(24)

19.4K 2.2K 206
                                    

'ရိ…ရိပေါ် လူတွေမြင်လောက်လား'

'ဟိုးဖက်တိုက်ခန်းတွေကနေ မှန်ပြောင်းနဲ့ သေချာကြည့်ရင်တော့ မြင်ရလောက်တယ် '

'ဘာ'

'ထားလိုက်ပါတော့ ရှောင်းကျန့်ရာ ကိုယ် စိတ်လည်းမပါတော့ဘူး '

'ဟင် ဘယ်ဖြစ်မလဲ'

ပြောပြောဆိုဆို ရှောင်းကျန့်က ဂျူနီယာ ပေါ်ပေါ်ကို လက်နဲ့ နှုတ်ဆက်ကြည့်တော့ ဂျူနီယာ ပေါ်ပေါ်က သံချောင်းတစ်ချောင်းလို မာနေတုန်း ဘာလုပ်ရမှန်းမသိ လက်ထဲမှာ ဆုပ်နယ်နေတော့ ကြီးထွားလာတဲ့ ဂျူနီယာပေါ်ပေါ်က  အားဆေးကျွေးလိုက်သလို ထွားထွားကျိုင်းကျိုင်း

အဆက်မပြတ် စုန်ချည်ဆန်ချည် အလုပ်ပေးလိုက်တော့ အသက်ရှူသံတွေ မြန်လာတဲ့ ရိပေါ်က ရှောင်းကျန့် ပတ်ထားတဲ့ စားပွဲခင်းဖြူဖြူကိုပါ ရန်ရှာလာချင်ဟန်

'ခဏလေး ခဏ ငါချွတ်ပေးမယ် ဒါ ထပ်ပြဲရင် ငါ ဝတ်စရာ မရှိတော့ဘူး'

ကပျာကယာပင် ရှောင်းကျန့် ကိုယ့်အဝတ်တွေ အကုန် ချွတ်ပေးလိုက်ရတယ် ရိပေါ်ကတော့ ကျင်းတူးပြီးသား ယုန်တွင်းပေါက်ထဲ သူ့ဂျူနီယာကို ခပ်မြန်မြန်သွင်းချတယ် တစ်ဆုံး ဝင်သွားပြီးမှပဲ အရေးကြီး တာဝန်တစ်ရပ် အထမြောက်သွားသလို နှစ်ယောက်သား သက်ပြင်းရှည်ကို ပြိုင်တူချလို့

'အောင်ပြီ အောင်ပြီ အရေးတော်ပုံ အောင်ပြီ' လို့သာ ရိပေါ် ဟစ်အော်ချင်တော့တယ် သူများချစ်သူ အတွဲတွေတော့ ဘယ်နည်းဘယ်ပုံ ချစ်စခန်း ထကြတယ် မသိပေမယ့် ရိပေါ်တို့ရဲ့ ချစ်စခန်း တစ်ခါဖွင့်ဖို့အရေးက တော်တော်ပင်ပန်းတယ် လူက hard နေတဲ့ အချိန် အိုလံပစ်မှာ မာရသွန်ပွဲ နွှဲနေသလို ဟိုပြေးဒီပြေးနဲ့ တကယ်ပင်ပန်းလိုက်တာ

အငတ်တိုင်းပြည်က လူတစ်ယောက် အစားကောင်းတွေ တွေ့ပြီး အငမ်းမရ စားနေသလိုပဲ ရိပေါ် တစ်ယောက် အမိုးဖွင့် ခေါင်မိုးထပ် ချစ်တလင်းမှာ တအားတွေ ကြိုးပမ်းနေတာ ဒီလောက် လေတဟူးဟူး တိုက်နေတဲ့ကြားထဲတောင်  လူက ချွေးတစ်လုံးလုံးနဲ့

ရိပေါ် မောလို့ နည်းနည်းလောက် အရှိန်လျော့သွားမယ် ကြံကာရှိသေး အောက်က ရှောင်းကျန့်က ရိပေါ် နာမည်ကို အသံ version မျိုးစုံနဲ့ ခေါ်ရင်း အဆုံးစွန်ထိ အရှိန်တင်တယ် ပထမတစ်ခေါက် ရထားပေါ်မှာတုန်းက လူတွေနဲ့ သိပ်အသံမထွက်တဲ့ ရှောင်းကျန့်က ခုများတော့ အော်ကြီးဟစ်ကျယ်နဲ့ မိုးမမြင် လေမမြင်ကို ဖြစ်လို့

Call me Daddy (completed)Waar verhalen tot leven komen. Ontdek het nu