{Zawgyi}
•ကိုယ္မင္းကိုႀကိဳက္ေနသေ႐ြ႕ ကိစၥမရွိဘူး•
ရႈေယာင္က်င္းက သူမကိုသေဘာမက်ေၾကာင္းကို တိုက္႐ိုက္ႀကီးျပလာမယ္လို႔ လင္က်ားေဆြ႕မထင္ထားခဲ့ဘူး။
သူမကိုအိမ္မွာဆိုရင္ မင္းသမီးေလးလိုဖူးဖူးမႈတ္ထားၿပီး မိသားစုဝင္ေတြက တုန္ေနေအာင္ခ်စ္ၾကတယ္။ ေက်ာင္းမွာဆိုရင္လည္း ေကာင္းမြန္တဲ့အဆင့္ေတြနဲ႔ ၾကည့္ေကာင္းတဲ့အတန္းေခါင္းေဆာင္အျဖစ္ အၿမဲရွိေနခဲ့တာ။ ပုံမွန္ဆို သူမအတန္းေဖာ္ေတြရဲ႕အားက်ျခင္းကိုခံရၿပီး ဆရာမေတြရဲ႕ခ်စ္ခင္ျခင္းေတြရရွိထားတယ္။ သူမဘယ္တုန္းကမ်ား လူသိရွင္ၾကားအျပစ္တင္ခံခဲ့ရဖူးလို႔လဲ?
ရႈေရွာင္က်င္းစကားေတြေၾကာင့္ သူမမ်က္ႏွာနီရဲလာေပမယ့္ သူမေလသံကိုေတာ့ မေလွ်ာ့ႏိုင္ဘူး။ သူမကိုယ္သူမအားတင္းၿပီး အသံက်ယ္က်ယ္နဲ႔ေျပာလိုက္တယ္ “ရႈေရွာင္က်င္း အဲ့တာနင့္ကိစၥမဟုတ္ဘူး! ငါနင့္ကိုေျပာေနလို႔လား?!”
“ငါကတရားနည္းလမ္းက်ၿပီး ေျဖာင့္မတ္တယ္၊ နင္ကမလိုအပ္ဘဲနဲ႔ ခ်ဲ႕ကားၿပီးလုပ္ေနတာကိုျမင္ေနရေတာ့ ဒီတိုင္းရပ္မေနႏိုင္ဘူးဘာျဖစ္ခ်င္လဲ? အဲ့ေတာ့ နင္က်ေတာ့ ႐ိုးသားတဲ့လူကိုအႏိုင္က်င့္လို႔ရတယ္၊ ငါက်ေတာ့ နင့္ကိုသေဘာမက်လို႔ မရဘူးေပါ့?!”
ရႈေရွာင္က်င္းက သူမရင္ဘတ္ေပၚမွာ လက္ကိုပိုက္ၿပီး သူမစကားေတြက က်ိဳးေၾကာင္းဆီေလ်ာ္ပုံေပါက္ေနတယ္။
႐ိုးသားသူေလးက်ီေလ်ာင္မွာေတာ့ သူတို႔ၾကားမွာ ေၾကာင္အမ္းအမ္းအမူအယာနဲ႔ပိတ္မိေနၿပီး မိန္းကေလးႏွစ္ေယာက္ဘာေၾကာင့္ စကားမ်ားေနရလဲဆိုတာ မေသခ်ာဘူးျဖစ္ေနတယ္။
“နင္တို႔ႏွစ္ေယာက္ ရန္ျဖစ္ေနတာရပ္လိုက္ပါေတာ့လား?” သူအသံတိုးတိုးေလးနဲ႔ ၾကားဝင္ေစ့စပ္ေပးဖို႔ႀကိဳးစားလိုက္တယ္။
ဒါေပမယ့္ သူတို႔ႏွစ္ေယာက္လုံးက သူ႔ကိုမသိခ်င္ေယာင္ေဆာင္ေနၾကတယ္။
လင္က်ားေဆြ႕က ဒီလိုနယ္ပယ္မွာကြၽမ္းက်င္သူႀကီး ရႈေရွာင္က်င္းရဲ႕ၿပိဳင္ဘက္မဟုတ္ဘူး။ သူမဆြံ႕အေနၿပီး အရႈံးကိုလက္မခံႏိုင္ဘဲ သေရာ္ၿပဳံးၿပဳံးကာ “ရႈေရွာင္က်င္း နင္က်ီေလ်ာင့္ကိုႀကိဳက္ေနတယ္လို႔ေတာ့ မေျပာနဲ႔ေနာ္! ဒီမနက္ နင္တို႔ႏွစ္ေယာက္ အျပင္ဘက္ေထာင့္နားမွာ ခိုးေၾကာင္ခိုးဝွက္ပုံေတြျဖစ္ေနတာကို ငါေတြ႕သားပဲ… ငယ္႐ြယ္တဲ့အခ်စ္ဇာတ္ခင္းေနတာလား?!”
အဲ့လိုေျပာၿပီးၿပီးခ်င္း တစ္ခန္းလုံးေပါက္ကြဲထြက္ကုန္ေတာ့တယ္၊ လူတိုင္းကမယုံၾကည္ႏိုင္ျဖစ္ေနတဲ့အမူအယာနဲ႔ အခုမွပဲသေဘာေပါက္သြားသလို ၾကည့္လာၾကတယ္။ အခုလက္ရွိအျဖစ္အပ်က္ကိုေတြးၾကည့္ရင္ ရႈေရွာင္က်င္းက က်ီေလ်ာင္နဲ႔တကယ္ကိုပိုနီးကပ္လာပုံရတယ္။
သူမအျမင္မွာ လူတိုင္းကသူမဘက္ကိုပိုၿပီး ပါလာပုံေပၚတာေၾကာင့္ လင္က်ားေဆြ႕စိတ္သက္သာရာရသြားတယ္။
“အိုးး ေသေအာင္ရီရတယ္ဟ… ငါကက်ီေလ်ာင့္ဘက္ကေန စကားေလးနည္းနည္းပဲအႀကံျပဳေပးရေသးတယ္ ခ်စ္တယ္ဆိုၿပီးျဖစ္သြားေရာလား? ဒီလိုအေတြးအေခၚနဲ႔ ဒီလိုအသိစိတ္ျဖစ္ေနတာေတာင္ နင္ကအတန္းေခါင္းေဆာင္ျဖစ္ေနေသးတယ္.. တကယ္ပါပဲ လင္က်ားေဆြ႕ နင့္အတြက္ငါတကယ္ႀကီး ရွက္လိုက္တာေနာ္!”
ဒီလိုေဖာ္ထုတ္ခံရတဲ့အတြက္ ေဒါသထြက္ၿပီးရွက္ရမယ့္အစား ရႈေရွာင္က်င္းရီေမာလိုက္တယ္၊ သူမရဲ႕မာနႀကီးၿပီး အားမာန္အျပည့္ျဖစ္ေနတဲ့ပုံက လင္က်ားေဆြ႕ကိုေဒါသထြက္ေစၿပီး စိတ္ထိခိုက္သလို ခံစားသြားေစရတယ္။
သူမဘယ္လိုျပဳမူရမွန္းမသိေတာ့ဘဲ အရမ္းေဒါသထြက္လာတာေၾကာင့္ မ်က္လုံးေတြပါနီလာတယ္။ “ဘန္း”ဆိုတဲ့အသံနဲ႔ က်ီေလ်ာင္ရဲ႕စားပြဲခုံေပၚ စာအုပ္တင္လိုက္ၿပီး သူမထိုင္ခုံဘက္ကိုျပန္ေျပးသြားကာ ေခါင္းကိုငုံ႔ခ်ၿပီးငိုေတာ့တယ္။ [T/N : ပါဝါရိန္းဂ်ားအနီေကာင္ေတာ့ ငိုေနပါၿပီေနာ္]
ေဘးနားကေက်ာင္းသားေတြကလည္း သူမကိုသြားၿပီး ႏွစ္သိမ့္ေပးၾကတယ္။
ရႈေရွာင္က်င္းက အထင္ျမင္ေသးစြာ ေနာက္တစ္ခ်က္ထိုးႏွက္လိုက္ျပန္တယ္ “ၾကာျဖဴမ”
က်ီေလ်ာင္ “…”
ေရွ႕ေလွ်ာက္ ရႈေရွာင္က်င္းကို ရန္သြားမစမိတာပိုေကာင္းမယ္လို႔ သူမွတ္ထားလိုက္တယ္။
အတန္းေခါင္းေဆာင္ေတာင္ ငိုသြားရတဲ့ထိ အႀကိမ္းခံလိုက္ရတယ္ဆိုေတာ့ ဒီကိစၥကတိုင္ခံလိုက္ရတယ္။ ထိန္းသိမ္းေရးဆရာမက သူတို႔သုံးေယာက္လုံးကို ခ်က္ခ်င္းပဲ႐ုံးခန္းကိုေခၚတယ္။
အေျခအေနကိုနားလည္ၿပီးေနာက္ ထိန္းသိမ္းေရးဆရာမက က်ီေလ်ာင့္ကိုစူးစမ္းတဲ့အၾကည့္နဲ႔ၾကည့္လာတယ္။ မိန္းကေလးႏွစ္ေယာက္က သူ႔ေၾကာင့္စကားမ်ားၾကတယ္။ ဒီျဖစ္ရပ္က သံသယျဖစ္စရာေကာင္းၿပီး ငယ္႐ြယ္တဲ့အခ်စ္ေရးျပႆနာလည္းပါႏိုင္ေလာက္တာေၾကာင့္ သူမေ႐ြးျခယ္စရာမရွိဘဲ တားဆီးရေတာ့မယ္။
ေနာက္ဆုံးမွာ မိန္းကေလးႏွစ္ေယာက္ကိုျပန္လႊတ္လိုက္ၿပီး က်ီေလ်ာင္ကိုေနခဲ့ခိုင္းကာ နည္းနည္းပါးပါးဆုံးမသြန္သင္ေပးလိုက္တယ္။
က်ီေလ်ာင္ကေတာ့ မွားေနသလိုခံစားရတယ္။ သူ႔ခမ်ာ စာစီစာကုံးစာအုပ္ေလးပဲ ယူလာဖို႔ေမ့ခဲ့ၿပီး ဘာအမွားမွမလုပ္မွန္း သိသာေနေပမယ့္ အလိုလိုေနရင္းသူက အဓိကတရားခံျဖစ္သြားရတယ္။
႐ုံးခန္းရဲ႕ေထာင့္နားမွာလည္း လင္က်န္းကသတိေပးတာကို က်ိတ္မွိတ္ခံေနရတယ္ _ သူအတန္းထဲမွာ အိပ္ေပ်ာ္ေနတာကို ထပ္မိသြားလို႔။ အလိုေလး သူ႔စိတ္ထဲမွာပဲ သက္ျပင္းခ်ကာ အတန္းလည္ပတ္မႈေတြက ပိုေတာင္တင္းက်ပ္လာသလို ခံစားရတယ္။
ပ်င္းပ်င္းနဲ႔ သူေဘးဘီကိုေလွ်ာက္ၾကည့္ေတာ့ က်ီေလ်ာင့္ကိုေတြ႕သြားၿပီးေနာက္ က်ီေလ်ာင္ရဲ႕ထိန္းသိမ္းေရးဆရာမက ေစာေစာစီးစီးနဲ႔ စၿပီးခ်ိန္းေတြ႕တာမ်ိဳးေတြမလုပ္ဖို႔ သူ႔ကိုအႀကံေပးေနတာကို ၾကားသြားတယ္။ သူ႔နား႐ြက္ေတြခ်က္ခ်င္းဆိုသလို လႈပ္လႈပ္ရွားရွားျဖစ္လာတယ္။ ဘာျဖစ္တယ္? သူ႔ေၾကာင့္ မိန္းကေလးႏွစ္ေယာက္ စကားမ်ားၾကတယ္?!
ဝွက္သယ္ဟဲ?!
သူကိစၥႀကီးတစ္ခုကို မ်က္ျမင္ေတြ႕လိုက္ရတယ္လို႔ လင္က်န္းခံစားမိသြားတယ္။ က်ီေလ်ာင့္ရဲ႕ေပါက္ေဈးက အဲ့ေလာက္ေတာင္ျမင့္မားေနမယ္လို႔မထင္ထားခဲ့ဘူး! မွားေနၿပီ… က်ီေလ်ာင္က မင္ေကာနဲ႔တြဲေနတာမဟုတ္ဘူးလား? အဲ့ေတာ့ ဆိုလိုခ်င္တာက မင္ေကာက… လွည့္စားခံလိုက္ရတာလား?!
လင္က်န္းအံ့ၾသသြားတယ္။ သူ႔အမွားကိုဆရာ့ဆီမွာ အျမန္ဝန္ခံၿပီး အတန္းဆီကို သုတ္ေျခတင္သြားေတာ့တယ္။
“မင္ေကာ!” လူမေရာက္ခင္ အသံကအရင္ေရာက္သြားတယ္။
ဟဲ့ခ်န္းမင္ကေတာ့ သူ႔ရဲ႕ဘာမဟုတ္တာေလးကိုေတာင္ ေရးႀကီးခြင္က်ယ္လုပ္တာေတြကို အသားက်ေနၿပီျဖစ္လို႔ မ်က္ေတာင္တစ္ခ်က္မခတ္ဘူး။
လင္က်န္းေတာက္ေခါက္ၿပီး သူ႔ဆီေျပးသြားတယ္။ “ကြၽန္ေတာ္႐ုံးခန္းမွာ ဘယ္သူ႔ကိုျမင္ခဲ့လဲသိလား? က်ီေလ်ာင္ဗ်!”
ဟဲ့ခ်န္းမင္စိတ္ဝင္စားသြားၿပီး သူ႔ကိုၾကည့္လာတယ္။
“အေစာနတုန္းကျပႆနာမွာ က်ီေလ်ာင္လည္းပါတယ္လို႔ က်ီေလ်ာင့္ရဲ႕ထိန္းသိမ္းေရးဆရာမကေျပာတယ္! ေနာက္တစ္ေယာက္က ကြၽန္ေတာ္တို႔ကာရာအိုေကခန္းသြားတုန္းက မန္ေယာင္ေယာင္နဲ႔ပါလာတဲ့ သူငယ္ခ်င္း… သူ႔နာမည္ဘာပါလိမ့္? အိုး ဟုတ္သားပဲ ရႈေရွာင္က်င္း!”
လင္က်န္းကစိတ္လႈပ္ရွားစြာေျပာေပမယ့္ ဟဲ့ခ်န္းမင္မ်က္ႏွာက ေအးစက္ေနၿမဲ.. ၿပီးေတာ့ သူ႔ရဲ႕မူလတည္ၿငိမ္ေနတဲ့မ်က္လုံးေတြကေတာ့ မုန္တိုင္းထန္ေနၿပီ။
လင္က်န္းသတိမထားမိေသးလဲ ကြက္ကြက္ကြင္းကြင္းျမင္ေအာင္ဆက္ေျပာေနတယ္ “ၿပီးေတာ့ သူတို႔အခန္းထဲကပဲ လင္က်ားေဆြ႕ေလ… က်ီေလ်ာင့္ေၾကာင့္နဲ႔ မိန္းကေလးႏွစ္ေယာက္ စကားမ်ားၾကတယ္တဲ့! Fuckပဲ ဘယ္လိုေတာင္ဒရမ္မာ…”
သူ “ရႈိး”လိုဆိုတာ မေျပာႏိုင္ေသးခင္ ဟဲ့ခ်န္းမင္ရဲ႕အႏၲရာယ္ရွိတဲ့အမူအယာေၾကာင့္ လင္က်န္းေၾကာက္လန႔္သြားတယ္။ သူတံေတြးကိုခက္ခက္ခဲခဲၿမိဳခ်ၿပီး တစ္ခါတည္းလစ္ေျပးေတာ့တယ္။
ဟဲ့ခ်န္းမင္မ်က္ႏွာက ျဖဴေရာ္ေနေသာ္လည္း မုန္တိုင္းမတိုက္ခင္ေလၿငိမ္ေနသလိုမ်ိဳး တိတ္တိတ္ဆိတ္ဆိတ္ပဲေနေနတယ္။ အတန္းႏွစ္ကေက်ာင္းသားေတြလည္း သူစိတ္မၾကည္ေနတာကို ခံစားမိေတာ့ သူ႔ကိုေဝးေဝးကေရွာင္ေနလိုက္ၾကတယ္။
ခက္ခက္ခဲခဲအတန္းေတြ အားလုံးၿပီးသြားတဲ့ထိ ေအာင့္အီးေနရတယ္။ ၿပီးေနာက္ သူ႔ကိုစာၾကည့္တိုက္မွာေစာင့္ေနဖို႔ က်ီေလ်ာင့္ကိုစာလွမ္းပို႔လိုက္တယ္။
က်ီေလ်ာင္နာနာခံခံေလး သြားလိုက္ေပမယ့္ ဟဲ့ခ်န္းမင္ကိုျမင္ေတာ့ တစ္ခုခုေတာ့မွားေနၿပီဆိုတာ သူခံစားရတယ္။
“မင္းစိတ္ဆိုးေနတာလား?” သူအလိုက္ကန္းဆိုးမသိေမးလိုက္တယ္။
ဟဲ့ခ်န္းမင္ကသူ႔ကိုျပန္မေျဖဘဲ သူ႔လက္ကိုဆြဲကာ အထဲကိုဝင္သြားတယ္။ လူရွင္းတဲ့ေနရာလည္းေရာက္ေရာ သူ႔(က်ီေလ်ာင္)ကို သူ(ဟဲ့ခ်န္းမင္)ဖိကပ္လိုက္တယ္။
ဒီလႈပ္ရွားမႈကအရမ္းကို လ်ပ္တျပက္ဆန္တာေၾကာင့္ က်ီေလ်ာင္သူ႔ကိုအလိုလိုတြန္းမိသြားတယ္။ အဲ့တာေၾကာင့္ပဲ သူပိုလို႔ေတာင္တင္းတင္းၾကပ္ၾကပ္အဖိခံလိုက္ရတာေၾကာင့္ ေဒါသတႀကီးမတုန႔္ျပန္ဘဲ မေနႏိုင္ျဖစ္သြားရတယ္ “ငါ့ကိုလႊတ္!”
သူစိတ္ခံစားခ်က္ေတြက ဂိတ္ဆုံးေရာက္ေနၿပီး သူ႔ရင္ထဲမွာလည္း မေက်နပ္ခ်က္ေတြျပည့္လာတယ္။ သူဘာေၾကာင့္မ်ား ဒီလိုအႏိုင္က်င့္ခံရတာလဲ?!
ဟဲ့ခ်န္းမင္ကိုယ္ကိုကိုင္းၫႊတ္ၿပီး သူ႔လက္ေမာင္းၾကားမွာ ေကာင္ေလးကိုအတင္းအက်ပ္ခ်ဳပ္ကိုင္ထားၿပီး ေတာင္းပန္တဲ့ေလသံတိုးတိုးနဲ႔ “ကိုယ့္ကိုခဏေလာက္ ဖက္ထားခြင့္ေပးပါ၊ ခဏေလးပဲ” က်ီေလ်ာင့္ကိုဖက္ထားတာက သူ႔ကိုစိတ္သက္သာရာရေစတဲ့ တစ္ခုတည္းေသာနည္းပဲလို႔ ခံစားရတယ္။
လင္က်န္းသူ႔ကို က်ီေလ်ာင္က တစ္စုံတစ္ေယာက္နဲ႔ ဆက္ဆံေရးမွာ ပက္သက္ေနတယ္လို႔လာေျပာတုန္းက သူဘယ္ေလာက္ေတာင္ေၾကာက္သြားလဲဆိုတာ ေကာင္းကင္ႀကီးပဲသိလိမ့္မယ္။ ဒီရက္ပိုင္းေလးအတြင္းဝမ္းသာစရာေတြက အတုအေယာင္ေတြျဖစ္ကုန္မွာ သူေၾကာက္တယ္ _ အဆုံးမွာ က်ီေလ်ာင္က မိန္းကေလးေတြကိုေ႐ြးျခယ္သြားမွာ သူေၾကာက္တယ္။
သူကအၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိတယ္။ က်ီေလ်ာင္နဲ႔ဆိုရင္ေတာ့ သူကဖုန္မႈန႔္ေလာက္ထိကို နိမ့္က်သြားရတယ္။
ေကာင္ေလးရဲ႕ေမးကိုေမာ့ၿပီး ဟဲ့ခ်န္းမင္သူ႔ႏႈတ္ခမ္းနဲ႔ျခယ္လွယ္ေနၿပီး ေနာက္တစ္ခဏအတြင္းမွာ အားနဲ႔မ႐ုန္းထြက္ႏိုင္ေအာင္ ဖိႀကိတ္ေနေတာ့တယ္။ က်ီေလ်ာင္မ်က္ေမွာင္ၾကဳတ္သြားေပမယ့္ ဆက္ေတာ့မ႐ုန္းေတာ့ဘူး။ သူတိတ္တိတ္ေလးပဲၿငိမ္ေနၿပီးေနာက္ ျပန္တုန႔္ျပန္ေပးဖို႔ ႀကိဳးစားေပးလိုက္တယ္။
ဟဲ့ခ်န္းမင္ အရမ္းကိုေပ်ာ္သြားတယ္ _ ေပ်ာ္လြန္းအားႀကီးလို႔ သူ႔ကိုမြန္းၾကပ္ၿပီးေသမလိုနီးပါးေတာင္ျဖစ္သြားေစတယ္၊ ဒါေၾကာင့္ ေနာက္စကၠန႔္ပိုင္းေလာက္ၾကာေတာ့ လႊတ္ေပးလိုက္တယ္။
“ကိုယ့္ကိုႀကိဳက္တယ္လို႔ေျပာေပး က်ီေလ်ာင္ ကိုယ့္ကိုႀကိဳက္တယ္လို႔ေျပာ” သူ႔နားထဲကို ေလမႈတ္ၿပီး ေျပာဖို႔တိုက္တြန္းေတာ့တယ္။
က်ီေလ်ာင္အသက္ကိုျပင္းျပင္းရႈေနရတယ္။ သူ႔နားထဲမွာၾကားေနရေပမယ့္ ပါးစပ္ကျပန္မေျပာခဲ့ဘူး။
“ဘာလို႔မေျပာရတာလဲ?” ဟဲ့ခ်န္းမင္သူ႔ကိုယ္သူျပန္မတ္ၿပီး မသက္မသာေမးလိုက္တယ္။
က်ီေလ်ာင္သူ႔အၾကည့္ေတြကို ေရွာင္ဖယ္ေနတယ္။ သူမေျပာခ်င္ဘူး။ ဒီစကားလုံးေတြက သူ႔အတြက္ျပန္ေနာက္ဆုတ္ႏိုင္မယ့္ က်န္ရွိေနတဲ့စကားလုံးေတြျဖစ္တယ္။ သူတို႔ျပတ္သြားၾကရင္ေတာင္၊ သူလွည့္စားခံရတယ္ဆိုရင္ေတာင္ အနည္းဆုံးေတာ့ သူ႔မွာသိကၡာဆယ္စရာ နည္းနည္းေလးေတာ့က်န္ေနေသးတာေပါ့…
ဟဲ့ခ်န္းမင္က်ေတာ့ သူ႔ကိုသေဘာမက်ေသးလို႔ မေျပာခ်င္တာဆိုၿပီးထင္သြားတယ္။
“ကိစၥမရွိဘူး ကိုယ္မင္းကိုႀကိဳက္ေနတာပဲ”
က်ီေလ်ာင့္ကိုေရာ သူ႔ကိုယ္သူပါေျပာလိုက္တယ္။
သူက်ီေလ်ာင့္ကိုဖက္ၿပီး သူ႔ေခါင္းကို ေကာင္ေလးလည္ပင္းၾကားႏွစ္ထားလိုက္ၿပီး ေကာင္ေလးကိုယ္က သန႔္ရွင္းၿပီးလတ္ဆတ္တဲ့အနံ႔ေလးကို ရႈသြင္းေနလိုက္တယ္။
က်ီေလ်ာင္အျပစ္ရွိသလိုခံစားသြားရတယ္၊ သူခဏေလာက္တြန႔္ဆုတ္ေနၿပီး ဟဲ့ခ်န္းမင္ရဲ႕ပုခုံးကိုလက္နဲ႔တို႔လိုက္တယ္။ ဟဲ့ခ်န္းမင္ေခါင္းေထာင္လာတဲ့အခါ က်ီေလ်ာင္မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္နဲ႔ သူ႔ႏႈတ္ခမ္းေတြနဲ႔ ဟဲ့ခ်န္းမင္ႏႈတ္ခမ္းကိုနမ္းလိုက္တယ္။
သူ႔ဘာသူေတြးလိုက္တာက ဒီဟာကအရမ္းကိုရွင္းေနၿပီေပါ့။ ဟဲ့ခ်န္းမင္သူ႔ကိုနမ္းတာကို ခြင့္ျပဳေပးတယ္၊ ဖက္တာလည္းခံတယ္ ၿပီးေတာ့ အခုဆိုရင္ သူကိုယ္တိုင္ေတာင္စလိုက္ေသးတယ္။ အဓိပၸါယ္က ရွင္းေနၿပီမွတ္လား?
ဟဲ့ခ်န္းမင္ ခဏေလာက္ေတာင့္တင္းေနၿပီးမွ ခပ္ဖြဖြရယ္ေမာကာ “ဘာလဲ စြဲသြားၿပီလား? ထပ္လုပ္ခ်င္ေသးလို႔လား?” [T/N : အဲ့မွာပဲ ဒူေနလိုက္၊ ဒုံးေဝးေနလိုက္!!]
က်ီေလ်ာင္ “…”
[ေစာင့္ေနရတဲ့သူေတြကို အားနာလိုက္တာ၊ Update ေမွ်ာ္ေနတာေတြျမင္ေတာ့ ေရးေပးေနေပမယ့္ အိပ္ေပ်ာ္သြားလို႔ ေဆာတီးပါေနာ္]
____________________________________
{Unicode}
•ကိုယ်မင်းကိုကြိုက်နေသရွေ့ ကိစ္စမရှိဘူး•
ရှုယောင်ကျင်းက သူမကိုသဘောမကျကြောင်းကို တိုက်ရိုက်ကြီးပြလာမယ်လို့ လင်ကျားဆွေ့မထင်ထားခဲ့ဘူး။
သူမကိုအိမ်မှာဆိုရင် မင်းသမီးလေးလိုဖူးဖူးမှုတ်ထားပြီး မိသားစုဝင်တွေက တုန်နေအောင်ချစ်ကြတယ်။ ကျောင်းမှာဆိုရင်လည်း ကောင်းမွန်တဲ့အဆင့်တွေနဲ့ ကြည့်ကောင်းတဲ့အတန်းခေါင်းဆောင်အဖြစ် အမြဲရှိနေခဲ့တာ။ ပုံမှန်ဆို သူမအတန်းဖော်တွေရဲ့အားကျခြင်းကိုခံရပြီး ဆရာမတွေရဲ့ချစ်ခင်ခြင်းတွေရရှိထားတယ်။ သူမဘယ်တုန်းကများ လူသိရှင်ကြားအပြစ်တင်ခံခဲ့ရဖူးလို့လဲ?
ရှုရှောင်ကျင်းစကားတွေကြောင့် သူမမျက်နှာနီရဲလာပေမယ့် သူမလေသံကိုတော့ မလျှော့နိုင်ဘူး။ သူမကိုယ်သူမအားတင်းပြီး အသံကျယ်ကျယ်နဲ့ပြောလိုက်တယ် “ရှုရှောင်ကျင်း အဲ့တာနင့်ကိစ္စမဟုတ်ဘူး! ငါနင့်ကိုပြောနေလို့လား?!”
“ငါကတရားနည်းလမ်းကျပြီး ဖြောင့်မတ်တယ်၊ နင်ကမလိုအပ်ဘဲနဲ့ ချဲ့ကားပြီးလုပ်နေတာကိုမြင်နေရတော့ ဒီတိုင်းရပ်မနေနိုင်ဘူးဘာဖြစ်ချင်လဲ? အဲ့တော့ နင်ကျတော့ ရိုးသားတဲ့လူကိုအနိုင်ကျင့်လို့ရတယ်၊ ငါကျတော့ နင့်ကိုသဘောမကျလို့ မရဘူးပေါ့?!”
ရှုရှောင်ကျင်းက သူမရင်ဘတ်ပေါ်မှာ လက်ကိုပိုက်ပြီး သူမစကားတွေက ကျိုးကြောင်းဆီလျော်ပုံပေါက်နေတယ်။
ရိုးသားသူလေးကျီလျောင်မှာတော့ သူတို့ကြားမှာ ကြောင်အမ်းအမ်းအမူအယာနဲ့ပိတ်မိနေပြီး မိန်းကလေးနှစ်ယောက်ဘာကြောင့် စကားများနေရလဲဆိုတာ မသေချာဘူးဖြစ်နေတယ်။
“နင်တို့နှစ်ယောက် ရန်ဖြစ်နေတာရပ်လိုက်ပါတော့လား?” သူအသံတိုးတိုးလေးနဲ့ ကြားဝင်စေ့စပ်ပေးဖို့ကြိုးစားလိုက်တယ်။
ဒါပေမယ့် သူတို့နှစ်ယောက်လုံးက သူ့ကိုမသိချင်ယောင်ဆောင်နေကြတယ်။
လင်ကျားဆွေ့က ဒီလိုနယ်ပယ်မှာကျွမ်းကျင်သူကြီး ရှုရှောင်ကျင်းရဲ့ပြိုင်ဘက်မဟုတ်ဘူး။ သူမဆွံ့အနေပြီး အရှုံးကိုလက်မခံနိုင်ဘဲ သရော်ပြုံးပြုံးကာ “ရှုရှောင်ကျင်း နင်ကျီလျောင့်ကိုကြိုက်နေတယ်လို့တော့ မပြောနဲ့နော်! ဒီမနက် နင်တို့နှစ်ယောက် အပြင်ဘက်ထောင့်နားမှာ ခိုးကြောင်ခိုးဝှက်ပုံတွေဖြစ်နေတာကို ငါတွေ့သားပဲ… ငယ်ရွယ်တဲ့အချစ်ဇာတ်ခင်းနေတာလား?!”
အဲ့လိုပြောပြီးပြီးချင်း တစ်ခန်းလုံးပေါက်ကွဲထွက်ကုန်တော့တယ်၊ လူတိုင်းကမယုံကြည်နိုင်ဖြစ်နေတဲ့အမူအယာနဲ့ အခုမှပဲသဘောပေါက်သွားသလို ကြည့်လာကြတယ်။ အခုလက်ရှိအဖြစ်အပျက်ကိုတွေးကြည့်ရင် ရှုရှောင်ကျင်းက ကျီလျောင်နဲ့တကယ်ကိုပိုနီးကပ်လာပုံရတယ်။
သူမအမြင်မှာ လူတိုင်းကသူမဘက်ကိုပိုပြီး ပါလာပုံပေါ်တာကြောင့် လင်ကျားဆွေ့စိတ်သက်သာရာရသွားတယ်။
“အိုးး သေအောင်ရီရတယ်ဟ… ငါကကျီလျောင့်ဘက်ကနေ စကားလေးနည်းနည်းပဲအကြံပြုပေးရသေးတယ် ချစ်တယ်ဆိုပြီးဖြစ်သွားရောလား? ဒီလိုအတွေးအခေါ်နဲ့ ဒီလိုအသိစိတ်ဖြစ်နေတာတောင် နင်ကအတန်းခေါင်းဆောင်ဖြစ်နေသေးတယ်.. တကယ်ပါပဲ လင်ကျားဆွေ့ နင့်အတွက်ငါတကယ်ကြီး ရှက်လိုက်တာနော်!”
ဒီလိုဖော်ထုတ်ခံရတဲ့အတွက် ဒေါသထွက်ပြီးရှက်ရမယ့်အစား ရှုရှောင်ကျင်းရီမောလိုက်တယ်၊ သူမရဲ့မာနကြီးပြီး အားမာန်အပြည့်ဖြစ်နေတဲ့ပုံက လင်ကျားဆွေ့ကိုဒေါသထွက်စေပြီး စိတ်ထိခိုက်သလို ခံစားသွားစေရတယ်။
သူမဘယ်လိုပြုမူရမှန်းမသိတော့ဘဲ အရမ်းဒေါသထွက်လာတာကြောင့် မျက်လုံးတွေပါနီလာတယ်။ “ဘန်း”ဆိုတဲ့အသံနဲ့ ကျီလျောင်ရဲ့စားပွဲခုံပေါ် စာအုပ်တင်လိုက်ပြီး သူမထိုင်ခုံဘက်ကိုပြန်ပြေးသွားကာ ခေါင်းကိုငုံ့ချပြီးငိုတော့တယ်။ [T/N : ပါဝါရိန်းဂျားအနီကောင်တော့ ငိုနေပါပြီနော်]
ဘေးနားကကျောင်းသားတွေကလည်း သူမကိုသွားပြီး နှစ်သိမ့်ပေးကြတယ်။
ရှုရှောင်ကျင်းက အထင်မြင်သေးစွာ နောက်တစ်ချက်ထိုးနှက်လိုက်ပြန်တယ် “ကြာဖြူမ”
ကျီလျောင် “…”
ရှေ့လျှောက် ရှုရှောင်ကျင်းကို ရန်သွားမစမိတာပိုကောင်းမယ်လို့ သူမှတ်ထားလိုက်တယ်။
အတန်းခေါင်းဆောင်တောင် ငိုသွားရတဲ့ထိ အကြိမ်းခံလိုက်ရတယ်ဆိုတော့ ဒီကိစ္စကတိုင်ခံလိုက်ရတယ်။ ထိန်းသိမ်းရေးဆရာမက သူတို့သုံးယောက်လုံးကို ချက်ချင်းပဲရုံးခန်းကိုခေါ်တယ်။
အခြေအနေကိုနားလည်ပြီးနောက် ထိန်းသိမ်းရေးဆရာမက ကျီလျောင့်ကိုစူးစမ်းတဲ့အကြည့်နဲ့ကြည့်လာတယ်။ မိန်းကလေးနှစ်ယောက်က သူ့ကြောင့်စကားများကြတယ်။ ဒီဖြစ်ရပ်က သံသယဖြစ်စရာကောင်းပြီး ငယ်ရွယ်တဲ့အချစ်ရေးပြဿနာလည်းပါနိုင်လောက်တာကြောင့် သူမရွေးခြယ်စရာမရှိဘဲ တားဆီးရတော့မယ်။
နောက်ဆုံးမှာ မိန်းကလေးနှစ်ယောက်ကိုပြန်လွှတ်လိုက်ပြီး ကျီလျောင်ကိုနေခဲ့ခိုင်းကာ နည်းနည်းပါးပါးဆုံးမသွန်သင်ပေးလိုက်တယ်။
ကျီလျောင်ကတော့ မှားနေသလိုခံစားရတယ်။ သူ့ခမျာ စာစီစာကုံးစာအုပ်လေးပဲ ယူလာဖို့မေ့ခဲ့ပြီး ဘာအမှားမှမလုပ်မှန်း သိသာနေပေမယ့် အလိုလိုနေရင်းသူက အဓိကတရားခံဖြစ်သွားရတယ်။
ရုံးခန်းရဲ့ထောင့်နားမှာလည်း လင်ကျန်းကသတိပေးတာကို ကျိတ်မှိတ်ခံနေရတယ် _ သူအတန်းထဲမှာ အိပ်ပျော်နေတာကို ထပ်မိသွားလို့။ အလိုလေး သူ့စိတ်ထဲမှာပဲ သက်ပြင်းချကာ အတန်းလည်ပတ်မှုတွေက ပိုတောင်တင်းကျပ်လာသလို ခံစားရတယ်။
ပျင်းပျင်းနဲ့ သူဘေးဘီကိုလျှောက်ကြည့်တော့ ကျီလျောင့်ကိုတွေ့သွားပြီးနောက် ကျီလျောင်ရဲ့ထိန်းသိမ်းရေးဆရာမက စောစောစီးစီးနဲ့ စပြီးချိန်းတွေ့တာမျိုးတွေမလုပ်ဖို့ သူ့ကိုအကြံပေးနေတာကို ကြားသွားတယ်။ သူ့နားရွက်တွေချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ဘာဖြစ်တယ်? သူ့ကြောင့် မိန်းကလေးနှစ်ယောက် စကားများကြတယ်?!
ဝှက်သယ်ဟဲ?!
သူကိစ္စကြီးတစ်ခုကို မျက်မြင်တွေ့လိုက်ရတယ်လို့ လင်ကျန်းခံစားမိသွားတယ်။ ကျီလျောင့်ရဲ့ပေါက်ဈေးက အဲ့လောက်တောင်မြင့်မားနေမယ်လို့မထင်ထားခဲ့ဘူး! မှားနေပြီ… ကျီလျောင်က မင်ကောနဲ့တွဲနေတာမဟုတ်ဘူးလား? အဲ့တော့ ဆိုလိုချင်တာက မင်ကောက… လှည့်စားခံလိုက်ရတာလား?!
လင်ကျန်းအံ့သြသွားတယ်။ သူ့အမှားကိုဆရာ့ဆီမှာ အမြန်ဝန်ခံပြီး အတန်းဆီကို သုတ်ခြေတင်သွားတော့တယ်။
“မင်ကော!” လူမရောက်ခင် အသံကအရင်ရောက်သွားတယ်။
ဟဲ့ချန်းမင်ကတော့ သူ့ရဲ့ဘာမဟုတ်တာလေးကိုတောင် ရေးကြီးခွင်ကျယ်လုပ်တာတွေကို အသားကျနေပြီဖြစ်လို့ မျက်တောင်တစ်ချက်မခတ်ဘူး။
လင်ကျန်းတောက်ခေါက်ပြီး သူ့ဆီပြေးသွားတယ်။ “ကျွန်တော်ရုံးခန်းမှာ ဘယ်သူ့ကိုမြင်ခဲ့လဲသိလား? ကျီလျောင်ဗျ!”
ဟဲ့ချန်းမင်စိတ်ဝင်စားသွားပြီး သူ့ကိုကြည့်လာတယ်။
“အစောနတုန်းကပြဿနာမှာ ကျီလျောင်လည်းပါတယ်လို့ ကျီလျောင့်ရဲ့ထိန်းသိမ်းရေးဆရာမကပြောတယ်! နောက်တစ်ယောက်က ကျွန်တော်တို့ကာရာအိုကေခန်းသွားတုန်းက မန်ယောင်ယောင်နဲ့ပါလာတဲ့ သူငယ်ချင်း… သူ့နာမည်ဘာပါလိမ့်? အိုး ဟုတ်သားပဲ ရှုရှောင်ကျင်း!”
လင်ကျန်းကစိတ်လှုပ်ရှားစွာပြောပေမယ့် ဟဲ့ချန်းမင်မျက်နှာက အေးစက်နေမြဲ.. ပြီးတော့ သူ့ရဲ့မူလတည်ငြိမ်နေတဲ့မျက်လုံးတွေကတော့ မုန်တိုင်းထန်နေပြီ။
လင်ကျန်းသတိမထားမိသေးလဲ ကွက်ကွက်ကွင်းကွင်းမြင်အောင်ဆက်ပြောနေတယ် “ပြီးတော့ သူတို့အခန်းထဲကပဲ လင်ကျားဆွေ့လေ… ကျီလျောင့်ကြောင့်နဲ့ မိန်းကလေးနှစ်ယောက် စကားများကြတယ်တဲ့! Fuckပဲ ဘယ်လိုတောင်ဒရမ်မာ…”
သူ “ရှိုး”လိုဆိုတာ မပြောနိုင်သေးခင် ဟဲ့ချန်းမင်ရဲ့အန္တရာယ်ရှိတဲ့အမူအယာကြောင့် လင်ကျန်းကြောက်လန့်သွားတယ်။ သူတံတွေးကိုခက်ခက်ခဲခဲမြိုချပြီး တစ်ခါတည်းလစ်ပြေးတော့တယ်။
ဟဲ့ချန်းမင်မျက်နှာက ဖြူရော်နေသော်လည်း မုန်တိုင်းမတိုက်ခင်လေငြိမ်နေသလိုမျိုး တိတ်တိတ်ဆိတ်ဆိတ်ပဲနေနေတယ်။ အတန်းနှစ်ကကျောင်းသားတွေလည်း သူစိတ်မကြည်နေတာကို ခံစားမိတော့ သူ့ကိုဝေးဝေးကရှောင်နေလိုက်ကြတယ်။
ခက်ခက်ခဲခဲအတန်းတွေ အားလုံးပြီးသွားတဲ့ထိ အောင့်အီးနေရတယ်။ ပြီးနောက် သူ့ကိုစာကြည့်တိုက်မှာစောင့်နေဖို့ ကျီလျောင့်ကိုစာလှမ်းပို့လိုက်တယ်။
ကျီလျောင်နာနာခံခံလေး သွားလိုက်ပေမယ့် ဟဲ့ချန်းမင်ကိုမြင်တော့ တစ်ခုခုတော့မှားနေပြီဆိုတာ သူခံစားရတယ်။
“မင်းစိတ်ဆိုးနေတာလား?” သူအလိုက်ကန်းဆိုးမသိမေးလိုက်တယ်။
ဟဲ့ချန်းမင်ကသူ့ကိုပြန်မဖြေဘဲ သူ့လက်ကိုဆွဲကာ အထဲကိုဝင်သွားတယ်။ လူရှင်းတဲ့နေရာလည်းရောက်ရော သူ့(ကျီလျောင်)ကို သူ(ဟဲ့ချန်းမင်)ဖိကပ်လိုက်တယ်။
ဒီလှုပ်ရှားမှုကအရမ်းကို လျပ်တပြက်ဆန်တာကြောင့် ကျီလျောင်သူ့ကိုအလိုလိုတွန်းမိသွားတယ်။ အဲ့တာကြောင့်ပဲ သူပိုလို့တောင်တင်းတင်းကြပ်ကြပ်အဖိခံလိုက်ရတာကြောင့် ဒေါသတကြီးမတုန့်ပြန်ဘဲ မနေနိုင်ဖြစ်သွားရတယ် “ငါ့ကိုလွှတ်!”
သူစိတ်ခံစားချက်တွေက ဂိတ်ဆုံးရောက်နေပြီး သူ့ရင်ထဲမှာလည်း မကျေနပ်ချက်တွေပြည့်လာတယ်။ သူဘာကြောင့်များ ဒီလိုအနိုင်ကျင့်ခံရတာလဲ?!
ဟဲ့ချန်းမင်ကိုယ်ကိုကိုင်းညွှတ်ပြီး သူ့လက်မောင်းကြားမှာ ကောင်လေးကိုအတင်းအကျပ်ချုပ်ကိုင်ထားပြီး တောင်းပန်တဲ့လေသံတိုးတိုးနဲ့ “ကိုယ့်ကိုခဏလောက် ဖက်ထားခွင့်ပေးပါ၊ ခဏလေးပဲ” ကျီလျောင့်ကိုဖက်ထားတာက သူ့ကိုစိတ်သက်သာရာရစေတဲ့ တစ်ခုတည်းသောနည်းပဲလို့ ခံစားရတယ်။
လင်ကျန်းသူ့ကို ကျီလျောင်က တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးမှာ ပက်သက်နေတယ်လို့လာပြောတုန်းက သူဘယ်လောက်တောင်ကြောက်သွားလဲဆိုတာ ကောင်းကင်ကြီးပဲသိလိမ့်မယ်။ ဒီရက်ပိုင်းလေးအတွင်းဝမ်းသာစရာတွေက အတုအယောင်တွေဖြစ်ကုန်မှာ သူကြောက်တယ် _ အဆုံးမှာ ကျီလျောင်က မိန်းကလေးတွေကိုရွေးခြယ်သွားမှာ သူကြောက်တယ်။
သူကအမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။ ကျီလျောင်နဲ့ဆိုရင်တော့ သူကဖုန်မှုန့်လောက်ထိကို နိမ့်ကျသွားရတယ်။
ကောင်လေးရဲ့မေးကိုမော့ပြီး ဟဲ့ချန်းမင်သူ့နှုတ်ခမ်းနဲ့ခြယ်လှယ်နေပြီး နောက်တစ်ခဏအတွင်းမှာ အားနဲ့မရုန်းထွက်နိုင်အောင် ဖိကြိတ်နေတော့တယ်။ ကျီလျောင်မျက်မှောင်ကြုတ်သွားပေမယ့် ဆက်တော့မရုန်းတော့ဘူး။ သူတိတ်တိတ်လေးပဲငြိမ်နေပြီးနောက် ပြန်တုန့်ပြန်ပေးဖို့ ကြိုးစားပေးလိုက်တယ်။
ဟဲ့ချန်းမင် အရမ်းကိုပျော်သွားတယ် _ ပျော်လွန်းအားကြီးလို့ သူ့ကိုမွန်းကြပ်ပြီးသေမလိုနီးပါးတောင်ဖြစ်သွားစေတယ်၊ ဒါကြောင့် နောက်စက္ကန့်ပိုင်းလောက်ကြာတော့ လွှတ်ပေးလိုက်တယ်။
“ကိုယ့်ကိုကြိုက်တယ်လို့ပြောပေး ကျီလျောင် ကိုယ့်ကိုကြိုက်တယ်လို့ပြော” သူ့နားထဲကို လေမှုတ်ပြီး ပြောဖို့တိုက်တွန်းတော့တယ်။
ကျီလျောင်အသက်ကိုပြင်းပြင်းရှုနေရတယ်။ သူ့နားထဲမှာကြားနေရပေမယ့် ပါးစပ်ကပြန်မပြောခဲ့ဘူး။
“ဘာလို့မပြောရတာလဲ?” ဟဲ့ချန်းမင်သူ့ကိုယ်သူပြန်မတ်ပြီး မသက်မသာမေးလိုက်တယ်။
ကျီလျောင်သူ့အကြည့်တွေကို ရှောင်ဖယ်နေတယ်။ သူမပြောချင်ဘူး။ ဒီစကားလုံးတွေက သူ့အတွက်ပြန်နောက်ဆုတ်နိုင်မယ့် ကျန်ရှိနေတဲ့စကားလုံးတွေဖြစ်တယ်။ သူတို့ပြတ်သွားကြရင်တောင်၊ သူလှည့်စားခံရတယ်ဆိုရင်တောင် အနည်းဆုံးတော့ သူ့မှာသိက္ခာဆယ်စရာ နည်းနည်းလေးတော့ကျန်နေသေးတာပေါ့…
ဟဲ့ချန်းမင်ကျတော့ သူ့ကိုသဘောမကျသေးလို့ မပြောချင်တာဆိုပြီးထင်သွားတယ်။
“ကိစ္စမရှိဘူး ကိုယ်မင်းကိုကြိုက်နေတာပဲ”
ကျီလျောင့်ကိုရော သူ့ကိုယ်သူပါပြောလိုက်တယ်။
သူကျီလျောင့်ကိုဖက်ပြီး သူ့ခေါင်းကို ကောင်လေးလည်ပင်းကြားနှစ်ထားလိုက်ပြီး ကောင်လေးကိုယ်က သန့်ရှင်းပြီးလတ်ဆတ်တဲ့အနံ့လေးကို ရှုသွင်းနေလိုက်တယ်။
ကျီလျောင်အပြစ်ရှိသလိုခံစားသွားရတယ်၊ သူခဏလောက်တွန့်ဆုတ်နေပြီး ဟဲ့ချန်းမင်ရဲ့ပုခုံးကိုလက်နဲ့တို့လိုက်တယ်။ ဟဲ့ချန်းမင်ခေါင်းထောင်လာတဲ့အခါ ကျီလျောင်မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ သူ့နှုတ်ခမ်းတွေနဲ့ ဟဲ့ချန်းမင်နှုတ်ခမ်းကိုနမ်းလိုက်တယ်။
သူ့ဘာသူတွေးလိုက်တာက ဒီဟာကအရမ်းကိုရှင်းနေပြီပေါ့။ ဟဲ့ချန်းမင်သူ့ကိုနမ်းတာကို ခွင့်ပြုပေးတယ်၊ ဖက်တာလည်းခံတယ် ပြီးတော့ အခုဆိုရင် သူကိုယ်တိုင်တောင်စလိုက်သေးတယ်။ အဓိပ္ပါယ်က ရှင်းနေပြီမှတ်လား?
ဟဲ့ချန်းမင် ခဏလောက်တောင့်တင်းနေပြီးမှ ခပ်ဖွဖွရယ်မောကာ “ဘာလဲ စွဲသွားပြီလား? ထပ်လုပ်ချင်သေးလို့လား?” [T/N : အဲ့မှာပဲ ဒူနေလိုက်၊ ဒုံးဝေးနေလိုက်!!]
ကျီလျောင် “…”
[စောင့်နေရတဲ့သူတွေကို အားနာလိုက်တာ၊ Update မျှော်နေတာတွေမြင်တော့ ရေးပေးနေပေမယ့် အိပ်ပျော်သွားလို့ ဆောတီးပါနော်]
_____
Thanks 😉