(6)

28.2K 2.8K 185
                                    

ဂျူနီယာ ဝမ်အကြောင်း ခက်ခက်ခဲခဲ တွေးတောပြီးတဲ့နောက် ရှောင်းကျန့် ပြန်အိပ်ပျော်သွားတယ် ခု မက်တဲ့ အိပ်မက်ထဲမှာတော့ ဝမ်ရိပေါ်က အိပ်ရာပေါ်မှာ ရူးပေါက်ချနေသတဲ့ ။

ရှောင်းကျန့် အတော်လေး ကြာအောင် အိပ်ပျော်သွားတဲ့နောက် ငလျင်လှုပ်သလို ခံစားချက်ကြောင့် လန့်ဖျန့်ပြီး နိုးလာတယ် မျက်လုံးသေချာဖွင့်ကြည့်တော့ ရှောင်းကျန့် အိပ်နေတဲ့ ခုတင်ကြီးက ယိမ်းခါလို့ အထပ်သား သစ်သားပြားတစ်ချပ် ခြားတဲ့ နံရံတစ်ဖက်ခြမ်းက ညည်းသံတွေရော မောဟိုက်သံလို အသက်ရှူသံ ပြင်းပြင်းတွေပါ ကြားလိုက်ရတော့ လူက ဆံပင်မွေးတွေတောင် ထောင်တက်သွားချင်သလိုပဲ

အားးးး ဘာဖြစ်တာလဲ မာမားရေ ကယ်ပါအုံးးးးး ကမ္ဘာပျက်တာလားးးးးးးးး အီးး ဟီးးး ဟီးးးး

အောက်ပိုင်းကို ပုဝါတစ်ထည်ပတ်ပြီး ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဆပ်ပြာမြှုပ်တွေနဲ့ ဝမ်ရိပေါ် တစ်ယောက် ရေချိုးခန်းနဲ့ တူတဲ့ နေရာက ပြေးထွက်လာပြီး  အသံပြဲနဲ့ အော်နေတဲ့ ရှောင်းကျန့် ပါးစပ်ကို လာပိတ်တယ်

"ရှူး ရှူး ရှူး တိုးတိုးနော် တိုးတိုး ဖြည်းဖြည်းထ ဒီဘက်ကိုလာ"
ရှောင်းကျန့် နား နားကပ်ပြီး ဖရူးဖရူးနဲ့ တိုးတိုးပြောသွားတော့ ရှောင်းကျန့်ရင်ထဲ ဘာကြောင့်မှန်းမသိ ဖိုးသိုးဖတ်သပ်ရယ်
…………………

"ဘာ!!! ဟိုဖက်ခန်းက ဟိုဟာလုပ်နေတာ "

"အင်း"

"မနက်အစောကြီးလေ"

"သူတို့ ကြိုက်တဲ့ အချိန်လုပ်မှာပေါ့ မနက် ညနေ ခွဲနေစရာလိုလို့လား"

"ဒါပေမဲ့ အဲ့လောက်ကြီးတောင် သောင်းကျန်းရလား"

"ဒါက သူတို့အကြောင်းလေ နောက်ပြီး အဲ့အခန်းက ဒီအဆောင်ပိုင်ရှင်ရဲ့သား ထိုင်ဝမ်က ကောင်လေးနေနေတာ boy love ကားတွေ ဘာတွေလည်း ရိုက်တယ်ဆိုလား မင်းသားလား ဘာလား သေချာတော့ မသိဘူး နောက်ပြီး ခုကိစ္စက အခန်းနံရံတွေ ပါးတာကြောင့်လည်း ပါမှာပေါ့ "

"မရှက်ကြဘူးလားမသိ"

ရှောင်းကျန့်ရဲ့ အဲ့စကားအဆုံးမှာ ဝမ်ရိပေါ်က ဘာတွေပြန်တွေးမိလည်းတော့ မသိဘူး ခပ်ဟဟရယ်လို့ ရှောင်းကျန့်ကိုလည်း မချိုမချဉ်နဲ့ ကြည့်လို့ နားရွက်တွေလည်း နီလို့

Call me Daddy (completed)Where stories live. Discover now