"စောင့်နေတာကြာပြီလား မောင်ရင်"
အိုမားပြောတဲ့နေရာကို အချိန်ကွက်တိဖြစ်အောင်ထွက်လာခဲ့သော်လည်း ချိန်းထားတဲ့သူကနောက်ကျနေတာမို့ ၁၅မိနစ်လောက်ထိုင်စောင့်နေလိုက်ရသည်။
ကော်ဖီတစ်ခွက်မှာကာ ဖုန်းသုံးနေရင်း စောင့်နေတုန်း ၀တ်စုံအပြည့်နဲ့လူကြီးတစ်ယောက် စားပွဲဝိုင်းအနားရောက်လာတာမို့ သုံးလက်စဖုန်းကိုခုံဘေးချလိုက်သည်။
"ရပါတယ် ၁၅မိနစ်လောက်ပေါ့"
"ဦး အားနာပါတယ်ကွာ လမ်းကျပ်နေတာနဲ့"
"ဖြစ်တတ်ပါတယ်"
"Kim သူဌေးရဲ့သားဆိုတာ မောင်ရင်ပေါ့။ ဦးကShin groupကပါ "
"ဟုတ် ကင်ဂျုံအင်ပါ။ ဒါနဲ့Shin groupက သူဌေးကို ကျွန်တော်မြင်ဖူးပါတယ်"
အရင်က အဖေနဲ့အလုပ်ကိစ္စတွေမှာလိုက်ဖူးတာမို့ သူ့ကိုယ်သူShin groupကလို့ ပြောနေသူကို ဗြောင်ပဲမေးလိုက်မိသည်။
"အာ ဒီလိုပါ ဦးက Shin groupရဲ့ယောက်ဖတော်တာပါ။ ဦးနာမည် လီဂျွန်ပါ"
"အော် ဒါနဲ့ဘာကိစ္စလဲမသိဘူး"
"ဒီလိုပါ ဦး ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ မောင်ရင်တို့ကShin groupမှာ shareများတယ်။ ဦးယောက်ဖကလည်း အရင်ကလောက် မစွမ်းဆောင်နိုင်တော့ဘူးဆိုတာ မောင်ရင်လည်းကြားမှာပါ။ အဲ့တော့မောင်ရင်တို့ shareတွေ ဦးကိုမျှပေးပါ။ ဦး နောက်တက်မဲ့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ချင်တယ်"
စကားအရှည်ကြီးပြောကာ မောသွားဟန် စားပွဲပေါ်ရှိ ရေခွက်ထဲကရေကိုတစ်ချက်မော့သောက်နေသူကို ဂျုံအင် အေးဆေးသာထိုင်ကြည့်နေလိုက်သည်။
"အဲ့လိုလုပ်ရင် ကျွန်တော်တို့ဘက်က ဘာအကျိုးရမှာလဲ"
"အဟမ်း မောင်ရင်တို့ရဲ့လက်အောက်ခံCompanyအဖြစ် ၁နှစ်နေပေးမယ်"
"ကောင်းပြီလေ။ ဘာလို့ဒီလိုလုပ်ချင်နေတာလဲဆိုတာတော့ မသိပေမယ့်သေချာစဉ်းစားပေးပါ့မယ် "
"ကျေးဇူးပါ။ မောင်ရင် ကူညီမှဖြစ်မဲ့အရေးမို့သေချာလေး စဉ်းစားပေးပါ"
"ဒါဆို ခွင့်ပြုပါဦး"
ဂျုံအင် ထိုလူကြီးရှေ့ကနေ ပြောစရာရှိတာ တိုတိုတုတ်တုတ်ပြောပြီး ထွက်ခဲ့လိုက်တော့သည်။
အရင်က အဖေဘယ်လိုတွေစီမံလဲမသိလို့သာ စဉ်းစားမယ်ပြောလိုက်တာ။ ကိုယ်သာဆို တန်းငြင်းမိမှာအမှန်ပဲ။ မိသားစုချင်း ဥက္ကဋ္ဌနေရာနဲ့ပတ်သက်ပြီး သူမဖြစ်ရဘူး၊ ကိုယ်ဖြစ်ချင်တယ် လုပ်နေတာတွေကိုစိတ်တိုင်းသိပ်မကျချင်။
**********
"အကိုဂယောင်ဆူး "
"ဆယ်ဟွန်း တောင်းပန်ပါတယ်ကွာ။အကိုအဲ့ဖိုင်ကို ညနေအထက်တင်ရမှာမေ့နေခဲ့လို့ လာပို့ပေးတာကျေးဇူးပါ"
"ရပါတယ်အကိုရာ ဒါနဲ့"
ဖိုင်မေ့နေလို့ အခန်းထဲကရှာပြီး အားရင် လာပို့ပေးပါလားလို့ ဖုန်းခေါ်ပြောလာသည်မို့ အကိုချန်းယောလ်ဆီကဆိုင်ကယ်ယူကာ အကိုဂယောင်ဆူးပြောတဲ့ ဆေးရုံနားက ဆိုင်တစ်ခုကိုလာပို့ပေးရသည်။
ဆိုင်ထဲရောက်တော့ အကိုဂယောင်ဆူးတစ်ယောက်တည်းမဟုတ် အရပ်ရှည်ရှည်နဲ့ ကောင်လေးတစ်ယောက်ကပါ ဘေးမှာထိုင်နေတာမို့ ဆယ်ဟွန်းမေးလိုက်တော့
"ဒါ Taoတဲ့ မနေ့ကမှတရုတ်ကပြန်ရောက်တာ။ ကိုကို ဒါ ဆယ်ဟွန်းလေ အတူအခန်းငှားနေတဲ့ဆီက ညီလေး"
"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဆယ်ဟွန်း။ ဂယောင်ဆူးလေးကို ကူညီပေးပါဦးနော်"
"ဟုတ်ကဲ့ပါဗျာ။ အခုတော့အကိုဂယောင်ဆူးကပဲ ကျွန်တော်တို့ကို ကူညီနေရသေးတယ် ခိခ်ခိခ်"
"နောက်များပေါ့ဗျာ။ ကိုယ်က ဟိုကူးလိုက်ရဒီပြန်လာလိုက်ရနဲ့စိတ်မချလို့ပါ"
"ဟုတ်ကဲ့ပါ"
"ကောင်လေးအသစ်နဲ့ တွေ့နေလဲ ကျွန်တော့်လှမ်းတိုင်ဗျ"
"ကိုကိုနော်"
"ဟုတ် ခိခ်ခိခ်"
အကိုဂယောင်ဆူးရဲ့ချစ်သူဆိုသူက ပျော်ပျော်နေတတ်သည့်ပုံပေါ်တာမို့ ခဏလေးနဲ့ရင်းနှီးသွားရသည်။
"ဆယ်ဟွန်းလည်း နေ့လယ်စာ တစ်ခါတည်းစားသွားနော်။ ကိုကိုသွားမှာပြီး တစ်ခါတည်းယူခဲ့ပေးပါဦး"
"ရတယ် ကျွန်တော်သွားယူမယ်လေ"
"နေနေ အကိုသွားယူလိုက်မယ်။ ဂယောင်ဆူးလေးရော ဘာထပ်လိုချင်သေးလဲ"
"တော်ပြီ"
အကိုTao ထွက်သွားမှပဲ စပ်စုစိန်လုပ်ချင်နေတဲ့ ကျွန်တော် စကားစရတော့တယ်။
"အကို အကိုTaoနဲ့ ဘယ်လိုတွေ့တာလဲ"
"ကျောင်းပြီးခါစက တရုတ်မှာ အလုပ်သင် သွားတော့ ဆေးရုံဘေးက ကော်ဖီဆိုင်မှာတွေ့တာ။ အဲ့ဆိုင်ကသူပိုင်တာလေ"
"ဝိုး လုံးဝကို ရိုမန်းတစ်ပဲ အကိုTaoက အကို့ကို အရမ်းချစ်တဲ့ပုံပဲနော်။ ကျွန်တော်တို့စကားပြောနေတာတောင် အကို့ကိုအရိပ်တကြည့်ကြည့်နဲ့"
ဆယ်ဟွန်းစကားဆုံးတော့ အက်ိုက ရှက်ပြုံးလေးနဲ့
"ကိုကိုက အကို့အချစ်ကိုရဖို့၁နှစ်နီးပါတယ် စောင့်ပေးခဲ့တာ"
"ဟင် အကိုကရော ချစ်လားဟင်"
"အင်း ချစ်တယ်အရမ်းပဲ"
**********
ဟိုလူကြီးနဲ့ ပြောစရာရှိတာပြောပြီးလို့ သီးသန့်ခန်းထဲက ထွက်လာကာအပြင်စားပွဲဝိုင်းတွေရှိရာရောက်တော့ဆယ်ဟွန်းနောက်ကျောလေးနဲ့ တူတာတွေ့လိုက်တာမို့ အနားက်ိုလျှောက်အသွား.....
"ဟင် အကိုကရော ချစ်လားဟင်"
*သူ ဘယ်သူ့ကိုမေးနေတာလဲ*
"အင်း ချစ်တယ်အရမ်းပဲ"
*သူနဲ့ စကားပြောနေတာ ဘယ်သူလဲ*
ဂျုံအင်သိချင်စိတ်ဖြင့် စားပွဲဘေးကိုအမြန်ရောက်အောင် လျှောက်သွားလိုက်တော့ ဆယ်ဟွန်းနဲ့မျက်နှာချင်းဆိုင် ထိုင်နေတာက ဒိုဂယောင်ဆူးဆိုသူ။ ခုနက မုန့်ငုံ့ကာစားနေသည်မို့ ဘယ်သူလဲ မသဲကွဲတဲ့သူကဒီလူတဲ့လား။
"ဟင် ဂျုံအင်"
ဂျုံအင့်ကိုမြင်တော့ ဆယ်ဟွန်းက အံ့သြသွားဟန်။
"လာ လိုက်ခဲ့"
"ဟာ ဘာဖြစ်နေတာလဲ"
"လာဆို"
"အက်ို ခဏနော် "
စကားပင် ဆုံးအောင်မပြောလိုက်ရ အလောတကြီး ဆွဲခေါ်သွားတဲ့ ဂျုံအင့်နောက် ပါလာခဲ့ရသည်။
ဆိုင်ရှေ့ထိ လက်ကိုမလွှတ်တမ်း ဆွဲခေါ်လာတာမို့ လက်တွေလဲ နာလှပြီ။
"မင်းဘာလုပ်နေတာလဲ ဟမ်"
"ဘာလုပ်လို့လဲ ငါက။ လွှတ်ဦး နာနေပြီ"
"ဟာ အခုဘာလုပ်နေတာလဲလို့ ဒီမှာ"
"နေ့လယ်စာ စားမလို့လေ။ မမြင်ဘူးလား မင်း ကန်းနေတာလား"
"အဲ့လောက်ထိ အားယားနေတာလားဟမ် မင်းက။ အားနေရင် မင်းအဖေကိုသွားတွေ့ပါလား"
ဘာကိုပြောချင်မှန်းမသိ ဒေါသတကြီးလာအော်နေတာမို့ ဆယ်ဟွန်းတကယ်နားမလည်တော့။
"ဘာတွေလဲဂျုံအင်ရာ မင်း"
"မင်း အဲ့ကောင်နဲ့တွဲနေတာလား ဟုတ်လား"
"ဘာတွေလျှောက်ပြောနေတာလဲ။ အကိုနဲ့ငါက ဘာလို့တွဲရမှာလဲ"
"တွေ့လား မင်း ဗြောင်လိမ်နေတာ။ ငါနားနဲ့ဆက်ဆက်ကြားခဲ့တာ"
"အေးတွဲနေလဲ မင်းနဲ့ဘာဆိုင်လို့လဲ ဟမ်"
အကြောင်းအရင်းမရှိ လူကြားထဲလာပေါက်ကွဲပြနေသည်မို့ ဆယ်ဟွန်းလည်း ပြန်အော်လိုက်တော့သည်။
"ဆယ်ဟွန်း ဟိုလေ"
"အော် အကို"
၂ယောက်သားအော်နေကြတုန်း အကိုဂယောင်ဆူးက ဆိုင်ပြင်ထွက်လာတာမို့ ဂျုံအင်ကလမ်းဘက်ကို မျက်နှာလှည့်ကာ နောက်ကျောပေး ရပ်လိုက်သည်။
"ဟို အားနာပေမဲ့ အကိုချန်းယောလ်ဆိုင်ကယ်လေးငှားပေးပါလား။ ဆယ်ဟွန်းကို အကိုတက္ကစီငှားပေးလိုက်ပါ့မယ်"
"ဟင် ဘာလို့"
"ကိုကိုက ဆိုင်ကယ်ဝယ်မလို့ ဒီနေ့သွားကြည့်မှာ နေရာက ကားငှာဖို့လည်းခက်ပြီးဘတ်(စ်)ကားလည်းမရှိလို့ ငှားလို့ရရင်"
"အော် ရတယ် ရတယ်အကို ဒီမှာသော့"
ဆယ်ဟွန်းပစ်ပေးလိုက်တဲ့သော့ကိုဖမ်းကာ ပြုံးပြပြီးဆိုင်ထဲ ပြန်ဝင်သွားသည်။
ထိုအခါမှ ဂျုံအင်က ပြန်လှည့်လာကာ
"ခြေလှမ်းတွေ သိပ်သွက်နေတယ်ပေါ့ ဟုတ်လား။ မိသားစုဝင်တွေနဲ့တောင်တွေ့နေပြီပေါ့လေ"
"ဟာကွာ"
ဆယ်ဟွန်း ဘာပြောလို့ပြောရမလဲပင်မသိတော့ ဇွတ်တွေထင်ချင်ရာထင်နေပြန်သည်။
"ဆယ်ဟွန်း ဆိုင်ကယ်ငှားလို့ ကျေးဇူးနော် "
"ဟုတ် အကို Tao"
အကိုTaoနဲ့အကိုဂယောင်ဆူးက ဆိုင်ထဲကနေ တွဲကာထွက်လာတာမို့ ဆယ်ဟွန်းစိတ်ရှုပ်နေသော်လည်း ပြန်နှုတ်ဆက်လိုက်သည်။
"ဒါဆိုအကိုတို့သွားပြီ တက်လေ ဂယောင်ဆူးလေး။ ကိုယ်ဆေးရုံဝင်ပို့ပေးခဲ့မယ်"
"အွမ်းက်ိုကို သွားပြီးနော်ဆယ်ဟွန်း၊ ဂျုံအင်ရော သွားပြီနော်"
"ကောင်းကောင်းသွားကြပါနော်"
အကိုဂယောင်ဆူးက လက်ကလေးပြကာ နှုတ်ဆက်နေသော်လည်း ဂျုံအင်ကမျက်နှာလွှဲပြီးရပ်လိုက်ပြန်ပြီမို့ဆယ်ဟွန်းကပဲ နှုတ်ဆက်လိုက်ရသည်။
၂ယောက်သား တပြုံးပြုံးဖြင့်ဆိုင်ကယ်ပေါ် တက်သွားကာ တန်းမထွက်ပဲ နည်းနည်းလေးဆိုင်ကယ်ကိုဆောင့်လိုက်တာမို့ အကိုဂယောင်ဆူးက အကိုTaoခါးကိုဖက်လျက်သား ဖြစ်သွားရသည်။
"ဟာ ကိုကိုကလည်း ဖြည်းဖြည်းလုပ်ပါ။ ပြုတ်ကျနေခဲ့တော့မယ်"
"ဟားဟား ဒီလိုမှမလုပ်ရင် ကိုယ့်ချစ်သူက ကိုယ့်ကိုဖက်မှာမဟုတ်လို့ပါကွ"
မျက်စိရှေ့က စကာ၊နောက်ကာပြောရင်း ထွက်သွားကြတဲ့သူ၂ယောက်ကိုကြည့်ရင်း ဂျုံအင် နားမလည်သလိုဖြစ်သွားရသည်။ ညီအစ်ကိုလား ဘာလားပဲ။
"သူ သူတို့က"
နောက်က ရပ်နေတဲ့ဆယ်ဟွန်းဆီ လှည့်ပြီးမေးမိတော့
"မကြားဘူးလား မင်း။ ချစ်သူတွေလေ"
"ဒါဆို မင်းကရော"
"ငါက ဘာကိုလဲ"
"မင်းခုနက ဒိုဂယောင်ဆူးကို ရည်းစားစကားပြောနေတာ မဟုတ်ဘူးလား"
ဂျုံအင်ပြောလာတဲ့ စကားကြောင့်ဆယ်ဟွန်းပြုံးစိစိ ဖြစ်သွားရသည်။ ဒါသူတို့အတွဲဖြစ်မှာကို မလိုလားတဲ့သဘောပဲ မဟုတ်ဘူးလား။
"ပေါက်ပေါက်ရှာရှာကွာ မင်းနဲ့တော့ ဘာပြောစရာရှိသေးလဲ"
"ဟမ်"
"ဘာပြောဦးမှာလဲလို့ မပြောတော့ဘူးဆိုလည်း သွားတော့မယ်"
"နေ နေဦး"
လှည့်အထွက်နောက်ကနေ လက်ကိုဆွဲကာ တားနေသူကြောင့်ပြန်လှည့်ပြီး
"ဘာလဲ ပြော မြန်မြန် ငါဗိုက်ဆာနေပြီ"
"ငါ ငါပြောစရာရှိတယ်"
"အွမ်း ပြောလို့"
"မင်း မင်း~~~ မရယ်နဲ့နော်"
တုန်လှုပ်နေဟန်ဖြင့် ကတိတောင်းသလိုပြောသံကြောင့်ပင် ခုနကထွက်နေတဲ့ဒေါသတွေပင်ပြန်ဝင်သွားကာဆယ်ဟွန်းရယ်ချင်နေပြီ။
"အေးပါ ကွာ ဟားဟား"
"မရယ်ပါနဲ့ဆို"
"အွမ်း ခိခ်ခိခ်"
"ငါ ငါ~~~သဘောကျတယ် မင်းကို"
ကိုယ်ကရယ်ချင်ပက်ကျိဖြင့် အံကြိတ်နေရတုန်း အမြန်ကြီးပြောလာတဲ့ သူ့စကားကြောင့် နှလုံးခုန်နေတာပင် ရပ်တန့်သွားသလိုလို။
"ဘာ"
"ငါ ငါ~~~ မင်းကိုသဘောကျတယ်ဆယ်ဟွန်း ငါ~~ ငါလေ ဘယ်အချိန်ကတည်းက သဘောကျနေခဲ့လဲတော့မသိဘူး။ ငါ မင်းကိုသ်ိပ်ချစ်တယ်"
"ဟင်"
မျက်နှာတစ်ခုလုံးရဲတက်လာကာ ကိုယ်ကစပြောရမယ်လို့ ထင်ထားသောစကားကို အပြောခံလိုက်ရတာကြောင့် စိတ်ထဲဝမ်းနည်းဝမ်းသာကြီးဖြစ်ပြီး ဘာပြောလို့ ပြောရမယ်မှန်းမသိတော့တာမို့ ဆွဲထားသောသူ့လက်ထဲကနေရုန်းကာ သူနဲ့ဝေးရာကိုရှောင်ပြေးမိသည်။ ဒီအချိန်မှာ သူနဲ့ဝေးရာကိုမပြေးထွက်ခဲ့ရင် ကိုယ့်လက်ကိုဆွဲကာ ရင်ဖွင့်နေသောသူ့ကိုကြည့်ပြီး အသည်းယားလွန်းလို့ ရင်အခုန်လွန်ကာအသက်ပင် သေနိုင်တာမို့ ပူရဲနေသော မျက်နှာကိုလက်၂ဖက်နှင့်အုပ်ကာ နောက်ပြန်ပင်မကြည့်ပဲ ပြေးသာပြေးနေမိသည်။
"ဆယ်ဟွန်း ရား ကြက်ပေါက် ငါ့ကိုစဉ်းစားပေးလို့ ရား~~~ အိုဆယ်ဟွန်း"
နောက်ကအော်သံများကိုပင် မကြားဟန်ဆောင်ကာ ခြေလှမ်းတွေက်ိုအရှိန်တင်ပြီးပြေးနေမိသည်။
**********
ဆက်ရန်