(18)

21.3K 2.3K 130
                                    

'ရှောင်ရှောင်းကျန့်'

'ရှောင်ရှောင်းကျန့်'

'ရှောင်းကျန့်'

'ရှောင်းကျန့်ရားးးး'

'လှည့်ကြည့်အုံး ဒီမှာ ငါ့ကိုကြည့်'

'အိုက်ယား အဲ့ ငှက်ကိုပစ်ဖို့ ချောင်းမနေနဲ့ '

'ကျန့်ကော ရှောင်းကျန့်ကောကော ဆော့မယ်လို့'

'ဆော့မယ် ပြေးတမ်း လိုက်တမ်း ဆော့မယ်လို့'

'နော် ကျန့်ကော တိတိ အိုက်နီယား'

'ခု တိတိ ပြေးမှာနော် နောက်က လိုက်ဖမ်း'

'မရဘူး ပြေးမှာ ပြေးမှာ'

ရှောင်းကျန့် ရှေ့မှာ တတွတ်တွတ် ပြောရင်း ဝေဝေဝါးဝါး အရာ တစ်ခုက ပြေးနေဆဲ ရှောင်းကျန့်ကတော့ သစ်ပင်ပေါ်က ငှက်သိုက်တွေကိုပဲ ဖြိုဖို့ စိတ်ကူးနေတာ ဖြစ်လို့ အောက်ကို မကြည့်ဘဲ အပင်ပေါ် တမော့မော့နဲ့

အဲ့တာကြောင့် တဖြည်းဖြည်းနဲ့ ရေကန်စပ် အနား ရောက်လာတာကို  သတိပြုမိပုံ မပေါ် သို့ပေမယ့် ကျင့်သားရနေပြီးသား ဖြစ်လို့ ရေကန်စပ်အနား ရောက် ခြေထောက်တွေက အော်တို ရပ်ပြီးသား မရပ်နိုင်တဲ့ ရှောင်းကျန့် ရှေ့က ဖြူလုံးလေးကတော့ ရေထဲကို ကျလုကျခင်ဖြစ်သွားလို့ရှောင်းကျန့် အလန့်တကြား လှမ်းဆွဲပြီး ထိန်းပေးလိုက်တယ်

'ကျန့်ကေားးးးးး '

ရှောင်းကျန့်ရဲ့ ခြေတစ်ဖက်က ရုတ်တရက် မြေကြီးထဲ နစ်ဝင်သွားသလိုမျိုး ပြန်လည်ရုန်းမရ ရုန်းလေ ပိုနစ်လေ ဖြင့် မြေမျိုတယ်ဆိုတာ ဒါမျိုးလား ကြောက်ကြောက် လန့်လန့်နဲ့ အနားမှာ ငိုပြီး ပတ်ပြေးနေတဲ့ အရာလေးကို ဆွဲချမိတော့ လက်ထဲ ပါလာတာက လူလည်းမဟုတ် အဖြူရောင် ခွေးပေါက်လေးတစ်ကောင် နေပါအုံး ခွေးလေးတွေက လူစကား ပြောတတ်တာလား

'ပါးရေ ပါးပါး ကယ်ပါအုံးးးး'

'အားကျန့် အားကျန့် အားကျန့် ဘယ်မှာလဲ '

အဝေးတစ်နေရာက ပါးပါးရဲ့ စိုးရိမ်တကြီး ပြန်ထူးတဲ့ အသံက ရှောင်းကျန့်နဲ့ လက်ထဲက ခွေးပေါက်လေးတို့ အတွက် အားတက်ဖွယ်

Call me Daddy (completed)Where stories live. Discover now