(3)

32.2K 2.9K 352
                                    

'ခင် ခင်ဗျားက ဝမ်…ဝမ်…'
လူဆိုးအုပ်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူသူက တံတွေးတွေ တဂွပ်ဂွပ် မြိုချရင်း ရှေ့ထွက်လာတယ်
ပြီးတော့ စကားတွေက ထစ်ထစ်ငေါ့ငေါ့နဲ့

'ငါ့နာမည် ဝမ်ရိပေါ်! ရိဖေးရဲ့ ခင်ပွန်း ရှောင်းကျန့်က တရားဥပဒေအရ ငါ့သား ဒီခြံနဲ့အိမ်က…………'

ဝမ်ရိပေါ် ဘာတွေဆက်ပြောနေလဲ ရှောင်းကျန့် မသိ ရှောင်းကျန့်သိတာက ရိဖေး ဆိုတာ ရှောင်းကျန့်ရဲ့ မှားစရာအကြောင်းမရှိတဲ့ တစ်ဦးတည်းသော မိခင် ဒါဆို ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ …………

လက်ရှိအဖြစ်တွေကို အိပ်မက်လို့ သဘောထား မျက်စိမှိတ်တော့ အတွေးထဲ ရထားတွဲခုံပေါ်မှာ နှစ်ယောက်သားထပ်လျက်သား ပုံရိပ်ကြီးက ထုတ်မရ လက်မခံနိုင်စွာ ခေါင်းခါတော့ ရထားပေါ်က နှစ်ယောက်တွဲခုံကြီးပါ ယိမ်းခါနေလေရဲ့ တတွတ်တွတ်ပြောနေတဲ့ ဝမ်ရိပေါ်ရဲ့ စကားတွေမှာလည်း ရှောင်းကျန့်ကြားတာ တစ်ခုတည်း

'ရှောင်းကျန့်က ငါ့သား '
'ရှောင်းကျန့်က ငါ့သား'
'ရှောင်းကျန့်က ငါ့သား'

…………………………

ဘောင်းဘီအရှည်ပွပွကြီး မနိုင့်တနိုင့်ဝတ်ပြီး ဆံပင်လုံးလုံး ပါးဖောင်းဖောင်းနဲ့ ၆နှစ် ၇ နှစ် အရွယ် ကလေးငယ်က ချစ်စဖွယ်အတိ ဖခင်ဖြစ်သူ ကန်လိုက်တဲ့ ဘောလုံးကို ဖမ်းမိလျှင်ဖြင့် တခစ်ခစ်ရယ်ကာ ပေါ်လာတတ်သော ယုန်သွားလေးနှစ်ချောင်းက
ပြေးဖက်နမ်းချင်စရာ အမေလုပ်သူက သစ်ပင်တစ်ပင်အောက်မှာ ပန်းပွင့်တွေနဲ့ အလုပ်ရှုပ်နေရင်း ခင်ပွန်းလုပ်သူနဲ့ သားမျက်ရှုကို တစ်ချက်တစ်ချက် ပြုံးရင်း ကြည့်နေသေး

ရှောင်းကျန့် ရှေ့က မြင်ကွင်းလေးက သဘောကျစရာ ကောင်းလွန်းလို့ ရယ်မိတယ် ဒါပေမဲ့ အသံက ခုလူကြီးသံမဟုတ်ဘဲ ကလေးလေး တစ်ယောက်ရယ်သံ နဲ့ အလန့်တကြား ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတော့ လက်လေးတွေ ခြေလေးတွေရယ်က သေးသေးပိစိရယ် ခြေထောက်နားမှာက ဘောလုံးတစ်လုံးရယ်

'သားသားကျန့် ကန်လိုက် ဒီတစ်ခါ ပါး ဖမ်းမယ် '

'ပါး !'

Call me Daddy (completed)Where stories live. Discover now