{Zawgyi}
•ႏူးညံ့ၿပီး ခ်ိဳၿမိန္ေသာ•
သူေနလို႔ပိုေကာင္းလာတဲ့အခါ စားခ်င္ေသာက္ခ်င္စိတ္က ျပန္ဝင္လာတယ္။
ႏွစ္ေယာက္သား ကန္တင္းကိုေတာ့မသြားဘူး။ အဲ့အစား ေက်ာင္းကထြက္လာၿပီး နာမည္ႀကီးတဲ့အနီးနားက သီးသန႔္စားေသာက္ဆိုင္ကိုသြားတယ္။
က်ီေလ်ာင္နဲ႔ ယုက်င္းဒီကိုတစ္ခါလာဖူးတယ္။ အစားအေသာက္ေတြကေကာင္းေပမယ့္လို႔ အေတာ္ေလးေဈးႀကီးတာေၾကာင့္ သူတို႔ျပန္ကိုမလာျဖစ္ေတာ့တာ။ သို႔ေသာ္လည္း ဟဲ့ခ်န္းမင္ကေတာ့ ပုံမွန္ဧည့္သည္ျဖစ္ပုံရတယ္။ သူေဌးကသူ႔ကိုျမင္တာနဲ႔ ေႏြးေႏြးေထြးေထြးႏႈတ္ဆက္ၿပီးေနာက္ ေမးလာတယ္ “အရင္အတိုင္းပဲလား?”
ဟဲ့ခ်န္းမင္က “အရင္အတိုင္းပဲ”လို႔ ျပန္တုန႔္ျပန္ၿပီးေနာက္ က်ီေလ်ာင့္ကိုလႊတ္ၿပီး ထိုင္ဖို႔ေနရာရွာလိုက္တယ္။
စားပြဲထိုးကေရႏွစ္ခြက္လာခ်ေပးေတာ့ က်ီေလ်ာင္တစ္ငုံေသာက္လိုက္တယ္။ ေခါင္းထဲမွာ ပိုက္ဆံကိုတစ္ေယာက္တစ္ဝက္ရွင္းတဲ့အခါ သူ႔ရဲ႕မုန႔္ဖိုးနဲ႔ေလာက္ပါ့မလားဆိုတာ တြက္ၾကည့္ေနတယ္။ [T/N : ဒီေနရာမွာ AA – Algebraic Averageလို႔ သုံးထားပါတယ္၊ ဆိုလိုတာကေတာ့ ကုန္က်ေငြကိုရွင္းတဲ့အခါ တစ္ေယာက္တစ္ဝက္ရွင္းတယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္တဲ့]
“ကိုယ့္ရဲ႕အစ္ကိုက ဒီစားေသာက္ဆိုင္မွာ ရင္းႏွီးျမႇဳပ္ႏွံထားတာရွိတယ္ အဲ့တာေၾကာင့္ စိတ္မပူနဲ႔၊ မင္းစားခ်င္တာ ဘာပဲျဖစ္ျဖစ္စားလို႔ရတယ္” ဟဲ့ခ်န္းမင္က သူ႔အေတြးေတြကို ဖတ္မိသလို ေျပာလာတယ္။
က်ီေလ်ာင္သူ႔မ်က္ႏွာကအမူအယာကို လူမိသြားတာေၾကာင့္ ရွက္ယမ္းယမ္းၿပီး ေခ်ာင္းဟန႔္လိုက္တယ္။ သူခဏေလာက္စဥ္းစားၿပီး စကားလမ္းေၾကာင္းလႊဲလိုက္တယ္။ “မင္းမွာ အစ္ကိုရွိတာလား?”
“အင္း အေဖတူအေမကြဲ.. သူကေျဖာင့္မတ္တဲ့သူေဌးေလးေလ. ကိုယ္ကေတာ့မဟုတ္ဘူး” ဟဲ့ခ်န္းမင္စႏိုးစေနာင့္ေလးေတာင္မျဖစ္ဘဲ ေျပာလိုက္တယ္။ ဟင္းပြဲေတြလာတဲ့အခါ သူက်ီေလ်ာင့္အတြက္ ခြက္နဲ႔တူေတြထယူေပးလိုက္တယ္။
က်ီေလ်ာင္ဒီလိုမ်ိဳးလုပ္ေပးတာခံရေတာ့ ဝမ္းသာမိတယ္။ ဟဲ့ခ်န္းမင္ကသူ႔ကိုဆို အရမ္းေကာင္းတာေၾကာင့္ သူ႔အတြက္ဖိအားမ်ားသလို ခံစားရတယ္။
“အဲ့လိုမလုပ္ပါနဲ႔…” ဟဲ့ခ်န္းမင္သာ အဲ့လိုေတြလုပ္ေနရင္ သူမတုန႔္ျပန္ႏိုင္တဲ့အခါ သူလိပ္ျပာသန႔္မွာမဟုတ္ဘူး။
“ဟမ္?” ဟဲ့ခ်န္းမင္ နားမလည္ဘဲ သူ႔ကိုၾကည့္လိုက္တယ္ “ဘာျဖစ္လို႔လဲ?”
ဘာျဖစ္လို႔လဲ? သူဘယ္လိုေတာင္ေျပာႏိုင္တာလဲ? ငါ့ကိုအရမ္းမေကာင္းျပပါနဲ႔လား? က်ိဳးေၾကာင္းမခိုင္လုံတာေရာ ရွက္တာေၾကာင့္ေရာ က်ီေလ်ာင္ေခါင္းသာရမ္းလိုက္တယ္။ ထားလိုက္ပါေတာ့..
သူ႔ေခါင္းကိုပဲ ငုံ႔ၿပီး စားတဲ့ေသာက္တဲ့အေပၚမွာပဲ အာ႐ုံစိုက္ထားလိုက္တယ္။
သူစားေနတဲ့အခ်ိန္ဆို ပါးစပ္ထဲအျပည့္ထည့္ၿပီး တျမည့္ျမည့္နဲ႔ဝါးရတာကို ႀကိဳက္တယ္။ အဲ့တာေၾကာင့္ပဲ ရႈအိုက္ဝမ္က ဒီဟာကလူျမင္မေကာင္းဘူးဆိုၿပီး အႀကိမ္ႀကိမ္ေျပာဖူးတယ္။ ဒါေပမယ့္ ဟဲ့ခ်န္းမင္ကေတာ့ ဒီပုံေလးကအရမ္းခ်စ္ဖို႔ေကာင္းေနၿပီး ပါးထဲမွာအစာေတြႁပြတ္သိပ္ေနတဲ့ ဟမ္းစတားေလးနဲ႔တူတယ္လို႔ေတာင္ ေတြးမိတယ္။
သူတကယ္ ေကာင္ေလးကိုနမ္းခ်င္တယ္။
ဒီအေတြးက သူတို႔စားေသာက္ၿပီးလို႔ ေက်ာင္းကို ျပန္ေလွ်ာက္သြားတဲ့အခ်ိန္ထိပဲ။
အခုကေစာေနေသးတာေၾကာင့္ ဟဲ့ခ်န္းမင္တမင္သက္သက္ ပိုေဝးတဲ့လမ္းေၾကာင္းကိုဦးေဆာင္ေခၚသြားတယ္။ က်ီေလ်ာင္မ်ားမ်ားစားစားမေတြးဘဲ တဖက္ေကာင္ေလးကအမ်ားႀကီးစားမိတာေၾကာင့္ လမ္းေလွ်ာက္ခ်င္လို႔ေခၚလာတာလို႔ထင္ၿပီး ႐ူးေၾကာင္ေၾကာင္နဲ႔သူပါလိုက္သြားတယ္။
တစ္စုံတစ္ေယာက္သူ႔လက္ေကာက္ဝတ္ကိုဆြဲလိုက္ေတာ့ ေခါင္းလွည့္ၾကည့္လိုက္တဲ့အခါ သူ႔ကိုစူးစိုက္ၾကည့္ေနတဲ့ ဟဲ့ခ်န္းမင္ရဲ႕မ်က္ဝန္းနက္ေတြကို ျမင္လိုက္ရတယ္။
“က်ီေလ်ာင္”
သူ႔အသံကအရမ္းအက္ရွေနၿပီး သူ႔ရဲ႕ပူေလာင္တဲ့မ်က္လုံးေတြက သူ႔(က်ီေလ်ာင္)မ်က္လုံးကေန ႏႈတ္ခမ္းေတြဆီ က်ေရာက္သြားတယ္။
သူဘာျဖစ္ခ်င္ေနတာလဲဆိုတာ က်ီေလ်ာင္နားလည္လိုက္ေတာ့ ရင္ေတြပါတုန္သြားရတယ္။ သူ႔အေတြးေတြက လြန္ခဲ့တဲ့ညက ျပင္းထန္တဲ့အနမ္းကို ျပန္သတိရသြားေတာ့ လည္ေခ်ာင္းေတြေတာင္ေျခာက္ကပ္လာေပမယ့္ သူ႔ရဲ႕ဆင္ျခင္တုံတရားကေတာ့ ဒီဟာကမဟုတ္ေသးဘူး၊ timing လည္းမကိုက္ဘူးၿပီးေတာ့ ေနရာကလည္းမဟုတ္ေသးဘူး ဆိုၿပီးသတိေပးေနတယ္…
သူေတာင္မတုန႔္ျပန္ရေသးဘူး ဟဲ့ခ်န္းမင္ကစြန႔္ပစ္ထားတဲ့အေဆာင္အအုံႀကီးရဲ႕ အေနာက္ဘက္ကို သူ႔ကိုေခၚသြားတယ္။ အေတာ္ေလးလုံတဲ့ေနရာျဖစ္လို႔ က်ီေလ်ာင္သက္ျပင္းႀကီးခ်လိုက္မိတယ္။ သူ႔ေနာက္ေက်ာကနံရံမွာကပ္ေနၿပီး ဟဲ့ခ်န္းမင္ရဲ႕နီရဲရဲမ်က္လုံးေတြနဲ႔ ဆုံသြားတယ္။ သူ႔ႏွလုံးသားေပ်ာ့ေျပာင္းသြားကာ အရႈံးေပးလိုက္တယ္။
သူ႔မ်က္လုံးကိုမွိတ္ထားၿပီး လိုက္ေလ်ာေၾကာင္းျပသေနေပမယ့္ သူ႔မ်က္ႏွာကေတာ့ ေၾကာက္ေနတဲ့အသြင္ျဖစ္ေနတယ္။
ဟဲ့ခ်န္းမင္ရဲ႕လက္တစ္ဖက္က နံရံမွာကပ္ကာ ေခါင္းငုံ႔ၿပီးက်ီေလ်ာင့္ႏႈတ္ခမ္းနဲ႔ထိလိုက္တယ္။ သူ႔အျပဳအမူေတြကို သတိထားၿပီး တဖက္ေကာင္ေလးသက္ေသာင့္သက္သာမျဖစ္မွာကို စိုးထိတ္ေနရတယ္။
အနမ္းတစ္ခုေပမယ့္ တစ္ဖက္သတ္အနမ္းျဖစ္ေနတယ္။ ဘာမွမဘာရတာထက္စာရင္ေတာ့ တစ္ဖက္သတ္နမ္းရတာကပိုေကာင္းပါေသးတယ္ေလလို႔ ဟဲ့ခ်န္းမင္ေတြးလိုက္တယ္။ က်ီေလ်ာင့္ရဲ႕ႏႈတ္ခမ္းကိုခြဲၿပီး တိုးဝင္ဖို႔ျပင္လိုက္ေပမယ့္ က်ီေလ်ာင္ကစိတ္လႈပ္ရွားၿပီး သြားကိုတင္းတင္းစိထားတာေၾကာင့္ သူဆက္မတိုးႏိုင္ျဖစ္ေနတယ္။
တင္းသြားတာေၾကာင့္ ဟဲ့ခ်န္းမင္ႏႈတ္ခမ္းကို ခဏေလးလႊတ္လိုက္တယ္။ က်ီေလ်ာင္ကနမ္းလို႔ၿပီးသြားၿပီထင္ၿပီး စိတ္ေလ်ာ့ခ်လိုက္တယ္။ သူမ်က္လုံးဖြင့္လိုက္တဲ့အခါ ေယာက်ာ္းပီသၿပီဆြဲေဆာင္ႏိုင္လြန္းတဲ့မ်က္ႏွာကို ေတြ႕လိုက္ရတယ္။ ဘာေတြျဖစ္ကုန္လဲဆိုတာ အျမန္လိုက္ႏိုင္သြားခ်ိန္မွာ တစ္ဖက္ေကာင္ေလးရဲ႕လွ်ာက သူ႔ႏႈတ္ခမ္းၾကားဝင္လာတာကို ခံစားမိၿပီး သူ႔လွ်ာနဲ႔လုံးေထြးေနတယ္။
အဲ့တာက ႏူးညံ့ၿပီး ခ်ိဳၿမိန္တယ္။ မလုံေလာက္သလိုမ်ိဳး သူ႔ကိုထပ္ခါထပ္ခါအရသာခံတယ္။ က်ီေလ်ာင္ကညႇာတာေပးဖို႔ မေတာင္းဆိုခင္အထိ ဟဲ့ခ်န္းမင္သူ႔ကိုမလႊတ္ေပးဘဲ ႏွစ္ေယာက္သားလူစုကြဲသြားေတာ့မွ အသည္းအသန္ေလကို ရႈရႈိက္ေနရတယ္။
____________________________________
{Unicode}
•နူးညံ့ပြီး ချိုမြိန်သော•
သူနေလို့ပိုကောင်းလာတဲ့အခါ စားချင်သောက်ချင်စိတ်က ပြန်ဝင်လာတယ်။
နှစ်ယောက်သား ကန်တင်းကိုတော့မသွားဘူး။ အဲ့အစား ကျောင်းကထွက်လာပြီး နာမည်ကြီးတဲ့အနီးနားက သီးသန့်စားသောက်ဆိုင်ကိုသွားတယ်။
ကျီလျောင်နဲ့ ယုကျင်းဒီကိုတစ်ခါလာဖူးတယ်။ အစားအသောက်တွေကကောင်းပေမယ့်လို့ အတော်လေးဈေးကြီးတာကြောင့် သူတို့ပြန်ကိုမလာဖြစ်တော့တာ။ သို့သော်လည်း ဟဲ့ချန်းမင်ကတော့ ပုံမှန်ဧည့်သည်ဖြစ်ပုံရတယ်။ သူဌေးကသူ့ကိုမြင်တာနဲ့ နွေးနွေးထွေးထွေးနှုတ်ဆက်ပြီးနောက် မေးလာတယ် “အရင်အတိုင်းပဲလား?”
ဟဲ့ချန်းမင်က “အရင်အတိုင်းပဲ”လို့ ပြန်တုန့်ပြန်ပြီးနောက် ကျီလျောင့်ကိုလွှတ်ပြီး ထိုင်ဖို့နေရာရှာလိုက်တယ်။
စားပွဲထိုးကရေနှစ်ခွက်လာချပေးတော့ ကျီလျောင်တစ်ငုံသောက်လိုက်တယ်။ ခေါင်းထဲမှာ ပိုက်ဆံကိုတစ်ယောက်တစ်ဝက်ရှင်းတဲ့အခါ သူ့ရဲ့မုန့်ဖိုးနဲ့လောက်ပါ့မလားဆိုတာ တွက်ကြည့်နေတယ်။ [T/N : ဒီနေရာမှာ AA – Algebraic Averageလို့ သုံးထားပါတယ်၊ ဆိုလိုတာကတော့ ကုန်ကျငွေကိုရှင်းတဲ့အခါ တစ်ယောက်တစ်ဝက်ရှင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်တဲ့]
“ကိုယ့်ရဲ့အစ်ကိုက ဒီစားသောက်ဆိုင်မှာ ရင်းနှီးမြှုပ်နှံထားတာရှိတယ် အဲ့တာကြောင့် စိတ်မပူနဲ့၊ မင်းစားချင်တာ ဘာပဲဖြစ်ဖြစ်စားလို့ရတယ်” ဟဲ့ချန်းမင်က သူ့အတွေးတွေကို ဖတ်မိသလို ပြောလာတယ်။
ကျီလျောင်သူ့မျက်နှာကအမူအယာကို လူမိသွားတာကြောင့် ရှက်ယမ်းယမ်းပြီး ချောင်းဟန့်လိုက်တယ်။ သူခဏလောက်စဉ်းစားပြီး စကားလမ်းကြောင်းလွှဲလိုက်တယ်။ “မင်းမှာ အစ်ကိုရှိတာလား?”
“အင်း အဖေတူအမေကွဲ.. သူကဖြောင့်မတ်တဲ့သူဌေးလေးလေ. ကိုယ်ကတော့မဟုတ်ဘူး” ဟဲ့ချန်းမင်စနိုးစနောင့်လေးတောင်မဖြစ်ဘဲ ပြောလိုက်တယ်။ ဟင်းပွဲတွေလာတဲ့အခါ သူကျီလျောင့်အတွက် ခွက်နဲ့တူတွေထယူပေးလိုက်တယ်။
ကျီလျောင်ဒီလိုမျိုးလုပ်ပေးတာခံရတော့ ဝမ်းသာမိတယ်။ ဟဲ့ချန်းမင်ကသူ့ကိုဆို အရမ်းကောင်းတာကြောင့် သူ့အတွက်ဖိအားများသလို ခံစားရတယ်။
“အဲ့လိုမလုပ်ပါနဲ့…” ဟဲ့ချန်းမင်သာ အဲ့လိုတွေလုပ်နေရင် သူမတုန့်ပြန်နိုင်တဲ့အခါ သူလိပ်ပြာသန့်မှာမဟုတ်ဘူး။
“ဟမ်?” ဟဲ့ချန်းမင် နားမလည်ဘဲ သူ့ကိုကြည့်လိုက်တယ် “ဘာဖြစ်လို့လဲ?”
ဘာဖြစ်လို့လဲ? သူဘယ်လိုတောင်ပြောနိုင်တာလဲ? ငါ့ကိုအရမ်းမကောင်းပြပါနဲ့လား? ကျိုးကြောင်းမခိုင်လုံတာရော ရှက်တာကြောင့်ရော ကျီလျောင်ခေါင်းသာရမ်းလိုက်တယ်။ ထားလိုက်ပါတော့..
သူ့ခေါင်းကိုပဲ ငုံ့ပြီး စားတဲ့သောက်တဲ့အပေါ်မှာပဲ အာရုံစိုက်ထားလိုက်တယ်။
သူစားနေတဲ့အချိန်ဆို ပါးစပ်ထဲအပြည့်ထည့်ပြီး တမြည့်မြည့်နဲ့ဝါးရတာကို ကြိုက်တယ်။ အဲ့တာကြောင့်ပဲ ရှုအိုက်ဝမ်က ဒီဟာကလူမြင်မကောင်းဘူးဆိုပြီး အကြိမ်ကြိမ်ပြောဖူးတယ်။ ဒါပေမယ့် ဟဲ့ချန်းမင်ကတော့ ဒီပုံလေးကအရမ်းချစ်ဖို့ကောင်းနေပြီး ပါးထဲမှာအစာတွေပြွတ်သိပ်နေတဲ့ ဟမ်းစတားလေးနဲ့တူတယ်လို့တောင် တွေးမိတယ်။
သူတကယ် ကောင်လေးကိုနမ်းချင်တယ်။
ဒီအတွေးက သူတို့စားသောက်ပြီးလို့ ကျောင်းကို ပြန်လျှောက်သွားတဲ့အချိန်ထိပဲ။
အခုကစောနေသေးတာကြောင့် ဟဲ့ချန်းမင်တမင်သက်သက် ပိုဝေးတဲ့လမ်းကြောင်းကိုဦးဆောင်ခေါ်သွားတယ်။ ကျီလျောင်များများစားစားမတွေးဘဲ တဖက်ကောင်လေးကအများကြီးစားမိတာကြောင့် လမ်းလျှောက်ချင်လို့ခေါ်လာတာလို့ထင်ပြီး ရူးကြောင်ကြောင်နဲ့သူပါလိုက်သွားတယ်။
တစ်စုံတစ်ယောက်သူ့လက်ကောက်ဝတ်ကိုဆွဲလိုက်တော့ ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ သူ့ကိုစူးစိုက်ကြည့်နေတဲ့ ဟဲ့ချန်းမင်ရဲ့မျက်ဝန်းနက်တွေကို မြင်လိုက်ရတယ်။
“ကျီလျောင်”
သူ့အသံကအရမ်းအက်ရှနေပြီး သူ့ရဲ့ပူလောင်တဲ့မျက်လုံးတွေက သူ့(ကျီလျောင်)မျက်လုံးကနေ နှုတ်ခမ်းတွေဆီ ကျရောက်သွားတယ်။
သူဘာဖြစ်ချင်နေတာလဲဆိုတာ ကျီလျောင်နားလည်လိုက်တော့ ရင်တွေပါတုန်သွားရတယ်။ သူ့အတွေးတွေက လွန်ခဲ့တဲ့ညက ပြင်းထန်တဲ့အနမ်းကို ပြန်သတိရသွားတော့ လည်ချောင်းတွေတောင်ခြောက်ကပ်လာပေမယ့် သူ့ရဲ့ဆင်ခြင်တုံတရားကတော့ ဒီဟာကမဟုတ်သေးဘူး၊ timing လည်းမကိုက်ဘူးပြီးတော့ နေရာကလည်းမဟုတ်သေးဘူး ဆိုပြီးသတိပေးနေတယ်…
သူတောင်မတုန့်ပြန်ရသေးဘူး ဟဲ့ချန်းမင်ကစွန့်ပစ်ထားတဲ့အဆောင်အအုံကြီးရဲ့ အနောက်ဘက်ကို သူ့ကိုခေါ်သွားတယ်။ အတော်လေးလုံတဲ့နေရာဖြစ်လို့ ကျီလျောင်သက်ပြင်းကြီးချလိုက်မိတယ်။ သူ့နောက်ကျောကနံရံမှာကပ်နေပြီး ဟဲ့ချန်းမင်ရဲ့နီရဲရဲမျက်လုံးတွေနဲ့ ဆုံသွားတယ်။ သူ့နှလုံးသားပျော့ပြောင်းသွားကာ အရှုံးပေးလိုက်တယ်။
သူ့မျက်လုံးကိုမှိတ်ထားပြီး လိုက်လျောကြောင်းပြသနေပေမယ့် သူ့မျက်နှာကတော့ ကြောက်နေတဲ့အသွင်ဖြစ်နေတယ်။
ဟဲ့ချန်းမင်ရဲ့လက်တစ်ဖက်က နံရံမှာကပ်ကာ ခေါင်းငုံ့ပြီးကျီလျောင့်နှုတ်ခမ်းနဲ့ထိလိုက်တယ်။ သူ့အပြုအမူတွေကို သတိထားပြီး တဖက်ကောင်လေးသက်သောင့်သက်သာမဖြစ်မှာကို စိုးထိတ်နေရတယ်။
အနမ်းတစ်ခုပေမယ့် တစ်ဖက်သတ်အနမ်းဖြစ်နေတယ်။ ဘာမှမဘာရတာထက်စာရင်တော့ တစ်ဖက်သတ်နမ်းရတာကပိုကောင်းပါသေးတယ်လေလို့ ဟဲ့ချန်းမင်တွေးလိုက်တယ်။ ကျီလျောင့်ရဲ့နှုတ်ခမ်းကိုခွဲပြီး တိုးဝင်ဖို့ပြင်လိုက်ပေမယ့် ကျီလျောင်ကစိတ်လှုပ်ရှားပြီး သွားကိုတင်းတင်းစိထားတာကြောင့် သူဆက်မတိုးနိုင်ဖြစ်နေတယ်။
တင်းသွားတာကြောင့် ဟဲ့ချန်းမင်နှုတ်ခမ်းကို ခဏလေးလွှတ်လိုက်တယ်။ ကျီလျောင်ကနမ်းလို့ပြီးသွားပြီထင်ပြီး စိတ်လျော့ချလိုက်တယ်။ သူမျက်လုံးဖွင့်လိုက်တဲ့အခါ ယောကျာ်းပီသပြီဆွဲဆောင်နိုင်လွန်းတဲ့မျက်နှာကို တွေ့လိုက်ရတယ်။ ဘာတွေဖြစ်ကုန်လဲဆိုတာ အမြန်လိုက်နိုင်သွားချိန်မှာ တစ်ဖက်ကောင်လေးရဲ့လျှာက သူ့နှုတ်ခမ်းကြားဝင်လာတာကို ခံစားမိပြီး သူ့လျှာနဲ့လုံးထွေးနေတယ်။
အဲ့တာက နူးညံ့ပြီး ချိုမြိန်တယ်။ မလုံလောက်သလိုမျိုး သူ့ကိုထပ်ခါထပ်ခါအရသာခံတယ်။ ကျီလျောင်ကညှာတာပေးဖို့ မတောင်းဆိုခင်အထိ ဟဲ့ချန်းမင်သူ့ကိုမလွှတ်ပေးဘဲ နှစ်ယောက်သားလူစုကွဲသွားတော့မှ အသည်းအသန်လေကို ရှုရှိုက်နေရတယ်။
_____
Thanks 😉