๐–ฑ๐—ˆ๐—†๐–บ๐—‡๐—๐—‚๐–ผ ๐–ณ๐—‚๐—†๐–พ ๐–ถ๏ฟฝ...

By hampeachie

400K 40.2K 1.3K

(Both Unicode and Zawgyi Version) This is RTWY 's season-2. You should read season-1 first. More

Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep28
Ep(29)Final

Ep-9

12.8K 1.4K 30
By hampeachie

Unicode

ကျောင်းကန်တင်း၌ ရှောင်းကျန့် တစ်ယောက် မျက်နှာချိုလေးသွေးလို့ သူငယ်ချင်း နှစ်ယောက်ကိုပေါ့။ ဟိုနေ့က ဝမ်ရိပေါ် နဲ့ပတ်သတ်လို့ သူထွက်သွားတာကို ကျိုးချန်တို့က မကျေနပ်သေးသည့်ပုံ

"အပြောင်းအလဲ အရမ်းမြန်လွန်းတယ်"

ယွီပင်းက ခေါင်း ခါကာ နှုတ်ခမ်းလေးရွဲ့လို့အရင်စ ပြောလာတယ်။ ​ရှောင်းကျန့် တစ်ယောက် ရှေ့ ယုန်သွားလေးတွေပေါ်တဲ့အထိ ရှက်ပြုံးရယ်ပြလိုက်ရင်း

"ငါ​က ချစ်တာကိုး သူ့ကိုတကယ်တန်းကျ မပစ်ရက်ဘူး "

ဘေးမှ ရှောင်းကျန့် ကို ကျိုးချန် စိတ်ထဲတကယ် ထုထောင်းလိုက်ချင်သည်။ ဒီကောင့်စကားကို ယုံခဲ့မိတဲ့သူကပဲ အမှားပေါ့!

"ကျိုးချန်"

"........."

"ကျိုးချန်လို့...."

တမင်မထူးချင်လို့ကို မထူးဘဲ ထမင်းသာထိုင်စားနေတာ။ ရှောင်းကျန့် ကိုစိတ်သာဆိုးနေပေမယ့် ရှောင်းကျန့် ကြိုက်တတ်တဲ့ အသားလုံးလေးတွေကို သူဖယ်ထားပေးသေးသည်။

"ငါ့ကိုအသားလုံး မထည့်ပေးရသေးဘူး"

"စားတော့!'

တူနဲ့ ညှပ်ယူလို့ ဒီလိုကျ ရှောင်းကျန့် ဟင်းခွက်လေးထဲလှမ်းထည့်ပေးလာတယ်။ အင်း ဆိုပြီး ခေါင်းလေးညိမ့်ပြတဲ့သူ့ ကို ကျိုးချန်က မကြည်ကြည့်နဲ့ မျက်စောင်းကြီး တဝင့်ဝင့်။

"ကျန့်ကျန့်  ဟိုမှာ ဝမ်ရိပေါ် နဲ့ထမင်းအတူစားနေတာ မိန်လော့ မှတ်လား"

"ဘာ!"

ယွီပင်း ပြတဲ့နေရာ ကြည့်လိုက်တော့ တကယ်ကြီး
မျက်နှာချင်းဆိုင် ထမင်းစားနေတာပါ ။တစ်ယောက်တည်း အမြဲစားနေကျ ဝမ်ရိပေါ်ဆီကိုသူမ ရောက်လာတာပဲ ဖြစ်ရမယ်။ ရှောင်းကျန့်
တူနှစ်ချောင်းကို လက်ထဲဆုပ်လို့ နှုတ်ခမ်းကလည်းအလိုမကျမှုကြောင့် ရှေ့ကထော်ထားသေးတယ်။

"သူက ဘာလို့ ရိပေါ်နား ရှိနေရတာလဲ"

"သွားမကြည့်နဲ့လေ"

ကျိုးချန်က စိတ်ပျက်သလို လေသံနဲ့ ပြောလာတော့ ရှောင်းကျန့် ဆီမှ သက်ပြင်းချသံကြီး ထွက်လာတော့သည် ။

"နောက်နေ့ကျ ငါအရင်နေရာဦးရမယ်"

စိတ်ဆုံးဖြတ်ချပြီးသည်နှင့် ထမင်းပလုတ်ပလောင်းသွင်းကာ စားနေပါတော့သည်။ ကျိုးချန်နဲ့ယွီပင်းတို့က ရှောင်းကျန့် အကြောင်းသိနေပြီးသားမို့ ဘာမှကို ထပ်မပြောကြတော့ပေ

.......................

နောက်နေ့ကိုယ်စီထမင်းဗန်းလေးယူပြီးသည်နှင့် ရှောင်းကျန့် ဝမ်ရိပေါ် ရှိရာ သုတ်သုတ်လေးရောက်လာတယ်။ဒါပေမယ့် ရိပေါ် ဘေးမှာ မိန်လော့ အရင်ရောက်နှင့်နေပြီ။

သူ ခြေလှမ်းတွေရပ်သွားတယ်၊ ဆက်ပြီးတော့လည်း မသွားချင် ။ ဝမ်ရိပေါ် နဲ့ပတ်သတ်လို့ အမြဲခံစားနေရတဲ့ ကိုယ့်ကိုယ်ကိုလည်း အလိုမကျတော့။

"သနားပါတယ်ဟယ်"

"သူက မိန်းကလေးတွေနဲ့ ယှဥ်ပြီး ဝမ်ရိပေါ်ကိုလုချင်သေးတာ"

သူရပ်နေတဲ့ ဘေးဝိုင်းမှ လှောင်ပြောင်သံတွေကြောင့် ကြည့်လိုက်တော့ မိန်လော့ အဖွဲ့ကလူတွေ။ အတန်းထဲမှာ သူ့ကို မနှစ်သက်တဲ့ တစ်ဝက်ပေါ့ 

ရှောင်းကျန့် လည်းစကားမပြောချင်သောကြောင့်
ထိုနေရာမှသာ လှည့်ပြန်ဖို့ လုပ်လိုက်သည် ။ လှည့်လျှောက်တဲ့အချိန် မိမိခြေထောက်ကို ခြေထိုးခံလိုက်ရသောကြောင့် လူက ရှေ့ကိုလဲကျသွားတာ။

ထမင်းတွေလည်းအကုန်မှောက်လို့....ကန်တင်းတစ်ခုလုံး အသံများတိတ်ကုန်ကာ သူ့ကိုဝိုင်းကြည့်လာကြသည်။ ရှောင်းကျန့်နေရာမှာ လက်သီးဆုပ်လေးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလို့။

အသံများက ဝမ်ရိပေါ် လည်းလှမ်းကြည့်သည်။
လဲကျနေတဲ့သူက တခြားမဟုတ်ဘဲ ရှောင်းကျန့် ဖြစ်နေသောကြောင့် ထိုင်ရာမှ ဝုန်းခနဲ ထလာတယ်

"ရှောင်းကျန့်!!"

ထူပေးဖို့ လက်ရွယ်လိုက်ချိန်မှာပဲ ကျိုးချန်က အရင် ဝင်ထူသွားသည်။ အကျီအပေါ်ကိုချွတ်လို့
ရှောင်းကျန့်ကိုယ်ထက် လွှမ်းခြုံပေးလို့ ကန်တင်းထဲမှ ထွက်သွားလေ၏။ ခေါင်းလေးငိုက်ကျကာ ပါသွားတဲ့ ရှောင်းကျန့်ကို ထိုတိုင်းသာ မတ်တပ်ရပ်ကြည့်နေခဲ့ရသည်။

ထို့နောက် ထိုမိန်းကလေးဝိုင်းဘက်သို့ သူလှည့်ကြည့်လာရင်း

"ရှောင်းကျန့်ကို ထပ်မထိနဲ့!"

အခန်းထဲက ဝမ်ရိပေါ် ကိုသူမတို့ အခုလိုမျိုး ပထမဆုံး မြင်ဖူးတာပဲ။ အေးစက်အောင်ကြောက်ဖို့ကောင်းတဲ့ ရုပ်သွင်နဲ့ စူးရှနေတဲ့ မျက်ဝန်းတစ်စုံက
သူမတို့ အားလုံးကို အသံတိတ်စေသည်

ဘေးမှ ခုံကိုပဲဒေါသတို့ပုံချကာ ဝုန်းခနဲအသံမြည်အောင် တွန်းထုတ်ပြီးနောက် ထိုနေရာမှ ထွက်သွားလိုက်သည်။မိန်လော့ကတော့ အဖြစ်အပျက်များကို တစ်ခုချင်းကြည့်နေလို့သာ ။ သူမ ဟန်ပါပါပြုံးလိုက်မိ၏

ကစားပွဲက ပိုစိတ်ဝင်စားဖို့ကောင်းတာပဲ ။

........................

ကျိုးချန်က ခေါ်လာလို့ ကျောင်းဝန်းအတွင်းကခုံလေးပေါ် ထိုင်ခိုင်းသည်။ ယွီပင်းကလည်း ဘေးကနေ wet tissue လေးဖြင့် ပေသွားတဲ့ အကျီနေရာတွေအား လိုက်လံ သုတ်ပေးနေလေရဲ့။

"ရှောင်းကျန့် ငိုချင်လို့လား စိတ်ထဲတင်းမထားနဲ့"

ကျိုးချန် က ရှေ့ကနေ ဒူးထောက်ထိုင်ချရင်း သူ့လက်နှစ်ဖက်ကို အုပ်ကိုင်ကာ ပြောလာသည် ။
မျက်ရည်တွေရစ်သိုင်းလာတဲ့ ရှောင်းကျန့်ဟာ
ကျိုးချန်အား တစ်ချက်မော့ကြည့်လာလို့ ပြီးနောက် ငိုချလာတော့တယ် ။

"ငါ အရမ်းပင်ပန်းနေပြီ လူတစ်ယောက်ကို ချစ်ရတာ အဲ့လောက်ပင်ပန်းလား"

တအင့်အင့်ရှိုက်ငိုလို့ ပလုံးပထွေးနဲ့ ရှောင်းကျန့်
ပြောလာတော့သည်။ ယွီပင်းက ဘေးကနေ စိတ်မကောင်းဖြစ်စွာ ကြည့်နေလျက် သူကိုယ်တိုင်လည်း ရှောင်းကျန့် ခံစားနေရတာကို နားလည်မိသည်

ကိုယ်လေးတသိမ်သိမ့်တုန်လို့ ကလေးတစ်ယောက်လို အော်ငိုနေတဲ့ ရှောင်းကျန့် ကို ကျိုးချန်
ဆက်မကြည့်ရက်တာကြောင့် အသာဆွဲယူ၍ ပွေ့ဖက် နှစ်သိမ့်ပေးလိုက်သည်

ငိုလိုက်ပါ ရှောင်းကျန့်....
ငါ့ပုခုံးပေါ်မင်းမျက်ရည်တွေကုန်တဲ့ထိ ငိုချလိုက်
ပြီးကျရင် သူ့ကြောင့်နဲ့ မင်းထပ်မငိုပါနဲ့တော့။

..................

အခန်းပြတင်းပေါက်ကနေ လှမ်းကြည့်လို့ မြင်နေရတဲ့ မြင်ကွင်း ၊ ရှောင်းကျန့် က တခြားသူရင်ခွင်ထဲငိုကြွေးနေတာ။ ဘာလို့များ ရှောင်းကျန့် အနားမှာသူ အမြဲရှိမနေရတာလဲ....?

အတွေးတွေနဲ့အတူ ပြန်မြင်ယောင်လာမိတဲ့
ပုံရိပ်တစ်ချို့

.
.
.
.

လွန်ခဲ့တဲ့ (၁) နှစ်ကျော်က

ကျောင်းပျော်ပွဲအခမ်းအနားနေ့ ၊ လူတွေကလည်း
အများကြီး ။ ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးက ထိုချိန်ထဲက လူအများချစ်ကြိုက်ခံခဲ့ရတဲ့သူပေါ့ ။
ဒါပေမယ့် သူကတော့ မည်သူမျှ စိတ်ဝင်စားခြင်းမရှိခဲ့သလို တစ်ယောက်တည်းကို နေတတ်တဲ့ကောင်လေး အပြုံးအရယ်မရှိ အမြဲ​အေးစက်နေတက်သည် ။ 

"ဝမ် ရိ ပေါ်!!"

ရုတ်တရပ် သူ့နာမည်ခေါ်သံကိုကြားလိုက်ရတယ်။
အရင်လို မိန်းကလေးတွေအသံမဟုတ်ဘဲ ယောကျာ်းလေး တစ်ယောက်ရဲ့အသံ ကြောင့်  အနောက်ကို လှည့်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ ကောင်လေးက ရှေ့သွားလေးတွေပေါ်လို့ ပါးချိုမ့်ရေးရေးလေးလည်း ထင်းနေသည်။ နှုတ်ခမ်းအောက်နားလေးက မှဲ့နက်လေးတစ်လုံး နဲ့ ဒီကြားထဲ ခေါင်းမှာ ယုန်နားရွက်ကြီးလည်းတပ်ထားသေးတယ်။

"ဝမ်ရိပေါ်! ငါ မင်းကိုချစ်တယ်! " 

စာရေးထားတဲ့ ဘုတ်ပြားကြီးကို ထောင်ပြလာလို့
ပြောလာတယ်။ ဝမ်ရိပေါ် တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားလို့။  သူ အခု ယောကျာ်းလေးတစ်ယောက်ဆီက ရည်းစားစကားအပြောခံလိုက်ရတာလား?

"ငါ့အချစ်ကို လက်ခံပေးပါ"

အနားသို့ရောက်လာပြီး ပန်းစည်းကြီး ရှေ့တိုးကာပြောလာတယ်။ ပတ်ဝန်းကျင် ကို ကြည့်လိုက်တော့ သူတို့ကို ဝိုင်းကြည့်နေတဲ့ လူတွေ ဒါပေမယ့် ရှေ့မှကောင်လေးကတော့ ပြုံးရယ်နေတာပဲ။

"ရိပေါ်"

ထိုကောင်လေးက နာမည်ထပ်ခေါ်လာတယ်၊ ဒီတစ်ခါတော့ ရင်းနှီးတဲ့ အခေါ်အဝေါ်လေးနဲ့ ။
ဝမ်ရိပေါ် အနေနဲ့ သူ့စိတ်ထဲက တွေးမိတာကတော့ လုံးဝလက်မခံနိုင်တာပဲ။ လက်သီးတို့ကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ သူ ထိုကောင်လေးကိုတည့်တည့်စိုက်ကြည့်ကာ ပြောလိုက်မိသည်က

"ငါ မင်းကို မချစ်နိုင်ဘူး"

သူ ကောင်လေးဘေးကနေ ဖြတ်လျှောက်ကာ ထွက်သွားပြီးနောက် သူ့နားထဲမှာ ပန်းစည်းကြီးပြုတ်ကျသွားဟန် အသံကြားလိုက်ရ၏ ။ ခေါင်းစောင်းကာ လှည့်ကြည့်ဖို့ ပြင်ခဲ့ပေမယ့်လည်း သူ မကြည့်ခဲ့ပါ။

ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ အတူ ဘယ်ဘက်ရင်ဘတ်ကပါ အခုန်မြန်နေတယ်။ ရုတ်တရပ်ကြီးမို့ ရှော့ခ်ဖြစ်သွားတာလည်းဖြစ်နိုင်သလို လူအများကြားမို့ လည်းဖြစ်နိုင်တယ်။ ရိပေါ် ထိုချိန်ကတွေးမိလိုက်တာက ရှောင်းကျန့်ကြောင့် မဟုတ်ဘူးဆိုတာကို။ အဲ့တာကပဲ သူ့ကို ပြန်လှည့်လို့မရတဲ့အမှားမျိုးဖြစ်စေခဲ့တယ်။

>>>

Zawgyi

ေက်ာင္းကန္တင္း၌ ေရွာင္းက်န့္ တစ္ေယာက္ မ်က္ႏွာခ်ိဳေလးေသြးလို႔ သူငယ္ခ်င္း ႏွစ္ေယာက္ကိုေပါ့။ ဟိုေန႕က ဝမ္ရိေပၚ နဲ႕ပတ္သတ္လို႔ သူထြက္သြားတာကို က်ိဳးခ်န္တို႔က မေက်နပ္ေသးသည့္ပုံ

"အေျပာင္းအလဲ အရမ္းျမန္လြန္းတယ္"

ယြီပင္းက ေခါင္း ခါကာ ႏႈတ္ခမ္းေလး႐ြဲ႕လို႔အရင္စ ေျပာလာတယ္။ ေရွာင္းက်န့္ တစ္ေယာက္ ေရွ႕ ယုန္သြားေလးေတြေပၚတဲ့အထိ ရွက္ၿပဳံးရယ္ျပလိုက္ရင္း

"ငါက ခ်စ္တာကိုး သူ႕ကိုတကယ္တန္းက် မပစ္ရက္ဘူး "

ေဘးမွ ေရွာင္းက်န့္ ကို က်ိဳးခ်န္ စိတ္ထဲတကယ္ ထုေထာင္းလိုက္ခ်င္သည္။ ဒီေကာင့္စကားကို ယုံခဲ့မိတဲ့သူကပဲ အမွားေပါ့!

"က်ိဳးခ်န္"

"........."

"က်ိဳးခ်န္လို႔...."

တမင္မထူးခ်င္လို႔ကို မထူးဘဲ ထမင္းသာထိုင္စားေနတာ။ ေရွာင္းက်န့္ ကိုစိတ္သာဆိုးေနေပမယ့္ ေရွာင္းက်န့္ ႀကိဳက္တတ္တဲ့ အသားလုံးေလးေတြကို သူဖယ္ထားေပးေသးသည္။

"ငါ့ကိုအသားလုံး မထည့္ေပးရေသးဘူး"

"စားေတာ့!'

တူနဲ႕ ညွပ္ယူလို႔ ဒီလိုက် ေရွာင္းက်န့္ ဟင္းခြက္ေလးထဲလွမ္းထည့္ေပးလာတယ္။ အင္း ဆိုၿပီး ေခါင္းေလးညိမ့္ျပတဲ့သူ႕ ကို က်ိဳးခ်န္က မၾကည္ၾကည့္နဲ႕ မ်က္ေစာင္းႀကီး တဝင့္ဝင့္။

"က်န့္က်န့္ ဟိုမွာ ဝမ္ရိေပၚ နဲ႕ထမင္းအတူစားေနတာ မိန္ေလာ့ မွတ္လား"

"ဘာ!"

ယြီပင္း ျပတဲ့ေနရာ ၾကည့္လိုက္ေတာ့ တကယ္ႀကီး
မ်က္ႏွာခ်င္းဆိုင္ ထမင္းစားေနတာပါ ။တစ္ေယာက္တည္း အၿမဲစားေနက် ဝမ္ရိေပၚဆီကိုသူမ ေရာက္လာတာပဲ ျဖစ္ရမယ္။ ေရွာင္းက်န့္
တူႏွစ္ေခ်ာင္းကို လက္ထဲဆုပ္လို႔ ႏႈတ္ခမ္းကလည္းအလိုမက်မႈေၾကာင့္ ေရွ႕ကေထာ္ထားေသးတယ္။

"သူက ဘာလို႔ ရိေပၚနား ရွိေနရတာလဲ"

"သြားမၾကည့္နဲ႕ေလ"

က်ိဳးခ်န္က စိတ္ပ်က္သလို ေလသံနဲ႕ ေျပာလာေတာ့ ေရွာင္းက်န့္ ဆီမွ သက္ျပင္းခ်သံႀကီး ထြက္လာေတာ့သည္ ။

"ေနာက္ေန႕က် ငါအရင္ေနရာဦးရမယ္"

စိတ္ဆုံးျဖတ္ခ်ၿပီးသည္ႏွင့္ ထမင္းပလုတ္ပေလာင္းသြင္းကာ စားေနပါေတာ့သည္။ က်ိဳးခ်န္နဲ႕ယြီပင္းတို႔က ေရွာင္းက်န့္ အေၾကာင္းသိေနၿပီးသားမို႔ ဘာမွကို ထပ္မေျပာၾကေတာ့ေပ

.......................

ေနာက္ေန႕ကိုယ္စီထမင္းဗန္းေလးယူၿပီးသည္ႏွင့္ ေရွာင္းက်န့္ ဝမ္ရိေပၚ ရွိရာ သုတ္သုတ္ေလးေရာက္လာတယ္။ဒါေပမယ့္ ရိေပၚ ေဘးမွာ မိန္ေလာ့ အရင္ေရာက္ႏွင့္ေနၿပီ။

သူ ေျခလွမ္းေတြရပ္သြားတယ္၊ ဆက္ၿပီးေတာ့လည္း မသြားခ်င္ ။ ဝမ္ရိေပၚ နဲ႕ပတ္သတ္လို႔ အၿမဲခံစားေနရတဲ့ ကိုယ့္ကိုယ္ကိုလည္း အလိုမက်ေတာ့။

"သနားပါတယ္ဟယ္"

"သူက မိန္းကေလးေတြနဲ႕ ယွဥ္ၿပီး ဝမ္ရိေပၚကိုလုခ်င္ေသးတာ"

သူရပ္ေနတဲ့ ေဘးဝိုင္းမွ ေလွာင္ေျပာင္သံေတြေၾကာင့္ ၾကည့္လိုက္ေတာ့ မိန္ေလာ့ အဖြဲ႕ကလူေတြ။ အတန္းထဲမွာ သူ႕ကို မႏွစ္သက္တဲ့ တစ္ဝက္ေပါ့

ေရွာင္းက်န့္ လည္းစကားမေျပာခ်င္ေသာေၾကာင့္
ထိုေနရာမွသာ လွည့္ျပန္ဖို႔ လုပ္လိုက္သည္ ။ လွည့္ေလွ်ာက္တဲ့အခ်ိန္ မိမိေျခေထာက္ကို ေျခထိုးခံလိုက္ရေသာေၾကာင့္ လူက ေရွ႕ကိုလဲက်သြားတာ။

ထမင္းေတြလည္းအကုန္ေမွာက္လို႔....ကန္တင္းတစ္ခုလုံး အသံမ်ားတိတ္ကုန္ကာ သူ႕ကိုဝိုင္းၾကည့္လာၾကသည္။ ေရွာင္းက်န့္ေနရာမွာ လက္သီးဆုပ္ေလးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားလို႔။

အသံမ်ားက ဝမ္ရိေပၚ လည္းလွမ္းၾကည့္သည္။
လဲက်ေနတဲ့သူက တျခားမဟုတ္ဘဲ ေရွာင္းက်န့္ ျဖစ္ေနေသာေၾကာင့္ ထိုင္ရာမွ ဝုန္းခနဲ ထလာတယ္

"ေရွာင္းက်န့္!!"

ထူေပးဖို႔ လက္႐ြယ္လိုက္ခ်ိန္မွာပဲ က်ိဳးခ်န္က အရင္ ဝင္ထူသြားသည္။ အက်ီအေပၚကိုခြၽတ္လို႔
ေရွာင္းက်န့္ကိုယ္ထက္ လႊမ္းၿခဳံေပးလို႔ ကန္တင္းထဲမွ ထြက္သြားေလ၏။ ေခါင္းေလးငိုက္က်ကာ ပါသြားတဲ့ ေရွာင္းက်န့္ကို ထိုတိုင္းသာ မတ္တပ္ရပ္ၾကည့္ေနခဲ့ရသည္။

ထို႔ေနာက္ ထိုမိန္းကေလးဝိုင္းဘက္သို႔ သူလွည့္ၾကည့္လာရင္း

"ေရွာင္းက်န့္ကို ထပ္မထိနဲ႕!"

အခန္းထဲက ဝမ္ရိေပၚ ကိုသူမတို႔ အခုလိုမ်ိဳး ပထမဆုံး ျမင္ဖူးတာပဲ။ ေအးစက္ေအာင္ေၾကာက္ဖို႔ေကာင္းတဲ့ ႐ုပ္သြင္နဲ႕ စူးရွေနတဲ့ မ်က္ဝန္းတစ္စုံက
သူမတို႔ အားလုံးကို အသံတိတ္ေစသည္

ေဘးမွ ခုံကိုပဲေဒါသတို႔ပုံခ်ကာ ဝုန္းခနဲအသံျမည္ေအာင္ တြန္းထုတ္ၿပီးေနာက္ ထိုေနရာမွ ထြက္သြားလိုက္သည္။မိန္ေလာ့ကေတာ့ အျဖစ္အပ်က္မ်ားကို တစ္ခုခ်င္းၾကည့္ေနလို႔သာ ။ သူမ ဟန္ပါပါၿပဳံးလိုက္မိ၏

ကစားပြဲက ပိုစိတ္ဝင္စားဖို႔ေကာင္းတာပဲ ။

........................

က်ိဳးခ်န္က ေခၚလာလို႔ ေက်ာင္းဝန္းအတြင္းကခုံေလးေပၚ ထိုင္ခိုင္းသည္။ ယြီပင္းကလည္း ေဘးကေန wet tissue ေလးျဖင့္ ေပသြားတဲ့ အက်ီေနရာေတြအား လိုက္လံ သုတ္ေပးေနေလရဲ႕။

"ေရွာင္းက်န့္ ငိုခ်င္လို႔လား စိတ္ထဲတင္းမထားနဲ႕"

က်ိဳးခ်န္ က ေရွ႕ကေန ဒူးေထာက္ထိုင္ခ်ရင္း သူ႕လက္ႏွစ္ဖက္ကို အုပ္ကိုင္ကာ ေျပာလာသည္ ။
မ်က္ရည္ေတြရစ္သိုင္းလာတဲ့ ေရွာင္းက်န့္ဟာ
က်ိဳးခ်န္အား တစ္ခ်က္ေမာ့ၾကည့္လာလို႔ ၿပီးေနာက္ ငိုခ်လာေတာ့တယ္ ။

"ငါ အရမ္းပင္ပန္းေနၿပီ လူတစ္ေယာက္ကို ခ်စ္ရတာ အဲ့ေလာက္ပင္ပန္းလား"

တအင့္အင့္ရွိုက္ငိုလို႔ ပလုံးပေထြးနဲ႕ ေရွာင္းက်န့္
ေျပာလာေတာ့သည္။ ယြီပင္းက ေဘးကေန စိတ္မေကာင္းျဖစ္စြာ ၾကည့္ေနလ်က္ သူကိုယ္တိုင္လည္း ေရွာင္းက်န့္ ခံစားေနရတာကို နားလည္မိသည္

ကိုယ္ေလးတသိမ္သိမ့္တုန္လို႔ ကေလးတစ္ေယာက္လို ေအာ္ငိုေနတဲ့ ေရွာင္းက်န့္ ကို က်ိဳးခ်န္
ဆက္မၾကည့္ရက္တာေၾကာင့္ အသာဆြဲယူ၍ ေပြ႕ဖက္ ႏွစ္သိမ့္ေပးလိုက္သည္

ငိုလိုက္ပါ ေရွာင္းက်န့္....
ငါ့ပုခုံးေပၚမင္းမ်က္ရည္ေတြကုန္တဲ့ထိ ငိုခ်လိဳက္
ၿပီးက်ရင္ သူ႕ေၾကာင့္နဲ႕ မင္းထပ္မငိုပါနဲ႕ေတာ့။

..................

အခန္းျပတင္းေပါက္ကေန လွမ္းၾကည့္လို႔ ျမင္ေနရတဲ့ ျမင္ကြင္း ၊ ေရွာင္းက်န့္ က တျခားသူရင္ခြင္ထဲငိုေႂကြးေနတာ။ ဘာလို႔မ်ား ေရွာင္းက်န့္ အနားမွာသူ အၿမဲရွိမေနရတာလဲ....?

အေတြးေတြနဲ႕အတူ ျပန္ျမင္ေယာင္လာမိတဲ့
ပုံရိပ္တစ္ခ်ိဳ႕

.
.
.
.

လြန္ခဲ့တဲ့ (၁) ႏွစ္ေက်ာ္က

ေက်ာင္းေပ်ာ္ပြဲအခမ္းအနားေန႕ ၊ လူေတြကလည္း
အမ်ားႀကီး ။ ဝမ္ရိေပၚ ဆိုတဲ့ ေကာင္ေလးက ထိုခ်ိန္ထဲက လူအမ်ားခ်စ္ႀကိဳက္ခံခဲ့ရတဲ့သူေပါ့ ။
ဒါေပမယ့္ သူကေတာ့ မည္သူမွ် စိတ္ဝင္စားျခင္းမရွိခဲ့သလို တစ္ေယာက္တည္းကို ေနတတ္တဲ့ေကာင္ေလး အၿပဳံးအရယ္မရွိ အၿမဲေအးစက္ေနတက္သည္ ။

"ဝမ္ ရိ ေပၚ!!"

႐ုတ္တရပ္ သူ႕နာမည္ေခၚသံကိုၾကားလိုက္ရတယ္။
အရင္လို မိန္းကေလးေတြအသံမဟုတ္ဘဲ ေယာက်ာ္းေလး တစ္ေယာက္ရဲ႕အသံ ေၾကာင့္ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ေတြ႕လိုက္ရတဲ့ ေကာင္ေလးက ေရွ႕သြားေလးေတြေပၚလို႔ ပါးခ်ိဳမ့္ေရးေရးေလးလည္း ထင္းေနသည္။ ႏႈတ္ခမ္းေအာက္နားေလးက မွဲ႕နက္ေလးတစ္လုံး နဲ႕ ဒီၾကားထဲ ေခါင္းမွာ ယုန္နား႐ြက္ႀကီးလည္းတပ္ထားေသးတယ္။

"ဝမ္ရိေပၚ! ငါ မင္းကိုခ်စ္တယ္! "

စာေရးထားတဲ့ ဘုတ္ျပားႀကီးကို ေထာင္ျပလာလို႔
ေျပာလာတယ္။ ဝမ္ရိေပၚ တစ္ေယာက္ မ်က္လုံးမ်ား ျပဴးက်ယ္သြားလို႔။ သူ အခု ေယာက်ာ္းေလးတစ္ေယာက္ဆီက ရည္းစားစကားအေျပာခံလိုက္ရတာလား?

"ငါ့အခ်စ္ကို လက္ခံေပးပါ"

အနားသို႔ေရာက္လာၿပီး ပန္းစည္းႀကီး ေရွ႕တိုးကာေျပာလာတယ္။ ပတ္ဝန္းက်င္ ကို ၾကည့္လိုက္ေတာ့ သူတို႔ကို ဝိုင္းၾကည့္ေနတဲ့ လူေတြ ဒါေပမယ့္ ေရွ႕မွေကာင္ေလးကေတာ့ ၿပဳံးရယ္ေနတာပဲ။

"ရိေပၚ"

ထိုေကာင္ေလးက နာမည္ထပ္ေခၚလာတယ္၊ ဒီတစ္ခါေတာ့ ရင္းႏွီးတဲ့ အေခၚအေဝၚေလးနဲ႕ ။
ဝမ္ရိေပၚ အေနနဲ႕ သူ႕စိတ္ထဲက ေတြးမိတာကေတာ့ လုံးဝလက္မခံနိုင္တာပဲ။ လက္သီးတို႔ကို က်စ္က်စ္ပါေအာင္ဆုပ္လို႔ သူ ထိုေကာင္ေလးကိုတည့္တည့္စိုက္ၾကည့္ကာ ေျပာလိုက္မိသည္က

"ငါ မင္းကို မခ်စ္နိုင္ဘူး"

သူ ေကာင္ေလးေဘးကေန ျဖတ္ေလွ်ာက္ကာ ထြက္သြားၿပီးေနာက္ သူ႕နားထဲမွာ ပန္းစည္းႀကီးျပဳတ္က်သြားဟန္ အသံၾကားလိုက္ရ၏ ။ ေခါင္းေစာင္းကာ လွည့္ၾကည့္ဖို႔ ျပင္ခဲ့ေပမယ့္လည္း သူ မၾကည့္ခဲ့ပါ။

ခပ္သြက္သြက္ ေျခလွမ္းေတြနဲ႕ အတူ ဘယ္ဘက္ရင္ဘတ္ကပါ အခုန္ျမန္ေနတယ္။ ႐ုတ္တရပ္ႀကီးမို႔ ေရွာ့ခ္ျဖစ္သြားတာလည္းျဖစ္နိုင္သလို လူအမ်ားၾကားမို႔ လည္းျဖစ္နိုင္တယ္။ ရိေပၚ ထိုခ်ိန္ကေတြးမိလိုက္တာက ေရွာင္းက်န့္ေၾကာင့္ မဟုတ္ဘူးဆိုတာကို။ အဲ့တာကပဲ သူ႕ကို ျပန္လွည့္လို႔မရတဲ့အမွားမ်ိဳးျဖစ္ေစခဲ့တယ္။

>>>

Continue Reading

You'll Also Like

253K 40.6K 104
I am the father of villain Author Lin Ang Si แ€›แ€ฒแ€ท novel แ€œแ€ฑแ€ธแ€•แ€ซ ???? All credit to Original author and E-Translators .
17.4K 1.9K 6
แ€กแ€…แ€บแ€€แ€ญแ€ฏแ€ทแ€€แ€ญแ€ฏ แ€แ€ปแ€…แ€บแ€แ€šแ€บ..... แ€กแ€…แ€นแ€€แ€ญแ€ฏแ‚”แ€€แ€ญแ€ฏ แ€แ€บแ€…แ€นแ€แ€šแ€น..... (Short Story) Start Date - 11.6.2021 End Date. - 20.6.2021 #YiZhan
1K 110 8
EXO / KaiHun : Sekai FanFic /
943K 71.6K 46
แ€žแ€…แ€นแ€…แ€ฌ แ€–แ€ฑแ€ฌแ€€แ€บแ€แ€ฒแ€ท ex แ€€แ€ญแ€ฏ แ€€แ€œแ€ฒแ€ทแ€…แ€ฌแ€ธแ€แ€ผแ€ฑแ€–แ€ญแ€ฏแ€ท แ€กแ€–แ€ฑแ€€แ€ญแ€ฏ แ€šแ€ฐ......... แ€„แ€ซแ€ทแ€€แ€ญแ€ฏ แ€žแ€…แ€นแ€…แ€ฌแ€–แ€ฑแ€ฌแ€€แ€บแ€แ€ฒแ€ท แ€กแ€แ€ฝแ€€แ€บ แ€™แ€„แ€บแ€ธแ€€ แ€„แ€ซแ€œแ€ฑแ€ธแ€€แ€ญแ€ฏ Mom แ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€–แ€ญแ€ฏแ€ทแ€žแ€ฌ แ€•แ€ผแ€„แ€บแ€‘แ€ฌแ€ธแ€แ€ฑแ€ฌแ€ท แ€แ€™แ€บแ€›แ€ฎแ€œแ€ปแ€พแ€ญแ€ฏแ€ท ~~แ€›แ€พแ€ฑแ€ฌแ€„แ€บ...