(16)

21.2K 2.5K 62
                                    

'မင်းစာသင်တဲ့ နေရာက  ကားပေါ်ကို ရွှေ့သွားတာလား စာသင်ပေးရတဲ့လူကလည်း ကလေးတစ်ယောက်မဟုတ်တော့ဘဲ အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက် ဖြစ်သွားတာလား'လို့ မေးလိုက်ချင်ပေမယ့် မမေးရသေးခင်မှာပဲ တစ်ဖက်က ဖုန်းချသွားတယ် ကမန်းကတန်း ဖုန်းချသွားပုံ အရဆိုရင် ကားထဲမှာ နှစ်ယောက်တည်း လုပ်စရာ ကိစ္စတွေ အတော်များပုံပဲ

ကိုယ့်အတွေးနဲ့ ကိုယ် တစ်ယောက်တည်း မှောင်မည်းပြီး တွေးနေတုန်း အခန်းထဲက ထွက်လိုက်လာပုံရတဲ့ ဝမ်ယွဲ့က တိုက်ခန်းလှေကား အကွယ် နံရံကြီး ဖက်ပြီး ငိုမဲ့မဲ့ ဖြစ်နေတဲ့ ရှောင်းကျန့်ကို အံ့သြသလို ကြည့်တယ်

'ဘာဖြစ်တာလဲ'တဲ့

ရှောင်းကျန့် ဘာမှ မပြောဘဲ နဲ့ ဝမ်ယွဲ့ကို ခေါ်ပြီး တိုက်ခန်းဆီ ပြန်တက်ခဲ့တယ် ပြီးတော့ ဝမ်ရိပေါ်ရဲ့ အလိမ်အညာ စကားတွေကို နားထောင်နိုင်ဖို့ ဆန်ပြုတ်တစ်ပန်းကန်ရော ဆေးတွေရော သောက်ပစ်လိုက်တယ်

ပိုက်ဆံကြောင့် ဝမ်ရိပေါ် ဒီအလုပ်ကို လုပ်တယ်လို့ ဘယ်လိုပဲ ပြောပြော ရှောင်းကျန့်  လိမ်ညာခံရတာတော့ သဘောမကျတာ အမှန်ပဲ နောက်ပြီး ဝမ်ရိပေါ်ရဲ့ ဘေးမှာ အခြားယောက်ျားတစ်ယောက်နဲ့ အတူ ဖက်လှဲတကင်း တွေ့ရတာမျိုးက ရှောင်းကျန့်အတွက် လုံးဝ အဆင်ပြေမနေဘူး

ဒါက မားရဲ့ ယောက်ျားဖြစ်နေလို့ ပထွေး တစ်ယောက် ဖြစ်နေလို့ ဆိုတဲ့ ဆင်ခြေပေးချင်ပေမယ့်  ရှောင်းကျန့် ကိုယ်တိုင်လည်း ပူလောင်နေတဲ့ သူ့စိတ်ကို သူ သိပ်နားမလည်နိုင်တော့ဘူး

အင်းဒါကို သဝန်တိုတယ် လို့ ခေါ်မလားမသိပေမယ့် အူနုကျွဲခတ် ခံစားချက်မျိုးကို ခံနိုင်ရည် ရှိဖို့ ဝမ်ရိပေါ်ရဲ့ လိမ်ညာစကားသံတွေကို နားထောင်ပေးဖို့ ရှောင်းကျန့် အားမွေးမှ ဖြစ်မယ်

့…………………………

ရှောင်းကျန့်ရဲ့ ချစ်လှစွာသော ပါးပါးဝမ်က ညနေစောင်းတော့မှ ပေါ်လာတော့တယ် ရှောင်းကျန့် နေမကောင်းလို့ လာစောင့်ပေးနေတဲ့ ဝမ်ယွဲ့တောင်မှ သူ့ အခန်းဆီ ပြန်ဆင်းသွားပြီ

'အားကျန့် အိပ်နေတာလား ဒီမှာ အားကျန့် အတွက် ပါးပါး ဟော့ပေါ့ အစပ်ထုပ် ဝယ်လာတယ် နောက်နေ့ရုံးတက်ဖို့ အတွက်လည်း အားကျန့် နေမကောင်းရင် နားနေလိုက် စားဖို့ သောက်ဖို့ အတွက် မုန့်တွေရော ရယ်ဒီမိတ် ဟင်းတွေရော ဝယ်လာတယ်'

Call me Daddy (completed)Where stories live. Discover now