{Zawgyi}
•မင္းထပ္ၿပီးလႈပ္ေနတာနဲ႔ ကိုယ္နမ္းေတာ့မွာ•
က်ီေလ်ာင္ ႐ုံးခန္းထဲကေန စိတ္ပ်က္အားငယ္စြာ ထြက္လာခဲ့တယ္။
ေန႔လည္စာစားခ်ိန္ေရာက္ေနေပမယ့္ သူ႔မွာ စားခ်င္ေသာက္ခ်င္စိတ္မရွိေနဘူး။ သူ႔စာသင္ခန္းကိုပဲ ဦးတည္လိုက္ၿပီး စားပြဲခုံေပၚေမွာက္ခ်ေနလိုက္တယ္။
တကယ္ေတာ့ သူကအေကာင္းဆုံးဆိုတဲ့အမွတ္ေတြနဲ႔ ေက်ာင္းသားေကာင္းတစ္ေယာက္ျဖစ္ခဲ့တာ။ သူပထမရတဲ့အေခါက္တိုင္း က်ီခ်င္းဝမ္က သူ႔ကိုဆုခ်ၿပီး ကစားဖို႔ေခၚသြားေလ့ရွိတယ္။ တစ္ခါတစ္ရံၿမိဳ႕ျပင္၊ တစ္ခါတစ္ရံၿမိဳ႕တြင္းနဲ႔ တစ္ခါတစ္ေလမ်ားဆို သူ႔ရဲ႕ေဆာက္လုပ္ေရးခြင္ထဲပါေခၚသြားတတ္တယ္။
က်ီခ်င္းဝမ္က ေခတ္ေနာက္က်တဲ့ဗိသုကာပညာရွင္တစ္ေယာက္ျဖစ္တယ္။ ဘာေၾကာင့္ “ေခတ္ေနာက္က်တယ္”ဆိုတဲ့ စကားလုံးကိုထည့္ရတာလဲ? ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔မွာဘြဲ႕လက္မွတ္လည္းမရွိဘဲ သူ႔ရဲ႕ဗဟုသုတေလးကို အသုံးခ်ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြက “ဆရာႀကီး”ေတြေနာက္ပဲ လိုက္ေနရတာျဖစ္တယ္။ ထပ္ေျပာရရင္ သူ႔ရဲ႕ဒီဇိုင္းေတြက အေတာ္အသင့္အရည္အေသြးေကာင္းတာေၾကာင့္ အသိအမွတ္ျပဳမႈအနည္းငယ္ေလးေတာ့ရတယ္။
ခ်မ္းသာတဲ့သူေဌးေတြက ၿမိဳ႕ႀကီးေတြမွာေနရတာ အခ်ိန္ေတြၾကာလာလို႔ သူတို႔ရဲ႕အခ်ိန္ပိုမွာ သဘာဝတရားကိုျပန္ခံစားခ်င္တာေၾကာင့္ သူတို႔ေတာင္ထိပ္က ကုန္းေျမတစ္ပိုင္းကို ဝယ္ခဲ့ၿပီး အိမ္ရာေဆာက္ဖို႔ ရည္႐ြယ္ခဲ့ၾကတယ္။ သူေဌးေတြထဲကတစ္ေယာက္က က်ီခ်င္းဝမ္အေပၚေကာင္းတဲ့အျမင္ရွိတာေၾကာင့္ သူ႔ကိုတာဝန္ေပးခဲ့တယ္။
က်ီေလ်ာင္ သူ႔အေဖရဲ႕ေဆာက္လုပ္ေရးလုပ္ငန္းခြင္ကို လိုက္ရတာဘာေၾကာင့္သေဘာက်တာလဲဆိုေတာ့ ေလထုကလတ္ဆတ္ၿပီး တိတ္ဆိတ္လို႔ျဖစ္တယ္။ ၿပီးေတာ့လည္း သူကအုပ္ျမစ္ခ်တဲ့အပိုင္းေတြကို အရမ္းစိတ္ဝင္စားတယ္။ သူေျမျပင္ေပၚကေန အိမ္ရာေလးေတြေဆာက္ႏိုင္တာကို ျမင္ေတာ့ ေအာင္ျမင္မႈရဲ႕အေငြ႕အသက္ကို ခံစားရၿပီး သူ႔အေဖကအေကာင္းဆုံးလို႔လည္း ခံစားရတယ္။
လူနာႏွစ္သစ္ရဲ႕ဒုတိယေျမာက္ေန႔ ေဆာင္းတြင္းမွာ က်ီခ်င္းဝမ္ကမိုးမ႐ြာခင္ ေဆာက္လုပ္ေရးအခ်ိန္ဇယားအမွီၿပီးေအာင္ ႀကိဳးစားတယ္။ သူလုပ္ငန္းခြင္အတြင္းမွာပဲ မေတာ္တဆျဖစ္ၿပီး ေခါင္မိုးေပၚကလိမ့္က်ကာ ေသဆုံးသြားခဲ့တယ္။
အဲ့တာက က်ီေလ်ာင္အတြက္ေတာ့ လက္ခံဖို႔ရာခက္ခဲခဲ့တယ္။ သူအျပင္းအထန္ေနမေကာင္းျဖစ္ၿပီး သူ႔ရဲ႕စာေမးပြဲရလဒ္ေတြကလည္း ထိုအခ်ိန္ထဲက က်လာခဲ့တာျဖစ္တယ္။ ေျဖးေျဖးခ်င္းေတာ့ ျပန္တိုးတက္လာတယ္ဆိုေပမယ့္လည္း အေကာင္းဆုံးျဖစ္ခဲ့တဲ့အခ်ိန္ေတြကို ဘယ္ေတာ့မွျပန္မသြားႏိုင္ေတာ့ဘူး။
စိတ္ပိုင္းဆိုင္ရာအေၾကာင္းျပခ်က္ေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ သူပထမေနရာကိုယူႏိုင္ရင္ေတာင္ သူ႔ကိုဆုေပးလာမယ့္သူ တစ္ေယာက္မွရွိေတာ့မွာ မဟုတ္ဘူး။
က်ီေလ်ာင္အဲ့တာကိုေတြးမိၿပီး လက္ေမာင္းကိုစုလိုက္ကာ ေခါင္းကိုပိုၿပီးႏွစ္ထားလိုက္မိတယ္။
သူ က်ီခ်င္းဝမ္ကို လြမ္းတယ္။
ထိုအခ်ိန္မွာ ရွည္ေမ်ာေမ်ာအနီေရာင္ပုံရိပ္က ျပတင္းေပါက္မွာ ေပၚလာတယ္။
ဟဲ့ခ်န္းမင္ အခန္းဆယ့္ႏွစ္ကိုၾကည့္လိုက္ေတာ့ စားပြဲခုံေပၚမွာေမွာက္ေနတဲ့ က်ီေလ်ာင့္ကိုေတြ႕သြားတယ္။ သူ႔မ်က္ႏွာကို မျမင္ရေပမယ့္ ဘယ္ေလာက္ေတာင္ဝမ္းနည္းၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနလိုက္မလဲဆိုတာ ခန႔္မွန္းႏိုင္ေသးတယ္။
ဒီအ႐ူးေပါက္စေလးကေတာ့ အဆူခံရတဲ့စကားေလးႏွစ္ခြန္းကိုေတာင္မွာ မခံႏိုင္ဘူးလား? [T/N :ႏွစ္ေၾကာင္းထက္ေတာ့ ပိုပါတယ္ေအ]
သူေန႔လယ္စာမစားရေသးတာလည္း ေသခ်ာသေလာက္ရွိတယ္။
အခန္းထဲဝင္လိုက္ၿပီး က်ီေလ်ာင့္ထိုင္ခုံေရွ႕မွာ ဟဲ့ခ်န္းမင္ရပ္လိုက္တယ္။ က်ီေလ်ာင္က တစ္ခုခုကိုအာ႐ုံခံမိတာေၾကာင့္ ေခါင္းေမာ့ၿပီးၾကည့္လိုက္တဲ့အခါ ေတာင့္တင္းသြားတယ္။
“မင္းက ဒီကိုဘာလို႔ေရာက္လာတာလဲ?” သူ အံ့ၾသတႀကီးေမးလိုက္တယ္။
“ကိုယ္မင္းကိုလြမ္းတယ္” ဟဲ့ခ်န္းမင္က လူယုတ္မာအၿပဳံးႀကီးနဲ႔ က်ီေလ်ာင္ေတာင္ဘာမွမလုပ္ႏိုင္ေသးခင္ ပါးကိုလိမ္ဆြဲလိုက္တယ္။
သူ႔အသားအရည္ေလးက အရမ္းေကာင္းတယ္၊ အရမ္းကို ႏူးညံ့ၿပီးေခ်ာေမြ႕ေနတာပဲ။
က်ီေလ်ာင္သူ႔လက္ကို ႐ိုက္ခ်လိုက္ၿပီး ေဘးဘီကိုစိတ္ပူပန္စြာ အျမန္ၾကည့္လိုက္တယ္။ တကယ္လို႔တစ္ေယာက္ေယာက္သာ သူတို႔ကို ျမင္သြားတာျဖစ္ျဖစ္ ၾကားသြားတာျဖစ္ျဖစ္ဆိုရင္… ျဖစ္လာမယ့္အက်ိဳးဆက္ေတြက ေတြးေတာင္မေတြးရဲေအာင္ပဲ။
“အဲ့မွာရပ္မေနနဲ႔ေလ…” ရႈေရွာင္က်င္း မနက္တုန္းက သူ႔ကိုဟဲ့ခ်န္းမင္နဲ႔ဆက္ဆံေရးကို ေမးခြန္းထုတ္တုန္းက သူေခါင္းၿငိတ္လိုက္ေပမယ့္ အမ်ားကိုဒီဆက္ဆံေရးကိုခ်ျပဖို႔ေတြးမိလိုက္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕သတၱိေတြ ေပ်ာက္ဆုံးကုန္တယ္။
“သြားစားၾကရေအာင္” ဟဲ့ခ်န္းမင္ကေတာ့ ဂ႐ုကိုမစိုက္ဘဲ တစ္ေလာကလုံးကို က်ီေလ်ာင္ကသူ႔လူဆိုတာ ခ်ျပဖို႔မေစာင့္ႏိုင္ေတာ့ေပမယ့္ က်ီေလ်ာင့္ရဲ႕ဆႏၵကိုလည္း ေလးစားတယ္။ ဘာပဲျဖစ္ျဖစ္ သူကနာခံတတ္တဲ့ခ်စ္သူေကာင္ေလးတစ္ေယာက္ျဖစ္တယ္ေလ။
သူကဟိတ္ဟန္ႀကီးနဲ႔ေျပာလိုက္တာေၾကာင့္ က်ီေလ်ာင္လည္းေယာင္ေတာင္ေပါင္ေတာင္နဲ႔ ထၿပီးလိုက္သြားမိတယ္။ အခန္းတံခါးေရာက္ေတာ့မွ သူ႔မွာစားခ်င္စိတ္ရွိမေနတာကို သတိရသြားတယ္…
သူတို႔ႏွစ္ေယာက္ၾကားမွာ အၿမဲတမ္းလုံၿခဳံတဲ့အကြာအေဝးတစ္ခုထားထားတာက ဟဲ့ခ်န္းမင္အတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္။ သူ႔လက္ေမာင္းကို က်ီေလ်ာင့္ပုခုံးေပၚတင္ၿပီး သူငယ္ခ်င္းေတြလို ဖက္ထားလိုက္ေပမယ့္ က်ီေလ်ာင္ကေတာ့ ဒါအရမ္းႀကီးပြတ္သီးပြတ္သပ္ျဖစ္ေနသလို ခံစားရတာေၾကာင့္ ခုခံဖို႔ႀကိဳးစားေတာ့တယ္။
“မင္းထပ္ၿပီး လႈပ္ေနတာနဲ႔ ကိုယ္နမ္းေတာ့မွာ” ဟဲ့ခ်န္းမင္သူ႔ကိုေျခာက္ဖို႔ ႀကိဳးစားလိုက္တယ္။ [T/N : ဒီမမႀကီးလည္း လႈပ္ေနတယ္ေလ]
က်ီေလ်ာင္ထပ္မလႈပ္ရဲေတာ့ဘူး။ သူ႔မ်က္လုံးေတြက မေက်နပ္ခ်က္ေတြ၊ အေၾကာက္တရားေတြနဲ႔ ျပည့္ႏွက္ေနတယ္။
ျဖတ္သြားတဲ့ေက်ာင္းသားတိုင္းက သူတို႔ကိုၾကည့္သြားၾကတာေၾကာင့္ က်ီေလ်ာင္ရင္ခုန္သံေတြပိုျမန္လာတယ္။ ဟဲ့ခ်န္းမင္ကို ေကာင္ေလးႏွစ္ေယာက္လွမ္းေခၚလိုက္တာကို ၾကားလိုက္ရတယ္ “မင္ေကာ”
ဟဲ့ခ်န္းမင္ သူ႔ကိုယ္သူေဘာ့စ္တစ္ေယာက္လို ေခါင္းပဲၿငိတ္ၿပီး က်ီေလ်ာင့္ကိုမ်က္ခုံးပင့္ျပလိုက္တယ္။ “ေတြ႕လား၊ တစ္ေယာက္မွဒါကို အရႈပ္အေထြးတစ္ခုလို႔မထင္ၾကဘူး ဘာမွမဟုတ္တာကို စိတ္ပူမေနနဲ႔” ဒါေၾကာင့္နဲ႔ သူ႔အမူအက်င့္ေတြေျပာင္းလိုက္မွာ မဟုတ္ဘူး!
က်ီေလ်ာင္တိတ္သြားကာ ႏႈတ္ခမ္းကိုသာဖိကိုက္ထားၿပီး သူ႔ရဲ႕ကိုယ့္ကိုယ္ကိုအဟုတ္ႀကီးထင္ေနတဲ့အျပဳအမူေၾကာင့္ မေပ်ာ္ေၾကာင္းျပသေနတယ္။
“ေဘဘီရာ၊ ဘာလို႔စိတ္ပ်က္ေနတဲ့ မ်က္ႏွာထားႀကီးလဲ? လာပါအုံး ကိုယ့္ကိုၿပဳံးျပပါအုံးကြာ”
ဟဲ့ခ်န္းမင္သူ႔ကိုစေနာက္ေနေပမယ့္ က်ီေလ်ာင္ကေတာ့ေနၿမဲအတိုင္းျဖစ္ေနတာကို ျမင္ေတာ့ သက္ျပင္းတုခ်လိုက္တယ္။ “ေဘဘီကမၿပဳံးဘူးဆိုေတာ့လည္း ကိုယ္ကအၿပဳံးေလးေပးရေတာ့မွာေပါ့”
အဲ့လိုနဲ႔ ႏႈတ္ခမ္းစြန္းနားေလးကို ေကာ့ၫြတ္ၿပီး အ႐ူးႀကီးတစ္ေယာက္လို က်ီေလ်ာင့္ကိုၿပဳံးျပလိုက္တယ္။
က်ီေလ်ာင္ေတာင့္မခံႏိုင္ေတာ့ဘူး။ ေလွာင္ရယ္လိုက္ၿပီး အေစာနတုန္းက မေက်မခ်မ္းျဖစ္ေနတာေတြကလည္း ခ်က္ခ်င္းဆိုသလိုေပ်ာက္သြားၿပီး သူေနလို႔ပိုေကာင္းလာတယ္။
____________________________________
{Unicode}
•မင်းထပ်ပြီးလှုပ်နေတာနဲ့ ကိုယ်နမ်းတော့မှာ•
ကျီလျောင် ရုံးခန်းထဲကနေ စိတ်ပျက်အားငယ်စွာ ထွက်လာခဲ့တယ်။
နေ့လည်စာစားချိန်ရောက်နေပေမယ့် သူ့မှာ စားချင်သောက်ချင်စိတ်မရှိနေဘူး။ သူ့စာသင်ခန်းကိုပဲ ဦးတည်လိုက်ပြီး စားပွဲခုံပေါ်မှောက်ချနေလိုက်တယ်။
တကယ်တော့ သူကအကောင်းဆုံးဆိုတဲ့အမှတ်တွေနဲ့ ကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့တာ။ သူပထမရတဲ့အခေါက်တိုင်း ကျီချင်းဝမ်က သူ့ကိုဆုချပြီး ကစားဖို့ခေါ်သွားလေ့ရှိတယ်။ တစ်ခါတစ်ရံမြို့ပြင်၊ တစ်ခါတစ်ရံမြို့တွင်းနဲ့ တစ်ခါတစ်လေများဆို သူ့ရဲ့ဆောက်လုပ်ရေးခွင်ထဲပါခေါ်သွားတတ်တယ်။
ကျီချင်းဝမ်က ခေတ်နောက်ကျတဲ့ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တယ်။ ဘာကြောင့် “ခေတ်နောက်ကျတယ်”ဆိုတဲ့ စကားလုံးကိုထည့်ရတာလဲ? ဘာဖြစ်လို့လဲဆိုတော့ သူ့မှာဘွဲ့လက်မှတ်လည်းမရှိဘဲ သူ့ရဲ့ဗဟုသုတလေးကို အသုံးချပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက “ဆရာကြီး”တွေနောက်ပဲ လိုက်နေရတာဖြစ်တယ်။ ထပ်ပြောရရင် သူ့ရဲ့ဒီဇိုင်းတွေက အတော်အသင့်အရည်အသွေးကောင်းတာကြောင့် အသိအမှတ်ပြုမှုအနည်းငယ်လေးတော့ရတယ်။
ချမ်းသာတဲ့သူဌေးတွေက မြို့ကြီးတွေမှာနေရတာ အချိန်တွေကြာလာလို့ သူတို့ရဲ့အချိန်ပိုမှာ သဘာဝတရားကိုပြန်ခံစားချင်တာကြောင့် သူတို့တောင်ထိပ်က ကုန်းမြေတစ်ပိုင်းကို ဝယ်ခဲ့ပြီး အိမ်ရာဆောက်ဖို့ ရည်ရွယ်ခဲ့ကြတယ်။ သူဌေးတွေထဲကတစ်ယောက်က ကျီချင်းဝမ်အပေါ်ကောင်းတဲ့အမြင်ရှိတာကြောင့် သူ့ကိုတာဝန်ပေးခဲ့တယ်။
ကျီလျောင် သူ့အဖေရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လိုက်ရတာဘာကြောင့်သဘောကျတာလဲဆိုတော့ လေထုကလတ်ဆတ်ပြီး တိတ်ဆိတ်လို့ဖြစ်တယ်။ ပြီးတော့လည်း သူကအုပ်မြစ်ချတဲ့အပိုင်းတွေကို အရမ်းစိတ်ဝင်စားတယ်။ သူမြေပြင်ပေါ်ကနေ အိမ်ရာလေးတွေဆောက်နိုင်တာကို မြင်တော့ အောင်မြင်မှုရဲ့အငွေ့အသက်ကို ခံစားရပြီး သူ့အဖေကအကောင်းဆုံးလို့လည်း ခံစားရတယ်။
လူနာနှစ်သစ်ရဲ့ဒုတိယမြောက်နေ့ ဆောင်းတွင်းမှာ ကျီချင်းဝမ်ကမိုးမရွာခင် ဆောက်လုပ်ရေးအချိန်ဇယားအမှီပြီးအောင် ကြိုးစားတယ်။ သူလုပ်ငန်းခွင်အတွင်းမှာပဲ မတော်တဆဖြစ်ပြီး ခေါင်မိုးပေါ်ကလိမ့်ကျကာ သေဆုံးသွားခဲ့တယ်။
အဲ့တာက ကျီလျောင်အတွက်တော့ လက်ခံဖို့ရာခက်ခဲခဲ့တယ်။ သူအပြင်းအထန်နေမကောင်းဖြစ်ပြီး သူ့ရဲ့စာမေးပွဲရလဒ်တွေကလည်း ထိုအချိန်ထဲက ကျလာခဲ့တာဖြစ်တယ်။ ဖြေးဖြေးချင်းတော့ ပြန်တိုးတက်လာတယ်ဆိုပေမယ့်လည်း အကောင်းဆုံးဖြစ်ခဲ့တဲ့အချိန်တွေကို ဘယ်တော့မှပြန်မသွားနိုင်တော့ဘူး။
စိတ်ပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူပထမနေရာကိုယူနိုင်ရင်တောင် သူ့ကိုဆုပေးလာမယ့်သူ တစ်ယောက်မှရှိတော့မှာ မဟုတ်ဘူး။
ကျီလျောင်အဲ့တာကိုတွေးမိပြီး လက်မောင်းကိုစုလိုက်ကာ ခေါင်းကိုပိုပြီးနှစ်ထားလိုက်မိတယ်။
သူ ကျီချင်းဝမ်ကို လွမ်းတယ်။
ထိုအချိန်မှာ ရှည်မျောမျောအနီရောင်ပုံရိပ်က ပြတင်းပေါက်မှာ ပေါ်လာတယ်။
ဟဲ့ချန်းမင် အခန်းဆယ့်နှစ်ကိုကြည့်လိုက်တော့ စားပွဲခုံပေါ်မှာမှောက်နေတဲ့ ကျီလျောင့်ကိုတွေ့သွားတယ်။ သူ့မျက်နှာကို မမြင်ရပေမယ့် ဘယ်လောက်တောင်ဝမ်းနည်းပြီး မပျော်မရွှင်ဖြစ်နေလိုက်မလဲဆိုတာ ခန့်မှန်းနိုင်သေးတယ်။
ဒီအရူးပေါက်စလေးကတော့ အဆူခံရတဲ့စကားလေးနှစ်ခွန်းကိုတောင်မှာ မခံနိုင်ဘူးလား? [T/N :နှစ်ကြောင်းထက်တော့ ပိုပါတယ်အေ]
သူနေ့လယ်စာမစားရသေးတာလည်း သေချာသလောက်ရှိတယ်။
အခန်းထဲဝင်လိုက်ပြီး ကျီလျောင့်ထိုင်ခုံရှေ့မှာ ဟဲ့ချန်းမင်ရပ်လိုက်တယ်။ ကျီလျောင်က တစ်ခုခုကိုအာရုံခံမိတာကြောင့် ခေါင်းမော့ပြီးကြည့်လိုက်တဲ့အခါ တောင့်တင်းသွားတယ်။
“မင်းက ဒီကိုဘာလို့ရောက်လာတာလဲ?” သူ အံ့သြတကြီးမေးလိုက်တယ်။
“ကိုယ်မင်းကိုလွမ်းတယ်” ဟဲ့ချန်းမင်က လူယုတ်မာအပြုံးကြီးနဲ့ ကျီလျောင်တောင်ဘာမှမလုပ်နိုင်သေးခင် ပါးကိုလိမ်ဆွဲလိုက်တယ်။
သူ့အသားအရည်လေးက အရမ်းကောင်းတယ်၊ အရမ်းကို နူးညံ့ပြီးချောမွေ့နေတာပဲ။
ကျီလျောင်သူ့လက်ကို ရိုက်ချလိုက်ပြီး ဘေးဘီကိုစိတ်ပူပန်စွာ အမြန်ကြည့်လိုက်တယ်။ တကယ်လို့တစ်ယောက်ယောက်သာ သူတို့ကို မြင်သွားတာဖြစ်ဖြစ် ကြားသွားတာဖြစ်ဖြစ်ဆိုရင်… ဖြစ်လာမယ့်အကျိုးဆက်တွေက တွေးတောင်မတွေးရဲအောင်ပဲ။
“အဲ့မှာရပ်မနေနဲ့လေ…” ရှုရှောင်ကျင်း မနက်တုန်းက သူ့ကိုဟဲ့ချန်းမင်နဲ့ဆက်ဆံရေးကို မေးခွန်းထုတ်တုန်းက သူခေါင်းငြိတ်လိုက်ပေမယ့် အများကိုဒီဆက်ဆံရေးကိုချပြဖို့တွေးမိလိုက်တဲ့အချိန်မှာတော့ သူ့ရဲ့သတ္တိတွေ ပျောက်ဆုံးကုန်တယ်။
“သွားစားကြရအောင်” ဟဲ့ချန်းမင်ကတော့ ဂရုကိုမစိုက်ဘဲ တစ်လောကလုံးကို ကျီလျောင်ကသူ့လူဆိုတာ ချပြဖို့မစောင့်နိုင်တော့ပေမယ့် ကျီလျောင့်ရဲ့ဆန္ဒကိုလည်း လေးစားတယ်။ ဘာပဲဖြစ်ဖြစ် သူကနာခံတတ်တဲ့ချစ်သူကောင်လေးတစ်ယောက်ဖြစ်တယ်လေ။
သူကဟိတ်ဟန်ကြီးနဲ့ပြောလိုက်တာကြောင့် ကျီလျောင်လည်းယောင်တောင်ပေါင်တောင်နဲ့ ထပြီးလိုက်သွားမိတယ်။ အခန်းတံခါးရောက်တော့မှ သူ့မှာစားချင်စိတ်ရှိမနေတာကို သတိရသွားတယ်…
သူတို့နှစ်ယောက်ကြားမှာ အမြဲတမ်းလုံခြုံတဲ့အကွာအဝေးတစ်ခုထားထားတာက ဟဲ့ချန်းမင်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ သူ့လက်မောင်းကို ကျီလျောင့်ပုခုံးပေါ်တင်ပြီး သူငယ်ချင်းတွေလို ဖက်ထားလိုက်ပေမယ့် ကျီလျောင်ကတော့ ဒါအရမ်းကြီးပွတ်သီးပွတ်သပ်ဖြစ်နေသလို ခံစားရတာကြောင့် ခုခံဖို့ကြိုးစားတော့တယ်။
“မင်းထပ်ပြီး လှုပ်နေတာနဲ့ ကိုယ်နမ်းတော့မှာ” ဟဲ့ချန်းမင်သူ့ကိုခြောက်ဖို့ ကြိုးစားလိုက်တယ်။ [T/N : ဒီမမကြီးလည်း လှုပ်နေတယ်လေ]
ကျီလျောင်ထပ်မလှုပ်ရဲတော့ဘူး။ သူ့မျက်လုံးတွေက မကျေနပ်ချက်တွေ၊ အကြောက်တရားတွေနဲ့ ပြည့်နှက်နေတယ်။
ဖြတ်သွားတဲ့ကျောင်းသားတိုင်းက သူတို့ကိုကြည့်သွားကြတာကြောင့် ကျီလျောင်ရင်ခုန်သံတွေပိုမြန်လာတယ်။ ဟဲ့ချန်းမင်ကို ကောင်လေးနှစ်ယောက်လှမ်းခေါ်လိုက်တာကို ကြားလိုက်ရတယ် “မင်ကော”
ဟဲ့ချန်းမင် သူ့ကိုယ်သူဘော့စ်တစ်ယောက်လို ခေါင်းပဲငြိတ်ပြီး ကျီလျောင့်ကိုမျက်ခုံးပင့်ပြလိုက်တယ်။ “တွေ့လား၊ တစ်ယောက်မှဒါကို အရှုပ်အထွေးတစ်ခုလို့မထင်ကြဘူး ဘာမှမဟုတ်တာကို စိတ်ပူမနေနဲ့” ဒါကြောင့်နဲ့ သူ့အမူအကျင့်တွေပြောင်းလိုက်မှာ မဟုတ်ဘူး!
ကျီလျောင်တိတ်သွားကာ နှုတ်ခမ်းကိုသာဖိကိုက်ထားပြီး သူ့ရဲ့ကိုယ့်ကိုယ်ကိုအဟုတ်ကြီးထင်နေတဲ့အပြုအမူကြောင့် မပျော်ကြောင်းပြသနေတယ်။
“ဘေဘီရာ၊ ဘာလို့စိတ်ပျက်နေတဲ့ မျက်နှာထားကြီးလဲ? လာပါအုံး ကိုယ့်ကိုပြုံးပြပါအုံးကွာ”
ဟဲ့ချန်းမင်သူ့ကိုစနောက်နေပေမယ့် ကျီလျောင်ကတော့နေမြဲအတိုင်းဖြစ်နေတာကို မြင်တော့ သက်ပြင်းတုချလိုက်တယ်။ “ဘေဘီကမပြုံးဘူးဆိုတော့လည်း ကိုယ်ကအပြုံးလေးပေးရတော့မှာပေါ့”
အဲ့လိုနဲ့ နှုတ်ခမ်းစွန်းနားလေးကို ကော့ညွတ်ပြီး အရူးကြီးတစ်ယောက်လို ကျီလျောင့်ကိုပြုံးပြလိုက်တယ်။
ကျီလျောင်တောင့်မခံနိုင်တော့ဘူး။ လှောင်ရယ်လိုက်ပြီး အစောနတုန်းက မကျေမချမ်းဖြစ်နေတာတွေကလည်း ချက်ချင်းဆိုသလိုပျောက်သွားပြီး သူနေလို့ပိုကောင်းလာတယ်။
_____
Thanks 😉