဲ့ သူတွေ.....သေချာလိုက်ကြည့်မိတော့ မားရယ် ပါးရယ်  ယွီပင်း နဲ့ ကျိုးချန်!

"သား.....ကျန့်ကျန့် သားရယ်"

မားက ဝမ်းသာလွန်းလို့ ငိုလာတာ သူ့လက်တွေကိုလည်း ဆုပ်ကိုင်ကိုင်လာသည်။ ပါးက ငိုနေတဲ့ရှောင်မား ကိုဖက်လို့ နှစ်သိမ်းပေးနေလျက်ရှိတယ်။

"ကိုယ်တို့သားလေး ပြန်သတိရလာပြီပဲ
တိတ်တော့ ကလေး စိတ်မကောင်းဖြစ်နေမယ်"

"မား သားဘယ်တုန်းထဲက ဒီဆေးရုံကို ရောက်နေတာလဲ"

"၃ရက်လောက်ပေါ့ သားအခုမှသတိရတာ"

"၃ရက်!!"

ကိုယ့်နားကိုပင် မယုံနိုင်ဘူး၊ သူများတွေအတိတ်မေ့ရင် လနဲ့မဟုတ်ရင်တောင့်နှစ်နဲ့ချီပြီး ကြာမှာလေဘယ့်နှယ့်သူ့ကျမှ ၃ရက်တဲ့

"ကိုယ်တို့ ဆရာဝန်ဆီသွားရအုံးမယ်လေ"

"ဟုတ်သားပဲ"

သူနဲ့ပတ်သတ်လို့ ဆေးစာရွက်တွေ ကိစ္စနဲ့ သက်သာရင် ဆေးရုံဆင်းဖို့ပါ ပြောရအုံးမှာလေ။
ယောကျာ်းဖြစ်သူ သတိပေးလိုက်ကာမှ သူမလည်းသတိရတော့တယ်

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Kde žijí příběhy. Začni objevovat