Call me Daddy (completed)

Von Yizhantreasure

889K 86.7K 5.2K

ကိုယ့်ထက် အသက်ငယ်တဲ့ အထက်လူကြီးက ကိုယ့်အဖေဖြစ်နေတယ်။ ဘယ်လိုတွေများ ရှေ့ဆက်ရပါ့မလဲ...။ ကိုယ့္ထက္ အသက္ငယ္တဲ့... Mehr

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(15) unicode version only
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
final
Second edition

Beloved one

18.1K 1.8K 195
Von Yizhantreasure

ႏွင္းစက္ေလးေတြက တေဖ်ာက္ေဖ်ာက္ ။
ျဖတ္သြားျဖတ္လာေတြမွာ အက်ၤီခပ္ထူထူ ကိုယ္စီဝတ္ ။ အိမ္ကို ခပ္သုတ္သုတ္ ျပန္ေနၾကတယ္ ။

ေနေရာင္က ပိန္းပိတ္ေအာင္ မျမင္ရေတာ့ဘဲ တျဖည္းျဖည္း ေမွာင္လာတယ္ ။ နာရီၾကည့္လိုက္ေတာ့ ၆ နာရီ နဲ႔ မိနစ္ ႏွစ္ဆယ္ ။

ငနာေကာင္ေလး Gongzi က လူပ်ိဳလွည့္တာကေန ဖင္ခါျပီး ျပန္ဝင္လာတယ္ ။ သန္႔ရွင္းေရး လုပ္ထားျပီးကာစ ၾကမ္းျပင္မွာ ႏွင္းရည္ေတြနဲ႔ ေခြးေျခရာေလးေတြက တစြက္စြက္နဲ႔ ထင္းလို႔ ။ ေဒါသ ထြက္ထြက္နဲ႔ အနားမွာ ခ်ထားတဲ႔ ယင္ေမာင္းတဲ႔ တုတ္တံျပားနဲ႔ Gongzi ရဲ႕ ဖင္ကို ရိုက္လိုက္တယ္ ။

သေကာင့္သားက ေရွာင္းက်န္႔ႏွာေခါင္းနား အီးေပါက္သြားတယ္ ။

ခ်ီးတဲ႕မွပဲ !

ပါပါး မရွိေတာ့ Gongzi က အနိုင္က်င့္တယ္ ။

**********
ခ်က္ျပီးသား နွစ္ေယာက္စာ ညစာေတြကို ဒုတိယ အၾကိမ္ေျမာက္ မိုက္ခရိုေဝ႔ ထဲ ထည့္ေႏႊးလိုက္တယ္။
Gongzi ကေတာ့ စားျပီးေသာက္ျပီးလို႔ ျပင္ေပးထားတဲ႔ အိပ္ရာထဲ ဝင္သြားျပီး ႏွပ္ေနျပီ ။

ျပတင္းေပါက္မွာ ခပ္ပ်ပ်ေလး ျမင္ေနရတဲ႔ ဟိုးအေဝးက ေဘးအိမ္ေတြရဲ႕ မီးေရာင္ေလးေတြလည္း ပိတ္က်သြားျပီ ။ ႏွင္းထုခပ္ေဖြးေဖြးက သိပ္သည္းစြာ က်တယ္ ။
နာရီ ၾကည့္လိုက္ေတာ့ ၉ နာရီ နဲ႔ မိနစ္ ေလးဆယ္။

ထိုးလက္စ သိုးေမြးခ်ည္လံုးေတြက အက်ၤီတစ္ထည္ အျဖစ္ ေျပာင္းသြားတယ္ ။ လက္ရာက သိပ္မေသသပ္ေပမယ့္ လူတစ္ေယာက္အတြက္ ရည္စူးျပီး ျပဳလုပ္ထားတဲ႔ limited ေလး ။ ေရွာင္းက်န္႔ကိုယ္တိုင္အတြက္ တစ္ထည္ ။ ခ်စ္ရသူအတြက္ တစ္ထည္ ။ ကမာ႓ေပၚမွာ စုစုေပါင္း ႏွစ္ထည္ပဲ ရွိတယ္ ။

ပြေနတဲ႔ ပစၥည္းပစၥယေတြကို သိမ္းဆည္း ။
ပါးနဲ႔မားတို႔ရဲ႕ ကမၺည္းတိုင္ရွိရာ အခန္းေလးထဲ မီးမွိန္မွိန္ျပျပေလးဖြင့္ ။
အခန္းတစ္ခန္းထဲက မီးတစ္ပြင့္ဖြင့္ ။ က်န္မီးေတြ အကုန္လံုး လိုက္ပိတ္လိုက္တယ္ ။

တိတ္ဆိတ္က်သြားတဲ႔ ေမွာင္ျပျပ အခန္းအိုေလးအတြင္း တစ္ေယာက္တည္း အိပ္စက္ဖို႔ ျပင္ရတယ္ ။

နာရီၾကည့္မိေတာ့ ၁၁ နာရီ နဲ႔ မိနစ္ သံုးဆယ္ ။

သတိရတယ္ ပါပါးရယ္ ။

***************

'အဲ႔တာဆို ရိေပၚက ျပန္မလာတာ ၾကာျပီေပါ့ '

ပန္းျခံေလးနဲ႔ သာသာယာယာ အိမ္အိုေလးထဲ ဒီေန႔မွ မနက္အေစာၾကီးတည္းက လူေတြ အစံုအလင္ပဲ ။ ပါပါးတစ္ေယာက္ကလြဲ အားက်န္႔က ဒီလူေတြ ျမင္မွ မျမင္ခ်င္ဘဲ ။ ဒီလူေတြက ဟင္းစား သိပ္ၾကီးတယ္ ။

'ဟုတ္လားလို႔ ေရွာင္းက်န္႔ '

ခ်န္းစန္းေပၚရဲ႕ ဒုတိယ တစ္ေခါက္အေမးကို ေရွာင္းက်န္႔ ေခါင္းမညိတ္ခ်င္ဘဲ ညိတ္လိုက္ရတယ္ ။

'တစ္ေန႔ညကမွ ငါဖုန္းဆက္ေတာ့ ဒင္းက ခ်ံဳခ်င္းမွာပဲတဲ႔ ။ ပန္းေတြ ေရာင္းေနရတယ္ ဆို ။ အခု ဘယ္ေရာက္သြားတာလဲ ဒီေကာင္က '

ေရွာင္းက်န္႔ ေခါင္းခါ ျပလိုက္တယ္ ။ ပါပါး မဟုတ္တဲ႔ လူ တစ္ေယာက္ရဲ႕ စကားကို အားက်န္႔ေလးက အေရးတယူ လုပ္ျပီး ေျပာမေနနိုင္ဘူး ။

ပါပါးက အားက်န္႔ကို ထားခဲ႔ရက္တယ္ ။

**********

----
-----

--------

---------------

----------------------

'အာ…လုပ္မေနနဲ႔ အစ္ကို စန္းေပၚ ။ သူ႔လင္က သူႏွင္ခ်ထားလို႔ သူ႔အေဖ အိမ္ သြားေနရတာ ။ ဟို အိမ္ကေနျပီး သူေရာင္းခိုင္းထားတဲ႔ ပန္းေတြ သြား ေရာင္းေနရတယ္ ။ ဘယ့္ႏွယ္ က်ားက်ားယားယား ေငြတိုးေခ်းတဲ႔ လူဆိုးၾကီးေတြပါ အျငိမ္မေနရဘဲ ပန္းေရာင္းေနရတယ္ ။ တခ်ိဳ႕ေတြက ပန္းေလးေတြ ပန္ျပီး ကတဲ႔သူကျပီး လမ္းမေပၚမွာ ေစ်းေရာင္းေနရတာ ။ ဒီမွာ ကြ်န္မတို႔ကို ေတာင္ ပန္းေတြ ထိုးေရာင္းလိုက္ေသးတယ္ '

ပန္းစည္းတေပြ႔တပိုက္ၾကီးနဲ႕ ဟြမ္ခ်ံဳးရင္နဲ႔ သူ႔ ဥကၠ႒ ယန္ အျပင္ကေန ျပန္ဝင္လာတယ္ ။ မ်က္ေစာင္း တထိုးထိုးနဲ႔ ။

'ဘာ !!! အဲ႔တာကို ၾကက္လည္လိမ္တဲ႔ ရုပ္နဲ႔ ဘာလို႔ ဒီေကာင္က လင္ပူမိတဲ႕ ပံုစံျဖစ္ေနရတာလဲ '

ဝမ္ယြဲ႕ရဲ႕ စကားကို ရန္ျပန္ေတြ႔ဖို႔ ႏႈတ္ခမ္းျပင္ေနတဲ႔
ေရွာင္းက်န္႔က ငိုမဲ႔မဲ႔ မ်က္ႏွာနဲ႔ ။ ဘာလဲ ဝမ္ယြဲ႕ေျပာတာမ်ား လြန္သြားေလလို႔လား ။

'ဝမ္ယြဲ႕ !!!!!!!!'

အေပါက္ဝက အသံက်ယ္က်ယ္ တစ္ခုေၾကာင့္  အသစ္စက္စက္ သတို႔သားေလး ဝမ္ယြဲ႕နား ေပါက္ကြဲထြက္မတတ္ဘဲ လန္႔ဖ်န္႔သြားတယ္ ။ လွည့္မၾကည့္ေပမယ့္ ဝမ္ယြဲ႕ သိလိုက္တယ္ ။ ဒရမ္မာေတြ ျမင္ရအံုးမယ္ ။

သတို့သား လင္ေတာ္ေမာင္ ခ်န္းစန္းေပၚဆီ ၾကည့္လိုက္ေတာ့ အေတာ္ေလး အထာနပ္ေနပံုပဲ ။
ေသာက္လက္စ ေကာ္ဖီခြက္ေလး ကိုင္ျပီး ျခံျပင္ထြက္သြားတယ္ ။ ခ်ံဳခ်င္းကို ပရဟိတ ကိစၥေၾကာင့္ ေရာက္လာတဲ႔ ဟြမ္ခ်ံဳးရင္တို႔ အတြဲကေတာ့ ဘယ္အခ်ိန္ကတည္းက လစ္ထြက္သြားမွန္း မသိလိုက္ရဘူး ။ လင္လင္ႏွစ္ေယာက္ရဲ႕ အလယ္ ဝမ္ယြဲ႕ တစ္ေယာက္တည္း က်န္တယ္ ။

'ၾကားလား ၾကားလား ရိေပၚ ။ ငါ့ကို အဲ႔သလိုေတြ ေျပာေနတာ မင္းၾကားလား ။ အီး ဟီး ဟီး '

ငိုရင္းနဲ႔ ဝမ္ယြဲ႕ကို ခုန္ပ်ံေက်ာ္လႊားျပီး ရွည္လေမ်ာ ေရွာင္းက်န္႔က ရိေပၚ့ကို သြားဖက္တယ္ ။ ရိုးရိုးတန္းတန္းဖက္လည္း ရတာပဲ သူ႔လင္ရိေပၚက ဘယ္ထြက္ေျပးမွာ မို႔လို႔လဲ ။

လိုက္ၾကည့္ေနမိတဲ႔ ဝမ္ယြဲ႕ ရိေပၚဆီ အၾကည့္အေရာက္မွာ ပါးစပ္ၾကီး ဟ အံ့ေၾသာ္လြန္းလို႕

'ရိ…ရိေပၚ …မင္း …မင္း ဆံပင္ေတြ …ဘယ္ …ဘယ္ေရာက္ .…'

လင္လင္ႏွစ္ေကာင္ရဲ႕ အၾကည့္စူးစူးမွာပဲ ဝမ္ယြဲ႕ရဲ႕ စကားလံုးေတြက ထစ္ထစ္ေငါ့ေငါ့ ။

သိလိုက္တယ္ ။ ရိေပၚရဲ႕  ဖရဲသီးခြံ ဆံပင္ပံုစံက ေရွာင္းက်န္႔ လက္ရာပဲ ျဖစ္လိမ့္မယ္ ။

ဝမ္ရိေပၚက ေရွွာင္းက်န္႔ရဲ႕ စကားတစ္ခြန္းတည္းနဲ႔  အရာရာ မီးေသတယ္ ။ ဒါကို''လူ''တိုင္း သိတယ္။ ခ်ံဳခ်င္းအိမ္မွာ ဆက္မေနဘဲ ဝမ္ယြဲ႕တို႔ရဲ႕ ဟန္းနီးမြန္း တျခားေနရာကို သြားတာ အေကာင္းဆံုးျဖစ္မယ္ ။
ဒီလင္ႏွစ္ေကာင္ေၾကာင့္ မ်က္စိေတြလည္း ေနာက္ရပါခ်ည္ရဲ႕ ။

***********

'အားက်န္႔ ! ေရွာင္းက်န္႔ !ဝမ္က်န္႔ '

ေရွာင္းက်န္႔ ထိုးေပးထားတဲ႔ သိုးေမႊးအေႏြးထည္ ခါးရွည္ၾကီးက ဝမ္ရိေပၚရဲ႕ ဒူးေခါင္းနားေလာက္ထိ ဖုံးတယ္ ။ ေအာက္က ေဘာင္းဘီ ဝတ္ရင္ ေလွွ်ာ္ေနရမွာ စိုးလို႔ဆိုျပီး ေရွာင္းက်န္႔ အမိန္႔နဲ႔ ရိေပၚရဲ႕ ေအာက္ပိုင္းက ဘာမွမရွိ ။ ညေမွာင္ေနတာရယ္ အခန္းထဲမွာ ႏွစ္ေယာက္တည္း ဆိုတာရယ္ေၾကာင့္ တစ္ကိုယ္လံုး ဘာမွမဝတ္ရလည္း ရိေပၚတို႔က ေအးေဆးပဲ ။

ဒါေပမဲ႔လည္း အုန္းမႈက္ခြက္ကို ေကာက္စြပ္ထားတဲ႔ ဆံပင္ေက ။ အက်ၤၤီလား ဂါဝန္လား ခြဲျခားမရတဲ႔ အစိမ္းေရာင္ သိုးေမြးထည္ ။ ေဘာင္းဘီ ဝတ္မထားဘဲ ေအာက္က ေဟာင္းေလာင္းနဲ႔ ရိေပၚရဲ႕ ပံုစံက နည္းနည္းေတာ့ တစ္မ်ိဳးမ်ား ျဖစ္ေနသလားလို႔ ။ ဒါေပမဟ့္လည္း ကိစၥ မရွိပါဘူး ။ အားက်န္႔ၾကိဳက္ရင္ ပါပါးဝမ္က အဆင္ေျပတယ္ ။

ေရွာင္းက်န္႔ကို ၾကည့္ေတာ့လည္း ထိုနည္း၄င္းပဲ ။ ခပ္နည္းနည္းရွည္ေနတဲ႔ ဆံပင္ထိပ္ဖ်ားပိုင္းေလးကို စုစည္း ။ ရိေပၚနဲ႔ ဆင္တူ သိုးေမြး အက်ၤီရွည္ၾကီးနဲ႔ ။ အေရာင္ေလးေတာ့ နည္းနည္းကြဲတယ္ ။ ေရွာင္ေရွာင္းက်န္႔က အနီေရာင္ေလး ။ သူကိုယ္တိုင္လည္း ေအာက္က ေဘာင္းဘီမပါရွာဖူး။ နွစ္ေယာက္သား အိပ္ရာထဲမွာ ကာပယ္ဂိုးလ္ ကိုျဖစ္လို႕ ။

'ဒီ ဖက္ကိုတိုး ေစာင္ေအာက္ကိုဝင္ စကားမမ်ားဘဲနဲ႔ ငါ့ကို ဖက္ထား ။ ေႏြးသြားရင္ ဘြိဳင္လာပိတ္မယ္ ။ လွ်ပ္စစ္ရံုးက လူေတြက  မီတာခေတြ ေစ်းတက္ဖို႔ပဲ ေခ်ာင္းေနတာ ။ ေခြ်တာနိုင္မွ ေတာ္ကာ က်မယ္ '

အျပင္ဖက္မွာက ႏွင္းမုန္တိုင္းေၾကာင့္ အရိုးကြဲေလာက္ေအာင္ ေအးေနျပီ ။ ေရွာင္းက်န္႔က remote နဲ႔ ဘြိဳင္လာကို ပိတ္လိုက္ေတာ့ ရိေပၚရဲ႕ ေစာင္ နည္းနည္းလြတ္ေနတဲ ့ ေအာက္ဖက္ ေဟာင္းေလာင္းေနရာေလးက ေအးလို႕ ။ ဒါေပမယ့္ ရပါတယ္! ခဏေနလို႔ တြင္းေအာင္းရရင္ ေႏြးသြားမွာပဲ ။

တြင္းပိုင္ရွင္ ယုန္ၾကီးကို ၾကည္ျဖဴေအာင္ ေျပာတတ္ရင္ေပါ့ ။

'အိုက္ယား ! ခ်မ္းေနလား ပါပါး ။ ဒီဖက္ကိုတုိုး ဖက္ထားေပးမယ္ လာ အားက်န္႔ဆီကို '

ခြ်ဲခြ်ဲပစ္ပစ္ ေရွာင္းက်န္႔ရဲ႕ ခုလို ေလသံက ရိေပၚ လစာအပ္တဲ႔ အခ်ိန္ ။ ခုလိုမ်ိဳး ပန္းေတြ ေရာင္းလို႔ ကုန္တဲ့ အခ်ိန္မ်ိဳးမွာ ၾကားရတတ္တယ္ ။ နို႔မို႔ဆို ပြစိပြစိနဲ႔ အိမ္ေထာင္သည္ေလး ေရွာင္းက်န္႔က ညည္းညဴေျပာမဆံုး ။

ရိေပၚလည္း ေစ်းသည္ၾကီးကို ျဖစ္လို႔ ။ ေစ်းအေရာင္း post ေတြနဲ႔ ျပည့္ႏွက္ေနတဲ႔ ရိေပၚရဲ႕ weibo account ကို ရင္းႏွီးသူေတြက ေနာက္ကြယ္မွာ အတင္းေျပာတတ္တာက yibo's online shop တဲ႔ ။
ဘာပဲေျပာေျပာ ရိေပၚ့အတြက္ သားသားက်န္႔ ေပ်ာ္ေနရင္ ျပီးတာပဲ ။

သမီးရည္းစား ဘဝမွာ အခ်စ္ဆိုတာက လက္သံုးစကား ျဖစ္ေပမယ့္ ခ်စ္မဆံုးနိူင္လို႔ ညားၾကတဲ႔ ရိေပၚတို႔အတြက္ ေနာင္အခ်ိန္ မပူမပင္ရေအာင္ ေငြမ်ားမ်ား ရွာထားရတယ္ ။ သားသမီးလည္း မလိုတဲ႔ ဒီအိမ္ေထာင္ေရးမွာ  အိမ္ေထာင္ဦးစီး ရိေပၚ့အတြက္ ေရွာင္းက်န္႔ဆိုတာက မွီခိုဆိုျပီး ဘယ္ေတာ့မွ တံဆိပ္ကပ္စရာ မဟုတ္တဲ႕လူသားငယ္ေလး ။

'ငါ့ကိုေလ Gongzi က အီးနဲ႔ ေပါက္လႊတ္တယ္ သိလား ။ ခ်န္းစန္းေပၚကလည္း ငါ ဝယ္ထားတဲ႔ ေကာ္ဖီမႈန္႔ေတြ ေဖ်ာ္ေသာက္ပစ္တယ္ ။ ဟုတ္တယ္ ဟုတ္တယ္ သူ႔ွလည္း မတိုက္ဘဲနဲ႔ ။ ဟြမ္ခ်ံဳးရင္ကလည္း ဘာထူးလို႔လဲ ။ ငါ့ကို အနိုင္က်င့္တယ္ ။ ဝမ္ယြဲ႕ ေအာ္တာကေတာ့ မင္းလည္း ေတြ႔တယ္ ။ ေနာက္ျပီး အိမ္ေရွ႕ျခံက အေဒၚၾကီး ေနာက္ျပီး …ေနာက္ျပီး … '

တတြတ္တြတ္နဲ႔ အနိုင္က်င့္တဲ႔ သူေတြ အေၾကာင္း တိုင္ေျပာေနတဲ႕ ေရွာင္းက်န္႔ွကို ရင္ခြင္ထဲ ဆြဲသြင္း နမ္းပစ္လိုက္တယ္ ။

'ကိုယ္ ဆိုင္ကယ္နဲ႔ အကုန္တိုက္သတ္ပစ္မယ္ '

'ဟင့္အင္း မလုပ္နဲ႔ ။ ဆီဖိုး ပိုက္ဆံကုန္မယ္။ သူတို႔နဲ႔ မတန္ဘူး '

'ကိုယ္ ထပ္ရွာေပးမယ္ အလုပ္ေတြ ဒီထက္ပိုလုပ္ျပီး အားက်န္႔ကို ပိုက္ဆံ အမ်ားၾကီး ထပ္ရွာေပးမယ္'

ရိေပၚရဲ႕ ႏွာေခါင္းလံုးလံုးက ေရွာင္းက်န္႕ရဲ႕ ပါးစပ္ထဲ ေရာက္သြားတယ္ ။ ေရွာင္းက်န္႔ရဲ႕  အခ်က္အျပဳတ္ေတြေၾကာင့္ ေဖာင္းအစ္ေနတဲ႔ ရိေပၚရဲ႕ ပါးေဖာင္းေဖာင္းေလးေတြလည္း ယုန္အစားခံလိုက္ရတယ္ ။

'ငါက ပိုက္ဆံထက္ မင္းကို ပိုမက္တယ္ ဆိုတာေတာ့ သိတယ္မလား ရိေပၚ ။ မေျပာမဆိုနဲ႔ ထြက္မသြားစမ္းနဲ႔ ။ မေန႔ညက ငါတစ္ေယာက္တည္း ဘယ္လိုေတာင္ ေနေနရလဲ မင္း မသိဖူးမလား ။ ပါပါးကို ေပါင္ေပါင္က ဘယ္ေလာက္ေတာင္လြမ္း …ဟီဟီ …အားးး လွ်ာယားလိုက္တာ ဟီဟီ '

ေရွာင္းက်န္႔ရဲ႕ မခ်ိဳမခ်ဥ္ရုပ္နဲ႔ version အမ်ိဳးမ်ိဳးနဲ႔ ရယ္သံက ရိေပၚ့ကို အူေတြေရာ အသည္းေတြေရာ ယားက်ိက်ိနဲ႔ ျဖစ္ေစတယ္ ။

'အား မရေတာ့ဘူး ။ ေတာ္ေတာ္ကို ေအးလာျပီ။  ေခြ်းထုတ္မွ ရေတာ့မယ္ '

ေစာင္ထဲကေန လႈပ္လႈပ္ရွားရွား ျဖစ္လာတဲ႕ ရိေပၚကို ေရွာင္းက်န္႔က တဟီဟီနဲ႕ ရယ္ျပီး ႏႈတ္ခမ္းေတြကို ဖိကပ္နမ္းလာတယ္ ။ နယ္ေျမကြ်မ္းက်င္ျပီးသား ဝမ္ေလာင္ရွီးရဲ႕ လက္ေတြက ယုန္ဥေလးဆီကို ဆင္းသက္တယ္ ။ အရွိန္ရလာေတာ့ ေရွာင္းက်န္႔ရဲ႕ ေျခေထာက္ေတြကို ေျမွာက္ျပီး ယုန္တြင္းဆီမွာ ဝမ္တိတိကို သြင္းတယ္ ။ ျပီးေတာ့ ေရွာင္းက်န္႔ရဲ႕ လင္ေယာက္်ားဆိုတဲ႔ တာဝန္ကို ပုခံုးထမ္း ေဆာင္ရြက္တယ္ ။

အအိအုအု ဆိုတဲ႔ သံစဥ္ေတြနဲ႔ ဖြင့္လွစ္တာ ၾကာျပီ ျဖစ္တဲ႔ yizhan ေခြ်းထုတ္ခန္းေလးက ျမိဳင္ျမိဳင္ဆိုင္ဆိုင္ အသက္ဝင္ လႈပ္ရွားလာတယ္။

ေရွာင္းက်န္႔အတြက္ ရိေပၚက အျမဲရွိေနမယ့္ ခိုလႈံရာေလး ။
ရိေပၚ့အတြက္လည္း ေရွာင္းက်န္႔က ထပ္တူပဲ ။

ခပ္ၾကီးၾကီး လက္ဖဝါးတစ္စံုက ေသးေသးသြယ္သြယ္ လက္ကေလးကို ဆုပ္ကိုင္လို႔ ေရွ႕ဆက္ၾကမယ္ ။

အခက္အခဲေတြ ရွိလည္း ခဏပဲ ။ အရာအားလံုးက ဒီႏွစ္ေယာက္ၾကား ေအးခ်မ္းတယ္ ။

ခုတင္ေအာက္မွာ အိပ္ေနတဲ႔ Gongzi က ႏွင္းမုန္တိုင္းေၾကာင့္ ေအးစက္ေနတဲ႔ ရာသီဥတုၾကား ေခြ်းတစ္လံုးလံုးနဲ႔ လႈပ္ရွားေနၾကတဲ႔ ခုတင္ေပၚက အေဖ ႏွစ္ေယာက္ကို တစ္ခ်က္ ေခါင္းေထာင္ၾကည့္တယ္။ ရိုးအီေနေအာင္ ျမင္ဖူးျပီးသား ျမင္ကြင္းေၾကာင့္ သိပ္မထူးဆန္းသလို အီး တစ္ခ်က္ေပါက္ျပီး ျပန္အိပ္တယ္ ။

ရက္စြဲတိုင္း ေန႔ရက္တိုင္းဟာ ခ်စ္ျခင္းေမတၱာတရားေၾကာင့္ သာယာတယ္ ။      ။

******************************

Happy Birthday To Me !

#bjyxszd






Unicode
နှင်းစက်လေးတွေက တဖျောက်ဖျောက် ။
ဖြတ်သွားဖြတ်လာတွေမှာ အင်္ကျီခပ်ထူထူ ကိုယ်စီဝတ် ။ အိမ်ကို ခပ်သုတ်သုတ် ပြန်နေကြတယ် ။

နေရောင်က ပိန်းပိတ်အောင် မမြင်ရတော့ဘဲ တဖြည်းဖြည်း မှောင်လာတယ် ။ နာရီကြည့်လိုက်တော့ ၆ နာရီ နဲ့ မိနစ် နှစ်ဆယ် ။

ငနာကောင်လေး Gongzi က လူပျိုလှည့်တာကနေ ဖင်ခါပြီး ပြန်ဝင်လာတယ် ။ သန့်ရှင်းရေး လုပ်ထားပြီးကာစ ကြမ်းပြင်မှာ နှင်းရည်တွေနဲ့ ခွေးခြေရာလေးတွေက တစွက်စွက်နဲ့ ထင်းလို့ ။ ဒေါသ ထွက်ထွက်နဲ့ အနားမှာ ချထားတဲ့ ယင်မောင်းတဲ့ တုတ်တံပြားနဲ့ Gongzi ရဲ့ ဖင်ကို ရိုက်လိုက်တယ် ။

သကောင့်သားက ရှောင်းကျန့်နှာခေါင်းနား အီးပေါက်သွားတယ် ။

ချီးတဲ့မှပဲ !

ပါပါး မရှိတော့ Gongzi က အနိုင်ကျင့်တယ် ။

**********
ချက်ပြီးသား နှစ်ယောက်စာ ညစာတွေကို ဒုတိယ အကြိမ်မြောက် မိုက်ခရိုဝေ့ ထဲ ထည့်နွှေးလိုက်တယ်။
Gongzi ကတော့ စားပြီးသောက်ပြီးလို့ ပြင်ပေးထားတဲ့ အိပ်ရာထဲ ဝင်သွားပြီး နှပ်နေပြီ ။

ပြတင်းပေါက်မှာ ခပ်ပျပျလေး မြင်နေရတဲ့ ဟိုးအဝေးက ဘေးအိမ်တွေရဲ့ မီးရောင်လေးတွေလည်း ပိတ်ကျသွားပြီ ။ နှင်းထုခပ်ဖွေးဖွေးက သိပ်သည်းစွာ ကျတယ် ။
နာရီ ကြည့်လိုက်တော့ ၉ နာရီ နဲ့ မိနစ် လေးဆယ်။

ထိုးလက်စ သိုးမွေးချည်လုံးတွေက အင်္ကျီတစ်ထည် အဖြစ် ပြောင်းသွားတယ် ။ လက်ရာက သိပ်မသေသပ်ပေမယ့် လူတစ်ယောက်အတွက် ရည်စူးပြီး ပြုလုပ်ထားတဲ့ limited လေး ။ ရှောင်းကျန့်ကိုယ်တိုင်အတွက် တစ်ထည် ။ ချစ်ရသူအတွက် တစ်ထည် ။ ကမ္ဘာပေါ်မှာ စုစုပေါင်း နှစ်ထည်ပဲ ရှိတယ် ။

ပွနေတဲ့ ပစ္စည်းပစ္စယတွေကို သိမ်းဆည်း ။
ပါးနဲ့မားတို့ရဲ့ ကမ္ဗည်းတိုင်ရှိရာ အခန်းလေးထဲ မီးမှိန်မှိန်ပြပြလေးဖွင့် ။
အခန်းတစ်ခန်းထဲက မီးတစ်ပွင့်ဖွင့် ။ ကျန်မီးတွေ အကုန်လုံး လိုက်ပိတ်လိုက်တယ် ။

တိတ်ဆိတ်ကျသွားတဲ့ မှောင်ပြပြ အခန်းအိုလေးအတွင်း တစ်ယောက်တည်း အိပ်စက်ဖို့ ပြင်ရတယ် ။

နာရီကြည့်မိတော့ ၁၁ နာရီ နဲ့ မိနစ် သုံးဆယ် ။

သတိရတယ် ပါပါးရယ် ။

***************

'အဲ့တာဆို ရိပေါ်က ပြန်မလာတာ ကြာပြီပေါ့ '

ပန်းခြံလေးနဲ့ သာသာယာယာ အိမ်အိုလေးထဲ ဒီနေ့မှ မနက်အစောကြီးတည်းက လူတွေ အစုံအလင်ပဲ ။ ပါပါးတစ်ယောက်ကလွဲ အားကျန့်က ဒီလူတွေ မြင်မှ မမြင်ချင်ဘဲ ။ ဒီလူတွေက ဟင်းစား သိပ်ကြီးတယ် ။

'ဟုတ်လားလို့ ရှောင်းကျန့် '

ချန်းစန်းပေါ်ရဲ့ ဒုတိယ တစ်ခေါက်အမေးကို ရှောင်းကျန့် ခေါင်းမညိတ်ချင်ဘဲ ညိတ်လိုက်ရတယ် ။

'တစ်နေ့ညကမှ ငါဖုန်းဆက်တော့ ဒင်းက ချုံချင်းမှာပဲတဲ့ ။ ပန်းတွေ ရောင်းနေရတယ် ဆို ။ အခု ဘယ်ရောက်သွားတာလဲ ဒီကောင်က '

ရှောင်းကျန့် ခေါင်းခါ ပြလိုက်တယ် ။ ပါပါး မဟုတ်တဲ့ လူ တစ်ယောက်ရဲ့ စကားကို အားကျန့်လေးက အရေးတယူ လုပ်ပြီး ပြောမနေနိုင်ဘူး ။

ပါပါးက အားကျန့်ကို ထားခဲ့ရက်တယ် ။

**********

----
-----

--------

---------------

----------------------

'အာ…လုပ်မနေနဲ့ အစ်ကို စန်းပေါ် ။ သူ့လင်က သူနှင်ချထားလို့ သူ့အဖေ အိမ် သွားနေရတာ ။ ဟို အိမ်ကနေပြီး သူရောင်းခိုင်းထားတဲ့ ပန်းတွေ သွား ရောင်းနေရတယ် ။ ဘယ့်နှယ် ကျားကျားယားယား ငွေတိုးချေးတဲ့ လူဆိုးကြီးတွေပါ အငြိမ်မနေရဘဲ ပန်းရောင်းနေရတယ် ။ တချို့တွေက ပန်းလေးတွေ ပန်ပြီး ကတဲ့သူကပြီး လမ်းမပေါ်မှာ ဈေးရောင်းနေရတာ ။ ဒီမှာ ကျွန်မတို့ကို တောင် ပန်းတွေ ထိုးရောင်းလိုက်သေးတယ် '

ပန်းစည်းတပွေ့တပိုက်ကြီးနဲ့ ဟွမ်ချုံးရင်နဲ့ သူ့ ဥက္ကဋ္ဌ ယန် အပြင်ကနေ ပြန်ဝင်လာတယ် ။ မျက်စောင်း တထိုးထိုးနဲ့ ။

'ဘာ !!! အဲ့တာကို ကြက်လည်လိမ်တဲ့ ရုပ်နဲ့ ဘာလို့ ဒီကောင်က လင်ပူမိတဲ့ ပုံစံဖြစ်နေရတာလဲ '

ဝမ်ယွဲ့ရဲ့ စကားကို ရန်ပြန်တွေ့ဖို့ နှုတ်ခမ်းပြင်နေတဲ့
ရှောင်းကျန့်က ငိုမဲ့မဲ့ မျက်နှာနဲ့ ။ ဘာလဲ ဝမ်ယွဲ့ပြောတာများ လွန်သွားလေလို့လား ။

'ဝမ်ယွဲ့ !!!!!!!!'

အပေါက်ဝက အသံကျယ်ကျယ် တစ်ခုကြောင့်  အသစ်စက်စက် သတို့သားလေး ဝမ်ယွဲ့နား ပေါက်ကွဲထွက်မတတ်ဘဲ လန့်ဖျန့်သွားတယ် ။ လှည့်မကြည့်ပေမယ့် ဝမ်ယွဲ့ သိလိုက်တယ် ။ ဒရမ်မာတွေ မြင်ရအုံးမယ် ။

သတို့သား လင်တော်မောင် ချန်းစန်းပေါ်ဆီ ကြည့်လိုက်တော့ အတော်လေး အထာနပ်နေပုံပဲ ။
သောက်လက်စ ကော်ဖီခွက်လေး ကိုင်ပြီး ခြံပြင်ထွက်သွားတယ် ။ ချုံချင်းကို ပရဟိတ ကိစ္စကြောင့် ရောက်လာတဲ့ ဟွမ်ချုံးရင်တို့ အတွဲကတော့ ဘယ်အချိန်ကတည်းက လစ်ထွက်သွားမှန်း မသိလိုက်ရဘူး ။ လင်လင်နှစ်ယောက်ရဲ့ အလယ် ဝမ်ယွဲ့ တစ်ယောက်တည်း ကျန်တယ် ။

'ကြားလား ကြားလား ရိပေါ် ။ ငါ့ကို အဲ့သလိုတွေ ပြောနေတာ မင်းကြားလား ။ အီး ဟီး ဟီး '

ငိုရင်းနဲ့ ဝမ်ယွဲ့ကို ခုန်ပျံကျော်လွှားပြီး ရှည်လမျော ရှောင်းကျန့်က ရိပေါ့်ကို သွားဖက်တယ် ။ ရိုးရိုးတန်းတန်းဖက်လည်း ရတာပဲ သူ့လင်ရိပေါ်က ဘယ်ထွက်ပြေးမှာ မို့လို့လဲ ။

လိုက်ကြည့်နေမိတဲ့ ဝမ်ယွဲ့ ရိပေါ်ဆီ အကြည့်အရောက်မှာ ပါးစပ်ကြီး ဟ အံ့သြော်လွန်းလို့

'ရိ…ရိပေါ် …မင်း …မင်း ဆံပင်တွေ …ဘယ် …ဘယ်ရောက် .…'

လင်လင်နှစ်ကောင်ရဲ့ အကြည့်စူးစူးမှာပဲ ဝမ်ယွဲ့ရဲ့ စကားလုံးတွေက ထစ်ထစ်ငေါ့ငေါ့ ။

သိလိုက်တယ် ။ ရိပေါ်ရဲ့  ဖရဲသီးခွံ ဆံပင်ပုံစံက ရှောင်းကျန့် လက်ရာပဲ ဖြစ်လိမ့်မယ် ။

ဝမ်ရိပေါ်က ရှှောင်းကျန့်ရဲ့ စကားတစ်ခွန်းတည်းနဲ့  အရာရာ မီးသေတယ် ။ ဒါကို''လူ''တိုင်း သိတယ်။ ချုံချင်းအိမ်မှာ ဆက်မနေဘဲ ဝမ်ယွဲ့တို့ရဲ့ ဟန်းနီးမွန်း တခြားနေရာကို သွားတာ အကောင်းဆုံးဖြစ်မယ် ။
ဒီလင်နှစ်ကောင်ကြောင့် မျက်စိတွေလည်း နောက်ရပါချည်ရဲ့ ။

***********

'အားကျန့် ! ရှောင်းကျန့် !ဝမ်ကျန့် '

ရှောင်းကျန့် ထိုးပေးထားတဲ့ သိုးမွှေးအနွေးထည် ခါးရှည်ကြီးက ဝမ်ရိပေါ်ရဲ့ ဒူးခေါင်းနားလောက်ထိ ဖုံးတယ် ။ အောက်က ဘောင်းဘီ ဝတ်ရင် လှျှော်နေရမှာ စိုးလို့ဆိုပြီး ရှောင်းကျန့် အမိန့်နဲ့ ရိပေါ်ရဲ့ အောက်ပိုင်းက ဘာမှမရှိ ။ ညမှောင်နေတာရယ် အခန်းထဲမှာ နှစ်ယောက်တည်း ဆိုတာရယ်ကြောင့် တစ်ကိုယ်လုံး ဘာမှမဝတ်ရလည်း ရိပေါ်တို့က အေးဆေးပဲ ။

ဒါပေမဲ့လည်း အုန်းမှုက်ခွက်ကို ကောက်စွပ်ထားတဲ့ ဆံပင်ကေ ။ အင်္ကျၤီလား ဂါဝန်လား ခွဲခြားမရတဲ့ အစိမ်းရောင် သိုးမွေးထည် ။ ဘောင်းဘီ ဝတ်မထားဘဲ အောက်က ဟောင်းလောင်းနဲ့ ရိပေါ်ရဲ့ ပုံစံက နည်းနည်းတော့ တစ်မျိုးများ ဖြစ်နေသလားလို့ ။ ဒါပေမဟ့်လည်း ကိစ္စ မရှိပါဘူး ။ အားကျန့်ကြိုက်ရင် ပါပါးဝမ်က အဆင်ပြေတယ် ။

ရှောင်းကျန့်ကို ကြည့်တော့လည်း ထိုနည်း၎င်းပဲ ။ ခပ်နည်းနည်းရှည်နေတဲ့ ဆံပင်ထိပ်ဖျားပိုင်းလေးကို စုစည်း ။ ရိပေါ်နဲ့ ဆင်တူ သိုးမွေး အင်္ကျီရှည်ကြီးနဲ့ ။ အရောင်လေးတော့ နည်းနည်းကွဲတယ် ။ ရှောင်ရှောင်းကျန့်က အနီရောင်လေး ။ သူကိုယ်တိုင်လည်း အောက်က ဘောင်းဘီမပါရှာဖူး။ နှစ်ယောက်သား အိပ်ရာထဲမှာ ကာပယ်ဂိုးလ် ကိုဖြစ်လို့ ။

'ဒီ ဖက်ကိုတိုး စောင်အောက်ကိုဝင် စကားမများဘဲနဲ့ ငါ့ကို ဖက်ထား ။ နွေးသွားရင် ဘွိုင်လာပိတ်မယ် ။ လျှပ်စစ်ရုံးက လူတွေက  မီတာခတွေ ဈေးတက်ဖို့ပဲ ချောင်းနေတာ ။ ချွေတာနိုင်မှ တော်ကာ ကျမယ် '

အပြင်ဖက်မှာက နှင်းမုန်တိုင်းကြောင့် အရိုးကွဲလောက်အောင် အေးနေပြီ ။ ရှောင်းကျန့်က remote နဲ့ ဘွိုင်လာကို ပိတ်လိုက်တော့ ရိပေါ်ရဲ့ စောင် နည်းနည်းလွတ်နေတဲ့ အောက်ဖက် ဟောင်းလောင်းနေရာလေးက အေးလို့ ။ ဒါပေမယ့် ရပါတယ်! ခဏနေလို့ တွင်းအောင်းရရင် နွေးသွားမှာပဲ ။

တွင်းပိုင်ရှင် ယုန်ကြီးကို ကြည်ဖြူအောင် ပြောတတ်ရင်ပေါ့ ။

'အိုက်ယား ! ချမ်းနေလား ပါပါး ။ ဒီဖက်ကိုတိုး ဖက်ထားပေးမယ် လာ အားကျန့်ဆီကို '

ချွဲချွဲပစ်ပစ် ရှောင်းကျန့်ရဲ့ ခုလို လေသံက ရိပေါ် လစာအပ်တဲ့ အချိန် ။ ခုလိုမျိုး ပန်းတွေ ရောင်းလို့ ကုန်တဲ့ အချိန်မျိုးမှာ ကြားရတတ်တယ် ။ နို့မို့ဆို ပွစိပွစိနဲ့ အိမ်ထောင်သည်လေး ရှောင်းကျန့်က ညည်းညူပြောမဆုံး ။

ရိပေါ်လည်း ဈေးသည်ကြီးကို ဖြစ်လို့ ။ ဈေးအရောင်း post တွေနဲ့ ပြည့်နှက်နေတဲ့ ရိပေါ်ရဲ့ weibo account ကို ရင်းနှီးသူတွေက နောက်ကွယ်မှာ အတင်းပြောတတ်တာက yibo's online shop တဲ့ ။
ဘာပဲပြောပြော ရိပေါ့်အတွက် သားသားကျန့် ပျော်နေရင် ပြီးတာပဲ ။

သမီးရည်းစား ဘဝမှာ အချစ်ဆိုတာက လက်သုံးစကား ဖြစ်ပေမယ့် ချစ်မဆုံးနိူင်လို့ ညားကြတဲ့ ရိပေါ်တို့အတွက် နောင်အချိန် မပူမပင်ရအောင် ငွေများများ ရှာထားရတယ် ။ သားသမီးလည်း မလိုတဲ့ ဒီအိမ်ထောင်ရေးမှာ  အိမ်ထောင်ဦးစီး ရိပေါ့်အတွက် ရှောင်းကျန့်ဆိုတာက မှီခိုဆိုပြီး ဘယ်တော့မှ တံဆိပ်ကပ်စရာ မဟုတ်တဲ့လူသားငယ်လေး ။

'ငါ့ကိုလေ Gongzi က အီးနဲ့ ပေါက်လွှတ်တယ် သိလား ။ ချန်းစန်းပေါ်ကလည်း ငါ ဝယ်ထားတဲ့ ကော်ဖီမှုန့်တွေ ဖျော်သောက်ပစ်တယ် ။ ဟုတ်တယ် ဟုတ်တယ် သူ့ှလည်း မတိုက်ဘဲနဲ့ ။ ဟွမ်ချုံးရင်ကလည်း ဘာထူးလို့လဲ ။ ငါ့ကို အနိုင်ကျင့်တယ် ။ ဝမ်ယွဲ့ အော်တာကတော့ မင်းလည်း တွေ့တယ် ။ နောက်ပြီး အိမ်ရှေ့ခြံက အဒေါ်ကြီး နောက်ပြီး …နောက်ပြီး … '

တတွတ်တွတ်နဲ့ အနိုင်ကျင့်တဲ့ သူတွေ အကြောင်း တိုင်ပြောနေတဲ့ ရှောင်းကျန့်ှကို ရင်ခွင်ထဲ ဆွဲသွင်း နမ်းပစ်လိုက်တယ် ။

'ကိုယ် ဆိုင်ကယ်နဲ့ အကုန်တိုက်သတ်ပစ်မယ် '

'ဟင့်အင်း မလုပ်နဲ့ ။ ဆီဖိုး ပိုက်ဆံကုန်မယ်။ သူတို့နဲ့ မတန်ဘူး '

'ကိုယ် ထပ်ရှာပေးမယ် အလုပ်တွေ ဒီထက်ပိုလုပ်ပြီး အားကျန့်ကို ပိုက်ဆံ အများကြီး ထပ်ရှာပေးမယ်'

ရိပေါ်ရဲ့ နှာခေါင်းလုံးလုံးက ရှောင်းကျန့်ရဲ့ ပါးစပ်ထဲ ရောက်သွားတယ် ။ ရှောင်းကျန့်ရဲ့  အချက်အပြုတ်တွေကြောင့် ဖောင်းအစ်နေတဲ့ ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးတွေလည်း ယုန်အစားခံလိုက်ရတယ် ။

'ငါက ပိုက်ဆံထက် မင်းကို ပိုမက်တယ် ဆိုတာတော့ သိတယ်မလား ရိပေါ် ။ မပြောမဆိုနဲ့ ထွက်မသွားစမ်းနဲ့ ။ မနေ့ညက ငါတစ်ယောက်တည်း ဘယ်လိုတောင် နေနေရလဲ မင်း မသိဖူးမလား ။ ပါပါးကို ပေါင်ပေါင်က ဘယ်လောက်တောင်လွမ်း …ဟီဟီ …အားးး လျှာယားလိုက်တာ ဟီဟီ '

ရှောင်းကျန့်ရဲ့ မချိုမချဉ်ရုပ်နဲ့ version အမျိုးမျိုးနဲ့ ရယ်သံက ရိပေါ့်ကို အူတွေရော အသည်းတွေရော ယားကျိကျိနဲ့ ဖြစ်စေတယ် ။

'အား မရတော့ဘူး ။ တော်တော်ကို အေးလာပြီ။  ချွေးထုတ်မှ ရတော့မယ် '

စောင်ထဲကနေ လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ ရိပေါ်ကို ရှောင်းကျန့်က တဟီဟီနဲ့ ရယ်ပြီး နှုတ်ခမ်းတွေကို ဖိကပ်နမ်းလာတယ် ။ နယ်မြေကျွမ်းကျင်ပြီးသား ဝမ်လောင်ရှီးရဲ့ လက်တွေက ယုန်ဥလေးဆီကို ဆင်းသက်တယ် ။ အရှိန်ရလာတော့ ရှောင်းကျန့်ရဲ့ ခြေထောက်တွေကို မြှောက်ပြီး ယုန်တွင်းဆီမှာ ဝမ်တိတိကို သွင်းတယ် ။ ပြီးတော့ ရှောင်းကျန့်ရဲ့ လင်ယောက်ျားဆိုတဲ့ တာဝန်ကို ပုခုံးထမ်း ဆောင်ရွက်တယ် ။

အအိအုအု ဆိုတဲ့ သံစဉ်တွေနဲ့ ဖွင့်လှစ်တာ ကြာပြီ ဖြစ်တဲ့ yizhan ချွေးထုတ်ခန်းလေးက မြိုင်မြိုင်ဆိုင်ဆိုင် အသက်ဝင် လှုပ်ရှားလာတယ်။

ရှောင်းကျန့်အတွက် ရိပေါ်က အမြဲရှိနေမယ့် ခိုလှုံရာလေး ။
ရိပေါ့်အတွက်လည်း ရှောင်းကျန့်က ထပ်တူပဲ ။

ခပ်ကြီးကြီး လက်ဖဝါးတစ်စုံက သေးသေးသွယ်သွယ် လက်ကလေးကို ဆုပ်ကိုင်လို့ ရှေ့ဆက်ကြမယ် ။

အခက်အခဲတွေ ရှိလည်း ခဏပဲ ။ အရာအားလုံးက ဒီနှစ်ယောက်ကြား အေးချမ်းတယ် ။

ခုတင်အောက်မှာ အိပ်နေတဲ့ Gongzi က နှင်းမုန်တိုင်းကြောင့် အေးစက်နေတဲ့ ရာသီဥတုကြား ချွေးတစ်လုံးလုံးနဲ့ လှုပ်ရှားနေကြတဲ့ ခုတင်ပေါ်က အဖေ နှစ်ယောက်ကို တစ်ချက် ခေါင်းထောင်ကြည့်တယ်။ ရိုးအီနေအောင် မြင်ဖူးပြီးသား မြင်ကွင်းကြောင့် သိပ်မထူးဆန်းသလို အီး တစ်ချက်ပေါက်ပြီး ပြန်အိပ်တယ် ။

ရက်စွဲတိုင်း နေ့ရက်တိုင်းဟာ ချစ်ခြင်းမေတ္တာတရားကြောင့် သာယာတယ် ။      ။

******************************

Happy Birthday To Me !

#bjyxszd








Weiterlesen

Das wird dir gefallen

105K 9.1K 31
အခ်စ္​က'အ​ေနွာင္​အဖြဲ႕' လို႔ကြၽန္​​ေတာ္​ ​ေျပာတဲ့အခါ ​ေမာင္​ကခပ္​တိုးတိုး​ေလးရီတယ္​... ​ခ်စ္​ျခင္​းတရားမွာဘာခ်ည္​​ေနွာင္​မႈ႕မွ မလိုအပ္​​ေၾကာင္​း​​ေမာ...
428K 61.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
47.9K 8.6K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
67.1K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]