"အကိုဘတ်ဟျွန်း အဆင်ပြေရဲ့လားကလေးနဲ့"
ဒီနေ့က ဆေးရုံမှာဟိုကောင်မလေးကိုပြုစုပေးဖို့ စလာလို့ရပြီဆိုလို့ထွက်လာလိုက်တာ အက်ိုချန်းယောလ်ကလည်း သိပ်နေမကောင်းချင်၊ ဆိုင်ကလည်းရောင်းကောင်းနေတာနဲ့ပဲ ကလေးထိန်းဖို့လူမရှိတာနဲ့ တစ်ခါတည်းခေါ်လာခဲ့လိုက်တာ။ အခန်းကလည်း VVIPခန်းဆိုတော့ သမီးကိုသိပ်ထားဖို့ နေရာတော့ရှိကောင်းပါရဲ့။
"အွမ်း အဆင်ပြေပါတယ် ဂယောင်ဆူးရဲ့ ကျေးဇူးပဲနော် ဒါနဲ့ဟို သူဌေးကတော်"
"မပူနဲ့အကို ကျွန်တော်ပြောထားတယ်။ အကိုမှန်းတော့မသိဘူး။ အသိမို့စိတ်ချလို့ပြောထားတာ။ အခုလည်းသူ့အမျိုးသား ဆေးပြသွားကြတယ်ထင်တယ်။ သူလာရင် ကျွန်တော့်ကိုအရင်လာတွေ့တာမို့အကို ရှောင်ချိန်ရပါတယ်"
"အာ တကယ်ကျေးဇူးပါ"
"ဟုတ်အကို ရတယ်။ ဒါဆိုကြိုးစားလိုက်ပါဦး။ ဆယ်ဟွန်းလာရင်ကလေးအခေါ်လွှတ်လိုက်မယ်နော်"
"အွမ်းအွမ်း"
ဂယောင်ဆူးလည်း ထွက်သွားပြီမို့သမီးရဲ့နို့ဘူးတွေ ဒိုင်ပါတွေ စုထည့်ထားတဲ့ အိတ်ကိုဆွဲကာ ကောင်မလေးအခန်းကို တံခါးဖွင့်ပြီးဝင်လာခဲ့လိုက်သည်။
အင်း ကောင်မလေးက တော်တော်သက်သာနေသည့်ပုံပါပဲ။ စတွေ့တုန်းကလ်ို မဟုတ်တော့ဘူး။ ဒဏ်ရာ အမာရွတ်တွေလဲ မရှိနေတော့ပဲ ဒီတိုင်းအိပ်မောကျနေသည့်ပုံလေးပင်။
ဘေးမှာရှိတဲ့ဆိုဖာပေါ်ထိုင်ကာ ခဏ သမီးကိုချော့သိပ်လိုက်ပြီး သမီးအိပ်ပျော်သွားမှ အောက်ကသေးစိုခံအခင်းလေးခင်းကာ ချသိပ်လိုက်ပြီး ပြုတ်ကျမှာစိုးလို့စားပွဲကို ဆိုဖာနားထိတိုးပေးထားလိုက်သည်။
စစချင်း တွဲလျက်ပါတဲ့ ရေချိုးခန်းထဲဝင်ကာ ရေဇလုံထဲရေအပြည့်ဖြည့်ပြီးတဘက် တစ်ထည်နဲ့ ကောင်မလေးရဲ့လက်ကလေးတွေခြေထောက်လေးတွေကို ရေပတ်တိုက်ကာသေချာသန့်စင်ပေးနေမိသည်။ မျက်နှာလေးကိုပါ သန့်စင်ပေးမိတော့မှ သေချာကြည့်မိသည်။ တော်တော်ချစ်စရာကောင်းတဲ့ကလေးလေးပဲ။ ဒီလောက်အကြာကြီးလှဲနေရတာ ညောင်းနေရှာမှာ ကလေးအရွယ်က အလယ်တန်းလောက်ပဲရှိသေးတဲ့ ကလေးလေး။သနားပါတယ်ကွယ် ဘယ်လိုအဖြစ်ဆိုးကြီးပါလိမ့်။
ရေပတ်တိုက်ပေးပြီးတော့ ဂယောင်ဆူးပြောခဲ့သလို လက်ကလေးတွေခြေထောက်လေးတွေကို ဖြည်းဖြည်းချင်းလေးနှိပ်ပေးနေတုန်း တံခါးဖွင့်သံကြားတာကြောင့် လှည့်ကြည့်လိုက်တော့ ၀င်လာတာလူကြီးတစ်ယောက်။ တစ်ခါမှလည်းမမြင်ဖူးဘူး။ အယ် ဟိုတခါသူဌေးကတော်နားကလူလားမသိ။
"မင်းကဘယ်သူလဲ"
အခန်းထဲတစ်လှမ်းချင်ဝင်လာကာမေးလာသည်မို့
"ဟို ကျွန်တော်က ဒီနေ့မှ အသစ်အလုပ်စဝင်တဲ့သူပါ"
"နေဦး ငါမင်းကိုမြင်ဖူးပါတယ် ဘယ်မှာပါလိမ့်"
"အဲ့ "
ထိုလူကြီးက စဉ်းစားသလိုငြိမ်နေပြီးမှ ဟိုဒီကြည့်ရင်းဆိုဖာပေါ်ကသမီးရဲ့အသံလေးကြောင့် မျက်လုံးကသမီးဆီရောက်သွားပြီး
"အာ ငါမှတ်မိပြီ မင်း မင်းဝူရီဖန်ရဲ့ယောက်ျားမို့လား။ မင်းကဘယ်လိုလုပ်ဒီကို မမရော သိလား"
"ဟို"
"ဟာကွာ ဘာနေနေ သွားသွား ထွက်သွားစမ်းပါ့။ ငါတို့နဲ့ လာမပတ်သက်စမ်းပါနဲ့ကွာ သွား သွား"
သမီးအိတ်တွေရောဆွဲကာ လက်ထဲအတင်းတွန်းထိုးထည့်နေတာမို့ သမီးကိုပါ တစ်ခုခုထိခိုက်မှာစိုးလို့ အမြန်ကောက်ပွေ့လိုက်ရသည်။ လူကြီးက အားသန်လွန်းသလို ခဏလေးမှာပဲသမီးကိုပွေ့ချီထားတဲ့ကျွန်တော်လည်း အတင်းတွန်းခံရတာနဲ့အခန်းဝပင်ရောက်လုပြီ။
ဒီလိုတော့ အဖြစ်မခံနိုင်ပါ။ ဘယ်လိုပဲပြောပြော အဖြစ်မှန်တစ်ခုပေါ်ပေါက်ဖို့ဒီကောင်မလေး ကျန်းမာလာဖို့လိုအပ်သည်။ ဒါကြောင့် ကိုယ်တ်ိုင်ကိုယ်ကျပြုစုပေးကာ အမြန်သတိရလာစေချင်သည်။
ဘယ်လိုပဲ တွန်းထုတ် တွန်းထုတ် တစ်လှမ်းမှမရွေ့အောင် တောင့်ခံထားရင်းဂယောင်ဆူးကိုဖြစ်ဖြစ်ရောက်လာစေချင်ပါသည်။
**********
"ဟာ ဂျုံမဲရာ ဘယ်လိုဖြစ်နေတာလဲ"
"မင်းကို ချစ်နေတာလေ"
အဖေ့ဆီလာမယ်ဆိုပြီး အိမ်ကထွက်လာကတည်းက နောက်ကနေတောက်လျှောက်လိုက်ကာတောက်တဲ့လို ကပ်တွယ်နေပြန်သည်။ ဆေးရုံရောက်တော့ ဘေလ်သွားရှင်းလည်းတကောက်ကောက် အဖေ့ကိုလိုအပ်တာတွေလုပ်ပေးတော့လည်း သူကပါ ကူလုပ်ပေးနေပြန်သည်။ တကယ်ပဲ စိတ်လည်းရှုပ်သလို အသည်းလည်းယားလှသည်။
ဘယ်လောက်ချစ်ချစ် တင်းခံပြီးကို နေဦးမှာ။ ဒါမှ ကိုယ့်အချစ်ကိုလေးစားမှာ။
"ဘာကြည့်နေပြန်တာလဲ စားလေကွာ"
"ဟီး အေးပါ စားပါတယ်"
အဖေ့ကိစ္စ အားလုံးပြီးလို့ပြန်မယ်ဆိုပြန်တော့လည်း ဆေးရုံကန်တင်းမှာနေ့လယ်စာကျွေးပါ၊ ဗိုက်ဆာပါတယ်ဆိုလို့ အခု၂ယောက်သားထိုင်စားနေကြခြင်း။
စားတာကနည်းနည်း တကယ်ပဲလူကိုမင်းသားကျနေတာပဲ ပြူးပြဲပြီးကြည့်နေတာ။ အင်းလေ သူကြည့်လဲကြည့်ချင်စရာပဲ။ ငါဆိုတဲ့အိုဆယ်ဟွန်းလေးကလည်း ကြည့်မ၀အောင်နုဖက်နေတာကို ခိခ်ခိခ်။
"ဟာ ဆယ်ဟွန်း ရောက်နေတာလား"
အကိုဂယောင်ဆူးကလည်း နေ့လယ်စာ စားဖို့လာသည့်ဟန်။
"ဟုတ်အကို အလုပ်ရှုပ်နေမယ်ထင်လို့ အဖေ့အခြေအနေကို ညမှပဲမေးမယ်ဆိုပြီး မလာတော့တာ အကို့ဆီ"
"အေးပါကွာ ဂျုံအင်လည်းပါလာတာလား"
"ဟုတ် အကို"
ရှေ့က အကိုဂယောင်ဆူးကို ပြုံးဖြီးကာပြန်ဖြေနေသူကြောင့် ဆယ်ဟွန်းတကယ်ရယ်ချင်မိသည်။ အရင်ကသူမဟုတ်တဲ့အတိုင်းပဲ။
"ဆယ်ဟွန်း အက်ိုဘတ်ဟျွန်းလည်းမပြန်သေးဘူး"
"ဟုတ်လား ကျွန်တော်က ပြန်သွားပြီမှတ်နေတာ"
"ဟုတ်တယ် မပြန်သေးဘူး ခုနကမှရောက်လာတာ ကလေးတစ်ဖက်နဲ့ဆိုတော့ လမ်းမှာကြာနေတာနေမယ်"
"ဟုတ်မယ် ဟုတ်မယ် ကျွန်တော်တောင်ဒီနေ့ဘေလ်ရှင်းရဦးမှာမို့ထွက်ခဲ့ရတာ ဆိုင်ကအရမ်းလူကျနေတာ"
"အွမ်း အဲ့ဒါကလေး ပြန်ခေါ်သွားတာဖြစ်ဖြစ် ခဏဖြစ်ဖြစ်သွားထိန်းကူပေးလိုက်ပါလား"
"ထိန်းရမှာပေါ့အကိုရဲ့အဲ့ဒါဆိုကျွန်တော်သွားပြီနော်"
အကိုဂယောင်ဆူးနဲ့ပြောပြီးတာနဲ့ချက်ချင်းထပြေးသွားတဲ့ကောင်လေးကြောင့် ဂျုံအင်လည်း စားနေရင်းကနေ ထလိုက်ပြေးရသည်။
"အကိုသွားပြီနော် ရား.... ဆယ်ဟွန်း စောင့်ဦးလေ ရား..... "
**********
"ဟင့်အင်း မသွားဘူး မလုပ်ပါနဲ့ကျွန်တော် ကောင်းကောင်းစောင့်ရှောက်ပေးမှာပါ"
"မလိုချင်ဘူး သွား မင်း အခုထွက်သွား"
အပေါ်ဆုံးထပ် အခန်းကလည်း ဈေးအကြီးဆုံးတွေမို့ လူသွားလူလာသိပ်မရှိ အခန်းရှေ့မှာ ကုပ်ကပ်ကာနေတဲ့ ဘတ်ဟျွန်းနဲ့အတင်းကိုမောင်းထုတ်နေတဲ့လူကြီးသာ ရှိလေသည်။ ၂ယောက်သား တွန်းထိုးနေတာမို့ သမီးကိုသာ သတိထားပြီးထိန်းနေရတာနဲ့ အိတ်ထဲကပစ္စည်းတွေပြန့်ကြဲပြီးကျနေတာကိုလည်း ဂရုမစိုက်နိုင် ဒီတစ်ကြ်ိမ်လှည့်ပြန်သွားခဲ့ရင်နောက်တစ်ခါ လာခွင့်မရှိတော့မှာက်ို စိုးပါသည်။
"သွားကွာ သွား"
"အကိုဘတ်ဟျွန်း"
"ဆယ်ဟွန်းလေး"
ကိုယ့်နာမည်ခေါ်လိုက်တာမို့ ကြည့်လိုက်တော့ အံ့အားသင့်နေသလို ရပ်ကြည့်နေတဲ့ဆယ်ဟွန်း။
"ဆယ်ဟွန်း လာ လာပါဦး သမီးခေါ်ထားပါဦး"
"အာ ဟုတ် ဟုတ်ကဲ့"
ဆယ်ဟွန်းက ကိုယ်တွေကြားဝင်ကာသမီးကို ဆွဲယူသွားပြီး ဘေးကနေ ကျွန်တော်နဲ့ဟိုလူကြီး စကားအခြေအတင်းဖြစ်နေတာကို ရပ်ကြည့်နေသည်။ သူလည်းဘာဝင်ပြောရမလဲသိမှာမဟုတ်ပါဘူးလေ။
"ဆယ်ဟွန်း ရား စောင့်ဦးဆိုနေ"
တအောင့်လောက်ကြာမှ အော်သံကြီးနဲ့ ရောက်လာသောဂျုံအင်ကြောင့် ကျွန်တော်တို့လည်း ပြောနေရာက ရပ်သွားရသည်။ ဆယ်ဟွန်းကတော့တိုးတိုးနေဆိုတဲ့ပုံစံနဲ့ လက်ညှိုးလေးကိုနှုတ်ခမ်းပေါ်တင်ကာ လုပ်ပြနေပေမယ့် ကျွန်တော်နဲ့စောနကတွန်းထိုးကန်ကြောက် ရန်စကားဆိုနေတဲ့ဟိုလူကြီးက သူမဟုတ်သလိုအပြုံးနဲ့
"အာ ကင်ဂျုံအင်ပဲ ဘာလာလုပ်တာလဲ မောင်ရင်"
"အော် ဦးလေးလီဂျွန်ပဲ ဘာလာလုပ်တာလဲ"
"ဒီမှာဆေးရုံတက်နေတဲ့ တူမလေးဆီလာတာပါ မောင်ရင်ကကော"
ဂျုံအင်က ဆံပင်တွေပါစုတ်ဖွာကာ ပစ္စည်းတွေပြန့်ကြဲနေပြီး ငြိမ်နေသည့်အကိုဘတ်ဟျွန်းကိုကြည့်လိုက်ပြီးတော့မှ အခြေအနေကိုအကဲခတ်လိုက်ကာ
"ကျွန်တော့်အကိုဆီလာတာပါ ဟောဒီက အကိုဘတ်ဟျွန်းဆီလာတာ"
"ဟင် Kim groupက သားတစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား"
"ဟက် သွေးတော်မှမိသားစုမဟုတ်ပါဘူးဗျာ။ မေတ္တာတွေနဲ့စေတနာတွေနဲ့အပြည့်အ၀နားလည်ပေးနိုင်တဲ့သူအချင်းချင်းလည်း မိသားစုတော်လို့ရပါတယ်။ ဒါနဲ့ ဒီမှာဘာတွေဖြစ်နေတာလဲ"
"ဂျုံအင့်အကိုက ဦးတူမကိုပြန်ပေးဆွဲခဲ့တဲ့သူရဲ့ယောက်ျားဖြစ်နေတယ် အခုသူကဒီမှာရှိနေလို့"
"ဒါနဲ့ပဲ နှင်ထုတ်နေတယ်ပေါ့။ ဟက် အဖေကိုတောင် ဖြုတ်ချဖို့ကြံနေတဲ့ဦးလေးက တူမကိုစိတ်ပူနေတာ အံ့သြစရာပဲ တော်တော်ချစ်တယ်ထင်တယ်နော်"
ခပ်မဲ့မဲ့အပြုံးနဲ့ဂျုံအင်ကပြောလိုက်တော့ လီဂျွန်ဆိုသူက မျက်နှာပျက်သွားကာ
"ဒါကတော့ သူ့မှာတစ်ခုခုအကြံရှိနေမှာစိုးလို့ပါ"
"အကို့ကို ဆက်လုပ်ခိုင်းပေးပါ။ သေချာပေါက် အကိုဘတ်ဟျွန်းက အန္တရာယ်မရှိစေရဘူး ဦးလေးရဲ့ချစ်လှစွာသောတူမအတွက် "
"ဒါကတော့"
"လုပ်ပါဦးလေးရာ အမှားအတွက်ပြင်ဆင်ချိန်ပေးတယ်ပဲ သဘောထားလိုက်ပါ။ ကျွန်တော်တို့လည်း အလုပ်တွေအတူလက်တွဲပြီး လုပ်ကြရဦးမှာပဲကို ကျွန်တော် စိတ်မကွက်ချင်ဘူး"
"အေး အေးပါ မောင်ရင်ရယ်။ ဂျုံအင့်ကိုယုံလို့ အခွင့်အရေးပေးတယ်လို့သိထားပါ။ ငါမင်းကိုအမြဲစောင့်ကြည့်နေမယ် "
"ကျေးဇူးပဲ"
ဘတ်ဟျွန်းဘက်ကို ကြည့်ကာပြောလာတာမို့ ပစ္စည်းတွေပြန်ကောက်နေရင်းကနေ ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည်။
"ဒါဆို ဦးလေးသွားတော့မယ်။ အလုပ်လေးလည်းရှိသေးလို့ ခွင့်ပြုပါဦး"
အီလည်လည်မျက်နှာနဲ့နှုတ်ဆက်ကာထွက်သွားတဲ့လူကြီးကို ဂျုံအင်တစ်ချက်ပဲ ခေါင်းညိတ်ပြလိုက်သည်။
"ဝါး.....ဝါး တကယ်ပဲ မိုက်တယ် ဇာတ်လမ်းထဲရောက်သွားသလ်ိုပဲ"
"ဟုတ်ပါ့ ဂျုံအင်ကကြည့်ကောင်းလိုက်တာ မိုက်တယ်"
ကလေးတစ်ဖက်နှင့် လက်မကလေးထောင်ကာအံ့သြချီးကျူးနေတဲ့ ဆယ်ဟွန်းနဲ့ အကိုဘတ်ဟျွန်းကလည်း အခုမှပဲရင်ထဲက အလုံးကြီးကျသွားသလို လက်ခုပ်လေးတီးပြီးပြောလာသည်။
"ကိုယ်ကဇာတ်လမ်းထဲမှာဆို မင်းက မင်းသားလုပ်ပါလားဟင် ဆယ်ဟွန်း။ ကိုယ့်အတွက်ဇာတ်ဆောင်မင်းသား"
"အဟမ်းအဟမ်း"
"အာ ဂျုံအင်ကလည်း အကိုဘတ်ဟျွန်းရှိတာကို"
"အမလေး အကို့ကို ကိုယ်ပျောက်လူသားလို့ သဘောထားလိုက်ပါဗျာ"
"ဟားဟား~~~ဟုတ်တယ် အခုကိုယ်တို့၂ယောက်ပဲရှိတယ်။ ကဲ အဖြေပေးတော့လို့ဆိုနေ"
"ဟမ်"
"ချစ်လား ကြိုက်လား ၂ခုထဲက၁ခုရွေး"
မျက်နှာကြီးရှေ့တိုးကာပြောင်ချော်ချော်နဲ့လုပ်နေတဲ့ဂျုံအင့်ကိုဆယ်ဟွန်းအချစ်တွေတိုးရပါသည်။
"၂ခုလုံး"
"ဟေး~~~"
ဆယ်ဟွန်းပြောတော့ ဝမ်းသာအားရ ထအော်တဲ့ ဂျုံအင့်ကြောင့် စချင်တာနဲ့
"၂ခုလုံး မဟုတ်ဘူးလို့"
"ဟင် ဘာလဲကွာ မင်းကြိုက်နေတာငါသိတယ်နော် ဖြေ မှန်မှန်"
"ဘာလို့လာအော်နေတာလဲ"
"ဟီး ဆယ်လေးကလည်း အော်ပါဘူးကိုယ်ကအားပါသွားတာ"
"ဟားဟား"
မျက်စိရှေ့ကကြောင်နဲ့ကြွက်ရဲ့အချစ်ဇာတ်ဝင်ခန်းကြောင့် ဘတ်ဟျွန်းအော်လို့ပင်ရယ်မိတော့သည်။
"လူလည် ၂ခုလုံးမဟုတ်ဘူး "
"ဘာလဲ ဒါဆိုဘာလဲလို့"
"အင်း ချစ်တာလဲမဟုတ်ဘူး။ ကြိုက်တာလဲမဟုတ်ဘူး။ ငါ မင်းကိုလေ ဟော့ဒီနှလုံးသားထဲကနေကို တုန်ခါနေအောင်အရမ်းမြတ်နိုးတာ"
"တကယ် တကယ်လား တကယ်နော်"
ကလေးမုန့်ရသွားသလိုပျော်နေပြန်သည့်ဂျုံအင်။
"ဟုတ်ပါတယ်ဆို"
"အကို အကိုဘတ်ဟျွန်း ဆယ်ဟွန်းက ချစ်တယ်တဲ့ "
"အေးပါကွာ ပေးပေး ဆယ်ဟွန်း သမီးကို ပြန်နှင့်ကြတော့လေ။ အိမ်တော့တန်းမပြန်နဲ့ လည်လိုက်ကြဦး ဒီနေ့"
"ဟုတ်အကိုဘတ်ဟျွန်း"
"ဟုတ်တယ် လည်မယ် လည်မယ်။ ဘယ်သွားချင်လဲဆယ်ဟွန်း ပန်းခြံလား၊ ကစားကွင်းလားဟင် ဟင်လို့"
"နေပါဦး ဂျုံအင်ရယ် စဉ်းစားပါရစေဦး"
"အဲ နေဦး အခုဖြစ်သွားတာတွေကို အကိုချန်းယောလ်ကိုပြန်မပြောရဘူးနော် ကတိ။ အကိုစိတ်ပူနေမှာစိုးလို့ အခုလည်းဂျုံအင့်ကျေးဇူးကြောင့်အဆင်ပြေသွားပြီကို"
"မပြောပါဘူး အကိုရဲ့ စိတ်ချ"
"ကျေးဇူးနော် ဂျုံအင်"
"ရပါတယ် အက်ိုရယ် ကျွန်တော်တို့သွားပြီနော်တာ့တာ"
ဆယ်ဟွန်းကို နောက်ကနေသိမ်းကျုံးဖက်ကာ ခေါင်းကဆေးရုံအမိုးပင်တိုက်တော့မတက် မြောက်ကားကြီးဖြစ်နေတဲ့ဂျုံအင်က တော်တော်ပျော်နေသည့်ပုံပင်။ ကောင်းပါတယ် ချစ်တဲ့သူချင်းပေါင်းဖက်ရတာမင်္ဂလာပဲမို့လား။
**********
"ဟင် အစောကြီးပြန်လာတာလား။ ဖေကြီး ဟိုကောင်မလေးဆီမ၀င်ခဲ့ဘူးလား"
Tvကြည့်နေရင်းပြန်လာတဲ့ယောက်ျားဖြစ်သူကို သိချင်တာ ဆီးမေးလိုက်သည်။
"၀င်ခဲ့တယ်"
"မြန်လိုက်တာ။ ဘယ်လိုလဲအသစ်ခေါ်တယ်ဆိုတဲ့သူနဲ့ ညှိလို့အဆင်ပြေခဲ့လား"
"မပြေဘူးကွာ။ အဲ့ကောင်က ဟိုဆုံးသွားတဲ့ကောင်စုတ်ရဲ့ယောက်ျားဖြစ်နေတယ်"
"ဟယ်တော် ဘယ်လိုလုပ်ကြမလဲ"
"မသ်ိတော့ဘူးကွာ Kim groupကသားနဲ့လည်း ပတ်သက်နေတော့လုပ်ချင်သလိုလုပ်လို့မရဘူးကွာ စိတ်ရှုပ်တယ်။ သေသွားတဲ့ကောင်ကလည်းလျှာရှည်လို့ ခုကောင်ကလည်းကန့်လန့်ဖြစ်အောင်လုပ်နေတာ စိတ်တိုတယ်ကွာ"
"နေပါဦးဖေကြီးရဲ့ တစ်ခုကျန်ပါသေးတယ်။ တာဝန်ယူထားတဲ့ဆရာဝန်နဲ့ညှိကြည့်ရင်ကော"
မျက်လုံးများအရောင်တောက်သွားကာ ထွက်ပေါက်တစ်ခုတွေ့သလိုဖြစ်ပြီးမှ
"ဖြစ်ပါ့မလား မမနဲ့ရင်းနှီးသလိုပဲကြည့်ရတာ"
"ဖေကြီးရယ် ငွေမကြိုက်တဲ့သူဘယ်သူရှိမှာလဲ "
"အေးဟုတ်သားပဲ ဟား ဟား တော်တယ်မေကြီး"
Tvထဲကအသံတွေကိုပင် လွှမ်းမ်ိုးသွားအောင် လင်မယား၂ယောက်ရယ်လိုက်မိကြသည်။
**********
ဆက်ရန်