နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကို...

By Kay_Wine

1.4M 240K 15.1K

Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre... More

Synopsis
အပိုင်း-၁ (Zawgyi + Unicode)
အပိုင်း-၂ (Zawgyi+Unicode)
အပိုင်း-၃.၁ (Zawgyi + Unicode)
အပိုင်း-၃.၂ (Zawgyi + Unicode)
အပိုင်း-၄.၁ (Zawgyi + Unicode)
အပိုင်း-၄.၂ (Zawgyi + Unicode)
အပိုင်း-၅ (Zawgyi + Unicode)
အပိုင်း-၆ (Zawgyi + Unicode)
အပိုင်း-၇ (Zawgyi + Unicode)
အပိုင်း-၈ (Zawgyi + Unicode)
အပိုင်း-၉ (Zawgyi + Unicode)
အပိုင်း-၁၀.၁ (Zawgyi + Unicode)
အပိုင်း-၁၀.၂ (Zawgyi + Unicode)
အပိုင်း-၁၁ (Zawgyi + Unicode)
အပိုင်း-၁၂ (Zawgyi + Unicode)
အပိုင်း-၁၃ (Zawgyi + Unicode)
အပိုင်း-၁၄ (Zawgyi + Unicode)
အပိုင်း-၁၅ (Zawgyi + Unicode)
အပိုင်း-၁၆ (Zawgyi + Unicode)
အပိုင်း-၁၇ (Zawgyi + Unicode)
အပိုင်း-၁၈ (Zawgyi + Unicode)
အပိုင်း-၁၉ (Zawgyi + Unicode)
အပိုင်း-၂၀ (Zawgyi + Unicode)
အပိုင်း-၂၁ (Zawgyi + Unicode)
အပိုင်း-၂၂ (Zawgyi + Unicode)
အပိုင်း-၂၃ (Zawgyi + Unicode)
အပိုင်း-၂၄ (Zawgyi + Unicode)
အပိုင်း-၂၅ (Zawgyi + Unicode)
အပိုင်း- ၂၆ (Zawgyi + Unicode)
Demon King Funny Dialogue🤭
အပိုင်း-၂၇ (Zawgyi + Unicode)
အပိုင်း - ၂၈ (Zawgyi + Unicode)
အပိုင်း -၂၉ (Zawgyi + Unicode)
အပိုင်း - ၃၀ (Zawgyi + Unicode)
အပိုင်း -၃၁ (Zawgyi + Unicode)
အပိုင်း - ၃၂ (Zawgyi + Unicode)
အပိုင်း - ၃၃ (Zawgyi + Unicode)
အပိုင်း - ၃၄ (Zawgyi + Unicode)
အပိုင်း - ၃၅ (Zawgyi + Unicode)
အပိုင်း - ၃၆ (Zawgyi + Unicode)
အပိုင်း - ၃၇ (Zawgyi + Unicode)
အပိုင်း - ၃၈ (Zawgyi + Unicode)
အပိုင်း - ၃၉ (Zawgyi + Unicode)
အပိုင်း - ၄၀ (Zawgyi + Unicode)
အပိုင်း - ၄၁ (Zawgyi + Unicode)
အပိုင်း - ၄၂ (Zawgyi + Unicode)
အပိုင်း - ၄၃ (Zawgyi + Unicode)
အပိုင်း - ၄၄.၁ (Zawgyi + Unicode)
အပိုင်း - ၄၄.၂ (Zawgyi + Unicode)
အပိုင်း - ၄၅ (Zawgyi+ Unicode)
အပိုင်း - ၄၆ (Zawgyi + Unicode)
အပိုင်း - ၄၇ (Zawgyi + Unicode)
အပိုင်း - ၄၉ (Zawgyi + Unicode)
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၃
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉
အပိုင်း - ၇၀
အပိုင်း - ၇၁
အပိုင်း - ၇၂
အပိုင်း - ၇၃
အပိုင်း - ၇၄
အပိုင်း - ၇၅
အပိုင်း - ၇၆
အပိုင်း - ၇၇
အပိုင်း - ၇၈
အပိုင်း - ၇၉
အပိုင်း - ၈၀
အပိုင်း - ၈၁
အပိုင်း - ၈၂
အပိုင်း - ၈၃
အပိုင်း - ၈၄
အပိုင်း - ၈၅
အပိုင်း - ၈၆
အပိုင်း - ၈၇
အပိုင်း - ၈၈
အပိုင်း - ၈၉
အပိုင်း - ၉၀
အပိုင်း - ၉၁
အပိုင်း - ၉၂
အပိုင်း - ၉၃
အပိုင်း - ၉၄
အပိုင်း - ၉၅
အပိုင်း - ၉၆
အပိုင်း - ၉၇
အပိုင်း - ၉၈
အပိုင်း - ၉၉
အပိုင်း - ၁၀၀
အပိုင်း - ၁၀၁
အပိုင်း - ၁၀၂
အပိုင်း - ၁၀၃
အပိုင်း - ၁၀၄ [ Final ]

အပိုင်း - ၄၈ (Zawgyi + Unicode)

11.7K 2K 170
By Kay_Wine

{Zawgyi}

ပိုင္ရန္သူ႔ကိုယ္က ေအးသြားတယ္လို႔ေတာင္ ခံစားလိုက္ရတယ္။ နတ္ဆိုးဘုရင္ႀကီးရဲ႕သူငယ္အိမ္က အဆုံးမဲ့ေအးစက္ေနတဲ့ေရအိုင္ေတြနဲ႔တူတယ္။ သူ႔အၾကည့္ေတြက ေအးခဲေနတဲ့ေရေတြနဲ႔တူၿပီး အၾကည့္နဲ႔တင္ သူ႔တစ္ကိုယ္လုံးေရအိုင္ထဲ နစ္ျမဳပ္သြားၿပီလားလို႔ေတာင္ ပိုင္ရန္ခံစားေနရတယ္။

သူ႔စိတ္ထဲကေန ပိုင္ရန္တိတ္တိတ္ေလးေမးလိုက္တယ္ “ေရွာင္လင္း မင္းဘယ္လိုထင္လဲ တကယ္လို႔ ‘ငါမလုပ္ခ်င္ပါဘူး’လို႔ေျပာလိုက္ရင္ သူငါ့ကိုသတ္မွာလား?”

“ကြၽန္မထင္တာကေတာ့ သူတကယ္ေဒါသထြက္ေနတယ္ဆိုေတာ့ သတ္ရင္သတ္မွာ” ေရွာင္လင္းကလည္း တိုးတိုးေလးျပန္ေျဖတယ္။ [T/N : လိုက္လည္းလိုက္ၾကတဲ့ႏွစ္ေယာက္ ညည္းတို႔ေျပာတာသူၾကားသြားမွာစိုးလို႔ တိုးတိုးေလးေတြေျပာေနၾကတာလား? (─.─||)]

ပိုင္ရန္ပိုလို႔ေတာင္ ေလသံကိုတိုးၿပီးေျပာလိုက္တယ္ “ဒါဆိုရင္ ငါကဘာလုပ္ရေတာ့မွာလဲ? ငါလက္မခံရင္လည္း အသတ္ခံရအုံးမယ္၊ ဒါေပမယ့္ လက္ခံလိုက္ျပန္ရင္လည္း လူသားနယ္ေျမကို ေနာက္ထပ္သြားႏိုင္ေတာ့မွာ မဟုတ္ဘူး”

“သခင္ ကြၽန္မလည္းဘာလုပ္ေပးရမွန္းမသိေတာ့ပါဘူး” ေရွာင္လင္းျပန္ေျဖတဲ့အသံက ပိုေတာင္ေပ်ာ့ေပ်ာင္းေနေသးတယ္ “ဒီေ႐ြးျခယ္မႈေတြက သခင့္အတြက္ စစ္ေဆးမႈတစ္စိတ္တစ္ပိုင္းပါပဲ၊ ဒါေတြကသခင္လုပ္ေဆာင္ရမယ့္ အေတြ႕အႀကဳံေတြပါ… အဲ့တာေၾကာင့္ ကိုယ့္ဘာသာကိုယ္ပဲ ဆုံးျဖတ္ခ်က္ခ်သင့္ပါတယ္”

“မင္းဘာလို႔ ဒီလိုေျပာႏိုင္ရတာလဲ?” ပိုင္ရန္ ေလသံေလးနဲ႔ေျပာလိုက္တယ္ “မင္းဘာမင္းမကိုင္တြယ္ႏိုင္ေတာ့ ငါ့ဆီေဘာလုံးလိုကန္ထုတ္လိုက္တယ္ေနာ္”

“သခင္ ဒါကသခင့္ရဲ႕အေတြ႕အႀကဳံေတြေလ၊ ကြၽန္မဟာမဟုတ္ဘူး” ရန္စသလိုေျပာေနေပမယ့္ ေရွာင္လင္းကလည္း တိုးတိုးေလးေျပာေနတာျဖစ္တယ္။ “ၿပီးေတာ့လည္း ကြၽန္မကလူမွမဟုတ္တာ ဒီတိုင္း Systemေလးပဲဟာကို”

ပိုင္ရန္ခဏေလာက္တိတ္ဆိတ္ေနမိတယ္ “ငါတို႔ဘာလို႔တိုးတိုးေလးေတြေျပာေနၾကတာလဲ?” သူလႊတ္ခနဲေျပာလိုက္တယ္။ “နတ္ဆိုးဘုရင္ႀကီးက ငါတို႔ေျပာတာၾကားရတာမွမဟုတ္တဲ့ဟာႀကီးကို”

ေရွာင္လင္းလည္းခဏေလာက္ေတြးေတာေနၿပီး ျပန္ေျပာလိုက္တယ္ “ဘယ္သိမတုန္း?”

သူတို႔အခ်ိန္ခဏေလာက္တိတ္ေနၿပီးမွ ပိုင္ရန္ေျပာလာတယ္ “ဒါကအရမ္းေၾကာက္စရာေကာင္းေအာင္လုပ္ေနတဲ့ နတ္ဆိုးဘုရင္ႀကီးအမွားေတြခ်ည္းပဲ! သူ႔မ်က္ႏွာႀကီးကို ၾကည့္ပါလား! ၿပီးခဲ့တဲ့တစ္ေခါက္ ငါသူနဲ႔အိပ္ဖို႔ျငင္းလိုက္တဲ့အေခါက္တုန္းက အတိုင္းႀကီးပဲ! ငါသူ႔အေပၚအေႂကြးတင္ေနတာလည္းမဟုတ္ဘဲနဲ႔… ဒီတိုင္းသူေပးတဲ့ဟာေတြကို မလိုခ်င္တာပဲရွိတယ္ေလ! သူကဘာေတြလာၿပီး ေဒါသထြက္ေနတာလဲ?”

“သူက႐ိုး႐ိုးသားသား သခင့္ကိုေပးခ်င္ေနတာျဖစ္မွာေပါ့”

“အဲ့ေတာ့ သူဘာႀကီးပဲေပးေပး ငါကဒီတိုင္းလက္ခံေနရမွာလား?” ပိုင္ရန႔္ရင္ထဲမွာ မေက်နပ္ခ်က္ေတြျပည့္ႏွက္ေနတယ္။

“ရွဲ႕ဇီထ်န္း” နတ္ဆိုးဘုရင္ႀကီးရဲ႕ေအးတိေအးစက္ေလသံက ပိုင္ရန္အေတြးႏြံထဲက ျပန္႐ုန္းထြက္လာေစတယ္။

ပိုင္ရန္သူ႔အလိုလို ျပန္ေျဖမိသြားတယ္ “ရွိ!”

သူ႔ေလသံက အရမ္းကိုတုံးတိႀကီးနဲ႔ က်ယ္သြားတယ္။ သူတကယ္လက္ရွိအေနအထားကို ျပန္ေရာက္လာသလိုမ်ိဳး။

နတ္ဆိုးဘုရင္ႀကီးက အရမ္းေဒါသထြက္ေနၿပီး စတင္ရယ္ေမာေတာ့တယ္ “ကိုယ္ေတာ္မင္းကို ေမးခြန္းေမးေနတာကိုေတာင္မွ မင္းကဘာကိုစိတ္ကူးယဥ္ေနတာလဲ?”

ပိုင္ရန႔္အမူအယာက ေလးနက္လို႔ေနတယ္ “အရွင့္အေစခံက အရွင့္ကိုဘယ္လိုျပန္ေျဖရမလဲဆိုတာ ေတြးေနတာပါ”

“ကိုယ္ေတာ့္ေမးခြန္းက တကယ္ႀကီးအဲ့ေလာက္ေတာင္ခက္ေနတာလား?” နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္။

ပိုင္ရန္ခဏေလာက္ေတြးေတာၿပီး နတ္ဆိုးဘုရင္ႀကီးက ဒီရာထူးကိုသူျငင္းလိုက္႐ုံနဲ႔ သူ႔ကိုမသတ္ေလာက္ဘူးဆိုတာ သိလိုက္ေတာ့ သူရဲရဲတင္းတင္းဝန္ခံလိုက္တယ္ “အရွင္က အရွင့္အေစခံကိုအရမ္းေထာက္ထားညႇာတာတာေၾကာင့္ အရွင့္အေစခံက အလြန္အမင္းေက်းဇူးတင္မိပါတယ္၊ ဒါေပမယ့္အရွင့္အေစခံက အေစာင့္ေခါင္းေဆာင္ရာထူးနဲ႔ အရမ္းကိုမအပ္စပ္ပါဘူး… အရွင္တျခားတစ္ေယာက္ကို ရွာမယ္လို႔ေမွ်ာ္လင့္ပါတယ္”

စကားလုံးေတြသူ႔ပါးစပ္က ထြက္လာၿပီးေနာက္ အခန္းအပူခ်ိန္က ေလ်ာ့က်သြားတာကို ပိုင္ရန္ခံစားမိသြားတယ္။ နတ္ဆိုးဘုရင္ႀကီးက သူ႔ရဲ႕ပုလႅင္ေပၚမွာ ေက်ာမတ္မတ္ေျဖာင့္ေျဖာင့္ထိုင္ေနၿပီး ႏႈတ္ခမ္းေတြကိုလည္း မ်ဥ္းတစ္ေျဖာင့္တည္းအေနအထားျဖစ္ေအာင္ တင္းတင္းဖိထားကာ မ်က္လုံးေတြကလည္း ေဖာက္ထြင္းထြက္သြားေတာ့မယ့္ ဓားသြားေတြအလား ျဖစ္ေနတယ္။

နတ္ဆိုးဘုရင္ႀကီးရဲ႕ျပင္းထန္လြန္းတဲ့အၾကည့္နဲ႔တင္ သူေသေတာ့မယ္လို႔ ပိုင္ရန္ေတြးလိုက္တယ္။

‘မျဖစ္ႏိုင္တာ၊ သူငါ့ကိုတကယ္ႀကီးသတ္ေတာ့မွာလား?’

ပိုင္ရန္မေသခ်ာတာကို ခံစားမိတာေၾကာင့္ ရင္ေတြတုန္လာတယ္။

‘ငါေျပာလိုက္တာက အ႐ိုေသတန္သလိုျဖစ္ေနၿပီး အရင္တုန္းကလည္းသူ႔ကို ပါးစပ္သရမ္းထားဖူးေသးတယ္… မေတာ္လို႔နာၾကည္းခ်က္အသစ္ေတြနဲ႔ အတိတ္ကအာဃာတေတြေပါင္းၿပီး ေသြးဆူေနတဲ့အခ်ိန္မွာ သူတကယ္ႀကီးငါ့ကိုသတ္လိုက္ရင္ေရာ? အဲ့တာျဖစ္ႏိုင္တယ္’

ပိုင္ရန္အဲ့လိုႀကီးေသဖို႔ကိုေတာ့ ျငင္းခ်င္တယ္ အဲ့တာေၾကာင့္ ေၾကာက္စရာေကာင္းတဲ့အေနအထားႀကီးကို ကုစားႏိုင္ဖို႔သူေျပာလိုက္တယ္ “အရွင္ ကြၽန္ေတာ္ေတြးမိတာက အေစာင့္ေခါင္းေဆာင္ဆိုတာက စည္းကမ္းတင္းၾကပ္ၿပီး သူတို႔အလုပ္ေပၚမွာပဲ ႏွစ္ျမႇဳပ္ထားႏိုင္တဲ့သူကို လိုအပ္တာပါ၊ ကြၽန္ေတာ့္လိုလူမ်ိဳးက… အင္အားျပဖို႔အတြက္ ကြၽန္ေတာ့္ကိုတိုက္ခိုက္ခိုင္းလည္းအဆင္ေျပေပမယ့္ ကြၽန္ေတာ့္ကိုစစ္တပ္ကိုထိန္းခ်ဳပ္ၿပီး ေန႔တိုင္းနတ္ဆိုးၿမိဳ႕ေတာ္ကို ေစာင့္ၾကပ္ရမယ္ဆိုရင္ေတာ့… ကြၽန္ေတာ္မြန္းၾကပ္သြားပါလိမ့္မယ္၊ ဒီရာထူးက တကယ္ႀကီးကြၽန္ေတာ့္အတြက္ ဟုတ္မေနပါဘူး”

နတ္ဆိုးဘုရင္ႀကီးအေနအထားကလည္း ေလ်ာ့မသြားဘူး “အေစာင့္အၾကပ္ေခါင္းေဆာင္ရာထူးက မင္းနဲ႔မသင့္ေတာ္ဘူးဆိုရင္ ဘာလဲ?” နတ္ဆိုးဘုရင္ႀကီးမေက်မနပ္ေျပာလိုက္တယ္ “နတ္ဆိုးဘုရင္ႀကီးရာထူးမွလား?”

ပိုင္ရန္တုန္လႈပ္သြားတယ္ “မဟုတ္ မဟုတ္ပါဘူး၊ မဟုတ္ပါဘူး အရွင္ႀကီး နားလည္မႈလြဲေနတာပါ၊ ဒီအေစခံက အဲ့လိုအရာမ်ိဳးကို အိမ္မက္ေတာင္မမက္ဖူးပါဘူး… ဒီအေစခံအရွင္ႀကီးအတြက္ထမ္းေဆာင္ေနရတဲ့ တာဝန္ေတြကမွအသင့္ေတာ္ဆုံးလို႔ထင္တာပါ၊ ဒီနည္းနဲ႔ဆို အရွင့္ရဲ႕တာဝန္ေတြကိုလည္းေဝခြဲကူညီႏိုင္ၿပီး ေကာင္းက်ိဳးေတြဆက္ရႏိုင္လို႔ပါ… ဒါကမွကြၽန္ေတာ္နဲ႔အရမ္းသင့္ေတာ္တာပါ”

နတ္ဆိုးဘုရင္ႀကီးရဲ႕အမူအယာက အနည္းငယ္ေပါ့ပါးသြားတယ္ “မင္းအရမ္းႏွိမ့္ခ်ေနစရာမလိုဘူး၊ ကိုယ္ေတာ္မင္းကို ေလ့လာေနတာ မင္းအေတာ္ေလးတိုးတက္လာၿပီ၊ ကိုယ္ေတာ့္ႀကီးၾကပ္မႈေအာက္မွာ အခ်ိန္ၾကာလာရင္ မင္းပိုေတာင္တိုးတက္လာမယ္ဆိုတာ ကိုယ္ေတာ္ယုံတယ္”

“ႀကီးၾကပ္မယ္?” ပိုင္ရန္မေကာင္းတဲ့ခံစားခ်က္ေတြရေနတယ္။

“မင္းမွာ ထူးျခားတဲ့အရည္အခ်င္းရွိတယ္” နတ္ဆိုးဘုရင္ႀကီးေျပာလိုက္တယ္ “အဲ့တာကို ကိုယ္ေတာ္ကိုယ္တိုင္ ပ်ိဳးေထာင္ေပးခ်င္တယ္”

‘What? ႀကီးျမတ္လွတဲ့နတ္ဆိုးဘုရင္ႀကီးကိုယ္တိုင္ ငါ့ကိုပ်ိဳးေထာင္ေပးခ်င္ေနတယ္?’

အိမ္မွာဆို ခ်င္းဟယ္၊ အျပင္မွာက်ေတာ့ နတ္ဆိုးဘုရင္ႀကီး။ ဘယ္မွာလဲ ငါ့ရဲ႕လြတ္လပ္မႈေတြ?!

“အရွင္…”

ပိုင္ရန္စကားေလးစလိုက္႐ုံရွိေသးတယ္ နတ္ဆိုးဘုရင္ႀကီးကလက္ကို ေျမႇာက္ၿပီးတားလိုက္တယ္ “မင္းရဲ႕တာဝန္ေတြကို ထပ္ၿပီးပုန္းကြယ္မေနနဲ႔ေတာ့” နတ္ဆိုးဘုရင္ႀကီးက စိတ္ဆိုးတဲ့ေလသံနဲ႔ေျပာလိုက္တယ္ “အတည္ျဖစ္သြားၿပီ၊ ဒီေန႔ကစၿပီး မင္းကအေစာင့္ဌာနကေန သတင္းပို႔ရမယ္”

ပိုင္ရန္ “…”

‘ဒီတဇြတ္ထိုးအေရာင္းဝန္ထမ္းႀကီးကေတာ့ ငါ့ကို အတင္းဖိအားေပးေနေတာ့တာပဲ’

သူနည္းနည္းေလာက္ထပ္ျငင္းခ်င္ေပမယ့္ နတ္ဆိုးဘုရင္ႀကီးကဆုံးျဖတ္ခ်က္ခ်ၿပီးသားျဖစ္ေနၿပီဆိုတာကို ျမင္ေတာ့ သူစိတ္ေျပာင္းသြားေအာင္ ဘာကမွမေျပာင္းလဲေပးႏိုင္ဘူးဆိုတာ သိလိုက္ရတယ္။ သူေျပာႏိုင္တာဆိုလို႔ “ေကာင္းပါၿပီ၊ ဒီအေစခံက အရွင့္ရဲ႕ကမ္းလွမ္းခ်က္ကို မျငင္းဆိုႏိုင္ေတာ့ပါဘူး”

“ဒီလိုရာထူးအျမင့္ေပးတာက ကိုယ္ေတာ္မင္းကိုအႏိုင္က်င့္သလိုျဖစ္ေနတာလား?” နတ္ဆိုးဘုရင္ႀကီးက ပိုင္ရန္ရဲ႕မေက်မနပ္အမူအယာကိုၾကည့္ၿပီး ေျပာလိုက္တယ္။ “မင္းမ်က္ႏွာက စိတ္ေသာကေရာက္ေနသလိုျဖစ္ေနတယ္”

ပိုင္ရန္လည္း ေသာကေတြရင္ဝယ္ပိုက္ၿပီး ငိုတာထက္ေတာင္႐ုပ္ဆိုးလွတဲ့ လုပ္ၿပဳံးႀကီးနဲ႔ “အရွင္ ဒီအေစခံကစိတ္ထဲမွာ အရမ္းေပ်ာ္ေနတာပါ”

နတ္ဆိုးဘုရင္ႀကီးအခ်ိန္ခဏေလာက္တိတ္ဆိတ္ေနတယ္။ ဘာေတြေတြးေနလဲဆိုတာနတ္ဘုရားေတြပဲ သိႏိုင္ေလာက္မယ္။ သူေခါင္းေလးေစာင္းၿပီး “မင္းပဲ အာဏာနဲ႔စြမ္းအင္လိုခ်င္တယ္ဆိုလို႔ ကိုယ္ေတာ္ကမင္းေက်နပ္ေအာင္ ကတိေပးထားတယ္ေလ.. အဲ့တာ…”

ပိုင္ရန္ကေသာကေတြပင္လယ္ေဝေနတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးရဲ႕ေတြးပုံေတြးနည္းေတြကို မလိုက္ႏိုင္ေတာ့ဘူး။ အဲ့အျပင္ နတ္ဆိုးဘုရင္ႀကီးရဲ႕ဦးေႏွာက္ကတြင္းေပါက္ႀကီးကလည္း အႀကီးႀကီးေလ အဲ့တာေၾကာင့္ သူဘာေတြေတြးေနလဲဆိုတာ ဘယ္သူသိႏိုင္မွာလဲ?

နတ္ဆိုးဘုရင္ႀကီး အခ်ိန္အၾကာႀကီးတုန႔္ဆိုင္ေနတယ္။

ခဏေလာက္ေနေတာ့ နတ္ဆိုးဘုရင္ႀကီးတခုခုေျပာခ်င္ေနတယ္ဆိုတာ ပိုင္ရန္သတိထားလိုက္မိတယ္။ နတ္ဆိုးဘုရင္ႀကီးက အၿမဲတမ္းတိက်ျပတ္သားတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ အရမ္းထူးဆန္းေနတယ္။ သူ႔ရာထူးရယ္ က်င့္ႀကံျခင္းရယ္နဲ႔ဆိုရင္ သူ႔ဆုံးျဖတ္ခ်က္ေတြမွာ ဘာတုန႔္ဆိုင္းစရာရွိလို႔လဲ?

“အရွင္…?”

ပိုင္ရန္စကားလုံးေတြက နတ္ဆိုးဘုရင္ႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို အားပိုရွိသြားေစပုံရတယ္။ သူေလကို ရႈိက္လိုက္တယ္။ “ရွဲ႕ဇီထ်န္း မင္းဘာလိုခ်င္တာလဲ? မင္းစိတ္ေက်နပ္ေအာင္ ကိုယ္ေတာ္အေကာင္းဆုံးႀကိဳးစားေပးမယ္… ကိုယ္ေတာ့္မွာေတာင္းဆိုစရာတစ္ခုပဲရွိတယ္”

“ဘာေတာင္းဆိုစရာပါလဲ?”

နတ္ဆိုးဘုရင္ႀကီးသူ႔ကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းေလးလွည့္သြားတယ္ “မင္းက ကိုယ္ေတာ့္အနားေလးမွာပဲေနၿပီး… အဟမ္း… ကိုယ္ေတာ့္ကို ကာကြယ္ေပး” [T/N : အဲ့လိုနတ္ဆိုးဘုရင္ေလးတစ္ေယာက္ေလာက္]

နတ္ဆိုးဘုရင္ႀကီးေခ်ာင္းဟန႔္ကာ နား႐ြက္ေလးေတြလည္း ပန္းေရာင္သန္းေနတယ္။

‘Huh ကိုယ္ေတာ္က မင္းလိုတာမွန္သမွ်ေပးႏိုင္တယ္’

‘မင္းက ကိုယ္ေတာ့္အေပၚ တစ္ဖက္သတ္ႀကိဳက္ေနတယ္ဆိုေတာ့လည္း ကိုယ္ေတာ့္နားမွာေနခြင့္ေပးလိုက္မယ္၊ လြန္ေတာ့ လြန္မလာနဲ႔’

‘ကိုယ္ေတာ့္မာနကိုစြန႔္ၿပီး ေျပာရတာ၊ ျငင္းရဲျငင္းၾကည့္ အရွင္လတ္လတ္အေရခြံစုတ္လိုက္မွာ!’

နတ္ဆိုးဘုရင္ႀကီးက ေသေစေလာက္တဲ့အၾကည့္ေတြနဲ႔ ပိုင္ရန႔္ကိုစိုက္ၾကည့္ေနတယ္။

ပိုင္ရန္ကေဝးေနတာေၾကာင့္ နတ္ဆိုးဘုရင္ႀကီးရဲ႕သိမ္ေမြ႕နက္နဲတဲ့အမူအယာအေျပာင္းအလဲကို မျမင္လိုက္ဘူး၊ နတ္ဆိုးဘုရင္ႀကီးရဲ႕အေတြးကို နားလည္ဖို႔ဆိုတာကေတာ့ ေဝလာေဝးပဲ။ သူအတြင္းထဲမွာပဲ ႀကိတ္ၿပီးေဒါသထြက္ေနရတယ္။ “သူကငါ့ကိုအေစာင့္အရာရွိအျဖစ္ ေနရာခ်ေပးတာ! ဘာေၾကာင့္မွန္းသိသားပဲ… သူခ်ီကေမာက္ကမျဖစ္တာကို ငါသိေနတာေၾကာင့္ေလ၊ ငါသူ႔ကိုကာကြယ္ေပးေစခ်င္ေနတာ!”

ေရွာင္လင္း “အဲ့တာအရမ္းသဘာဝက်တယ္”

ပိုင္ရန္မေက်နပ္ႏိုင္ေသးဘူး “ငါအရာရွိျဖစ္သြားရင္ေရာ လူသားနယ္ေျမကို ျပန္သြားႏိုင္ပါဦးမလား?”

ေရွာင္လင္း “အာ သခင္ေနာက္အႀကံတစ္ခုေတာ့ ေတြးရေတာ့မယ္”

“ငါအလုပ္မလိုခ်င္ဘူး! ဒီငေၾကာင္ေကာင္ႀကီးက အားလုံးထဲမွာမွ ငါ့ကိုေ႐ြးရတယ္လို႔!” သူကတစ္ကယ့္ကို ကိုယ့္ကိုယ္ကို ဟုတ္လွၿပီထင္ေနတဲ့ CEO _ မဟုတ္ေသးဘူး ကိုယ့္ကိုယ္ကိုဟုတ္လွၿပီထင္ေနတဲ့ နတ္ဆိုးဘုရင္ႀကီး!

ေရွာင္လင္း “သခင္ေနာက္တစ္ႀကိမ္ျငင္းရင္ သူေပါက္ကြဲေတာ့မယ္”

ဒါေၾကာင့္ပဲ ပိုင္ရန္လက္ေလ်ာ့လိုက္ၿပီး ဒူးတစ္ဖက္ေထာက္ကာ “ဒီအေစခံက အရွင္နဲ႔လူေတြလုံၿခဳံေရးကို ကာကြယ္ႏိုင္ဖို႔ အေကာင္းဆုံးလုပ္သြားပါမယ္” သူေလးနက္စြာေျပာလိုက္တယ္။

နတ္ဆိုးဘုရင္ႀကီးက သူ႔ကိုမယုံသကၤာၾကည့္ၿပီး ေျပာလာတယ္ “ကိုယ္ေတာ္ဘာကိုဆိုလိုတာလဲ မင္းတကယ္နားလည္လို႔လား?”

ပိုင္ရန္ကေတာ့ ျပတ္ျပတ္သားသားပဲ “ကြၽန္ေတာ္ နားလည္ပါတယ္”

နတ္ဆိုးဘုရင္ႀကီး ရယ္ေမာလိုက္တာေၾကာင့္ ပိုင္ရန္အံ့ၾသၿပီး စကားမေျပာႏိုင္ျဖစ္သြားရတယ္။ သူရယ္လိုက္တဲ့အခါ အရမ္းလွပလြန္းလို႔ ဘာမွေတာင္မလုပ္ႏိုင္ဘူး။

“ေကာင္းတယ္! ဒါဆိုရင္အေစာင့္ဌာနကို တင္ျပၿပီး ေက်ာင္ရႈိ႕ကိုႀကိဳးေတြျပခိုင္းလိုက္ မနက္ျဖန္နန္းေတာ္ကို လာခဲ့”

“ဟုတ္ကဲ့ပါ ဒီအေစခံျပန္ပါေတာ့မယ္”

ပိုင္ရန္နန္းေတာ္ခန္းမကေန ျပန္ထြက္လာခဲ့တယ္။

သူထြက္လာၿပီး တခ်ိဳ႕အခ်က္ေတြကို ျပန္ေတြးၾကည့္ၿပီး အနည္းငယ္ေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္းပဲ။ သူ႔စိတ္ထဲကေရွာင္လင္းကို ေမးလိုက္တယ္ “ေရွာင္လင္း နတ္ဆိုးဘုရင္ႀကီးက မနက္ျဖန္နန္းေတာ္ကို လာခိုင္းတာဘာေၾကာင့္လို႔ထင္လဲ? အေစာင့္ဌာနသတင္းပို႔လိုက္ရင္ပဲ အဆင္ေျပၿပီမွတ္လား?”

“သခင္ ကြၽန္မလည္းမသိပါဘူး” ေရွာင္လင္းေျပာလိုက္တယ္။

ပိုင္ရန္အဲ့တာကို အၾကာႀကီးေတြးမေနဘူး။ သူပိုစိုးရိမ္တာက အေစာင့္အရာရွိရာထူးကိုယူၿပီးတဲ့အခါ သူ႔နဲ႔မထိုက္တန္ဘူးလို႔ ျမင္သြားေအာင္ဘယ္လိုလုပ္မလဲဆိုတာပဲ။ သူေကာင္းေကာင္းမလုပ္သေ႐ြ႕ ၿပီးေတာ့ လူထုရဲ႕အမုန္းကို ရလိုက္တာနဲ႔ နတ္ဆိုးဘုရင္ႀကီးသူ႔ကိုဒီရာထူးေပးလို႔ မရေတာ့ဘူး ဟုတ္တယ္မွတ္လား?

ပိုင္ရန္သူ႔ကိုယ္သူအရမ္းေတာ္တယ္လို႔ ထင္လိုက္မိတယ္။

ဒါေၾကာင့္ သူအေစာင့္ဌာနကို teleportနည္းနဲ႔သြားလိုက္တယ္။ ပိုင္ရန္ေလွ်ာက္သြားတဲ့အခ်ိန္ ေက်ာင္ရႈိ႕ကတျခားအေစာင့္ေတြကို အေျခအေနကိုရွင္းျပေနတုန္းရွိေသးတယ္။ ပိုင္ရန႔္ကိုေတြ႕ေတာ့ ေပ်ာ္ေပ်ာ္ႀကီးေျပာလိုက္တယ္။ “ရွဲ႕ဇီထ်န္း မင္းဘာလို႔ဒီေရာက္လာတာလဲ? အရွင္ႀကီးမင္းကို ဆင့္ေခၚထားတယ္မွတ္လား?”

ပိုင္ရန္ေခ်ာင္းဟန႔္လိုက္တယ္ “အရွင္ႀကီးက ငါ့ကိုအေျခအေနေတြရွင္းျပၿပီးသြားၿပီ”

ေက်ာင္ရႈိ႕ရယ္ေမာကာ အေစာင့္အုပ္စုဘက္လွည့္ကာ “ေကာင္ေလးေတြ အခုကစၿပီး ငါ့ရဲ႕သူငယ္ခ်င္းေကာင္း ရွဲ႕ဇီထ်န္းကမင္းတို႔ရဲ႕ေခါင္းေဆာင္ျဖစ္ေတာ့မွာ၊ ေရွ႕ေလ်ာက္မင္းတို႔သူ႔ကိုျမင္ရင္ ငါ့ကိုျမင္တာနဲ႔အတူတူပဲ… သူ႔အမိန႔္ကိုမနာခံလို႔မရဘူး နားလည္လား?”

ပိုင္ရန္က ဘဝင္ခိုက္ေနတဲ့အမူအယာနဲ႔ ဒီအုပ္စုစိတ္ပ်က္သြားေအာင္ သူရာထူးတိုးသြားတဲ့အေၾကာင္း ႂကြားဝါခ်င္တာျဖစ္တယ္။ သို႔ေသာ္လည္း ေက်ာင္ရႈိ႕ကသူဒီရာထူးကို လက္လႊဲယူရမယ္ဆိုတာကို သိေနၿပီးသားျဖစ္ေနၿပီး လူတိုင္းကိုေတာင္ ပိုင္ရန႔္အမိန႔္ကိုနားေထာင္ဖို႔ေျပာလိုက္ေသးတယ္။ ဒီလိုနဲ႔ သူ႔အႀကံလည္းပ်က္သြားတာေၾကာင့္ ပိုင္ရန႔္ခမ်ာ ဆြံ႕အလို႔ေနတယ္။

အဓိပၸါယ္ေတာ့လည္း ရွိသား။ နတ္ဆိုးဘုရင္ႀကီးက ေက်ာင္ရႈိွု႔ရဲ႕အေစာင့္အရာရွိရာထူးကို သူ႔ကိုလႊဲေပးလိုတာေၾကာင့္ သူ႔ကိုအရင္ႀကိဳေျပာထားမွေကာင္းတာေပါ့။

ဒါေပမယ့္ ပိုင္ရန္ဆိုသည္မွာလည္း အလြယ္တကူအေလ်ာ့ေပးတတ္တဲ့လူစားမ်ိဳးမဟုတ္ဘူး။ သူတက္တက္ႂကြႂကြနဲ႔ ေခါင္းကိုေမာ့ထားတာက ျမင့္လြန္းလို႔ႏွာေခါင္းႀကီးေတာင္ ပ်ံဝဲေနသလိုပဲ။

“မင္းတို႔ၾကားတဲ့အတိုင္းပဲ၊ ငါကမင္းတို႔ရဲ႕အရာရွိအသစ္… မင္းတို႔အားလုံးက ငါ့ရဲ႕လက္ေအာက္ငယ္သားေတြျဖစ္တာေၾကာင့္ ငါ့ရဲ႕အမိန႔္ကိုနာခံရမယ္၊ နားလည္ၾကလား?” သူ႔ေလသံကမႏႈိင္းယွဥ္ႏိုင္ေလာက္ေအာင္ ေမာက္မာေနတယ္။

“ဟုတ္ကဲ့ပါ!” အေစာင့္အုပ္စုကလည္း ေသေသခ်ာခ်ာျပန္ေျဖတယ္။

ပိုင္ရန္လူတိုင္းရဲ႕အမူအယာကိုလိုက္စစ္ၾကည့္ေတာ့ တစ္ေယာက္မွသူ႔ကိုမလိုလားတဲ့ အရိပ္အေယာင္ေလးေတာင္ မေတြ႕ရဘူးျဖစ္ေနတယ္။

ပိုင္ရန္ဇေဝဇဝါျဖစ္သြားတယ္။

“ဆက္ေျပာေလ၊ ငါမင္းကို ႀကိဳးေတြျပရအုံးမယ္… ငါ့မွာနယ္စပ္ကဌာနကို အေျခခ်ဖို႔လည္းလိုေသးတယ္” ေက်ာင္ရႈိ႕ၾကည့္ရတာ သူ႔ရဲ႕ရာထူးေဟာင္းကို စြန႔္ပစ္ၿပီး ထြက္ေျပးဖို႔မေစာင့္ႏိုင္ေတာ့သလိုပဲ။ နတ္ဆိုးဘုရင္ႀကီးရဲ႕အေဝး နယ္စပ္ေတာင္တန္းေတြဆီစြန႔္ခြာၿပီး သူလုပ္ခ်င္တာလုပ္လို႔ရတဲ့လြတ္လပ္မႈႀကီးကို သူဘာေၾကာင့္မေပ်ာ္မ႐ႊင္ျဖစ္ေနရမွာလဲ?

ပိုင္ရန္ေ႐ြးျခယ္စရာမရွိတာေၾကာင့္ ဟိုဟိုဒီဒီလိုက္ၿပီး အေျခခံသံတမာန္က်င့္ဝတ္အမ်ားစုကို စုံလင္ေအာင္လိုက္ၾကည့္ေနရတယ္။ သူစိတ္ထဲေတာ့ ဘာမွထည့္မေနဘူး။

ေက်ာင္ရႈိ႕ကအေတာ္ေလး အလုပ္မ်ားတဲ့လူျဖစ္တာေၾကာင့္ သိပ္မၾကာခင္မွာ လာေခၚသြားၾကတယ္။ သူထြက္သြားတာပိုင္ရန္ေတြ႕ေတာ့ သူ႔အတြက္အခြင့္အေရးရလာၿပီလို႔ သူေတြးလိုက္တယ္။

သူ႔ေနာက္မွာလိုက္ေနတဲ့ အရာရွိႏွစ္ေယာက္ကိုေခၚလိုက္တယ္။ “မင္းတို႔ႏွစ္ေယာက္ ျမန္ျမန္ေလး လူတိုင္းကိုေခၚလိုက္၊ ငါေၾကျငာစရာရွိတယ္”

အရာရွိႏွစ္ေယာက္က သူ႔အမိန႔္ကိုနာခံတယ္။ အေစာင့္ေတြက အရည္အခ်င္းေတာ္ေတာ္ေလး ျမင့္တယ္။ ခဏေနေတာ့ နန္းေတာ္ထဲကအေစာင့္တစ္ဖြဲ႕လိုက္ႀကီး စုေဝးလာၾကတယ္။ အျပင္မွာတာဝန္က်ေနတဲ့သူေတြကိုေတာ့ ဆင့္မေခၚေတာ့ေပမယ့္ ဒီေလာက္လူဆိုလည္း လုံေလာက္တယ္။


____________________________________

{Unicode}

ပိုင်ရန်သူ့ကိုယ်က အေးသွားတယ်လို့တောင် ခံစားလိုက်ရတယ်။ နတ်ဆိုးဘုရင်ကြီးရဲ့သူငယ်အိမ်က အဆုံးမဲ့အေးစက်နေတဲ့ရေအိုင်တွေနဲ့တူတယ်။ သူ့အကြည့်တွေက အေးခဲနေတဲ့ရေတွေနဲ့တူပြီး အကြည့်နဲ့တင် သူ့တစ်ကိုယ်လုံးရေအိုင်ထဲ နစ်မြုပ်သွားပြီလားလို့တောင် ပိုင်ရန်ခံစားနေရတယ်။

သူ့စိတ်ထဲကနေ ပိုင်ရန်တိတ်တိတ်လေးမေးလိုက်တယ် “ရှောင်လင်း မင်းဘယ်လိုထင်လဲ တကယ်လို့ ‘ငါမလုပ်ချင်ပါဘူး’လို့ပြောလိုက်ရင် သူငါ့ကိုသတ်မှာလား?”

“ကျွန်မထင်တာကတော့ သူတကယ်ဒေါသထွက်နေတယ်ဆိုတော့ သတ်ရင်သတ်မှာ” ရှောင်လင်းကလည်း တိုးတိုးလေးပြန်ဖြေတယ်။ [T/N : လိုက်လည်းလိုက်ကြတဲ့နှစ်ယောက် ညည်းတို့ပြောတာသူကြားသွားမှာစိုးလို့ တိုးတိုးလေးတွေပြောနေကြတာလား? (─.─||)]

ပိုင်ရန်ပိုလို့တောင် လေသံကိုတိုးပြီးပြောလိုက်တယ် “ဒါဆိုရင် ငါကဘာလုပ်ရတော့မှာလဲ? ငါလက်မခံရင်လည်း အသတ်ခံရအုံးမယ်၊ ဒါပေမယ့် လက်ခံလိုက်ပြန်ရင်လည်း လူသားနယ်မြေကို နောက်ထပ်သွားနိုင်တော့မှာ မဟုတ်ဘူး”

“သခင် ကျွန်မလည်းဘာလုပ်ပေးရမှန်းမသိတော့ပါဘူး” ရှောင်လင်းပြန်ဖြေတဲ့အသံက ပိုတောင်ပျော့ပျောင်းနေသေးတယ် “ဒီရွေးခြယ်မှုတွေက သခင့်အတွက် စစ်ဆေးမှုတစ်စိတ်တစ်ပိုင်းပါပဲ၊ ဒါတွေကသခင်လုပ်ဆောင်ရမယ့် အတွေ့အကြုံတွေပါ… အဲ့တာကြောင့် ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ချက်ချသင့်ပါတယ်”

“မင်းဘာလို့ ဒီလိုပြောနိုင်ရတာလဲ?” ပိုင်ရန် လေသံလေးနဲ့ပြောလိုက်တယ် “မင်းဘာမင်းမကိုင်တွယ်နိုင်တော့ ငါ့ဆီဘောလုံးလိုကန်ထုတ်လိုက်တယ်နော်”

“သခင် ဒါကသခင့်ရဲ့အတွေ့အကြုံတွေလေ၊ ကျွန်မဟာမဟုတ်ဘူး” ရန်စသလိုပြောနေပေမယ့် ရှောင်လင်းကလည်း တိုးတိုးလေးပြောနေတာဖြစ်တယ်။ “ပြီးတော့လည်း ကျွန်မကလူမှမဟုတ်တာ ဒီတိုင်း Systemလေးပဲဟာကို”

ပိုင်ရန်ခဏလောက်တိတ်ဆိတ်နေမိတယ် “ငါတို့ဘာလို့တိုးတိုးလေးတွေပြောနေကြတာလဲ?” သူလွှတ်ခနဲပြောလိုက်တယ်။ “နတ်ဆိုးဘုရင်ကြီးက ငါတို့ပြောတာကြားရတာမှမဟုတ်တဲ့ဟာကြီးကို”

ရှောင်လင်းလည်းခဏလောက်တွေးတောနေပြီး ပြန်ပြောလိုက်တယ် “ဘယ်သိမတုန်း?”

သူတို့အချိန်ခဏလောက်တိတ်နေပြီးမှ ပိုင်ရန်ပြောလာတယ် “ဒါကအရမ်းကြောက်စရာကောင်းအောင်လုပ်နေတဲ့ နတ်ဆိုးဘုရင်ကြီးအမှားတွေချည်းပဲ! သူ့မျက်နှာကြီးကို ကြည့်ပါလား! ပြီးခဲ့တဲ့တစ်ခေါက် ငါသူနဲ့အိပ်ဖို့ငြင်းလိုက်တဲ့အခေါက်တုန်းက အတိုင်းကြီးပဲ! ငါသူ့အပေါ်အကြွေးတင်နေတာလည်းမဟုတ်ဘဲနဲ့… ဒီတိုင်းသူပေးတဲ့ဟာတွေကို မလိုချင်တာပဲရှိတယ်လေ! သူကဘာတွေလာပြီး ဒေါသထွက်နေတာလဲ?”

“သူကရိုးရိုးသားသား သခင့်ကိုပေးချင်နေတာဖြစ်မှာပေါ့”

“အဲ့တော့ သူဘာကြီးပဲပေးပေး ငါကဒီတိုင်းလက်ခံနေရမှာလား?” ပိုင်ရန့်ရင်ထဲမှာ မကျေနပ်ချက်တွေပြည့်နှက်နေတယ်။

“ရှဲ့ဇီထျန်း” နတ်ဆိုးဘုရင်ကြီးရဲ့အေးတိအေးစက်လေသံက ပိုင်ရန်အတွေးနွံထဲက ပြန်ရုန်းထွက်လာစေတယ်။

ပိုင်ရန်သူ့အလိုလို ပြန်ဖြေမိသွားတယ် “ရှိ!”

သူ့လေသံက အရမ်းကိုတုံးတိကြီးနဲ့ ကျယ်သွားတယ်။ သူတကယ်လက်ရှိအနေအထားကို ပြန်ရောက်လာသလိုမျိုး။

နတ်ဆိုးဘုရင်ကြီးက အရမ်းဒေါသထွက်နေပြီး စတင်ရယ်မောတော့တယ် “ကိုယ်တော်မင်းကို မေးခွန်းမေးနေတာကိုတောင်မှ မင်းကဘာကိုစိတ်ကူးယဉ်နေတာလဲ?”

ပိုင်ရန့်အမူအယာက လေးနက်လို့နေတယ် “အရှင့်အစေခံက အရှင့်ကိုဘယ်လိုပြန်ဖြေရမလဲဆိုတာ တွေးနေတာပါ”

“ကိုယ်တော့်မေးခွန်းက တကယ်ကြီးအဲ့လောက်တောင်ခက်နေတာလား?” နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ်။

ပိုင်ရန်ခဏလောက်တွေးတောပြီး နတ်ဆိုးဘုရင်ကြီးက ဒီရာထူးကိုသူငြင်းလိုက်ရုံနဲ့ သူ့ကိုမသတ်လောက်ဘူးဆိုတာ သိလိုက်တော့ သူရဲရဲတင်းတင်းဝန်ခံလိုက်တယ် “အရှင်က အရှင့်အစေခံကိုအရမ်းထောက်ထားညှာတာတာကြောင့် အရှင့်အစေခံက အလွန်အမင်းကျေးဇူးတင်မိပါတယ်၊ ဒါပေမယ့်အရှင့်အစေခံက အစောင့်ခေါင်းဆောင်ရာထူးနဲ့ အရမ်းကိုမအပ်စပ်ပါဘူး… အရှင်တခြားတစ်ယောက်ကို ရှာမယ်လို့မျှော်လင့်ပါတယ်”

စကားလုံးတွေသူ့ပါးစပ်က ထွက်လာပြီးနောက် အခန်းအပူချိန်က လျော့ကျသွားတာကို ပိုင်ရန်ခံစားမိသွားတယ်။ နတ်ဆိုးဘုရင်ကြီးက သူ့ရဲ့ပုလ္လင်ပေါ်မှာ ကျောမတ်မတ်ဖြောင့်ဖြောင့်ထိုင်နေပြီး နှုတ်ခမ်းတွေကိုလည်း မျဉ်းတစ်ဖြောင့်တည်းအနေအထားဖြစ်အောင် တင်းတင်းဖိထားကာ မျက်လုံးတွေကလည်း ဖောက်ထွင်းထွက်သွားတော့မယ့် ဓားသွားတွေအလား ဖြစ်နေတယ်။

နတ်ဆိုးဘုရင်ကြီးရဲ့ပြင်းထန်လွန်းတဲ့အကြည့်နဲ့တင် သူသေတော့မယ်လို့ ပိုင်ရန်တွေးလိုက်တယ်။

‘မဖြစ်နိုင်တာ၊ သူငါ့ကိုတကယ်ကြီးသတ်တော့မှာလား?’

ပိုင်ရန်မသေချာတာကို ခံစားမိတာကြောင့် ရင်တွေတုန်လာတယ်။

‘ငါပြောလိုက်တာက အရိုသေတန်သလိုဖြစ်နေပြီး အရင်တုန်းကလည်းသူ့ကို ပါးစပ်သရမ်းထားဖူးသေးတယ်… မတော်လို့နာကြည်းချက်အသစ်တွေနဲ့ အတိတ်ကအာဃာတတွေပေါင်းပြီး သွေးဆူနေတဲ့အချိန်မှာ သူတကယ်ကြီးငါ့ကိုသတ်လိုက်ရင်ရော? အဲ့တာဖြစ်နိုင်တယ်’

ပိုင်ရန်အဲ့လိုကြီးသေဖို့ကိုတော့ ငြင်းချင်တယ် အဲ့တာကြောင့် ကြောက်စရာကောင်းတဲ့အနေအထားကြီးကို ကုစားနိုင်ဖို့သူပြောလိုက်တယ် “အရှင် ကျွန်တော်တွေးမိတာက အစောင့်ခေါင်းဆောင်ဆိုတာက စည်းကမ်းတင်းကြပ်ပြီး သူတို့အလုပ်ပေါ်မှာပဲ နှစ်မြှုပ်ထားနိုင်တဲ့သူကို လိုအပ်တာပါ၊ ကျွန်တော့်လိုလူမျိုးက… အင်အားပြဖို့အတွက် ကျွန်တော့်ကိုတိုက်ခိုက်ခိုင်းလည်းအဆင်ပြေပေမယ့် ကျွန်တော့်ကိုစစ်တပ်ကိုထိန်းချုပ်ပြီး နေ့တိုင်းနတ်ဆိုးမြို့တော်ကို စောင့်ကြပ်ရမယ်ဆိုရင်တော့… ကျွန်တော်မွန်းကြပ်သွားပါလိမ့်မယ်၊ ဒီရာထူးက တကယ်ကြီးကျွန်တော့်အတွက် ဟုတ်မနေပါဘူး”

နတ်ဆိုးဘုရင်ကြီးအနေအထားကလည်း လျော့မသွားဘူး “အစောင့်အကြပ်ခေါင်းဆောင်ရာထူးက မင်းနဲ့မသင့်တော်ဘူးဆိုရင် ဘာလဲ?” နတ်ဆိုးဘုရင်ကြီးမကျေမနပ်ပြောလိုက်တယ် “နတ်ဆိုးဘုရင်ကြီးရာထူးမှလား?”

ပိုင်ရန်တုန်လှုပ်သွားတယ် “မဟုတ် မဟုတ်ပါဘူး၊ မဟုတ်ပါဘူး အရှင်ကြီး နားလည်မှုလွဲနေတာပါ၊ ဒီအစေခံက အဲ့လိုအရာမျိုးကို အိမ်မက်တောင်မမက်ဖူးပါဘူး… ဒီအစေခံအရှင်ကြီးအတွက်ထမ်းဆောင်နေရတဲ့ တာဝန်တွေကမှအသင့်တော်ဆုံးလို့ထင်တာပါ၊ ဒီနည်းနဲ့ဆို အရှင့်ရဲ့တာဝန်တွေကိုလည်းဝေခွဲကူညီနိုင်ပြီး ကောင်းကျိုးတွေဆက်ရနိုင်လို့ပါ… ဒါကမှကျွန်တော်နဲ့အရမ်းသင့်တော်တာပါ”

နတ်ဆိုးဘုရင်ကြီးရဲ့အမူအယာက အနည်းငယ်ပေါ့ပါးသွားတယ် “မင်းအရမ်းနှိမ့်ချနေစရာမလိုဘူး၊ ကိုယ်တော်မင်းကို လေ့လာနေတာ မင်းအတော်လေးတိုးတက်လာပြီ၊ ကိုယ်တော့်ကြီးကြပ်မှုအောက်မှာ အချိန်ကြာလာရင် မင်းပိုတောင်တိုးတက်လာမယ်ဆိုတာ ကိုယ်တော်ယုံတယ်”

“ကြီးကြပ်မယ်?” ပိုင်ရန်မကောင်းတဲ့ခံစားချက်တွေရနေတယ်။

“မင်းမှာ ထူးခြားတဲ့အရည်အချင်းရှိတယ်” နတ်ဆိုးဘုရင်ကြီးပြောလိုက်တယ် “အဲ့တာကို ကိုယ်တော်ကိုယ်တိုင် ပျိုးထောင်ပေးချင်တယ်”

‘What? ကြီးမြတ်လှတဲ့နတ်ဆိုးဘုရင်ကြီးကိုယ်တိုင် ငါ့ကိုပျိုးထောင်ပေးချင်နေတယ်?’

အိမ်မှာဆို ချင်းဟယ်၊ အပြင်မှာကျတော့ နတ်ဆိုးဘုရင်ကြီး။ ဘယ်မှာလဲ ငါ့ရဲ့လွတ်လပ်မှုတွေ?!

“အရှင်…”

ပိုင်ရန်စကားလေးစလိုက်ရုံရှိသေးတယ် နတ်ဆိုးဘုရင်ကြီးကလက်ကို မြှောက်ပြီးတားလိုက်တယ် “မင်းရဲ့တာဝန်တွေကို ထပ်ပြီးပုန်းကွယ်မနေနဲ့တော့” နတ်ဆိုးဘုရင်ကြီးက စိတ်ဆိုးတဲ့လေသံနဲ့ပြောလိုက်တယ် “အတည်ဖြစ်သွားပြီ၊ ဒီနေ့ကစပြီး မင်းကအစောင့်ဌာနကနေ သတင်းပို့ရမယ်”

ပိုင်ရန် “…”

‘ဒီတဇွတ်ထိုးအရောင်းဝန်ထမ်းကြီးကတော့ ငါ့ကို အတင်းဖိအားပေးနေတော့တာပဲ’

သူနည်းနည်းလောက်ထပ်ငြင်းချင်ပေမယ့် နတ်ဆိုးဘုရင်ကြီးကဆုံးဖြတ်ချက်ချပြီးသားဖြစ်နေပြီဆိုတာကို မြင်တော့ သူစိတ်ပြောင်းသွားအောင် ဘာကမှမပြောင်းလဲပေးနိုင်ဘူးဆိုတာ သိလိုက်ရတယ်။ သူပြောနိုင်တာဆိုလို့ “ကောင်းပါပြီ၊ ဒီအစေခံက အရှင့်ရဲ့ကမ်းလှမ်းချက်ကို မငြင်းဆိုနိုင်တော့ပါဘူး”

“ဒီလိုရာထူးအမြင့်ပေးတာက ကိုယ်တော်မင်းကိုအနိုင်ကျင့်သလိုဖြစ်နေတာလား?” နတ်ဆိုးဘုရင်ကြီးက ပိုင်ရန်ရဲ့မကျေမနပ်အမူအယာကိုကြည့်ပြီး ပြောလိုက်တယ်။ “မင်းမျက်နှာက စိတ်သောကရောက်နေသလိုဖြစ်နေတယ်”

ပိုင်ရန်လည်း သောကတွေရင်ဝယ်ပိုက်ပြီး ငိုတာထက်တောင်ရုပ်ဆိုးလှတဲ့ လုပ်ပြုံးကြီးနဲ့ “အရှင် ဒီအစေခံကစိတ်ထဲမှာ အရမ်းပျော်နေတာပါ”

နတ်ဆိုးဘုရင်ကြီးအချိန်ခဏလောက်တိတ်ဆိတ်နေတယ်။ ဘာတွေတွေးနေလဲဆိုတာနတ်ဘုရားတွေပဲ သိနိုင်လောက်မယ်။ သူခေါင်းလေးစောင်းပြီး “မင်းပဲ အာဏာနဲ့စွမ်းအင်လိုချင်တယ်ဆိုလို့ ကိုယ်တော်ကမင်းကျေနပ်အောင် ကတိပေးထားတယ်လေ.. အဲ့တာ…”

ပိုင်ရန်ကသောကတွေပင်လယ်ဝေနေတာကြောင့် နတ်ဆိုးဘုရင်ကြီးရဲ့တွေးပုံတွေးနည်းတွေကို မလိုက်နိုင်တော့ဘူး။ အဲ့အပြင် နတ်ဆိုးဘုရင်ကြီးရဲ့ဦးနှောက်ကတွင်းပေါက်ကြီးကလည်း အကြီးကြီးလေ အဲ့တာကြောင့် သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ?

နတ်ဆိုးဘုရင်ကြီး အချိန်အကြာကြီးတုန့်ဆိုင်နေတယ်။

ခဏလောက်နေတော့ နတ်ဆိုးဘုရင်ကြီးတခုခုပြောချင်နေတယ်ဆိုတာ ပိုင်ရန်သတိထားလိုက်မိတယ်။ နတ်ဆိုးဘုရင်ကြီးက အမြဲတမ်းတိကျပြတ်သားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အရမ်းထူးဆန်းနေတယ်။ သူ့ရာထူးရယ် ကျင့်ကြံခြင်းရယ်နဲ့ဆိုရင် သူ့ဆုံးဖြတ်ချက်တွေမှာ ဘာတုန့်ဆိုင်းစရာရှိလို့လဲ?

“အရှင်…?”

ပိုင်ရန်စကားလုံးတွေက နတ်ဆိုးဘုရင်ကြီးရဲ့ဆုံးဖြတ်ချက်ကို အားပိုရှိသွားစေပုံရတယ်။ သူလေကို ရှိုက်လိုက်တယ်။ “ရှဲ့ဇီထျန်း မင်းဘာလိုချင်တာလဲ? မင်းစိတ်ကျေနပ်အောင် ကိုယ်တော်အကောင်းဆုံးကြိုးစားပေးမယ်… ကိုယ်တော့်မှာတောင်းဆိုစရာတစ်ခုပဲရှိတယ်”

“ဘာတောင်းဆိုစရာပါလဲ?”

နတ်ဆိုးဘုရင်ကြီးသူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းလေးလှည့်သွားတယ် “မင်းက ကိုယ်တော့်အနားလေးမှာပဲနေပြီး… အဟမ်း… ကိုယ်တော့်ကို ကာကွယ်ပေး” [T/N : အဲ့လိုနတ်ဆိုးဘုရင်လေးတစ်ယောက်လောက်]

နတ်ဆိုးဘုရင်ကြီးချောင်းဟန့်ကာ နားရွက်လေးတွေလည်း ပန်းရောင်သန်းနေတယ်။

‘Huh ကိုယ်တော်က မင်းလိုတာမှန်သမျှပေးနိုင်တယ်’

‘မင်းက ကိုယ်တော့်အပေါ် တစ်ဖက်သတ်ကြိုက်နေတယ်ဆိုတော့လည်း ကိုယ်တော့်နားမှာနေခွင့်ပေးလိုက်မယ်၊ လွန်တော့ လွန်မလာနဲ့’

‘ကိုယ်တော့်မာနကိုစွန့်ပြီး ပြောရတာ၊ ငြင်းရဲငြင်းကြည့် အရှင်လတ်လတ်အရေခွံစုတ်လိုက်မှာ!’

နတ်ဆိုးဘုရင်ကြီးက သေစေလောက်တဲ့အကြည့်တွေနဲ့ ပိုင်ရန့်ကိုစိုက်ကြည့်နေတယ်။

ပိုင်ရန်ကဝေးနေတာကြောင့် နတ်ဆိုးဘုရင်ကြီးရဲ့သိမ်မွေ့နက်နဲတဲ့အမူအယာအပြောင်းအလဲကို မမြင်လိုက်ဘူး၊ နတ်ဆိုးဘုရင်ကြီးရဲ့အတွေးကို နားလည်ဖို့ဆိုတာကတော့ ဝေလာဝေးပဲ။ သူအတွင်းထဲမှာပဲ ကြိတ်ပြီးဒေါသထွက်နေရတယ်။ “သူကငါ့ကိုအစောင့်အရာရှိအဖြစ် နေရာချပေးတာ! ဘာကြောင့်မှန်းသိသားပဲ… သူချီကမောက်ကမဖြစ်တာကို ငါသိနေတာကြောင့်လေ၊ ငါသူ့ကိုကာကွယ်ပေးစေချင်နေတာ!”

ရှောင်လင်း “အဲ့တာအရမ်းသဘာဝကျတယ်”

ပိုင်ရန်မကျေနပ်နိုင်သေးဘူး “ငါအရာရှိဖြစ်သွားရင်ရော လူသားနယ်မြေကို ပြန်သွားနိုင်ပါဦးမလား?”

ရှောင်လင်း “အာ သခင်နောက်အကြံတစ်ခုတော့ တွေးရတော့မယ်”

“ငါအလုပ်မလိုချင်ဘူး! ဒီငကြောင်ကောင်ကြီးက အားလုံးထဲမှာမှ ငါ့ကိုရွေးရတယ်လို့!” သူကတစ်ကယ့်ကို ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတဲ့ CEO _ မဟုတ်သေးဘူး ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်နေတဲ့ နတ်ဆိုးဘုရင်ကြီး!

ရှောင်လင်း “သခင်နောက်တစ်ကြိမ်ငြင်းရင် သူပေါက်ကွဲတော့မယ်”

ဒါကြောင့်ပဲ ပိုင်ရန်လက်လျော့လိုက်ပြီး ဒူးတစ်ဖက်ထောက်ကာ “ဒီအစေခံက အရှင်နဲ့လူတွေလုံခြုံရေးကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးလုပ်သွားပါမယ်” သူလေးနက်စွာပြောလိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက သူ့ကိုမယုံသင်္ကာကြည့်ပြီး ပြောလာတယ် “ကိုယ်တော်ဘာကိုဆိုလိုတာလဲ မင်းတကယ်နားလည်လို့လား?”

ပိုင်ရန်ကတော့ ပြတ်ပြတ်သားသားပဲ “ကျွန်တော် နားလည်ပါတယ်”

နတ်ဆိုးဘုရင်ကြီး ရယ်မောလိုက်တာကြောင့် ပိုင်ရန်အံ့သြပြီး စကားမပြောနိုင်ဖြစ်သွားရတယ်။ သူရယ်လိုက်တဲ့အခါ အရမ်းလှပလွန်းလို့ ဘာမှတောင်မလုပ်နိုင်ဘူး။

“ကောင်းတယ်! ဒါဆိုရင်အစောင့်ဌာနကို တင်ပြပြီး ကျောင်ရှို့ကိုကြိုးတွေပြခိုင်းလိုက် မနက်ဖြန်နန်းတော်ကို လာခဲ့”

“ဟုတ်ကဲ့ပါ ဒီအစေခံပြန်ပါတော့မယ်”

ပိုင်ရန်နန်းတော်ခန်းမကနေ ပြန်ထွက်လာခဲ့တယ်။

သူထွက်လာပြီး တချို့အချက်တွေကို ပြန်တွေးကြည့်ပြီး အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေတုန်းပဲ။ သူ့စိတ်ထဲကရှောင်လင်းကို မေးလိုက်တယ် “ရှောင်လင်း နတ်ဆိုးဘုရင်ကြီးက မနက်ဖြန်နန်းတော်ကို လာခိုင်းတာဘာကြောင့်လို့ထင်လဲ? အစောင့်ဌာနသတင်းပို့လိုက်ရင်ပဲ အဆင်ပြေပြီမှတ်လား?”

“သခင် ကျွန်မလည်းမသိပါဘူး” ရှောင်လင်းပြောလိုက်တယ်။

ပိုင်ရန်အဲ့တာကို အကြာကြီးတွေးမနေဘူး။ သူပိုစိုးရိမ်တာက အစောင့်အရာရှိရာထူးကိုယူပြီးတဲ့အခါ သူ့နဲ့မထိုက်တန်ဘူးလို့ မြင်သွားအောင်ဘယ်လိုလုပ်မလဲဆိုတာပဲ။ သူကောင်းကောင်းမလုပ်သရွေ့ ပြီးတော့ လူထုရဲ့အမုန်းကို ရလိုက်တာနဲ့ နတ်ဆိုးဘုရင်ကြီးသူ့ကိုဒီရာထူးပေးလို့ မရတော့ဘူး ဟုတ်တယ်မှတ်လား?

ပိုင်ရန်သူ့ကိုယ်သူအရမ်းတော်တယ်လို့ ထင်လိုက်မိတယ်။

ဒါကြောင့် သူအစောင့်ဌာနကို teleportနည်းနဲ့သွားလိုက်တယ်။ ပိုင်ရန်လျှောက်သွားတဲ့အချိန် ကျောင်ရှို့ကတခြားအစောင့်တွေကို အခြေအနေကိုရှင်းပြနေတုန်းရှိသေးတယ်။ ပိုင်ရန့်ကိုတွေ့တော့ ပျော်ပျော်ကြီးပြောလိုက်တယ်။ “ရှဲ့ဇီထျန်း မင်းဘာလို့ဒီရောက်လာတာလဲ? အရှင်ကြီးမင်းကို ဆင့်ခေါ်ထားတယ်မှတ်လား?”

ပိုင်ရန်ချောင်းဟန့်လိုက်တယ် “အရှင်ကြီးက ငါ့ကိုအခြေအနေတွေရှင်းပြပြီးသွားပြီ”

ကျောင်ရှို့ရယ်မောကာ အစောင့်အုပ်စုဘက်လှည့်ကာ “ကောင်လေးတွေ အခုကစပြီး ငါ့ရဲ့သူငယ်ချင်းကောင်း ရှဲ့ဇီထျန်းကမင်းတို့ရဲ့ခေါင်းဆောင်ဖြစ်တော့မှာ၊ ရှေ့လျောက်မင်းတို့သူ့ကိုမြင်ရင် ငါ့ကိုမြင်တာနဲ့အတူတူပဲ… သူ့အမိန့်ကိုမနာခံလို့မရဘူး နားလည်လား?”

ပိုင်ရန်က ဘဝင်ခိုက်နေတဲ့အမူအယာနဲ့ ဒီအုပ်စုစိတ်ပျက်သွားအောင် သူရာထူးတိုးသွားတဲ့အကြောင်း ကြွားဝါချင်တာဖြစ်တယ်။ သို့သော်လည်း ကျောင်ရှို့ကသူဒီရာထူးကို လက်လွှဲယူရမယ်ဆိုတာကို သိနေပြီးသားဖြစ်နေပြီး လူတိုင်းကိုတောင် ပိုင်ရန့်အမိန့်ကိုနားထောင်ဖို့ပြောလိုက်သေးတယ်။ ဒီလိုနဲ့ သူ့အကြံလည်းပျက်သွားတာကြောင့် ပိုင်ရန့်ခမျာ ဆွံ့အလို့နေတယ်။

အဓိပ္ပါယ်တော့လည်း ရှိသား။ နတ်ဆိုးဘုရင်ကြီးက ကျောင်ရှိုှု့ရဲ့အစောင့်အရာရှိရာထူးကို သူ့ကိုလွှဲပေးလိုတာကြောင့် သူ့ကိုအရင်ကြိုပြောထားမှကောင်းတာပေါ့။

ဒါပေမယ့် ပိုင်ရန်ဆိုသည်မှာလည်း အလွယ်တကူအလျော့ပေးတတ်တဲ့လူစားမျိုးမဟုတ်ဘူး။ သူတက်တက်ကြွကြွနဲ့ ခေါင်းကိုမော့ထားတာက မြင့်လွန်းလို့နှာခေါင်းကြီးတောင် ပျံဝဲနေသလိုပဲ။

“မင်းတို့ကြားတဲ့အတိုင်းပဲ၊ ငါကမင်းတို့ရဲ့အရာရှိအသစ်… မင်းတို့အားလုံးက ငါ့ရဲ့လက်အောက်ငယ်သားတွေဖြစ်တာကြောင့် ငါ့ရဲ့အမိန့်ကိုနာခံရမယ်၊ နားလည်ကြလား?” သူ့လေသံကမနှိုင်းယှဉ်နိုင်လောက်အောင် မောက်မာနေတယ်။

“ဟုတ်ကဲ့ပါ!” အစောင့်အုပ်စုကလည်း သေသေချာချာပြန်ဖြေတယ်။

ပိုင်ရန်လူတိုင်းရဲ့အမူအယာကိုလိုက်စစ်ကြည့်တော့ တစ်ယောက်မှသူ့ကိုမလိုလားတဲ့ အရိပ်အယောင်လေးတောင် မတွေ့ရဘူးဖြစ်နေတယ်။

ပိုင်ရန်ဇဝေဇဝါဖြစ်သွားတယ်။

“ဆက်ပြောလေ၊ ငါမင်းကို ကြိုးတွေပြရအုံးမယ်… ငါ့မှာနယ်စပ်ကဌာနကို အခြေချဖို့လည်းလိုသေးတယ်” ကျောင်ရှို့ကြည့်ရတာ သူ့ရဲ့ရာထူးဟောင်းကို စွန့်ပစ်ပြီး ထွက်ပြေးဖို့မစောင့်နိုင်တော့သလိုပဲ။ နတ်ဆိုးဘုရင်ကြီးရဲ့အဝေး နယ်စပ်တောင်တန်းတွေဆီစွန့်ခွာပြီး သူလုပ်ချင်တာလုပ်လို့ရတဲ့လွတ်လပ်မှုကြီးကို သူဘာကြောင့်မပျော်မရွှင်ဖြစ်နေရမှာလဲ?

ပိုင်ရန်ရွေးခြယ်စရာမရှိတာကြောင့် ဟိုဟိုဒီဒီလိုက်ပြီး အခြေခံသံတမာန်ကျင့်ဝတ်အများစုကို စုံလင်အောင်လိုက်ကြည့်နေရတယ်။ သူစိတ်ထဲတော့ ဘာမှထည့်မနေဘူး။

ကျောင်ရှို့ကအတော်လေး အလုပ်များတဲ့လူဖြစ်တာကြောင့် သိပ်မကြာခင်မှာ လာခေါ်သွားကြတယ်။ သူထွက်သွားတာပိုင်ရန်တွေ့တော့ သူ့အတွက်အခွင့်အရေးရလာပြီလို့ သူတွေးလိုက်တယ်။

သူ့နောက်မှာလိုက်နေတဲ့ အရာရှိနှစ်ယောက်ကိုခေါ်လိုက်တယ်။ “မင်းတို့နှစ်ယောက် မြန်မြန်လေး လူတိုင်းကိုခေါ်လိုက်၊ ငါကြေငြာစရာရှိတယ်”

အရာရှိနှစ်ယောက်က သူ့အမိန့်ကိုနာခံတယ်။ အစောင့်တွေက အရည်အချင်းတော်တော်လေး မြင့်တယ်။ ခဏနေတော့ နန်းတော်ထဲကအစောင့်တစ်ဖွဲ့လိုက်ကြီး စုဝေးလာကြတယ်။ အပြင်မှာတာဝန်ကျနေတဲ့သူတွေကိုတော့ ဆင့်မခေါ်တော့ပေမယ့် ဒီလောက်လူဆိုလည်း လုံလောက်တယ်။

_____

Thanks 😉

Continue Reading

You'll Also Like

1.6M 200K 161
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
201K 26.4K 58
သုံးဆယ့်ခြောက်ပွင့်သော နေကြာက ' ငါ့အချစ်ကို မင်းပိုင်ပြီး ငါ့ကိုလည်း မင်းသာ ပိုင်သည်။' တဲ့