Ep-7

13K 1.3K 35
                                    

Unicode

ညပိုင်းလောက်မှ ကျိုးချန်က ယွီပင်းဆီ ဖုန်းဆက်ခေါ်လာတော့ သူ့မှာ ထွက်လာရသေးတယ် ။ ကျိုးချန် တစ်ယောက် ညနေက ကိစ္စကြောင့် ဝမ်ရိပေါ် ကို မကျေနပ်တုန်းပဲ ။ အခုလည်း သူစိတ်ရှုပ်နေတာကြောင့် club ကိုလာခိုင်းခြင်းပင် ။ သူတို့အနေနဲ့ အသက်မပြည့်သေးပေမယ့်လည်း ခိုးထွက်နေကျ။

"ကျိုးချန် တော်တော့ မင်းသောက်နေတာ
များနေပြီ ငါတောင် မသောက်တဲ့ဟာကို"

ယွီပင်းက အိမ်ကိုကြောက်တဲ့သူဆိုတော့ ဘာမှမလုပ်ရဲ မသောက်ရဲ။

"ဒီမှာပဲသောက်နေနော် ဘယ်မှမသွားနဲ့ ငါဟိုကောင်မလေးတွေနဲ့ သွားချိတ်အုံးမယ်"

အိုခေ ဆိုပြီးလက်လေးမြှောက်ကာ ပြလို့....ထို့နောက်ယွီပင်း ထိုင်ရာမှ ထသွားလေသည် ။ ကျိုးချန်တစ်ယောက် ထည့်လိုက်သောက်လိုက်နဲ့ပဲ။

ဖုန်းလေးကို ထုတ်လို့ screen ကိုဖွင့်ကြည့်၏။
ပြုံးရယ်နေတဲ့ ကောင်လေးမျက်နှာကတော့ အပူအပင်ကင်းစွာ.....

"ရှောင်းကျန့် ရာ ဘာလို့ င့ါခံစားချက်တွေကို
မမြင်ရတာလဲ ဟမ်!!"

ပါးပြင်ထက် ပူနွေးကာ စီးကျလာတဲ့ အရာက သူ့မျက်ရည် ။ ကျိုးချန် ဆိုတဲ့ကောင်လေးက စိတ်မာတယ် ဒေါသထွက်လွယ်တယ် အပြောဆိုးတယ်
ဒါပေမယ့် သူ့ဂရုစိုက်မှုတွေအကုန်လုံး ရှောင်းကျန်ကိုတော့ အမြဲပေးခဲ့သည် ။

"လောကကြီးက မတရားဘူး.....အင့်...ငါချစ်ပေးတာကျ ပြန်အချစ်ခံမရသလို ရှောင်းကျန့် လည်း
သူများကို အနစ်နာခံပြီးပြန်ချစ်တယ်"

ရေရွတ်ရင်း သူ ခွက်လက်ကျန်ကို အကုန်မော့ချလိုက်သည်။ သူ့လို အသက်အရွယ်နဲ့ မဖြစ်သင့်ဘူးဆိုပေမယ့်လည်း လက်ရှိမှာ သူခဏတော့ လွတ်လပ်ချင်နေပြီ။ အရာအားလုံးကိုလည်း မေ့ပစ်ချင်သည်။

ထို့နောက် ပုလင်းလည်းကုန်ပြီ၊ သူခေါင်းလေးထောင်ကာ ယွီပင်းကို လိုက်ရှာတယ် ။ မီးရောင်စုံတွေကြားမှာ လူကများတော့ ရှုပ်နေလေရဲ့

အိမ်ပြန်တော့မည်ဖြစ်တာမို့ သူလိုက်ရှာရန် နေရာမှထလာလိုက်၏။ လျှောက်တော့လျှောက်နေတာပဲ တရိပ်ရိပ်နဲ့ မူးနေတဲ့အသိပဲရှိတော့တယ်။  

𝖱𝗈𝗆𝖺𝗇𝗍𝗂𝖼 𝖳𝗂𝗆𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎《 S2- Completed 》Where stories live. Discover now