(4)

29.7K 3K 204
                                    

"ဘာလဲ ဘာကြောင့်သိချင်တာလဲ မင်းနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်သလို မင်းစကားက မင်းအမေကို စော်ကားနေသလိုပဲ ရှောင်းကျန့်'

"မင်း......."
"ကောင်းပြီလေ အဲ့တာဆို ငါတို့နဲ့ ဆိုင်တဲ့ ကိစ္စ ပြောရအောင် ငါ့ကို ရထားပေါ်မှာ တွေ့တုန်းက မားရဲ့ သားမှန်းသိခဲ့လား "

"အင်း"

"ဘာ မင်း သိရဲ့သားနဲ့တောင်......မရှောင်ခဲ့ဘူး"

"အင်း"

ရှောင်းကျန့် ဒေါသတွေ ထွက်လွန်းလို့ တစ်ကိုယ်လုံး  တဆတ်ဆတ်တုန်ယင်လာတယ် ဝမ်ရိပေါ်က တကယ့်ကို ကြောင်သူတော် တစ်ယောက်ပဲ ဘယ်လိုပဲ ရှောင်းကျန့် ဘက်ကစစ ရှောင်းကျန့် က အရမ်းလှတဲ့ မိန်းမတစ်ယောက်လည်း မဟုတ်ဘူး ယောကျာ်းစစ်စစ်ကြီး နောက်ပြီး သူယူထားတဲ့ အမျိုးသမီး ရဲ့မယားပါသား အဲ့လိုလူမျိုးနဲ့ ရထားလို နေရာမျိုးမှာတောင် မရှောင်ဘူးဆိုတော့ မားရဲ့ နောက်ကွယ် ဘယ်သူတွေနဲ့ ဘယ်လောက်များ ဖောက်ပြန်နေမလဲ

နှစ်ယောက်တွဲ ဓာတ်ပုံဆီက  ပြုံးရွှင်နေတဲ့ မား ရဲ့ ပုံလေးကို မြင်ယောင်မိတော့ ရှေ့က လူကြီးလူကောင်းယောင် ဆောင်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်  ဆွဲထိုးပစ်တယ် ပါးစပ်ကနေလည်း လူရှုပ် လူပွေ နှာဘူး မျိုးစုံအော်ပြီး တော့ကို ထိုးနေမိတာ ရှောင်းကျန့်  ခြေကုန်လက်ပန်းကျပြီး  မလှုပ်နိုင်တော့တဲ့အထိ

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ဘက်က ထိုးတာ ရပ်သွားတာနဲ့ သူ့မျက်နှာပြင် ပေါ်မှာ စီးကျနေတဲ့ သွေးတွေကို လက်နဲ့ခပ်ကြမ်းကြမ်းသုတ် နာနာကျင်ကျင်  ခြောက်ကပ်ကပ်  ရယ်တယ် နောက်ပြီး သူ့ အလုပ်လက်ဆွဲအိတ်ယူပြီး ထွက်သွားလေရဲ့  ရှောင်းကျန့်အပေါ်လည်း တော်တော် စိတ်ဆိုးသွားတာလားမသိ တောက်တစ်ချက် ခေါက်သွားသေးတယ် အစက ဒေါသတအား ထွက်နေခဲ့တဲ့ ရှောင်းကျန့်ကတော့ အဲ့နေရာမှာပဲ ချုံးပွဲချ ငိုပြီးကျန်ရစ်တယ်

...................................

ရှောင်းကျန့်ဘဝက မားအတွက် ပူဆွေးဝမ်းနည်းနေရုံနဲ့ မပြီးသေးဘဲ မား ရဲ့ ခြံနဲ့ အိမ် အကြွေးနောက် မပါသွားရေး ကာ ကွယ်ရမှာဖြစ်လို့ အလုပ်သွားဖို့ ပြင်ရတယ် ဝမ်ရိပေါ်ရဲ့ လက်အောက်မှာဖြစ်လို့ အနေရခက်ပေမဲ့လည်း ဒီ design ဆွဲတဲ့ အလုပ်လေးက လစာကောင်းလို့ လက်လွှတ်လို့ မဖြစ်

Call me Daddy (completed)Where stories live. Discover now