(32)

18.2K 2.1K 86
                                    

ခေါင်းမြီးခြုံထားတဲ့ ပုံရိပ်လေး ငြိမ်သွားတဲ့ အထိ ရိပေါ် ကြည့်နေမိတယ် ရှောင်းကျန့် ကြည့်ရတာ အကုန် ပြန်မှတ်မိသွားပြီနဲ့ တူပါတယ် ဒါပေမယ့် ဖွင့်ထုတ်မေးဖို့တော့ ရိပေါ့်မှာ သတ္တိမရှိ အကယ်၍များ ဟုတ်တယ်လို့သာ ရှောင်းကျန့် ဖြေခဲ့ရင် ရိပေါ် ဘယ်လိုလုပ်ရပါ့ တွယ်ကပ်တယ်လို့ပဲ ပြောပြော တစ်စက္ကန့်လောက်ပဲ ပိုပြီးတော့ ဖြစ်ဖြစ် ရှောင်းကျန့်နားမှာ ရိပေါ် ရှိနေချင်ပါတယ်

……………………
ဆေးရုံစောင့်ရင်းနဲ့ အိပ်ရေးပျက်ရတာ များလာတော့ ဆိုဖာပေါ်မှာပဲ ရိပေါ် အိပ်ပျော်သွားမိတယ် ပြန်နိုးလာတော့ ခုတင်ပေါ်မှာ ရှောင်းကျန့်က မရှိတော့ ခုတင်ဘေးနား နံရံပေါ်မှာတော့ ရှောင်းကျန့်နဲ့ ရိပေါ်ရဲ့ နှစ်ဦးသား ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေနေရာမှာ ရှောင်းကျန့် ငယ်စဉ် မိဘ နှစ်ပါးနဲ့ ရိုက်ခဲ့တဲ့ ပုံလေးတွေက အစားထိုး ဝင်ရောက် ကပ်ထားပြီးသွားပြီ

ရှောင်းကျန့် မှတ်မိလား မမှတ်မိလား မသိရပေမယ့် ရှောင်းကျန့် ဘွဲ့ယူတုန်းက ဓာတ်ပုံ တော်တော်များများက ရိပေါ် ရိုက်ပေးခဲ့တာ ဘွဲ့ဝတ်စုံနဲ့ အမေဖြစ်သူကို လက်ဆွဲ တစ်ဖက်က အဖေ့ဓာတ်ပုံလေး ကိုင်ပြီး ပျော်နေတဲ့ပုံလေး အဲ့ပုံလေးရိုက်ပေးတုန်းက ရှောင်းကျန့်က ပျော်ပြီး ခုန်ဆွ ခုန်ဆွ လုပ်နေလို့ မျက်မှန်က မှန်တစ်ဖက် ပြုတ်ကျသွားသေးတယ်

နောက် အလုပ်ဝင်တုန်းက ပုံလေး ပထမဆုံး လစာ ရတုန်းက ပုံ အိုး တော်တော်များများပါပဲ ရှောင်းကျန့် အဖေရှိစဉ်ကလွဲလို့ ကျန်တဲ့ အမှတ်တရ နေ့စွဲတွေက ပုံတွေက ရိပေါ် ရိုက်ပေးခဲ့တာချည်းပဲ ပုံစံအမျိုးမျိုး ရုပ်အမျိုးမျိးဖျက်ပြီး ရှောင်းကျန့် ဘေးနားမှာ ရိပေါ် ရှိနေခဲ့တယ်

အဲ့ အချိန်အစကို ပြန်တွေးလိုက်ရင် မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာအပြည့် မရဖူးတဲ့ ရိပေါ်က ပါးနဲ့ ရန်ဖြစ်ရင် အမေ သွားလည်နေကျ အိမ်က အစ်ကို တစ်ယောက်ကို ခင်ခဲ့တယ် ငွေတိုးချေးစားတဲ့ ဝမ်ကျန်းယုံရဲ့သား ကျွတ်ဆတ်ဆတ် မာကြောကြောနဲ့ ကလေးတစ်ယောက်က ကျောင်းတက်တဲ့ အချိန် သူငယ်ချင်း တစ်ယောက် မရခဲ့ဖူးဘူး

Call me Daddy (completed)Where stories live. Discover now