(5)

29.8K 3K 305
                                    

ရှောင်းကျန့် ဘယ်လိုနည်းနဲ့ ကလပ်အပြင်ဘက် ကားပါကင် ရှိရာ ရောက်လာလဲမသိတော့ ရှက်တာ တစ်ခုပဲ ခေါင်းထဲရှိတယ် မရှက်ခံနိုင်ရိုးလား လူတွေ အများကြီးထဲ မသိတဲ့လူကို ပါးပါးတဲ့ အမလေးလေး! တွေးရင်းနဲ့ ရှက်လိုက်တာ ရှက်လွန်းလို့ အငွေ့တောင် ပျံချင်လာတယ်

ဒါနဲ့ ဟို ဝမ်ရိပေါ်က ရှောင်းကျန့် ကို ဘာလုပ်လိုက်တာ ဟုတ်တယ် နမ်းလိုက်တာ ရှောင်းကျန့် အနမ်းခံလိုက်ရတာ ရိုးရိုးနမ်းတာတောင်မဟုတ် လျှာတွေပါ ဝင်လာပြီး နမ်းသွားတာ ဘာလဲ ရှောင်းကျန့် နဲ့ သူနဲ့က အား!...ဘာတွေလဲ ဟို porn ကားတွေထဲကလို... မားမားရေ!!! မားမား ယောက်ျားက ဘယ်လိုလူကြီးလဲ ကျား မ မရွေးတဲ့ နှစ်ဖက်ချွန်ကြီးလား

ပိုးစိုးပက်စက်တွေးပြီးတော့မှ ကျူယဉ်ပြောတဲ့ စကားတွေ ကြားယောင်မိတော့တယ် ရှောင်းကျန့်တို့ရဲ့ အကြွေးတွေ ဆပ်ဖို့ ဝမ်ရိပေါ်က ဒီကလပ်မှာတောင် အလုပ်လာလုပ်ရတာလား ဘာလို့ အဲ့လောက်ထိ ဝမ်ရိပေါ်က လိုက်လုပ်ပေးနေတာပါလိမ့်

ဝမ်ရိပေါ် ထွက်လာတာ တွေ့တော့ ရှောင်းကျန့် နံရံမှီပြီး မူးချင်ယောင်ဆောင်လိုက်တယ်
် မူးပါဟ!! စောင်အရက်က တန်ခိုးပြတော့လေ! တစ်ဖန်ခွက်လုံး အပြည့် မော့သောက်ချလာတာ ဘာဖြစ်လို့ တစ်စက်လေးတောင် မမူးတာတုန်း!

"ကဲ ပြောစမ်းပါအုံး တွေ့ကရာလူ ပါးပါး ခေါ်နေရတဲ့အကြောင်းလေး ဘယ်လိုဘယ်ပုံ ဒီကလပ်ကို အုပ်စုလိုက်ကြီး ရောက်နေရတာလဲ ဆိုတာရယ်"

"ဟင်...သိဘူး သိဘူး ဘာမှမသိဘူး မူးလို့ အားးးး အရက်တွေ သောက်ရမ်းမူးနေပြီ"

"အယ် ရှောင်းကျန့်တကယ်ကြီး အရက်မူးနေတာပဲ အမူးပြေအောင် ထပ်နမ်းပေးလိုက်ရင် အသိစိတ် ဝင်မယ်ထင်တယ်"

"သောက်နှာဘူးကောင်"

shit သေစမ်းဟ!!! ပါးစပ်က ထွက်သွားပြီ!

"မမူးဘူးမဟုတ်လား ကဲ ပြော အဲတာဆို ငါ မေးနေတာကို ဖြေ ဒီလို နေရာမျိုးကို ဘာကြောင့်လာတာလဲ ဆိုတာ
မင်း နည်းနည်းလေးတောင် အကြောက်အလန့် မရှိဘူးလား ...ဟင် !...ဒီမှာက အကုန်သူ မူးနေကြတာ မင့်လို နမော့်နမဲ့ ရှပ်ပြာပြာကောင်ကို တစ်ယောက်ယောက်က တစ်ခုခုများ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ
ခုနက ငါ့နေရာ မှာ အခြားတစ်ယောက်က လာနမ်းပြီး တစ်ခုခုများ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ ရှောင်းကျန့်ရဲ့!! ငါသေသွားလိမ့်မယ် ...ရှောင်းကျန့်ရဲ့!!... ငါရူးသွားလိမ့်မယ်………"

Call me Daddy (completed)Where stories live. Discover now