(V 3+V4) ကောင်းကင်ယံထက်က ငွေက...
由 MayKingMK119
348K 48.8K 1.6K
(True Star _ Volume -3) Volume _ 1 https://my.w.tt/0VLPMBzaM0 Volume _2 https://my.w.tt/FiO6qMLaM0 https://w... 更多
True Star _ Volume -3 Chapter- 1 (ZawGyi+Uni)
True Star Volume - 3 , Chapter (2) ( Zawgyi+Uni)
True Star, Chapter 3(Zawgyi+Unicode)
Volume 3, Chapter (4)
Volume 1 and 2 အကျဉ်း
Chapter (5)
Chapter (6) - zawgyi+unicode
Chapter (7) ( zawgyi+unicode)
Chapter (8) (zawgyi+unicode)
Chapter(9) (zawgyi+unicode)
Chapter (9-2) (zawgyi+Unicode)
True Star - Chapter (10) (zawgyi+Unicode)
Chapter 11: -Unprovoked accident
True Star Vol 4 Chapter 1-5
Chapter 12: - Evil Power Party (မကောင်းဆိုးဝါးပါတီ)
True Star - Chapter (13) - Evil Power Party
Chapter (14) -🎲Trap-on 🎲
မြေအောက်လောက ဘုရင် Albert / မြေအောက်လောက ဘုရင် Albert
Chapter (16) - လောင်းကစားနှင့် ဝှက်ဖဲ
Tang Feng ရဲ့ အချစ်ကို ဘယ်သူ ရမလဲ..
Chapter (17) - ရွေးချယ်ခြင်း - 1
Chapter (18) သီးသန့်ကျွန်း ( Zawgyi+ Unicode)
Chapter (19) - ဖုံးကွယ်ထားသည့် ခံစားချက် အဟုန်များ
Superstar Volume III- Chapter (20) - Torrent Undercurrent
Superstar Volume III- Chapter (21) - လေလံပွဲ -1
True Star Volume - 3 - Chapter (11-30) English Raw
Chapter (22) - ကျွန် လေလံပွဲ (zawgyi+unicode)
True Star Volume 1+2+3
Chapter (23) - အထူးလေလံပွဲ(Z+U)
Volume III_ Chapter (24) - Gino လွတ်မြောက်ခြင်း (Z+U)
Volume III_ Chapter (25) - သူက ဘာကြောင့် Fiennes Tang နဲ့ တူနေတာလဲ (Z+U)
Volume - 3 _ Chapter (26) - အောင်မြင်မှု၏ဆုလာဘ်ကို ခံစားခြင်း(Z+U)
Volume - 3 - Chapter (27) - Tang Feng ကိုစားလိုက်သော Albert
Chapter (28) - မကောင်းဆိုးဝါး လူသတ်သမား ရောက်ရှိလာခြင်း
Chapter (29) - Lu Tian Chen ကိုယ်တိုင် လာရောက်ကယ်တင်ခြင်း (Z+U)
Chapter (30) - Dr. Harvey ဆီက ဝန်ခံစကား (Z+U)
True Star_ Volume 3 _ Chapter 31: ဗင်းနစ် ရုပ်ရှင်ပွဲတော်
Chapter (32) - ဗင်းနစ်ရုပ်ရှင်ပွဲတော် (၂)
True Star _ Volume III _ Chapter (33)_ Red carpet
Volume III_ Chapter (34) _ ဆုပေးပွဲအခမ်းအနား (Z+U)
Volume III_ Chapter (35) - ပိတ်ဆို့ခြင်း (၁)(U+Z)
Volume III- Chapter (36)- ပိတ်ဆို့ခြင်း - 2
True Star _ Volume III _ Chapter (37) - သတိပေးချက် (U+Z)
True Star _ Vol.3 _ Chapter (38-1) -New Movie-1
True Star _ Vol.3 _ (Chapter 38- 2) -New Movie-2
(Unicode) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
(Zawgyi) True Star _ Vol.3 _ Chapter (39) - မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း
True star Volume III- Chapter (40) - ခြိမ်းခြောက်ခြင်း၏နောက်ဆုံးအဆင့်
Volume III- Chapter (41)- ခွေးခွေးချင်း ကိုက်ကြတဲ့ပွဲ
True Star Volume III_ Chapter (42) - Interview
True star _ Volume III- Chapter (43)- " Cross-examination"
True star _ Volume III- Chapter (44)- ကိုယ်အလေးချိန်တက်ခြင်း
Volume III- Chapter (45)-ဝလာလည်း ခံစားချက်တွေ မပြောင်းလဲဘူး...
Volume _3- Chapter 46- ပုံရိပ်အသစ်
Chapter (47) - ဟိုတယ်ခန်းထဲကို မုန်ယိုနေသည့် ဝက်ဝံက ဖောက်ဝင်ခြင်း
(U+Z) Chapter (48_1) _ Demon Slayer - မကောင်းဆိုးဝါး လူသတ်သမား - 1
(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2
(Z) Chapter (48-2) _ Demon Slayer - မေကာင်းဆိုးဝါး လူသတ်သမား-2
Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles
Chapter (49-2)_ ငါတို့နှစ်ယောက်မှာ ဘယ်သူ့ကို ချစ်တာလဲ..
Chapter (50)_ တောထဲမှာ လမ်းပျောက်ခြင်း
Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း
Volume III- Chapter (52) - မင်းက Tang Feng လား။
Volume III- Chapter (53) - Tang Feng ကို လာကယ်ခြင်း
Chapter (54) - လွတ်မြောက်ခြင်း
Chapter (55) - အိုင်ဗန် နဲ့တွေ့ဆုံခြင်း
Chapter (56)_ ရွေးချယ်မှု
Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....
Chapter (58) - Tang Feng ကို ပြန်လည် ဖမ်းမိခြင်း
Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ
Chapter (60) - Tang Feng နာမည်ကြီးလာခြင်း
Chapter (61) - လူသတ်သမားရဲ့ နိဂုံး
Chapter (62) - ရုပ်ရှင်ဇာတ်ကား ရုံတင်ဝင်ငွေ စံချိန်ချိုးခြင်း
Volume III- Chapter (63) - End (ဇာတ်သိမ်း /ဇာတ္သိမ္း)
True Star- Volume_ 4 - Chapter (1) - Hello နည်းပြကြီး....
True Star_ Volume_ 4 - Chapter (2): - င့ါချွေးမ ဖြစ်ပေးပါ....
True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း
True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်
Volume _ 4 _ Chapter (5) - ရေခဲတုံးကြီးရဲ့ ပွင့်ထွက်လာတဲ့ ခံစားချက်များ
Vol 4 _ Chapter (6) - မင်းကို ကိုယ်ဆက်ပြီး မနှောက်ယှက်တော့ဘူး
Vol 4 - Chapter (7) : ပန်းချီပြခန်း
Vol 4- Chapter (8): -I love you
Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်
Vol 4 _ Chapter (10) : - ဝက်ဝံကြီးရဲ့ ဟန်းနီးမွန်းခရီး
True Star _ Vol 4 _ Chapter (11): - So coincidental
True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်
True Star _ Vol 4_ Chapter (13): စီးနင်းခံလိုက်ရသည့် Charles
Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ
Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ
True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်
True Star - Volume _4 : Chapter (17) _ ငါ မင်းကို ပြန်လိုက်မယ်
True Star_ Vol 4 _Chapter (18): -ယုံကြည်မှု
V 4 _Chapter 19 - လမ်းတစ်ဝက်မှာ အချစ်ပြိုင်ဖက်ကို ကောက်တင်လာခြင်း
volume 4 Chapter (20) - ဧကရာဇ်နဲ့ မင်းသားကြားက တိုက်ပွဲ
True Star - volume 4 _ Chapter (21) - ချစ်စိတ်ကို မြိုသိပ်ထားခြင်း
True Star - volume 4 _ Chapter (22) - ရုပ်ဖျက်ခြင်း
V4_ Chapter (23) _ စိတ်ကူးယဉ် အိပ်မက်ထဲမှာ နစ်မြှုပ်နေသောသူ
True Star - v4 Chapter 24 - Company ထိပ်သီးပိုင်း အစည်းဝေးကို တက်ရောက်ခြင်း
volume 4_ Chapter (25) - လုထျန်းချန် မရှိဘဲ သူ ဆက်နေမှာ မဟုတ်ဘူး
volume_4_ Chapter (26) - ဖွင့်ပြောစရာမလိုသည့် နားလည်မှု
volume _4_ Chapter (27) - ရုံးခန်းထဲ ခိုးဝင်ခြင်း
volume _4 _Chapter (28) - အဲလ်ဘတ်အကူညီဖြင့် လူကယ်ခြင်း
volume (4) _ Chapter (29) _ငါ မင်းကို အထင်သေးခဲ့မိတယ်
volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ
Volume_ (4) Chapter (32): မိုးပျံချားရဟတ်
Volume_ 4 _Chapter (33): good night
Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....
Volume_ 4_ Chapter (35): ငါတို့အားလုံး သူ့ကို လှည့်စားနေတယ်...
Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။
Volume _ 4_ Chapter (37): ခင်ဗျားကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး !
Volume _4 Chapter (38): ဝက်ဝံကြီးရဲ့ ခွင့်လွှတ်မှု တောင်းခံသည့် နည်းလမ်း
Volume_ 4 Chapter (39): ပါတီပွဲ၏အစီစဉ်
Volume_ 4 Chapter (40): မင်းကို လက်သီးတစ်ချက်နဲ့ မှောက်သိပ်လိုက်မယ်
Volume 4 _ Chapter (41) - ရုပ်ရှင်ပွဲတော် (1)
True Star _Volume 4 Chapter (42)- ရုပ်ရှင်ပွဲတော် (2)
True Star _Volume (4) _ Chapter (43) ငါ့ကို ယုံကြည်ဖို့ မျှော်လင့်တယ်
Volume (4) _ Chapter (44)- ဘယ်ညာ တစ်ယောက်စီ ခြံရံလျက်
True Star _Volume (4) _ Chapter (45)- မွေးနေ့ပါတီ
Chapter (46:) Birthday party ပြီးနောက်
Chapter (47): ထျန်းဖုန်းအပေါ် ရိုက်ခတ်လာသည့် အတင်းဖျင်း မုန်တိုင်း
Chapter (48): -ဆုံးဖြတ်ချက် သုံးခု
4.2K 664 6
由 MayKingMK119
Volume – 3
Chapter (15) – Trap Down (ထောင်ချောက်)
Ivan ရဲ့စကားထဲမှာ အဓိပ္ပါယ်တစ်စုံတစ်ရာ ပါရှိသည်ကို Tang Feng သိလိုက်သည်။ သူ မကူညီနိုင်ဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ..။
Ivan ထွက်သွားပြီးတော့ အခန်းထဲကလေထုက ပုံမှန်မဟုတ်ဘဲ ငြိမ်သက်သွားတာကို သတိပြုမိလိုက်သည်။ မမြင်ရသည့်တင်းမာမှုနှင့် မုန်းတီးမှုတို့က လေထုထဲ ရုတ်တရက်ပြည့်လာပြီး မကြာခင် မုန်တိုင်းထန်တော့မလိုထင်ရသည်။
Tang Feng က သူ့ဘေးက Charles ကို ငဲ့စောင်းကြည့်လိုက်တော့ Charles က ဒီစကားပြောပြီးနောက် သူ့မျက်နှာက ပိုပြီး ရယ်ရွှင်ရိပ်ထင်လာခဲ့သည်။
"Ivan မင်းကို သတိပြုမိအောင်လုပ်ပုံ၊ မင်းစိတ်ထားကို ပေါ်လွင်အောင်လုပ်ပုံက အတော်ကြည့်ရဆိုးတာပဲ.."
"ဘာကြောင့်လဲ.. ခင်ဗျားက ဒီလူကိုကြိုက်နေတဲ့အတွက် ကျွန်တော်တို့အားလုံးက သူ့ကို တလေးတစားဆက်ဆံရမှာလား.. Charles.. ခင်ဗျားကိုယ့်ကိုယ်ကိုယ် သိပ်တော် သိပ်မိုက်တဲ့လူလို့ ထင်မနေနဲ့.. ခင်ဗျားမျက်လုံးထဲ ကြည့်မဝတဲ့ဘေဘီလေးက သူများမျက်လုံးထဲ ဒီလိုမြင်ချင်မှမြင်မှာပေါ့.."
Ivan နဲ့ Charles က အပျော်တမ်းကစားသမားတွေလိုပဲ။ Ivan ရဲ့ပုံစံက Tang Feng ပထမဆုံးဆုံခဲ့တုန်းက အတော်ဆုံးရဲအရာရှိဆိုတဲ့ ပုံစံနဲ့ အတော်လေးကွဲပြားနေတယ်။ လူတစ်ယောက်က ပထမဆုံးတွေ့တုန်းက အထင်ကြီးခံစားမိသလို တကယ်မဟုတ်ခဲ့ဘူးဆိုရင် အတော်ကို စိတ်ပျက်မိမှာပဲ။
ကံကောင်းထောက်မပြီး Ivan ကိုစတွေ့တော့ Tang Feng က ဘယ်လိုမှအကဲဖြတ်ထားတာမရှိတော့ အခု သူလုပ်ကိုင်ပုံက Tang Feng ကို စိတ်ပျက်စေတာမျိုး သိပ်မဖြစ်စေပါဘူး။
"ကျွန်တော့်ကိုယ်ကို ဘယ်တုန်းကမှ ကလေးတစ်ယောက်လို မခံစားရပါဘူး.."
Tang Feng က ဘာလျှို့ဝှက်ချက်မှမရှိသူလို ပေါ့ပေါ့ပါးပါးပြုံးရင်း ဝင်ပြောလိုက်သည်။ Ivan ရဲ့ ထိုးနှက်ချက်က အလကားဖြစ်သွားပြီး Charles က ဘေးကနေ သဘောတကျ ရယ်မောလိုက်သည်။
"ဒီလိုမပြောနဲ့လေ ဘေဘီရ.. မင်းက ကိုယ့်မျက်လုံးထဲ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလိုဆိုပေမယ့် သူများတွေက ကိုယ်နဲ့ ဘယ်တူနိုင်ပါ့မလဲ.."
Charles က Ivan ဘက်လှည့်ပြီး လေးနက်စွာမေးလိုက်သည်။
"မင်းပြောတဲ့အချက်က အင်္ဂလန်ဌာနခွဲရဲ့သဘောထားနဲ့ အတူတူပဲလား.. မင်းရဲ့ဌာနခွဲကို ကိုယ်စားပြုနိုင်သလား.."
ဒီစကားက အပြင်လူဖြစ်တဲ့ Tang Feng ပေါ်တောင် ဖိအားတချို့ ခံစားရစေတဲ့အထိ အလေးအနက်ရှိလှသည်။ ထောင်ချောက်ထဲ သက်ဆင်းခဲ့ဖူးခြင်း မရှိဖူးတဲ့ German လူကြီးက Tang Feng ကို တစ်ချက်ကြည့်ပြီး သူဘာတွေးနေတယ်ဆိုတာ လုံးဝမသိဘူး။
"ခင်ဗျားတို့နဲ့ ကျွန်တော် မလောင်းချင်ဘူးဆိုရင်ကော.."
Tang Feng ဒီစကားကိုပြောလိုက်တော့ Ivan ရဲ့မျက်ဝန်းက အေးစက်စက်အရိပ်ငွေ့တွေ ထွက်လာပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"တစ်ခါတစ်လေ ငါတို့က ရွေးချယ်မှုတစ်ခု လုပ်ရတယ်.. Tang Feng.. မင်း ဒီဟာကို ဂုဏ်ယူသင့်တယ်.."
"ခင်ဗျား ဒီလိုသိက္ခာချလိုက်တာကို ကြားရတော့ ကျွန်တော့်စိတ်ထဲ နေလို့သိပ်မကောင်းတော့ဘူး.."
ဒီစကားပြောနေချိန်မှာ Tang Feng က Ivan ကို စိုက်ကြည့်လို့နေသည်။ ဒီဟာက သူတို့နှစ်ယောက် ပထမဆုံး ရင်ဆိုင်တွေ့မိတာဖြစ်နိုင်သည်။
Charles ရဲ့တပည့်တွေထဲက တစ်ယောက်က ချက်ချင်း သေနတ်ကိုဆွဲထုတ်ပြီး Ivan ကိုထိုးချိန်လိုက်သည်။ တကယ်လို့ Ivan တစ်ခုခုလုပ်ဖို့ကြံရင် သူက တစ်ချက်တောင်မဆိုင်းဘဲ သေနတ်ပြောင်းကို ညစ်လိုက်မှာသေချာသည်။
တံခါးနားကအစောင့်များလည်း သေနတ်ထုတ်ပြီး ပစ်ရန်အသင့်အနေအထားဖြင့် ချိန်ထားလိုက်ကြသည်။ အခြေအနေက ချက်ချင်း တင်းမာလာတော့သည်။
ဒီဆွေးနွေးပွဲက အောင်မြင်ခါနီးမှ ဘာကြောင့် ဒီလို သေနတ်တွေပါလာရတာလဲ။ သေနတ်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ Charles က သူ့သေနတ်ကို အမြန်ဆွဲထုတ်လိုက်ချိန် Ivan လည်း သေနတ်ထုတ်ပြီး Tang Feng ကိုမဟုတ်ဘဲ Charles ဆီကို ထိုးချိန်လိုက်သည်။ ဖြစ်နိုင်တာကတော့ Tang Feng က Charles လို သူ့ကိုမခြိမ်းခြောက်နိုင်ဘူးလို့ ထင်နေပုံရသည်။
တကယ်လို့ သူသာ Ivan ဖြစ်နေရင် သူ Charles ကို ဘယ်လောက်ထိချစ်မိမှာလဲ။ သူ့ကိုယ်သူထက် ပိုချစ်နိုင်မှာလား။ သူ့အသက်ကို စတေးပစ်တဲ့ထိ ချစ်နိုင်မှာလား။ ဒီလိုအရေးကြီးတဲ့အချိန် ဘယ်သူမှ အချစ်နဲ့ပတ်သက်ပြီး စစ်ဆေးမနေချင်ဘူး။
"ငါ့ဘေဘီဆီကို သေနတ်ထိုးချိန်ထားမယ်လို့ ငါထင်ထားတာ.. ကံကောင်းလို့.. မင်း အဲ့ဒီလိုလုပ်ရင် အခုချိန် မင်း ကြမ်းပြင်ပေါ် ဆန့်ဆန့်ကြီး လဲနေလောက်ပြီ.."
Charles က သူ့သေနတ်ပစ်စွမ်းရည်နဲ့ သူ့လူတွေရဲ့အရည်အချင်းကို ယုံကြည်စွာနဲ့ ဒီလိုအချိန်တောင် ဟာသဖောက်ပြောနေသေးသည်။
အဲ့ဒီအချိန် မိုက်ခ်ကြီးနဲ့ မိုက်ခ်လေးက တံခါးကနေဝင်လာပြီး Tang Feng ဆီလျှောက်လာတော့ Ivan က ပြောလိုက်သည်။
"မင်းတို့သူဌေး မသေစေချင်ရင် ရပ်လိုက်.."
"ငါက မင်းတို့သူဌေးလား.. မာနကြီးတဲ့ ဒေါင်းလိုကောင်က မင်းတို့သူဌေးလား.. မိုက်ခ်ကြီး၊ မိုက်ခ်လေး.. မင်းတို့ Tang Feng ကိုခေါ်သွားကြတော့.."
Charles က လေးနက်စွာနဲ့ Ivan ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။
Ivan က တိုးတိတ်စွာ ရယ်မောလိုက်ပေမယ့် တုတ်တုတ်မျှမလှုပ်ပေ။
"ခင်ဗျားရဲ့ အကြီးဆုံးအားနည်းချက်က မာန်မာနကြီးလွန်းတာပဲ.. ကျွန်တော်တောင်းဆိုလို့သာ ခင်ဗျားက ကျွန်တော်တို့နဲ့ ပူးပေါင်းနိုင်တာလို့ထင်တယ်.. ဒီဟာက ကျွန်တော်တို့ကို ကံကောင်းစေတာပဲ မဟုတ်လား.. အခု ခင်ဗျားကို ပြောပြလိုက်မယ်.. Charles.. အစကတည်းက ကျွန်တော်တို့သာ ပူးပေါင်းချင်စိတ်မရှိရင် ခင်ဗျား ဘယ်လောက်ဆန္ဒရှိရှိ ကျွန်တော်တို့နဲ့ တွဲပြီးလုပ်ခွင့် ရှိခဲ့မှာမဟုတ်ဘူး.. ဒါကြောင့် အခု ကျွန်တော်တို့နဲ့ ပူးပေါင်းမယ်၊ မပူးပေါင်းဘူးဆိုတာ ခင်ဗျားဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး.."
"ဒီတော့ ဒီဟာက ထောင်ချောက်တစ်ခုလား.."
Charles က မျက်ဝန်းကိုကျဉ်းလိုက်ပြီး သေနတ်နဲ့ချိန်ထားတာမရွှေ့ဘဲ မေးလိုက်သည်။
"အိုး.. မင်းတို့ အင်္ဂလန်ရုံးခွဲတစ်ခုလုံးက တစ်ပုံစံတည်းပဲ မဟုတ်လား.. အခုကိစ္စက ငါ့ဘာသာလုပ်ပြီး ဖုံးဖိထားတာမဟုတ်ဘူး.. ပြီးတော့ ငါ့လိုမျိုး ကောင်းကောင်းမွန်မွန် ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်နိုင်တဲ့ ဒုတိယတစ်ယောက်မရှိဘူးလို့ ငါထင်တယ်.."
"မရှိဘူးလို့ ဘယ်သူပြောသလဲ.."
Ivan က အထင်သေးစွာ ရယ်ရင်းပြောလိုက်သည်။
"Charles.. ကျွန်တော်တို့က ခင်ဗျားထက်ပိုကောင်းတဲ့သူနဲ့ ပူးပေါင်းထားပြီးပြီ.."
Charles က သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီး Tang Feng ကိုပြုံးကြည့်ပြီး ပြောလိုက်သည်။
"အချစ်.. ကိုယ် ဟာသတချို့ကြည့်ချင်လို့.. မင်း အပြင်ထွက်ပြီး ကိုယ့်ကိုစောင့်ပေးမလား.. ကိုယ် ခဏနေရင် ထွက်လာမယ်.."
Tang Feng က မလှုပ်ရှားရသေး။ Ivan ကပြောလိုက်သည်။
"သူ သွားလို့မရဘူး.."
Tang Feng က သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး ပြောလိုက်သည်။
"အရာရှိ Ivan.. ကျွန်တော်က အပြစ်မဲ့တဲ့ နိုင်ငံသားတစ်ယောက်ပါ.."
"မင်းက ဒီလိုမဟုတ်ဘူး.."
"ဒါဖြင့် ကျွန်တော်က ဘာလဲ.."
"ဒီကစားပွဲရဲ့ နောက်ဆုံးဖဲချပ်ပဲ.."
Ivan စကားကိုကြားတော့ Charles ရဲ့မျက်နှာပေါ်ကအပြုံးတွေ ပျောက်သွားတော့သည်။
Tang Feng က ပထမဆုံး Charles ဒေါသ အရမ်းပေါက်ကွဲမလို အခြေအနေကို မြင်ဖူးလိုက်တာဖြစ်သည်။
"မင်းတို့ UK ရုံးခွဲက တကယ့်ကို ဝက်သိုက်ပဲ.. ပြောစမ်းပါ Ivan.. မင်းရဲ့ပါတနာအသစ်က ဘယ်သူလဲ.. သူ့ကို မင်း ဘယ်လိုကတိတွေပေးပြီး အတူနေရတာလဲ.. မင်း ငါ့ကို ဖယ်ရှားလိုက်တဲ့အထိ သူက ဘယ်လိုလူမို့လဲ.."
Charles ရဲ့စကားတွေက Ivan ကိုလှောင်ပြောင်သရော် နှိမ်ချမှုတို့နှင့် ပြည့်နေသည်။ ဒေါသကြောင့် Charles ၏နှုတ်ဖျားမှ တစ်ဖက်သားကို တိုက်ခိုက်သည့်စကားတို့သာ ထွက်နေသည်။
"ကျွန်တော်က ခင်ဗျားကိုဖယ်ရှားပစ်ဖို့ မျှော်လင့်နေတယ် ဟုတ်လား.. မျှော်လင့်နေတယ်ဆိုတော့ ခင်ဗျားကိုဖယ်ရှားဖို့ နည်းလမ်းမရှိဘူးလို့ ဆိုလိုတာလား.."
ဒီဟာက ထောင်ချောက်တစ်ခု ဖြစ်မယ့်ပုံပဲ။
သူတို့ပြောစကားအရ Ivan က Charles နဲ့ ပူးပေါင်းဆောင်ရွက်ချင်နေပုံရတယ်။ UK ရဲဌာနက လုပ်ငန်းပူးပေါင်းလုပ်ချင်ပါတယ်ပြောလို့ Ivan ကို Charles က သင်္ဘောပေါ်ဖိတ်ခေါ်ပြီး ဆွေးနွေးကြတယ်။ တကယ့်တကယ်တော့ လုပ်ငန်းပူးပေါင်းလုပ်ဖို့ဆိုတာ Ivan နဲ့ Charles မဟုတ်ဘဲ Ivan နဲ့ သူ့ပါတနာအသစ် ဖြစ်ပုံရတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ခုလို ထောင်ချောက်ဆင်လိုက်တာပဲ။
ဒီထောင်ချောက်က ရဲအရာရှိ Ivan ရဲ့ ပါတနာအသစ် ထောင်ထားတဲ့ ထောင်ချောက်နဲ့တူတယ်။ ဒီထောင်ချောက်က သူ့ကိုဦးတည်နေတယ်လို့ Tang Feng ခံစားမိလိုက်တယ်။
================